← Chapters

အခန်း (၁၈၉၇-၁၉၀၂)

Vol. 117 Ch. 1897-1902

အခန်း (၁၈၉၇-၁၉၀၂)

Vol. 117 Ch. 1897-1902

အခန်း ၁၈၉၇ ကျောင်းမှာ မင်းကိုအနိုင်ကျင့်ရဲတဲ့သူရှိလား

ဇယားကို လွှဲပြောင်းပေးအပ်ပြီးနောက် အချက်အလက်ကို စစ်ဆေးရန် အထူးဝန်ထမ်းတစ်ဦးရှိခဲ့သည်။ အချက်အလက်ကို အတည်ပြုပြီးမှသာ အဖွဲ့ဝင်အသစ်ကို တရားဝင်လက်ခံမည်ဖြစ်သည်။

ကုနင်းနှင့် နျဲ့ချန်ယန်တို့သည် နံပါတ်ချင်းဖလှယ်နေကြစဉ် ဖန်ထုံယွဲ့သည် တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့သည်။

ခဏအကြာတွင် ကုနင်းသည် ကုန်သည်ကြီးများအသင်းသို့ ၀င်ပြီး နျဲ့ချန်ယန်သည် လူကိုယ်တိုင် ဖိတ်ခေါ်ခဲ့သည်ဟူသော သတင်းပျံ့နှံ့သွား‌တော့သည်။ ရုန်ကျဲ့ချန်နှင့် ယွမ်ရှူးယန်လည်း မကြာမီပင်ကြားလိုက်ရသည်။

ကုနင်းအကြောင်း သတင်းကြားတော့ ရုန်ကျဲ့ချန် အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသည်။

ရုန်ကျဲ့ချန်သည် နဂိုက ကုနင်းနှင့်အတူ အချိန်ပိုရနိုင်စေရန်အတွက် ကုနင်းကို အတွင်းရေးမှူးအဖွဲ့သို့ ဖိတ်ကြားရန် စီစဉ်ခဲ့သည်။

သို့သော်လည်း ကုနင်း‌ကြောင့် သူနောက်ဆုံးအကြိမ် လူမြင်ကွင်းတွင် အရှက်ရပြီးနောက် ထိုမျှော်လင့်ချက်ကို ဆုံးရှုံးခဲ့သည်။ ပိုဆိုးတာက ကုနင်းကို တခါတရံ မစဉ်းစားပဲမ‌နေနိုင်တဲ့အထိ သူမကို ရူးသွပ်နေလေပြီ။

အခု ကုနင်းကို သူတကယ် သဘောကျနေတာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ကုနင်းမှာ ရည်းစားရှိနေပြီဆိုပေမယ့်လည်း ချက်ချင်းလက်မလွှတ်နိုင်သေးပါ။

ယွမ်ရှူးယန်သည် ကုနင်းကို ယခင်ကထက်ပို၍မုန်းတီးခဲ့သည်။

ယွမ်ရှူးယန် ရုတ်တရက် အကြံတစ်ခုရသွားသည်။ သူမ၏ ညီမဝမ်းကွဲသည် ကုန်သည်ကြီးများအသင်း၏ဒုတိယဥက္ကဋ္ဌဖြစ်သဖြင့် ကုနင်းအတွက် အခက်အခဲများဖြစ်စေရန်အတွက် သူမ၏ညီမဝမ်းကွဲကို အကူအညီတောင်းမည်။

…

ချန်သုန့်လျန်နှင့် သူ၏လူများ ဒဏ်ရာရခဲ့သော်လည်း ကုနင်းက သူတို့ကိုလုပ်ခိုင်းသည့်အတိုင်း လုပ်ခဲ့သည်။ နောက်တစ်နေ့ မွန်းလွဲ ၂ နာရီတွင် ပျက်စီးသွားသောကားနှင့်တူသော မော်ဒယ်တူကားအသစ်တစ်စီး ရှန်းနျဉ်အဖွဲ့ဌာနချုပ် အပြင်ဘက်တွင် ပေါ်လာသည်။

ကုနင်းက သူတို့အကြောင်း ချီထျန်းလင်ကို တိုင်မှာကို ကြောက်လို့ သူတို့ မနှောင့်နှေးရဲကြပေ။

ထိုတာဝန်ကို သုံးရက်အတွင်း အကောင်အထည် ဖော်နိုင်မည်ဟုသာ မျှော်လင့်ထားကြပြီး မဟုတ်ပါက ၎င်းတို့သည် အန္တရာယ် ကျရောက်နိုင်သည်ဟု ထင်ကြသည်။

ချန်သုန့်လျန်နှင့် သူ၏လူများ ဖျက်စီးသွားသောကားသည် လုံးဝသုံးမရတော့သည်အထိတော့မဟုတ်ပေ။ မှန်များကွဲအက်သွားပြီး ကိုယ်ထည်ပျက်စီးသွားသောကြောင့် ပြုပြင်ဖို့ ငွေအများကြီး ကုန်ကျပေမည်။ ထို့ကြောင့် သူတို့သည် မပြုပြင်တော့ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။

ချန်သုန့်လျန်က ကားကို ပို့ပြီးနောက် ချန်စန်းယိက ကုနင်းကို သတင်းပို့သည်။

…

ကုနင်းသည် ကုန်သည်ကြီးများအသင်းထံ အမြန်ပေးရန်လိုအပ်သော အချက်အလက်များကို ဖြည့်သွင်းခဲ့သည်။ နောက်တစ်နေ့ ကြာသပတေးနေ့တွင် ကုနင်းသည် အတန်းနားသည့်အချိန် ကုန်သည်ကြီးများရုံးသို့ ပစ္စည်းများကို ယူဆောင်သွားပေသည်။အထွေအထူး ဘာမှ‌ေတာ့ မဖြစ်ပေ။

သို့သော် ထိုနေ့မွန်းတည့်ချိန်တွင် ကုနင်းသည် နန်းတော်ပြတိုက်၏ ပြတိုက်မှူး ချိုက်ဝမ်ဟုန်ထံမှ ဖုန်းဝင်လာသည်။ လေလံချိန်ကို သတ်မှတ်ပြီးဖြစ်ပြီး နောက်လ ၁၀ ရက်မှာ လုပ်မယ်လို့ ပြောသည်။ ဒီနေ့က စက်တင်ဘာ ၂၅ ရက်နေ့ဆိုတော့ တစ်လခွဲပဲကျန်တော့သည်။

လေလံတင်ရန် နောက်ဆုံးရက်မှာ ယခုလကုန်ဖြစ်သောကြောင့် ချိုက်ဝမ်ဟုန်သည် သူမအားလပ်ချိန်တွင် လေလံပစ္စည်းများကို စစ်ဆေးရန် ကုနင်းအား ပြောခဲ့သည်။

မှတ်ပုံတင်နေစဉ်အတွင်း ကျွမ်းကျင်သူများသည် ကုန်ပစ္စည်းများကို ကိုယ်တိုင်စစ်ဆေးမည်ဖြစ်သည်။ သို့သော် ၎င်းသည် ပဏာမရွေးချယ်ပွဲသာဖြစ်ပြီး ပြန်လည်ရွေးချယ်ခြင်းခံရမည်ဖြစ်သည်။

လေလံတင်မည့် ပစ္စည်းများ အများအပြားရှိသော်လည်း လေလံနေရာအရေအတွက် ကန့်သတ်ထားသောကြောင့် လျှောက်ထားသူအားလုံးကို ရွေးချယ်မည်မဟုတ်ပါ။ ထို့ကြောင့် ပစ္စည်းအားလုံးကို စာရင်းသွင်းပြီးပါက လေလံတင်ရန်အတွက် တန်ဖိုးအရှိဆုံးပစ္စည်းများကို ရွေးချယ်စိစစ်ရန် လိုအပ်သည်။

ကုနင်းသည် အားလပ်ချိန်များစွာရှိသော်လည်း မတော်တဆတစ်ခုခုဖြစ်မည်ကို စိုးရိမ်သောကြောင့် မနက်ဖြန်နေ့လည်ခင်းတွင် စာသင်ချိန်နှစ်တန်းသာရှိသောကြောင့် ထိုအချိန်မှာ ၎င်းကိုဖြေရှင်းရန်စီစဉ်ထားသည်။ ဒါ‌ကြောင့် ညနေ ၄ နာရီမှာ ကျောင်းက ထွက်ခွာမည်။

အဲဒီနောက် ကုနင်းက ချန်တရုန်ကို ထပ်မံဖုန်းခေါ်ပြီး မနက်ဖြန်နေ့လည်ပိုင်းမှာ နန်းတော်ပြတိုက်က ကျွမ်းကျင်သူတွေက လေလံတင်တဲ့ပစ္စည်းတွေကို ကြည့်ရှုမယ်လို့ ပြောခဲ့သည်။ အချိန်ရှိလားလို့ မေးသည်။ အချိန်သာရရင် အတူတူသွားလို့ရပေသည်။

ချန်တရုန်သည် ဤနေ့ကို အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့သည်။ သူ့မှာ အချိန်ရှိသည့်အပြင် သူ့မှာ အချိန်မရှိရင်တောင် သူ့အလုပ်ကို မထိခိုက်စေဘဲ အချိန်ပိုလုပ်နိုင်အောင် အစွမ်းကုန်ကြိုးစားမည်။

ထို့နောက် ကုနင်းသည် တောင်ပိုင်းခရိုင်ရှိ ရာစုနှစ်မြို့တော်ရှိ သူမ၏အိမ်ရှိသော တည်နေရာကို ချန်တရုန်အား ပြောပြခဲ့သည်။

သူ့နေရာမှာ မြေအောက်ခန်းရှိသည်။ နက်ဖြန်ရောက်ရင် မြေအောက်ခန်းထဲမှာ ထည့်ထားသည့် ကြေးခေါင်းလောင်းကို ထုတ်မည်။

ချန်တရုန်နှင့်ဖုန်းဆက်ပြီးနောက် ကုနင်းသည် အတန်ကြာစဉ်းစားပြီးနောက် သခင်ကြီးလင်ကိုဖုန်းဆက်သည်။

“နင်းနင်း၊ မင်းဆီက ဖုန်းဆက်တာ ရှားတယ်။ မင်းငါ့ကိုမေ့နေပြီ‌တောင်ထင်နေတာ!" ကုနင်း၏ခေါ်ဆိုမှုကိုလက်ခံရရှိသည်နှင့်တစ်ပြိုင်နက် သခင်ကြီးလင် ညည်းညူခဲ့သည်။

ထိုစကားကိုကြားတော့ ကုနင်းအနည်းငယ် အပြစ်ရှိသလိုခံစားရပြီး သူမ၏နှာခေါင်းကို ထိလိုက်သည်။ သူမသည် သခင်ကြီးလင်ကို မခေါ်တာကြာပြီ။ တကယ်တော့ သူမဟာ ထန်မိသားစုကိုလည်း ဖုန်းခေါ်တာ ရှားသည်။

အဲဒါကို တွေးကြည့်တော့ သူက သမီးကောင်းတစ်ယောက်မဟုတ်သလို ခံစားရသည်။

တကယ်တော့ သူမ အလုပ်များလာတဲ့အခါ မိသားစုကို အလွယ်တကူ လျစ်လျူရှုမိခဲ့သည်။ လင်ရှောင်းထင်ပင်လျှင် သူမကို ဖုန်းအရင်ဆက်ရသည်။

"တောင်းပန်ပါတယ် အဘိုးလင်၊ ဒီရက်တွေ အရမ်းအလုပ်များနေလို့ ဖုန်းဆက်ဖို့ မေ့သွားလို့ပါ" ကုနင်းက တောင်းပန်သည်။

ကုနင်းက အရမ်းအလုပ်များနေတယ်ဆိုတာကို သခင်ကြီးလင် နားလည်တဲ့အတွက် သူမကို အပြစ်မတင်ပါ။ "ကျောင်းဝင်းထဲမှာ မင်းကို အနိုင်ကျင့်ရဲတဲ့သူရှိလား" သခင်ကြီးလင်က မေးသည်။

“စိတ်မပူပါနဲ့ အဖိုးလင်၊ ဘယ်သူမှ ကျွန်မကို အနိုင်ကျင့်ရဲမှာ မဟုတ်ပါဘူး။ ကျင့်ရဲကျင့်ကြည့်ပါလား သူတို့ သင်ခန်းစာရသွားလိမ့်မှာ‌ပေါ့” ဟု ကုနင်းက ဆိုသည်။

“ကောင်းပြီ သူရဲ့ မိသားစု နောက်ခံနဲ့ မင်းကို ရူးနေတဲ့ လူတစ်ယောက်‌ယောက်က အနိုင်ကျင့် ဝံ့ရင် သူတို့ကို ပြန်ပေးဆပ်ခိုင်းဖို့ မတွန့်ဆုတ်ပါနဲ့။ အဘိုး မင်းကို ထောက်ပံ့‌ပေးမယ်” ဟု သခင်ကြီးလင်က ပြောသည်။ ကုနင်းအား အဆင်မပြေမှု တစ်စုံတစ်ရာကို မဖြစ်‌စေချင်ပါ။ ကုနင်းသည် အားမနည်းကြောင်း သူသိသော်လည်း သဘာဝအတိုင်း သူမကို ထောက်ပံ့ပေးခဲ့သည်။

“ဟုတ်ကဲ့ပါ” ကုနင်းက သဘောတူသည်။ "အိုး အဘိုးလင် ဒီနေ့ အဘိုးကို ကိစ္စတစ်ခုပြောဖို့ ကျွန်မဖုန်းဆက်တာပါ"

"ဘာကိုလဲ?" သခင်ကြီးလင်က အနည်းငယ် တုန်လှုပ်သွားသော အသံဖြင့် ချက်ချင်း မေးလိုက်သည်။ ကုနင်းဒုက္ခရောက်မှာကို သူစိုးရိမ်သည်။

“အင်း ကျွန်မမှာ ကြေးခေါင်းလောင်းသံ တစ်စုံရှိတယ်။ လေလံတင်ဖို့ စီစဉ်ထားတယ်။ နက်ဖြန်နေ့လည်ပိုင်း နန်းတော်ပြတိုက်က ပြတိုက်မှူးချိုက်က ကျွမ်းကျင်ပညာရှင်တွေကို အကဲဖြတ်ဖို့ ခေါ်ဆောင်လာလိမ့်မယ်။ အဘိုးစိတ်ဝင်စားလား? စိတ်၀င်စားရင် အဘိုးကျန်းတို့ အဖိုးရှုတို့နဲ့ လာခဲ့ပါလား” ကုနင်းက ပြောသည်။ သူမ အခုချက်ချင်း မပြောရင် လျှို့ဝှက်ထားလို့ သူ့ကို အပြစ်တင်လိမ့်မည်။

"ဘာ? ကြေးခေါင်းလောင်းသံအစုံလိုက်? တစ်အုပ်လုံးကို ဆိုလိုတာလား"

အဲဒါကိုကြားတော့ သခင်ကြီးလင် အံ့သြသွားသည်။ ကြေးခေါင်းလောင်းတစ်ခုသည် အထူးအဆန်းမဟုတ်သော်လည်း ကြေးခေါင်းလောင်းတစ်စုံလုံးသည် အလွန်အံ့သြဖွယ်ကောင်းသည်။ တကယ်တော့ တစ်စုတစ်ဖွဲ့တောင် ရှားပါသည်။

“ဟုတ်တယ် ဒါပေမယ့် ကျွန်မသူတို့ကို ရှေးဟောင်းသင်္ချိုင်းတစ်ခုကနေ ရခဲ့တာ။ တရားမဝင်ဘူးဆိုတာ ကျွန်မသိပါတယ်” ကုနင်းက ရိုးသားစွာ‌ပြောပြသည်။ သူမသည် ၎င်းတို့ကို တရားဥပဒေနဲ့အညီ ယူခဲ့ခြင်းမဟုတ်ပေ။ ၎င်းတို့သည် ဥပဒေကြောင်းအရလည်း ရယူရန်မဖြစ်နိုင်ကြောင်း လူတိုင်းသိကြမည် ဖြစ်သည်။

ဒီလိုပြောလိုက်တော့ ကုနင်းက အရမ်းစိတ်လှုပ်ရှား‌နေမိသည်။ သင်္ချိုင်းတူးခြင်းကို ခွင့်မပြုသောကြောင့် သခင်ကြီးလင်သည် သူမအပေါ် အထင်မှားမည်ကို ကြောက်နေပါသည်။

မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် သူမ မပြောခဲ့လျှင်ပင် လေလံပွဲတွင် ၎င်းအကြောင်းကို သိရှိသွားမည်ဖြစ်သည်။ ကုနင်းသည် ရှန်းယွင်ကို ကြီးကျယ်ကျော်ကြားအောင် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်အမည်ဖြင့် လေလံတင်ရန် ဆုံးဖြတ်ခဲ့သည်။

အဲဒါကိုကြားတော့ သခင်ကြီးလင်က “တရားဝင်ဖြစ်အောင် ကူညီပေးရမလား” ဟု မေးသည်။ ကုနင်း၏ သင်္ချိုင်းတွင်းတူးတာနှင့်ပတ်သက်၍ သူဘာမှမပြောပါ။ သို့သော် ခေါင်းလောင်းများသည် တရားဝင်မဟုတ်သောကြောင့် အလွယ်တကူ ပြသနာဖြစ်စေနိုင်သည်။

***

ဖီးနစ်သွေးစက်

အခန်း ၁၈၉၈ တစ်စက္ကန့်‌တောင် မစောင့်နိုင်တော့ဘူး

“တကယ်တော့ မလို‌လောက်ဘူး ပြတိုက်မှူးချိုက်က ပြဿနာမဖြစ်နိုင်ဘူးလို့ ပြောခဲ့တယ်။ သူက ကျွန်မကို ကူညီဖြေရှင်းပေးနိုင်ပါတယ်။ ဒီအကြောင်းကိုပဲ ပြောပြချင်ရုံပါ။ ဒါတွေအားလုံးက တရားမဝင်ဘူး‌လေ” ထို့နောက် ကုနင်းက ထိတ်လန့်တကြားနဲ့ “ကျွန်မ ကိုယ့်ဘာသာအုတ်ဂူတူးဖို့ သွားတာမဟုတ်ဘူးနော်။ ကျွန်မ‌ရောက်ကတည်းထဲက အုတ်ဂူကပွင့်နေပြီးသား။ သူတို့ကို မတော်တဆ ရှာတွေ့ခဲ့တာ”

ကုနင်းသည် ကြေးခေါင်းလောင်းသံများကို လေလံတင်ရန် ဆုံးဖြတ်သောအခါ ၎င်းသည် ၎င်း၏တရားမ၀င်အရင်းအမြစ်ကြောင့် ပြဿနာဖြစ်စေနိုင်သလားဟု ပြတိုက်မှူးချိုက်အား မေးမြန်းခဲ့သည်။

ပြတိုက်မှူးချိုက်သည် အစိုးရအတွင်းရှိ သက်ဆိုင်ရာဌာနများအပေါ်မူတည်၍ ပြဿနာဖြစ်စေနိုင်သည်ကို ပြောပြခဲ့သည်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါဟာ အဆက်အသွယ်နှင့် သက်ဆိုင်သည့်ကိစ္စပဲ ဖြစ်သည်။ ကုနင်းမှာ ပံ့ပိုးကူညီမှုတွေ ရှိနေသရွေ့တော့ ပြဿနာရှိမှာ မဟုတ်ပါ။

ကုနင်းသည် လင်ရှောင်းထင်၏ ချစ်သူဖြစ်သည်ကို ပြတိုက်မှူးချိုက်က သိထားသောကြောင့် သူမတွင် အားကောင်းသော ဆက်သွယ်မှုများရှိ၍ ပြတိုက်မှူးချိုက်က သူမအား ကူညီပေးရန် အဆိုပြုခဲ့သည်။

“တကယ်တော့ ဒါဟာ ကောင်းတဲ့ကိစ္စမဟုတ်ပေမယ့် လုံးဝလက်မခံနိုင်စရာမရှိပါဘူး။ မင်းခုနကပြောသလိုပဲ အုတ်ဂူကို မင်းစတူးခဲ့တာမဟုတ်ဘူး။ မင်းထက်အရင် တစ်ယောက်ယောက်က လုပ်ခဲ့တာ။ စိတ်လျှော့ပါ၊ အဘိုးမင်းကို မဝေဖန်ပါဘူး” လို့ သခင်ကြီးလင်က ပြောသည်။ ကုနင်း၏ လုပ်ရပ်ကို သူသဘောမတူသော်လည်း ၎င်းအတွက် သူမကို အပြစ်မတင်ပါ သို့မဟုတ် သူမအပေါ် ဆိုးရွားသော အမြင်လည်း မရှိပါ။

သခင်ကြီးလင်သည် လူဆိုးမဟုတ်သော်လည်း လုံးဝလူကောင်းလည်းမဟုတ်ပေ။ အကျင့်စာရိတ္တနှင့် တရားမ၀င်သော အရာများကို မလုပ်ဘဲ ဥပဒေနှင့်အညီ လုံးဝပြုမူမည်မဟုတ်ပါ။ တခါတရံ ဥပဒေကို ဖောက်ဖျက်တတ်သူပင်။

တကယ်တော့ သူတို့ဟာ လူဆိုးတွေကို သူတို့ရဲ့ လုပ်ရပ်တွေကို ပြန်လည်တိုက်ခိုက်ဖို့အတွက် ဥပဒေနဲ့ မညီတဲ့ အရာတွေပဲ လုပ်ခဲ့ကြရသည်။ အပြစ်မဲ့ ပြည်သူတွေကို ထိခိုက်အောင်‌တော့ မလုပ်ပါ။

အချို့သောအခြေအနေများတွင် ပုံမှန်နည်းလမ်းများသည် အသုံးမဝင်သောကြောင့် အထူးနည်းလမ်းများကို အားကိုးရသည်။

ထို့ကြောင့် ကုနင်းရဲ့သင်္ချိုင်းတွင်းတူးတာကို ကြီးကြီးမားမားဟု မထင်ပေ။ အပြစ်မဲ့သူတွေကို သတ်တာမဟုတ်ဘူးလေ။

ကုနင်းသည် သခင်ကြီးလင်၏ အဖြေကို ကြားပြီးသည့်တိုင်အောင် စိတ်သက်သာရာ ရခြင်းမရှိ‌ေသးပေ။ "ကျေးဇူးတင်ပါတယ် အဘိုးလင်”

“မင်းအဲလိုပြောဖို့ မလိုဘူး။ အဘိုးက ဥပဒေကို အမြဲတမ်းလိုက်နာတဲ့သူ မဟုတ်ဘူး။ တရားမဝင်တာတွေလည်း အများကြီးလုပ်ဖူးတယ်။ အဓိကကတော့ ဘယ်သူကို လုပ်တာလဲ၊ ဘယ်လိုကိစ္စအတွက်လုပ်တာလဲအပေါ်ပဲ မူတည်တယ်။ တစ်ခါတလေမှာ ပုံမှန်မဟုတ်တဲ့လှည့်ကွက်တွေလိုတယ် ဒါကြောင့် မင်းကိုယ်ကျင့်တရားကောင်းသရွေ့ အဘိုးမင်းကို အထင်သေးမှာ မဟုတ်ဘူး” ဟု သခင်ကြီးလင်က ဆိုသည်။

ထိုစကားကိုကြားတော့ ကုနင်းစိတ်သက်သာရာရသွားပြီး ထိုအကြောင်းကို ဆက်မတွေးတော့ပေ။ သူမသည် အမှန်တကယ်ပင် တရားမ၀င်သော အရာများစွာကို ပြုလုပ်ခဲ့ဖူးသော်လည်း ၎င်းတို့သည် အကျင့်စာရိတ္တပျက်ပြားခြင်းမဟုတ်ပေ။

အဲဒီနောက် ကုနင်းက ကျန်းကျုံးယွီနဲ့ သခင်ကြီးရှုကို ခေါ်ပြီး ကြေးခေါင်းလောင်းသံအကြောင်း ပြောပြသည်။

အဘိုးအို နှစ်ယောက်စလုံး သတင်းကြားပြီးတာနဲ့ နှစ်ယောက်လုံး စိတ်လှုပ်ရှားခဲ့ကြပြီး ဒီအခွင့်အရေးကောင်းကို လက်လွတ်မခံသင့်ပေ။

ကုနင်းသည် ကျန်းကျုံးယွီနှင့် သခင်ကြီးရှုတို့အား ကြေးခေါင်းလောင်းကို မည်သို့ရပုံကို မပြောခဲ့ပေ။ သူတို့လည်း မလိုအပ်သောကြောင့် သူမကို မမေးခဲ့ကြပါ။ ကြေးခေါင်းလောင်းများသည် ဥပဒေနှင့်ညီတာ မဖြစ်နိုင်ကြောင်း သူတို့ သိရှိကြသည်။

သူတို့ သိပြီးကတည်းက အဲဒါကို မေးစရာ မလိုပေ။

ကြေးခေါင်းလောင်းများသည် တရားမဝင်ကြောင်း သူတို့သိသော်လည်း ကုနင်းကို ဝေဖန်လိုခြင်းမရှိပေ။ သူတို့၏ စုဆောင်းမှုမှ အရာဝတ္တုအများအပြားသည် တရားမ၀င်ဖြစ်‌ေပသည်။ ထို့အပြင် ကုနင်း၏ရှေးဟောင်းပစ္စည်းများသည် တရားမ၀င်ကြောင်းကို ၎င်းတို့သိရှိတာ ပထမဆုံးအကြိမ်မဟုတ်ပေ။

ထို့အပြင် ကြေးခေါင်းလောင်းများသည် သူတို့ကို ဒုက္ခဖြစ်စေမည်ကို မစိုးရိမ်ခဲ့ကြပေ။ ချိုက်ဝမ်ဟုန်က သူတို့ကို အကဲဖြတ်တော့မှာမို့လို့ သူတို့က ဘေးကင်းတယ်လို့ ဆိုလိုတာပါ။ ပြဿနာဖြစ်လာရင်တောင် ချိုက်ဝမ်ဟုန်က ဖြေရှင်းပေးမှာဖြစ်သည်။

သူတို့အားလုံးသည် ချိုက်ဝမ်ဟုန် ကိုသိသောကြောင့် သူ့ကိုယုံကြည်ကြသည်။

ကြေးခေါင်းလောင်းကြောင့် သခင်ကြီးလင်နဲ့ သူ့သူငယ်ချင်းဟောင်းတွေက စိတ်လှုပ်ရှားလွန်းလို့ ငြိမ်သက်မနေနိုင်ကြပေ။ ဖြစ်နိုင်ရင် ကြေးခေါင်းလောင်းသံကို ခုချက်ချင်း တွေ့ချင်ကြသည်။

ချိုက်ဝမ်ဟုန်မှာလည်း တူညီသော ခံစားချက်ရှိသော်လည်း မနက်ဖြန်နေ့လည်ကို စောင့်ရအုံးမည်။

နောက်တစ်နေ့တွင် ချိုက်ဝမ်ဟုန်သည် ကုနင်း၏ဖုန်းခေါ်ဆိုမှုကို တစ်နေကုန်စောင့်ဆိုင်းခဲ့သော်လည်း ကုနင်းသည် ညနေ ၄ နာရီအထိ ဖုန်းမခေါ်ကြောင်း သူသိသည်။

နံနက်ခင်းတွင် ချိုက်ဝမ်ဟုန်သည် နောက်ပိုင်းတွင် သူနှင့်အတူ ကြေးခေါင်းလောင်းသံများကို အကဲဖြတ်မည့် ရှေးဟောင်း ပညာရှင် နှစ်ဦးနှင့် သတင်းကို မျှဝေခဲ့သည်။ ပညာရှင်နှစ်ယောက်လည်း ထိတ်လန့်တုန်လှုပ်သွား‌လေသည်။ ကုနင်းမှာ ကြေးခေါင်းလောင်းတစ်ခုသာရှိပြီး တစ်စုံလုံးရှိသည်ဟု ထင်မထားတဲ့အတွက် ထိတ်လန့်သွားခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူတို့လည်း ချိုက်ဝမ်ဟုန်ကဲ့သို့ စိတ်လှုပ်ရှားနေပြီး ကြေးခေါင်းလောင်းများကို မြင်တွေ့ရန် စောင့်မျှော်နေကြသည်။

နောက်ဆုံးတော့ ညနေ ၄ နာရီထိုးတော့ ကုနင်းက ချိုက်ဝမ်ဟုန်ကိုဖုန်းခေါ်သည်။ ချိုက်ဝမ်ဟုန်က ချက်ချင်း ကိုင်လိုက်သည်။

ညနေ ၄ နာရီမထိုးခင်ထဲက ချိုက်ဝမ်ဟုန်က ကုနင်း ဖုန်းဆက်မှာလားဆိုပြီး သူ့ဖုန်းကို စိုက်ကြည့်နေသည်။

"မစ္စကု မင်း ကျောင်းကထွက်လာပြီလား" ချိုက်ဝမ်ဟုန်က အလျင်စလိုမေးလိုက်သည်။

မျှော်လင့်ခြင်းအပြည့်ဖြင့်ဖြစ်‌ေနသော ချိုက်ဝမ်ဟုန်၏အသံကိုကြားတော့ ကုနင်းသည် သူ့ခံစားချက်များကို နားလည်ပြီး ကြည်နူးသွားသည်။ "ဟုတ်ပါတယ် ပြတိုက်မှူးချိုက် တောင်ပိုင်းခရိုင်မှာရှိတဲ့ ရာစုနှစ်မြို့တော်ကိုသိလား။ အဲ့မှာ ကျွန်မအိမ်ရှိတယ်။ ကျွန်မကျောင်းက အခုချက်ချင်း ထွက်ပြီး အိမ်ပြန်လိုက်မယ်။ XX အိမ်ရာမှာဆုံတာပေါ့"

ချိုက်ဝမ်ဟုန်က "ဟုတ်ပြီ ငါတို့သွားနေပြီ" ဟူပြောပြီး သူ့အိမ်ကနေ ချက်ချင်းထွက်သွားသည်။

ညနေ ၄ နာရီတွင် လမ်းပိတ်ချိန်မဟုတ်သောကြောင့် ကုနင်းသည် မကြာမီပင် ရာစုနှစ်မြို့တော်သို့ ရောက်ရှိခဲ့သည်။

ကုနင်းရောက်ရှိလာသောအခါတွင် သခင်ကြီးလင်၊ ကျန်းကျုံးယွီ၊ သခင်ကြီးရှု၊ ချိုက်ဝမ်ဟုန်နှင့် အခြားသော ကျွမ်းကျင်သူများ ရှိနေပါပြီ။

သခင်ကြီးလင်နဲ့ သူ့သူငယ်ချင်းဟောင်းတွေလည်း ထွက်လာကြပြီး ချိုက်ဝမ်ဟုန်က ကုနင်းထက် ဒီနေရာနဲ့ ပိုနီးတာမို့ သူ့ထက် ငါးမိနစ်စောရောက်သည်။

ချိုက်ဝမ်ဟုန်နှင့် အခြားသော ကျွမ်းကျင်သူများသည် ကြေးခေါင်းလောင်းသံကို အကဲဖြတ်ရန် ရောက်လာကြသည်ကို သခင်ကြီးလင်နှင့် သူ၏ သူငယ်ချင်းဟောင်းများက သိကြသော်လည်း ချိုက်ဝမ်ဟုန်နှင့် အခြားသော ကျွမ်းကျင်သူများက သခင်ကြီးလင်တို့လည်း ဤနေရာကို လာနိုင်ကြောင်း မသိခဲ့ကြပေ။ ထို့ကြောင့် ချိုက်ဝမ်ဟုန်သည် သူတို့ကို တွေ့လိုက်ရတော့ အံ့သြသွားခဲ့သည်။

အထူးသဖြင့် သခင်ကြီးလင်ကိုတွေ့သောအခါ ချိုက်ဝမ်ဟုန်သည် အတော်လေး တုန်လှုပ်သွားပြီး စိတ်မသက်မသာ ခံစားခဲ့ရသည်။ အရင်က သခင်ကြီးလင်ကို အကြိမ်များစွာတွေ့ဖူးပေမယ့် သခင်ကြီးလင်က ဘယ်လောက်အရေးပါတယ်ဆိုတာ သူသိသည်။

ချိုက်ဝမ်ဟုန်နှင့်အတူ လိုက်ပါလာသော ကျွမ်းကျင်ပညာရှင် နှစ်ယောက်သည် သူ့ထက်ပင် ပို၍ပင် ကြောက်ရွံ့နေခဲ့သည်။

ကုနင်းရဲ့ဖိတ်ကြားချက်အရ သခင်ကြီးလင်နဲ့ သူ့သူငယ်ချင်းဟောင်းတွေက ကြေးခေါင်းလောင်းသံကို လာကြည့်ကြတာကို သိလိုက်ရတော့ ချိုက်ဝမ်ဟုန်က စိတ်မချမ်းသာမဖြစ်ပါ။ မကျေမနပ်ဟန်လည်း မပြဝံ့ပေ။

ကုနင်းက သူတို့ စောစောရောက်‌နေတာကို မအံ့သြဘဲ ကောင်းယိနဲ့ ချောင်ယတို့ကို သူတို့ကို ကြိုဆိုဖို့ အဆင်သင့်ပြင်ထားလို့ ပြောလိုက်သည်။ ထို့ကြောင့် သူတို့ရောက်သည်နှင့် ဧည့်ခန်းတွင် လက်ဖက်ရည်သောက်ရန် ဖိတ်ခေါ်ခဲ့သည်။

သိပ်မကြာခင်မှာပဲ ချန်တရုန် ရောက်လာသည်။ သခင်ကြီးလင်နဲ့ တခြားလူတွေကို တွေ့လိုက်ရတော့ သူ အံ့အားသင့်သွားကာ လန့်သွားသည်။

ခဏလောက် စကားစမြည်ပြောပြီး‌နောက် ကုနင်းရောက်လာသည်။ သူမက သူတို့ကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်သည်။

နှုတ်ခွန်းဆက်စကား ပြီးဆုံးသောအခါ သခင်ကြီးလင်က တိုက်တွန်းသည်။ "နင်နင်း အချိန်မဖြုန်းနဲ့‌တော့လေ။ ကြေးခေါင်းလောင်းတွေကို အခုပဲ ပြပါတော့!”

တကယ်တော့ ကုနင်းက သူတို့နဲ့ မနှုတ်ဆက်ခင်မှာ သခင်ကြီးလင်က သူမကို ဒီလိုလုပ်ဖို့ စိတ်အားထက်သန်နေပြီဖြစ်ပေမယ့် နှောက်ယှက်တာဟာ မယဉ်ကျေးဘူးလို့ ခံစားမိတာကြောင့် စိတ်ရှည်ဖို့ ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးခဲ့သည်။

"ဟုတ်တယ် ငါတို့ တစ်စက္ကန့်တောင် မစောင့်နိုင်တော့ဘူး!" ကျန်းကျုံးယွီကပါ တိုက်တွန်းလိုက်သည်။

***

ဖီးနစ်သွေးစက်

အခန်း ၁၈၉၉ သူက ငါ့မြေးချွေးမလေ

ချိုက်ဝမ်ဟုန်သည် ကုနင်းကို မျှော်တလင့်လင့်ဖြင့် ကြည့်ကာ ကျွမ်းကျင်သူနှစ်ယောက်ကို သူမအား မိတ်ဆက်ပေးရန်ပင် မေ့သွားခဲ့သည်။

ကုနင်းက သူတို့ တွန်းအားပေးတာကို ၀န်လေးမိပေမယ့် သူတို့ရဲ့ ခံစားချက်ကို နားလည်ပါသည်။ သခင်ကြီးလင်နဲ့ တခြားသူတွေက ဧည့်ခန်းမှာ ခေါ်လာတဲ့ သက်တော်စောင့်တွေနဲ့ ကားမောင်းသမားတွေကို ထားခဲ့ပြီး အောက်ထပ်ကို ဆင်းသွားခဲ့သည်။

သခင်ကြီးလင်နှင့် အခြားသူများသည် ကုနင်း၏ အခြေအနေကို သိသောကြောင့် သူမကို ယုံကြည်ပြီး သူတို့ကို ထိခိုက်စေရန် သူမ တစ်ခုခုလုပ်မည်ကို မစိုးရိမ်ခဲ့ကြပေ။

မြေအောက်ခန်းသည် မှောင်နေသောကြောင့် ကုနင်းအတွက် နောက်တစ်ဆင့်တက်ရန် အဆင်ပြေသည်။ တံခါးကိုဖွင့်ပြီးနောက် သူမသည် မီးကိုချက်ချင်းမဖွင့်ဘဲ သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲမှ ကြေးခေါင်း‌လောင်းများကို ထုတ်ယူရန် သူမ၏အသိစိတ်ကို အသုံးပြုခဲ့သည်။

မီးပွင့်ပြီးတာနဲ့ တခြားသူတွေက အထဲကို ဝင်သွားသည်။

ထို့နောက် ကြေးဝါခေါင်းလောင်းများ တန်းစီကာ နံရံတွင် ချိတ်ထားသည်ကို တွေ့လိုက်ရသဖြင့် အားလုံး အံ့ဩသွားကြသည်။ တုန်လှုပ်ခြောက်ခြားစွာဖြင့် ထိုနေရာတွင် ရပ်နေကာ မည်သူကမျှ တုံ့ပြန်ခြင်းမပြုပေ။

သူတို့မျက်လုံးတွေကို မယုံနိုင်ခဲ့ဘူး! ကြေးခေါင်းတိုင် ၃ လွှာပါ ၉ ဖွဲ့ရှိပြီး အရေအတွက် ၆၀ ခန့်ရှိသည်။

ကြေးခေါင်းလောင်းတစ်အုပ်လုံးတွင် အလွှာ ၃ လွှာရှိပြီး အုပ်စု ၉ ခုဖြင့် ၆၅ ခု ပါဝင်ပါသည်။ တစ်စုံလုံးဖြစ်နိုင်သည်။

ချိုက်ဝမ်ဟုန်နှင့် ကုနင်းသည် ကြေးခေါင်းလောင်းသံ တစ်စုံလုံးကို အမှန်တကယ် ပိုင်ဆိုင်ကြောင်း မသိကြသော အခြားသူများက ထိုသို့တွေးနေကြသည်။ အဲဒါကို တွေးပြီး အသက်ခပ်ပြင်းပြင်းရှူလိုက်ကြသည်။

သူတို့ အံ့သြရုံသာမက ကုနင်းတွင် ဤကြေးဝါခေါင်းလောင်းသံ တစ်စုံလုံးရှိ‌နေသည်ကို သခင်ကြီးလင်နှင့် အခြားသူများကလည်း အံ့သြသွားကြသည်။

စက္ကန့်အနည်းငယ်ကြာ အံ့အားသင့်သွားပြီးနောက် သခင်ကြီးလင် သည် အသိစိတ်အရင်ပြန်၀င်လာခဲ့ပြီး မနှောင့်နှေးဘဲ ရှေ့သို့ တိုးသွားခဲ့သည်။

"ဝိုး အရမ်းအံ့သြစရာကောင်းတယ်!"

ကျန်းကျုံးယွီနှင့် သခင်ကြီးရှုတို့က သူ့နောက်သို့ လိုက်သွားကြသည်။

ချိုက်ဝမ်ဟုန်နှင့် အခြားသော အကဲဖြတ်သူနှစ်ဦးသည် ချက်ချင်းပင် ရှေ့သို့ တိုးသွားခဲ့သည်။

"မစ္စကု ဒါတစ်စုံလုံးလား" ချိုက်ဝမ်ဟုန်က မေးသည်။ မယုံနိုင်လောက်အောင်ဖြစ်နေသေးသည်။ သူ့အသံနှင့် ခန္ဓာကိုယ်သည်ပင် စိတ်လှုပ်ရှားစွာ တုန်လှုပ်နေ၏။

“ဟုတ်တယ်၊ ဒါ အကုန်တစ်စုံလုံးပဲ။ အလွှာ ၃ ရှိပြီး အုပ်စု ၉ ဖွဲ့က ၆၅ ခုလုံးပါ” ဟုကုနင်းက အေးဆေးတည်ငြိမ်တဲ့ လေသံနဲ့ ပြောခဲ့ပေမယ့် ချိုက်ဝမ်ဟုန်ကတော့ လုံးဝမတည်ငြိမ်နိုင်ခဲ့ပါဘူး။

သူသည် နံပါတ်ကို မြင်လိုက်သည်နှင့် ချက်ချင်းမှန်းဆထားပြီးဖြစ်သော်လည်း ကုနင်း၏ အတည်ပြုအဖြေကြောင့် သူ အံ့အားသင့်နေဆဲဖြစ်သည်။

"သူတို့အားလုံး အစစ်တွေဆိုတာ သေချာရဲ့လား" ချိုက်ဝမ်ဟုန်က ထပ်မေးသည်။ ကုနင်းအား မေးခွန်းတွေကို သူဆက်မေးနေတာက သူ့အမှားမဟုတ်ပါ၊ ဘာကြောင့်လဲဆိုတော့ ဒါက မယုံနိုင်စရာပါပဲ။ ချက်ချင်းလက်ခံဖို့က သူ့အတွက် မလွယ်ပေ။

ထို့အပြင် သူသည် မျှော်လင့်ချက်အပြည့်ရှိသောကြောင့် ၎င်းတို့သည် အတုအယောင်ဖြစ်မည်ကို ကြောက်ရွံ့‌နေမိသည်။

“သူတို့အားလုံး အစစ်တွေပါ။ ပြတိုက်မှူးချိုက် အဲဒါကို အကဲဖြတ်ကြည့်ရင် သိပါလိမ့်မယ်” ဟု ကုနင်းက ပြုံးပြီး ပြောသည်။

အဲဒါကိုကြားတော့ ချိုက်ဝမ်ဟုန်ဟာ အသက်ပြင်းပြင်းရှူပြီး စိတ်လှုပ်ရှားလွန်းတာကြောင့် သူတို့ကို အကဲဖြတ်ဖို့ကို မေ့သွားခဲ့သည်။

ကြေးဝါခေါင်းလောင်းများရှေ့တွင် ရပ်နေချိန်တွင် သူနှင့်အတူပါလာသည့် ပညာရှင်နှစ်ဦးပင်လျှင် မည်သည့်နေရာမှ စတင်ရမည်ကို မသိခဲ့ပေ။

ချိုက်ဝမ်ဟုန်သည် အကဲဖြတ်ခြင်းမပြုလုပ်မီ မိမိကိုယ်မိမိ စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

အဆိုပါ ကြေးခေါင်းလောင်း ၆၅ခုလုံးရှိ အချို့မှာ အတုဖြစ်နိုင်သောကြောင့် တစ်ခုပြီးတစ်ခု ခွဲခြားသတ်မှတ်ရန် လိုအပ်သည်။

ကုနင်းကို သူ မယုံကြည်တဲ့အတွက်ကြောင့် မဟုတ်ဘဲ သတိထားပြီး အလေးအနက်ထားပြီး အကဲဖြတ်ရပါမည်။

ဒီတစ်ခါ လေလံပွဲက အရမ်းထူးခြားတဲ့အတွက် စည်းကမ်းတွေက သဘာဝအတိုင်း အရမ်းတင်းကြပ်ပေသည်။

ကြေးခေါင်းလောင်းက များလွန်းသောကြောင့် ၎င်းတို့အားလုံးကို အကဲဖြတ်ရန် အချိန်အတော်ကြာခဲ့သည်။ ထို့ကြောင့် ကုနင်းသည် ကောင်းယိနှင့် ချောင်ယတို့အား ပင်ပန်းပါက အနားယူရန်အတွက် ထိုင်ခုံများ၊ စားပွဲများနှင့် လက်ဖက်ရည်အချို့ကို ရွှေ့ခိုင်းလိုက်သည်။

ကောင်းယိနှင့် ချောင်ယတို့သည် အိမ်အောက်ထပ်သို့ လျှောက်သွားချိန်အထိ ဘာရှိမှန်း မသိခဲ့ကြသော်လည်း ရှေးဟောင်းပစ္စည်းအကြောင်း အနည်းငယ်သာ သိသောကြောင့် ကြေးခေါင်းလောင်းကို တွေ့ရတော့ အံ့သြခြင်းမရှိခဲ့ကြပေ။

သို့သော် အခြားသူများ၏မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုကိုမြင်သောအခါ ကြေးခေါင်းလောင်းများသည် အလွန်တန်ဖိုးရှိနိုင်ကြောင်း သိလိုက်ကြသည်။

ဘာပဲဖြစ်ဖြစ် သူတို့ရဲ့သူဌေးမှာ မရေမတွက်နိုင်တဲ့ အဖိုးတန်ပစ္စည်းတွေရှိတာကြောင့် သခင်ကြီးလင် နဲ့ တခြားလူတွေရဲ့ တုံ့ပြန်မှုက အရမ်းသာမန်လို့ ထင်သည်။

စားပွဲတွေ၊ ကုလားထိုင်တွေ၊ လက်ဖက်ရည်တွေချပြီး ထွက်သွားကြသည်။ ကုနင်းက စားပွဲဘေးမှာထိုင်ပြီး လက်ဖက်ရည်သောက်ရင်း ဘေးမှာစောင့်နေသည်။

"တကယ် ဒီတစ်ခုက အစစ်‌!" သူတို့စစ်‌ဆေးရင်း ဆက်အော်‌နေကြသည်။

"အရမ်းအံ့သြစရာပဲ! ငါ့ဘ၀မှာ ကြေးဝါခေါင်းလောင်း တစ်စုံလလုံးကို မြင်ခွင့်ရမယ်ဆိုတာ ငါမယုံနိုင်‌သေးဘူး။ ငါ အခုသေသွားရင်တောင် နောင်တမရှိ‌တော့ဘူး”

ကျန်းကျုံးယွီ၏အသံဖြစ်သည်။ သူသည် ဤနေရာရှိ လူများကြားတွင် ရှေးဟောင်းပစ္စည်းကို အနှစ်သက်ဆုံးသူ ဖြစ်သောကြောင့် ကျယ်လောင်စွာ ပြောလိုက်သည်။

"နင်းနင်းကတော့ မယုံနိုင်စရာပဲဟေ့!" သခင်ကြီးရှုက ချီးကျူးသည်။

"ဟုတ်တယ်!" ချိုက်ဝမ်ဟုန် သဘောတူလိုက်သည်။

ကြေးခေါင်းလောင်းများသည် တရားမ၀င်ကြောင်း သူတို့သိသော်လည်း ပြန်ရှာရန် မလွယ်ကူကြောင်းကိုလည်း နားလည်ခဲ့ကြသည်။

"သူက ငါ့‌မြေးချွေးမလေ မယုံနိုင်စရာပဲပေါ့” ဟု သခင်ကြီးလင်က ဂုဏ်ယူစွာပြောသည်။

"ဟုတ်တယ် အခု မင်းရဲ့မြေးမလေးကလွဲရင် ဘာတွေများ ကြွားနိုင်သေးလို့လဲ" သခင်ကြီးရှုက မနာလိုစိတ်အနည်းငယ်ဖြင့် ပြောလိုက်သည်။

"ငါ့မြေးပေါ့! ငါ့မြေး‌ချွေးမလို ကြီးကျယ်ခမ်းနားတဲ့ မိန်းကလေးရဲ့ နှလုံးသားကို အနိုင်ယူနိုင်လို့ အရမ်းထူးချွန်တာပဲ‌လေ” ဟု သခင်ကြီးလင်က ကျေနပ်စွာပြောသည်။

သခင်ကြီးရှုနှင့် ကျန်းကျုံးယွီသည် ယခုအချိန်တွင် ဘာပြောရမည်ကို မသိပေ။ သခင်လင်ထံမှ ထိုစကားကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြားခဲ့ဖူးပေသည်။

သခင်ကြီးလင်က သူမကို လူအများရှေ့တွင် ချီးမွမ်းခြင်းကို ခံရသောအခါ ကုနင်းသည် အတော်လေး ပျော်ရွှင်နေခဲ့သည်။

ကုနင်းသည် သူမ၏ နှုတ်ခမ်းပေါ်တွင် အပြုံးမပျက်။ သခင်ကြီးလင်က သူမကို အရမ်းကျေနပ်‌နေတယ်လို့ ခံစားမိသည်။

ကြေးခေါင်းလောင်းများကို အကဲဖြတ်နေစဉ် ကုနင်းသည် နျဲ့ချန်ယန်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ စာရွက်စာတမ်းတွေ ‌မပေးဘူးလားဟုမေးသည်။

ကုနင်းအံ့သြသွားသည်။ “ကျွန်မ‌ပေး‌ပြီးပြီ‌လေ။ ကြာသပတေးနေ့ အတန်းခနနားတုန်းက လာပေးလိုက်တာ"

တစ်စုံတစ်ယောက်က စာရွက်စာတမ်းတွေကို တစ်ခုခုလုပ်လိုက်တာလား။

“အိုး ငါတို့ဝန်ထမ်း နေရာထားမှားတာဖြစ်မယ်။ ငါ သူတို့ကို လိုက်ရှာလိုက်ပါမယ်” ဟု နျဲ့ချန်ယန်က ပြောသည်။ သူသည် တမင်ကြံစည်ထားသည်ကို မတွေးမိပေ။

“ဟုတ်ပြီ” ဟု ကုနင်းက ပြောသည်။ သူမ မသိဘဲ တစ်စုံတစ်ယောက်က တစ်ခုခုလုပ်ခဲ့သလားဆိုတာ သေချာမသိသောကြောင့် သူမသည် ထိုအကြောင်းကို ဘာမှဆက်မပြောတော့ပါ။ မတော်တဆလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

နာရီဝက်အကြာတွင် နျဲ့ချန်ယန်က ထပ်မံဖုန်းဆက်ကာ မတွေ့ရှိသေးကြောင်း ပြောသည်။

"ကုနင်း ငါတောင်းပန်ပါတယ်။ ဖောင်ကို အီးမေးလ်နဲ့ ပို့လိုက်လို့ရမလား? အဲဒါတွေကို ပြန်မပို့ခင် ကွန်ပျူတာနဲ့ ဖြည့်ပေးပါလား" နျဲ့ချန်ယန်က အနည်းငယ်အားနာမိသွားသလို ခံစားလိုက်ရသည်။ နောက်ဆုံးမှာ‌တော့ သူတို့သည် သူတို့၏အလုပ်ကို ကောင်းစွာမလုပ်ဆောင်ဘဲ ကုနင်းကို အနှောက်အယှက်ပေးခဲ့ရတာမဟုတ်ပါလား။

"ပြဿနာမရှိပါဘူး" ကုနင်းက နျဲ့ချန်ယန်နဲ့ ဘာမှမဆိုင်ဘူးလို့ နားလည်ထားတာကြောင့် သူ့ကို အပြစ်မတင်ပါ။

အဲဒီနောက် ကုနင်းအား နျဲ့ချန်ယန်က သူ့ အီးမေးလ်လိပ်စာကို ပြောပြခဲ့ပြီး နျဲ့ချန်ယန်က အီးမေးလ်တစ်စောင်ကို နှစ်မိနစ်အတွင်း ပေးပို့ခဲ့သည်။

ကုနင်းသည် သခင်ကြီးလင်နှင့် အခြားသူများကို တစ်ချက်ကြည့်လိုက်သည်။ သူမကို ဘယ်သူမှ ဂရုမစိုက်မိတဲ့အခါ သူမရဲ့ စိတ်စွမ်းအင်အာကာပြင်ထဲကနေ laptop တစ်လုံးကို တိုက်ရိုက်ထုတ်ခဲ့သည်။ အပြင်ထွက်လုပ်ရမှာ ပျင်းသည်။

မဆိုင်းမတွဘဲ ဖွင့်ပြီး ဖောင်ဖြည့်ရန် စာရွက်စာတမ်းများကို ဒေါင်းလုဒ်လုပ်ခဲ့သည်။ ထို့နောက် သူမသည် သူတို့ကို နျဲ့ချန်ယန်ဆီ သို့ ပြန်ပို့လိုက်သည်။

နျဲ့ချန်ယန်သည် စာရွက်စာတမ်းများကို လက်ခံရရှိသည်နှင့် ကုနင်းထံ စာတိုတစ်စောင် ပေးပို့ခဲ့သည်။

***

ဖီးနစ်သွေးစက်

အခန်း ၁၉၀၀ ချိုက်ဝမ်ဟုန် နှစ်သက်မှု

ချိုက်ဝမ်ဟုန်နှင့် သူ၏လူများသည် အကဲဖြတ်ခြင်း ပြီးဆုံးသောအခါ ည ၇ နာရီ ထိုးပြီဖြစ်သည်။ သခင်ကြီးလင်နှင့် အခြားသူများသည် တစ်နာရီကျော်ကြာအောင် နေပြီးနောက် ထွက်ခွာသွားကြပြီ။

သူတို့သည် ကြေးခေါင်းလောင်းများကိုသာ ကြည့်ရှုရန်လာသောကြောင့် တစ်လုံးပြီးတစ်လုံး အကဲဖြတ်ရန် သို့မဟုတ် ၎င်းတို့အားလုံးကို အကဲဖြတ်တာကို စောင့်ဆိုင်းရန် မလိုအပ်ပါ။

သူတို့အားလုံးသည် ရှေးဟောင်းပစ္စည်းကို နှစ်သက်ကြသော်လည်း မည်သည့်ရှေးဟောင်းပစ္စည်းမျှ မစုဆောင်းလိုကြပေ။ သေးငယ်တဲ့ အရာဝတ္ထုတွေကို စုဆောင်းရတာကို နှစ်သက်တဲ့အတွက် ကြေးခေါင်းလောင်းတွေကို သိပ်စိတ်မဝင်စားပါ။

ချိုက်ဝမ်ဟုန်နှင့် အခြားသူများသည် ထိုနေရာတွင် ရှိနေသောကြောင့် ကုနင်းသည် ထွက်မသွားနိုင်ပေ။ ထို့ကြောင့် သခင်ကြီးလင်နဲ့ သူ့သူငယ်ချင်းဟောင်းတွေကို အတူတူထမင်းစားဖို့ မဖိတ်နုိင်ပေမယ့် နောက်တစ်ကြိမ် အချိန်ရတဲ့အခါ ဖိတ်မည်ဟုကတိပေးလိုက်သည်။

သခင်ကြီးလင်နဲ့ သူ့သူငယ်ချင်းဟောင်းတွေက သဘောတူသည်။

အကဲဖြတ်ပြီးနောက် ချိုက်ဝမ်ဟုန်နှင့် သူ၏လူများသည် ကြေးခေါင်းလောင်းများသည် စစ်မှန်ကြောင်း သေချာပြီးနောက် အလွန်စိတ်လှုပ်ရှား‌ေနကြသည်။

"မစ္စကု မင်း ဒီကြေးဝါခေါင်းလောင်းစုံကို နန်းတော်ပြတိုက်ကို ရောင်းပါလား" ချိုက်ဝမ်ဟုန်က ပြောသည်။ နန်းတော်ပြတိုက်သည် ဤတန်ဖိုးကြီးလှသော ကြေးခေါင်းလောင်းသံအစုံကို စုဆောင်းလိုသည်။

နန်းတော်ပြတိုက်သာမက အခြားပြတိုက်များကလည်း ယင်းအကြောင်းကို သိပါက ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

တကယ်တော့ ပြတိုက်တွေအပြင် သံစုံတီးဝိုင်းတွေနဲ့ အလွန်ချမ်းသာတဲ့ စုဆောင်းသူတွေလို တစ်စုံလုံးကို စုဆောင်းချင်တဲ့သူတွေလည်း အများကြီးရှိပါသေးသည်။ ကြေးခေါင်းလောင်းသံ အစုံသည် ယွမ်တစ်ဘီလီယံကျော် တန်ဖိုးရှိသည်။ ချမ်းသာတဲ့သူတွေကသာ တတ်နိုင်သည်။

"ပြတိုက်မှူးချိုက်၊ ဒီကြေးဝါခေါင်းလောင်းသံ တစ်စုံက ဘယ်လောက်တန်ဖိုးရှိမယ်ထင်လဲ" ကုနင်းက မေးတယ်။ ချိုက်ဝမ်ဟုန်အတွက် အခွင့်အရေးတစ်ခု‌ပေးလိုက်သည်။ သူမ လက်မခံခဲ့သလို ငြင်းဆန်ခဲ့ခြင်းလည်းမရှိပေ။

ကုနင်းသည် ငွေရှာရန်နှင့် ရှန်းယွင်ရှေးဟောင်းစတိုးဆိုင်ကို ကြော်ငြာရန်အတွက် ဤကြေးဝါခေါင်းလောင်းကို ထုတ်ခဲ့သည်။ ဈေးနှုန်းသင့်တင့်ပြီး ရှန်းယွင်သည် ကျော်ကြားမှုအချို့ရရှိနေသရွေ့ သူမသည် ဝယ်သူမည်သူဖြစ်သည်ကို ဂရုမစိုက်ပေ။

ထိုစကားကိုကြားတော့ ချိုက်ဝမ်ဟုန် သည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။ “၁၉XX ပြည့်နှစ်တုန်းက ကြေးခေါင်းလောင်းသံ နှစ်စုံကို ကျိုးမင်းဆက်ရဲ့ သင်္ချိုင်းအ‌ရှေ့ပိုင်းမှာ‌တွေ့ခဲ့တယ်။ အဲ့တုန်းက ၉ ခု၊ တစ်တွဲကို ယွမ်တစ်ဘီလီယံကျော် ဈေးနဲ့ လေလံတင်ရောင်းချခဲ့တယ်။ အခုက အစုံလိုက် ၉ ဖွဲ့ဆိုတော့ အနည်းဆုံး ယွမ် ၅ ဘီလီယံ ရှိတာပေါ့။ လေလံတင်ရင် ဈေးက ပိုတောင်မြင့်နိုင်‌သေးတယ်။ ယွမ် ၇ ဘီလီယံအထိ ရှိလာနိုင်တယ်"

မြင့်မားသောစျေးနှုန်းကိုရရှိရန် လူများပေါ်တွင် မှီခိုနေရသော်လည်း အမှန်တကယ်တွင် ၎င်းတို့သည် တန်ဖိုးများစွာမရှိပေ။

"ပြတိုက်မှူးချိုက်၊ ဒီကြေးဝါခေါင်းလောင်းအတွဲအတွက် မင်းက ဘယ်လောက်ပေးချင်လဲ" ကုနင်းက မေးသည်။ အနီးစပ်ဆုံး နံပါတ်ကို သူမသိသော်လည်း ချိုက်ဝမ်ဟုန်၏ ကမ်းလှမ်းမှုကိုလည်း ကြားချင်သည်။

"မစ္စကု အဲဒါ မင်းပိုင်တာပါ၊ ဒါကြောင့် မင်းဈေးသတ်မှတ်လို့ရတယ်" ချိုက်ဝမ်ဟုန်က ပြောသည်။ အနိမ့်ဆုံးဈေးနဲ့ဝယ်ဖို့ သူမျှော်လင့်ထားပေမယ့် ကုနင်းပိုင်ဆိုင်တာမို့ သူမ ဈေးသတ်မှတ်နိုင်သည်။

ထို့အပြင် ကြေးခေါင်းလောင်းများသည် အနည်းဆုံး ယွမ် ၅ ဘီလီယံ ရှိသည်။ လေလံပွဲမှာ စျေးနှုန်းက ယွမ် ၇ ဘီလီယံအထိ တက်နိုင်တာကြောင့် ကုနင်းကို ယွမ် ၅ ဘီလီယံသာ ပေးလို့မရပါ။ သူတို့သည် သူမကို အခွင့်ကောင်းယူရန် ရည်ရွယ်ချက်မရှိပေ။

ကုနင်းက စိတ်ဆိုးသွားကာ သူတို့ဆီ မရောင်းဖို့ ငြင်းဆန်နိုင်သည်။

“ကျွန်မက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါ၊ ကြေးခေါင်းလောင်းတွေကို ငွေနဲ့လေလံတင်ထားတယ်၊ ဒါကြောင့် ဘယ်သူ့ကိုမှ အခွင့်ကောင်းယူဖို့ ခွင့်မပြုပါဘူး။ ဒါ့အပြင် ရှန်းယွင်ရှေးဂောင်းဆိုင်ကို ကြော်ငြာဖို့ ကြေးခေါင်းလောင်းကို အသုံးပြုဖို့ မျှော်လင့်ထားတာကြောင့် လေလံတင်ဖို့က သေချာပါတယ်။ ဒါပေမယ့် ပိုက်ဆံလိုချင်ပေမယ့် လောဘမကြီးပါဘူး။ ပြတိုက်မှူးချိုက် တစ်အုပ်လုံးဟာ အနည်းဆုံး ယွမ် ၅ ဘီလီယံ တန်ကြေးရှိပြီး လေလံပွဲမှာ ယွမ် ၇ ဘီလီယံအထိ ဈေးတက်နိုင်တယ်လို့ ပြောတဲ့အတွက် ကျွန်မ မင်းကို ယွမ် ၅ ဘီလီယံနဲ့ ရောင်းနိုင်တယ်။ ဘယ်လိုထင်လဲ? ရှန်းယွင်အမည်နဲ့ လေလံတင်ထားလိုက်မယ်။ လူတွေက လေလံဆွဲနိုင်ပေမယ့် နန်းတော်ပြတိုက်က လေလံဈေးဘယ်လောက်ပဲပေးဝယ်ပေး၀ယ် နောက်ဆုံးတော့ ရလိမ့်မယ်။ စာချုပ်က စျေးနှုန်းကို ကျွန်မ ဂရုမစိုက်ပါဘူး။ ကျွန်မ ယွမ် ၅ ဘီလီယံပဲလိုတယ်” ဟု ကုနင်းက ပြောသည်။

ချိုက်ဝမ်ဟုန်သည် ကုနင်းက ယွမ် ၅ ဘီလီယံသာ လိုချင်သောကြောင့် အံ့အားသင့်သွားသည်။

ကျန်ပညာရှင်နှစ်ယောက်လည်း ထိတ်လန့်သွားကာ ချန်တရုန်လည်း အံ့သြသွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ကုနင်း၏ဆုံးဖြတ်ချက်ဖြစ်သောကြောင့် သူဝင်ရောက်မစွက်ဖက်နိုင်ပေ။

ကုနင်းရဲ့ဈေးက ခန့်မှန်းဈေးနဲ့ ယှဉ်ရင် အနိမ့်ဆုံးဈေးမဟုတ်ပေမယ့် အကုန်လုံးကို လေလံတင်ထားရင် ငွေအများကြီး ဆုံးရှုံးသွားနိုင်ပါသည်။ ယွမ် ၂ ဘီလီယံက ကွာဟချက်ကြီးမားသည်။

ဒါပေမယ့် ကုနင်းကတော့ သိပ်ဂရုမစိုက်ပါ။ မည်သို့ပင်ဖြစ်စေ သူမသည် ဤကြေးဝါခေါင်းလောင်းအစုံကို အလကားရသောကြောင့် ယွမ် ၅ ဘီလီယံကို သုညကနေ အလွယ်တကူရနိုင်ခဲ့သည်။ တစ်ခါတရံမှာ လူတွေက အရမ်းလောဘကြီးပြီး ပိုက်ဆံကိုပဲ ဂရုစိုက်၍ မဖြစ်ပါ။

ချိုက်ဝမ်ဟုန်ကိုလည်း မျက်နှာချို‌သွေးရန်အတွက် သူမ ယခုလိုလုပ်ခဲ့သည်။ သူမ၏လက်ထဲတွင် တရားမဝင်ရှေးဟောင်းပစ္စည်းအများအပြားရှိနေသဖြင့် ၎င်းတို့သည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် သူမကို ဒုက္ခဖြစ်စေနိုင်သည်။

ချိုက်ဝမ်ဟုန် သည် နန်းတော်ပြတိုက်၏ ပြတိုက်မှူးနှင့် အမျိုးသားယဉ်ကျေးမှု အမွေအနှစ် စီမံခန့်ခွဲရေး၏ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သည်။ ချိုက်ဝမ်ဟုန်၏အကူအညီဖြင့် သူမသည် အနာဂတ်တွင် ဒုက္ခရောက်မှာကို တားဆီးနိုင်လိမ့်မည်။

တကယ်တော့ ချိုက်ဝမ်ဟုန်အား အကြိုက်မလိုက်ရင်တောင် ချိုက်ဝမ်ဟုန်ဟာ လင်မိသားစု‌ကြောင့် သူမကို အခက်အခဲ ရှိလာ‌စေမှာမဟုတ်ပေမယ့် ပြဿနာကို သူမဘာသာသူမ ဖြေရှင်းဖို့ လိုလားနေဆဲပါ။

"မစ္စကု မင်းတကယ်ပြောတာလား" ချိုက်ဝမ်ဟုန် ရှင်းရှင်းလင်းလင်းကြားသော်လည်း မယုံနိုင်‌ပေ။ အမှန်အတိုင်းပြောရလျှင် အလွန်အံ့သြစရာပင်။

“ဟုတ်ပါတယ်” ကုနင်းက ဆက်၍ "ပြတိုက်မှူးချိုက် ကျွန်မပါဝင်နေတဲ့လုပ်ငန်းကို ရှင် သိပါတယ်။ တရားမဝင်တဲ့ အရင်းအမြစ်တွေကနေရတဲ့ အရာဝတ္ထုအချို့ အမြဲရှိနေပါတယ်၊ ဒါကြောင့် ဖြစ်နိုင်ရင် တစ်ခါတလေခွင့်လွှတ်ပေးပါ"

"ကျွန်တော်သိပါတယ်။ အဲဒါက ပြဿနာမဟုတ်ပါဘူး။ မင်းငါ့ကို ကြေးခေါင်းလောင်းတွေမရောင်းရင်တောင် မင်းကိုငါအပြစ်မတင်ပါဘူး" ဟုချိုက်ဝမ်ဟုန်ကပြောသည်။ တကယ်တော့ သူ ပီတိဖြာ‌နေလေသည်။ ကုနင်းက ဒီကြေးဝါခေါင်းလောင်းတစ်စုံကို ယွမ် ၅ ဘီလီယံ စျေးနဲ့ ရောင်းမယ်လို့ မထင်ထားခဲ့ပါ။

ကုနင်းက အခြေအနေတစ်ခုကို ချမှတ်ထားပေမယ့် သူ့အတွက် ကြီးကြီးမားမားတော့ မဟုတ်ပါ။ ကုနင်းက သူ့ကို မျက်နှာသာမပေးခဲ့ရင်တောင် လင်မိသားစုကို စိတ်မချမ်းမသာမဖြစ်စေဖို့အတွက် သူမကို ဒုက္ခရောက်စေမှာ မဟုတ်ပါ။

“ကောင်းပြီ ပြတိုက်မှူးချိုက်၊ နောက်မှ စာချုပ်တစ်ခုဆွဲပြီး ကျွန်မကို အကြောင်းကြားပါ။ အချိန်ရတာနဲ့ လက်မှတ်လာထိုးပါမယ်။ လေလံပွဲပြီးရင် တရားဝင်သဘောတူညီချက်တစ်ခု လုပ်တာ‌ေပါ့” ဟု ကုနင်းမှ ပြောကြားခဲ့သည်။

“ဟုတ်ပါပြီ” ချိုက်ဝမ်ဟုန်က သဘောတူသည်။

“အခုမစောတော့ဘူး ဒီ‌နေ့အပြင် စားသောက်ဆိုင်မှာ သီးသန့်အခန်းကို ကျွန်မ ကြိုမှာထားတယ်။ ကျွန်မတို့ ထမင်းစားကြမလား" ကုနင်းက ပြောသည်။

"ဒါ ဂုဏ်ယူစရာပါပဲ!" ချိုက်ဝမ်ဟုန်က မငြင်းပါ။ ကုနင်းက အခန်းကြိုတင်မှာပြီးသွားပြီ။ သူမကို ငြင်းပယ်ရင် အားနာရလိမ့်မည်။

ကုနင်းကို ရှင်းခိုင်းဖို့ ခွင့်ပြုမှာမဟုတ်ပဲ သူ့ဘာသာသူ ရှင်းမှာ သေချာပါသည်။

ကုနင်းသည် ကြေးခေါင်းလောင်းများကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချသောကြောင့် သူမကို အကြွေးတင်ခဲ့သည်။ ထမင်းဖိုးပေးရတာ အရမ်းတန်သည်။

မြေအောက်ထပ်မှ ထွက်လာသောအခါ ကုနင်းသည် သူတို့နောက်မှ ခြေလှမ်းအနည်းငယ်သာ ဖြည်းဖြည်းချင်းလှမ်းခဲ့သည်။ သူတို့အားလုံး ထွက်သွားပြီးသည်နှင့် သူမသည် ထွက်ခွာမသွားမီ သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲသို့ ကြေးခေါင်းလောင်းကို ပြန်ထည့်လိုက်သည်။

သူတို့ထွက်လာတဲ့လမ်းမှာ ကုနင်းက ကောင်းယိနဲ့ ချောင်ယကို ဖုန်းခေါ်သည်။ သူတို့တချိန်လုံး အပြင်မှာ နေနေကြပြီး ဘာမှမစားကြရသေးပေ။

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၀၁ စွင်းရှန်းမင်ကျိုးပဲ့ကုန်ပြီ

စားသာက်ဆိုင်ဟာ နှစ်တစ်ရာမြို့ပေါက်ဝ အနားတွင်ရှိသည်မလို့ ကုနင်းနှင့် အပေါင်းအပါတို့ဟာ ကိုယ့်ကားနဲ့ကိုယ် မောင်းမသွားကြ‌တော့ပေ။ ပြီးလျင် လမ်းလျောက်ပြန်လို့ ရသည်မလို့ သူတို့အားလုံး ချန်တရုန်၏ကားပေါ်ပဲ တက်လိုက်ကြသည်။

ဟိုတယ်အပေါက်ဝရောက်လို့ ကားထိုးပြီးသည့်အခါ သူတို့အားလုံး အတူတူဆိုင်ထဲ ဝင်သွားကြသည်။

"ဒါနဲ့ ငါမင်းကို သူတို့နဲ့ မိတ်မဆက်ပေးရသေးဘူး။ သူတို့နှစ်ယောက်က နန်းတော်ပြတိုက်ရဲ့ ဩ‌ဇာအာဏာအရှိဆုံး ပညာရှင်နှစ်ယောက်ပဲ။ သူက ကျင်း၊ သူကတော့ ဟဲ လို့ခေါ်တယ်။"လို့ ချိုက်ဝမ်ဟုန်က ပညာရှင်နှစ်‌ယောက်အား ကုနင်းကို မိတ်ဆက်ပေးသည်။

"မဂ်လာပါ အကြီးအကဲကျင်း၊ မစ္စတာဟဲ တွေ့ရတာဝမ်းသာပါတယ်။"လို့ ကုနင်းနဲ့ ချန်တရုန်တို့နှစ်ယောက် နှုတ်ဆက်ကြသည်။

ကျင်းလို့ခေါ်တဲ့ ပညာရှင်ဟာ အသက်၆၀အရွယ်လူကြီးဖြစ်လို့ ကုနင်းဟာ သူ့ကို အကြီးအကဲကျင်း လို့ ခေါ်ခြင်းဖြစ်သည်။ ဟဲလို့ခေါ်သည့် ပညာရှင်ကတော့ အသက်၄၀အရွယ်ဖြစ်လို့ မစ္စတာဟဲလို့ သူမက ခေါ်ခြင်းဖြစ်သည်။

မစ္စတာဟဲက အသက်ပိုငယ်ပေမဲ့လို့ သူဟာ ရှေးဟောင်းပစ္စည်း အကဲခတ်ရာမှာ အရမ်းကျွမ်းကျင်တဲ့ ပညာရှင်တစ်ဦးဖြစ်သည်။ ဒီနယ်ပယ်မှာ သူဟာ နာမည်ကြီးပြီး လူ့အများရဲ့ လေးစားခြင်းခံရသူလည်း ဖြစ်သည်။

"တွေ့ရတာ ဝမ်းသာပါတယ် မစ္စကု၊ မစ္စတာချန်"ဟု အကြီးအကဲကျင်းနှင့် မစ္စတာဟဲတို့ ကုနင်းနဲ့ ချန်တရုန်တို့အား နှုတ်ဆက်ကြသည်။ သူတို့ဟာ သူတို့နှစ်ယောက်ကို လေးလေးစားစားပဲ ဆက်ဆံကြသည်။ အထူးသဖြင့် ကုနင်းကို ပို၍ အလေးပေးပြီး လေးလေးစားစား ဆက်ဆံကြသည်။

ကုနင်းဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တဲ့သူ တစ်ယောက်ဖြစ်သည်တင်မကပဲ သူမဟာ လင်မိသားစု၊ ရှုမိသားစုနှင့် ကျန်းမိသားစုတို့နှင့်ပါ အရမ်းရင်းနှီးသော အဆက်အသွယ် ရှိသူတစ်ယောက်လဲ ဖြစ်သည်။ ဒါတင်မကသေးပဲ သူမဟာ လင်မိသားစုရဲ့ အနာဂတ် မြေးချွေးမလောင်းလဲ ဖြစ်နေပါသေးသည်။

ခုနက အဲ့အကြောင်းကို သခင်ကြီးလင်ဆီကနေ ကြားမိစင်က သူတို့နှစ်ယောက် အံ့အားသင့်သွားကြသည်။ အဲ့တာကြောင့်မလို့ သူမကို ဘယ်သူမှ ပေါ့ပေါ့ပျက်ပျက် မဆက်ဆံရဲကြပေ။

အစားအသောက် စားနေစဉ်မှာပဲ ချိုက်ဝမ်ဟုန်ရဲ့ ဖုန်းမြည်လာသည်။ သူသည် ခွင့်ပြုပါဦးလို့ဆိုကာ အခန်းအပြင်ထွက်၍ ဖုန်းထွက်ဖြေသည်။

စားသောက်ပြီးတဲ့အခါတွင် ကုနင်းက ချောင်ယကို ငွေရှင်းရန်ပြောပေမဲ့ ချိုက်ဝမ်ဟုန်က ခုနက ဖုန်းထွက်ဖြေရင်း ငွေကြိုရှင်းထားလိုက်တာကို သိလိုက်ရသည်။ တကယ်တော့ သူ့ဆီ ဘာဖုန်းမှမလာပေ၊ သူကိုယ်တိုင် ကြိုထားထားသော နှိုးစက်မြည်ခြင်းသာဖြစ်သည်။ နှိုးစက်မြည်မြည်ခြင်း ချိုက်ဝမ်ဟုန်ဟာ ဖုန်းဖြေဖို့ ခွင့်ပြုရန်ပြောပြီး ငွေသွားရှင်းခြင်းသာ ဖြစ်သည်။

ချိုက်ဝမ်ဟုန်က ငွေရှင်းပြီးပြီ ဖြစ်တဲ့အတွက် ကုနင်းက သူ့ရဲ့စိတ်ကောင်းကို လက်ခံလိုက်ရသည်။ ချိုက်ဝမ်ဟုန်က သူမကို ထမင်းဖိတ်ကျွေးချင်လို့ဆိုသာ သိသာသည်မို့ ဖြစ်သည်။

ချန်တရုန်က ကုနင်းကို သူ့ကားနဲ့ ပြန်ပို့ပေးရမလားလို့ မေးပေမဲ့ ကုနင်းက ငြင်းဆိုလိုက်သည်။ သူတို့အေးအေးဆေးဆေး လမ်းလျှောက်သွားလို့ ရသည်မို့ ချန်တရုန်က အတင်းမတိုက်တွန်းတော့ပေ။

ဒါပေမဲ့ သူတို့ ခန်းမရဲ့ အပေါက်ဝအနားအရောက်တွင် ကုနင်းဆီ ဖုန်းဝင်လာသည်။ ရှုချင်ယင်းဆီမှဖုန်း ဖြစ်သည်။

အရေးတကြီးကိစ္စနှင့် ခေါ်ခြင်းမဟုတ်ပေ။ စနေ၊တနဂ်နွေ ပိတ်ရပ်မို့ ရှုချင်ယင်းက ကုနင်းကို စုန့်နန်ရဲ့ ဘားကိုလာဖို့ ဖိတ်ခေါ်ခြင်းဖြစ်သည်။ ကူအန်းနာ၊ ထန်ချင်းယန်နှင့် အခြားသူငယ်ချင်းတွေအားလုံးကလဲ ဘားမှာရောက်နေကြောင်း ပြောသည်။

လင်ရှောင်းထင်က ဒီစနေ၊ တနဂ်နွေပိတ်ရက် အလုပ်ကိစ္စရှိလို့ ပြန်မလာတာမို့ ကုနင်းက အခုချိန်မှာ အားလပ်နေသည်။ ထို့ကြောင့်မို့ သူမက ချောင်ယနှင့် ချောင်ယတို့နှင့်အတူ ဘားအား သွားသောက်ကြသည်။

သူမ အရက်မူး‌ နေရင်တောင် ကားမောင်းနိုင်‌သော်လဲ ရှုချင်ယင်းက သူမအရက်သောက်ထား၍ ကားမောင်းခွင့်မပြုပေ။ ထို့အပြင် သူမဟာ သူမရဲ့အစွမ်းနဲ့ အရက်မူးတာကို ဖျောက်ပစ်လို့ ရတယ်ဆိုတာကိုလဲ လူမသိစေချင်ပေ။

...

တချိန်တည်းမှာပဲ ဇိမ်ခံကားတစ်စီးဟာ မြို့တော်ရဲ့ ဆင်ခြေဖုံးရပ်ကွက် အဝေးပြေးလမ်းမပေါ်မှာ မောင်းနှင်နေသည်။ ဘေးဘီဝဲယာမှာလဲ ကားအများအပြား မရှိပေ။

ဇိမ်ခံကားပေါ်မှာ လူသုံးယောက်လိုက်ပါလာကြသည်။ စွင်းရှန်းမင်က ကားနောက်ခန်းထဲမှာ ထိုင်နေသည်။ ကား‌မောင်းနေသူက သူ့ရဲ့ကိုယ်ပိုင်ယာဉ်မောင်းဖြစ်ပြီး သူ့ရဲ့လက်ထောက်အတွင်းရေးမှူးကတော့ ကားရှေ့ခန်းမှာ ထိုင်နေသည်။

စွင်းရှန်းမင်ဟာ အသက်၄၀အရွယ်ဖြစ်ပြီး အနည်းငယ်ဝကာ ဗိုက်အတော်ပူနေသူ ဖြစ်သည်။ သူဟာ ရုပ်မဆိုးပေမဲ့လို့ သူ့ရဲ့နောက်ကျောကို ဓားနဲ့ထိုးမဲ့ရုပ်ကြောင့် အနည်းငယ် ရွံစရာကောင်းနေသည်။

အဲဒီအချိန်မှာတော့ စွင်းရှန်းမင်က ဒီရက်ပိုင်း အဆင်မပြေမှုတွေကြောင့် စိတ်မကြည်မလင် ဖြစ်နေသည်။

အစကသူသည် ချန်စန်းယိနှင့် အလုပ်တစ်ခု ဆွေးနွေးတာ မအောင်မြင်ပေ။ ထို့ကြောင့်သူသည် လူအချို့အား ချန်စန်းယိကို ပညာပြရန် ငှားခဲ့သော်လည်း ချန်စန်းယိမှာ လွတ်သွားခဲ့သည်။ ဒီနေ့မှာတော့ သူ့ရဲ့ကုမ္ပဏီမှာ ဆေးပစ္စည်းကုန်ကြမ်းနဲ့ ပတ်သတ်လို့ ပြသနာတတ်ကာ ယွမ်သိန်းပေါင်းများစွာ ဆုံးရှုံးနစ်နာခဲ့ရသည်။

ယွမ်သိန်းပေါင်းများစွာက သူ့အတွက် မပြောပလောက်တဲ့ ငွေပမာဏဖြစ်ပေမဲ့လည်း အတော်များများအတွက် အသုံးဝင်ဆဲဖြစ်သည်။ သို့သော်လည်း ငွေဆုံးရှုံးသွားသည့် အတွက်ကြောင့် သူဟာအတော် စိတ်မကြည်မလင် ဖြစ်နေသည်။

အဲ့အချိန်မှာ ရုတ်တရက်ပဲ ကားနှစ်စီးဟာ စွင်းရှန်းမင်ကားရဲ့ ရှေ့နောက် ပိတ်ညှပ်လိုက်သည်။

တမြန်မနေ့ညက ကေနဲ့ ချန်စန်းယိ တို့ ကြုံတွေ့ရသော အဖြစ်အပျက်နဲ့ တပုံစံတည်းပင် ဖြစ်သည်။

ယာဉ်မောင်းက ဘရိတ်ကို အလျင်အမြန်ပဲ စောင့်အုပ်လိုက်ရသည်။

ကားရုတ်တရက်စောင့်ရပ်သွားသောကြောင့် "ဘာဖြစ်တာလဲ"ဟု စွင်းရှန်းမင်က ဒေါသတကြီးမေးလိုက်သည်။ သူဟာ နောက်ခန်းမှာ ထိုင်နေတာမို့ ကားရှေ့မှာ ဘာဖြစ်နေတာဆိုတာကို ချက်ချင်း မမြင်လိုက်ခြင်းဖြစ်သည်။

"ဥက္ကဌစွင်း၊ ကျွန်တော်တို့ ကားရှေ့မှာ ပိတ်ရပ်ခံလိုက်ရပြီ"ဟု ယာဉ်မောင်းက ကြောက်လန့်တကြားနှင့် ပြန်ဖြေလိုက်သည်။ သူတို့ပြသနာတတ်ပြီဆိုတော့ ရှင်းပြစရာမလိုအောင် သေချာနေပြီဖြစ်သည်။

ထို့နောက် ယာဉ်မောင်းဟာ သူတို့ကားနောက်မှာ ကားနောက်တစ်စီးပိတ်ရပ်လိုက်တာကို ဘေးမှန်ကနေ မြင်လိုက်သည်။ "ကားနောက်မှာလဲ နောက်တစ်စီး"ဟုဆိုကာ ယာဉ်မောင်းသည် ပို၍ ကြောက်လန့်သွားသည်။

"ဘာ"ဟုဆိုကာ စွင်းရှန်းမင်လဲ အထိတ်တလန့်ဖြစ်သွားသည်။

သူတို့ကား၏ ရှေ့နောက်ကားနှစ်စီးလုံး ရပ်သွားသည်နှင့်တပြိုင်နက် လူတချို့ကားပေါ်မှ ဆင်းလာကြသည်။ စုစုပေါင်း လူခြောက်ယောက်ဖြစ်သည်။ သူတို့အားလုံးဟာ မျက်နှာဖုံးတပ်ထားသောကြောင့် သူတို့မျက်နှာအား ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ထို့အပြင် သူတို့အားလုံးလက်ထဲတွင်လည်း သံတုတ်များ ကိုင်ထားတာ တွေ့ရသည်။

"ရဲကိုဖုန်းဆက်ခေါ်လိုက်"ဟု စွင်းရှန်းမင်က အသံကတုန်ကရင်နှင့် အော်ပြောလိုက်သည်။

ထိုသည်ကိုကြားသည့်အခါ သူ့ရဲ့အတွင်းရေးမှူးဟာ သတိပြန်ဝင်လာပြီး ဖုန်းကိုထုတ်ကာ ရဲစခန်းအား ဖုန်းဆက်လေသည်။

သူတို့ဟာ ကားအပြင်အားမထွက်ရဲကြပေ။ ထို့အပြင် တစ်စုံတစ်ယောက်က သူတို့အား တိုက်ခိုက်ရဲတာကြောင့် အတော် အံ့အားသင့်သွားကြသည်။ သူတို့ကိုတိုက်ခိုက်သူက ဘယ်သူများလဲ။

တမြန်တနေ့ညက သူ့ကိုတိုက်ခိုက်ဖို့အတွက် ငှားတဲ့လူတွေရဲ့ နောက်ကွယ်ကသူဟာ စွင်းရှန်းမင်ဆိုတာကို ချန်စန်းယိသိသွားလို့ လက်စားပြန်ချေဖို့အတွက် ဒီလူတွေ လွှတ်လိုက်တာများလား။

စွင်းရှန်းမင်တွေးမိလိုက်သည်။ သူ့တွေးထင်မိတာ အမှန်တကယ်ပင် ဖြစ်သည်။ သို့ပေမဲ့ သူတို့အတွက် ဒီည ထွက်ပြေးရန် ပြေးပေါက်မရှိပေ။

အတွင်းရေမှူးဖုန်းခေါ်ဖို့ လုပ်နေစဉ်မှာပဲ ထိုလူတွေက ကားရှေ့ရောက်လာပြီး ကားကို သံတုတ်များနှင့် ရိုက်နှက်ကြ‌လေသည်။ အတွင်းရေးမှူးဟာ ကားမှန်များသူ့ကိုလာစင်မှာနှင့် သူ့ခေါင်းကိုရိုက်ခံရမှာ စိုးရိမ်သောကြောင့် ဖုန်းကိုပစ်ကာ ကြောက်လန့်တကြားနဲ့ သူ့ရဲ့ခေါင်းကိုသူအုပ်၍ နေ‌လေသည်။

ဖြတ်သွားဖြတ်လာကားများနှင့် လူတချို့သည် ဖြစ်‌ပျက်နေသည်ကို မြင်သော်လည်း မည်သူမှလာမကူညီရဲကြပေ။ ထို့အပြင် ဖြတ်သွားဖြတ်လာ ကားများမှာ သူတို့ကိုပါ လာအမှုပတ်မှာ စိုးသောကြောင့် လီဗာနင်းကာ မြန်မြန်ဆန်ဆန် မောင်းပြေးသွားကြသည်။

ကားမှန်ကွဲသွားသောအခါ ကားတံခါးဖွင့်လို့ လွယ်ကူသွားသည်။ ကားပေါ်မှ စွင်းရှန်းမင်ကို သူတို့ အလွယ်တကူပဲ ဆွဲချလိုက်သည်။ သူဟာ ကားပေါ်မှ မဆင်းချင်ပေမဲ့လည်း ရုန်းဆန်နိုင်စွမ်း မရှိပေ။

သူတို့ရဲ့ပစ်မှတ်ဟာ စွင်းရှန်းမင်ဖြစ်သည်။ ထို့ကြောင့်ထိုလူများသည် ယာဉ်မောင်းနှင့် အတွင်းရေးမှူးကို ဘာမှမလုပ်ကြသော်လည်း ရဲစခန်းဖုန်းမဆက်နိုင်ရန် တားမြစ်လိုက်သည်။

"ငါ..ငါက ချန်မိသားစုနဲ့ ဆွေမျိုးတော်တယ်နော်။ ဘာမှလုပ်ဖို့မကြိုး....." ဟု စွင်းရှန်းမင်ခြိမ်းခြောက်လေသည်။ သို့သော်လည်း သူ့စကားမဆုံးခင်မှာပဲ သူ့ရဲ့လက်ကို တုတ်နှင့်အရိုက်ခံလိုက်၍ နာကျင်စွာ အော်ဟစ်ရလေသည်။

"မင်း..မင်းတို့...မင်းတို့တွေ......"ဟု စွင်းရှန်းမင်က စိတ်ဆိုးနေပေမဲ့လည်း စကားဆုံးအောင် မပြောနိုင်ပေ။

သူ့ကိုအံ့အားသင့်စေတာက ဒီလူတွေက သူ့ဂုဏ်အဆင့်အတန်း မကြောက်တာပါပဲ။ အမှန်တကယ်က တကယ်လို့ဒီလူတွေသာ သူ့ကိုကြောက်ရင် အခုလိုသူ့ကို လာတိုက်ခိုက်ရဲမှာမဟုတ်ဘူး။

တကယ်တော့ သူတို့ဟာ သူ့ကိုထိခိုက်အောင် မလုပ်ချင်ကြဘူး။ ဒါပေမယ့် ဒါဟာ ထျန်းပေးတဲ့ အမိန့်မလို့ သူတို့မလွန်ဆန်ရဲကြပေ။

သူတို့သိတာကတော့ ထျန်းက အမှားတစ်ခုလုပ်မိပီး သူမ‌စော်ကားသင့်တဲ့ လူတစ်ယောက်ကို စိတ်ရှုပ်အောင် လုပ်မိတဲ့အတွက် အဲ့လူစိတ်‌ကျေနပ်ဖို့အတွက် သူတို့အနေနဲ့ စွင်းရှန်းမင်ကို တိုက်ခိုက်ဖို့လိုအပ်တယ်ဆိုတာပဲ။

စွင်းရှန်းမင်ကို ရိုက်နှက်ဖို့က လူအများကြီးမလိုပေ။ လူနှစ်ယောက်နဲ့တင် လုံလောက်ပြီ ဖြစ်သည်။

စွင်းရှန်းမင်သည် နာကျင်စွာ‌ အော်ဟစ်ရင်း အရိုက်ခံရ၍ စိတ်ဓာတ်ပြိုလဲမတတ်ဖြစ်နေသည်။ သူ့တစ်သက်လုံး ဒီလိုမျိုးတစ်ခါမှ မခံစားရဖူးပေ။

ထိုလူများသည် စွင်းရှန်းမင်အပေါ် အချိန်အကြာကြီး မဖြုန်းချင်ကြပေ။ သူ့ကိုအတော်ကြာရိုက်နှက်ပြီးတဲ့အခါမှာတော့ သူတို့သည် သံတုတ်ကိုယူကာ သူ့ရဲ့ဒူးကို ရိုက်ရန်ပြင်လိုက်သည်။ သံတုတ်နဲ့ရိုက်လိုက်ပီးတဲ့အခါမှာတော့ သူ့ရဲ့ဒူးဟာ ဂျွတ်ကလဲနေကာ ကျိုးသွားလေသည်။

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၀၂ လက်မခံနိုင်ဖွယ်သဘောထား

ဒူးကို အားပြင်းပြင်း အရိုက်ခံလိုက်ရပြီးတဲ့အခါမှာတော့ စွင်းရှန်းမင်ဟာ မေ့လဲမတတ် ဖြစ်သွားပြီး အသံကျယ်ကျယ်တောင် မအော်နိုင်ဖြစ်သွားတော့သည်။

ယာဉ်မောင်းနဲ့ အတွင်းရေးမှူးတို့ နှစ်ယောက်ဟာ အရိုက်မခံရသော်လည်း သူတို့သည် စွင်းရှန်းမင် ကိုလည်း မကယ်ရဲပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ကယ်လဲ အသုံးမဝင်တဲ့အပြင် သူတို့ကိုယ်ပါ ထိခိုက်နိုင်လို့ဖြစ်သည်။

စွင်းရှန်းမင် ရဲ့ခြေထောက်ကို ရိုက်ချိုးပြီးသောအခါ ထိုလူများသည် ချက်ချင်းပဲ ဆက်မရိုက်တော့ဘဲ လျှင်လျှင်မြန်မြန်ပဲ ထွက်ခွာသွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့လာတိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်က သူ့ခြေထောက်ကို ချိုးဖို့ရန်ဖြစ်သည်။

ထိုသူများ ထွက်ခွာသွားသည်နှင့် တပြိုင်နက် စွင်းရှန်းမင်ရဲ့ ယာဉ်မောင်းသည် ဆေးရုံကို တချိုးတည်း မောင်းတော့သည်။ ကားဟာ ဆိုးဆိုးဝါးဝါး တုတ်နဲ့ အရိုက်ခံထားရပေမဲ့လည်း မောင်းလို့တော့ ရသေးသည်ဖြစ်သည်။

...

သူတို့လုပ်ရမည့် အလုပ်ပြီးသည်နှင့် ထိုသူများသည် အလုပ်ပြီးကြောင်း ထျန်းအား သတင်းပို့လေသည်။ ထို့နောက် ထျန်းသည် ချန်သုန့်လျန် အားအလုပ်ပြီးကြောင်း ဆက်သွယ်လေသည်။ ချန်သုန့်လျန်သည်လဲ ချန်စန်းယိကို ကိစ္စပြီးကြောင်း တခါတည်း တန်း၍ဆက်သွယ်ပြောကြားသည်။ ချန်စန်းယိသည်လည်း သတင်းရရချင်းဘဲ ကုနင်းကို ဆက်သွယ်၍ ပြောကြားသည်။

အဲ့အချိန်မှာတော့ ကုနင်းက စုန့်နန်ရဲ့ ဘားကိုရောက်နေပြီ ဖြစ်သည်။ စားပွဲရှိလူအားလုံးသည် သူစိမ်းတစ်ယောက်မှမပါပေ။ ထန်ချင်းယန်၊ ရှုချင်ယင်း၊ ကူအန်းနာနှင့် ထန်ချင်းယန်ရဲ့ သူငယ်ချင်းနှစ်ယောက်တို့သာ ပါဝင်ကြသည်။

ထန်ချင်းယန်သည် ထိုသူငယ်ချင်းနှစ်ယောက်အား ပြည်ပမှာ ရင်းနှီးခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်လုံးသည် မြို့တော်မှ ဖြစ်သည်။ သူတို့နှစ်ယောက်က ရှေ့ရက်အနည်းငယ်က ပြန်ရောက်လာခြင်းဖြစ်၍ ဒီနေ့မှဘဲ ထန်ချင်းယန်က သူတို့ကို ဧည့်ခံနိုင်ခြင်း ဖြစ်သည်။

ယခုအချိန်တွင် ထန်ချင်းယန်အတွက် အန္တာရာယ်မရှိတော့‌ပေ။ ထို့ကြောင့် ပါးထျန်းယန်သည် သူ့အလုပ်ပြီးသွားပြီဖြစ်၍ ကုမ္ပဏီအား ရှေ့ရက်အနည်းငယ်ကပဲ ပြန်သွားပြီ ဖြစ်သည်။

စုန့်နန်ကတော့ တစ်ယောက်တည်း လာခြင်းဖြစ်သည်။ စုန့်နန်သည် ပိုင်ရှင် ဖြစ်သော်လည်း ဘားကို လာခဲသည်။ အဘယ်ကြောင့်ဆိုသော် သူပိုင်ဆိုင်တာ ဒီလုပ်ငန်းတစ်ခုတည်း မဟုတ်သောကြောင့် ဖြစ်သည်။ သို့သော်လည်း သူ့သူငယ်ချင်းကောင်း‌တွေ လာလည်ချိန်မှာတော့ သူအမြဲရောက်လာလေ့ရှိသည်။ ဒီအပြင်မှာတော့ သူအားတဲ့အချိန်တွေမှ ဘားကို လာလေ့ရှိသည်။

ရုတ်တရက်ပဲ ကုနင်းရဲ့ ဖုန်းမြည်လာသည်။ ဘားဟာ အတော်ဆူညံနေတာမလို့ သူမဟာ သန့်စင်ခန်းသို့သွား၍ ဖုန်းအားဖြေသည်။

စွင်းရှန်းမင်ရဲ့ခြေထောက် ကျိုးသွားပြီဆိုတဲ့ သတင်းကိုကြားလိုက်သော်အခါ ကုနင်းသည် ကျေနပ်စွာ ပြုံးလိုက်သည်။ ထိုကိစ္စပြီးသွားသည့်အတွက် ရှေ့ဆက်လုပ်ရမဲ့ အလုပ်ကိစ္စများအတွက် ပြင်ဆင်ရန် သူမဆုံးဖြတ်လိုက်သည်။

ထိုကိစ္စ တကယ်ပြီးမြောက်လား မပြီးမြောက်လားလို့ သူမသံသယ မဝင်ပေ။ အဘယ်ကြောင့်ဆိုသော် သူမအတွက် မှန်မမှန်ဆိုတာကို အဖြေရှာဖို့ရန် လွယ်ကူလွန်း၍ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် သူမကို လိမ်ဖို့မလိုပေ။ လိမ်မိခဲ့ရင် သူတို့သည် ကိုယ့်ပြသနာကိုယ် မီးခွက်ထွန်း ရှာသလိုဖြစ်ကြောင်း သိနေပြီးမလို့ ဖြစ်သည်။

သို့ပေမဲ့လည်း ကုနင်းက ချန်စန်းယိကို စွင်းရှန်းမင်အရိုက်ခံရတဲ့‌နေရာနဲ့ သူ့ကားသွားထားတဲ့ လမ်းဘက်အခြမ်းရဲ့ CCTVကင်မရာများကို သေချာစေရန် စစ်ဆေးဖို့ ပြောကြားသည်။ အမှန်တကယ်ဖြစ်ကြောင်း သေချာအောင် စစ်‌ဆေး ပြီးတဲ့အခါမှာတော့ သူဟာ CCTVကင်မရာများကို ထိုးဖောက်ခိုးဝင်၍ စွင်းရှန်းမင်အနေနဲ့ သက်သေပြစရာမရှိစေရန် မှတ်တမ်းများကို ဖျက်ဆီးပစ်လိုက်သည်။

စွင်းရှန်းမင်ကိုတကယ် ရိုက်တဲ့သူဟာ သူတို့မဟုတ်ပေမဲ့လည်း သူတို့နဲ့ ပတ်သတ်နေ၍ ဖြစ်သည်။ သူတို့ပါဝင်ပတ်သတ်ကြောင်းနဲ့ မလိုလားအပ်သော ပြသနာများ မဖြစ်‌ပေါ်လာစေရန်အတွက် CCTVကင်မရာ မှတ်တမ်းများအား ဖျက်ဆီးပစ်လိုက်တာ အကောင်းဆုံးနည်းလမ်း ဖြစ်သည်။

ကုနင်းသည် ချန်စန်းယိနဲ့ ဖုန်းပြောပြီးသည်နှင့် သန့်စင်ခန်းမှ ပြန်ထွက်လာသည်။ သူမသည် သန့်စင်ခန်း အပြင်ဘက် ထွက်လာလာခြင်းမှာဘဲ ရုန်ကျဲ့ချန်နှင့် တည့်တည့်တိုးလေသည်။

ရုန်ကျဲ့ချန်၏ မျက်နှာသည် အနည်းငယ် နီ၍ မျက်လုံးမှာလည်း ရီဝေဝေဖြစ်နေသည်။ သူအရက်မူးနေသည်မှာ အသိသာပင် ဖြစ်သည်။

ကုနင်းကို တွေ့တဲ့အခါမှာတော့ ရုန်ကျဲ့ချန်က အနည်းငယ် အံအားသင့်၊ အနည်းငယ်ပျော်ရွှင်ပြီး အနည်းငယ် စိတ်ရှုပ်သွားသည်။ သူတို့နှစ်ယောက် စကားများထားရာကနေပြီး သူ့နှလုံးသားထဲတွင် အနာရွတ် ထင်ကျန်နေဆဲဖြစ်သည်။

ကုနင်းက ရုန်ကျဲ့ချန်ကို တွေ့တဲ့အခါမှာတော့ သူမအနေနဲ့ ဘာခံစားချက်မှ မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူမက သူ့ကို သူစိမ်းတွေအဖြစ်နေရန် ပြောထားသောကြောင့် သူမအနေနဲ့ သူ့ကိုတချက်သာကြည့်၍ ကိုယ်လမ်းကိုယ် သွားလေသည်။

ဒါပေမယ့် ရုန်ကျဲ့ချန်ကတော့ ထိုရလဒ်ကို လက်မခံနိုင်ပေ။ "ကုနင်း ခဏနေဦး"ဟု ကုနင်းရဲ့ နောက်ကျောကို ကြည့်ရင်း သူအော်ပြောလိုက်သည်။

ကုနင်းဟာ သူ့အသံကြားသောအခါ ရပ်တန့်လိုက်သည်။ သူတို့နှစ်ယောက် ထပ်တွေ့တဲ့အခါ သူစိမ်းတွေအဖြစ် ဆက်ဆံရန် သူမဆုံးဖြတ်ထားသော်လည်း သူမအနေနဲ့ သူ့အပေါ် အငြိုးအ‌တေးထား‌နေစရာမလိုအပ်ပေ။ ထို့ကြောင့် ရုန်ကျဲ့ချန်က သူမကို ခေါ်သော်အခါ သူမသည် မသိချင်ယောင် မဆောင်ပေ။ သူမအနေနဲ့ သူမ,မကောင်းကြောင်းတွေ ထပ်မကြားချင်သလို သူမအတွက်လဲ ကိစ္စတွေ ခက်ခဲလာနိုင်လို့ ဖြစ်သည်။

သို့သော်လည်း အခုချိန်မှာ သူမအနေနဲ့ ရုန်ကျဲ့ချန်ရဲ့ အကျင့်စရိုက်ကို မယုံကြည်နိုင်တော့ပေ။

"ဘာကိစ္စရှိလို့လဲ မသိဘူး စီနီယာရုန်"ဟု ကုနင်းက ပြန်လှည့်၍ သူစိမ်းဆန်ဆန်ပဲ သူ့ကိုမေးလိုက်သည်။ သူမအနေနဲ့ တမင်တကာလုပ်ခြင်း မဟုတ်ဘဲ ရုန်ကျဲ့ချန်အပေါ် သူမရဲ့ ခံစားချက် အစစ်အမှန်ဖြင့်သာ ဆက်ဆံခြင်းဖြစ်သည်။

"ငါတို့ စကားခဏလောက် ပြောလို့ရမလား"လို့ ရုန်ကျဲ့ချန်က သူမအား မေးလိုက်သည်။

"ရပါတယ်"ဟု ကုနင်းက ပြန်ဖြေသည်။

သူတို့အနီးနားမှာ လူအများကြီး မရှိပေ။ ထို့ကြောင့် ရုန်ကျဲ့ချန်က ဘေးဘီဝန်းကျင် ဂရုမစိုက်နေတော့ဘဲ "မင်းမှာ စေ့စပ်ထားတဲ့လူ ရှိတယ်လို့ ငါကြားတယ်။ အဲ့တာ အမှန်ပဲလား"ဟု မေးလိုက်သည်။

သူက ကုနင်းအနေနဲ့ သူနဲ့နားလည်မှုလွဲတာကို ဖျက်ပစ်ရန်အတွက် တကယ်မဟုတ်ဘဲ အကြောင်းပြချက် ပေးသည်ဟု သံသယဝင်၍ မယုံကြည်‌နေခြင်းဖြစ်သည်။

"အဲ့တာ အမှန်ပဲ"လို့ ကုနင်းက လေးလေးနက်နက် ပြန်ဖြေလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာဟာ တအမှန်တကယ်ပဲမလို့ဖြစ်သည်။

အဲ့တာကို ကြားတဲ့အခါမှာတော့ ရုန်ကျဲ့ချန်က စိတ်ပျက်သွားပြီး "သူက တကယ်ဘဲ အဲ့လောက် ထူးချွန်သာလွန်လို့လား" လို့မေးလိုက်သည်။

"ဒါပေါ့"လို့ ကုနင်း က ပြန်ဖြေလိုက်သည်။

"မင်း..."ဟု ရုန်ကျဲ့ချန်က စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း ဘာမှ သေချာမပြောလိုက်ပေ။ သူပြောသင့်လား မပြောသင့်လား တွန့်ဆုတ်နေ၍ ဖြစ်သည်။

"စီနီယာရုန်၊ ဘာမှဆက်ပြောစရာ မရှိရင် သွားခွင့်ပြုပါဦး"လို့ ကုနင်းက သူ့အပေါ် စိတ်မရှည်နိုင်တော့ပဲ ပြောလိုက်သည်။ သူမသည် ပြောစရာရှိတာ ပြောပြီးသည်နှင့် လှည့်ထွက်သွားရန် ပြင်လိုက်သည်။

"ခဏနေဦး"လို့ ရုန်ကျဲ့ချန်က သူမကို တားလိုက်၍ ကုနင်း သွားနေရာမှ ရပ်လိုက်သည်။

"ငါ-ငါသိချင်တာက မင်းတကယ်ပဲ ငါ့ကိုလုံးဝသဘော မကျခဲ့ဘူးလား"လို့ ရုန်ကျဲ့ချန်က မေးလိုက်သည်။

သူ့စကားကို ကြားတဲ့အခါမှာတော့ ကုနင်းဟာ စိတ်ရှုပ်ကာ မျက်မှောင်အနည်းငယ် ကြုတ်သွားလေသည်။ ရုန်ကျဲ့ချန်က ဘာလို့အဲ့လောက် ကိုယ့်ကိုကိုယ် တအားအထင်ကြီးပြီး သူမက သူ့ကို ကြိုက်‌နေတယ်လို့ ထင်နေတယ်ဆိုတာကို သူမနားမလည်နိုင်ပေ။ သူတို့နှစ်ယောက်အနေနဲ့ အနည်းငယ်ပဲ တွေ့ဆုံဖူးပြီး တစ်ယောက်နဲ့ တစ်ယောက် စကားလဲ အဲ့လောက် အများကြီး မပြော‌ဖူးပေ။

ရုန်ကျဲ့ချန်ဟာ ကျောင်းမှာ အတော်ရေပန်းစားသူဖြစ်သည်။ သို့သော် ကုနင်းအနေနဲ့ သူ့အပေါ် စိတ်ဝင်စားမှု မရှိချေ။ ထို့အပြင် သူသည် သူ့ဘာသာသူ သူမနဲ့ရင်းနှီးရန် ချဉ်းကပ် ကြိုးစားခဲ့သူဖြစ်သည်။ ဒါပေမယ့် ကုနင်းက သူ့ကိုဂရုမစိုက်သောအခါ သူသည်ရှက်စိတ်နဲ့ စိတ်ပျက်နေခြင်း ဖြစ်သည်။

"စီနီယာရုန်ကို ကျောင်းမှာ ကြိုက်တဲ့သူတွေ များတာမှန်ပေမဲ့၊ လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူကြဘူး။ မိန်းကလေးအများစုက ရှင့်ကို ကြိုက်တိုင်း၊ မိန်းကလေးတိုင်းက ရှင့်ကို ကြိုက်‌နေတယ်လို့ သတ်မှတ်လို့မရဘူး။ ကျွန်မတို့နှစ်ယောက် တွေ့ဖူးတဲ့အကြိမ်က နည်းတဲ့အပြင် စကားလဲအဲ့လောက် မပြောဖူးကြဘူး။ ကျွန်မက ရှင့်ကိုကြိုက်နေတယ်လို့ ထင်နေတာကို ကျွန်မဘယ်လိုမှ တကယ်နားမလည်နိုင်ဘူး"ဟု ကုနင်းက ပြန်ပြောလိုက်သည်။ သူမပြန်ပြောတဲ့ လေသံဟာ ခပ်မာမာဖြစ်ပေမဲ့လည်း သူမအနေနဲ့ ရုန်ကျဲ့ချန်ကို သူမနဲ့ ဆက်ပီးလာမပတ်သတ်စေရန် ထိုမျှလောက်တော့ ပြောရန် လိုအပ်သောကြောင့် ဖြစ်သည်။

ကုနင်းအနေနဲ့ သူမမှာ စေ့စပ်ထားတဲ့သူ ရှိနေပြီးဖြစ်သလို သူ့အပေါ်မှာလဲ သူမဟာ သစ္စာရှိသူဖြစ်သည်။ သူမအနေနဲ့ သူမနဲ့ စေ့စပ်ထားသူကလွဲရင် အခြားဘယ်ယောက်ျားအပေါ်မှ စိတ်ဝင်စားမှုမရှိပေ။

ကုနင်းစကားဆုံးအောင် ပြောလို့မပြီးခင်မှာဘဲ သူတို့အနားတွင် မိန်းက‌လေးသံတစ်သံ ထွက်ပေါ်လာသည်။ "တကယ်လို့ နင့်အနေနဲ့ ကျဲ့ချန်ကို ကြိုက်ပါတယ်ဆိုရင်တောင်မှ၊ ကျဲ့ချန်အနေနဲ့ နင့်ကိုရွေးချင်မှ‌ရွေးမှာ။ သူ့မိသားစုက ဘယ်လောက်အဆင့်အတန်းမြင့်လဲ ဆိုတာနင်သိလား။ ကျဲ့ချန်က မြို့တော်က ရုန်မိသားစုရဲ့ ‌အမွေဆက်ခံသူ။ ရုန်မိသားစုဆိုတာကိုရော နင်ကြားဖူးရဲ့လား။ အဲ့တာ ငါတို့နိုင်ငံရဲ့ ထိပ်တန်းအကျဆုံး မိသားစုပဲ။ လူတိုင်း ဒီမိသားစုထဲ ဝင်ချင်တယ်ဆိုရင်‌တောင် ဝင်ချင်တိုင်းဝင်လို့မရဘူး" ဟုပြောလေသည်။

ထိုမိန်းကလေးသည် ကုနင်းနှင့် သက်တူရွယ်တူလောက်ပင် ဖြစ်သည်။ သူမဟာ လှပသော်လည်း လူပုံစံက ရင့်သီးပုံပေါ်သည်။ သူမစကားပြော‌သော် လေသံမှာလဲ တမ္ဘာလုံးသူ့လုပ်စာ ထိုင်စားနေတဲ့ အသံနှင့်ဖြစ်သည်။ သူမဟာ အလိုလိုက်ခံထားရ၍ ဂုဏ်မောက်နေတဲ့ သူဌေးသမီး‌တစ်ယောက်သာ ဖြစ်သည်။

ရုန်ကျဲ့ချန်က သူမစကားပြောနေသည်ကို ဖျက်မပြောပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် ကုနင်းအနေနဲ့ သူ့ရဲ့ အဆင့်အတန်းကို သိသွားသောအခါ ဘယ်လိုတုန့်ပြန်မလဲဆိုတာ သိချင်သောကြောင့်ဖြစ်သည်။

ကုနင်းသည် ရုန်ကျဲ့ချန် ဘာကြံနေသည်ကို မြင်သောကြောင့် သူမအနေနဲ့ သူ့အပေါ်ထား‌သော် ထင်မြင်ချက်မှာ ပို၍ဆိုးရွားသွားလေသည်။ ဘာပဲဖြစ်ဖြစ် သူမအ‌နေနဲ့ သူနဲ့ နောက်ထပ် ထပ်ပတ်သတ်စရာ အကြောင်းမရှိပေ။

"မစ္စ အနေနဲ့ ကျွန်မပြောတာ နားမလည်ဘူးထင်တယ်။ ကျွန်မ စီနီယာရုန်ကို မကြိုက်ကြောင်း ရှင်းရှင်းလင်းလင်း ပြောနေတာ။ သူက ရုန်မိသားစုဝင်ဆိုတာလဲ ကျွန်မသိတယ်။ ဒါပေမယ့် အဲဒီ‌တော့ ဘာဖြစ်လဲ။ ကျွန်မအနေနဲ့ လူတစ်ယောက်ကို သူ့မိသားစုပေါ်မူတည်တာထက် ကိုယ့်အရည်အချည်းနဲ့ကိုယ် ရပ်တည်နိုင်တဲ့လူကို ပိုတန်ဖိုးထားတယ်။ တကယ်တော်တဲ့ယောက်ျားစစ်စစ် တစ်ယောက်ဆိုတာ သူ့အရည်အချည်းကိုပြဖို့ သူမိသားစုအပေါ်သူ မူတည်‌နေစရာမလိုဘူး ထင်တယ်"လို့ ကုနင်းက ပြန်ပြောလိုက်သည်။

***

စာစဉ် ၁၁၇ ပြီး၏။

All Chapters