အခန်း (၁၉၀၃-၁၉၀၈)
Vol. 118 Ch. 1903-1908
အပိုင်း ၁၉၀၃ မုန်းစရာ အမျိုးသမီး
ထိုသည်ကိုကြားလိုက်တဲ့အခါ ရုန်ကျဲ့ချန်ဟာ မျက်မှောင်ကြုတ်သွားတယ်။ ကုနင်းက သူ့မိသားစုနောက်ခံအကြောင်းကို သိနေတဲ့အပြင် သူမအနေနဲ့ သူ့မိသားစုကြောင့် သူ့ကိုထွေထွေထူးထူး ပြောင်းပြီးဆက်ဆံခြင်းလဲ မရှိပေ။ သူ့ဘဝမှာ ဒီလိုအေးစက်စက် ဆက်ဆံခံရတာ ဒါပထမဆုံးဖြစ်သည်။
သူက ရုန်မိသားစုရဲ့ အမွေဆက်ခံသူဆိုတာကို သိသိချင်း သူနဲ့တွေ့ဖူးသမျှ လူတိုင်းဟာ သူစိတ်ကျေနပ်အောင် အမျိုးမျိုး ကြိုးစားဆက်ဆံကြလေသည်။
ပြီးတော့ တကယ့်တော်တဲ့ယောက်ျားစစ်စစ်တစ်ယောက်ဆိုတာ သူ့အရည်အချင်းကို ပြဖို့ သူ့မိသားစုအပေါ် မှီခိုဖို့ မလိုဘူးလို့လဲ ကုနင်းက ပြောသေးသည်။
သူမပြောသမျှဟာ မမှားကြောင်းသူဝန်ခံသော်လည်း သူမပြောသမျှကို သူလက်မခံပေ။ အဘယ်ကြောင့်ဆိုသော် အဆင့်အတန်းမြင့်တဲ့ နောက်ခံရှိတဲ့လူတစ်ယောက်ဟာ မိသားစုနောက်ခံမရှိတဲ့ လူနဲ့ယှဉ်ရင် အဆက်အသွယ်ကောင်းရှိပြီးတာမို့ တာထွက်ခြင်းမတူသလို အခွင့်အရေးရတာခြင်းလဲ မတူညီပေ။ ဒါကြောင့် သူတို့မှာ ပိုအောင်မြင်ဖို့ အခွင့်အလမ်းများတယ်။
ကုနင်းက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပီး အောင်မြင်လာတဲ့လူတစ်ယောက် ဖြစ်ပေမဲ့ အဲ့လိုလူမျိုးဟာ ကမ္ဘာပေါ်မှာ အလွန်ရှားပါးတယ်။
ကုနင်းက သူများနဲ့ယှဉ်ရင် အဲ့လိုပိုပြီး ထူးချွန်တာမလို့လဲ ရုန်ကျဲ့ချန်ဟာ သူမအပေါ်မှာ အထင်မြင်ကောင်း ပိုရှိနေခြင်းဖြစ်သည်။ ပြောရရင် သူတို့ဟာ အဆင့်အတန်းရှိသူ အချင်းချင်း သဘောကျမိကျတာဖြစ်သည်။
ကုနင်းသည်လဲ ထိုအရာကိုနားလည်ပေမဲ့ သူမအနေနဲ့ တကယ်တော်တဲ့လူဟာ သူ့အရည်အချင်းပြဖို့ သူ့မိသားစုအပေါ် မှီခိုစရာမလိုဘူးလို့ ယုံကြည်နေဆဲပင်ဖြစ်သည်။
"အဆင့်အတန်းမြင့်မြင့်နဲ့ မိသားစုနောက်ခံ မရှိတဲ့သူတွေကပဲ အရည်အချင်းကို ပိုပြီးအလေးထားတတ်ကြတယ်။ ဒါဟာ သဘာဝကျတဲ့ လူ့အဖွဲ့အစည်းပဲ။ မိသားစုနောက်ခံရှိတဲ့ လူတွေဟာ သာမန်လူတွေနဲ့ ယှဉ်ရင် ပိုပြီး အလွယ်တကူ အောင်မြင်နိုင်ကြတယ်။ အမှန်အတိုင်းပြောရရင် ငါသာနင့်ဘဝကို ခက်ခဲအောင် လုပ်ချင်အောင် အသာလေးပဲ"ဟု မောက်မာစွာပဲ ထိုမိန်းကလေးက ပြောလိုက်သည်။
"ဒါသဘာဝကျတဲ့ လူအဖွဲ့အစည်းဖြစ်ပြီးမိသားစုနောက်ခံရှိတဲ့လူတွေက သာမန်လူတွေထက်စာရင် ပိုပြီးအလွယ်တကူအောင်မြင်တတ်ကြတယ်ဆိုတာ လက်ခံပါတယ်။ နင်က ချမ်းသာပြီးသြဇာကြီးတဲ့ မိသားစုမှာ မွေးဖွားလာတယ်။ နင်တခြားသူတွေကို အနိုင်ကျင့်ခြင်းတိုင်း အနိုင်ကျင့်လို့ရလားမရလားတော့ ငါမသိဘူး၊ ဒါပေမယ့် ငါ့ကိုတော့ ပြသနာရှာဖို့ မကြိုးစားနဲ့။ နင့်အတွက် ဘာကောင်းကျိုးမှ ရလာမှာမဟုတ်ဘူး"ဟု ကုနင်းက ပြန်ပြောလိုက်သည်။ သူမ ပြန်ပြောပုံက အနည်းငယ် ခက်ထန်သော်လည်း အားနည်းတဲ့လူအဖြစ် သူမဟာ အနိုင်ကျင့်မခံလိုပေ။
"နင်...." ထိုမိန်းကလေးဟာ ကုနင်း ပြန်ပြောတဲ့စကားကြောင့် အံ့အားသင့်သွားသလို ခြိမ်းခြောက်ခံရတဲ့အတွက်လဲ မကျေနပ်ပေ။ "နင်ကများ ငါ့ကို ခြိမ်းခြောက်ရဲတယ်။ ငါဘယ်သူလဲဆိုတာ နင်သိလား"ဟု သူမက ကုနင်းကို သူမရဲ့မိသားစုအရှိန်နဲ့ ဖိနှိပ်ရန် ကြိုးစားလိုက်သည်။
"နင်ဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး။ ဒါပေမယ့် ငါ့ကိုတိုက်ခိုက်ဖို့တော့ မကြိုးစားနဲ့"ဟု ကုနင်းက ပြန်ပြောလိုက်သည်။ ထိုမိန်းကလေးဟာ ဩဏာပါဝါကြီးတဲ့ မိသားစုကဆိုတာကို ကုနင်းသိသော်လည်း သူမအနေနဲ့ သိပ်ပီး ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် ရုန်ကျဲ့ချန်ကိုတောင် မကြောက်သောကြောင့် ဖြစ်သည်။
"တကယ်လား။ နင်ဘယ်လိုပြန်တိုက်ခိုက်မလဲဆိုတာ ငါတကယ်သိချင်မိတယ်"ဟု ထိုမိန်းကလေးက စိတ်ဝင်းစားစွာ ပြန်ပြောလိုက်သည်။ သူမက ကုနင်းကို ပညာကောင်းကောင်း ပြရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
"စိတ်လျော့ ရန်ရန်"ဟု ရုန်ကျဲ့ချန်က သူ့မကို သတိပေးလိုက်သော်လည်း သူ့အနေနဲ့ သူမအပေါ် ဒေါသထွက်ပုံမပေါ်ပေ။ သူ့အနေနဲ့ မင်ရန်ရန်က ကုနင်းကို အနည်းငယ်ကြောက်သွားအောင် ပညာပြစေချင်ပုံ ပေါ်သည်။
မင်ရန်ရန်က မြို့တော်ရဲ့ ပထမတန်းစား ချမ်းသာတဲ့မိသားစုမှဖြစ်ပေမဲ့လည်း သူမမိသားစုဟာ ရုန်မိသားစုနဲ့ယှဉ်ရင် နိမ့်ကျဆဲဖြစ်သည်။
သို့သော်လည်း ကုနင်းက မင်ရန်ရန်အပေါ် သိပ်ပြီးအာရုံစိုက်ပုံ မပေါ်ပေ။ သူမဟာ ဘယ်သူနဲ့မှ ပြသနာမတတ်ချင်ပေ။ ဖြစ်နိုင်ရင် ဩဏာရှိတဲ့မိသားစုက လူတွေနဲ့ သူမဟာ ရန်ငြိုးရန်ဆဖြစ်မှာကို ရှောင်ချင်သူဖြစ်သည်။ ဒါပေမယ့် ရှောင်လွှဲလို့မရရင်တော့ သူမဟာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ငြိမ်ခံမနေဘဲ လက်တုန့်ပြန်ရန် လုံးဝတွန့်ဆုတ်နေမှာ မဟုတ်ပေ။
"ကျဲ့ချန်၊ သူက မုန်းဖို့ကောင်းတယ်"ဟု မင်ရန်ရန်က ပြောလေသည်။ သူမရဲ့ ကုနင်းကို ပညာပြရန် အကြံအစည်ကို ရုန်ကျဲ့ချန်သာမပြောရင် လက်လျော့မှာမဟုတ်ပေ။ သူမက ကုနင်းကို ဒုက္ခရောက်စေချင်သည်မှာ ရုန်ကျဲ့ချန်အတွက်သာမက သူမကိုယ်တိုင်ကလဲ ကုနင်းကို မကြိုက်သောကြောင့်ဖြစ်သည်။
ရုန်ကျဲ့ချန်ဟာ ကုနင်းက ပွင့်ပွင့်လင်းလင်း ပြောပြီးပြီဖြစ်၍ သူမနဲ့ထပ်အချိန်မဖြုန်းချင်တော့တာကြောင့် "တော်ပီ၊ သွားကြစို့"ဟု ပြောလိုက်သည်။ တကယ်တော့ သူက ကုနင်းနဲ့ လုံးဝမတွေ့ချင်ပေ။ ထို့နောက်မှာတော့ သူက မင်ရန်ရန်ကို ထားခဲ့ပြီး လှည့်ထွက်သွားလေသည်။
"ကျဲ့ချန်!" မင်ရန်ရန်က ကုနင်းနဲ့ စကားများချင်သေးသော်လည်း ရုန်ကျဲ့ချန်က လှည့်ထွက်သွား၍ ရပ်လိုက်ရသည်။ အဲ့တာကြောင့်မို့ သူမဟာ ကုနင်းကို မျက်စောင်းထိုးသာထိုး၍ လှည့်ထွက်လာလေသည်။
ထို့နောက် ကုနင်းသည်လည်း သူမထိုင်ခုံကို သူမ ပြန်သွားလေသည်။
...
စွင်းရှန်းမင်ဟာ သူ့ဒဏ်ရာကို ဆေးရုံမှာ ကုသမှုခံယူနေသည်။ ထို့နောက် သူအနည်းငယ် သက်သာလာတာနဲ့ တပြိုင်နက်တည်း သူ့အတွင်းရေးမှူးကို ရဲကိုတိုင်ရန် ပြောကြားလိုက်သည်။ ဒါဟာ သူ့အမှားလို့ သူ,မထင်ပေ။
တကယ်တော့ သူကအရင် လူမိုက်တချို့ကို ချန်စန်းယိကို တိုက်ခိုက်ရန် ငှားခဲ့ခြင်းကြောင့် ချန်စန်းယိက သူ့ကို လက်တုန့်ပြန်ခြင်းသာဖြစ်သည်။ ဒါပေမယ့် စွင်းရှန်းမင်အနေနဲ့ သူဒဏ်ရာရသမျှအား ချန်စန်းယိအပေါ်ကိုသာ အပြစ်တင်နေတော့သည်။
ဒါပေမယ့် သူ့ကားသွားခဲ့တဲ့ လမ်းမပေါ်က CCTVကင်မရာအားလုံးဟာ ထိုးဖောက်ခိုးဝင်ထားခံရပြီးဖြစ်သည်။ ထို့ကြောင့် သူ့မှာ သက်သေမရှိပေ။ ဒီအတွက်ကြောင့် သူ့အနေနဲ့ မမှန်ကန်တဲ့ ညစ်ပတ်တဲ့နည်းကလွဲရင် ချန်စန်းယိကို အပြစ်ပေးလို့မရပေ။
ဒါပေမယ့် သူသာအဲ့လိုနည်းကိုသုံးလိုက်ရင် ပိုနစ်နာမဲ့သူက သူပဲဆိုတာလဲ သူသိသည်။
...
ကုနင်းက ည၁၁နာရီခန့်တွင် သူ့သူငယ်ချင်းတွေ မပြန်ခင်မှာပဲ အိမ်အရင်ပြန်လာလိုက်သည်။
ည၁၁နာရီလောက်ပိုင်းတွင် ညဟာ ပိုပြီးစည်ကားတာမှန်ပေမဲ့လည်း ကုနင်းအနေနဲ့ ဘားမှာ နေဖို့သိပ်စိတ်မဝင်စားပေ။ သူမသူငယ်ချင်းတွေနဲ့ စုံချင်လို့သာ ခဏသွားခြင်းဖြစ်သည်။
ထန်ချင်းယန်နဲ့ အခြားသူတို့ကတော့ ချက်ချင်းမပြန်ကြသေးသော်လည်း ကုနင်းနဲ့ သူမကိုယ်ရံတော်ကို မပြန်ဖို့ မတားကြပေ။
နောက်တနေ့မနက်ခင်းမှာတော့ ကုနင်းဟာ အပြေးလေ့ကျင့်ရင်းလမ်းမှာ ပိုင်လီကျုံးယန်နဲ့ ပိုင်လီကျုံးရွှယ်တို့နှင့် ဆုံလေသည်။ စနေ၊ တနဂ်နွေ ပိတ်ရက်ဖြစ်တာကြောင့် ပိုင်လီကျုံးရွှယ်လဲ နှစ်တစ်ရာမြို့ကို ပြန်လာခြင်း ဖြစ်သည်။
"ကုနင်း၊ ဒီနေ့အားလား။ အားရင်ငါနဲ့တူတူ ဈေးဝယ်လိုက်ခဲ့ပါလား"ဟု ပိုင်လီကျုံးရွှယ်က ကုနင်းကို ခေါ်လိုက်သည်။
"တောင်းပန်တယ်။ ငါဒီရက်ပိုင်းအလုပ်တွေ ရှုပ်နေလို့။ ကုမ္ပဏီမှာလဲ လုပ်စရာ အလုပ်တွေ တပုံကြီးရှိသေးတယ်"ဟု ကုနင်းက ပြန်၍ ငြင်းလိုက်သည်။ တကယ်တော့ သူမက စစ်ဟယ်ယွမ်မှာ သိုင်းလေ့ကျင့်ချင်လို့ ညာပြောခြင်းသာဖြစ်သည်။ သူမဟာ သိုင်းမလေ့ကျင့်တာကြာပြီမလို့ စိတ်အနည်းငယ်ပူနေပြီ ဖြစ်သည်။
ချူးဖေ့ဟန်နဲ့ သူမရဲ့သူငယ်ချင်းတွေက မနေနေ့လည်က သူမကိုအားရင် မိတ်စုံစားပွဲတတ်ဖို့ ဖိတ်သော်လည်း ကုနင်းကငြင်းဆိုခဲ့သည်။ တကယ်လို့သူတို့က သူမဆီလာပြီး တူတူပျော်ချင်ရင်တော့ အချိန်မရွေးကြိုဆိုဖို့ အဆင်သင့်ဖြစ်သည်။ ကုနင်းအနေနဲ့ ချောင်ယ ဒါမှမဟုတ် ချောင်ယကို တံခါးဖွင့်ပေးဖို့ အဆင်သင့်ပြင်ထားရန် စီစဉ်လိုက်ရုံပင် ဖြစ်သည်။
"ပြီးတာပဲ"ဟုဆိုကာ ပိုင်လီကျုံးရွှယ်က သူမကို အတင်းမတိုက်တွန်းပေ။ ကုနင်း အလုပ်တွေ အရမ်းရှုပ်နေတယ်ဆိုတာကို သူမနားလည်၍ ဖြစ်သည်။
အပြေးလေ့ကျင့်ပြီးတဲ့ အခါ ကုနင်းသည် မနက်စာစားပြီး ခဏနားပြီးတဲ့အခါမှာတော့ ကားမပိတ်စေရန်အတွက် စောစောပဲ စစ်ဟယ်ယွမ်ကို ထွက်ခွာလာလိုက်သည်။
စနေ၊ တင်္ဂနွေပိတ်ရက်ဖြစ်ပေမဲ့လည်း လမ်းမပေါ်မှာ ယာဉ်ကြောတွေ ကြပ်နေဆဲပင်ဖြစ်သည်။ အချို့အစိုးရရုံးဝန်ထမ်းများဟာ ပိတ်ရက်မရှိပေ။ ပြည်သူ့ဝန်ထမ်းများသာ ပိတ်ရက်တွင် အလုပ်အားလပ်ကြသည်။
ကုနင်းသည် အိမ်ကမထွက်ခင်မှာပဲ ကျင်းယွင်ယောင်အား သူမနဲ့အတူ စစ်ဟယ်ယွမ်ကို သွားချင်လားဟု ဖိတ်ခေါ်လိုက်သည်။ ကျင်းယွင်ယောင်က အမြဲအိမ်မှာတစ်ယောက်တည်း နေလေ့ရှိ၍ ကုနင်းက သူမတစ်ယောက်တည်း ပျင်းနေမှာစိုးလို့ ခေါ်ခြင်းဖြစ်သည်။
ဒါပေမယ့် ကျင်းယွင်ယောင်က ဝါသနာအသစ်တချို့ရှိ၍ ပျင်းတယ်လို့မခံစားရပေ။ သူမသည် ကျင်းယွင်ယောင်နဲ့ တူတူနေလိုက် သိုင်းလေ့ကျင့်လိုက်၊ စံအိမ်ဆီသွားပြီး ပန်းပင်လေးတွေ ပြုပြင်လိုက် ဒါမဟုတ် ယဲ့မိသားစုဆီ သွားလည်လိုက်နဲ့ နေနေခြင်း ဖြစ်သည်။
ကျင်းယွင်ယောင်ဟာ အခြေအနေတစ်ခုကြောင့် သူမအသက်ရှင်နေသေးတာကို လျှို့ဝှက်ထားရန် ကုနင်းက လင်မိသားစုနဲ့ သဘောတူညီချက်တစ်ခုပြုလုပ်ထားသည်။ လင်မိသားစုဝင်တွေ သူမအသက်ရှင်ကြောင်း သိနေတာနဲ့ပင် လုံလောက်ပြီဖြစ်သည်။ ဒါကြောင့်မို့ သူမက ဒီလျှိုဝှက်ချက်ကို လင်မိသားစုနဲ့ ရင်းနှီးတဲ့သူများမှတဆင့် အပြင်သို့ မပေါက်သွားကြားစေရန် အပြင်သိပ်မထွက်ခြင်းဖြစ်သည်။
ကျင်းယွင်ယောင်ကလဲ စစ်ဟယ်ယွမ်မှာ ရှန်းကွမ်းယန်နဲ့ တွေ့ရန် စီစဉ်ထားပြီးဖြစ်သောကြောင့် တူတူသွားရန် သဘောတူလိုက်သည်။ ထို့ကြောင့် ကုနင်းသည် စစ်ဟယ်ယွမ်ကို မသွားခင် ကျင်းယွင်ယောင်ကို အရင်ဝင်ခေါ်လိုက်သည်။
ကျင်းယွင်ယောင်ဟာ ကျင့်ကြံသူတစ်ယောက်အနေနဲ့ အတော်အဆင့်မြင့်မြင့်ရောက်နေပြီဖြစ်သော်လည်း သူမဟာ ပိုပြီးဒီထက်မြင့်တဲ့အဆင့်ကို ရောက်ဖို့လိုအပ်နေသေးသည်။ သူတို့ စစ်ဟယ်ယွမ်ကို ရောက်တဲ့အခါမှာတော့ ကုနင်းက သူမဘာသာသူမ တစ်ယောက်တည်းလေ့ကျင့်လေသည်။ ရှန်းကွမ်းယန်ကတော့ ကျင်းယွင်ယောင်ကို သူမကိုယ်သူမ ဘယ်လိုတိုးတက်အောင် ထပ်ပြီးကျင့်ကြံရမလဲဆိုတာကို သင်ပေးလေသည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၀၄ တောင်ပေါ်မှလှုပ်ရှားမှုများ
တောင်တန်းနားရှိ ရွာငယ်လေးတစ်ရွာရဲ့ တနင်္ဂနွေမနက်ခင်း တစ်ခုတွင်..။
မနေ့ကညက တညထဲမှာတွင်ပဲ ရွာထဲရှိ လူ10ယောက်ကျော်ဟာ ထူးထူးဆန်းဆန်းပဲ သေဆုံးသွားကြသည်။ ထိုအလောင်းများသည် သူတို့၏ခန္ဓာကိုယ်မှ သွေးတွေ စုတ်ထုတ်ခံထားရသည့်အလား ခန္ဓာကိုယ်တစ်ခုလုံး ခြောက်ကပ်ညှိုးရော့နေလေသည်။
ပြီးတော့ သွေးစုတ်ထုတ်ခံထားရကြောင်း ပိုသိသာစေတဲ့အချက်ကတော့ သူတို့ရဲ့လည်ပင်းသွေးလွှတ်ကြောအနီးရှိ အပေါက်ငယ်နှစ်ပေါက်ကြောင့်ပင် ဖြစ်သည်။ ဒီအပေါက်ငယ်နှစ်ပေါက်ဟာ တောရိုင်းသတ္တဝါတစ်ကောင်ရဲ့ သွားရာအလားထင်မြင်ရသည်။
ရွာသားတချို့ကတော့ တောရိုင်းတိရိစ္ဆာန်တစ်ကောင်ကောင်ရဲ့ လက်ချက်လို့ထင်ကြပြီး တချို့ကတော့ သွေးစုတ်ဖုတ်ကောင် လက်ချက်လို့ ထင်ကြသည်။ ဘယ်သူ့လက်ချက်ပဲဖြစ်ဖြစ် သေချာတာတစ်ခုကတော့ ထိုလူတွေသေဆုံးပုံက ပုံမှန်မဟုတ်တာမလို့ အချိန်တော်တော်ကြာထိ ရွာတစ်ရွာလုံးဟာ ထိတ်လန့်ကြောက်ရွံနေကြပြီး ရွာသားတချို့ဆို ရွာကနေ ဝေးရာကိုတောင် ထွက်ပြေးသွားကြလေသည်။
ထွက်မပြေးဘဲ ကျန်ခဲ့တဲ့ ရွာသူရွာသားတချို့ရဲ့ အကြောင်းပြချက်ကတော့ ဒီမတော်တဆဖြစ်ပြီးနောက်နေ့ မနက်စောစောမှာပဲ လူအချို့ရွာကို တန်းရောက်လာလို့ပါပဲ။ ထိုလူတွေကတော့ လူသတ်သမားကိုဖမ်းဖို့ သံလွန်စရှာရန် စုံစမ်းစစ်ဆေးဖို့ရောက်လာဟုပြောသော ရဲဝတ်စုံနဲ့ စစ်ဝတ်စုံဝတ်ထားတဲ့ ရဲအရာရှိများနဲ့ စစ်သားများပင်ဖြစ်သည်။
ရဲအရာရှိများကတော့ ဒီတိုင်းပြည်နယ်တစ်ခုလုံးကို တာဝန်ယူထားရတဲ့ စုံစမ်းစစ်ဆေးအဖွဲ့ကဖြစ်ပြီး ရဲဝန်ထမ်း 8ယောက် ပါဝင်လေသည်။
စစ်သားတွေကတော့ လင်ရှောင်းထင်ဦးဆောင်တဲ့ မီးတောက်နီတပ်ဖွဲ့ကဖြစ်ပြီး စစ်သား6ယောက် ပါဝင်လေသည်။
ဒီလိုမျိုးအဖွဲ့အစည်းနဲ့ လူသတ်သမားကို လိုက်စုံစမ်းရတဲ့အကြောင်းရင်းကတော့ အခုလိုအမှုမျိုးဖြစ်တာ ဒါပထမဆုံးမဟုတ်ပဲ ဒုတိယအကြိမ်မြောက်ဖြစ်လို့ဟု ဆိုသည်။
ပထမဆုံးဖြစ်တဲ့အမှုတုန်းကတော့ အခင်းဖြစ်ရာ အနီးအနားရှိရဲစခန်းမှ တာဝန်ကျရဲအရာရှိများက ပထမဆုံးစုံစမ်းစစ်ဆေးခြင်းဖြစ်သည်။ ဒါပေမယ့် အမှုမှာသေဆုံးပုံက ထူးဆန်းပြီး တိရိစ္ဆာန်တစ်ကောင်ကောင် ဒါမှမဟုတ် သွေးစုတ်ဖုတ်ကောင် ကိုက်ခံထားရတာနှင့် တူနေသောကြောင့်ဖြစ်သည်။ သို့ပေမဲ့လည်း သွေးစုတ်ဖုတ်ကောင်လက်ချက်ဆိုတာမျိုးကိုတော့ သူတို့လုံးဝမယုံပေ။
ရွာဟာ လူသူအရောက်အပေါက်နည်းတဲ့ တောင်တန်းတစ်နေရာအနားတွင် တည်ရှိသောကြောင့် CCTVကင်မရာမရှိပေ။ ထို့ကြောင့် အမှုအတွက် သဲလွန်စရရန် စုံစမ်းစစ်ဆေးရတာ အလွန်ခက်ခဲလှလေသည်။
အနီးအနားရှိ မြို့နယ်မှ တာဝန်ကျရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက အမှု့အချက်အလက်များကို အထက်အဖွဲ့အစည်းကို သတင်းပို့လိုက်သည်။ ထိုမှတစ်ဆင့် တိုင်းပြည်နယ်တစ်ခုလုံးကို တာဝန်ယူထားရသော စုံစမ်းစစ်ရေးအဖွဲ့ကို စုံစမ်းစစ်ဆေးရန် လွှတ်လိုက်ခြင်းဖြစ်သည်။ တကယ်လို့သူတို့ စုံစမ်းစစ်ဆေးတာမှ အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိရင်တော့ သူတို့ထက်မြင့်တဲ့ အထက်အဖွဲ့အစည်းကို သတင်းပို့ရမည်ဖြစ်သည်။
တိုင်းပြည်နယ်အဆင့်ထက် ကျော်လွန်သော အမှုကိစ္စများကို သတင်းပို့သောအခါ သတင်းသည် နိုင်ငံ့အဆင့်စနစ်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွား၍ ထိုသတင်းကို မီးတောက်နီတပ်ဖွဲ့ရှိ တပ်ဖွဲ့ဝင်များမှ ကြားသိခြင်းဖြစ်သည်။
ရှေ့တစ်ခေါက် စစ်လေ့ကျင့်ရေးဆင်းစင်က အနီရောင်ခြင်္သေ့နဲ့ ကြုံဖူးကတည်းက မီးတောက်နီတပ်ဖွဲ့ဝင်များသည် ဒီကမ္ဘာကြီးမှာ မကောင်းဆိုးဝါးများနဲ့ သရဲတစ္တေတွေရှိတယ်ဆိုတာ သိပြီးဖြစ်သည်။ ထို့ကြောင့် တပ်ဖွဲ့ဝင်များသည် ဒီအမှုသည် ထိုမကောင်းဆိုးဝါးများ၊ တစ္တေသရဲများနှင့် ပတ်သတ်နေတယ်ဆိုတာကို အခင်းအဖြစ်အပျက်ကို ကြည့်ရုံနဲ့ သိနှင့်ပြီးဖြစ်သည်။ ထို့ကြောင့် တပ်ဖွဲ့ဝင်များသည် လင်ရှောင်းထင်ကိုတန်း၍ သတင်းပို့ခြင်းဖြစ်သည်။ ဒီလိုကိစ္စမျိုးဟာ လင်ရှောင်းထင်ကိုယ်တိုင် ဖြေရှင်းမှရမဲ့ ကိစ္စမျိုးဆိုတာကို တပ်ဖွဲ့ဝင်တွေသိ၍ဖြစ်သည်။
မီးတောက်နီတပ်ဖွဲ့ဝင်များသည် ရွာကိုရောက်တာနဲ့တပြိုင်နက်တည်း သဲလွန်စရရန် စုံစမ်းစစ်ဆေးပါတော့သည်။ လင်ရှောင်းထင်ဟာ အခုချိန်မှာ ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီမို့ သူ့အစွမ်းအရည်များဟာ အရင်ကထက်စာရင် အဆပေါင်းများစွာ ပိုအစွမ်းထက်နေပြီ ဖြစ်သည်။ သူဟာ သူ့ရဲ့စိတ်စွမ်းရည်နဲ့တင်ပဲ အခြားအရာများကို တိုက်ရိုက်အာရုံခံသိရှိနိုင်နေပြီ ဖြစ်သည်။
ဒီရက်ပိုင်း မိုးမရွာထားသောကြောင့် လင်ရှောင်းထင်အနေနဲ့ သဲလွန်စများကို အလွယ်တကူရှာတွေ့လေသည်။ တကယ်လို့ မိုးသာရွာထားရင် သဲလွန်စအများစုမှာ မိုးရေကြောင့် ပျက်စီးသွားနိုင်ပြီး စုံစမ်းစစ်ဆေးရတာဟာ ပိုမိုခက်ခဲသွားနိုင်လို့ဖြစ်သည်။
လင်ရှောင်းထင်ရဲ့ ကင်းထောက်တပ်ဖွဲ့ဝင်များနဲ့ အခြားတပ်ဖွဲ့ဝင်တို့ဟာ ရွာကိုရောက်တဲ့အခါမှာတော့ နာရီအနည်းငယ်နောက်ကျသွားပြီဖြစ်၍ ထိုအမှုအခင်းက ဖြစ်ပျက်ပြီးဖြစ်သည်။
လူသတ်သမားသည် ရွာကိုနောက်ထပ်တစ်ခါ ထပ်လာမည်ကိုစိုးရိမ်သောကြောင့် လင်ရှောင်းထင်သည် သူ့၏ကင်းထောက်တပ်ဖွဲ့ဝင်များအား ရွာမှာနေ၍ ရွာသားများအား ကာကွယ်ရန်အမိန့်ပေးခဲ့သည်။
လူသတ်သမားဟာ လူသတ်ရတာ ကြိုက်နှစ်သက်လို့ လူသတ်နေတာမျိုးမဟုတ်ဘဲ သွေးစုတ်ချင်လို့သာ လူသတ်နေတာဖြစ်တဲ့အတွက် ထိုလူသတ်သမားကို မမိမချင်း နောက်ထပ်လူပေါင်းများစွာဟာ ဆက်ပြီးဒုက္ခရောက်နိုင်နေသေးသည်။
လင်ရှောင်းထင်နဲ့ အဖွဲ့ဝင်များဟာ ဒီအမှုသည် မကောင်းဆိုးဝါးတွေနဲ့ သရဲတစ္တေတွေရဲ့ လက်ချက်ဖြစ်တာသိပြီးမလို့ ကင်းထောက်အဖွဲ့အနေနဲ့ ရွာမှာနေလည်း အကူအညီအများကြီး မပေးနိုင်ပေ။
သို့သော်လည်း ရွာသားတွေကို ကာကွယ်ပေးရမည်ဖြစ်သောကြောင့် သူတို့မှာ ရွေးချယ်စရာမရှိချေ။ ထို့အပြင်ရွာဟာ အနီးအနားရှိမြို့နဲ့လည်း အတော်ဝေးသောကြောင့် လမ်းမှာတင် တစ်ခုခုဆိုးဆိုးရွားရွားဖြစ်မှာလဲ စိုးသောကြောင့်ဖြစ်သည်။
လူသတ်သမားဟာ ညဘက်မှာဘဲ လူသတ်မှုကို ကျူးလွန်းလေ့ရှိကြောင်းကို လင်ရှောင်းထင်ကရှာဖွေ့တွေ့ရှိထားသောကြောင့် လူသတ်သမားဟာ နေ့ခင်းဘက်မှာ မပေါ်လာလောက်ဖူးလို့လဲ သူထင်သည်။
သူတို့အနေနဲ့ ရွာနဲ့အဝေးကြီးကိုသွား၍ စုံစမ်းစစ်ဆေးမှာမဟုတ်ပေ။ ထို့ကြောင့် လူသတ်သမားရွာကို ထပ်လာခဲ့ရင်တောင် သူ့တပ်ဖွဲ့ဝင်များရဲ့ သေနတ်သံကြားတဲ့အခါ သူတို့အနေနဲ့ ရွာကိုချက်ချင်းပြန်လာရင်တောင် အချိန်မှီသေး၍ဖြစ်သည်။
ထို့နောက် လင်ရှောင်းထင်နဲ့ မီးတောက်နီတပ်ဖွဲ့ဝင်များသည် စုံစမ်းစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်လေသည်။ မြေပြင်ပေါ်ရှိ သွေးကွက် အစွန်းအထင်းများကို ကြည့်ပြီး သူတို့အနေနဲ့ လူသတ်သမားသွားနိုင်မည့် အရပ်မျက်နှာကို ခန့်မှန်းနိုင်လေသည်။ ကံကောင်းစွာနဲ့ဘဲ သူတို့အတွက် သဲလွန်စရှိနေလေသည်။
လင်ရှောင်းထင်ဟာ သူ့ပတ်ဝန်းကျင် မီတာ၅၀၀အကွာအဝေးအတွင်းရှိ အရာအားလုံးအား အာရုံခံသိရှိနိုင်ပေမဲ့လည်း အခင်းဖြစ်ချိန်မှ ၄နာရီကျော်ကြာသွားပြီဖြစ်သည်။ ထို့ကြောင့်သူတို့အနေနဲ့ လူသတ်သမားကို ခြေရာခံဖို့ရာမလွယ်ကူပေ။ အဘယ်ကြောင့်ဆိုသော် ၄နာရီဆိုတဲ့အချိန်အတိုင်းအတာတစ်ခုသည် လူတစ်ယောက်အတွက် အဝေးကြီးထွက်ပြေးနိုင်ရန် လုံလောက်သောကြောင့်ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် လူသတ်သမားဟာ အနီးပတ်ဝန်းကျင်မှာ ပုန်းအောင်းနိုင်နေတာမလို့ သူတို့အနေနဲ့ အနီးအနားပတ်ဝန်းကျင်ကို ရှာဖွေဖို့ရန် လိုအပ်နေသေးသည်။
လင်ရှောင်းထင်နဲ့ သူ့အဖွဲ့ဝင်များဟာ ဟိုတစ်ကွက် ဒီတစ်ကွက်ဖြစ်နေသော သွေးကွက်အစွန်းအထင်းများကို သေချာရှာဖွေရင်း တစ်ကီလိုမီတာလောက် လမ်းလျှောက်လာပြီးဖြစ်သည်။ ထိုသို့ရှာဖွေနေရင်းမှာပဲ သူတို့ရှေ့နားမှ လင်ရှောင်းထင်သည် သွေးနံ့ အနံ့ရလေသည်။ အကွာအဝေးက အနည်းငယ်ဝေးကွာသောကြောင့် သွေးနံ့ဟာ သိပ်မပြင်းပေ။
လင်ရှောင်းထင်နဲ့ အဖွဲ့ဝင်များဟာ ချက်ချင်းပဲ အနံ့ရရာဆီသို့ လျင်လျင်မြန်မြန် လမ်းလျှောက်သွားပါတော့သည်။ တချိန်တည်းမှာပဲ သွေးနံ့ဟာလဲ တဖြည်းဖြည်းနဲ့ ပြင်းလာလေသည်။
ရှုကျင်းချန်နဲ့ အဖွဲ့ဝင်များ၏ အာရုံခံနိုင်မှုသည် လင်ရှောင်းထင်လောက် တိကျမှုမရှိပေ။ထို့ကြောင့် လင်ရှောင်းထင်အနေနဲ့ သွေးနံ့ကို အတော်ပြင်းပြင်းအနံ့ရမိတဲ့အချိန်မှ သူတို့သည် သွေးနံ့ကို အနံ့ခံမိလေသည်။
သူတို့သည် သွေးနံ့ရရာဆီသို့ ချက်ချင်းပဲ လျှင်လျှင်မြန်မြန် လမ်းလျှောက်သွားကြလေသည်။
သွေးနံ့ထွက်နေသည့် နေရာကိုရောက်တဲ့အခါမှာတော့ သူတို့သည် အလောင်းတစ်လောင်းကို တွေ့လေသည်။ ထိုအလောင်း၏ သေဆုံးပုံသည် ရွာမှသေဆုံးသွားသော ရွာသူရွာသားများနှင့် တပုံစံတည်းပဲဖြစ်သည်။ သူတို့၏ခန္ဓာကိုယ်မှ သွေးများခြောက်ကပ်သည်ထိ သွေးစုတ်ခံရ၍ သွေးဆုံးသွားခြင်းဖြစ်သည်။
"လူသတ်သမားဟာ ဒီနေရာကနေ ဖြတ်သွားတာတော့ သေချာတယ်"ဟု ချန်းမင်က ပြောလေသည်။
ထို့နောက် သူတို့သည် ဆက်လက်ရှာဖွေကြလေသည်။
တစ်ကီလိုမီတာလောက် လမ်းလျှောက်ပြီးတဲ့အခါမှာတော့ လင်ရှောင်းထင်နဲ့ အဖွဲ့ဟာ တောင်ခြေကိုရောက်လာပါတော့သည်။ ရုတ်တရက်ပဲ လင်ရှောင်းထင်က တစ်ခုခုကို အာရုံခံမိလိုက်တာမလို့ သူ့အဖွဲ့ဝင်များကို ဆက်မသွားရန် ချက်ချင်း အချက်ပြလိုက်သည်။
"တစ်ခုခုဖြစ်လို့လား ဘော့စ်"ဟု ရှုကျင်းချန်က မေးလေသည်။
"တောင်ပေါ်မှာ လှုပ်ရှားမှု တစ်ခုတွေ့တယ်"ဟု လင်ရှောင်းထင်မှ စိတ်လှုပ်ရှားဟန်နှင့်ပြောသည်။ ထို့နောက် "တောင်အောက်မှာ ခဏစောင့်နေဦး၊ ငါအပေါ်တက်ပြီး စုံစမ်းလိုက်ဦးမယ်"ဟု ပြန်ပြောလေသည်။
တောင်ပေါ်မှာ လှုပ်ရှားမှုတွေ့ပေမဲ့လည်း သာမာန်လူလား လူသတ်သမားလားဆိုတာ သူတို့သေချာမသိပေ။ သို့ပေမဲ့လည်း လင်ရှောင်းထင်အနေနဲ့ သူတစ်ယောက်တည်း တောင်ပေါ်အရင်တက်ပြီးစုံစမ်းတာ ကောင်းလိမ့်မယ်ဟု တွေးလေသည်။
"ဒါပေမယ်..."ဟု ရှုကျင်းချန်ဟာ ထိုသတ္တဝါ၏ ရက်စက်ကြမ်းတန်းမှုကြောင့် စိုးရိမ်မိလေသည်။ လင်ရှောင်းထင်က စွမ်းအားကြီးကြောင်း သူသိပေမဲ့လည်း လူသတ်သမားဟာ လူဟုတ်ချင်မှာ ဟုတ်မှာဖြစ်လို့ဖြစ်သည်။
"ဒါအမိန့်ပဲ"ဟု လင်ရှောင်းထင်က စိတ်ပိုင်းဖြတ်စွာ ပြောလိုက်လေသည်။
ရှုကျင်းချန်ဟာ ခဏတာမျှကြောင်သွားသော်လည်း နောက်ထပ်ဘာစကားတစ်လုံးမှ ထပ်မပြောရဲတော့ပေ။ သူတို့အဖွဲ့ခေါင်းဆောင်မှ ပေးသော အမိန့်ဖြစ်နေသောကြောင့် ဖြစ်သည်။
အရင်တစ်ခေါက်က အနီရောင်ခြင်္သေ့ကို လင်ရှောင်းထင်ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတာကို စဉ်းစားမိတဲ့အခါမှာတော့ သူတို့အနည်းငယ် စိတ်သက်သာရာရသွားကျသည်။ သူတို့ရဲ့ဘော့စ်ဟာ အားမနည်းသောကြောင့် အဆင်ပြေလောက်မယ်ဟု ထင်ကြသည်။
ထို့နောက် လင်ရှောင်းထင်သည် တောင်ပေါ်သို့ စတက်လေသည်။ တောင်တက်လမ်းဟာ သိပ်ပြီး ကြမ်းတမ်းခက်ခဲခြင်းမရှိချေ။ သို့သော်လည်း သစ်ပင်များ သိပ်သည်းလွန်း၍ ပုန်းခိုရန်နေရာ ပေါများလေသည်။
သို့သော်လည်း လင်ရှောင်းထင်အတွက်တော့ ထိုအရာဟာ ပြသနာမဟုတ်ပေ။
လင်ရှောင်းထင်သည် တောင်တစ်ဝက် လောက်တက်ပြီးချိန်မှာတော့ သွေးနံ့ အနံ့ရပြန်သည်။ သွေးနံ့လာရာဆီသို့ သူသည် တုန့်ဆိုင်းမနေဘဲ ချက်ချင်း မိုးပေါ်ပျံလျက် ပြေးလေသည်။
သူဟာ တကယ်တော့ မိုးပေါ်ပျံနေတာမဟုတ်ပေ။ သူတစ်ခါခုန်လိုက်တိုင်း မျက်စိတစ်မှိတ်အတွင်း မီတာပေါင်းများစွာရောက်သွားတာ ဖြစ်သည်။ ပုံမှန်မျက်စိနဲ့ ကြည့်လျှင် သာမာန်လူများဟာ ယောင်္ကျားလား မိန်းမလားပင် ကွဲကွဲပြားပြားမမြင်နိုင်ချေ။ အမဲရောင်အရိပ်တစ်ခု လေပေါ်မှာ တဖြတ်ဖြတ် ပြေးနေတာကိုသာ မြင်နိုင်လေသည်။
မီတာရာပေါင်းများစွာ ကွာဝေးသော ထိုနေရာကို လင်ရှောင်းထင်ဟာ သုံးစက္ကန့်တည်းနဲ့တင် ရောက်သွားလေသည်။
သူသည် သွေးနံ့ထွက်ပေါ်လာရာ လှိုဏ်ဂူအပေါက်ဝကို ရောက်တဲ့အခါမှတော့ ရပ်လိုက်ပါတော့သည်။
လင်ရှောင်းထင်ဟာ ဂူထဲကို ချက်ချင်းမဝင်ဘဲ သူ့ရဲ့ စိတ်အာရုံခံမှုကို အရင်သုံးကာဂူထဲအား စုံစမ်းစစ်ဆေးလေသည်။ ဂူထဲကအရာဟာ အသက်ရှိနေသူလား သေဆုံးပြီးလူလားဆိုတာ သူအရင်စုံစမ်းလို၍ဖြစ်သည်။
နောက်တစ်စက္ကန့်ကြာတဲ့အခါမှာတော့ လင်ရှောင်းထင်ဟာ ဂူထဲမှ ပင့်သက်ရှိုက်သံခပ်တိုးတိုး ကြားလေသည်။ သေချာတာကတော့ ဂူထဲမှာရှိနေတာ အသက်ရှိတဲ့သတ္တဝါဖြစ်တဲ့အပြင် ရှိုက်သံမှာ နှစ်သံဖြစ်သည်။
ထို့နောက် လင်ရှောင်းထင်ဟာ အသက်အောင့်လျှက် ဂူအတွင်းသို့ ဖြည်းဖြည်းချင်း ဝင်သွားလေတော့သည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၀၅ သွေးစုပ်ဖုတ်ကောင်များ
လင်ရှောင်းထင်ဟာ ဂူထဲတွင် ၁၀မီတာလောက် လမ်းလျှောက်ပြီးတဲ့အခါမှာတော့ အသံတစ်သံကြားလေသည်။ ထိုအသံသည် Mဘာသာစကားပြောနေသော ယောင်္ကျားတစ်ယောက် အသံဖြစ်လေသည်။
"သွေးတွေအများကြီးစုတ်ပြီး နောက်ဆုံးတော့ ငါ့ဒဏ်ရာတွေ ပြန်သက်သာသွားပြီ"
လင်ရှောင်းထင်ဟာ Mဘာသာစကားနဲ့ပြောနေတဲ့ ထိုစကားသံကိုကြားသွားသောအခါ သူ့အကြည့်တွေဟာ စူးရှသွားလေသည်။
Mနိုင်ငံက လူတွေလား။ သွေးစုတ်တယ်တဲ့လား။ သူတို့တွေက သွေးစုတ်ဖုတ်ကောင်တွေများလား။
လင်ရှောင်းထင်က ထိုသို့တွေးမိလိုက်တဲ့ အကြောင်းအရင်းကတော့ ကုနင်းက သူ့ကို ဒီကမ္ဘာပေါ်မှာ သွေးစုတ်ဖုတ်ကောင်တွေနဲ့ သန္ဓေပြောင်းလူသားတွေ ရှိနေနိုင်ကြောင်း ပြောထားသောကြောင့်ဖြစ်သည်။
သွေးစုတ်ဖုတ်ကောင်တွေဟာ လူတွေနဲ့ တခြားသတ္တဝါတွေရဲ့ သွေးကိုစုတ်ပြီး အသက်ရှင်သန်ကြခြင်း ဖြစ်သည်။
ပုံမှန်အချိန်တွေမှာဆိုရင်တော့ သာမာန်လူတွေနဲ့ သွေးစုတ်ဖုတ်ကောင်တွေဟာ ဘာမှကွာခြားချက် သိပ်မရှိချေ။ ကွာခြားချက်တစ်ခုကတော့ သွေးစုတ်ဖုတ်ကောင်တွေရဲ့ အသားအရေဟာ သာမာန်လူတွေထက် ပို၍ဖွေးစွတ်နေခြင်းဖြစ်သည်။ သူတို့ဟာ တကယ်အသက်ရှင်နေတဲ့လူတွေ မဟုတ်လို့ဖြစ်သည်။
သူတို့ရဲ့မျက်လုံးတွေဟာ နီညိုရောင်သန်းနေကြသည်။ သူတို့ဟာ တိုက်ခိုက်တဲ့အချိန်နဲ့ သွေးစုတ်တဲ့အချိန်မှသာ သူတို့ရဲ့ ပုံစံအမှန်ကို ဖော်ပြကြသည်။ သွေးစုတ်ဖုတ်ကောင်တွေဟာ ပုံမှန်အားဖြင့် သွေးမရှိသလို ဖြူရော်နေတဲ့မျက်နှာ၊ နီရဲနေတဲ့မျက်လုံးနှင့် ချွန်ထွက်နေသော အစွယ်များရှိကြသည်။
သွေးစုပ်ဖုတ်ကောင်တွေဟာ နေအလင်းရောင်ကို ကြောက်ကြသည်။ ထို့ကြောင့် သူတို့သည် ညမှသာ ပုံမှန်အားဖြင့် သွားလာလှုပ်ရှားကြသည်။ နေ့ခင်းဘက် သွားလာလှုပ်ရှားချင်ရင်တော့ သူတို့ကိုယ်သူတို့ ရုပ်ဖျက်ပြီးမှသာ သွားလာလှုပ်ရှားနိုင်လေ့ရှိသည်။
"ဒါနဲ့ ဒီနိုင်ငံမှာ အဲ့လိုစွမ်းအားကြီးတဲ့လူတွေနဲ့ တွေ့မယ်လို့ငါမထင်ထားဘူး။ တော်သေးတယ် ငါတို့အဖမ်းခံရတော့မလို့" ဟု အခြားတစ်ယောက် ပြောသည်။
စွမ်းအားကြီးတဲ့လူတွေလား။
အဲ့တာကိုကြားတဲ့အခါမှာတော့ လင်ရှောင်းထင် ဟာသိုင်းလေ့ကျင့်တဲ့လူတွေကို တွေးမိသွားတယ်။ အဘယ်ကြောင့်ဆိုသော် သွေးစုပ်ဖုတ်ကောင်တွေဟာ စွမ်းအားကြီးတဲ့သတ္တဝါတွေ ဖြစ်လို့ဖြစ်သည်။ သာမာန်လူတစ်ယောက်ဟာ ဘယ်လောက်ပဲသန်မာပါစေ သူ ဒါမှမဟုတ် သူမဟာ သွေးစုပ်ဖုတ်ကောင်နဲ့တော့ မယှဉ်နိုင်ပေ။
သွေးစုပ်ဖုတ်ကောင်တွေကို အနိုင်ယူနိုင်တဲ့ သာမာန်လူတွေ ရှိချင်ရင်တော့ ရှိနိုင်တယ်။ ဒါပေမယ့် အဲ့လိုဖြစ်နိုင်ချေဟာ အလွန်နည်းပါးလှသည်။
"ဟုတ်ပါ့ ပြီးတော့ သူတို့က လေပေါ်လဲ ပျံနိုင်သေးတယ်"
အဲ့တာကို ကြားတဲ့အခါမှာတော့ လင်ရှောင်းထင်ဟာ ထိုလူတွေပြောနေတဲ့ သူတွေဟာ သိုင်းကျင့်ကြံသူတွေဖြစ်ကြောင်း ပိုသေချာသွားပါတော့သည်။
"ငါတို့မြန်မြန်ပြန်ပြီး ငါတို့ခေါင်းဆောင်ကို ဒီသတင်းပြောပြမှဖြစ်မယ်...."
ထိုစကားကိုကြားလိုက်သောအခါ လင်ရှောင်းထင်၏ မျက်လုံးများထဲတွင် အေးစက်မှုများ ပေါ်ထွက်လာတော့သည်။ သူသည် သူတို့ကို ရှာတွေ့ပြီးပြီဖြစ်တဲ့အတွက် သူတို့အနေနဲ့ သူတို့ခေါင်းဆောင်ကို သတင်းပြန်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ချေ။
လင်ရှောင်းထင်ဟာ တုန့်ဆိုင်းမနေတော့ဘဲ ဂူထဲသို့ လမ်းလျှောက်ဝင်သွားပါတော့သည်။
ဂူအပေါက်ဝမှ ဂူအတွင်း မီတာ၅၀ အတွင်းတွင် ဘာမှထူးခြားမှု မရှိချေ။ ဂူအတွင်းပိုင်းသည် မီတာ၃၀ခန့် ကျယ်ပြီး ၇မီတာခန့်မြင့်သည်။ မြေပြင်ပေါ်တွင် ကျောက်တုံးအနည်းငယ်ခန့်သာရှိပြီး နိုင်ငံခြားသားနှစ်ဦးသည် ထိုကျောက်တုံးတွေပေါ်မှာ အေးအေးဆေးဆေး ထိုင်နေကြသည်။
ထိုအမျိုးသားနှစ်ဦးစလုံးသည် အသက် ၂၅နှစ်မှ ၃၀အတွင်းခန့်သာရှိပြီး သူတို့၏ အဝတ်များသည် စုတ်ပြတ်နေပြီး သွေးများလည်း စွန်းပေလျက်ရှိသည်။
ထိုယောင်္ကျားနှစ်ဦးသည် သာမာန်လူများမဟုတ်၍ သူတို့တွင်လည်း အာရုံခံနိုင်စွမ်းရှိကြသည်။ သူတို့သည် လင်ရှောင်းထင်ကို သူတို့၏ ၁၀မီတာပတ်ဝန်းကျင်အတွင်း ဝင်ရောက်လာကတည်းက ရှာဖွေတွေ့ရှိပြီးဖြစ်သည်။ လင်ရှောင်းထင်သည် အသက်အောင့်မထားတော့ဘဲ ပေါ့ပေါ့ပါးပါးပဲ ရှေ့ကို ဆက်လျှောက်သွားတော့သည်။
လူစိမ်းတစ်ယောက် ဂူထဲဝင်လာမှန်းသိသောအခါ ထိုနိုင်ငံခြားသားနှစ်ယောက်သည် အချင်းချင်း မျက်စပစ်လိုက်ကြသည်။ ထို့နောက်သူတို့သည် ထိုင်နေရာမှ ချက်ချင်းထ၍ ကျောက်တုံးကြီးများနောက်တွင် ပုန်းလိုက်ကြသည်။ သူတို့သည် စွမ်းအားကြီးတဲ့ လူရောက်လာမှာကို စိုးရိမ်သောကြောင့် ဖြစ်သည်။
လင်ရှောင်းထင်သည် ဂူအတွင်းမှ လှုပ်လှုပ်ရှားရှား အသံကြားသော်လည်း ထိုလူများ၏ နေရာအတိအကျအားသိရန် သူ့ရဲ့စိတ်အာရုံခံမှုကိုသုံး၍ ရှာနေစရာမလိုပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ခန္ဓာကိုယ်ပေါ်မှ သွေးနံ့များသည် အလွန်စူးရှနေသောကြောင့် အဝေးကြီးကနေတောင် သူအနံ့ခံနိုင်သောကြောင့် ဖြစ်သည်။
လင်ရှောင်းထင်သည် ဂူအတွင်းသို့ရောက်သောအခါ သူ့ရဲ့လက်ကိုမြှောက်၍ ထိုလူနှစ်ယောက်ရှေ့ရှိ ကျောက်တုံးကြီးအား မှော်အစွမ်းများသုံးကာ တိုက်ခိုက်လိုက်သည်။
ထိုလူနှစ်ယောက်သည် စွမ်းအားပြင်းပြီး အလွန်ဖိအားပြင်းတဲ့ တိုက်ခိုက်မှုကို ခံစားလိုက်ရသည်။
အဲ့ဒီစွမ်းအားမျိူးကို သူတို့ရင်းနှီးလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့တွေ့ဖူးတဲ့ စွမ်းအားကြီးတဲ့လူတွေဟာ ဒီလိုစွမ်းအားမျိုးနဲ့ သူတို့ကို တိုက်ခိုက်ဖူးသောကြောင့်ဖြစ်သည်။ ထို့အပြင် ဒီတစ်ခေါက်တိုက်ခိုက်မှုသည် သိသိသာသာပင် ပို၍စွမ်းအားကြီးလေသည်။
ထို့ကြောင့် ထိုအမျိုးသားနှစ်ယောက်သည် ထိုတိုက်ခိုက်မှုကို ရှောင်ရှားချင်ကြသော်လည်း နောက်ကျသွားပြီဖြစ်သည်။ ဘုံး..ဆိုသော် အသံကြီးနဲ့အတူ သူတို့ရှေ့ရှိ ကျောက်တုံးကြီးသည် တစ်စစီကွဲသွားတော့သည်။ ထို့အပြင် ကျောက်တုံးကြီးမှ ကွဲထွက်လာသော ကျောက်တုံးအသေးစများသည် သူတို့အားတိုက်ရိုက်ထိမှန်၍ သူတို့သည် မြေပြင်ပေါ်အား လဲကျသွားတော့သည်။
ထို့နောက်မှာတော့ သူတို့၏ခန္ဓာကိုယ်အား လာရောက်ထိမှန်သော စွမ်းအားကြီးသော ထိခိုက်မှုများကြောင့် ထိုလူနှစ်ယောက်၏ ပါးစပ်မှ သွေးစိမ်းများ ပန်းထွက်လေတော့သည်။ သို့သော်လည်း သူတို့သည် သွေးစုပ်ဖုတ်ကောင်များဖြစ်သောကြောင့် စွမ်းအားကြီးတဲ့ တိုက်ခိုက်မှုကို ခံရပြီး ဒဏ်ရာရသွားသော်လည်း ပြန်လည်တိုက်ခိုက်နိုင်စွမ်းတော့ရှိသေးသည်။ သူတို့၏ စွမ်းအားအနည်းငယ်သာ လျော့နည်းသွားခြင်းဖြစ်သည်။
သူတို့၏အစွမ်းသည် လင်ရှောင်းထင်နဲ့ မယှဉ်နိုင်ရုံသာမက၊ သူတို့မှာရှိသမျှခွန်အားအလုံးစုံကိုသုံး၍ တိုက်ခိုက်မှသာ သူတို့အတွက် အသက်ရှင်နိုင်တဲ့ အခွင့်အရေးရှိကြောင်း သူတို့သိလေသည်။ ထို့ကြောင့် ထိုလူနှစ်ယောက်သည် လင်ရှောင်းထင်ကိုတိုက်ခိုက်ရန် မြေကြီးပေါ်မှ ချက်ချင်းပြန်ထလေသည်။
သူတို့သည် လင်ရှောင်းထင်ဝတ်ထားသော စစ်ဝတ်စုံကို မြင်ပြီး၍ သူဟာစစ်သားမှန်းသိပြီးဖြစ်လေသည်။ ထို့ကြောင့် သူတို့သာ အသက်ရှင်လျှက်ထွက်မပြေးနိုင်ဘဲ အဖမ်းခံရပါက ပြသနာအကြီးအကျယ်တက်နိုင်ကြောင်း သိလေသည်။
ကံစိုးစွာနဲ့ပဲ လင်ရှောင်းထင်ဟာ သူတို့အစောက တွေ့ခဲ့သောစွမ်းအားကြီးတဲ့ လူတွေထက် ပိုအစွမ်းထက်လေသည်။ ရှေ့လူတွေနဲ့ တိုက်ခိုက်ရာမှာတင် သူတို့ရှုံးနိမ့်ခဲ့ရာ လင်ရှောင်းထင်ကိုနိုင်ဖို့ဆိုရင် ပိုလို့တောင်မဖြစ်နိုင်တော့ချေ။ ထို့အပြင် လင်ရှောင်းထင်က သူတို့အား လွယ်လွယ်ကူကူပဲ ဒဏ်ရာရစေခဲ့သည်။
လင်ရှောင်းထင်က ထိုလူနှစ်ယောက်ကို ချက်ချင်း မထိန်းချုပ်နိုင်သေးချေ။ သို့သော်လည်း ထိုလူနှစ်ယောက်သည် သူနဲ့ တိုက်ခိုက်နေသမျှ အချိန်တခုလုံးတွင် သူ့ကိုထိခိုက်စေဖို့မပြောနဲ့ သူ့အဝတ်စလေးကိုတောင် မထိနိုင်ကြချေ။
အတန်ကြာတိုက်ခိုက်ပြီးတဲ့အခါမှာတော့ ထိုသွေးစုပ်ဖုတ်ကောင်နှစ်ကောင်ဟာ အားကုန်သွား၍ လင်ရှောင်းထင်ဖမ်းတာ ခံလိုက်ရသည်။
ထိုသွေးစုပ်ဖုတ်ကောင်နှစ်ကောင်သည် အရှင်လက်လက် အဖမ်းခံလိုက်ရသောကြောင့် ကြောက်လန့်နေလျက်ရှိသည်။
"မင်းတို့ ငါ့နိုင်ငံထဲကို ဘာကိစ္စနဲ့ ဝင်လာတာလဲဆိုတာ ပြောစမ်း"ဟု လင်ရှောင်းထင်က သူတို့အား Mဘာသာစကားဖြင့် မေးလေသည်။
လင်ရှောင်းထင်သည် စစ်သားတစ်ယောက်ဖြစ်သော်လည်း သူကပုံမှန်စစ်သားတစ်ယောက်တော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကိုယ့်ကိုကိုယ် ကာကွယ်ရန်နှင့် ပုန်းရှောင်ဖို့ရန်အတွက် သူသည် ဘာသာစကားအမျိုးမျိုးအား ကျွမ်းကျင်သောကြောင့် ဖြစ်သည်။
ထိုသွေးစုပ်ဖုတ်ကောင် နှစ်ယောက်ဟာ ဘာစကားမှမပြောဘဲ ပါးစပ်ပိတ်နေသော်လည်း လင်ရှောင်းထင်ကတော့ စိတ်အေးအေးထားဆဲပင် ဖြစ်သည်။
"ကောင်းပြီလေ မင်းတို့ဘာမှမပြောဘူးဆိုရင်လဲ ငါမင်းတို့ကို Mနိုင်ငံသံရုံးကို ပို့လိုက်မယ်"ဟု လင်ရှောင်းထင်က ဆိုသည်။
ဤသည်ကိုကြားသောအခါ ထိုသွေးစုပ်ဖုတ်ကောင်နှစ်ယောက်ဟာ ထိတ်လန့်သွားတော့သည်။ သူတို့ကိုသာ သံရုံးပို့ခံလိုက်ရရင် ပြသနာက သူတို့နှစ်ယောက်တင်မကဘဲ သွေးစုပ်ဖုတ်ကောင်မိသားစုတစ်ခုလုံးပါ ပါဝင်လာနိုင်လေသည်။ ထို့ကြောင့် "ငါတို့က လူတစ်ယောက်ကို လာရှာတာ"ဟု သွေးစုပ်ဖုတ်ကောင်တစ်ကောင်က လျင်လျင်မြန်မြန်ပဲ ဖြေကြားလိုက်သည်။
"လူတစ်ယောက်ကို လာရှာတာ၊ အဲဒီလူက ဘယ်သူလဲ"ဟု လင်ရှောင်းထင်က မေးလေသည်။ ထိုလူနှစ်ယောက်က သူ့ကိုအမှန်အတိုင်း ဝန်ခံမယ်လို့တော့ မထင်ပေ။
"အဲ့လူက ငါတို့ဆီကနေ ငွေတွေအများကြီး ချေးသွားပြီး ပြန်မဆပ်ဘဲ မင်းတို့နိုင်ငံထဲ ထွက်ပြေးသွားလို့"ဟု အခြားသွေးစုပ်ဖုတ်ကောင် တစ်ယောက်က ဖြေသည်။
"သူ့နာမည်က ဘယ်သူလဲ"ဟု လင်ရှောင်းထင်က မေးလေသည်။
"ခရုစ်"ဟု ထိုသွေးစုပ်ဖုတ်ကောင်က နာမည်တုတစ်ခုအား ပေးလေသည်။
လင်ရှောင်းထင်က သူပြောသမျှအား အယုံအကြည် မရှိချေ။
"မင်းတို့ဘာမင်းတို့ ဘာအကြောင်းကိစ္စနဲ့ပဲလာလာ၊ ငါတို့နိုင်ငံက လူ၂၃ကို မင်းတို့သတ်ထားတယ်။ အဲ့အတွက်ကြောင့် မင်းတို့ဟာ ငါနဲ့သံရုံးကို လိုက်ကိုလိုက်ခဲ့ရမယ်" ဟု လင်ရှောင်းထင်က ပြောလေသည်။
"မင်း...."ဟု ထိုသွေးစုပ်ဖုတ်ကောင်နှစ်ယောက်က အံ့အားသင့်သွားကြသည်။ ထိုသွေးစုတ်ဖုတ်ကောင်နှစ်ကောင်ဟာ လင်ရှောင်းထင်က သူတို့အား သံရုံးကိုချည်းပို့မယ်ပြောလို့ အံ့အားသင့်ရုံသာမက ထိုလူတွေကို သတ်တဲ့တရားခံဆိုတာ သူတို့ဆိုတာ သိနေတဲ့အတွက်ပါ ပိုအံ့ဩသွားကြလေသည်။
အဘယ်ကြောင့်ဆိုသော် ထိုလူတွေ သေဆုံးတဲ့ပုံက ထူးဆန်းတဲ့အပြင် သူတို့နှစ်ယောက်က သာမာန်လူနဲ့ ဘာမှကွာခြားမှုမရှိသောကြောင့်ဖြစ်သည်။ ထိုလူတွေကို သတ်တဲ့တရားခံက သူတို့ဆိုတာ လင်ရှောင်းထင် ဘယ်လိုများသိသွားတာလဲ။
"မင်းလူမှားနေပြီ"
ထိုလူတွေကို သတ်တာ သူတို့ဖြစ်ပေမဲ့လည်း သူတို့မဟုတ်ကြောင်း ငြင်းဆန်ချင်နေသေးသည်။
"ငါမမှားဘူး။ ငါမင်းတို့ခုနကပြောတဲ့စကားတွေကို ကြားလိုက်တယ်။ မင်းတို့က လူမဟုတ်ပဲ သွေးစုပ်ဖုတ်ကောင်ဆိုတာကိုလဲ ငါသိတယ်"ဟု လင်ရှောင်းထင်က ပြောလိုက်သည်။ သူတို့ရဲ့ မျိုးစိတ်အမှန်ကို သူသိနေတာကို ဖုံးကွယ်မနေချင်သောကြောင့် ဖြစ်သည်။
အဲ့တာကိုကြားလိုက်တဲ့အခါမှာတော့ သွေးစုပ်ဖုတ်ကောင်နှစ်ကောင်ဟာ အံ့ဩသွားကြသည်။ အံ့အားသင့်စွာပင် သူတို့နှစ်ယောက်က သွေးစုပ်ဖုတ်ကောင်တွေဆိုတာ လင်ရှောင်းထင် သိနေလေသည်။
အဲ့ဒီအချိန်မှာတော့ ထိုသွေးစုပ်ဖုတ်ကောင် နှစ်ကောင်ဟာ သူတို့ကိုယ်သူတို့ ဘယ်လိုခုခံရမလဲ မသိတော့ချေ။ သူတို့အတွက် ဘဝဆိုးပြီဆိုတာ သိသွားသောကြောင့် ဖြစ်သည်။
ထိုသွေးစုပ်ဖုတ်ကောင်နှစ်ကောင်သည် တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်း ဖလှယ်ပြီးနောက် သူတို့လက်ကောက်ဝတ်ရှိ နာရီဘေးမှ ခလုတ်အား မြန်မြန်ဆန်ဆန်ပင် ပြိုင်တူနှိပ်လိုက်ကြလေသည်။ လင်ရှောင်းထင်သည် ဖြစ်လာမှာကို စိတ်ထဲကြိုသိလိုက်သော်လည်း သူတို့ကို အချိန်မှီ မတားလိုက်နိုင်လိုက်ချေ။
ချက်ချင်းဘဲ ဘုန်း...ဆိုတဲ့အသံအကျယ်ကြီးနှင့်အတူ သွေးစုပ်ဖုတ်ကောင်နှစ်ကောင်ဟာ အရိုးတောင်မကျန်ဘဲ ပေါက်ကွဲသွားကြသလို လင်ရှောင်းထင်ကိုယ်တိုင်ကလဲ ၁၀မီတာကျော်ခန့် လွင့်ထွက်သွားလေသည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၀၆ အကြံအစည်တွေရှိနေကြတာလား?
သူတို့ရဲ့လက်ပတ်နာရီထဲတွင် ဗုံးချပ်စ်ပြား တပ်ဆင်ထားခြင်းဖြစ်သည်။ သူတို့အတွက် လွတ်လမ်းမရှိတော့ဘူးဆိုတာ သေချာတာနဲ့ ကိုယ့်ကိုကိုယ် တန်းပြီးသတ်သေနိုင်စေရန်ဖြစ်သည်။ ဒီနည်းလမ်းနဲ့ပဲ သွေးစုပ်ဖုတ်ကောင်မိသားစုတစ်ခုလုံးကို ဘာမှမထိခိုက်စေနိုင်မှာ ဖြစ်သည်။
ဗုံးချပ်စ်ပြားဖြစ်တာမလို့ သိပ်လဲအားမပြင်းပေ။ သူတို့နဲ့ အလွန်နီးကပ်နေတဲ့ နေရာကလူတွေကို ထိခိုက်စေတာကလွဲရင် ကိုယ့်ကိုကိုယ် သတ်သေဖို့ရုံသာ လုံလောက်တဲ့ပေါက်ကွဲအားသာ ရှိလေသည်။
လင်ရှောင်းထင်က ထိုအရာကိုမြင်တဲ့အခါမှာ ပေါက်ကွဲမှုကြောင့် သူတို့ကို အရှင်မဖမ်းလိုက်နိုင်၍ စိတ်အတော် မကျေမနပ်ဖြစ်သွားလေသည်။
ထို့အပြင် သူ့နိုင်ငံလာရတဲ့ သူတို့ရဲ့ အကြောင်းပြချက် အစစ်အမှန်ကိုလဲ သူ,မသိနိုင်တော့တာကြောင့်လဲ ပါသည်။
တကယ်လို့ ကိုယ်ပိုင်ရန်ငြိုးရန်စတစ်ခုခုကြောင့် လာတာဆိုရင်တော့ ဖြေရှင်းရလွယ်လေသည်။ ဒါပေမယ့် သူတို့နိုင်ငံရဲ့ အစိုးရကပါ ပါဝင်ပတ်သတ်နေရင်တော့ အချိန်မရွေးထပေါက်နိုင်တဲ့ အချိန်ကိုက် ဗုံးတစ်လုံးလို ပြသနာအကြီးအကျယ် ရှိနေနိုင်လို့ ဖြစ်သည်။
ကိုယ့်နိုင်ငံမှာ သိုင်းကျင့်ကြံသူတွေရှိလို့ သွေးစုပ်ဖုတ်ကောင်တွေ ကျူးကျော်တိုက်ခိုက်လာရင်တောင် တန်ပြန်တိုက်ခိုက်နိုင်ပေမဲ့လဲ ပြသနာဖြစ်တာ ဘာကောင်းကျိုးမှ မရှိပေ။
သူတို့နှစ်ယောက်လုံး သေသွားပြီဖြစ်တဲ့အတွက် လင်ရှောင်းထင်အနေနဲ့ ထိုနေရာမှာ ဆက်နေစရာ အကြောင်းမရှိတော့ချေ။ ဘာပဲဖြစ်ဖြစ် သူ့အထက်အရာရှိကို သတင်းပို့ပြီးရင် သူ့တာဝန်ပြီးပြီဖြစ်သည်။
ဂူထဲက လမ်းလျှောက်ထွက်လာပြီးချိန်မှာတော့ လင်ရှောင်းထင်ရဲ့ဖုန်းဟာ လိုင်းပြန်မိပြီမလို့ သူ့အထက်အရာရှိဆီ သူတန်းဖုန်းဆက်လိုက်သည်။
"အမှုကိစ္စ ပြီးပြီလား"ဟု သူ့ဖုန်းကို တဖက်ကကိုင်လိုက်တာနဲ့ ဩဇာပါပြီး လေးနက်တဲ့ အမျိုးသားတစ်ယောက်ဟာ စိုးရိမ်စွာနဲ့ မေးတဲ့အသံကို သူကြားလိုက်ရသည်။
"ဟုတ်ကဲ့ ပြီးပါပြီ။ ဒါပေမယ့် လူသတ်သမားက သူ့ခန္ဓာကိုယ်ထဲမှာ ဗုံးချပ်စ်ပြား တပ်ဆင်ထားတယ်။ သူ့အတွက် လွတ်လမ်းမရှိတာသိတဲ့အခါ ချက်ချင်းပဲ ကိုယ့်ကိုကိုယ် သတ်သေသွားပါတယ်"ဟု လင်ရှောင်းထင်က သူစိတ်မကြည်တာသိသာစေရန် အရမ်းစိတ်ရှုပ်နေတဲ့အသံနဲ့ အံ့ကိုကြိတ်လို့ ပြန်ဖြေလိုက်သည်။
ထိုအရာကိုကြားတဲ့အခါ အထက်အရာရှိက ကိစ္စတွေက ထင်သလောက် မရိုးရှင်းဘူးဆိုတာ သဘောပေါက်သွားပြီး လေးလေးနက်နက်နဲ့ပဲ "သူတို့က ဘယ်သူတွေလဲ"ဟု ပြန်မေးသည်။
"ကြားရတာ ထူးတော့ထူးဆန်းနေလိမ့်မယ်။ အဲ့တာကြောင့် ကျွန်တော်အမှန်အတိုင်း မပြောခင်မှာ စိတ်ကို ကျေးဇူးပြုပြီး သေချာပြင်ဆင်ထားပေးပါ။ ကြားရတာ သိပ်တော့ ယုံကြည်ဖို့ကောင်းမှာမဟုတ်ဘူး"လို့ လင်ရှောင်းထင်က ပြန်ပြောလိုက်သည်။
အဲ့ဒီအခါ အထက်အရာရှိဟာ စိတ်ပူသွားပြီး "ပြောပါ"ဟု ပြန်ဖြေသည်။
"သူတို့က Mနိုင်ငံလာတာပါ ဒီအချက်က အဓိကအချက်တော့မဟုတ်ပါဘူး။ အဓိကပြောချင်တဲ့ အချက်ကတော့ သူတို့ဟာ သွေးစုပ်ဖုတ်ကောင်တွေပါ။ ရှင်းရှင်းပြောရရင် သူတို့ကလူစစ်စစ်တွေမဟုတ်ပါဘူး။ သူတို့ကလူတစ်ဝက် သစ္တေသရဲတစ်ဝက်လူတွေပါ။ သူတို့ဟာ အခြားသတ္တဝါတွေရဲ့ သွေးကိုစုတ်ပြီး အသက်ရှင်သန်ကြတဲ့အပြင် ပုံမှန်လူတွေနဲ့ယှဉ်ရင် သူတို့က အဆပေါင်းများစွာလဲ ပိုသန်မာကြပါတယ်"ဟု လင်ရှောင်းထင်က ပြန်ဖြေသည်။
"ဘာပြောတယ်၊ သွေးစုပ်ဖုတ်ကောင် ဟုတ်လား"ဟု ထိုအရာကို ကြားတဲ့အခါအထက်အရာရှိက အနည်းငယ် တုန်လှုပ်ခြောက်ခြားသွားလေသည်။ သူ့ဘဝမှာ ဒါမျိုးကြားဖူးတာ ဒါပထမဆုံးမလို့ ဖြစ်သည်။
သူသည် သွေးစုပ်ဖုတ်ကောင်ကို ဇာတ်လမ်းဇာတ်ကားတွေထဲမှာသာ တွေ့ဖူးပေမဲ့ ဇာတ်ကားတွေထဲကအရာဟာ အမှန်တကယ်မဟုတ်ပေ။ ထို့ကြောင့်သူက မကောင်းဆိုးဝါး၊ သစ္တေသရဲဆိုတာမျိုးကို အယုံအကြည်မရှိသူ ဖြစ်သည်။
"သွေးစုပ်ဖုတ်ကောင်ဆိုတာ ဒီကမ္ဘာပေါ်မှာ တကယ်ရောရှိတာ ဟုတ်ရဲ့လား"ဟု အထက်အရာရှိက မေးလေသည်။
"ကမ္ဘာကြီးက အရမ်းကျယ်ပြောပြီး ထူးဆန်းတဲ့အရာတွေနဲ့ ပြည့်နက်နေတာပါ။ ကျွန်တော့်တို့နိုင်ငံမှာလဲ မှော်ဆန်ဆန်စွမ်းအင်တွေ သုံးနိုင်တဲ့လူတွေ ရှိရင်လဲရှိနေနိုင်တာပဲ"ဟု လင်ရှောင်းထင်က ပြန်ပြောလေသည်။ သူ့အထက်အရာရှိကို သူသွေးစုပ်ဖုတ်ကောင်တွေအကြောင်း အမှန်အတိုင်း ပြောပြလို့ရပေမဲ့ ကျင့်ကြံသူတွေအကြောင်းကိုတော့ ခဏတာ လျှိူ့ဝှက်ထားရပေမည်။
အခုချိန်ထိတော့ အဲ့ကိစ္စကို လျှိူ့ဝှက်ထားရဦးမည်။ တကယ်လို့ သူတို့ကို အမှန်အတိုင်းပြောပြရင်တောင် ဖုန်းနဲ့ပြောပြလို့မရပေ။ ဖုန်းနဲ့ သေချာရှင်းရှင်းလင်းလင်း ပြောပြရန် ခက်ခဲသောကြောင့် ဖြစ်သည်။
အထက်အရာရှိဟာ ခေတ္တခဏမျှ တိတ်ဆိတ်သွားလေသည်။ အမှန်ပင် ထိုကိစ္စမျိုးဟာ ယုံကြည်နိုင်ချင်စရာမရှိသော်လည်း သူ့အနေနဲ့ မယုံကြည်ချင်ပေမဲ့လည်း ဇွတ်ယုံကြည်ရတော့မည် ဖြစ်သည်။
"သူတို့သေသွားပြီဆိုတော့ ဒီအမှုက ကိစ္စပြတ်ပြီ။ ဒါပေမယ့် ဒီအရာက ထူးဆန်းနေတာကြောင့် ဖြစ်ပျက်ထားသမျှကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းတစ်ခုခု မင်းအမြန်စဉ်းစားမှရမယ်။ သေသွားတဲ့လူတွေရဲ့ မိသားစုတွေကိုလဲ ဒီသတင်းမပြန့်သွားအောင် ကျေနပ်လောက်မဲ့ နစ်နာကြေး ပေးလိုက်ဦး"ဟု အထက်အရာရှိက ဆိုသည်။
"နားလည်ပါပြီ"ဟု လင်ရှောင်းထင်ကဆိုကာ ဖုန်းကိုချလိုက်လေသည်။
ရှုကျင်းချန်နဲ့ အဖွဲ့ဟာ တောင်ခြေမှာပဲ ရှိနေဆဲဖြစ်သည်။ သူတို့က ဂူနဲ့တော်တော် ကွာဝေးတာကတစ်ကြောင်း၊ ပေါက်ကွဲမှုဟာ ဂူအတွင်းဆုံးပိုင်းမှာ ဖြစ်တာကတစ်ကြောင်း၊ ပေါက်ကွဲအားဟာလဲ သိပ်မပြင်းတာက တစ်ကြောင်းကြောင့် သူတို့တစ်ယောက်မှ ဗုံးပေါက်ကွဲသံကို မကြားလိုက်ပေ။
လင်ရှောင်းထင်က လူသတ်သမားနဲ့ ဆုံလားမဆုံလားဆိုတာကို သူတို့မသိတဲ့အတွက်ကြောင့် သူတို့ဟာ သူ့အတွက် စိတ်ပူမြဲပူဆဲပင် ဖြစ်သည်။
သူတို့အတူတူ စစ်ဆင်ရေးပေါင်းတစ်ရာကျော် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ သူတို့သည် စစ်ဆင်ရေးတိုင်းကို အမြဲအောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့သော်လည်း ဒီတစ်ခေါက်က အခြားစစ်ဆင်ရေးများနှင့် မတူညီပေ။ သူတို့ရဲ့ရန်သူဟာ အရင်ကလူသားတွေသာ ဖြစ်ပြီး အခုဆိုရင်တော့ သူတို့ဟာ မကောင်းဆိုးဝါးတွေ သစ္တေသရဲတွေနဲ့ပဲ ကြုံနေလေ့ရှိသည်။
မကောင်းဆိုးဝါးတွေ သရဲတစ္တေတွေကို ရင်ဆိုင်ရတာဟာ လူသားတွေကို ရင်ဆိုင်ရတာထက်ပိုပြီး ခက်ခဲလေသည်။
သူတို့ဟာ လင်ရှောင်းထင်ကို မြင်မှပဲ စိတ်အေးနိုင်တော့လေသည်။ ချက်ချင်းပဲ သူတို့ဟာ သူဆီပြေးသွားလေသည်။
"ဘော့စ် အခြေအနေဘယ်လိုလဲ"
"သဲလွန်စ ပြတ်သွားသေးလား"
"..."
သူတို့သည် လင်ရှောင်းထင်အား မေးခွန်းများ တရဆက်မေးလေသည်။ အဘယ်ကြောင့်ဆိုသော် လင်ရှောင်းထင်ထွက်သွားတဲ့ အချိန်ကမကြာသလို သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာလဲမတွေ့ရပေ။ ထို့ကြောင့် သူတို့က သူလူသတ်သမားကို ရှာမတွေ့ခဲ့ဖူးလို့သာ တွေးထင်ကြခြင်းဖြစ်သည်။
"အကုန် ဖြေရှင်းပြီးသွားပြီ"ဟု လင်ရှောင်းထင်မှ ပြန်ဖြေလိုက်သည်။
"ဘယ်လို"
"ဘာပြောလိုက်တယ်၊ အကုန်ဖြေရှင်းပြီးသွားပြီဟုတ်လား"
"အခုလောက် အချိန်တိုတိုလေးတင်မှာတင်လေ"
လူတိုင်းက သူပြောတာကို ကြားတဲ့အခါမှာ အံ့အားသင့်သွားကြလေသည်။
"ဟုတ်တယ်"ဟု လင်ရှောင်းထင်က ခေါင်းငြိမ့်ပြလိုက်လေသည်။ သိုင်းစလေ့ကျင့်ပြီးတဲ့ အချိန်ကစပြီး သူ့အတွက် စစ်ဆင်ရေးတာဝန်တွေ ဆောင်ရွက်ရတာဟာ တဖြည်းဖြည်း ပိုပိုပြီးလွယ်ကူလာသည်။
သိုင်းလေ့ကျင့်တွေရဲ့ ကမ္ဘာမှာတော့ ကျင့်ကြံသူတွေဟာ လူသာမာန်သေမျိုးတွေကို မတိုက်ခိုက်ရဖူးဆိုတဲ့ စည်းကမ်းရှိသော်လည်း လင်ရှောင်းထင်က သူတို့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ဦးမဟုတ်သေးပေ။ ထို့ကြောင့် ထိုစည်းကမ်းများဟာ သူ့အပေါ်အကျုံးဝင်မှု မရှိသေးပေ။
သူက ကျင့်ကြံသူမှန်ပေမဲ့လည်း တချိန်တည်းမှာပဲ ဒီတိုင်းပြည်ရဲ့ စစ်သားတစ်ဦးလဲဖြစ်နေသေးသည်။ ထို့ကြောင့် သူ့တာဝန်ကိုသူထမ်းဆောင်ရန် လိုအပ်နေသေးသည်။
"ဒါဆို လူသတ်သမားက ဘယ်သူလဲ။ ဘာလို့ လူသတ်သမားကို တခါတည်းပြန်ဖမ်းမလာခဲ့တာလဲ"ဟု ရှုကျင်းချန်မှ အဖြေကို မစောင့်နိုင်တော့ဘဲ မေးလေသည်။
"တကယ်တော့ သူတို့က Mနိုင်ငံကလာတဲ့ သွေးစုပ်ဖုတ်ကောင်နှစ်ကောင်ပဲ။ ဒါပေမယ့် သူတို့က ငါဖမ်းတာကို မခံချင်တဲ့အတွက် သူတို့ကိုယ်ပေါ်မှာ ဆောင်ထားတဲ့ ဗုံးနဲ့ခွဲပြီး ကိုယ့်ကိုကိုယ်သတ်သေသွားကြတယ်"ဟု လင်ရှောင်းထင်က စိတ်အေးလက်အေးပဲ ပြန်ဖြေလိုက်သည်။
ထိုအရာကိုကြားတဲ့အခါမှာတော့ လူတိုင်းက သူတို့စိတ်ထဲမှာ ဒီအမှုကို သာမာန်လူကျူးလွန်တာ မဟုတ်မှန်း ကြိုသိနေပေမဲ့လည်း အံ့ဩသွားကြလေသည်။
"Mနိုင်ငံကလား။ သူတို့မှာ အကြံအစည်တစ်ခုခုများ ရှိနေနိုင်လား"ဟု အိုက်ဝေ့ရွှမ်းက စိတ်ပူစွာနဲ့ မေးလိုက်သည်။
အခြားသူများကလဲ ထိုအရာကိုစိတ်ပူနေကြခြင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့နိုင်ငံနဲ့ Mနိုင်ငံဟာ မတည့်သောကြောင့်ဖြစ်သည်။ သူတို့ ၂နိုင်ငံဟာ အမြဲပြိုင်ဆိုင်နေကြတာမလို့ ဖြစ်သည်။
"ဘော့စ်ကရော ဘယ်လိုထင်လဲ"ဟု ရှင်းပိုင်မှ သူ့အနေနဲ့ သွေးစုပ်ဖုတ်ကောင်နှစ်ကောင်ဟာ သတ်သေသွားတဲ့အတွက် မျှော်လင့်ချက် သိပ်မရှိပေမဲ့လည်း မေးလိုက်လေသည်။
"သူတို့ကတော့ ငါ့ကို သူတို့ဆီအကြွေးတင်နေတဲ့လူကို ရှာဖို့ ဒီနိုင်ငံထဲဝင်လာတာလို့ ပြောတာပဲ။ ဒါပေမယ့် အဲ့တာက သေချာပေါက် လိမ်နေတာပဲ။ ငါ့ကိုအမှန်အတိုင်းပြောရမဲ့အစား သူတို့ကိုယ်သူတို့ သတ်သေဖို့ရွေးသွားကြတယ်"ဟု လင်ရှောင်းထင်မှ ပြန်ဖြေလေသည်။
"အဲ့တာအမှန်ပဲ" ဟု အကုန်လုံးက သဘောတူလေသည်။
...
စနေ၊ တနင်္ဂနွေနှစ်ရက်စလုံးကို ကုနင်းဟာ သိုင်းလေ့ကျင့်ရင်း အချိန်ဖြုန်းခဲ့ပေမဲ့လည်း သူမရဲ့ ဝိညာဉ်နဲ့ သူမရဲ့ခန္ဓာကိုယ်ကို မပေါင်းစည်းနိုင်ခဲ့ပေ။
ကျင်းယွင်ယောင်ဟာ ကုနင်းရဲ့ခန္ဓာကိုယ်ထဲမှာ ဖီးနစ်ငှက်ရဲ့ သွေးစ်က်စီးဆင်းနေတယ်ဆိုတာ သိထားသည်။ ထို့ကြောင့်သူမအနေနဲ့ သိုင်းကျင့်ကြံဖို့ရာအတွက် အရိုးကိုဖြတ် ချဉ်ဆီကို သန့်စင်ဆိုသော လမ်းစင်ကို လုပ်ဆောင်ရန် မလိုအပ်ပေ။ ဒါပေမယ့် သူမဟာ ကုနင်းက ပြန်လည်မွေးဖွားလာသူတစ်ယောက်ဆိုတာကိုတော့ မသိဘူးဖြစ်သည်။ ထို့ကြောင့်သူမဟာ ကုနင်းအနေနဲ့ သိုင်းစတင်ကျင့်ကြံရန်အတွက် သူမရဲ့ဝိညာဉ်နဲ့ ခန္ဓာကိုယ်ဟာ တစ်သားတည်း ပေါင်းစည်းရန်လိုအပ်တာကို မသိခြင်းဖြစ်သည်။ သူမထင်နေတာက ကုနင်းဟာ သိုင်းကျင့်စဉ်ကို သေချာ မကျွမ်းကျင်သေးတာလို့သာ ထင်မြင်နေခြင်းဖြစ်သည်။
"ကိစ္စမရှိပါဘူး။ ဖြေးဖြေးချင်း အချိန်ယူလေ့ကျင့်။ သိုင်းလေ့ကျင့်ရတာဟာ အချိန်တအားကုန်တဲ့အလုပ်ပဲ။ ငါတို့ကျင့်ကြံသူတွေရဲ့ ကမ္ဘာမှာ မင်းရဲ့ လူသာမာန်သေမျိုးတွေရဲ့ ကမ္ဘာလိုတော့ လုပ်စရာ အလုပ်တွေ သိပ်အများကြီးမရှိဘူး။ သင်ယူတဲ့အချိန်နဲ့ အစားစားတဲ့အချိန်ကလွဲရင် ငါတို့ဟာ ငါတို့အချိန်ကို သိုင်းလေ့ကျင့်ရင်းနဲ့ပဲ နေ့စဉ်ရက်ဆက်ကုန်ဆုံးကြတယ်။ ငါတို့က သိပ်လဲ အိပ်ခဲတယ်။ မင်းက အခုမှ စပြီးလေ့လာခါစပဲရှိသေးတယ်လေ၊ အဲ့တာကြောင့် ကိုယ့်ကိုကိုယ် သိပ်ပြီး ဖိအားမပေးနဲ့ဦး"ဟု ကျင်းယွင်ယောင်က ကုနင်းကို အားပေးလေသည်။
ကုနင်းရဲ့ခန္ဓာကိုယ်ထဲမှာ ဖီးနစ်သွေးစက်စီးဆင်းနေလို့ သူ့မအနေနဲ့ သိုင်းကျင့်ကြံအားထုတ်ဖို့ရာ အရိုးကိုဖြတ် ချဉ်ဆီကို သန့်စင်ရန်မလိုပေမဲ့လည်း သိုင်းကျမ်းများကို လေ့လာရတာ မလွယ်ကူလှပေ။
"ကျွန်မသိပါတယ်။ ပြီးတော့ ကျွန်မအနေနဲ့လက်လျော့ဖို့လဲ မစဉ်းစားထားပါဘူး"ဟု ကုနင်းက ပြန်ဖြေသည်။ သူမက နည်းနည်းတော့ စိတ်ပျက်မိပေမဲ့လည်း သူမအနေနဲ့ အချိန်ယူရမယ်ဆိုတာ သိနေသည်။ ဘာပဲဖြစ်ဖြစ် သူမက အကြိမ်အနည်းငယ်ပဲ ကြိုးစားထားရသေးတာ ဖြစ်သည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၀၇ ဖန်ထုံယွဲ့ကစိန်ခေါ်လာတယ်
တနင်္ဂနွေနေ့တွင် ညစာစားပြီးတဲ့အခါမှာတော့ ကုနင်းနဲ့ ကျင်းယွင်ယောင်တို့နှစ်ယောက်ဟာ စစ်ဟယ်ယွမ်မှာ ထွက်လာခဲ့ကြသည်။
ကုနင်းဟာ ကျောင်းသို့မပြန်မှီ ကျင်းယွင်ယောင်အား မြစ်ရေတောင်တန်းဉယျဉ်အိမ်ယာတွင် ပြန်ချထားပေးခဲ့သည်။
အခုချိန်ဟာ ည8နာရီထိုးပြီဖြစ်လို့ ည9နာရီလောက်ဆိုရင်တော့ သူမဟာ ကျောင်းပြန်ရောက်လောက်ပြီဖြစ်သည်။ အဲ့အချိန်လောက်ဆို ညနေခင်းစာသင်တန်းများဟာ ပြီးလောက်ပြီဖြစ်၍ ကုနင်းဟာ သူမရဲ့သူငယ်ချင်းများကို တောတန်းလေးနားတွင် တွေ့ရန်ချိန်းလိုက်သည်။
"နင်ဘယ်လိုနေသေးလဲ။ နင် ကျီဝမ်နာနဲ့ ပြိုင်မဲ့ပွဲမှာ နင့်ကိုယ်နင် ဘယ်လောက်,လောက် နိုင်,နိုင်ချေရှိတယ်လို့ထင်လဲ"ဟု စုန့်မြောင်ကောအား ကုနင်းက လေ့ကျင့်ခန်းလုပ်ပြီးသောအခါမေးလိုက်သည်။
"ငါနိုင်,နိုင်ချေက ၈၀ရာခိုင်နှုန်းလောက်မြင့်တက်သွားပြီထင်တယ်"ဟု စုန့်မြောင်ကောကဖြေသည်။ သူမဟာ စိတ်ပူမနေတော့ဘဲ ယုံကြည်ချက်အပြည့်ရှိနေပြီ ဖြစ်သည်။
တကယ်တော့ အဲ့တာဟာ လျော့လျော့ပေါ့ပေါ့ ပြောခြင်းဖြစ်သည်။ ဒီအချိန်အတို လေးအတွင်းတွင် သူမအနေနဲ့ အများကြီး တိုးတက်သွားသောကြောင့် စုန့်မြောင်ကောသည် ကျီဝမ်နာအား သူမအနေနဲ့ လုံးဝအနိုင်ယူကြောင်း ခံစားမိနေပြီးဖြစ်သည်။ ထို့အပြင် ကျီဝမ်နာဟာ အဲ့လောက် အရမ်းမသန်မာပေ။ စုန့်မြောင်ကောဟာ သူမဆီမှာ တစ်ခါရှုံးဖူးထား၍ သူမအနေနဲ့ယုံကြည်မှု အတော်အတန့်နည်းနေခြင်းသာဖြစ်သည်။
ကုနင်းသည် ကျီဝမ်နာက တိုက်ခိုက်တဲ့နေရာမှာ ဘယ်လောက်ကောင်းလဲဆိုတာ မသိပေမဲ့ စုန့်မြောင်ကောရဲ့ ယုံကြည်မှုအပြည့်ဖြစ်နေတဲ့ မျက်နှာကိုကြည့်ပြီး သူမအနေနဲ့ စုန့်မြောင်ကောဟာ ကျီဝမ်နာကို အနိုင်ယူနိုင်လို့မယ်လို့အပြည့်အဝ ယုံကြည်လေသည်။
"သုံးရက်ပဲလိုတော့တယ်။ ဒီသုံးရက်ပြီးတာနဲ့ အမျိုးသားနေ့အားလပ်ရက်ပဲ။ ငါတော့ ကျီဝမ်နာကို အနိုင်ယူပြီးရင် သာသာယာယာပဲ အားလပ်ရက်ကို ဖြတ်သန်းလို့ရပီ"ဟု စုန့်မြောင်ကောက ပြောသည်။ ဒီရက်ပိုင်းအတွင်းတွင် သူမဟာ လေ့ကျင့်ရေးကိုပဲ အဓိကထား လုပ်ဆောင်နေခဲ့သည်။ သူမအတွက် တိုးတက်မှုများပေမဲ့လည်း တအားပင်ပန်းထားတဲ့အတွက် အနားယူဖို့လိုအပ်နေသည်။
သူမဟာ ငယ်ငယ်ကတည်းက အခုချိန်ထိ အမြဲလေ့ကျင့်ခန်း လုပ်လာခဲ့တဲ့အတွက် ဒီလေ့ကျင့်ခန်းပြီးသည်ထိ စွမ်းဆောင်နိုင်ခဲ့သည်။ သာမာန်မိန်းကလေးတွေဆိုရင် သူမကဲ့သို့ အခုလို ခက်ခဲတဲ့လေ့ကျင့်ရေးမျိုးကို လုပ်နိုင်လိမ့်မည်မဟုတ်ပေ။
"အဲ့တာကောင်းတယ်။ ငါအားရင်တော့ နင်နဲ့အတူလိုက်ခဲ့မယ်။ ငါမအားခဲ့ရင်တော့ နင်နဲ့ ကျုံးရွှယ်နဲ့ အတူတူသွားကြ"ဟု ကုနင်းကပြောသည်။ ကုနင်းအနေနဲ့ အရေးကြီးကိစ္စတွေ ပေါ်ပေါ်လာတတ်တာမလို့ အဲ့နေ့မှာ သူမအတွက် အားလားမအားလားဆိုတာ သေချာမသိပေ။
"ရပါတယ်၊ ကိစ္စမရှိပါဘူး"ဟု စုန့်မြောင်ကောက နားလည်ပေးသည်။
"ငါလဲတူတူ လိုက်ခဲ့မယ်"ဟု ကျန်းကျီခိုင်က ပြောသည်။
ဒီရက်ပိုင်း သူတို့နဲ့ အတူတူရှိနေပြီးတဲ့အခါမှာတော့ သူမအနေနဲ့ သူတို့ကို သူမ၏သူငယ်ချင်းအဖြစ် သတ်မှတ်ပြီးဖြစ်သည်။ တကယ်လို့ တစ်စုံတစ်ယောက်ကသာ သူမသူငယ်ချင်းကို အနိုင်ကျင့်ရဲရင် သူမအနေနဲ့ သူ့မသူငယ်ချင်းဘက်က ရပ်တည်ပေးမည်ဖြစ်သည်။ သူမအနေနဲ့ စုန့်မြောင်ကောကို ပြိုင်ပွဲမှာ ကူပြီးတိုက်ခိုက်မပေးနိုင်ပေမဲ့ ဘေးကနေတော့ အားပေးနိုင်သေးသည်။
"အေး အတူတူသွားကြတာပေါ့"ဟု စုန့်မြောင်ကောကပြောသည်။ အုပ်စုလိုက် တိုက်ခိုက်ရမဲ့ ပြိုင်ပွဲလဲ မဟုတ်တာကြောင့် ဖြစ်သည်။
တကယ်လို့ အုပ်စုလိုက် တိုက်ခိုက်ရတဲ့ ပြိုင်ပွဲဆိုရင်တောင် သူတို့တွေ တစ်ယောက်မှ ထိခိုက်ဒဏ်ရာရနိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကုနင်းပဲဖြစ်ဖြစ် ဒါမှမဟုတ် ပိုင်လီကျုံးရွှယ်ပဲဖြစ်ဖြစ် သူတို့အကုန်လုံးကို တစ်ယောက်ထဲနဲ့တင် အေးဆေးအနိုင်ယူနိုင်လို့ဖြစ်သည်။
စုန့်မြောင်ကောရဲ့ ပြသနာ မဆုံးသေးခင်မှာဘဲ ကုနင်းကို လူတစ်ယောက်က ပြသနာလာရှာလေတော့သည်။ ထိုသူမှာ ဖန်ထုံယွဲ့ပင် ဖြစ်သည်။
နေ့လည်ထမင်းစားချိန်တွင် ဖန်ထုံယွဲ့နဲ့ ကျောင်းသူအချို့သည် ကုနင်းဆီ လာတွေ့ကြသည်။ သူတို့ဟာ ရန်မူလိုပေါ်ပုံမပေါ်ဘဲ နာခံတဲ့ပုံပေါ်သော်လည်း ကုနင်းဟာ သူတို့ဟာ သူမဆီကို ကောင်းတဲ့ရည်ရွယ်ချက်နဲ့ လာတာမဟုတ်မှန်း မြင်နိုင်လေသည်။
သူတို့ဟာ ကုနင်းနဲ့ စကားမပြောမှီ သူမစားပွဲ ဘေးပတ်ပတ်လည်ရှိ ခုံပေါ်တွင် အရင်ထိုင်ကြသည်။
ဖန်ထုံယွဲ့ကိုမြင်တဲ့အခါမှာတော့ စုန့်မြောင်ကောနဲ့အဖွဲ့ဟာ မကြိုက်ကြပေ။ အရင်ဗုဒ္ဓဟူးနေ့က သူတို့ကုနင်းကို ဘယ်လိုအနိုင်ကျင့်ဖို့ ကြိုးစားခဲ့တယ်ဆိုတာကို သူတို့မမေ့ချေ။ နောက်ဆုံးမှာ ဖန်ထုံယွဲ့ဟာ မနိုင်ဘဲ ဒေါသနဲ့ပြန်သွားရပေမဲ့လည်း သူမကို သူတို့ခွင့်မလွှတ်ကြပေ။
သူမကို မြင်ရလို့ သူတို့ဟာ စိတ်ထဲမှာ မကျေနပ်ပေမဲ့လည်း ဘာမှတော့ မလုပ်ကြပေ။
"ကုနင်း၊ နင်က သိုင်းပညာမှ အတော်တော်တယ်လို့ ငါကြားတယ်။ စစ်လေ့ကျင့်ရေးဆင်းတုန်းကလဲ လေ့ကျင့်ရေးဆရာကို နင်အနိုင်ယူနိုင်ခဲ့တယ်။ ငါနင်နဲ့အတူ အပျော်အဖြစ် ယှဉ်ပြိုင်တိုက်ခိုက်ခွင့်ရမလား"ဟု ဖန်ထုံယွဲ့ကပြောသည်။ သူမပြောတဲ့လေသံဟာ သာမာန်ဖြစ်ပေမဲ့ သူမရဲ့မျက်လုံးထဲတွင် မကောင်းစိတ်ဟာ ခဏတာ ဖြတ်ခနဲ ပေါ်သွားလေသည်။
ကုနင်းဟာ သူမကို အာရုံမစိုက်နေ၍ ထိုအရာကိုမမြင်လိုက်သော်လည်း သူမအနေနဲ့ ဖန်ထုံယွဲ့ဟာ အကျင့်ကောင်းတဲ့ မိန်းကလေးမဟုတ်မှန်း သိလေသည်။
ဖန်ထုံယွဲ့သည် သူမဟာ လေ့ကျင့်ရေးဆရာကို အနိုင်ယူနိုင်တယ်ဆိုတာကို သိလျက်နဲ့ သူမကို တိုက်ခိုက်ဖို့ စိန်ခေါ်ရဲသေးသည်။ ထိုအရာကို ကြည့်ခြင်းဖြင့် သူမဟာ လေ့ကျင့်ရေးဆရာကို အထင်သေးတာဖြစ်ရင်ဖြစ် မဟုတ်ရင် ကိုယ့်ကိုကိုယ် တအားအထင်ကြီးနေလို့ပဲဖြစ်မည်။
ထို့အပြင် ဖန်ထုံယွဲ့ဟာ ကုနင်းရဲ့ အခုချိန်ထိရထားတဲ့ အောင်မြင်မှုရလဒ်တွေအကြောင်းကို အများကြီးမသိ၍လည်း ဖြစ်ရင်ဖြစ်မည်။ တကယ်လို့ ဖန်ထုံယွဲ့သာ ကုနင်းရဲ့ အောင်မြင်မှုရလဒ်အကြောင်းတွေ အကုန်သိလျက်နဲ့ ကုနင်းကို စိန်ခေါ်ရဲသေးတယ်ဆိုရင်တော့ သူမကိုယ်သူမ အရမ်းယုံကြည်မှုရှိလို့ ဖြစ်မည်။
ကုနင်းက သူမဟာ သန်မာတယ်လို့မထင်ပေ။ ကုနင်းနဲ့ယှဉ်ရင် သူမဟာ အရမ်းအားနည်းနေသေးသည်။
သာမာန်လူတွေရဲ့မျက်လုံးထဲမှာတော့ ဖန်ထုံယွဲ့ဟာ သိုင်းပညာမှာ ပါရမီပါတယ်လို့ မြင်ရင်မြင်နိုင်မည်။ ဘာကြောင့်လဲဆို ဖန်ထုံယွဲ့မိသားစုဟာ မြို့တော်မှာ နာမည်အနည်းငယ်ရှိသော သိုင်းပညာလေ့ကျင့်ရေးကုမ္ပဏီပိုင်လို့ဖြစ်သည်။
ထို့အပြင် ဖန်ထုံယွဲ့ရဲ့ သူမငယ်ငယ်လေးကတည်းကမက်ခဲ့တဲ့ အိမ်မက်က မိန်းမကွန်ဖူးသိုင်းပညာရှင်ဖြစ်လာဖို့ဖြစ်သည်။ ထို့ကြောင့် သူမက အသက်ငယ်ငယ်လေးကတည်းက ကွန်ဖူးသိုင်းပညာကို လေ့ကျင့်ခဲ့သည်။
စုန့်မြောင်ကောနဲ့အဖွဲ့ဟာ အရမ်းအံ့အားသင့်သွားကြသည်။ သူတို့ဟာ ဖန်ထုံယွဲ့ဟာ အပျော်သဘောအဖြစ် ပြိုင်ဖို့ရည်ရွယ်ချက်နဲ့ လာတာမဟုတ်မှန်း သိပေမဲ့လည်း ဘာမှတော့ ဝင်မပြောကြပေ။ ထိုအရာဟာ ကုနင်းကိစ္စဖြစ်၍ ကုနင်း ကိုယ်တိုင် ဆုံးဖြတ်ဖို့ လို၍ဖြစ်သည်။
သူတို့ကတော့ ဖန်ထုံယွဲ့ ပြိုင်ပွဲအပြီး ဖြစ်လာမဲ့ပုံစံကို မြင်ချင်၍ ကုနင်းကို ယှဉ်ပြိုင်ဖို့ လက်ခံစေချင်ကြသည်။
ထိုအရာကိုတွေးမိတဲ့အခါမှာတော့ စုန့်မြောင်ကောနဲ့အဖွဲ့ဟာ ကုနင်း အဖြေကို မျှော်လင့်တကြီး စောင့်နေပါတော့သည်။ သူတို့က သူမကို ဒီပြိုင်ပွဲကို လက်ခံစေချင်ပေမဲ့လည်း ပြိုင်ဖို့မပြိုင်ဖို့ ဆုံးဖြစ်ရမှာဟာ သူမအလုပ်သာဖြစ်သည်။
ကုနင်းဟာ တကယ်တော့ ဖန်ထုံယွဲ့နဲ့ အချိန်မဖြုန်းချင်ပေမယ့်လည်း စုန့်မြောင်ကောနဲ့ ကျန်းကျီခိုင်တို့ရဲ့ ဖြစ်လာမဲ့ ဒရမ်မာဇာတ်ကွက်ကို ကြည့်ဖို့မစောင့်နိုင်တော့တဲ့ ပုံစံကို တွေ့တဲ့အခါမှာတော့ ပြိုင်ပွဲကို လက်ခံလိုက်တာ မကောင်းတဲ့အရာမဟုတ်ဘူးလို့ တွေးမိလိုက်သည်။ ထို့ကြောင့် "ကောင်းသားပဲ။ ငါအရင် ပြီးအောင်စားလိုက်ဦးမယ်။ ပြီးရင် ငါတို့ရဲ့ အပျော်သဘောပြိုင်ပွဲကို ကျောင်းတောတန်းလေးဆီသွားပြီး ပြိုင်ကြတာပေါ့"ဟု သူမဟာ သဘောတူလိုက်သည်။
ကုနင်းရဲ့ ပေါ့ပေါ့ပါးပါးပဲ သဘောတူလိုက်တဲ့ပုံစံကို ကြည့်ပြီး ဖန်ထုံယွဲ့က ခေတ္တေမျှ အံ့ဩသွားသည်။ သူမက ကုနင်းဟာ သဘောမတူလောက်ဘူးဟု သတ်မှတ်ထား၍ အခုတော့ သူမ ပြင်ဆင်ထားသမျှဟာ အသုံးမဝင်တော့ဘူး ဖြစ်သွားလေသည်။
သို့သော်လည်း ကုနင်းရဲ့ နှုတ်ခမ်းပေါ်က ခပ်ယဲ့ယဲ့အပြုံးကို မြင်တဲ့အခါမှာတော့ ဖန်ထုံယွဲ့ရဲ့ စိတ်ထဲတမျိုးဖြစ်သွားသော်လည်း သိပ်တော့ဂရုမစိုက်ချေ။ သူမအနေနဲ့ ကုနင်းကို ရှုံးမယ်လို့ လုံးဝမယုံကြည်ချေ။
ဖန်ထုံယွဲ့ဟာ ကုနင်းအောင်မြင်ထားသမျှ ရလဒ်တွေ တစ်ခုမှ မသိသေးတာ အသိသာပင်ဖြစ်သည်။
ကုနင်းက စစ်လေ့ကျင့်ရေးဆရာကို အနိုင်ယူထားတယ်ဆိုတဲ့အချက်ကို သိပေမဲ့လည်း ဖန်ထုံယွဲ့အနေနဲ့ စစ်လေ့ကျင့်ရေးဆရာကို အထင်သေးခြင်း မဟုတ်ဘဲ စစ်သားတွေမှာလဲ အားနည်းတဲ့စစ်သားရှိတာပဲလို့ တွေးမိ၍ဖြစ်သည်။ ကုနင်းအနိုင်ယူနိုင်တာဟာ တကယ်သန်မာတဲ့ စစ်သားနဲ့ မတွေ့၍ဖြစ်မည်ဟု သူမဟာတွေးထင်နေခြင်းဖြစ်သည်။
တကယ်တော့ ဟူကျီကျန်းဟာ စစ်တပ်ထဲမှာ အဆင့်မြင့်စစ်သားတစ်ယောက်ဖြစ်ပြီး သာမာန်စစ်သားတွေထက် ပို၍သန်မာသူလည်း ဖြစ်သည်။ သို့သော်လည်း ဖန်ထုံယွဲ့အနေနဲ့ ထိုအရာကို မသိချေ။
"ကိစ္စမရှိပါဘူး"ဟုဆိုကာ ဖန်ထုံယွဲ့ဟာ သဘောတူလိုက်ကာ သူ့ထမင်းသူဆက်စားလေသည်။
စားသောက်ပြီးတဲ့အခါမှာတော့ ကျောင်းတောတန်းလေးဆီ သူတို့ဟာ အတူတူထွက်သွားကြသည်။
သွားတဲ့လမ်းတွင် သူတို့ဟာ ရုန်ကျဲ့ချန်နဲ့ ဆုံသည်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူဟာ ကုနင်းနဲ့သူနဲ့ဟာ သူစိမ်းတွေလိုပဲ ဆက်ဆံကာ သူမကို လစ်လျူရှုလိုက်သည်။
ဝေ့ချွမ်ရွှမ်းကတော့ ကုနင်းကို မကြိုက်တဲ့ပုံစံနဲ့ တစ်ချက်သာကြည့်၍ သူ့မျက်လုံးကို သူမဆီမှ ဖယ်လိုက်သည်။ သူသည် ကုနင်းကို မမုန်းသော်လည်း မကြိုက်ချေ။ ဒါပေမယ့် ရှေ့တခေါက်ဖြစ်တဲ့ကိစ္စမှာ သူမဟာ အပြစ်ကင်းတယ်ဆိုတာကိုတော့ သူသိထားသည်။
ဒါပေမယ့်လည်း သူသည် ရုန်ကျဲ့ချန်က သူမကိုရွေးချယ်တဲ့အတွက် ကုနင်းအနေနဲ့ ကိုယ့်ကိုကိုယ်ကံကောင်းတယ်လို့ ခံယူသင့်ကြောင်း ယုံကြည်နေဆဲဖြစ်သော်လည်း သူမကတော့ ထိုအခွင့်အရေးကို တန်ဖိုးမထားပေ။
ရုန်ကျဲ့ချန်ရဲ့ အခြားသူငယ်ချင်းနှစ်ယောက်ကတော့ ရုန်ကျဲ့ချန်နဲ့ ညီအစ်ကိုသဖွယ် ခင်မင်ရင်နှီးသော်လည်း ကုနင်းအပေါ်တွင် အကောင်းမြင်စိတ်ရှိသည်။
သူတို့ဟာ ရုန်ကျဲ့ချန်နှင့် ညီအစ်ကိုသဖွယ်ရင်းနှီးသောကြောင့် သူကဘယ်လိုလူစားလဲဆိုတာ ပိုနားလည်လို့ဖြစ်သည်။
ရုန်ကျဲ့ချန်က သာမာန်အလိုလိုက်ခံထားရ၍ ဂုဏ်မောက်နေပြီး ကိုယ့်ကိုကိုယ်ကမ္ဘာထင်နေသူတွေထက်တော့ သာပေမဲ့လည်း သူ့ရဲ့ဩဇာကြီးတဲ့မိသားစုနောက်ခံကြောင့် သူ့မာနနှင့် သူတော့ရှိသည်။
ကုနင်းဟာ ယွမ်ရှူးယန်က သူမကို ပြသနာလာရှာတာပါလို့ မပြောပေမဲ့ ရုန်ကျဲ့ချန်က သူမကို မမေးမစမ်းဘဲ ယွမ်ရှူးယန်ကို သွားပြီးပြသနာရှာခဲ့သည်။ ယွမ်ရှူးယန်က သူမမဟုတ်ကြောင့် ငြင်းလိုက်တဲ့အခါတွင် ရုန်ကျဲ့ချန်အနေနဲ့ သူမကို တောင်းပန်သင့်သော်လည်း သူ့မာနကြောင့် သူမကို တောင်းပန်ခြင်းမရှိချေ။
ထို့ကြောင့် ထိုအရာဟာ ရုန်ကျဲ့ချန်ရဲ့ အမှားသာဖြစ်သည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၀၈ မိသားစုနောက်ခံဆိုတာ အရေးမပါဘူး
သူ့ရဲ့အမှားကြောင့် ကုနင်းနဲ့ ယွမ်ရှူးယန်တို့ဟာ ပြသနာထဲ စွဲထည့်ခံခဲ့ရသည်။ အဲ့တာပြီးတဲ့အခါမှာတောင် ရုန်ကျဲ့ချန်က တောင်းပန်ဖို့ရန် ငြင်းဆိုခဲ့သည်။ နောက်ဆုံးမှာတော့ အတင်းဖိအားပေးခံရမှသာ တောင်းပန်ခဲ့သည်။
ထိုအရာကို ကြည့်ခြင်းဖြင့် ရုန်ကျဲ့ချန်ဟာ ဘယ်လောက်တစ်ကိုယ်ကောင်း ဆန်တယ်ဆိုတာ သိနိုင်သည်ဖြစ်သည်။
ဒါပေမဲ့လည်း အဲ့ကိစ္စဟာ သူတို့နဲ့မဆိုင်တာကြောင့် ကုနင်းက မှန်ကန်ကြောင်း သဘောတူလက်ခံပေမဲ့လည်း သူတို့ဟာ ရုန်ကျဲ့ချန်ရဲ့ သူငယ်ချင်းဖြစ်တာကြောင့် သူ့ဘက်မှာဘဲ ရပ်တည်ပေးမှာဖြစ်သည်။
ကုနင်းကလဲ ရုန်ကျဲ့ချန်ကို လစ်လျူရှုလိုက်ပေမဲ့လည်း ဖန်ထုံယွဲ့ကတော့ သူ့ကိုသွား၍ နှုတ်ဆက်ခဲ့သည်။
"မင်္ဂလာပါ စီနီယာရုန်"ဟု ဖန်ထုံယွဲ့ကသူမရဲ့ အချိုသာဆုံးသော လေသံဖြင့် သူ့ကို နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ ဂျူနီယာဖန်"ဟု ရုန်ကျဲ့ချန်က ဖန်ထုံယွဲ့ကို ယဉ်ကျေးစွာပဲ ပြန်နှုတ်ဆက်လိုက်သည်။ ကုနင်းက အနားမှာရှိနေတာကြောင့် သူ့စိတ်ထဲမကြည်သော်လည်း သူ့အနေနဲ့ အခြားကျောင်းသူကျောင်းသားတွေရှေ့မှာ သူ့ရဲ့ကြင်နာတတ်တဲ့ပုံရိပ်ကို ထိန်းရန်လိုအပ်သေး၍ ဖြစ်သည်။
ထို့အပြင် ရုန်ကျဲ့ချန်အနေနဲ့ သူမကြောင့် သူစိတ်မကြည်တာကို သူ့မျက်လုံးထဲမှာ ရှက်စရာကောင်းတယ်လို့ထင်တာကြောင့် ကုနင်းအား မမြင်စေချင်လို့ပေ။
ထို့ကြောင့် အခုချိန်မှာ ရုန်ကျဲ့ချန်ဟာ ကုနင်းနဲ့ ပတ်သတ်ပြီး ဂရုမစိုက်သည့်ပုံ ဟန်ဆောင်နေခြင်းဖြစ်သည်။
ဖန်ထုံယွဲ့ရဲ့ ရုန်ကျဲ့ချန်အပေါ် ဆက်ဆံပုံကို မြင်တဲ့အခါ၊ ဖန်ထုံယွဲ့က ဘာလို့သူမကို ဒီနေ့ပြသနာလာရှာရတာလဲဆိုတဲ့ ရည်ရွယ်ချက်ကို ကုနင်း သဘောပေါက်သွားလေသည်။
ထိုအချက်ကို သိတဲ့အခါမှာတော့ ကုနင်းဟာ အတော်စိတ်ညစ်သွားလေသည်။ သူမနဲ့ ရုန်ကျဲ့ချန်ကြားမှာ ဘာပတ်သတ်မှုမှ မရှိပေ။ ကောလဟာလများသည် လူကိုတကယ်သတ် နိုင်လေသည်။
ဖန်ထုံယွဲ့ဟာ ရုန်ကျဲ့ချန်ကို သဘောကျနေပြီး သူနဲ့စကားအနည်းငယ်ဆက်ပြောချင်ပေမဲ့လည်း သူ့အနေနဲ့ သူမအပေါ် ထင်မြင်ချက် မဆိုးသွားအောင် ဂရုစိုက်ရမည်ဆိုတာ သဘောပေါက်နားလည်လေသည်။
ရုန်ကျဲ့ချန်အနေနဲ့ သူ့ကိုစကားမရှိ စကားရှာကာ စကားလာ,လာပြောတတ်တဲ့ မိန်းကလေးတွေကို အထင်မကြီးဘူးဆိုတာကို သူမသိသည်။ သူ့ကို စည်းထားပြီး ပုံမှန်အတိုင်း ဆက်ဆံတတ်တဲ့သူတွေအပေါ်မှာတော့ ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံလေ့ရှိတာလဲ သူမသိသည်။ ထို့ကြောင့် သူမဟာ စည်းမရှိတဲ့လူအဖြစ် ရုန်ကျဲ့ချန်က သူမကိုမကြိုက်သွားမှာ မလိုလားပေ။
ထို့ကြောင့် ရုန်ကျဲ့ချန်နဲ့ ပုံမှန်ပဲ ရိုးရိုးရှင်းရှင်း နှုတ်ဆက်ပြီးတဲ့အခါမှာတော့ ဖန်ထုံယွဲ့လဲထွက်လာခဲ့လိုက်သည်။
သူ့အဖွဲ့ဆီ ပြန်ရောက်တဲ့အခါမှာတော့ ဖန်ထုံယွဲ့က "ကုနင်း၊ နင့်ကိုတွေ့တိုင်း စီနီယာရုန်က မင်္ဂလာပါလို့ သူ့ဘက်ကအရင်စပြီး နှုတ်ဆက်လေ့ရှိတယ်။ အခုသူက ဘာလို့ နင့်ကို မသိချင်ယောင် ဆောင်နေတာလဲ။ နင်နဲ့သူနဲ့မှာ ရန်ငြိုးရန်စ ရှိလို့လား"ဟု မေးသည်။
ဖန်ထုံယွဲ့က ဘာကြောင့်လဲဆိုတာသိပေမဲ့ အသေးစိတ်အကြောင်းအရာကို မသိ၍ မေးခြင်းဖြစ်သည်။
ရုန်ကျဲ့ချန်က ယွမ်ရှူးယန်အပေါ် သွား၍ ပြသနာရှာခဲ့တဲ့ကိစ္စနဲ့ပတ်သတ်ပြီး ကုနင်းက ရုန်ကျဲ့ချန်အား စိတ်ဆိုးမာန်ဆိုးစကားများခဲ့တယ်လို့တော့ သူမကြားသည်။ ရုန်ကျဲ့ချန်က ကုနင်းကို ပြန်တောင်းပန်ခဲ့တယ်ဆိုတာကိုလဲ သူမသိသည်။ ကုနင်းဟာ ရုန်ကျဲ့ချန်ကို သူမနဲ့ နောက်တစ်ခါတွေ့တဲ့အခါ သူစိမ်းတွေလို့ ဆက်ဆံဖို့ရန် သဘောတူညီမှုယူထားခြင်းကိုတော့ သူမသိပေ။
ထို့ကြောင့် သူ့ကို တောင်းပန်ဖို့ရန်အတွက် ဖိအားပေးခဲ့တဲ့အတွက် ကုနင်းအပေါ်မှာ ရုန်ကျဲ့ချန်က စိတ်ဆိုးနေတယ်ဟု ဖန်ထုံယွဲ့က ထင်နေခြင်းဖြစ်သည်။
သူမအနေနဲ့ ကုနင်းကို မကြိုက်ပေမဲ့လည်း ထိုအရာကိုတွေးမိတဲ့အခါ ဖန်ထုံယွဲ့က ကျေနပ်သွားလေသည်။
ကုနင်းအနေနဲ့ ဖန်ထုံယွဲ့ဘာတွေးနေလဲဆိုတာ ရှင်းရှင်းလင်းလင်းသိနေသည်။ သူမအနေနဲ့ ဖန်ထုံယွဲ့ကို အထင်မကြီးသော်လည်း၊ "စီနီယာရုန်နဲ့ ငါနဲ့က တစ်ယောက်နဲ့တစ်ယောက် အဲ့လောက်မရင်းနှီးဘူး။ ရှေ့အပတ်ဖြစ်ခဲ့တဲ့ ဂျောက်ချတဲ့ကိစ္စနဲ့ လက်မခံနိုင်စရာ ကောလဟာလတွေနဲ့ပတ်သတ်ပြီး စီနီယာရုန်ဆီ ငါစကားသွားပြောခဲ့တာ။ ငါတို့နှစ်ယောက် ရှေ့လျှောက်ထပ်တွေ့တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် သူစိမ်းလိုပဲ ဆက်ဆံကြဖို့အတွက်လဲ သဘောတူပြီးသွားပြီ။ ငါ့မှာ စေ့စပ်ထားတဲ့လူရှိအတွက် သူများတွေဖြန့်တဲ့ ကောလဟာလတွေကြောင့်လဲ ငါနာမည်အပျက်မခံနိုင်ဘူး"ဟု ပြန်ဖြေလိုက်သည်။
သူတို့တစ်ယောက်နဲ့ တစ်ယောက်ထပ်တွေ့တဲ့အခါ သူစိမ်းတွေလိုပဲ ဆက်ဆံကြဖို့ သဘောတူထားတယ်တဲ့လားဟု ဖန်ထုံယွဲ့ အံ့အားသင့်သွားလေသည်။
ကုနင်းက ရုန်ကျဲ့ချန်အပေါ် လေးစားမှုမရှိတဲ့အတွက် သူမ၏စိတ်ထဲတွင် မကျေနပ်သော်လည်း ကုနင်းက ရုန်ကျဲ့ချန်ကို သဘောမကျဘူးဆိုတာကို မြင်ရတဲ့အခါမှာတော့ သူမဟာ ပျော်ရွှင်သွားသည်။
ကုနင်းမှာ စေ့စပ်ထားတဲ့သူရှိပြီးသားဆိုတဲ့ သတင်းကို သူမကြားဖူးသော်လည်း သူမအနေနဲ့ ထိုသတင်းမှန် မမှန်မသိပေ။ ထိုသတင်းဟာ တကယ်မဟုတ်ဘဲ ကုနင်းက ရုန်ကျဲ့ချန်ကိုသဘောမကျ၍ ငြင်းချင်တာကြောင့် ဒါမှမဟုတ်ရင်လဲ သူမနာမည်မပျက်ချင်တာကြောင့် လိမ်ပြောထားတာမျိုးလဲဖြစ်နိုင်သည်။ ထို့ကြောင့် "နင့်မှာ တကယ်ရော စေ့စပ်ထားတဲ့သူ ရှိတာဟုတ်ရဲ့လား"ဟု ဖန်ထုံယွဲ့က သံသယဖြင့် မေးလေသည်။
"တကယ်ရှိတာပေါ့"ဟု ကုနင်းက သေချာ ပြန်ဖြေလိုက်သည်။
"နင်နဲ့ စေ့စပ်ထားတဲ့လူက ဘာအလုပ်လုပ်တာလဲ။ သူ့မိသားစုကရော ဘယ်လိုလဲ"ဟု ဖန်ထုံယွဲ့က မေးလေသည်။ တကယ်တော့ ကုနင်းနဲ့ စေ့စပ်ထားတဲ့သူရဲ့ မိသားစုဟာ ရုန်ကျဲ့ချန်ရဲ့ မိသားစုထက် ပိုပြီးဩဇာကြီးမယ်လို့တော့ သူမ,မယုံကြည်ပေ။ ရုန်ကျဲ့ချန်ရဲ့မိသားစုဟာ မြို့တော်၏ ထိပ်တန်းစာရင်းဝင် မိသားစုဖြစ်တာကြောင့် ဖြစ်သည်။
ကုနင်းနဲ့ စေ့စပ်ထားတဲ့လူရဲ့မိသားစုဟာ လင်မိသားစု၊ ယွမ်မိသားစု ဒါမှမဟုတ် ချန်မိသားစုတစ်ခုခုက မဟုတ်ရင် ထိုသူဟာ ရုန်ကျဲ့ချန် နဲ့ ယှဉ်နိုင်စရာ အကြောင်းမရှိပေ။
သို့သော်လည်း အဲ့တာမဖြစ်နိုင်ဘူးလို့ သူမထင်သည်။ ကုနင်းက အရမ်းလှပပြီး ထူးချွန်ထက်မြတ်တာ မှန်ပေမဲ့လည်း ထိုအရည်အချင်းများဟာ ထိပ်တန်းမိသားစုတွေအတွက်တော့ မလုံလောက်ချေ။ ထို့အပြင် ဒီကမ္ဘာပေါ်မှာ မိန်းမလှ မရှားပေ။
ထို့ကြောင့် ရုန်ကျဲ့ချန်အနေနဲ့ သူမကို ရွေးချယ်တဲ့အတွက် ကုနင်းက အရမ်းကံကောင်းတယ်ဟု သူမကထင်သော်လည်း ကုနင်းကတော့ ထိုရှားပါးသော အခွင့်အရေးကို တန်ဖိုးထားမှု မရှိချေ။
ထိုကဲ့သို့သော အခွင့်အရေးမျိုးဟာ ဘယ်လောက် ရှားပါးပြီး တန်ဖိုးရှိသလဲဆိုတာကို ကုနင်းဟာ အဲ့လိုနားမလည်တာကြောင့်ပဲ ဖန်ထုံယွဲ့အနေနဲ့ ရုန်ကျဲ့ချန်ရဲ့ စိတ်ဝင်စားမှု ရရှိရန်ကြိုးစားဖို့ အခွင့်အရေးရှိနေသေးတာဖြစ်သည်။
ကုနင်းက ပြိုင်ပွဲက နှုတ်ထွက်သွားပေမဲ့လည်း ဖန်ထုံယွဲ့ကို ရုန်မိသားစုက ဘယ်တော့မှ လက်ခံနိုင်လိမ့်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏မိသားစုဟာ ကုနင်းရဲ့မိသားစုနဲ့ ယှဉ်နိုင်ရုံသာသာ၊ သာရှိသောကြောင့်ဖြစ်သည်။
ဖန်ထုံယွဲ့ဟာ သူမအနေနဲ့ ရုန်ကျဲ့ချန်၏ချစ်သူဖြစ်ဖို့ရာအတွက် အရည်အချင်းမမှီဘူးဆိုတဲ့အချက်ကို တုံးအ,လွန်း၍ သဘောပေါက်နိုင်စွမ်းမရှိပေ။
"ငါကတော့ ငါကြိုက်နေရင်ပြီးတာပဲ သူ့မိသားစုနောက်ခံအသိုင်းအဝိုင်းက ဘယ်လိုပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး"ဟု ကုနင်းက ပြောလိုက်သည်။ ထိုစကားတွေဟာ သူမစိတ်ရင်းနှင့်ပြောခြင်းဖြစ်သည်။ သူမ လင်ရှောင်းထင်ကို စတွဲတုန်းက သူ့မိသားစုအကြောင်းကို သူမဘာမှမသိပေ။ သူ့ရဲ့အရည်အချင်းတွေကြောင့် သူမကို ဆွဲဆောင်နိုင်ခြင်းဖြစ်သည်။
လင်ရှောင်းထင်က ဩဇာအာဏာ ကြီးမားပြီး ပိုက်ဆံအများကြီးရှိတဲ့ လင်မိသားစုကမဟုတ်ဘဲ သာမာန်စစ်သားတစ်ယောက်ဖြစ်နေရင်တောင် သူမဟာ သူ့ကို အထင်မသေးချေ။ သူ့မိသားစုနောက်ခံအသိုင်းအဝိုင်းနဲ့ သူ၏ချမ်းသာမှုကြောင့် သူမဟာ သူ့ကိုချစ်ခဲ့ခြင်း မဟုတ်သောကြောင့် ဖြစ်သည်။
ထိုအရာကို ကြားတဲ့အခါမှာတော့ ဖန်ထုံယွဲ့က အထင်မကြီးပေ။ ကုနင်းနဲ့ စေ့စပ်ထားတဲ့လူရဲ့ မိသားစုနောက်ခံက ရုန်မိသားစုလောက် ဩဇာမကြီး၍ ကုနင်းက အမှန်အတိုင်းမပြောချင်ခြင်း ဖြစ်မယ်ဟု သူမကထင်သည်။
ကုနင်းက အရမ်းချမ်းသာပြီးသားဆိုတာကို သူမလုံးဝ မေ့သွားခြင်းဖြစ်သည်။ ကုနင်းနဲ့စေ့စပ်ထားတဲ့လူက ဘယ်လောက်ပဲ သာမာန်ဖြစ်နေပါစေ သူမနဲ့ယှဉ်ရင် ကုနင်းနဲ့ စေ့စပ်ထားတဲ့လူဟာ အောက်မကျပေ။ ပြောရရင် ကုနင်းနဲ့ စေ့စပ်ထားတဲ့လူဟာ ဖန်ထုံယွဲ့ထက်တော့ သာမြဲဖြစ်သည်။
စုန့်မြောင်ကောနဲ့အဖွဲ့ဟာ ဖန်ထုံယွဲ့ဘာတွေးနေလဲ ဆိုတာမသိပေမဲ့လည်း သူမရဲ့ စိတ်ကောင်းမပါတဲ့ မေးခွန်းများကြောင့် စိတ်ထဲတွင် မကျေနပ်ကြချေ။
ထို့ကြောင့် "ကုနင်းက ယွမ်ပေါင်းဘီလီယံနဲ့ချီ ချမ်းသာပြီး ထူးချွန်ထက်မြတ်တဲ့မိန်းကလေးဖြစ်တယ်။ သူ့ကောင်လေးဟာ သူထက်တော့ ပိုဆိုးမှာမဟုတ်တာ သေချာတယ်။ မြို့တော်မှာတင်ပဲ ကုနင်းက မတရားချမ်းသာပြီး အထက်စားအသိုင်းအဝိုင်းဝင်တဲ့သူတစ်ယောက်ပဲ။ သိပ်ပြီးလဲ မာန်တက်မနေနဲ့။ လူတိုင်းက သူ့လိုမတရားချမ်းသာချင်ပါတယ်ဆိုရင်တောင် မရဘူး"ဟု စုန့်မြောင်ကောက သူမအား ရန်တွေ့လိုက်သည်။
ထိုအရာကိုကြားတဲ့အခါမှာတော့ ဖန်ထုံယွဲ့ဟာ ရှက်သွားပါသည်။ စုန့်မြောင်ကောပြောတဲ့စကားကြောင့် သူမမှားသွားတယ်ဆိုတာကို သဘောပေါက်သွားလေသည်။
ယွမ်ပေါင်းဘီလီယံချီရှိတဲ့သူတွေဟာ မြို့တော်မှာဆိုရင်တောင် မတရားချမ်းသာတဲ့သူတွေဆိုတာ အမှန်ပင် ဖြစ်သည်။
ကုနင်းက အထက်တန်းစားအသိုင်းအဝိုင်းဝင် လူတစ်ယောက်ဆိုတာ မမှားပေ။ ဖန်ထုံယွဲ့ဟာ ကုနင်းနဲ့ တကယ်တော့ လုံးဝမယှဉ်နိုင်ပေ။ သူမရဲ့ မိသားစုဟာ ချမ်းသာတာမှန်ပေမဲ့လည်း သူမမိသားစုပိုင်ဆိုင်သမျှ အကုန်လုံးပေါင်းလိုက်ရင်တောင် ကုနင်းပိုင်တာရဲ့ တဝက်တောင် မရှိချေ။
စုန့်မြောင်ကောဟာ စကားဟာ သူမကို လက်တွေ့ဘဝထဲ ပြန်ဆွဲသွင်းလိုက်ရုံသာမက သူမကိုလဲအရှက်ရသွားစေသည်။ ထို့ကြောင့် ဖန်ထုံယွဲ့ဟာ စုန့်မြောင်ကောကိုလဲ စတင်ပြီး မုန်းသွားပါတော့သည်။
ကိုယ့်ကိုကိုယ် ကမ္ဘာထင်နေသူတွေဟာ သူတို့ရဲ့အမှားတွေကို သူများအပေါ်မှာပဲ ပုံချလေ့ရှိသည်။
ကုနင်းကလဲ စုန့်မြောင်ကောပြောသမျှဟာ ဘာမှမမှားဘူးဟုထင်သည်။ အဘယ်ကြောင့်ဆိုသော် ဖန်ထုံယွဲ့ အရှက်ရ,ရချင်းဟာ သူမဘာသာသူမ အရမ်းမာန်တက်ကာ တုံးလွန်း၍ဖြစ်သည်။