← Chapters

အခန်း (၁၉၀၉-၁၉၁၄)

Vol. 118 Ch. 1909-1914

အခန်း (၁၉၀၉-၁၉၁၄)

Vol. 118 Ch. 1909-1914

အပိုင်း ၁၉၀၉ တကိုယ်ကောင်းဆန်သည့်မိန်းကလေး

ဖန်ထုံယွဲ့ဘေးမှာ ရပ်နေတဲ့ အခြားကောင်မလေးနှစ်ယောက်ဟာလဲ ရှက်သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့လဲ ဖန်ထုံယွဲ့က ကိုယ့်ကိုကိုယ်ကမ္ဘာထင်နေသူအဖြစ် ယုံကြည်သောကြောင့်ဖြစ်သည်။ သို့ပေမဲ့လည်း သူတို့၏မိသားစုဟာ မချမ်းသာ‌တာကြောင့် သူတို့အနေနဲ့ ဖန်ထုံယွဲ့နဲ့ ခင်မင်ရင်းနှီးတဲ့ဆက်ဆံရေးဆက်လက်တည်ရှိနေနိုင်ရန် ဖန်ထုံယွဲ့ရဲ့အကျင့်စိတ်မှန်သမျှအား ကြိတ်မှိတ်သည်းခံနေကြရခြင်းဖြစ်သည်။ သူတို့က ဖော်လန်ဖားတွေဖြစ်ပေမဲ့လည်း မတုံးအ,ပေ။

စုန့်မြောင်ကောဟာ ဖန်ထုံယွဲ့နဲ့ ငြင်းခုန်ပြီးတဲ့အခါမှာ ဖန်ထုံယွဲ့ဟာ ပါးစပ်ပိတ်သွားတဲ့အတွက် စုန့်မြောင်ကောနဲ့ ကျန်းကျီခိုင်တို့ဟာ ကျေနပ်သွားပါတော့သည်။

ထို့နောက်မှာတော့ သူတို့အားလုံး ကျောင်းတောတန်းလေးဆီ ဆက်သွားကြလေသည်။

"ဖန်ထုံယွဲ့၊ နင်အဆင်သင့်ဖြစ်ပြီလား"ဟု ကုနင်းက မေးသည်။

"အဆင်သင့်ပဲ"ဟု ဖန်ထုံယွဲ့ကဖြေသည်။ ဖန်ထုံယွဲ့က ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲသော်လည်း သူမသည် ကုနင်းကို ပေါ့ပျက်ပျက်သဘောမထားရဲဘဲ သူမပုံမှာ အလွန်လေးလေးနက်နက်ဖြစ်နေလေသည်။

"ဒါဆိုလဲ စလိုက်ကြရအောင်"ဟု ကုနင်းက ပြောသည်။ ထို့နောက် ယှဉ်ပြိုင်ပွဲစလေသည်။

အပျော်သဘော ယှဉ်ပြိုင်တဲ့ပြိုင်ပွဲဖြစ်လို့ ကုနင်းဟာ ခွန်အားအများကြီးမသုံးပေ။ သို့သော်လည်း သူမဟာ ဖန်ထုံယွဲ့အား သူမကိုတိုက်ခိုက်ရန် အခွင့်အရေး အများကြီးမပေးချေ။ တစ်စက္ကန့်အတွင်းမှာပဲ သူမဟာ ဖန်ထုံယွဲ့အား အနိုင်ယူလိုက်‌‌လေသည်။

ဖန်ထုံယွဲ့နဲ့ သူမရဲ့သူငယ်ချင်းတို့ဟာ အရမ်းအံ့အားသင့်လျက် ကြောင်သွားပါတော့သည်။

စုန့်မြောင်ကောနှင့် ကျန်းကျီခိုင်တို့ဟာလဲ အံ့ဩသွားပါတော့သည်။ သူတို့ဟာ ကုနင်းက အရမ်းသန်မာပြီး သူမအနေနဲ့ ဖန်ထုံယွဲ့ကို အလွယ်‌လေးအနိုင်ယူနိုင်ဆိုတာ သိသော်လည်း ကုနင်းက မမျှော်လင့်ထားစွာပင် ဖန်ထုံယွဲ့အား တစ်စက္ကန့်အတွင်း အနိုင်ယူလိုက်သည်။

ဒါဟာ တော်တော်‌လေး စော်ကားခံရလိုက်ရတာ ဖြစ်သည်။

ဖန်ထုံယွဲ့သည်လည်း အမှန်တကယ်ပဲ စော်ကားခံရတယ်လို့ ခံစားမိပြီး သူမရဲ့မျက်နှာဟာ နီရဲသွားပါတော့သည်။

"ငါ..ငါအဆင်သင့်မဖြစ်လိုက်လို့၊ နောက်တစ်ခါပြန်စမယ်"ဟု ဖန်ထုံယွဲ့က အရှုံးကိုလက်မခံနိုင်၍ပြောပေမဲ့လည်း ဒီတခါမှာတော့ သူမရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေဟာ ပျောက်ဆုံးသွားပြီဖြစ်သည်။ သူမအတွက် ကုနင်းဟာ သူမကို တစ်စက္ကန့်ထဲနဲ့ အနိုင်ယူနိုင်ဆိုတာ ယုံကြည်ဖို့ရန် ခက်ခဲလေသည်။ ဒါမတော်တဆဖြစ်တာပဲ ဖြစ်ရမယ်ဟု သူမကိုယ်သူမ တွေးလေသည်။

စုန့်မြောင်ကောနှင့် ကျန်းကျီခိုင်တို့ဟာ ဖန်ထုံယွဲ့အား အထင်သေးတဲ့ အကြည့်နဲ့ ကြည့်လိုက်လေသည်။ သူမတို့နှစ်ယောက်ရဲ့ သိုင်းပညာအဆင့်ဟာ တအားကွာခြားပါလျက်နဲ့ သူမဟာ အရှုံးကိုလက်မခံနိုင်၍ဖြစ်သည်။ ကောင်းပြီလေ သူမကိုယ်တိုင်ကိုက ကိုယ်ကိုကိုယ် နှိမ့်ချခံချင်နေမှတော့ သူတို့ကလဲ ပျော်ပျော်ကြီးပဲ ဆက်ကြည့်တာပေါ့ဟု တွေးလိုက်ကြသည်။

"ကောင်းပြီလေ။ ငါနင့်ကို နောက်ထပ် အခွင့်အရေးထပ်ပေးမယ်။ ဒီတစ်ခါတော့ သေချာ အဆင်သင့်ဖြစ်အောင်လုပ်ထား"ဟု ကုနင်းက ပြောသည်။

သူမအနေနဲ့ ဖန်ထုံယွဲ့ဟာ ထိုရလဒ်ကို လက်ခံရန်ခက်ခဲကြောင်း နားလည်သောကြောင့် သူမအနေနဲ့ ဖန်ထုံယွဲ့ကို ဒုတိယအကြိမ်အခွင့်အရေးပေးဖို့ ဝန်မလေးချေ။ အဘယ်ကြောင့်ဆိုသော် ရလဒ်က မပြောင်းလဲဘဲ ဒီအတိုင်းတူတူပဲ ဖြစ်နေမှာမလို့ ဖြစ်သည်။

အသက်ပြင်းပြင်းရှူသွင်းပြီးတဲ့အခါမှာတော့ ဖန်ထုံယွဲ့က အဆင်သင့်ဖြစ်၍ ကုနင်းနဲ့ နောက်တစ်ကြိမ် ပြန်တိုက်ခိုက်လေသည်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာလဲ ကုနင်းဟာ ဖန်ထုံယွဲ့ကို တစ်စက္ကန့်ထဲနဲ့တင် အနိုင်လိုက်ပါသေးသည်။ တကယ်လို့ ကုနင်းကသာ ‌ယောင်္ကျားလေးတစ်ယောက်ဆိုရင်တော့ မိန်းကလေးတစ်ယောက်ကို မညှာတဲ့အတွက် အပြစ်တင်လို့ရပေမဲ့လည်း ကုနင်းက ယောင်္ကျားလေးတစ်ယောက် မဟုတ်ပေ။

ဒီတစ်ကြိမ်မှာတော့ ဖန်ထုံယွဲ့က သူမအဆင်သင့်မဖြစ်သေးလို့ဟုသော အကြောင်းပြချက်ကို သုံးလို့မရတော့ချေ။ သူမအနေနဲ့ ကုနင်းဟာ သူမထက် ပိုပြီးသန်မာကြောင်း ဝန်ခံရတော့မည်ဖြစ်သည်။

ဘာလို့လဲ။ ဘာလို့ ကုနင်းက တအားသန်မာနေ‌တာလဲ။ ဖန်ထုံယွဲ့က လုံးဝအားမနည်းပေ။ သို့သော်လည်း သူမဟာ ကုနင်းနဲ့ တိုက်ခိုက်ရာတွင် တစ်စက္ကန့်တောင် မခံသောကြောင့် တော်တော်အောက်ကျလေသည်။

ဖန်ထုံယွဲ့သည် ကုနင်းဟာ သူမထက် အများကြီးပိုသန်မာတယ်ဆိုတာကို ဝန်မခံနိုင်သလို သူမကို အခြားလူတွေရှေ့မှာ အရှက်ခွဲတယ်ဆိုပြီး ကုနင်းကို ပိုပြီးစိတ်ဆိုးသွားတော့သည်။

သူမဟာ တွေ့နေကြ တစ်ကိုယ်ကောင်းဆန်ဆန် မိန်းကလေးတစ်ယောက်ဖြစ်သည်။ ကုနင်းကို သူမနဲ့ ယှဉ်ပြိုင်ဖို့ ရန်ပြိုင်ပွဲကို စိန်ခေါ်တဲ့သူဟာ သူမ,ဖြစ်ပေမဲ့လည်း ပြိုင်ပွဲမှာရှုံးတဲ့အခါ ကုနင်းအပေါ် အပြစ်အကုန် ပုံချလေသည်။

"ထုံယွဲ့"

ဖန်ထုံယွဲ့ရဲ့ သူငယ်ချင်းနှစ်ယောက်ဟာ သူမအား မတ်တပ်ပြန်ထနိုင်ရန် ပြေးထူ‌ပေးသည်။ ကံကောင်းစွာနဲ့ပဲ သူမဟာ ကွန်ဖူးသိုင်းချစ်သူဖြစ်တဲ့အတွက် နှစ်ခါလဲကျသွားသော်လည်း နာကျင်မှုကို သိပ်မခံစားရပေ။

ကုနင်းဟာတကယ်တော့ သူမကို မထိခိုက်စေရန် ခွန်အားအများကြီးမသုံးပေ။ မဟုတ်ရင် အခုချိန်ဆို သူမဟာ ဆေးရုံရောက်နေပြီဖြစ်သည်။

"ဒီတစ်ခါရော နင်အဆင်သင့်ဖြစ်ပြီလား"ဟု စုန့်မြောင်ကောက ဖန်ထုံယွဲ့အား လှောင်၍မေးလေသည်။

"ဒါပေါ့ သူအဆင်သင့်ဖြစ်တာပေါ့။ သူအဆင်သင့်ဖြစ်ပြီ မပြောမချင်း ကုနင်းက လှုပ်တောင်မလှုပ်တဲ့ဥစ္စာ"ဟု ကျန်းကျီခိုင်ကလဲ လှောင်လေသည်။

သူတို့နှစ်ယောက်ရဲ့စကားကြောင့် ဖန်ထုံယွဲ့ဟာ ပို၍အရှက်ရသွားသော်လည်း သူမမှာ ပြန်မငြင်းနိုင်၍ ဘာမှပြန်မပြောဘဲ တိတ်တိတ်နေကာ ထွက်သွားပါတော့သည်။

ဖန်ထုံယွဲ့ရှုံးသွားတဲ့အတွက် သူမရဲ့ သူငယ်ချင်းနှစ်ယောက်ကလဲ ရှက်သွားလေသည်။

"ငါကသူအရမ်းတော်တယ်ထင်နေတာ။ လက်စသတ်တာ ငါမှားတာပဲ"ဟု ထွက်သွားသော ဖန်ထုံယွဲ့ရဲ့နောက်ကျောကို ကြည့်ကာ စုန့်မြောင်ကောက အထင်သေးစွာပြောသည်။ ဒီလိုအလွယ်နိုင်ရတာ ကုနင်းက အရမ်းသန်မာလို့ဆိုတာကိုတော့ သူမသိသည်။

"အဲ့လိုအလွယ်နိုင်ရတာက ကုနင်းက အရမ်းသန်မာလို့လေ"ဟု ကျန်းကျီခိုင်က ပြောသည်။

"ကုနင်းကသူမကို အချိန်ယူပြီး နှိပ်စက်မယ်လို့ ငါထင်ထားတာ။ ဒါပေမယ့် ကုနင်းက သူမကို တစ်စက္ကန့်ထဲနဲ့ အနိုင်ယူလိုက်မယ်လို့တော့ မထင်ထားမိဘူး"ဟု စုန့်မြောင်ကောက ပြောသည်။ အခုလိုအနိုင်ယူလိုက်တာက အရမ်းလန်းပေမဲ့လည်း ကုနင်းသာ သူမကို နှိပ်စက်ရင် ပိုပြီးစိတ်ဝင်စားဖို့ ကောင်းမယ်ဟုထင်သည်။

"ငါတော့သဘောမတူဘူး။ ငါကတော့ သူမကို တစ်စက္ကန့်ထဲနဲ့ အနိုင်ယူလိုက်တာက ပိုရယ်စရာကောင်းတယ်လို့ထင်တယ်။ သူမဘယ်လောက် အထိနာသွားလဲဆိုတာ နင်တို့မတွေ့ဘူးလား"ဟု ကျန်းကျီခိုင်က မေးလေသည်။

"နင်ပြောတာ မှန်တယ်"ဟု စုန့်မြောင်ကောက ထောက်ခံသည်။

နေ့လည်ခင်းမှာတော့ ကုနင်းကို နျဲ့ချန်ယန်က ဖုန်းခေါ်လေသည်။ သူကသူမကို ဗုဒ္ဓဟူးနေ့ နေ့လည်၁နာရီမှာ အဖွဲ့ဝင်အသစ်တစ်ယောက်နဲ့ တွေ့ရန် အစည်းအဝေးရှိတာကြောင့် အဲ့နေ့မှာ သူမအားလားမအားလား သိချင်သောကြောင့်ဖုန်းဆက်ခြင်းဖြစ်သည်။

ကုနင်းက အရေးကြီးကိစ္စရုတ်တစ်ရက် မပေါ်လာရင်တော့ အားပါတယ်ဟုဖြေလိုက်သည်။ နောက်သုံးရက်နေ့မှ ဖြစ်သည့်အတွက် ဒီကြားထဲ ဘာဖြစ်နိုင်လဲဆိုတာ ဘယ်သူမှမသိ၍ နျဲ့ချန်ယန်လဲ ဘာမှမပြောတော့ပေ။

မြို့တော်ရဲ့ စီးပွားရေးတက္ကသိုလ်ဟာ လူအရမ်းဆန်တဲ့အတွက် ကျောင်းတက်ပျက်တဲ့အခါ အစည်းအဝေး ခေါ်တွေ့တာမျိုးလဲ မရှိပေ။

.....

စုန့်မြောင်ကောဟာ ကျီဝမ်နာနဲ့ ဗုဒ္ဓဟူးနေ့ ည၈နာရီမှ ယှဉ်ပြိုင်ရမှာ ဖြစ်သည်။ အမျိုးသားရေးအားလက်ရက်သည် ဗုဒ္ဓဟူးနေ့ပြီး နောက်တစ်နေ့ဖြစ်၍ ကုနင်းက Bမြို့ကို လေယာဉ်ပျံနဲ့ ပြန်ရန် ဆုံးဖြတ်လိုက်သည်။ သူမဟာ ပြန်မရောက်တာ ကြာပြီဖြစ်သည့်အတွက် အားလပ်ရက်တွင် ပြန်တာကောင်းမည်ဟု တွေးမိ၍ ဖြစ်သည်။

ထို့နောက် သူမသည် Cမြို့ကိုသွား၍ ထျန်းယင်ဂိုဏ်းအခြေအနေကို စစ်ဆေးဖို့လဲစိတ်ကူးထားသည်။

ဟွမ်းဟိုင်ဟောက်က ဖြစ်သမျှအားလုံးအား ချောင်ယကို ပြန်သတင်းပို့ပေမဲ့လည်း ကုနင်းက ထိုဂိုဏ်းရဲ့ တကယ့်ဘော့စ်ဖြစ်၍ ဖြစ်သည်။ သူမအနေနဲ့ ကိုယ်တိုင် စစ်ဆေးရန်လိုသည်။ တချို့အရာတွေဟာ သူမအနေနဲ့ ကိုယ့်မျက်လုံးကို မြင်ရမှ ကျေနပ်၍ဖြစ်သည်။

ထို့နောက် ဗုဒ္ဓဟူးနေ့ ရောက်လာတော့သည်။ နေ့လည်‌ရောက်၍ နေ့လည်စာစားပြီးတဲ့အခါမှာတော့ ကုနင်းဟာ ယွမ်ရှူးယန်ဆီ ထွက်လာခဲ့သည်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် စကားမများပေမဲ့လည်း ကုနင်းဟာ ယွမ်ရှူးယန်ကိုတွေ့တဲ့အခါ သူမရဲ့ မျက်လုံးထဲတွင် ကျေနပ်နေတဲ့ အရိပ်အယောင်တွေ့လိုက်လေသည်။ ကြည့်ရတာတော့ သူမဟာ တစ်ခုခုကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်၍ ဖြစ်မည်။

ယွမ်ရှူးယန်ဟာ ဘာလုပ်ထားတယ် ကုနင်းမသိပေမဲ့လည်း သူမအနေနဲ့ သတိထားရန် လိုအပ်နေလေသည်။

ထို့နောက် ကုနင်း အစည်းအဝေးသွားချိန်မှာတော့ စုန့်မြောင်ကောဟာ ပိုင်လီကျုံးရွှယ်နဲ့အတူ လေ့ကျင့်‌လေသည်။ ထို့နောက် သူမဟာ ကျန်းကျီခိုင်နဲ့အတူဆက်၍ လေ့ကျင့်လေသည်။

သူမဟာ ဒီညပြိုင်ပွဲပြိုင်ရမှာဖြစ်၍ ‌သူမ‌အနေနဲ့ သေချာပြင်ဆင်ထားရန် လိုအပ်သည်။ စုန့်မြောင်ကောက သူမကိုယ်သူမ ယုံကြည်မှုရှိပေမဲ့လည်း စိတ်လှုပ်ရှားနေဆဲဖြစ်သည်။

နေ့လည် ၁၂:၅၅ခန့်တွင် ကုနင်းသည် ကုန်သည်ကြီးများအသင်း၏ ရုံးခန်းသို့ ရောက်သည်။

ကုန်သည်ကြီးများအသင်းဟာ မြို့တော်တက္ကသိုလ်အတွက် အလွန်အရေးပါသည့်အတွက်ကြောင့် ကျောင်းမှ ရုံးခန်းအကျယ်ကြီး ပေးထားသည်။

ကုန်သည်ကြီးများအသင်းရဲ့ ရုံးခန်းဟာ စတုရန်းမီတာ၅၀ကျယ်ကာ ဇိမ်ခံပစ္စည်းများနှင့် အလှဆင်ကာ အလုံးစုံပြည့်စုံသော အစည်းအဝေး ခန်းမတစ်ခုဖြစ်သည်။ အခန်းဟာ အစည်းအဝေးခန်းမနှင့်‌တောင် မတူပဲ ခေါင်းဆောင်ရဲ့ ဧည့်ခန်းနဲ့တောင် တူနေသည်။

အခန်းထဲတွင် စာဖတ်ခန်း၊ မီးဖိုခန်းနှင့် သန့်စင်ခန်းတို့လဲ ထည့်ဆောက်ထားသည်။

ကုနင်းရောက်တဲ့အခါတော့ ကုန်သည်ကြီးများအသင်းရှိ အဖွဲ့ဝင်အားလုံးလုံးလိုလို ရောက်ရှိနေပြီးဖြစ်သော်လည်း အဖွဲ့ဝင်ဟာ အများကြီးမရှိပေ။ ဖျက်ခနဲကြည့်လိုက်ပြီးတဲ့အခါမှာတော့ ကုနင်းသည် လူ၂၈ယောက်တွေ့လေသည်။

အဘယ်ကြောင့်ဆို‌သော် ကုန်သည်ကြီးများအသင်း၏ အဖွဲ့ဝင်ဖြစ်ရန် မလွယ်ကူ၍ဖြစ်သည်။

ကုန်သည်ကြီးများအသင်းဟာ အဖွဲ့၂၈ယောက်ထက် ရှိပေမဲ့လည်း အချို့လူတွေကတော့ မတတ်ရောက်နိုင်ကြပေ။

ဒီနှစ်မှာတော့ အဖွဲ့ဝင်သစ်၅ယောက်ရှိသည်။ ဒီလူ၅ရောက်ထပ်ပိုပြီး လူတွေအများဟာ ကုန်သည်ကြီးများအသင်းရဲ့ အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားကြသော်လည်း ထိုလူ၅ယောက်သာ အဖွဲ့ဝင်ဖြစ်ရန် အရည်အချင်းပြည့်မှီသောကြောင့် ဖြစ်သည်။

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၁၀ ကျွန်မက အရမ်းထင်ထင်ပေါ်ပေါ်နေတတ်လို့လား?

စီးပွားရေးကို စိတ်ဝင်စားတဲ့ ကျောင်းသားကျောင်းသူတွေဟာ ကုန်သည်ကြီးများအသင်းကို ဝင်ချင်လွန်း၍ ယားနေကြသည်။ အဘယ်ကြောင့်ဆိုသော် ဒီအသင်းဟာ အဆက်အသွယ်ကောင်းကောင်းရနိုင်သော နေရာဖြစ်သောကြောင့်ဖြစ်သည်။ သို့သော်လည်း အောင်မြင်တဲ့ စီးပွားရေးပိုင်ရှင်တွေကိုသာ ဒီအသင်းက လက်ခံလေသည်။

ထို့အပြင် ကုန်သည်ကြီးများအသင်းသည် ကျောင်းသူကျောင်းသားသစ်တွေကိုသာ လက်ခံသည်မဟုတ်ပေ။ အချို့ကျောင်းသူကျောင်းသားများသည် တက္ကသိုလ်တွင် ပညာသင်ရင်း စီးပွားရေးစတင်ကြသည်အတွက် စီနီယာကျောင်းသားဟောင်းများကိုလဲ အသင်းက လက်ခံကြိုဆိုသည်ဖြစ်သည်။ ထို့ကြောင့် အဖွဲ့ဝင်အသစ်၅ယောက်တွင် ၂ယောက်ဟာ စီနီယာကျောင်းသားဟောင်းများဖြစ်ပြီး ၃ယောက်ကတော့ ကျောင်းသားသစ်များဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကျောင်းသားသစ်များဟာ အများအားဖြင့် အသက် ၁၇-၁၉နှစ်ကြားသာရှိ၍ဖြစ်သည်။ ထိုအထဲမှာမှ လူအချို့သာ စီးပွားရေးကို စတင်ကြပြီး အောင်မြင်ပြီးတဲ့လူဟာ ပိုတောင်နည်းသောကြောင့်ဖြစ်သည်။

တကယ်တော့ လူတချို့ကပဲ သူတို့ကိုယ်ပိုင် ကုမ္ပဏီထောင်ကြတာဖြစ်သည်။ အများစုဟာ သူတို့မိသားစုရဲ့ ထောက်ပံ့မှုကြောင့် အောင်မြင်လာခြင်းဖြစ်သည်။

ဒါပေမယ့်လည်း သူတို့မှာ အရည်အချင်း တစ်ချို့တော့ ရှိသည်။

အခန်းထဲကို ကုနင်းလမ်းလျှောက်ဝင်လာတာနဲ့တပြိုင်နက်တည်း သူမဟာ လူအားလုံးရဲ့ အာရုံစိုက်မှုကို ခံရလေသည်။ သူတို့အားလုံးဟာ ကုနင်းအကြောင်းကို ကြားဖူးကြသော်လည်း သူမကို လူအကုန်လုံးကတော့ လူကိုယ်တိုင်မတွေ့ဖူးကြပေ။ သူတို့ဟာ သူမဟာ လှတယ်လို့ ကြားဖူးကြပေမဲ့လည်း သူမကို တကယ့်အပြင်ဘက်မှာ လူကိုယ်တိုင်တွေ့လိုက်ရတဲ့အခါမှာတော့ သူမရဲ့အလှအပ‌ကြောင့် မှင်သက်သွားကြလေသည်။

ထို့နောက် လူတစ်ချို့ကတော့ သူမအား မချေကြည့်ဖြင့် ကြည့်လေသည်။ လူနှစ်ယောက်ကတော့ မိန်းကလေးဖြစ်ပြီး နောက်တစ်ယောက်ကတော့ ယောင်္ကျားလေးဖြစ်သည်။

ကုနင်းကတော့ အကြောင်းပြချက်မရှိ မချေကြည့်၊ ကြည့်တတ်တဲ့ အကြည့်တွေကို အသားကျနေပြီးဖြစ်၍ စိတ်လေးလက်အေးပဲ ဖြစ်သည်။

"မင်္ဂလာပါ ကုနင်း၊ ထိုင်ပါဦး"ဟု နျဲ့ချန်ယန်က ကုနင်းကို နူးညံ့သော အပြုံးလေးနဲ့ ပြောသည်။

"မင်္ဂလာပါ ဥက္ကဌနျဲ့"ဟု ကုနင်းက ခေါင်းငြိမ့်ပြကာ ဆိုဖာဆီသို့ လမ်းလျှောက်သွားလေသည်။ သို့သော်လည်း သူမခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်မှာပဲ ကောင်မလေးတစ်ယောက်ဟာ ကြမ်းကြမ်းတမ်းတမ်းလမ်းလျှောက်လာကာ ကုနင်းလမ်းကို ပိတ်ရပ်လိုက်လေသည်။

"ဥက္ကဌနျဲ့၊ ကုနင်းက အဖွဲ့ဝင်သစ်တွေထဲက တစ်ယောက်ဆိုတာ ကျွန်မလဲမသိရပါလား။ သူနာမည်က စာရင်းထဲလဲ မပါဘူး"ဟု ယွမ်ယီလင်းက မေးသည်။

ယွမ်ယီလင်းဟာ ကုန်သည်ကြီးများအသင့်ရဲ့ ဒုဥက္ကဌဖြစ်သည်။ သူမဟာ ယွမ်ရှူးယန်ရဲ့ တစ်ဝမ်းကွဲအစ်မလဲဖြစ်သည်။ သို့သော် သူတို့နှစ်ယောက်က ဆွေမျိုးအရမ်းမနီးစပ်ချေ။ အဘယ်ကြောင့်‌ဆိုသော် သူတို့ရဲ့ အဘိုးတွေက ညီအစ်ကိုအရင်းဖြစ်၍ သူတို့အဖေတွေက ညီအစ်ကို တစ်ဝမ်းကွဲတော်၍ဖြစ်သည်။

ထိုအရာကို ကြားတဲ့အခါမှာတော့ နျဲ့ချန်ယန်က စိတ်မကျေနပ်စွာ မျက်မှောင်ကြုတ်သွားလေသည်။ "ဒါဟာ ငါတို့ဝန်ထမ်းတွေရဲ့ အမှားဖြစ်မယ်။ သူတို့ ကုနင်းရဲ့ ကိုယ်ရေးအချက်အလက်ဖိုင်ကို ပျောက်သွားလို့။ ဒါပေမယ့် ငါက ကုနင်းကို အသစ်ပြန်ပို့ဖို့ပြောလိုက်တာ။ ဒါကြောင့် သူမနာမည်က စာရင်းထဲမှာပါသင့်တယ်လေ"

တကယ်တော့ နျဲ့ချန်ယန်က တစ်စုံတစ်ယောက်က ကုနင်းရဲ့ ကိုယ်ရေးအချက်အလက်ဖိုင်ကို သေချာဖျောက်ပစ်လိုက်တယ်လို့ သံသယရှိနေသည်။

အဘယ်ကြောင့်ဆိုသော် ကုန်သည်ကြီးများအသင်းရှိ အဖွဲ့ဝင်တိုင်းက တစ်လှေတည်းစီးနေသူများ မဟုတ်၍ဖြစ်သည်။ စွမ်းအားကြီးတဲ့မိသားစုကလူတွေဟာ တခြားလူတွေကို သူတို့ဘက်ပါလာရန် စည်းရုံးလေ့ရှိသောကြောင့် ဖြစ်သည်။ သူတို့ဟာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ တိတ်တဆိတ် ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။

တကယ်လို့ တစ်စုံတစ်ယောက်က ကုနင်းရဲ့ ကိုယ်ရေးအချက်အလက်ဖိုင်ကို ရည်ရွယ်ချက်ရှိရှိ ဖျောက်ပစ်လိုက်တာဆိုရင် အဲဒီလူက ဘယ်သူဖြစ်မလဲ။

နျဲ့ချန်ယန်သည် အစက ယွမ်ယီလင်း အပေါ်သံသယဝင်မိသည်။ အဘယ်ကြောင့်ဆိုသော် ကုနင်းနှင့် ယွမ်ရှူးယန်မတည့်ဘူးဆိုတာ လျှို့ဝှက်ချက်မဟုတ်သောကြောင့် ဖြစ်သည်။ ယွမ်ယီလင်းဟာ ယွမ်ရှူးယန်ရဲ့ ဝမ်းကွဲအစ်မဖြစ်တဲ့အတွက်ကြောင့် တကယ်လို့သူမဟာ ယွမ်ရှူးယန်အတွက် ထိုအရာကိုလုပ်လိုက်တယ်ဆို သဘာဝကျသည်။

သို့သော်လည်း အဲ့တာဟာ သံသယသက်သက်သာဖြစ်ပြီး သူ့မှာသက်သေမရှိ‌၍ သူထုတ်မပြောခြင်းဖြစ်သည်။ တကယ်လို့သူသာထုတ်ပြောလိုက်ရင် ပြသနာပိုဆိုးရုံပဲ ရှိလို့ဖြစ်သည်။

ထိုအရာကိုကြားတဲ့အခါမှာတော့ ယွမ်ယီလင်း စိတ်ရှုပ်သွားတော့သည်။ သူမကို အံ့အားသင့်စေတာကတော့ နျဲ့ချန်ယန်က ထိုအကြောင်းကို ရှာတွေ့သွားသည်သာမက ပြင်ဆင်လိုက်သောကြောင့် ဖြစ်သည်။

အဲ့အတွက်ကြောင့် ယွမ်ယီလင်းအနေနဲ့ ပါးစပ်ပိတ်နေရုံသာ ရှိတော့သည်။

ယွမ်ရှူးယန်နဲ့ယှဉ်ရင် ယွမ်ယီလင်းဟာ လူတွေနဲ့ပိုပြီး ပေါင်းသင်းဆက်ဆံတတ်သည်။ သူမဟာ ဘယ်အချိန်ရပ်ရမလဲနဲ့ ဘယ်အချိန်မှာ ပါးစပ်ပိတ်ထားရမလဲဆိုတာ သိသည်။ မဟုတ်လျင် သူမဟာ အသက်ငယ်ငယ်လေးနဲ့ ဒီလိုအောင်မြင်တဲ့ ကုမ္ပဏီပိုင်ရှင်တစ်ယောက် မဖြစ်လာနိုင်သလို ကုန်သည်ကြီးများအသင်းရဲ့ ဒုဥက္ကဌလဲ မဖြစ်လာနိုင်ချေ။

ထို့နောက်မှာတော့ သူတို့ဟာ အစည်းအဝေး စတင်ကြသည်။

အဖွဲ့အဝင်သစ်တွေကို အဖွဲ့အဝင်ဟောင်းတွေနဲ့ မိတ်ဆက်တဲ့ အစည်းအဝေးဖြစ်၍ သာမာန်ရိုးကျအစည်းအဝေး‌တော့ မဟုတ်ပေ။ ထို့ကြောင့် အစည်းအဝေးက အချိန်မကြာဘဲ နာရီဝက်နဲ့တင် ပြီးသွားလေသည်။

ဥက္ကဌနဲ့ ဒုဥက္ကဌ နှစ်ယောက်တို့ အဖွင့်စကားဦးစွာပထမ ပြောကြားပြီးတဲ့အခါမှာတော့ လူတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြလေသည်။

နောက်ဆုံးမှာတော့ "ဒီနေ့ဟာ မိတ်ဆက်တဲ့ အစည်းအဝေးဖြစ်တယ်။ အမျိုးသားနေ့အားလပ်ရပ်က မနက်ဖြန်စမှာ ဖြစ်တယ်။ အားလုံးကို ပျော်ရွှင်သော အားလပ်ရက်ဖြစ်ပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်။ ပြီးတော့ အားလပ်ရက်ပြီးတဲ့အခါမှာတော့ ပုံမှန် အစည်းအဝေးစမယ်"ဟု နျဲ့ချန်ယန်က ပြောသည်။

"ကျွန်တော်တို့ရဲ့ ပုံမှန်အစည်းအဝေးဟာ စနေနေ့တိုင်းကျင်းပလေ့ရှိတာမလို့ ကျွန်တော်တို့အနေနဲ့ ခင်ဗျားတို့ရဲ့ အချိန်တစ်ချို့ကို ယူဖို့လိုတယ်။ ဒါပေမယ့် ကျွန်တော်တို့ အပတ်တိုင်းတော့ အစည်းအဝေးမကျင်းပပါဘူး။ ပုံမှန်အားဖြင့်တော့ အစည်းအဝေးအသေးလေးတွေဟာ တစ်လတစ်ခါကျင်းပလေ့ရှိပြီး အစည်းအဝေးကြီးတွေကိုတော့ ရာသီတစ်ခုတစ်ခါ ဒါမှမဟုတ် လိုအပ်တဲ့အခါ‌တွေမှာ ကျင်းပပါတယ်"

"အစည်းအဝေးအသေးလေးတွေကတော့ ကျောင်းကအဖွဲ့ဝင်တွေနဲ့ ရိုးရိုးရှင်းရှင်း တွေ့ဆုံတဲ့ပွဲမျိုးဖြစ်တယ်။ ကျောင်းအပြင်က အဖွဲ့ဝင်တွေကိုတော့ အစည်းအဝေးကြီးတွေမှာပဲ ဖိတ်လေ့ရှိသည်။ သူတို့က အများအားဖြင့် အဆင့်အတန်းမြင့်ပြီး အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်တယ်။

ကျွန်တော်တို့က ခင်ဗျားတို့ကို အစည်းအဝေးတိုင်း တက်ရောက်ဖို့ ဖိအားမပေးပေမဲ့လည်း၊ ခင်ဗျားတို့မှာ အချိန်အားရင်တော့ တက်ရောက်ဖို့ မျှော်လင့်တယ်။ ဘာလို့လဲဆို အားလုံးအတွက် အကျိုးရှိလို့ ဖြစ်တယ်"

ဘယ်သူကမှ အစည်းအဝေး တက်‌ရောက်ဖို့အတွက် ဖိအားပေးမခံရ‌သော်လည်း ဘယ်သူကမှ ရည်ရွယ်ချက်မရှိဘဲ အစည်းအဝေး မပျက်လို့ကြချေ။

"ဟုတ်ပြီ။ ခင်ဗျားတို့ပြန်လို့ရပြီ"

အစည်းအဝေးပြီးသွားသောအခါ လူတွေဟာ တစ်ယောက်ပြီးတစ်ယောက် ထပြန်ကျလေသည်။

သင်ကြားရေးအဆောက်အဦးမှ ကုနင်းလမ်းလျှောက်ထွက်လာပြီးတာနဲ့ တပြိုင်နက် ယွမ်ယီလင်းက သူမအား ရပ်ရန် အနောက်မှ ခေါ်လိုက်လေသည်။

"ကျွန်မဘာအကူအညီပေးရမလဲ ဒုဥက္ကဌယွမ်"ဟု ကုနင်းက မေးသည်။

"ဘာမှတော့ ထွေထွေထူးထူးမရှိပါဘူး။ စီနီယာတစ်ယောက်အနေနဲ့ ငါကနင့်ကို သိုသိုသိပ်သိပ်နေဖို့ ပြောချင်တာပဲရှိတယ်။ မြို့တော်မှာ ဩဇာရှိတဲ့လူတွေ တပုံကြီးပဲ။ နင်ပစ်မှားဖို့ မတတ်နိုင်တဲ့ လူတစ်ယောက်ကို မတော်တဆစိတ်ရှုပ်အောင် လုပ်မိသွားလို့ နင့်အနာဂတ်ထိခိုက်သွားရင် နင့်အတွက်ဘာမှကောင်းမှာမဟုတ်ဘူး"ဟု ယွမ်ယီလင်းက ပြောသည်။

ထိုအရာကိုကြားတဲ့အခါမှာတော့ ကုနင်းက မျက်မှောင်ကြုတ်သွားသည်။ ယွမ်ယီလင်းဘာကိုဆိုလိုချင်လဲဆိုတာ သူမနားလည်သည်။ တကယ်တော့ သူမနာမည်ကို ကြားလိုက်ကတည်းက ကုနင်းက သူမဟာ ယွမ်မိသားစုက မိသားစုဝင်တစ်ယောက်ဆိုတာ ခန့်မှန်းမိပြီးဖြစ်သည်။

ယွမ်ယီလင်းရဲ့ သူမအပေါ် ပထမဆုံးအကြိမ်တွေ့ဆုံချိန်မှာ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတဲ့ပုံစံကို ကြည့်ပြီး ကုနင်းဟာ သူမကို ယွမ်ယီလင်းက မကြိုက်မှန်း သိလေသည်။

ယွမ်ယီလင်းဟာ သူမအပေါ် သဝန်တိုလို့ပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင် ကုနင်းက သူမကြိုက်နေတဲ့လူကို လုသွားမှာစိုးရိမ်သောကြောင့်ဖြစ်မည်။ အဲတာမှမဟုတ်ရင်တောင် ယွမ်ရှူးယန်နဲ့ ပတ်သတ်လို့ဖြစ်မည်ဆိုသော အကြောင်းပြချက်တစ်ခုသာ ရှိတော့သည်။

တကယ်လို့ ယွမ်ယီလင်းဟာ ယွမ်မိသားစုက မိသားစုဝင်တစ်ယောက်ဆိုရင်တော့ သူမနဲ့ ယွမ်ရှူးယန်က မောင်နှမတစ်ဝမ်းကွဲတော်လိမ့်မည်။ အဲ့တာ‌ဆိုရင်တော့ သူမက ကုနင်းကို သဘောမကျတာက သဘာဝကျသည်။

ထို့အပြင် ယွမ်ယီလင်းက သူမကို ခြိမ်းခြောက်နေတဲ့ပုံစံနဲ့ ပြောနေခြင်းဖြစ်တဲ့အတွက် သူမဟာ ယွမ်မိသားစုမှ မိသားစုဝင်တစ်ယောက်ဆိုတာ ကုနင်းက ပိုပြီးသေချာသွားပြီဖြစ်သည်။

ထိုအရာကိုသိတဲ့အခါမှာတော့ သူမရဲ့ ကိုယ်ရေးအချက်အလက်ဖိုင်က ရည်ရွယ်ချက်ရှိရှိ အဖျောက်ခံလိုက်ရတာဖြစ်ကြောင်း ကုနင်းက တွေးမိသွားသည်။ ထိုအရာက ယွမ်ယီလင်းနဲ့ တနည်းနည်းနဲ့ ပတ်သတ်နေတာ သေချာသည်။

ကုနင်းက သူမဟာ လူဆိုးတစ်ယောက်မဟုတ်ဘူးဟု ထင်သော်လည်း ဒီနေ့ ယွမ်ယီလင်းရဲ့ သူမအပေါ် ဆက်ဆံတဲ့ မကြည်တဲ့ အပြုအမူကိုကြည့်ပြီး သူမဟာ လူကောင်း မဖြစ်နိုင်တာလဲ ဖြစ်နိုင်ချေရှိ‌သည်။

ဘယ်လိုပဲဖြစ်ဖြစ် ကုနင်းအတွက် ထိုအရာဟာ သိပ်ပြသနာမရှိတဲ့အတွက် သူမဟာ ထိုကိစ္စအပေါ်သိပ်ပြီး ဂရုမစိုက်‌တော့ချေ။

"ကျွန်မဟာ တအားထင်ထင်ပေါ်ပေါ် နေတတ်တဲ့ လူဖြစ်နေလို့လား"ဟု ကုနင်းက မျက်လုံး‌‌လေးပေကလက်နှင့် ယွမ်ယီလင်းအား အပြစ်ကင်းစင်တဲ့ပုံနဲ့ ကြည့်ကာ ပေါ်ပေါ်ထင်ထင်နေတယ်ဆိုလဲ ဘာလဲမသိတဲ့ပုံနဲ့ မေးလေသည်။

ထိုအရာကိုကြားတဲ့အခါမှာတော့ ယွမ်ယီလင်းက ဒေါသထွက်သွားပါတော့သည်။ သူမသည် ကုနင်းက ရူးချင်ယောင်ဆောင်နေမှန်း မြင်သည်။ "ကုနင်း၊ အခုတစ်လော နင့်အကြောင်း ကောလဟာလတွေက တစ်ကျောင်းလုံး ပျံ့နေတာ။ အဲ့တာကိုကြည့်တာနဲ့တင် နင်ပေါ်ပေါ်ထင်ထင်နေတာ သက်သေရှိနေတာပဲ"

"အို" ကုနင်းက လက်လျော့ဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။

"ကျွန်မလဲမတတ်နိုင်ဘူး‌လေ။ ကျွန်မက အရမ်းထူးချွန်လွန်းလို့ထင်တယ်။ ကျွန်မကို မနာလိုတဲ့လူတွေ အမြဲရှိနေတာ။ သူတို့က ကျွန်မကို ခက်ခဲအောင်အမြဲလုပ်နေကြတာပဲ။ ဒါပေမယ့် ကျွန်မကတော့ ကျွန်မဘက်ကနေ ဘယ်သူ့ကိုမှစပြီး ပြသနာမရှာဖူးဘူး"

"နင်...." ကုနင်းရဲ့ ကိုယ်ကိုကိုယ်အရမ်းယုံကြည်တာကို ကြည့်ပြီး ယွမ်ယီလင်းက အံဩသွားလေသည်။ ရုတ်တရက်ပဲ သူမဟာ ဘာဆက်ပြောရမှန်း မသိဖြစ်သွားသည်။ သို့သော်လည်း ကုနင်းပြောတာ မှန်တော့မှန်သည်။ အဘယ်ကြောင့်ဆိုသော် သူမအနေနဲ့ ကုနင်းက သူများကို ပြသနာရှာတယ်ဆိုတာကို မကြားဖူးတဲ့အပြင် အကြိမ်တိုင်းတွင် ကုနင်းက ဒုက္ခခံရသူပဲ ဖြစ်,ဖြစ်နေခြင်း ဖြစ်သည်။

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၁၁ ယွမ်ယီလင်း၏သတိပေးစကား

ရုန်ကျဲ့ချန်၊ ချူဟန်ကျောင်းနဲ့ ယွမ်ရှူးယန်တို့ သူမအပေါ် ဘာပဲလုပ်ထားလုပ်ထား ကုနင်းကတော့ အပြစ်ကင်းလေသည်။

တကယ်တော့ ယွမ်ရှူးယန်အထင်မှားခံရတာဟာ ကုနင်းနဲ့ မဆိုင်မှန်း ယွမ်ယီလင်းသိသော်လည်း ထိုကိစ္စက ကုနင်းနဲ့တော့ တစ်နည်းနည်းနဲ့ ပတ်သတ်နေ၍ဖြစ်သည်။ ထို့အပြင် ယွမ်ရှူးယန်က ယွမ်မိသားစုရဲ့ မိသားစုဝင်တစ်ယောက်ဖြစ်တာမလို့ ဘာပဲဖြစ်ဖြစ် သူမအနေနဲ့ ယွမ်ရှူးယန်ဘက်မှာပဲ ရပ်တည်ပေးမည်ဖြစ်သည်။

သို့သော်လည်း သူမကိုယ်တိုင်ကလဲ ကုနင်းအပေါ် အကောင်းမြင်စိတ်သိပ်မရှိချေ။

"ဘယ်လိုပဲဖြစ်ဖြစ် ဂျူနီယာကု၊ ငါမင်းကို စိတ်ကောင်းနဲ့အကြံပေးချင်တာက မင်းမြို့တော်မှာနေရင် ဉာဏ်ကိုသေချာသုံးဖို့လိုတယ်"ဟု ယွမ်ယီလင်းက ပြောသည်။ ထိုသို့ပြောပြီးပြီးချင်း သူမက လှည့်ထွက်သွားလေသည်။ သူမဟာ ကုနင်းက ပြန်ပြောဖို့ရန် အခွင့်အရေးမပေးချေ။ အဘယ်ကြောင့်ဆိုသော် ပြန်ပြောရင် သူမ အရှက်ရနိုင်သောကြောင့် ဖြစ်သည်။

ကုနင်းကတော့ ထိုအရာကို လုံးဝဂရုမစိုက်ချေ။ အဘယ်ကြောင့်ဆိုသော် ယွမ်ယီလင်း ပြောတဲ့ စကားဟာ အဓိပ္ပာယ်ရှိသော်လည်း သူမရဲ့ စိတ်ကောင်းနဲ့ပေးတဲ့ အကြံဟာ အခြားလူတွေအတွက်သာ အသုံးဝင်သောကြောင့် ဖြစ်သည်။

ကုနင်းဟာ ဩဇာရှိတဲ့လူတွေနဲ့ ရန်ငြိုးရန်စ မဖွဲ့ချင်သော်လည်း အခြားသူတွေက သူမကို ပြသနာထဲ ဆွဲ၊ဆွဲသွင်းနေခြင်းဖြစ်သည်။ သူမဟာ အားမနည်းသည့်အတွက် အနိုင်ကျင့်မခံချင်လို၍သာ ပြန်တိုက်ခိုက်နေရခြင်း ဖြစ်သည်။

ယွမ်ယီလင်း ထွက်သွားပြီးနောက်တင်ပဲ နျဲ့ချန်ယန်ဟာ စီနီယာအမျိုးသားတစ်ဦးနှင့်အတူ ရောက်လာလေသည်။

"ကုနင်း၊ မင်းအဆင်ပြေရဲ့လား။ ယွမ်ယီလင်းက မင်းကိုထိခိုက်အောင် လုပ်သေးလား"ဟု နျဲ့ချန်ယန်က စိုးရိမ်စွာဖြင့် မေးသည်။ သူဟာ မကောင်းတဲ့စိတ်မရှိဘဲ တကယ်စိတ်ပူတဲ့ပုံပင်။ စီနီယာတစ်ယောက်အနေနဲ့ သူဟာ ကျောင်းသူ/သားသစ်တွေကို ဂရုစိုက်ပေးခြင်း ဖြစ်သည်။

နျဲ့ချန်ယန် ထိုမေးခွန်းကို မေးရတဲ့ အကြောင်းအရင်းက ယွမ်ယီလင်းက ကုနင်းအပေါ်ထားတဲ့ ရန်လိုစိတ်ကို သူမြင်သောကြောင့်ဖြစ်သည်။

"ဘာမှမဖြစ်ပါဘူး။ ဒီရက်ပိုင်း ကျောင်းမှာ ‌ကျွန်မအကြောင်း ကောလဟာလတွေ အများကြီးပျံ့နေလို့ သူမက ကျွန်မကို သိုသိုသိပ်သိပ်နေဖို့ လာသတိပေးတာပါ"ဟု ကုနင်းက ဖြေသည်။ ယွမ်ယီလင်းပြောသမျှဟာ မမှားသည့်အတွက် သူမအနေနဲ့ အမှန်အတိုင်းပြောလျင်တောင် ဘာပြသနာမှ မရှိပေ။

သို့သော်လည်း နျဲ့ချန်ယန်က အဲ့တာက စိတ်ကောင်းနဲ့ပေးတဲ့ အကြံမဟုတ်ဘဲ သတိပေးခြင်းဆိုတာ သိသည်။ သူသိသလို ကုနင်းကလဲ အမှန်အတိုင်းသိမှန်း သူသိလေသည်။

"မင်းနဲ့ပတ်သတ်ပြီး ကောလဟာလတွေ အများကြီးထွက်နေပေမဲ့လည်း မင်းကအပြစ်ကင်းတယ်ဆိုတာ ငါသိတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် သူတို့နဲ့ တတ်နိုင်သမျှ ကင်းအောင်နေ။ သူတို့နဲ့ ပြသနာဖြစ်လို့လဲ မင်းအတွက်လည်း ဘာကောင်းကျိုးမှ မရှိဘူး"ဟု နျဲ့ချန်ယန်က စိတ်ကောင်းဖြင့် သတိပေးသည်။

သူက ကုနင်းဟာ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းကြီးတွေနဲ့ အဆက်အသွယ်ရှိတာသိပေမဲ့လည်း သူမက သူတို့နဲ့ ဘယ်လောက်ရင်းနီးတဲ့ ဆက်ဆံရေးရှိလဲဆိုတာတော့ မသိဘူးဖြစ်သည်။ တကယ်လို့ ကုနင်းသာ ဩဇာရှိတဲ့မိသားစုတွေနဲ့ ပြသနာတတ်ခဲ့ရင် သူမရဲ့ အဆက်အသွယ်တွေက သူမကို ထောက်ပံ့ပေးမလားဆိုတာ ဘယ်သူမှမသိနိုင်၍ဖြစ်သည်။

နျဲ့မိသားစုက မြို့တော်ရဲ့ ပထမတန်းစားစာရင်းဝင် ချမ်းသာတဲ့မိသားစု ဖြစ်ပေမဲ့လည်း တကယ့်ထိပ်တန်းမိသားစုတွေနဲ့စာရင် အနည်းငယ် ယှဉ်နိုင်ရုံသာရှိ‌သည်။ ထို့ကြောင့် သူကိုယ်တိုင်ပင် ထိုမိသားစုများနဲ့ ပြသနာမတက်အောင် အတတ်နိုင်ဆုံး‌ရှောင်ရှားရသည်။

တကယ်လို့ နျဲ့ချန်ယန်သာ ကုနင်းရဲ့ တကယ့်အဆင့်အတန်းနဲ့ အဆက်အသွယ်တွေကိုသာ သိရင် သူဒီလိုစကားမျိုးတွေ ပြောလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ထိုသို့မသိ၍ပင် သူသည် စိတ်ကောင်းနဲ့ သူမအားဂရုစိုက်ရန် သတိပေးနေခြင်းဖြစ်သည်။

ကုနင်းဟာ အရမ်းထူးချွန်ပြီး ပါရမီရှိတဲ့ မိန်းကလေးမလို့ သူမဘဝကို ထိုမိသားစုများ လက်ထဲတွင် ပျက်စီးမသွားစေချင်၍ဖြစ်သည်။

"ကျွန်မသိပါတယ်၊ စေတနာနဲ့ သတိပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်"ဟု ကုနင်းဟာ နျဲ့ချန်ယန်က သူမကိုစေတနာနှင့် ပြောခြင်းဖြစ်တဲ့အတွက် သူ့အပေါ် ကျေးဇူးတင်‌မိသည်။ "အို၊ အတန်းစတော့မှာမလို့ ကျွန်မကို သွားခွင့်ပြုပါဦး"

"ကောင်းပါပြီ"ဟု နျဲ့ချန်ယန်ကပြောသောအခါ ကုနင်းက ထွက်ခွာသွားသည်။

"ချန်ယန်၊ မင်းသူ့ကို ဂရုစိုက်လှချည်လား။ ဘာလဲမင်းသူ့ကို ကြိုက်လို့လား"ဟု နျဲ့ချန်ယန်ဘေးရှိ ကောင်လေးက ကုနင်းထွက်သွားပြီးတဲ့အခါ သူ့ကို စနောက်လေသည်။

သူ့နာမည်က တိုက်ကျွင်းကျဲ့ဖြစ်ပြီး ဒုတိယတန်းစားစာရင်းဝင် Taiမိသားစုရဲ့ မိသားစုဝင်တစ်ယောက်ဖြစ်သည်။ သူဟာ နျဲ့ချန်ယန်နဲ့ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိသလို သူတို့မိသားစုတွေဟာလဲ ဆွေမျိုးတော်ဆက်ကြသည်။

တိုက်ကျွင်းကျဲ့ရဲ့ အဒေါ်တစ်ယောက်ဟာ နျဲ့ချန်ယန်တို့ မိသားစုထဲကို လက်ထပ်ထားခြင်းဖြစ်သည်။

"အပိုတွေ လျှောက်တွေးမနေနဲ့။ ကုနင်းက ထူးချွန်တဲ့မိန်းကလေးဖြစ်တဲ့အပြင် ပါရမီပါတယ်လို့လဲ ငါခံစားရလို့ သူမဘဝကို ရုန်မိသားစု ဒါမှမဟုတ် ယွမ်မိသားစုက ဖျက်စီးပစ်မှာ ငါမမြင်ချင်လို့ပဲ ရှိတယ်"ဟု နျဲ့ချန်ယန်က ပြောသည်။

"ဟုတ်တယ် ငါသိသလောက်တော့ ကုနင်းက မိန်းမကောင်းလေး တစ်ယောက်ပဲ။ သူမက ယွမ်ယီလင်းနဲ့ ယွမ်ရှူးယန်တို့လို သူတော်ကောင်းယောင် ဆောင်တတ်တဲ့လူတွေထက်တော့ အများကြီး ပိုသာတယ်"ဟု တိုက်ကျွင်းကျဲ့က ပြောသည်။

သူက ကုနင်းနဲ့ အခုမှ အပြင်မှာ ပထမဆုံးအကြိမ်တွေ့ဖူး၍ သူမအကြောင်း အနည်းငယ်သာသိသော်လည်း အင်တာနက်‌ပေါ်မှ သူမအနေနဲ့ အခြားလူတွေကို ဘယ်လိုကယ်ခဲ့လဲဆိုတဲ့ သတင်း‌တွေကို ဖတ်ပြီးဖြစ်သည်။ အခြားသူများကို ကယ်တယ်ချင်တဲ့စိတ်ရှိတဲ့အတွက် သူမကကြင်နာတတ်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပေလိမ့်မည်။ ထို့အပြင် သူမက ထိုသူများကို အန္တာရယ်ကြားထဲကပင် ကယ်တင်ခဲ့ခြင်းဖြစ်သည်။

"ကုနင်းမှာ ဩဇာရှိတဲ့ အဆက်အသွယ်ကောင်းတွေ ရှိပေမဲ့လည်း သူမသာ ရုန်မိသားစု ဒါမှမဟုတ် ယွမ်မိသားစုနဲ့ ပြသနာတက်ခဲ့ရင် အဲဒီအဆက်အသွယ်တွေက သူမကို ကူညီပါ့မလားဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ အဲ့တာကြောင့် ငါက သူမကို သူတို့တွေနဲ့ ရန်ငြိုးရန်စမဖြစ်အောင်နေဖို့ သတိပေးနေတာ"ဟု နျဲ့ချန်ယန်ကပြောသည်။

"ငါထင်တာတော့ ကုနင်းက ပြသနာမီးထွန်းရှာတတ်တဲ့သူတော့ မဟုတ်ဘူး။ ဒါပေမယ့် သူမကို ပြသနာလာရှာရင်တော့ ငြိမ်မခံဘဲ ပြန်တိုက်ခိုက်ဖို့ ဝန်မလေးတဲ့သူမျိုးဖြစ်မယ်လို့ ငါထင်တယ်"ဟု တိုက်ကျွင်းကျဲ့က ပြောသည်။

"အဲ့လိုဆိုရင်တော့ ငါလဲမတတ်နိုင်ဘူး"ဟု နျဲ့ချန်ယန်က လက်လျော့ဟန်နှင့် ခေါင်းကိုရမ်း၍ ပြောလိုက်သည်။ သူက ကုနင်းကို စေတနာနဲ့ ဂရုစိုက်ဖို့ သတိပေးပေမဲ့လည်း သူမကိစ္စတွေကိုတော့ ဝင်စွက်ဖက်ပိုင်ခွင့်မရှိချေ။ သူနဲ့ သူမဟာ ဘာမှမသက်ဆိုင်၍ ဖြစ်သည်။

....

ကုနင်းဟာ ဒီနေ့အတွက် ဘာမှလုပ်စရာ မရှိတော့သည့်အတွက် စုန့်မြောင်ကောနဲ့ ကျီဝမ်နာတို့ ပြိုင်ပွဲကို သွားကြည့်သည်။

အတန်း‌တွေပြီးသွားတဲ့အခါမှာတော့ သူတို့ဟာ အဖွဲ့ကိုယ်စီနဲ့ ထွက်ခွာသွားကြသည်။

သူတို့ဟာ ညစာအရင်သွားစားပြီးမှ သူတို့သွားချင်တဲ့‌‌ နေရာဆီသွားကြလေသည်။

လမ်းတွင် စုန့်မြောင်ကောက "ငါသာတကယ်နိုင်ရင် သူမဘီကီနီနဲ့ တိုင်ပတ်ကနေတာကို ဗွီဒီယိုရိုက်ပြီး အင်တာနက်ပေါ် တကယ်တင်မှာလား"ဟု မေးသည်။

ထိုအရာဟာ သူမကို အရှက်ခွဲဖို့ရန်အတွက် ကျီဝမ်နာကြံစည်ထားသောအရာ ဖြစ်ပေမဲ့လည်း သူမအနေနဲ့ အနည်းငယ်လွန်လွန်းတယ်လို့ ထင်သည်။ တကယ်လို့ ဗွီဒီယိုသာ နာမည်ကြီးသွားရင် သူမနာမည်လဲ ထိခိုက်နိုင်လို့ ဖြစ်သည်။

"ရိုက်ရမှာပေါ့။ အဲ့တာ နင်ကိုအရှက်ခွဲဖို့လုပ်တဲ့ သူ့အကြံပဲဟာ"ဟု ကျန်းကျီခိုင်က ပြောသည်။ သူမဟာ ကျီဝမ်နာကို သူမအကြံအစည်နဲ့ သူမဘယ်လိုပြန်ခံရလဲဆိုတဲ့ ခံစားချက်ကို သိစေချင်သည်။

"တကယ်လို့ အဲ့ဗွီဒီယိုသာ နာမည်ကြီးသွားရင် မြောင်ကောကိုလဲ ထိခိုက်လာနိုင်တယ်။ ကျီဝမ်နာက ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် စုန့်မြောင်ကောက သူ့မကို အတင်းဖိအားပေးလုပ်ခိုင်းလို့ပါလို့ ပြောလာနိုင်လို့ ငါတို့အင်တာနက်‌ပေါ်တော့ မတင်သင့်ဘူးထင်တယ်။ ဒါပေမယ့် ကျီဝမ်နာကို ခြိမ်းခြောက်ဖို့အတွက် ငါတို့ ဗွီဒီယိုတော့ရိုက်ပြီးသိမ်းထားရမယ်။ သူမဟာ နင့်ကိုကြောက်နေသ၍ နင့်ကိုပြသနာလာရှာမှာမဟုတ်ဘူး"ဟု ကုနင်းက ပြောသည်။

"ဟုတ်တယ်။ ကုနင်းပြောတာမှန်တယ်"

ကျန်းကျီခိုင်က သူတို့အနေနဲ့ ကျီဝမ်နာကို အသာလေးလွှတ်ပေးလိုက်သင့်တယ်လို့ မထင်သော်လည်း စုန့်မြောင်ကောနာမည်မပျက်အောင် သူတို့အနေနဲ့ ဂရုစိုက်ဖို့လိုတော့ထင်သည်။ ကုနင်းရဲ့ ဖြောင်းဖြမှုကြောင့် စုန့်မြောင်ကောလဲ ထိုသို့လုပ်ရန် ဆုံးဖြတ်လိုက်သည်။

သူတို့သွားနေတဲ့ နေရာကတော့ ကျီဝမ်နာအမြဲသွားတတ်တဲ့ သိုင်းလေ့ကျင့်ရေးခန်းမပင် ဖြစ်သည်။

ကျီဝမ်နာဟာ တကူးတကပဲ အခန်းတစ်ခုလုံးအား ငှားထားလေသည်။ ဒီအချိန်အတောအတွင်းတွင် သူမဟာ အားတဲ့အချိန်တိုင်း သိုင်းလေ့ကျင့်ရေးခန်းမကိုလာ၍ သိုင်းပညာလေ့ကျင့်လေ့ရှိသည်။

သူမဟာ သူမကိုယ်သူမ စုန့်မြောင်ကော ကို နိုင်မယ်လို့ ယုံကြည်မှုရှိသော်လည်း မတော်တဆဖြစ်မှာစိုးသောကြောင့် လိုရမယ်ရ လေ့ကျင့်နေခြင်းဖြစ်သည်။ ထို့အပြင် စုန့်မြောင်ကောနဲ့ သူမနဲ့ ပြိုင်ပွဲမရှိရင်တောင် သူမအနေနဲ့ ပုံမှန်လေ့ကျင့်ရန် လို၍လည်းဖြစ်သည်။

သူတို့ သိုင်းလေ့ကျင့်ရေးခန်းမကို ရောက်တဲ့အခါမှာတော့ ည၇:၄၀အချိန် ရှိ‌နေပြီ ဖြစ်တဲ့အပြင် ကျီဝမ်နာကလဲ ရောက်နှင့်နေပြီဖြစ်သည်။ သူမဟာ အတန်းချိန်ပြီးကတည်းက တန်းလာတာဖြစ်ပြီး ညစာကိုပင် သိုင်းလေ့ကျင့်ရေးခန်းမတွင်ပင် စားလေသည်။

ကျီဝမ်နာနဲ့အတူတူ လူလေးယောက်ရှိလေသည်။ ယောင်္ကျားလေးနှစ်‌ယောက်နှင့် မိန်းကလေးနှစ်ယောက်ဖြစ်သည်။ သူတို့ဟာ ကျီဝမ်နာရဲ့ သူငယ်ချင်းတွေဖြစ်တဲ့အပြင် ရှေ့တစ်ခေါက် ကျီဝမ်နာနဲ့ စုန့်မြောင်ကောတို့ ပြိုင်ပွဲကို ကြည့်ခဲ့ဖူးသူတွေလဲဖြစ်သည်။

သူတို့အားလုံးဟာ သိုင်းပညာလေ့ကျင့်သူတွေလဲ ဖြစ်သည်။

စုန့်မြောင်ကောခန်းမထဲ ဝင်လာတာကို မြင်တဲ့အခါမှာတော့၊ ကျီဝမ်နာဟာ စုန့်မြောင်ကော လုံးဝရှုံးမယ်လို့ ယုံကြည်တဲ့အတွက် အထင်သေးတဲ့အကြည့်ဖြင့်ကြည့်လေသည်။ ထို့အပြင် ကျီဝမ်နာက ကုနင်းကို မြင်တဲ့အခါမှာတော့ စိတ်မကြည်မလင်ဖြစ်သွားပါတော့သည်။ အဘယ်ကြောင့်ဆိုသော် သူမဟာ ပြီးခဲ့တဲ့ တစ်ခေါက်ကဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ကုနင်းအပေါ် စိတ်ဆိုးနေသေး၍ဖြစ်သည်။

သို့ပေမဲ့လည်း သူမက ကုနင်းဟာ ရုပ်လှတာကလွဲရင် တခြားဘာအရည်အချင်းမှမရှိဘူးဟု ထင်သည်။ ထို့ကြောင့် ကျီဝမ်နာဟာ ကုနင်းကို ပေါ့ပေါ့လေးသာတွေးထင်ကာ ပိုင်လီကျုံးရွှယ်နှင့် ကျန်းကျီခိုင်ကိုတော့ ဂရုတောင် မစိုက်ချေ။

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၁၂ ငါတာဝန်ယူတယ်

"အို၊ ကြည့်ပါဦး ဘယ်သူများလဲလို့။ ငါက နင်ကြောက်လို့ မလာရဲ‌တော့ဘူး ထင်နေတာ။ ငါ့မှာ ဘီကီနီရော ဗွီဒီယိုကင်မရာပါ အဆင်သင့်ပြင်ထားပြီးပြီ။ ပြီးတော့ ပိုက်တိုင်တွေလဲရှိတယ်။ အခုတော့ အရှုံးသမားတစ်ယောက်ပဲလိုတော့တယ်။"ဟု ကျီဝမ်နာက ပြောသည်။ ထို့နောက် သူမဟာ အနီရောင် ဘီကီနီတစ်စုံကိုထုတ်ကာ စုန့်မြောင်ကောရှေ့တွင်ရမ်းပြရင်း သူမနိုင်ဖို့ရာ ‌လုံးဝသေချာနေတဲ့ပုံစံနဲ့ စုန့်မြောင်ကော အရှက်ကွဲတာကို ကြည့်ဖို့စောင့်နေတဲ့ပုံစံနှင့် ပြောသည်။ သူမရှုံးမယ်လို့တော့ လုံးဝမထင်ပေ။

"ငါမလာပဲနေလို့ရမလား။ နင်ဘီကီနီဝတ်ပြီး တိုင်ပတ်ကမှာကို ငါကြည့်ရဦးမှာလေ"ဟု စုန့်မြောင်ကောက စိတ်မဆိုးစွာပြန်ဖြေသည်။ အဘယ်ကြောင့်ဆိုသော် သူမနိုင်မယ်လို့ သူမကိုယ်သူမ ယုံကြည်လို့ဖြစ်သည်။ ထို့အပြင် သူမအနေနဲ့ တစ်ဖက်ရန်သူထိတ်လန့်သွားစေရန် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိကြောင်း ပြရပေမည်။

စုန့်မြောင်ကောရဲ့ လုံးဝစိတ်မပူဘဲ ယုံကြည်အပြည့်ရှိနေတဲ့ပုံကို မြင်တဲ့အခါမှာတော့ ကျီဝမ်နာဟာ စိတ်မကျေမနပ်ဖြစ်သွားသည်။ "နင့်ကြည့်ရတာ ကိုယ်ကိုကိုယ် တော်တော်ယုံကြည်မှုရှိနေတာပဲ"

သူမဟာ ထိုသို့ စိတ်ထဲတကယ်မပါဘဲ ပြောလိုက်သည်။ သူမသည် စုန့်မြောင်ကောက ယုံကြည်မှုရှိချင်ယောင်ဆောင်နေခြင်း ဖြစ်မည်ဟုထင်သည်။

"နင်တောင် ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိသေးတာပဲ။ ဘာကိစ္စငါက မရှိရမှာ"လဲ စုန့်မြောင်ကောက ဖြေသည်။ "ဘယ်သူက ဘာအကြောင်းနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိနေတာလဲဆိုတာ ငါတို့ခဏနေရင် တွေ့မှာပဲ"

"ကောင်းသားပဲ၊ စောင့်ကြည့်တာပေါ့"ဟု ကျီဝမ်နာက စုန့်မြောင်ကောရဲ့ စကားပြောပုံကြောင့် သူမနဲ့ထက်စကားပြောမနေချင်တော့ဘဲ စိတ်အနှောက်အယှက်ဖြစ်စွာ ပြောလိုက်သည်။

စုန့်မြောင်ကောက ဒီမနက်ထွက်လာချိန်ကတည်းက အားကစားအဝတ်နဲ့ အားကစားဖိနပ်တို့ ဝတ်ဆင်ထားပြီး ထွက်လာတာဖြစ်၍ အခြားအဝတ်အစားလဲရန် မလိုအပ်ပေ။

"ငါကတော့ အဆင်သင့်ဖြစ်နေပြီ။ နင်ကရော"ဟု စုန့်မြောင်ကောက ကျီဝမ်နာအား မေးသည်။

စုန့်မြောင်ကောက သူမကို ထိုသို့မေးလိုက်သောအခါ၊ ကျီဝမ်နာအနေနဲ့ ဒီကစားပွဲတစ်ဦးလုံးဟာ သူမလက်အောက် ထိန်းချုပ်မှုမှလွတ်သွားသလို ခံစားလိုက်ရ၍ စိတ်တိုသွားလေသည်။ "ငါကအဆင်သင့် ဖြစ်‌နေတာ ကြာလှနေပြီ။ နင်အဆင်သင့်ဖြစ်ဖို့ပဲ စောင့်နေတာ"

ဒီလိုအချိန်မျိုးတွင် သူမအနေနဲ့ စိတ်နောက်ကိုယ်ပါမလုပ်သင့်ချေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ ဆုံးဖြတ်ချက်များကို ထိခိုက်နိုင်၍ဖြစ်သည်။ သို့သော်လည်း ကျီဝမ်နာရဲ့ ဆုံးဖြတ်ချက်များကို သူမ၏စိတ်ခံစားချက်က လွှမ်းမိုးသွားပြီဖြစ်သည်။

"ဝမ်နာ၊ သူမကို ကြောက်ချီးပန်းတဲ့အထိ ထိုးပစ်လိုက်"ဟု ကျီဝမ်နာရဲ့ သူငယ်ချင်းတစ်‌ယောက်က ပြောလိုက်သည်။

"နင်စောင့်သာကြည့်နေ"ဟု ကျီဝမ်နာက ယုံကြည်ချက်အပြည့်ရှိနေတဲ့ အပြုံးနှင့် ပြန်ပြောသည်။

ကုနင်းရဲ့ သူငယ်ချင်းများကတော့ ဘာစကားမှ မပြောဘဲ သူတို့ကို လှောင်ပြုံးလေးဖြင့်သာ ပြုံး၍ကြည့်နေလေသည်။ အဘယ်ကြောင့်ဆိုသော် စုန့်မြောင်ကောက နိုင်မှာသေချာနေတဲ့အပြင် တကယ်လို့ သူမမနိုင်ခဲ့ရင်တောင် ကုနင်းအနေနဲ့ လှည့်ကွက်အနည်းငယ်သုံး၍ သူမ,မရှုံးအောင် ဖန်တီးပေးရန် ဝန်မလေး၍ ဖြစ်သည်။

ထို့နောက် ကျီဝမ်နာနှင့် စုန့်မြောင်ကောတို့ တိုက်ခိုက်ရန်အတွက် နေရာကျယ်ကျယ်ပြန့်ပြန့်ရှိစေရန် အခြားသူများသည် ဘေးဖယ်ပေးလိုက်ကြသည်။

ပြိုင်ပွဲဟာ တုန့်ဆိုင်းမနေတော့ဘဲ စတင်တော့သည်။

ပြိုင်ပွဲမှာ နိုင်တဲ့လူနဲ့ ရှုံးတဲ့လူရှိမှာဖြစ်တဲ့အတွက် စုန့်မြောင်ကောသည် ပွဲစကတည်းက သူမ၏ စွမ်းအားအကုန်သုံး၍ တိုက်ခိုက်လေသည်။

ကျီဝမ်နာလဲ ထိုအတိုင်းပင်ဖြစ်သည်။ သူမကိုယ်သူမ နိုင်မယ်လို့ ယုံကြည်သော်လည်း စုန့်မြောင်ကောကို လုံးဝအပြတ်အသတ်အနိုင်ယူချင်သောကြောင့် ပွဲစကတည်းက သူမဟာ ကြမ်းကြမ်းတမ်းတမ်းပင် တိုက်ခိုက်လေသည်။

သို့သော်လည်း စက္ကန့်အနည်းငယ် ကြာပြီးတဲ့အခါမှာတော့ ကျီဝမ်နာဟာ စုန့်မြောင်ကောရဲ့ ထိုးချက်ကန်ချက်တွေဟာ အတော်အားပြင်းတယ်ဆိုတာ သဘောပေါက်မိတဲ့အပြင် သူမအနေနဲ့ ပြန်လည်တိုက်ခိုက်ရန်ပင် တော်တော်ခက်ခဲလာတယ်ဆိုတာ သတိပြုမိလေသည်။

အနည်းငယ်ကြာတဲ့အခါမှာတော့ ကျီဝမ်နာက စုန့်မြောင်ကောဟာ တော်တော် တိုးတက်လာတာကို သတိပြုမိတဲ့အပြင် စုန့်မြောင်ကောနဲ့ယှဉ်ရင် သူမဟာအတော်အားနည်းနေတယ်ဆိုတာ သဘောပေါက်သွားသည်။

သို့သော်လည်း သူမဟာလည်း ဒီနှစ်ဝက်အတွင်းတွင် တိုးတက်မှုတွေ အများကြီးရှိခဲ့တဲ့အတွက် သူမအနေနဲ့ စုန့်မြောင်ကောကို လွယ်လွယ်လေး အနိုင်ယူနိုင်လိမ့်မယ်လို့ ထင်သည်။ ကံဆိုးစွာနဲ့ပဲ သူမအထင်တွေဟာ မှားယွင်းပေတော့မည်။

ကျီဝမ်နာက စိတ်ပူလာပါတော့သည်။ အဘယ်ကြောင့်ဆိုသော်‌ သူမသည် စုန့်မြောင်ကောကို ရှုံးမှာကြောက်သည့်အတွက် ဖြစ်သည်။ ရှုံးတဲ့သူဟာ ဘီကီနီနှင့် တိုင်ပတ်ကရမှာ ဖြစ်သည့်အတွက် သူမဟာ အရှုံးမခံနိုင်ပေ။ ထိုဗွီဒီယိုသာ အင်တာနက်ပေါ် တင်လိုက်ရင် သူမအနေနဲ့ လူတိုင်းအရှက်ခွဲတာ ခံရမည်ဖြစ်သည်။

ကျီဝမ်နာသူငယ်ချင်းတွေဟာလဲ ထိုအရာကို သတိထားမိတဲ့အခါ သူမအတွက် စိတ်ပူ‌နေကြတော့သည်။

"ကြည့်ရတာ စုန့်မြောင်ကော တော်တော် တိုးတက်လာတဲ့ပုံပဲ။ ဝမ်နာ က အသာစီးမရနေဘူး"

"ဟုတ်တယ်။ ဒီပုံအတိုင်းဆို စုန့်မြောင်ကော နိုင်တော့မှာဘဲ"

"လျှောက်ပြောမနေနဲ့။ တိုက်ပွဲက အခုမှ အစပဲရှိသေးတယ်။ စိတ်ရှည်ရှည်နဲ့ ဆက်ကြည့်။ ငါကတော့ ဝမ်နာအပေါ်မှာ ယုံကြည်မှု ရှိတယ်"

ကျီဝမ်နာ၏ သူငယ်ချင်းများဟာ သူမအပေါ်ယုံကြည်မှုရှိသော်လည်း သူမအတွက် မစိုးရိမ်ပဲ မနေနိုင်ကြချေ။ စုန့်မြောင်ကောက တအားကြီးတိုးတက်လာ၍ ဖြစ်သည်။

တိုက်ပွဲကြာလာတာနှင့်အမျှ ကျီဝမ်နာဟာ ပို,ပိုပြီး ကြောက်လာပါတော့သည်။ အဘယ်ကြောင့်ဆိုသော် သူမဟာ ပိုပိုပြီး အားနည်းလာနေ၍ဖြစ်သည်။ စုန့်မြောင်ကောဟာ သူမခန္ဓာကိုယ်ပေါ်သို့ အချက်ပေါင်းအနည်းငယ် အောင်မြင်အောင် တိုက်ခိုက်နိုင်ပြီး ဖြစ်နေပေမဲ့လည်း သူမအနေနဲ့ တစ်ချက်သာ အောင်မြင်အောင် တိုက်ခိုက်နိုင်သေး၍ဖြစ်သည်။

ဒီအချိန်မှာတော့ သူမဟာ ခွန်အားလျော့နည်းလာပေမဲ့ စုန့်မြောင်ကောကတော့ ခွန်အားရှိနေသေးပုံဖြစ်တဲ့အတွက် ရှုံးမှာ‌သေချာတဲ့သူက စုန့်မြောင်ကောမဟုတ် သူမ,ဖြစ်လာနိုင်ပေသည်။

ကျီဝမ်နာ၏ သူငယ်ချင်းများဟာလည်း ထိတ်လန့်နေပေမဲ့လည်း သူတို့ကူညီနိုင်တာ ဘာမှမရှိချေ။

အချိန်အနည်းငယ်အတွင်းမှာပဲ စုန့်မြောင်ကောက လုံးဝအထက်စီးက ရလာပြီး ကျီဝမ်နာကတော့ ပြန်တောင် မတိုက်ခိုက်နိုင်တော့ချေ။ သူမဟာ ပြိုင်ပွဲပြီးဖို့ရန်ပင် မနည်းကြိုးစားနေရသည်။

မိနစ်အနည်းငယ်ကြာပြီးတဲ့အခါမှာတော့ ကျီဝမ်နာကို မြေကြီးပေါ်လဲကျသည်အထိ စုန့်မြောင်ကောက တိုက်ခိုက်လိုက်ပါတော့သည်။

ကျီဝမ်နာဟာ အရှုံးကို လက်မခံနိုင်သည့်အတွက် ပြန်ထပြီး ‌တိုက်ခိုက်ရန်ကြိုးစားသော်လည်း သူမမှာ ခွန်အားကုန်သွားပြီဖြစ်သည်။

"နင်ကအရှုံးသမားပဲ"ဟု စုန့်မြောင်ကောက ဂုဏ်အပြည့်နဲ့ ကျီဝမ်နာအား ငုတ်ကြည့်လိုက်လေ့သည်။

တကယ်တော့ စုန့်မြောင်ကောလည်း ခွန်အားအများကြီး မကျန်တော့ဘဲ မတ်တပ်‌တောင်မနည်း အားတင်းပြီးရပ်နေရတာ ဖြစ်သည်။

"ဝမ်နာ"

ကျီဝမ်နာ၏ သူငယ်ချင်းများဟာ သူမကိုပြေးထူလေသည်။ တချိန်တည်းမှာပဲ သူတို့ဟာ စုန့်မြောင်ကောက မကောင်းတာ တစ်ခုခုလုပ်ထားသည့်အလား မျက်စောင်းထိုးလျက် စိုက်ကြည့်ကြလေသည်။

စုန့်မြောင်ကောကို စိုက်ကြည့်လျှက် ကျီဝမ်နာက အေးစက်စက်အသံဖြင့် "အဲ့တော့‌ဘာဖြစ်လဲ။ ငါက‌တော့ ဘီကီနီမဝတ်နိုင်ဘူး"ဟု ပြောသည်။

ထိုအရာကို ကြားတဲ့အခါမှာတော့ စုန့်မြောင်ကောက စိတ်အနှောင့်အယှက် ဖြစ်သွားပြီး "ငါတို့သဘောတူထားတာကို နင်ငြင်းဖို့ကြိုးစားနေတာလား"ဟု ပြောသည်။

ထိုအရာဟာ အံ့ဩစရာမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ဟာ ကျီဝမ်နာက လွယ်လွယ်နဲ့ လက်လျော့မှာမဟုတ်ဘူးလို့ သိနေသော်လည်း သူတို့အနေနဲ့ သူမဆီက ထိုအရာကိုကြားရတဲ့အခါ စိတ်မကျေမနပ်ဖြစ်ဆဲပင် ဖြစ်သည်။

"ဟုတ်တယ် အဲဒီတော့ ဘာဖြစ်လဲ။ နင်ကငါ့ကို ဘာလုပ်ချင်လို့လဲ"ဟု ကျီဝမ်နာက ပြောသည်။ ကျီမိသားစုနှင့် စုန့်မိသားစုဟာ အဆင့်အတန်းခြင်း အတူတူပင် ဖြစ်သည်။ တကယ်လို့ သူတို့မိသားစု‌တွေအနေနဲ့ ပြသနာဖြစ်ရင်တောင် ဘယ်သူကမှ အသာစီးရမှာမဟုတ်ပေ။

ပိုအရေးကြီးတာက ကျီဝမ်နာမှာ အဆင့်အတန်းပိုမြင့်တဲ့ အဆင့်တစ်ခုရှိတာကြောင့် စုန့်မြောင်ကောက သူမကို အပြစ်လိုက်နာရန် တွန်းအားမပေးရဲဘူးလို့ ယုံကြည်သောကြောင့် ဖြစ်သည်။

"နင့်ကို ငါကဘာလုပ်ချင်လဲဟုတ်လား။ နင့်ဘာနင်ဘီကီနီ မဝတ်နိုင်ဘူးဆိုရင် ငါနင့်ကို ကူဝတ်ပေးရမလား"။ ထိုသို့ပြောပြီးနောက် စုန့်မြောင်ကောက ကျီဝမ်နာသူငယ်ချင်းလက်ထဲမှ ဈေးဝယ်အိတ်ကို လုကာ ဘီကီနီအား ထုတ်လိုက်သည်။

"နင်လုပ်ရဲတယ်"ဟု ကျီဝမ်နာက အံ့အားသင့်သွားသည်။ "ငါက ရုန်ဟုန်ကျွင်းနဲ့ စေ့စပ်ထားတဲ့သူပဲ။ နင်သာငါ့ကို အတင်းလုပ်ရင် ရုန်မိသားစုက နင့်ကိုပြန်ပေးဆပ်ရအောင် လုပ်လိမ့်မယ်"

ရုန်ဟုန်ကျွင်းဟာ ရုန်မိသားစုရဲ့ မိသားစုခွဲမှ အမွေဆက်ခံမည့်သူဖြစ်သည်။

ထိုအရာကိုကြားတဲ့အခါ ရုန်ဟုန်ကျွင်းက ရုန်မိသားစုမှ မိသားစုဝင်တစ်ယောက်ဆိုတာ နားလည်သွားသည်။ သူမဟာ သူက တိုက်ရိုက်မိသားစုကလား ဘေးကွဲမိသားစုခွဲလေးကလားဆိုတာသာ သေချာ မသိတာဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ကုနင်းက‌တော့ သူ့ကိုမကြောက်ချေ။

ဒါပေမယ့် စုန့်မြောင်ကောကတော့ ရုန်မိသားစုဆိုတာကို ကြားလိုက်တဲ့အခါမှာ စိတ်ပျက်သွားလေသည်။ ရုတ်တစ်ရက်ပဲ သူမဟာ ဘာလုပ်လို့ဘာကိုင် ရမှန်း မသိတော့ချေ။ တကယ်လို့ ရုန်မိသားစုသာ ပါဝင်လာရင် ဒီကိစ္စဟာ ရှုပ်ထွေးလာနိုင်၍ဖြစ်သည်။

ထိုအရာကိုမြင်တဲ့အခါ ကုနင်းက "ကြောက်စရာမလိုဘူး။ ငါတာဝန်ယူတယ်"ဟု ပြောလိုက်သည်။

"နင်ကဘယ်သူလဲ"ဟု ကျီဝမ်နာက ကုနင်းကို မျက်လုံးမှေး၍ ကြည့်လိုက်သည်။

ကုနင်းက ဘာလို့ ရုန်မိသားစုကို မကြောက်တာလဲ။ သူမ သန်မာချင်ယောင် ဆောင်နေတာလား

"ငါက သာမာန်လူတစ်ယောက်ပဲ"ဟု ကုနင်းက ဖြေသည်။ "ဘာပဲဖြစ်ဖြစ် နင်သဘောတူညီကြောင်း စာချုပ်မှာ နင့်လက်မှတ်ထိုးထားတာပဲ။ နင့်နောက်မှ ရုန်မိသားစုရှိနေရင်တောင် နင့်အနေနဲ့ ဒီလိုလုပ်လို့မရဘူး။ တကယ်လို့နင်သာနိုင်ရင်ရော နင်ကမြောင်ကောကို ခွင့်လွှတ်ပေးမှာမလို့လား"

"စာချုပ်ပေါ်မှာ သဘောတူညီချက်ကိုရေးထားပြီး ငါ့လက်မှတ်ထိုးထားတော့ရော ဘာဖြစ်လဲ။ အဲ့တာက အသုံးမဝင်ဘူး။ ငါတို့က မြို့တော်မှာနေနေတာ ဩဇာအာဏာက တခြားအရာတွေထက် ပိုအားကြီးတယ်"ဟု ကျီဝမ်နာက ပြောလိုက်သည်။ သူမဟာ အထင်သေးစွာနှင့် နှာခေါင်းရှုံ့လိုက်ကာ ကုနင်းက အတော်တုံးအတာပဲလို့ တွေးမိလိုက်သည်။ လူတိုင်းက ယုတ္တိမတန်ကြပေ။

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၁၃ ကျီဝမ်နာ သတိလစ်ဟန်ဆောင်ခြင်း

ကုနင်းဟာ ဂရုမစိုက်ဘဲ စွတ်အတင်းပဲ "ဘာပဲဖြစ်ဖြစ် နင်ဒီနေ့ သဘောတူထားတာကို လုပ်ရမှာပဲ။ မဟုတ်လို့ကတော့ ဒီနေရာကနေ လမ်းလျှောက်ထွက်သွားဖို့ မစဉ်းစားနဲ့"ဟု ပြောလိုက်သည်။

"နင်လုပ်ရဲတယ်?"ဟု ကျီဝမ်နာက ဒေါသထွက်သွားသည်။ သူမကို ခြိမ်းခြောက်ရဲအတွက် ကုနင်းက တော်တော်သတ္တိကောင်းတယ်လို့ သူမကထင်သည်။

"လုပ်ရဲလားမလုပ်ရဲလားဆိုတာ နင်သိလိမ့်မယ်"ဟု ကုနင်းဟာ လှောင်ပြုံး,ပြုံးလျက် ကျီဝမ်နာဆီ ခြေတစ်လှမ်းခြင်းလှမ်းကာ လမ်းလျှောက်သွားလေသည်။

"နင်..."ဟု ကျီဝမ်နာဟာ ဒေါသထွက်သွားသည်။ ကုနင်း က သူမကို တကယ်ထိခိုက်အောင် တစ်ခုခုလုပ်မလားမလုပ်မလားတော့ သူမ,မသိပေ။ ဒါပေမယ့် ကုနင်းက သူမကို အဲ့ဒီလိုခြိမ်းခြောက်ရဲသည့်အတွက် သူမအနေနဲ့ ကုနင်းကို သေချာပေါက် လက်စား‌ပြန်ချေမယ်ဆိုတာတော့ သေချာပေါက်သည်။

ထို့ကြောင့် ကျီဝမ်နာရဲ့ မျက်နှာဟာ မကောင်းကြံစိတ်တွေနဲ့ ပြည့်လာပြီး သူမဟာ ကုနင်းကို အရင်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ "ကောင်းပြီလေ။ နင်တို့ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့။ သူတို့ကို ရိုက်ပြစ်စမ်း"

စုန့်မြောင်ကောက သန်မာသော်လည်း သူမမှာ အကူအညီပေးနိုင်တဲ့သူ သိပ်မရှိပေ။ ကျီဝမ်နာဘက်မှာတော့ လူလေးလောက်ရှိတဲ့အပြင် သူတို့အားလုံးဟာ တိုက်ခိုက်ရေးမှာ ကျွမ်းကျင်တဲ့သူများဖြစ်ကြသည်။ ကျီဝမ်နာဟာ စုန့်မြောင်ကော တစ်ယောက်ပဲ တိုက်ခိုက်တတ်တာဟုထင်၍ သူမတို့နိုင်မယ်လို့ ယုံကြည်နေလေသည်။

သို့သော်လည်း သူမ၏အကြံအစည်ဟာ ဆိုးရွားစွာပဲ မှားယွင်းနေပါတော့သည်။ တကယ်တော့ သူမတို့ ၅ယောက်လုံးပေါင်းတောင် ကုနင်းကို မနိုင်ပေ။

"ကောင်းပြီလေ"

ကျီဝမ်နာအနေနဲ့ ဘီကီနီဝတ်ရမှာကို သူမရဲ့ သူငယ်ချင်းများဟာမတွေ့ချင်သောကြောင့် သူတို့အားလုံးသည် ကုနင်းဆီ ချက်ချင်းပဲပြေးကြလေသည်။

ကံဆိုးစွာပဲ သူတို့ဟာ ကုနင်းအနားကို ရောက်တာနဲ့တပြိုင်နက် သူမ၏ ရိုက်နှက်ခြင်းကို ခံရပါတော့သည်။ ဖြစ်ပျက်သမျှဟာ မြန်ဆန်လွန်း၍ သူတို့အနေနဲ့ ဘာဖြစ်သွားမှန်းတောင် မသိလိုက်ချေ။ နာကျင်မှုကိုသာမခံစားရရင် သူတို့အနေနဲ့ အိမ်မက်မက်နေတယ်လို့တောင် ထင်မိပါလိမ့်မည်။

သူတို့ကို အံ့အားသင့်စေတာကတော့ ကုနင်းက သူတို့ထင်ထားတာထက် ပိုသန်မာနေတာပါပဲ။ သူမဟာ သူတို့အားလုံးကို တစ်စက္ကန့်အတွင်း အလဲထိုးနိုင်လိုက်၍ ဖြစ်သည်။ ထို့အပြင် သူတို့ဟာ အလွန်အထိနာသွား၍ မတ်တပ်တောင် မရပ်နိုင်တော့ချေ။

ကျီဝမ်နာရဲ့မျက်နှာ ချက်ချင်းဖွေးစုတ်သွားပါတော့သည်။ သူမစိတ်ကူးယဉ်ထားတာထက်ပိုပြီး ကုနင်းက မယုံကြည်နိုင်လောက်အောင် တိုက်ခိုက်ရာမှာ တော်နေ၍ဖြစ်သည်။

ကုနင်းက စုန့်မြောင်ကောကို ကွန်ဖူးစကေးတွေ သင်ပေးလိုက်လို့များ စုန့်မြောင်ကောအနေနဲ့ ဒီအချိန်တိုလေးအတွင်းမှာ အရမ်းတိုးတက်လာတာများလား။ ကုနင်းက ဘယ်သူလဲ။ သူမဟာ တိုက်ခိုက်တဲ့နေရာမှာ တော်တာတင်မကဘဲ အတော်လဲရဲတင်းလေသည်။ သူမဟာ သိုင်းပညာတော်လို့ အဲ့လိုရဲတင်းနေတာလား။

"န...နင်...."ဟု ကျီဝမ်နာက တစ်ခုခုပြောချင်သော်‌လည်း ဘာပြောရမှန်းမသိ ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူမဟာ သူမရဲ့ကောင်လေးမိသားစုနောက်ခံကို သုံးပြီးသူတို့ကို ခြိမ်းခြောက်သော်လည်း အသုံးမဝင်၍ဖြစ်သည်။

"အဲ့တော့ ဘာဖြစ်လဲ။ နင်အခုချိန်မှာ ဘီကီနီဝတ်ပြီး ‌တိုင်ပတ်ကနေရမှာမဟုတ်ဘူးလား"ဟု ကုနင်းက ကျီဝမ်နာအား မေးသည်။

"ကျီမိသားစုနဲ့ ရုန်မိသားစုက နင့်ကိုခွင့်လွှတ်မှာမဟုတ်ဘူး"။ ကျီဝမ်နာဟာ ထိုသို့ပြောတာ အသုံးမဝင်မှန်းသိသော်လည်း သူတို့ကြောက်သွားမလားလို့ ကံစမ်းကာ ဆက်ပြောလေသည်။

"ဘာဖြစ်မလဲ စောင့်ကြည့်တာပေါ့"ဟု ကုနင်းက ထိုကိစ္စကို ဂရု‌တောင်မစိုက်ချေ။ "အခု နင်ဘာသာနင်ဝတ်မလား ဒါမှမဟုတ် ငါကူဝတ်ပေးရမှာလား။ ငါတို့က မိန်းကလေးချင်းဖြစ်နေပေမဲ့ နင့်ခန္ဓာကိုယ်ကို ငါမမြင်ချင်ဘူး။ ဒါပေမယ့် သဘောတူညီကို ဖြည့်ဆည်းဖို့အတွက် ငါသည်းခံနိုင်တယ်"

ကုနင်းမျက်နှာသည် အထင်သေး‌၍ ရွံရှာကာ မလုပ်ချင်သည့်ပုံနဲ့ ပြောလိုက်လေသည်။

"နင်...."ဟု ကျီဝမ်နာက ဒေါသထွက်သွားတော့သည်။

"ငါတို့အချိန်တွေမဖြုန်းနဲ့။ နင်အခု ကိုယ့်ဘာကိုယ် မဝတ်ဘူးဆိုရင် ငါနင့်ကို ကိုယ်တုံးလုံးချွတ်ပြီး လမ်းပေါ်ပစ်လိုက်မှာနော်"ဟုပြောကာ ကုနင်းက စိတ်မရှည်တော့ပေ။

"နင်..."

ကျီဝမ်နာဟာ အရမ်းဒေါသထွက်သွားပြီး ထို့နောက်မှာတော့ မြေကြီးပေါ် ရုတ်တရက် လဲကျသွားလေသည်။

"ဝမ်နာ"

ထိုအရာကို မြင်တဲ့အခါမှာတော့ ကျီဝမ်နာရဲ့ သူငယ်ချင်းများဟာ အံ့အားသင့် သွားကြသည်။ သူတို့ဟာ သူတို့ရဲ့ နာကျင်နေတဲ့ ခန္ဓာကိုယ်တွေကိုတောင် ဂရုမစိုက်တော့ဘဲ သူမဆီ ပြေးသွားကြလေသည်။

ကုနင်းကို ကြည့်ပြီး စုန့်မြောင်ကောဟာ ဘာလုပ်ရမှန်းတောင် မသိတော့ချေ။

ကျီဝမ်နာ သတိလစ်သွားတဲ့အတွက် သူတို့အနေနဲ့ ဆက်လုပ်သင့်သေးလား။

ထို့နောက်မှာတော့ ကုနင်းဟာ ကျီဝမ်နာဆီ လမ်းလျှောက်သွားလေသည်။ ဒါပေမယ့် ကျီဝမ်နာရဲ့သူငယ်ချင်းတွေဟာ သူမအား ချက်ချင်းကာကွယ်ပေးလေသည်။ သူတို့ဟာ ကုနင်းအား အန္တာရယ်များတဲ့ မကောင်းဆိုးဝါးတစ်ကောင်အလား သတိထားလျက် စိုက်ကြည့်နေကြသည်။

တကယ်တော့ သူတို့ဟာ ကုနင်းက တကယ်ကြောက်ဖို့ကောင်းတယ်လို့ ထင်သည်။

"ဝမ်နာက သတိ‌လစ်သွားပြီ။ နင်ဘာချင်လို့လဲ"ဟု ကျီဝမ်နာရဲ့ သူငယ်ချင်းက သူတို့ဟာ အပြစ်ကင်းတဲ့လူတွေအလား ကုနင်းအား အော်ပြောလေသည်။

"အရမ်းကောင်းတယ်။ သူမသတိလစ်သွားတော့ ငါတို့လုပ်ချင်တာ လုပ်လို့ရတဲ့အတွက် ပိုတောင်ကောင်းသေးတယ်"ဟု ကုနင်းက စာနာသနားစိတ်ကင်းမဲ့စွာ လူဆိုးအသံနဲ့ ပြောလေသည်။

သူမအနေနဲ့ ကျီဝမ်နာအပေါ် လုံးဝသနားညှာတာစိတ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူမဟာ ဟန်ဆောင်နေတာ ဖြစ်နိုင်သောကြောင့်ဖြစ်သည်။ တကယ်လို့ ကျီဝမ်နာက တကယ်ပဲသတိလစ်သွားတာဖြစ်ရင်တောင် ကုနင်းအနေနဲ့ သူမကိုသတိပြန်ရလာစေနိုင်တဲ့နည်းတွေ ထောင်ပေါင်းများစွာ ရှိသည်။

ကုနင်းပြောတာကို ကြားတဲ့အခါ ကျီဝမ်နာရဲ့မျက်နှာဟာ မထိန်းနိုင်ဘဲ တွန့်သွားလေသည်။ ထိုအရာကို ကုနင်းကလဲ သတိထားမိလိုက်လေသည်။ ကုနင်းဟာ နှုတ်ခမ်းပေါ်တွင် သရော်ပြုံးလေးတင်လျှက် သူမ၏ သရုပ်ဆောင်ညံ့မှုအပေါ် ကျယ်လောင်စွာ ရယ်မောလေသည်။

"နင်ဘာ.ဘာလို့အဲ့လောက်တောင် ယုတ်မာရတာလဲ"ဟု ကျီဝမ်နာရဲ့သူငယ်ချင်းတစ်ယောက်ဟာ ကုနင်းကအမှားလုပ်ထားသည့်အလား စွတ်စွဲပြောဆိုလိုက်သည်။

"ငါကယုတ်မာတယ်။ ဒီအလောင်းအစားက ကျီဝမ်နာဘက်က စပြီးပြောတယ်ဆိုတာလဲ မမေ့နဲ့ဦး။ သူမကသာ တကယ်ယုတ်မာတာ"ဟု ကုနင်းက ပျက်ရည်ပြုဟန်ဖြင့် ပြောသည်။ သူတို့ဟာ အပြစ်လွှဲချတတ်တဲ့ ဂိမ်းတွင် တော်တော်တော့ တော်ကြလေသည်။

"နင်..."ဟု ကျီဝမ်နာရဲ့ သူငယ်ချင်းဟာ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။

"စိတ်မပူပါနဲ့။ ငါသူ့ကို သတိပြန်ဝင်လာအောင် လုပ်တတ်တယ်"ဟု ကုနင်းက လူယုတ်မာအပြုံး ပြုံး၍ပြောလိုက်တဲ့အခါ သူတို့ဟာ ကြောက်လန့်သွားကြသည်။

ထိုသို့ပြောပြီးနောက် ကုနင်းက သူမ၏ ကျောပိုးအိတ်ကို ချွတ်လိုက်သည်။ ထို့နောက် အဝတ်ချုပ်အပ်တစ်ဗူးအား သူမ၏အိတ်(စိတ်စွမ်းအင်အာကာပြင်)ထဲမှယူကာ အပ်တစ်ချောင်းအား ထုတ်လိုက်လေ့သည်။

"နင်ဘာလုပ်မလို့လဲ"ဟု ကျီဝမ်နာရဲ့ သူငယ်ချင်းများဟာ ကြောက်လန့်သွားကြသည်။ တကယ်တော့ ကုနင်းက ကျီဝမ်နာကို အပ်နဲ့ထိုးဖို့ လုပ်နေတယ်ဆိုတာ အသိသာပင် ဖြစ်သည်။

"ငါသူ့ကို အပ်နဲ့ထိုးမလို့လေ။ အဲဒီအခါ သူမနိုးလာလိမ့်မယ်"ဟု ကုနင်းက ဖြေသည်။

ထိုအရာကိုကြားတဲ့အခါမှာတော့ စုန့်မြောင်ကောနှင့် ကျန်းကျီခိုင်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဖလယ်လိုက်ကြသည်။ ကျီဝမ်နာတကယ်ရော သတိလစ်သွားတာဟုတ်ရဲ့လားလို့ သူတို့ဟာ သံသယဝင်လာကြသည်။

တကယ်လို့ ကျီဝမ်နာသာ တကယ်သတိလစ်သွားတာမှန်ရင် သူမအနေနဲ့ အပ်နဲ့ထိုးခံရရင်တောင် သတိပြန်မရလာနိုင်ပေ။

ထိုအရာကိုတွေးမိတဲ့အခါမှာတော့ သူတို့ဟာ ကျီဝမ်နာသည် သတိလစ်ချင်ယောင်ဆောင်နေတာဖြစ်မှန်း သဘောပေါက်သွားပြီး သူတို့ဟာ သူမကို အထင်သေးသွားကြသည်။

ပိုင်လီကျုံးရွှယ်ကတော့ ကျီဝမ်နာ လဲကျသွားကတည်းက အဖြစ်မှန်သိပြီးဖြစ်၍ ဘာဇာတ်ကွက်‌တွေ ဆက်ဖြစ်မလဲဆိုတာသိချင်၍ ဘေးမှာတင်ရပ်ကာ ကြည့်နေလေသည်။

"တကယ်လို့ မတော်တဆတစ်ခုခုဖြစ်သွားရင်ရော။ နင်တာဝန်ယူနိုင်လို့လား"ဟု ကျီဝမ်နာရဲ့ သူငယ်ချင်းတစ်ယောက်က အပြစ်ပြောသည်။

"ဒါပေါ့။ ငါတာဝန်ယူနိုင်တာပေါ့"ဟု ကုနင်းက ဖြေသည်။

"နင်...."

ကုနင်းက ထို့နောက် သူတို့နဲ့ အချိန်ဖြုန်းမနေပေ။ လက်ဖြောက်တစ်ချက်နဲ့တင် အဝတ်ချုပ်အပ်ဟာ ကုနင်း လက်ထဲမှ လွင့်ထွက်သွားပြီး သူမဘေးရှိ ‌လူတွေကို ဖြတ်သန်းကာ ကျီဝမ်နာပခုံးအား သွားစိုက်လေသည်။

"အား"ဟု ကျီဝမ်နာဟာ နာကျင်စွာအော်လျှက် ခုန်ထလေသည်။

ကျီဝမ်နာရဲ့သူငယ်ချင်းတွေဟာ ထိုအရာကို တွေ့တဲ့အခါမှာတော့ အံ့အားသင့်သွားကြသည်။ ထို့နောက် သူမဟာ သတိလစ်ချင်ယောင် ဆောင်နေတာဖြစ်ကြောင်း သူတို့သဘောပေါက်သွားလေသည်။

ထိုအရာကိုတွေ့တဲ့အခါမှာတော့ စုန့်မြောင်ကောနဲ့ အဖွဲ့ဟာ သူမကို မုန်းတီးသွားကြသည်။

"နင်..."ဟု ကျီဝမ်နာဟာ အပ်ကို ချက်ချင်းဆွဲထုတ်ကာ ကုနင်းအား စိုက်ကြည့်လိုက်သည်။ သို့သော်လည်း ကုနင်းရဲ့ အေးစက်စက်မျက်လုံးတွေကို တွေ့တဲ့အခါမှာတော့ သူမဟာ ဘာမှမပြောရဲတော့ပေ။

"တွေ့လား။ နင်အခုသတိရသွားပြီ။ နင်ဘီကီနီဝတ်ပြီး မြန်မြန်တိုင်ပတ်ကတာ ကောင်းမယ် ကျီဝမ်နာ။ နင်ဘယ်လိုပဲ လှည့်ကွက်သုံးသုံး အသုံးဝင်မှာမဟုတ်ဘူး" ဟု ကုနင်းက အေးစက်စွာ ပြောသည်။ သူမ၏မျက်လုံးထဲတွင် ကျီဝမ်နာအား စိတ်ရှုပ်စရာကောင်းတဲ့လူပြတ်တစ်ယောက်အဖြစ်သာ မြင်သည်။

"မလုပ်၊မလုပ်၊မလုပ်ပါနဲ့"ဟု ကျီဝမ်နာဟာ သူမ၏ အသွင်အပြင်ကိုတောင် ဂရုမစိုက်တော့ဘဲ အကြောက်အကန် ငြင်းဆန်လေတော့သည်။

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၁၄ တိုင်ပတ်အက

"မလုပ်ချင်ဘူး ဟုတ်လား။ အဲ့တာနင်ဆုံးဖြတ်ရမဲ့ အရာမဟုတ်ဘူး"ဟု ကုနင်း ကအေးစက်စွာ ပြော၍ ကျီဝမ်နာဆီ လျှောက်သွားလေသည်။ ကျီဝမ်နာရဲ့သူငယ်ချင်းများဟာ သူမကို ကာကွယ်ရန် သူမရှေ့မှ ရပ်လိုက်ကြလေသည်။

"မြောင်ကော၊ ကျုံးရွှယ် သူတို့ကို ငါရှေ့ကဖမ်းပေး"ဟု ကုနင်းက မျက်မှောင်ကြုံ့လျက် ပြောသည်။

ထိုအရာကိုကြားတဲ့အခါ စုန့်မြောင်ကောနဲ့ ပိုင်လီကျုံးရွှယ်တို့ဟာ ကျီဝမ်နာ၏ သူငယ်ချင်းများကို မလှုပ်အောင် ချုပ်ထားလိုက်သည်။

အခုချိန်မှာတော့ ကျီဝမ်နာကို ဘယ်သူမှ မကယ်နိုင်တော့ပေ။

"န-နင်..."ဟု ကျီဝမ်နာက အရမ်းကြောက်လန့်သွားသည်။ သူမဟာ ထွက်ပြေးရန် ကြိုးစားသော်လည်း ကုနင်းမျက်လုံးများမှ မလွတ်နိုင်ပေ။ သူမခြေထောက်ကြွကာစမှပင် ကုနင်းက သူမအား ဖမ်းလိုက်လေသည်။

ထို့နောက်မှာတော့ ကုနင်းဟာ သူမကို အဝတ်လဲခန်းထဲ ဆွဲခေါ်သွားလေသည်။ သူမပြင်ဆင်လာတဲ့ ကင်မရာကိုထုတ်ရန် ကုနင်းက ကျန်းကျီခိုင်အ‌ရှေ့မှ ဖြတ်လျှောက်တဲ့အခါတွင် ပြောသည်။

ကျီဝမ်နာမှာလည်း ကင်မရာရှိပေမဲ့လည်း ကုနင်းက သူမကင်မရာအား မသုံးချင်ပေ။

"ငါကိုလွှတ်၊ ငါ့ကိုလွှတ်"ဟု ကျီဝမ်နာက ရုန်းကန်သော်လည်း အသုံးမဝင်ပေ။

"ဝမ်နာကို လွှတ်လိုက်"

"သူမကို လွှတ်လိုက်"

ကျီဝမ်နာရဲ့ သူငယ်ချင်းများဟာလည်း အော်ပြောလေသည်။

"ကိုယ့်ဘာသာကိုယ် အန္တရာယ်ကင်းအောင်နေ။ နင်တို့တစ်ယောက်မှ ကျီဝမ်နာကိုမကယ်နိုင်ဘူး"ဟု ပိုင်လီကျုံးရွှယ်က လှောင်လေသည်။ သူမမျက်လုံးထဲတွင် ဒီလူတွေဟာ တော်တော်တုံးအတယ်ဟု ထင်သည်။

ပိုင်လီကျုံးရွှယ်ဟာ ကုနင်းရဲ့ ရှေ့တွင် အပြစ်ကင်းပုံဖြင့် နေသော်လည်း တကယ်တော့ သူမဟာ သူမရဲ့ရန်သူတွေရှေ့မှာ ဒါမှမဟုတ် သူမကို ဒုက္ခလာရှာတဲ့ လူတွေရှေ့မှာတော့ အရမ်းရက်စက်တဲ့သူတစ်ယောက်ဖြစ်သည်။

သူမအနေနဲ့ ဖြစ်နိုင်ရင် ဗွီဒီယိုကို အင်တာနက်ပေါ်တင်ပြီး လူသိများတဲ့သတင်းတစ်ခုဖြစ်အောင် လုပ်ချင်သည်။ ကျီဝမ်နာဘက်က စပြောလာတဲ့ တောင်းဆိုမှုမလို့ ဖြစ်သည်။

တကယ်လို့ ဒီနေ့ရှုံးတဲ့လူက စုန့်မြောင်ကောသာဆိုရင် သူမအနေနဲ့ ကျီဝမ်နာဟာ စုန့်မြောင်ကောအပေါ် သက်ညှာလိမ့်မည်ဟု မထင်ချေ။

ကုနင်းဟာ ကျီဝမ်နာကို အဝတ်စားလဲခန်းထဲ ဆွဲခေါ်ပြီးတဲ့အခါမှာတော့ သူမအား နောက်ဆုံးအကြိမ်အဖြစ် "နင်ဘာနင်အဝတ်လဲမှာလား ဒါမှမဟုတ် ငါကိုယ်တိုင်လဲပေးရမှာလား"ဟု မေးသည်။

ကုနင်းဟာ အရမ်းကြောက်စရာ ကောင်းနေတဲ့အတွက် ကျီဝမ်နာဟာ စိတ်ဖိစီးနေသည်။

"ငါ..."ဟု ကျီဝမ်နာဟာ လက်လျော့လိုက်သည်။ သူမဟာ ဒီရလဒ်ကို လက်မခံချင်ဘဲ ကုနင်းကို တစ်စစီစုတ်ဆွဲ ပစ်လိုက်ချင်သော်လည်း ဒီနေ့အဖို့ သူမတွင် လွတ်လမ်းမရှိ‌တော့၍ဖြစ်သည်။

ကုနင်းရဲ့ ခြိမ်းခြောက်မှုနှင့် ခဏတာနှုတ်ဆိတ်ပြီးတဲ့အခါမှာတော့ ကျီဝမ်နာဟာ ဘီကီနီကိုယူ၍ အဝတ်လဲခန်းထဲကို မသွားချင်သွားချင်နဲ့ ဝင်သွားပါတော့သည်။

"ငါကစိတ်သိပ်မရှည်တာမလို့ နင်အထဲမှာ ၅မိနစ်ထက် ပိုနေဖို့မစဉ်းစားနဲ့။ မဟုတ်ရင်တော့ နင်ကိုယ်တုံးလုံးနေရမယ် မှတ်"ဟု ကုနင်းက ခြိမ်းခြောက်လေသည်။

ကျီဝမ်နာဟာ ထိတ်လန့်သွားပေမဲ့လည်း အချိန်မဆွဲရဲတော့ပေ။ ထို့အပြင် သူမဖုန်းဟာ သူမနဲ့အတူ မရှိနေတဲ့အတွက် အကူအညီခေါ်လို့လဲ မရပေ။

သူမဟာ ရေကူးဝတ်စုံကို ပင်လယ်ကမ်းခြေ ဒါမှမဟုတ် ရေကူးကန်တွေမှာ ဝတ်လေ့ရှိပေမဲ့လည်း ဒီဘီကီနီကတော့ သူမကိုယ်သူမ ဖုံးနိုင်ရုံသာရှိတဲ့ ဘီကီနီဖြစ်သည်။

သူမဟာ စုန့်မြောင်ကောကို အရှက်ခွဲဖို့ ကြံစည်ထားတဲ့အတွက် သူမပြင်ထားတဲ့ ဘီကီနီဟာ ခန္ဓာကိုယ်အား တအားဖော်တဲ့ ဘီကီနီဖြစ်သည်။

အခုတော့ သူမဟာ ရွေးချယ်စရာမရှိတဲ့အတွက် လက်လျော့လိုက်ရသည်။ သို့သော်လည်း သူမဟာ ကုနင်းကို ပြန်ပေးဆပ်အောင် လုပ်ဖို့အတွက် ဆုံးဖြတ်ချက် ချပြီးဖြစ်သည်။

ကျီဝမ်နာဟာ အဝတ်လဲပြီးပေမဲ့လည်း အပြင်မထွက်လာပေ။ ၅မိနစ်ပြည့်ခါနီးတဲ့အခါမှာတော့ ကုနင်းက အေးစက်စက်ပဲ "စက္ကန့်သုံးဆယ်ပဲ ကျန်တော့တယ်။ နင်အခုထိထွက်မလာ‌သေးဘူးဆိုရင် ငါ..."ဟု ပြောသည်။

ကုနင်းစကားမဆုံးခင်မှာပဲ ကျီဝမ်နာဟာ အပြင်ထွက်လာလေသည်။ အဘယ်ကြောင့်ဆိုသော် ကုနင်းက သူမကို တကယ်ကိုယ်တုံးလုံးချွတ်မှာ စိုးသောကြောင့်ဖြစ်သည်။

ကျီဝမ်နာဟာ အပြင်ထွက်လာတဲ့အခါမှာတော့ သူမခုနက ဝတ်ထားတဲ့ အဝတ်အစားများနှင့် သူမခန္ဓာကိုယ်အားဖုံးကာ သူမရဲ့လက်ကတော့ သူမရင်ဘက်ကို ကာထားလေသည်။

ကျီဝမ်နာဟာ အပြင်ရောက်တဲ့အခါ ကုနင်းအား မျက်စောင်းထိုးကာ စိုက်ကြည့်သော်လည်း ဘာမှတော့ ပြန်မပြောရဲပေ။ သူမသာ အကြည့်နဲ့ လူသတ်နိုင်ရင် ကုနင်းကို သတ်ပြီးနေပြီဖြစ်သည်။

"မြန်မြန်လုပ်။ နောက်ကျနေပြီ။ ပြီးရင် ငါတို့မှာအောင်ပွဲခံပွဲ လုပ်ဖို့ ရှိသေးတယ်" ဟု ကုနင်းက ကျီဝမ်နာစိတ်မကျေနပ်အောင် တမင်တကာပြောလေသည်။ ကျီဝမ်နာဟာ ရူးမတတ်ဖြစ်သွားသော်လည်း သူမအနေနဲ့ ကုနင်းကို မနိုင်သောကြောင့် ဘာမှမလုပ်နိုင်ချေ။

ကျီဝမ်နာဟာ အချိန်ဆွဲနေတာကို မြင်တဲ့အခါမှာတော့ သူမကိုယ်သူမကာထားတဲ့ အဝတ်တွေကို ကုနင်းက ဆွဲဖယ်လိုက်သည်။ ချက်ချင်းပဲ သူမဟာ ဘီကီနီလေးနဲ့တင် ကျန်ခဲ့သည်။

ထိုနေရာမှာရှိနေတဲ့ ယောင်္ကျားလေးနှစ်ယောက်ဟာ ချက်ချင်းပင် ဘေးကိုခေါင်းလှည့်လိုက်လေသည်။ သူတို့ သူမကိုမကြည့်ချင်လို့ မဟုတ်ဘဲ မကြည့်ရဲလို့ ဖြစ်သည်။

ကျီဝမ်နာဟာ ရင်သားကြီးမားပြီး တင်ပြည့်နေတဲ့ ပြည့်စုံတဲ့ခန္ဓာကိုယ် ရှိရာ အထူးသဖြင့် သူမ၏ ကြီးမားတဲ့ ရင်သားတစ်ဝက်ဟာ ယခုဝတ်ထားသော ဘီကီနီအပြင်ဘက်တွင် ထွက်နေ‌လေသည်။

"နင်...."ဟု ကုနင်းက သူမ၏ ခန္ဓာကိုယ်ကို ဖုံးထားသော အဝတ်တွေကိုဆွဲဖယ်လိုက်တဲ့အခါ ကျီဝမ်နာက ရှက်လဲရှက်သလို ဒေါသလဲထွက်သွားသည်။ ထို့နောက် သူမရင်ဘက်ကို သူမလက်ဖြင့်ကာထားလေသည်။

ထို့နောက် သူမ၏အောက်ပိုင်းကိုလဲ ကာဖို့လိုသေးတယ်လို့ တွေးမိ၍ သူမ၏ အခြားလက်တစ်ဖက်ဖြင့် ကာလိုက်သည်။ ဒါပေမယ့်လည်း သူမဟာ သူမခန္ဓာကိုယ်အား ကာမိရုံသာ ကာနိုင်လေသည်။

"အမယ် အမယ်။ နင့်မှာ တော်တော်ဆက်စီကျပြီး ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ရှိတာပဲ။ ယောင်္ကျားလေးတွေအများကြီးက နင့်ကိုကြိုက်ကြမယ်လို့ ငါလောင်းရဲတယ်"ဟု ကျန်းကျီခိုင်က အမှန်အတိုင်းပဲ ချီးမွှမ်းလိုက်လေသည်။

"နင့်ခန္ဓာကိုယ်ကလဲ အတော်လှတယ်လို့ ငါထင်တယ်"ဟု စုန့်မြောင်ကောက ကျန်းကျီခိုင်အား တချက်ငဲ့ကြည့်၍ ပြောလိုက်သည်။

"ငါတို့အားလုံးဟာ ဆက်စီကျတယ်"ဟု ပိုင်လီကျုံးရွှယ်က ပြောလိုက်သည်။ သူမဟာ ကိုယ်ကိုကိုယ် မာန်တက်နေတာမဟုတ်ဘဲ သူတို့အားလုံးဟာ အမှန်တကယ်ပင် ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်လို့ဖြစ်သည်။

"ငါသဘောတူတယ်"ဟု ကျန်းကျီခိုင်က ပြောသည်။

"ကောင်းပြီ။ ငါတို့ အချိန်‌တွေမဖြုန်းနဲ့တော့"ဟုဆိုကာ ကုနင်းက ကျီဝမ်နာကို တိုင်ဆီ ဆွဲခေါ်သွားသည်။

ကျီဝမ်နာလမ်းလျှောက်ထွက်လာတာနဲ့ တပြိုင်နက်ထဲ ကျန်းကျီခိုင်က ဗွီဒီယိုစရိုက်ပါတော့သည်။

ကုနင်းဟာ ကျီဝမ်နာကို တိုင်ဆီခေါ်သွားပြီးတဲ့အခါမှာတော့ သူမကိုယ်တိုင်ရိုက်မည်ဟုဆိုကာ ကျန်းကျီခိုင်ဆီမှ ကင်မရာအား ယူလိုက်သည်။

ကုနင်းက ကင်မရာကို ကျီဝမ်နာ ဘက် လှည့်လိုက်သော်လည်း သူမဟာ မကဘဲ ရပ်နေသောကြောင့် သူမဟာ စိတ်တိုသွားကာ "တိုင်ကို ဖက်လိုက်လေ" ဟုပြောသည်။

ထိုအရာကိုကြားတဲ့အခါ ကျီဝမ်နာက တိုင်ကို လက်ဖြင့်ကိုင်လိုက်သော်လည်း မလှုပ်တော့ချေ။

"အခု ကတော့"ဟု ကုနင်းက ပြောသည်။

ကျီဝမ်နာက အရမ်းအရှက်ကွဲသည်ဟု ခံစားရသော်လည်း အနည်းငယ်တော့ လှုပ်ရှား၍ ကလိုက်သည်။ သူမအကဟာ တိုင်ပတ်အကနဲ့ လုံးဝမတူပေ။

ကုနင်းဟာ ကျီဝမ်နာကို တကယ့်တိုင်ပတ်အက မကခိုင်းသော်လည်း သူမအရှက်ရနေတဲ့ဗွီဒီယိုကို စုန့်မြောင်ကောအားတစ်ခုခုလုပ်မှာ စိုးတဲ့အတွက် အာမခံအဖြစ် ရှိနေစေချင်၍ ဖြစ်သည်။

ကျီဝမ်နာဟာ ကင်မရာကို ရှောင်ရှောင်နေသော်လည်း ကုနင်းကတော့ သူမကို အောင်မြင်အောင်‌ ရှောင်ခွင့်မပေးသောကြောင့် ဗွီဒီယိုတစ်ခုလုံးတွင် သူမမျက်နှာအား အများအားဖြင့် ဖမ်းမိလေသည်။

ဒေါသတွေနဲ့ ပြည့်နေသော်လည်း ကျီဝမ်နာက စကားတစ်ခွန်းမှ မပြောရဲပေ။

ကုနင်းဟာ ဗွီဒီယိုအား အကြာကြီးမရိုက်ပေ။ တစ်မိနစ်နဲ့တင် လုံလောက်၍ ဖြစ်သည်။

"ရပြီ"ဟုဆိုကာ ကုနင်းက ကင်မရာကို ပိတ်လိုက်သည်။ သူမဟာ ကျီဝမ်နာအား အေးစက်စက်နှင့် စိုက်ကြည့်လိုက်ပြီး "ကျီဝမ်နာ၊ ငါဒီဗွီဒီယိုကို အခုချိန်မှာတော့ အင်တာနက်ပေါ်မတင်သေးဘူး။ ဒါပေမယ့် နင်မြောင်ကောကို ဆက်ပြီးပြသနာရှာနေသေးရင်တော့ ဖြစ်လာမဲ့ရလဒ်ကို နင့်ဘာနင်ခံတော့"ဟု ပြောလိုက်သည်။

ကျီဝမ်နာဟာ စိတ်အေးသွားသော်လည်း သူမအနေနဲ့ ဒီအရှက်ရမှုကို ကြိတ်ခံပြီး စုန့်မြောင်ကောအပေါ် လက်စားပြန်မချေဘဲ မနေနိုင်ချေ။

သူမဟာ စုန့်မြောင်ကောကို လက်စားပြန်ချေရုံသာမကပဲ ကုနင်းကိုလဲ အပြစ်ပေးဖို့ရန်အတွက် ဆုံးဖြတ်ပြီးဖြစ်သည်။ အမှန်တော့ သူမဟာ ကုနင်းကို အခုချက်ချင်းပင် သတ်ပစ်ချင်နေတာဖြစ်သည်။ ကုနင်းကြောင့်သာ မဟုတ်ရင် သူမအနေနဲ့ ဒီနေ့လို အရမ်းအရှက်ကွဲမှာ မဟုတ်ပေ။

ဒါပေမယ့်လည်း သူမဟာ ထိုအရာကို အကျယ်ကြီး ထုတ်မပြောပေ။

"သွားကြစို့"

ကုနင်းဟာ ကျီဝမ်နာက သူမပြောတာ နားထောင်လားမထောင်လား ဂရုမစိုက်နေတော့ဘဲ သူမသူငယ်ချင်းတွေနဲ့အတူ လှည့်ထွက်သွားလေသည်။

တကယ်လို့ ကျီဝမ်နာသာ စုန့်မြောင်ကောကို လက်စားပြန်ချေရင် ကုနင်းအနေနဲ့ စုန့်မြောင်ကောကို အကူအညီပေးမည်ဖြစ်သည်။ တကယ်လို့ သူမသာ ဝင်မကူညီခဲ့ရင် ကျီဝမ်နာက ရုန်မိသားစု၏ နောက်ခံကိုသုံးပြီး သူတို့ကိုခြောက်တဲ့အချိန်တွင် စုန့်မြောင်ကောက လက်လျော့‌ပေးလောက်မည်ဖြစ်သည်။

သူမအနေနဲ့ သူတို့ဒီနေ့လုပ်ခဲ့တဲ့ အရာအတွက် ‌လုံးဝနောင်တရမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမအနေနဲ့ ကျီဝမ်နာဆီ အောက်မကျို့ခြင်၍ဖြစ်သည်။

All Chapters