အခန်း (၁၉၁၅-၁၉၂၀)
Vol. 118 Ch. 1915-1920
အပိုင်း ၁၉၁၅ ပြဿနာတွေကြုံနေတယ်
တကယ်လို့ ကျီဝမ်နာသာ သူမကို ပြသနာလာရှာခဲ့ရင် ကုနင်းအနေနဲ့လဲ ရှောင်လိမ့်မည် မဟုတ်ပေ။
ကုနင်းနှင့် သူမ၏သူငယ်ချင်းတွေ ထွက်သွားတာနဲ့တပြိုင်နက်တည်း ကျီဝမ်နာက အဝတ်ပြေးလဲလေသည်။ သူမအတွက် ဒီဟာကိုဝတ်ရတာဟာ အရှက်တအားကွဲ၍ဖြစ်သည်။
ကျီဝမ်နာ ရဲ့စိတ်ဟာ အခုချိန်တွင် အမုန်းတရားတွေနဲ့ ပြည့်နေပြီး ကုနင်းကို အသေသတ်ဖို့ရာ မအောင့်နိုင်တော့သော်လည်း သူမအနေနဲ့ ထိုအရည်အချင်းမရှိပေ။ သို့ပေမဲ့လည်း သူမအနေနဲ့ သူတို့ကို ဘယ်တော့မှ လုံးဝခွင့်လွှတ်နိုင်မည် မဟုတ်ပေ။
"ကုနင်း၊ ကျီဝမ်နာက ငါတို့ခြိမ်းခြောက်တာကို ကြောက်မယ်လို့ နင်ထင်လား"ဟု စုန့်မြောင်ကောက သူတို့အားလုံး သိုင်းလေ့ကျင့်ရေးခန်းမအပြင် ရောက်ချိန်တွင် စိတ်ပူစွာဖြင့် မေးသည်။
သူမဟာ ဒီတစ်ကြိမ်တွင် အနိုင်ရ၍ စိတ်ကျေနပ်နေသော်လည်း စိုးရိမ်နေဆဲဖြစ်သည်။
"ငါတော့မထင်ဘူး။ ဒါပေမယ့် သူမ ခနလောက်တော့ ငြိမ်နေလိမ့်မယ်။ နင့်အနေနဲ့ အခုကစပြီး သတိထားနေတော့။ အပြင်လဲတစ်ယောက်ထဲ မသွားနဲ့"ဟု ကုနင်းက ပြောသည်။ သူမအနေနဲ့ ပိုင်လီကျုံးရွှယ်အပေါ် လုံးဝမစိုးရိမ်သော်လည်း စုန့်မြောင်ကောနှင့် ကျန်းကျီခိုင်တို့ အန္တရာယ်မကင်းမှာတော့ စိုးရိမ်နေဆဲဖြစ်သည်။ အထူးသဖြင့် ကျန်းကျီခိုင်ပင်။
သူမနဲ့ ဘာမှ မပတ်သတ်ပေမဲ့လည်း သူမဟာ ထိုနေရာရှိနေတဲ့အတွက် သူမအနေနဲ့ ဒုက္ခရောက်နိုင်၍ ဖြစ်သည်။
"ထားလိုက်တော့၊ အဲ့အကြောင်းတွေ ဆက်မပြောနဲ့တော့။ ငါတို့ အခု အောင်ပွဲခံရကြမယ်"ဟု ကုနင်းက ပြောသည်။
"ဒါပေါ့။ ဒီနေ့ ငါ့ကို အကူအညီပေးတဲ့အတွက် နင်တို့အားလုံးကို ငါကျေးဇူးတင်ရမယ်။ ဘယ်သွားကြမှာလဲ။ ငါရှင်းမယ်"ဟု စုန့်မြောင်ကောက ပြောသည်။
"KTVကလပ်သွားရအောင်။ ငါအဲဒီကို မရောက်တာ အတော်ကြာပြီ"ဟု ကျန်းကျီခိုင်က ပြောသည်။
ထို့ကြောင့် သူတို့အားလုံး KTVကလပ်သွားကြလေသည်။
....
မနက်ဖြန်ဟာ သူတို့အတွက် အားလပ်ရက်ဖြစ်တာမလို့ ချူးဖေ့ဟန်နဲ့ သူမရဲ့သူငယ်ချင်းများကတော့ အဲ့နေ့ညရဲ့ ည၇:၃၀ လေယာဉ်ပျံနဲ့ပဲ Fမြို့ကိုပြန်သွားကြလေသည်။
သူတို့ဟာ ကုနင်းက သူတို့နဲ့အတူတူ လည်ရန်မအားပဲ အရမ်းအလုပ်ရှုပ်နေတာကို သိတဲ့အပြင် သူတို့အနေနဲ့လည်း အိမ်ပြန်ပြီး သူတို့မိသားစုတွေနဲ့ တွေ့ချင်သောကြောင့် အိမ်ပြန်သွားကြလေသည်။အိမ်ရောက်တဲ့အခါ သူတို့အနေနဲ့ ဟောင်ရန်နဲ့အခြားကောင်လေးတွေနဲ့ပါ မိတ်ဆုံစားပွဲ လုပ်နိုင်၍ဖြစ်သည်။
.....
ည၁၁:၃၀အချိန်လောက်တွင် ကုနင်းနဲ့ သူမရဲ့သူငယ်ချင်းများဟာ ကလပ်မှထွက်လာခဲ့သည်။ သူမဟာ ကျန်းကျီခိုင်နှင့် စုန့်မြောင်ကောတို့အား အရင်ကားမောင်း၍ ပြန်ပို့ပေးခဲ့သည်။ ထို့နောက် ပိုင်လီကျုံးရွှယ် နဲ့အတူ ရာစုနှစ်မြို့ကို ပြန်သွားသည်။
နောက်တစ်နေ့မနက်ခင်း ၈နာရီတွင် ကုနင်းဟာ ချောင်ယနှင့် ချောင်ယတို့နဲ့အတူ လေဆိပ်ကို သွားလေသည်။
မနေ့ညက ကုနင်းဟာ လင်ရှောင်းထင်နှင့် ဖုန်းဆက်ထားပြီးဖြစ်သည်။ ထို့ကြောင့် သူမ Bမြို့ကို ပြန်မှာဆိုတာ သူသိပြီးဖြစ်သည်။
လင်ရှောင်းထင်ဟာ အလုပ်ကိစ္စရှိသေးတာကြောင့် သူ့အနေနဲ့ မြို့တော်ကို ပြန်မလာနိုင်သေးသလို သူမနဲ့အတူ Bမြို့ကို မသွားနိုင်သေးပေ။ အဲဒီအစား လင်ရှောင်းထင်က နောက်နေ့သူအားရင် သူမကို လာတွေ့မည်ဖြစ်ကြောင်း ကတိပေးလေသည်။
ကုနင်းက ဧည့်ကြိုခန်းမကို ရောက်တဲ့အခါမှာတော့ သူမနဲ့ မရင်းနှီးသော်လဲ မျက်နှာမစိမ်းတဲ့လူတစ်ယောက်နဲ့ တွေ့သည်။ သူတို့ဟာ တစ်ခါသာတွေ့ဖူးပြီး သူမဟာ သူမသူငယ်ချင်းရဲ့ သူငယ်ချင်းဖြစ်သည်။
အဲဒီလူဟာ ကျီပိုင်ယင်းရဲ့သူငယ်ချင်း ရှမိုင်ချီ ဖြစ်သည်။
"မစ္စကု၊ တိုက်ဆိုက်လိုက်တာ"ဟု ရှမိုင်ချီက ကုနင်းအား နှုတ်ဆက်သည်။ ရှမိုင်ချီဟာ ကုနင်းနဲ့တစ်ကြိမ်သာ တွေ့ဖူးသော်လည်း သူမအနေနဲ့ သေချာမှတ်မိနေတဲ့အပြင် ကုနင်းအကြောင်းအများစုကို အင်တာနက်ပေါ်မှလဲ ဖတ်ထားပြီးဖြစ်သည်။
"မင်္ဂလာပါ မစ္စရှ၊ တွေ့ရတာဝမ်းသာပါတယ်"ဟု ကုနင်းက ယဉ်ကျေးစွာဖြေလျက် "လေယာဉ်ပျံနဲ့ဘယ်ကိုသွားမလို့လဲ"ဟု မေးလေသည်။
"Yမြို့ကို အလုပ်ကိစ္စနဲ့သွားစရာရှိလို့"ဟု ရှမိုင်ချီက ဖြေသည်။ ရုတ်တရက်ပဲ ရှမိုင်ချီဟာ လေးလေးနက်နက်ပုံနဲ့ "အို၊ဒါနဲ့ ပိုင်ယင်းအကြောင်း ကြားပြီးပြီလား"ဟု မေးသည်။
ထိုအရာကို ကြားတဲ့အခါ ကုနင်းဟာ တစ်စက္ကန့်မျှ ကြောင်သွားသည်။ သူမဟာ ကျီပိုင်ယင်းဘာဖြစ်နေလဲဆိုတဲ့အကြောင်း ဘာမှမသိပေမဲ့လည်း ရှမိုင်ချီရဲ့ မျက်နှာအနေအထားကို ကြည့်၍ ကောင်းတာဖြစ်တာ မဟုတ်မှန်းသိကာ "သူမ ဘာဖြစ်လို့လဲ။ ကျွန်မသူမနဲ့ အဆက်အသွယ်မရတာ ကြာပြီ"ဟု ပြောသည်။
ကုနင်းက ဘာမှမသိပေမဲ့ ရှမိုင်ချီကလဲ သူမကို ဖုန်းကွယ်ထားရန် အစီအစဉ်မရှိပေ။ "သူပြောတာတော့ သူတို့မိသားစုနဲ့ အခြားမိသားစုတစ်ခု ပြသနာတက်ကြလို့ စီးပွားရေးမှာတော်တော်အရှုံးပေါ်သွားတယ်တဲ့။ အဲ့မိသားစုအမွေဆက်ခံသူက သူမကိုသူနဲ့လက်ထပ်ဖို့ အတင်းဖိအားပေးနေပြီး တကယ်လို့ သူမသာ သူ့ကို လက်မထပ်ရင် သူမတို့မိသားစုကို ချမ်းသာမပေးဘူးတဲ့။ အဲ့လူက အတော်ဆိုးတဲ့လူဖြစ်တဲ့အပြင် ပိုင်ယင်းကလဲ သူ့ကိုမကြိုက်လို့ သူမမိသားစုက လက်မခံလိုက်ဘူး။ အဲ့လိုလက်မခံလို့ပဲ ပြသနာအကြီးအကျယ် တက်ကျတာပဲ။ သူမလဲအခု စိတ်ပူနေတယ်"
"ကျွန်မ သူမကို ပြီးကျရင် ဖုန်းဆက်ပြီး မေးလိုက်မယ်"ဟု ကုနင်းက မျက်မှောင်ကြုတ်လျက် ပြောသည်။
"အဲ့တာကောင်းတယ်။ ကျွန်မလဲ သူမကို အကူအညီပေးနိုင်စရာ ဘာမှတော့မလုပ်ပေးနိုင်ပေမဲ့ သူမအတွက် စိတ်ပူနေလို့"ဟု ရှမိုင်ချီက စိုးရိမ်စွာပြောသည်။
"စိတ်မပူပါနဲ့။ အကုန်အဆင်ပြေသွားမှာပါ"ဟု ကုနင်းက သူမကို အားပေးလိုက်သည်။
"အဲ့လိုဖြစ်ဖို့ မျှော်လင့်ရတာပဲ"ဟု ရှမိုင်ချီက ဆုတောင်းနိုင်တော့သည်။
အဲဒီနောက်တွင် ရှမိုင်ချီက လေယာဉ်ပျံ ပေါ်တက်ရတော့မှာမလို့ လမ်းခွဲလိုက်ကြသည်။
ရှမိုင်ချီနဲ့ လမ်းခွဲပြီးချိန်မှာတော့ ကုနင်းဟာ သူမရဲ့ဖုန်းကိုထုတ်၍ ကျီပိုင်ယင်းဆီ ဖုန်းဆက်သည်။
ကျီပိုင်ယင်းဟာ ကုနင်းဖုန်းကို ရတဲ့အခါမှာ အံ့အားသင့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ကုနင်းဟာ အိမ်ပြန်လာကတည်းက သူမဘက်ကနေ ဘယ်တော့မှ ဖုန်းစဆက်တာ မရှိဖူး၍ဖြစ်သည်။
"ကုနင်းလား"။ သူမဟာ ကုနင်းက သူမကို ဘယ်တော့မှ ဖုန်းစမဆက်ဖူးတဲ့အတွက် ကုနင်းဟုတ်မဟုတ် သံသယဖြစ်သွားတာ မေးလိုက်သည်။ သူမဟာ ကုနင်းနာမည်ကို မသေချာစွာခေါ်လိုက်သည်။
"ဟုတ်တယ်"ဟုဆိုကာ ကုနင်းက "ဒီရက်ပိုင်း နင်ဘာတွေ အလုပ်ရှုပ်နေတာလဲ"ဟု မေးသည်။
ကုနင်းက သူမကို ရှမိုင်ချီပြောပြတဲ့အကြောင်းအရာကို တန်းမမေးဘဲ ကျီပိုင်ယင်းနဲ့ နှုတ်ဆက်ကာ အာလာပ သာလာပအရင်မေးလေသည်။ ထို့အကြောင်း သူမကို ကျီပိုင်ယင်းဘက်က စပြောလာခဲ့ရင် ပိုကောင်းမည်ဖြစ်သည်။
"အိမ်မှာပဲ တစ်နေကုန်နေ,နေတာပဲ။ ငါနင့်တိုင်းပြည်နယ်ဘက်လာပြီး နင်နဲ့ဆုံချင်နေတာ။ ဒါပေမယ့် အခုငါ့မိသားစုက ပြသနာလေးတွေ ရှုပ်နေလို့ ဘယ်မှသွားလို့မရဖြစ်နေတယ်"ဟု ကျီပိုင်ယင်းက စိတ်ရှုပ်နေတဲ့ အသံဖြင့်ပြောသည်။
တကယ်တော့ သူမဟာ ဒီအကြောင်းတွေအား ကုနင်းကို လျှို့ဝှက်မထားချင်ပေ။ ကုနင်းစိတ်ပူနေမှာစိုးသောကြောင့် သူမအနေနဲ့ ကုနင်းကို သတင်းဆိုးတွေ မပြောပြချင်၍လည်း ဖြစ်သည်။
"ဘယ်လိုဖြစ်တာလဲ"ဟု ကုနင်းက စိုးရိမ်စွာ မေးသည်။
ကျီပိုင်ယင်းဟာ ကုနင်းကို သူမရဲ့သူငယ်ချင်းအရင်းတစ်ယောက်အဖြစ် သတ်မှတ်ထားတာမလို့ အမှန်အတိုင်းပဲ ပြောပြရန်ဆုံးဖြတ်လိုက်သည်။ "ငါ ဟိုတစ်နေ့က Yမြို့ကိုသွားတုန်းက မိသားစုတစ်ခုရဲ့ အငယ်ဆုံးအမွေဆက်ခံသူတစ်ယောက်ဖြစ်တဲ့ ချားစ်ခရစ်တန်ဆိုတဲ့ လူနဲ့ ပြသနာတက်တယ်။ သူ့မိသားစုက Yမြို့က နာမည်ကြီး တရားမဝင်ဂိုဏ်းတစ်ခုပဲ။ ငါ့မိသားစုနောက်ခံကို စုံစမ်းသိရှိပြီးတဲ့နောက် ချားစ်က ငါ့ကိုအထူးသတိထားပြီး သူနဲ့ လက်ထပ်ဖို့ ငါ့ကိုအတင်းဖိအားပေးဖို့ကြိုးစားလာတာပဲ။ သူကငါ့ကို တကယ်မကြိုက်ဘဲ ငါ့မိသားစုထောက်ပံ့မှုကိုလိုချင်ရုံသက်သက်ပဲ။ ချားစ် အကြောင်းတွေ ငါကြားဖူးတယ်။ သူက ရက်စက်ပြီး ညှာတာစိတ်ကင်းမဲ့သူတစ်ယောက်။ အခု ခရစ်တန်မိသားစုက ညီအစ်ကိုတွေက တစ်ယောက်နဲ့တစ်ယောက် မိသားစုရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်ဖို့ ပြိုင်ဆိုင်နေကြလို့ ချားစ်အနေနဲ့ သူ့ကိုထောက်ပံ့ပေးမဲ့သူလိုနေလို့ပဲ"
"နင်ဘာလို့ ချားစ်ရဲ့ ညီအစ်ကိုတွေနဲ့ မဟာမိတ်မဖွဲ့တာလဲ"ဟု ကုနင်းက မေးသည်။ တကယ်တော့ ကုနင်းတောင် ဒါကိုတွေးနိုင်မှာတော့ ကျီမိသားစုအနေနဲ့ မတွေးနိုင်စရာ အကြောင်းမရှိပေ။ ပြောရရင် ကျီမိသားစုဟာလည်း သာမာန်မိသားစုမဟုတ်တဲ့အတွက် ထိုသို့မလုပ်နိုင်စရာ အကြောင်းမရှိချေ။
"အသုံးမဝင်ဘူး။ ငါတို့မိသားစုရဲ့ ရန်ဘက် Yမြို့က လက်နက်ခဲယမ်းလုပ်တဲ့မိသားစုဖြစ်တဲ့ ဘရူနီမိသားစုနဲ့ ချားစ်ရဲ့အစ်ကိုချက်စ်တို့ကအတူ အလုပ်တွဲလုပ်နေတာ။ သူက ငါတို့နဲ့ ပူပေါင်းမှာမဟုတ်ဘူး"ဟု ကျီပိုင်ယင်းက ပြောသည်။
"အခုအခြေအနေတွေ ဘယ်လိုရှိလဲ"ဟု ကုနင်းက မေးသည်။
"ချားစ်ကြောင့် ငါတို့မိသားစုက သဘောတူညီချက် လုပ်တဲ့နေရာတွေမှာ လက်နက်ခဲယမ်းတွေ အများကြီးဆုံးရှုံးပြီးနေပေမယ့် ငါတို့မှာ သက်သေမရှိဘူးဖြစ်နေတာ။ အဲ့တာအပြင် ငါတို့မှာရှိတဲ့ သက်သေရဲ့ တရားခံက ဒီကိစ္စနဲ့ မပတ်သတ်တဲ့ တခြားမိသားစုတစ်ခုဆီကလို့ ဖြစ်နေလို့ပဲ။ ငါတို့အားလုံးက ဒီကိစ္စတရားခံဆိုတာ ချားစ်ဆိုတာ သိတယ်။ ဒါပေမယ့် အခုငါတို့သူ့ကို ဘာမှလုပ်မရဖြစ်နေတာပဲ။ ပိုအရေးကြီးတာက Yမြို့မှာ နေတာက ချားစ် တစ်ယောက်ထဲမဟုတ်ဘဲ ငါတို့မိသားစုလဲအဲဒီမှာနေလို့ ငါတို့ဘာမှလုပ်မရဘူး ဖြစ်နေတာ"ဟု ကျီပိုင်ယင်းကပြောသည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၁၆ ကျွန်မပြောသမျှဖြစ်တယ်
"ပြီးတော့ ချားစ်ခရစ်တန်က ငါသာသူ့ကို လက်ထပ်ရင် သူကိုယ်တိုင် ငါတို့မိသားစုကို ခြုံခိုတိုက်ခိုက်ခံနေရတာတွေ ကူရှင်းပေးမယ်လို့တောင် ပြောရဲသေးတယ်။ အဲ့တိုက်ခိုက်ခံရမှုတွေရဲ့ နောက်ကွယ်က လူက သူမဟုတ်တဲ့အတိုင်း သူပြောရဲတယ်"ဟု ကျီပိုင်ယင်းက ပြောသည်။
သူဟာ တော်တော် အရှက်မရှိတဲ့လူပဲ။
"နင်တို့အနေနဲ့ ဒီကိစ္စတွေရဲ့ နောက်ကွယ်ကသူက ခရစ်တန်မိသားစုကဆိုတာ သိနေရင် သူတို့ဖြစ်ကြောင်း ဘာလို့မကြေညာတာလဲ။ ဘယ်သူမှ အဲ့လိုအမြတ်ထုတ်ပြီး မမှန်မကန်ပြောတတ်တဲ့သူမျိုး မကြိုက်ဘူးဆိုတာ ငါသေချာပြောရဲတယ်"ဟု ကုနင်းက မေးသည်။
ကုနင်းအနေနဲ့ ထိုအကြောင်းကို စဉ်းစားနိုင်ရင် ကျီမိသားစုအနေနဲ့လည်း ထိုအကြောင်းကို သူတို့ဘာသူတို့စဉ်းစားနိုင်လိမ့်မည်။ သူမသိချင်တဲ့အဖြေက ထိုသို့ဘာကြောင့် သူတို့မလုပ်လဲဆိုတဲ့ အကြောင်းပြချက်ပင် ဖြစ်သည်။
"ငါ့အဖေလဲ အဲ့လိုလုပ်ချင်တာပဲ။ ဆိုးတာက ကလန်တွင်းမှာပဲ ပြသနာတစ်ချို့တက်နေလို့။ ငါ့အဖေနဲ့ ငါ့အစ်ကို အရှေ့တောင်အာရှက ထွက်သွားတာနဲ့တပြိုင်နက် လူတစ်ချို့က ငါတို့အပေါ် ပြသနာရှာနိုင်လို့။ ငါတို့မိသားစုက အခုဒုက္ခတွင်းထဲရောက်နေတာ"ဟု ကျီပိုင်ယင်းက ပြောသည်။
သူမအသံဟာ နောင်တတွေအရမ်းရပြီး စိတ်ပူနေသံပေါက်နေသည်။ သူမသာ Yနိုင်ငံကို မသွားခဲ့ရင် ဒီလိုကိစ္စတွေဖြစ်လာလိမ့်မည် မဟုတ်ပေ။
ကုနင်းဟာ လေယာဉ်ပျံပေါ်တက်ရမဲ့ အချိန်ရောက်လာတာမို့ သူမနဲ့ ဖုန်းဆက် မပြောနိုင်တော့ပေ။ "ငါလေယာဉ်ပျံပေါ် တက်ရတော့မှာမလို့ နင်နဲ့စကား ဆက်ပြောလို့မရတော့ဘူး။ ငါBမြို့ကို ပြန်ရောက်မှ အချိန်အားအောင်ရှာပြီး နင့်ကိုဖုန်းပြန်ဆက်လိုက်မယ်"
ကုနင်းဟာလဲ ကျီပိုင်ယင်းကို တကယ့်သူငယ်ချင်းအရင်းတစ်ယောက်အဖြစ် သတ်မှတ်ထားသောကြောင့် သူမအနေနဲ့ ကျီပိုင်ယင်းရဲ့ အခက်အခဲတွေကို အရမ်းစိတ်ပူနေပြီး သူမအနေနဲ့ ဖြစ်ပျက်သမျှကို ဘာမှမကူညီဘဲ ဘေးကနေ လက်ပိုက်ကြည့်နေလိမ့်မည် မဟုတ်ပေ။
ကုနင်းရဲ့စိတ်ဟာ လေယာဉ်ခရီးစဉ်တစ်လျောက်လုံး ထိုအကြောင်းနဲ့ပင် ပြည့်နေလေသည်။ သူမအနေနဲ့ ကျီပိုင်ယင်းကို ဘယ်လိုအကူအညီပေးနိုင်မလဲဆိုတာကိုပဲ ဆက်တိုက်တွေးနေမိသည်။ အခြေအနေကို ကြည့်ရသလောက်တော့ သူမအနေနဲ့ ကျီကလန်ကို ကိုယ်တိုင်သွားကြည့်မှ ဖြစ်မည်ထင်သည်။
သို့သော်လည်း ဒီပြသနာက လွယ်တဲ့ကိစ္စမဟုတ်တာမလို့ သူမအနေနဲ့ တစ်ယောက်ထဲလည်း မသွားချင်ပေ။ သူမအနေနဲ့ ဘာမှမလုပ်ခင် လင်ရှောင်းထင်နဲ့ အရင်တိုင်ပင်မှ ဖြစ်မည်ဖြစ်သည်။
ကုနင်းက Bမြို့ကိုရောက်တဲ့အခါမှာတော့ သူမဟာ ထန်မိသားစုဆီ ချက်ချင်တန်းမသွားပေ။ ထို့အစား သူမဟာ Bမြို့တော်ရှိ စတိုးဆိုင်များကို အရင်စစ်ဆေးပြီး ရုံးခွဲကို သွားလေသည်။
Bမြို့တော်ရှိ ရှန်းနဉ်အဖွဲ့အစည်းရဲ့ ရုံးခွဲဟာ အရင်ကသရဲခြောက်တယ်လို့ သတင်းရှိတဲ့ စွန့်ပစ်ရပ်ကွက်တွင် တည်ရှိသည်။ အခုတော့ အထက်မြင့်အဆောက်အဦးကြီးဟာ ထိုနေရာမှာတည်ရှိသည်။ ရှေ့လအလယ်လောက်ကတည်းက ရှန်းနဉ်အဖွဲ့အစည်းဟာ ထိုအဆက်အအုံဆီ ပြောင်းရွှေ့ပြီး ဖြစ်သည်။
အဆောက်အအုံရဲ့ အဓိကသုံးမည့်ရုံးနေရာအထပ်ဟာ ဆောက်လုပ်ပြီးစီးသွားပေမဲ့လည်း ငှားဖို့ရည်ရွယ်ထားတဲ့ အထပ်များကတော့ ဆောက်လုပ်ပြီးစီးရန် တစ်ဝက်သာ လိုတော့သည်။
အသက်၄၀အရွယ်အမျိုးသားတစ်ဦးဖြစ်တဲ့ ဖုယန်မင်ဟာ Bမြို့ရှိ ရှန်းနဉ် အဖွဲ့အစည်းရဲ့ အထွေထွေ မန်နေဂျာဖြစ်သည်။
ချန်စန်းယိဟာ ဖုယန်မင်ကို အလုပ်ခန့်ချင်ခဲ့တာဖြစ်သည်။ ထို့ကြောင့် သူ့နောက်ခံအကြောင်းစုံကို Kမှ သေချာစုံစမ်းပြီးတဲ့အခါမှာတော့ သူတို့ဟာ သူဟာ ယုံကြည်ရတဲ့လူတစ်ယောက်ဟု ဆုံးဖြတ်ချက်ချပြီးရဲ့ အလုပ်ခန့်ခဲ့ခြင်းဖြစ်သည်။
ဖုယန်မင်ဟာ အရင်က အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းပိုင်ရှင်တစ်ယောက်ဖြစ်သည်။ စိတ်မကောင်းစွာနဲ့ပဲ သူဟာ ဩဇာကြီးတဲ့ လူတစ်ယောက်ကို အပြစ်လုပ်မိလို့ မဟုတ်မမှန် အစွတ်အဆွဲ ခံခဲ့ရပြီး ဒေဝါလီခံရခါနီး ဖြစ်သွားခဲ့သည်။ သို့သော် သူဟာ ဒေဝါလီမခံလိုက်ရပေမဲ့လဲ အခြေအနေဟာ ထူးမခြားပင်ဖြစ်သည်။
ဖုယန်မင်ရဲ့ ဖြစ်ပျက်သမျှအကြောင်းစုံကို သိတဲ့အခါမှာတော့ ချန်စန်းယိဘက်ကအရင် စပြီးဆက်သွယ်ခဲ့သည်။ အနည်းငယ်ဆွေးနွေးပြီးတဲ့အခါမှာတော့ ချန်စန်းယိဟာ ဖုယန်မင်ရဲ့ စီးပွားရေးလုပ်ငန်းကို ဝယ်လိုက်ပြီး ဖုယန်မင်ကို Bမြို့ရဲ့ ရှန်းနဉ်အဖွဲ့အစည်းမှာ အထွေထွေမန်နေဂျာအဖြစ် ခန့်အပ်ခဲ့သည်။
သေချာပြောရရင် ဖုယန်မင်ရဲ့ ရာထူးက ပြည်နယ်တစ်ခုလုံးရဲ့ မန်နေဂျာအဖြစ် သတ်မှတ်လို့ရပြီး အခြားမြို့တွေရဲ့ ရုံးခွဲတွေရဲ့ အထက်မှာဖြစ်သည်။
ရှန်းနဉ်အဖွဲ့အစည်းရဲ့ ရုံးခွဲအကြောင်း တရားဝင်ကြေညာချက်မထုတ်သလို အဓိကသတင်းအဖြစ် လူသိများအောင် မလုပ်သော်လည်း ထိုအကြောင်းကို လူအများဟာ သိပြီးဖြစ်သည်။
လူတိုင်းဟာ ဖုယန်မင်က Bမြို့မှာရှိတဲ့ ကုနင်းပိုင်သမျှ စီးပွားရေးလုပ်ငန်းမှန်သမျှရဲ့ အထွေထွေမန်နေဂျာဖြစ်တယ်ဆိုတာ သိပြီးဖြစ်သည်။ ထိုလုပ်ငန်းအချို့ကို အမည်ပေးရရင် JadeBeauty လက်ဝတ်ရတနာဆိုင်၊ ကိုလိန်းဆေးလုပ်ငန်းနှင့် ခိုကျီတို့ဖြစ်သည်။
ရှိသမျှအလုပ်သမားတိုင်းဟာ သူတို့အလုပ်သင်လေ့ကျင့်ရေး ဆင်းစဉ်က တကူးတက မိတ်ဆက်ထားသောကြောင့် ကုနင်းကို မသိသူမရှိချေ။ ထို့အပြင် ဧည့်ကြိုအားလုံးကိုလဲ ကုနင်းမျက်နှာကို မှတ်ထားရန် အထူးအမိန့်ပေးထားပြီး ကုနင်းသာလာခဲ့ရင် မတားရန်ပြောထားသည်။ သူမလာစစ်တဲ့အခါ သူမကို ဝင်ဖို့တားမြစ်ခဲ့မိရင် အလွန်အရှက်ကွဲမှာ စိုး၍ ဖြစ်သည်။
ဧည့်ကြိုတွေအနေနဲ့ ကြိုတင်ရက်ချိန်းမလုပ်ထားပဲ ရောက်လာသူတွေကို မဝင်လာရန် တားမြစ်ခြင်းဟာ ပုံမှန်ဖြစ်သော်လည်း သူတို့အနေနဲ့ သူတို့ရဲ့ ဘော့စ်မျက်နှာကိုတောင် မမှတ်မိရင် လုပ်ငန်းမကျွမ်းကျင်ဟန်ပေါက်နေပေလိမ့်မည်။ ထို့ကြောင့် ဧည့်ကြိုတွေအနေနဲ့ ကုနင်းဝင်လာတာမြင်တာနဲ့ ချက်ချင်း မှတ်မိကြတဲ့အတွက် သူမအားလေးစားစွာပင် "ကြိုဆိုပါတယ် ဥက္ကဌကု"ဟု နှုတ်ဆက်ကြလေသည်။
ကုနင်းဟာ ဓာတ်လှေကားရှေ့ရောက်ချိန်မှာပဲ သူမအနောက်မှ ရှုပ်ရှုပ်ရှက်ရှက်အသံများ ထွက်လာလေသည်။ ထို့ကြောင့် သူမဟာ ရုတ်တရက် ဘာတွေဆူညံနေတာလဲဆိုတာ လှည့်ကြည့်လိုက်သည်။
အသက်၃၀အရွယ် သားနားစွာဝတ်ဆင်ထားတဲ့ အမျိုးသမီးဟာ ပြသနာလာရှာနေခြင်းဖြစ်သည်။
သူမဟာ အဆောက်အဦးတွေ ဝင်ချင်နေတာဖြစ်ပြီး လုံခြုံရေးဝန်ထမ်းများက သူမအား တားနေခြင်းဖြစ်သည်။ သူမကို ဝင်ခွင့်မပြု၍ အခုလို ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်နေခြင်းဖြစ်သည်။ "ငါ ဖုယန်မင်နဲ့ တွေ့ချင်တယ်။ ငါသူ့ကိုတွေ့ချင်လို့...."
"မစ္စစ်ချင် ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ သူက ခင်ဗျားကို တွေ့မှာမဟုတ်ဘူး။ ခင်ဗျားအနေနဲ့ ဒီလိုပြသနာရှာနေရင် ကျွန်တော်တို့အနေနဲ့ ရဲခေါ်ရလိမ့်မယ်"ဟု လုံခြုံရေးဝန်ထမ်းက အေးစက်စွာပြောသည်။ ဒါမျိုးဖြစ်တာ အခုမှ ပထမဆုံးမဟုတ်တာ သေချာသည်။
"နင်တို့က ငါ့ကိုရဲခေါ်မယ်ဟုတ်လား။ငါက ငါ့ယောင်္ကျားဆီ အလည်လာချင်ရုံကို နင်တို့ဘယ်လိုများ အဲ့လိုလုပ်ရက်တာလဲ"ဟု မစ္စစ်ချင်က အော်ပြောလေသည်။
သူမဟာ ဘယ်သူလဲဆိုတာ ကုနင်း တစ်ခါတည်း တန်းသိလေသည်။
သူမဟာ ဖုယန်မင်နဲ့ သေချာမတွေ့ဖူးသေးသော်လည်း သူ့အကြောင်းတွေတော့ သူမသိသည်။
ဖုယန်မင်ဟာ ချင်ချမ်းမင်နဲ့ လက်ထပ်ထားတာဖြစ်သည်။ သူမဟာ သာမာန်မိသားစုကဖြစ်ပေမဲ့လည်း ဖုယန်မင်ဟာ သူမရဲ့အဆင့်အတန်းနိမ့်မှုကို ဂရုမစိုက်ဘဲ သူမကို လက်ထပ်ခဲ့သည်။ သူမဘဝဟာ သူနဲ့လက်ထပ်ပြီးတဲ့အခါမှာတော့ အတော်အဆင်ပြေခဲ့သည်။ သို့ပေမဲ့လည်း သူမဟာ ဖုယန်မင် ဒေဝါလီခံရခါနီးဖြစ်သွားတဲ့အခါမှာတော့ သူ့ကိုအထင်သေးကာ ကွာရှင်းရန်ဆုံးဖြတ်ခဲ့သည်။ ထို့သို့ကွာရှင်းရန်လုပ်ချိန်တွင် သူမဟာ သူ့မှာကျန်သမျှ စည်းစိမ်မှန်သမျှကိုရကာထွက်သွားပြီး သူတို့ရဲ့ ၁၂နှစ်အရွယ်အမွှာနှစ်ယောက်ကိုတော့ ဖုယန်မင်က တရားရုံးတွင်အနိုင်ရခဲ့သည်။
ကုနင်းထင်တာတော့ ချင်ချမ်းမင်ဟာ ဖုယန်မင်ကို လာရှာပြီး သူ့ရဲ့ဇနီးဖြစ်ကြောင်းအခုလိုပြောနေရခြင်းဟာ သူမအနေနဲ့ သူဟာ အလုပ်ကောင်းရသွားတယ်ဆိုတဲ့ သတင်းကို ရသွား၍ သူနဲ့ ပြန်အဆင်ပြေချင်သောကြောင့် ဖြစ်သည်။
"မစ္စစ်ချင်၊ ခင်ဗျားက သူနဲ့ကွာရှင်းပြီးသွားပြီ"ဟု လုံခြုံရေးဝန်ထမ်းက ပြောသည်။
"ငါတို့ကွာရှင်းပြီးရင်တောင် ပြန်လက်ထပ်လို့ရတယ်။ ငါကသူ့ကလေးတွေအမေလေ"ဟု ချင်ချမ်းမင်က ပြန်ငြင်းလေသည်။
"သူက ခင်ဗျားကို ဘယ်တော့မှပြန်လက်ထပ်မှာ မဟုတ်သလို ခင်ဗျားကို အထဲပေးမဝင်ဖို့လဲ ပြောထားတယ်"ဟု လုံခြုံရေးဝန်ထမ်းက ပြောသည်။
"ငါရှေ့ကဖယ်စမ်း။ နင်တို့က အဆင့်နိမ့်တဲ့ခြံစောင့်ခွေးသာသာပဲ ရှိတာ။ ငါလမ်းကို မပိတ်နဲ့"ဟု ချင်ချမ်းမင်က ပြန်ရန်ထောင်သည်။
ကုနင်းဟာ အရမ်းဒေါသထွက်သွားပြီး အဓိကအပေါက်ဝကြီးဆီ လျှောက်သွားလေသည်။
ကုနင်းဟာ ထိုပြသနာထဲ ဝင်မပါရန် ဆုံးဖြတ်ထားတာဖြစ်သည်။ သူမဟာ ဒီလိုကိစ္စအသေးလေးတွေကို သူမရဲ့ဝန်ထမ်းတွေအနေနဲ့ ကိုင်တွယ်နိုင်တယ်ဆိုတာ ယုံကြည်သည်။ သို့သော်လည်း သူမအနေနဲ့ သူတို့ကို ချင်ချမ်းမင် ကအရှက်ခွဲနေတာကိုတော့ လက်ပိုက်ကြည့်မနေနိုင်ပေ။
"ပြန်တောင်းပန်လိုက်"
ကုနင်း ရုတ်တရက်ပြောလိုက်တဲ့စကားကြောင့် လူအကုန်လုံးဟာ အံ့အားသင့်သွားသည်။ ကုနင်းဟာ လုံခြုံရေးဝန်ထမ်းတွေကို စော်ကားလိုက်တာနဲ့ပတ်သတ်ပြီး ချင်ချမ်းမင်ကို တောင်းပန်ခိုင်းနေတာ အသိသာပင် ဖြစ်သည်။
ထိုသို့ဖြစ်တာ ဒါပထမဆုံး မဟုတ်ပေမဲ့လည်း လုံခြုံရေးဝန်ထမ်းတွေအနေနဲ့ ဒီလိုအစော်ကားခံရတာမျိုးကို အကျင့်ဖြစ်နေပြီဖြစ်သည်။ သူတိုရဲ့ဘော့စ်က သူတို့ဘက်ကပါတာကို တွေ့တဲ့အခါ သူတို့ဟာ စိတ်ထဲ ကျေနပ်သွားကြသည်။
"ဘာပြောတယ်"ဟု ချင်ချမ်းမင်ဟာ ကုနင်းအား အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူမဟာ လုံခြုံရေးဝန်ထမ်းတွေ အပေါ် စော်ကားလိုက်တာနဲ့ပတ်သတ်ပြီး ကုနင်းက သူမကို တောင်းပန်ခိုင်းနေတာ သိပေမဲ့လည်း ဒီလိုဖြစ်လာလိမ့်လို့ မထင်ထားမိပေ။
သူမက ဘယ်သူများလဲ။ သူမက ဘာလို့ တောင်းပန်ခိုင်းနေတာလဲ။
"လုံခြုံရေးဝန်ထမ်းတွေကို အခုချက်ချင်း တောင်းပန်လိုက်"ဟု ကုနင်းဟာ အထက်စီးဆန်ဆန်ပဲ ပြောလိုက်သည်။
"နင်..."ဟု ချင်ချမ်းမင်ဟာ ချက်ချင်းဒေါသထွက်သွားသည်။ သူမဟာ အစော်ကားခံလိုက်ရတယ်လို့ ခံစားလိုက်ရတာကြောင့် "နင်ကဘယ်သူလဲ။ ငါ့ကိုတောင်းပန်ခိုင်းရအောင် နင့်ကိုဘယ်သူကခွင့်ပြုလို့လဲ။ နင်နဲ့မဆိုင်တာ ဝင်မပါနဲ့"ဟု သူမကအော်ပြောလိုက်သည်။
"ဒါကကျွန်မပိုင်တဲ့နေရာပဲ။ ဒါကြောင့် ကျွန်မပြောသမျှဖြစ်တယ်"ဟု ကုနင်းဟာ စွမ်းအားကြီးတဲ့ အရှိန်အဝါတွေ အပြည့်နဲ့ ပြောလိုက်သည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၁၇ ရိုင်းနေမှတော့ ပါးရိုက်ခံလိုက်တော့
ဝန်ထမ်းတွေဟာ သူတို့ဘော့စ်က သူတို့ဘက်ပါပြီး ကာကွယ်ထောက်ခံပေးလျက် အတင်းရန်ထောင်ပေးတာကို တွေ့တဲ့အခါမှာတော့ အလွန်ပျော်ရွှင်ကျေနပ်သွားကြသည်။
"...."
ချင်ချမ်းမင်ဟာ ကုနင်းကြောင့် ကြောင်အသွားလေသည်။ ကုနင်းဟာ အသက်ငယ်ပေမဲ့လည်း သူမရဲ့ အရမ်းစွမ်းအားကြီးတဲ့ အရှိန်အဝါကြောင့် ဖြစ်သည်။
ချင်ချမ်းမင်ဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ပုံ အတင်းဟန်ဆောင်လိုက်ပြီး ချက်ချင်းပဲ စိတ်အေးလက်ဆေးဟန်ဖြင့် ပြောလိုက်သည်။"နင်ပိုင်တဲ့နေရာဟုတ်လား။ နင်က ဖုယန်မင်ရဲ့ ချစ်သူလို့တော့ ငါ့ကိုမပြောနဲ့။ သူမဘာလို့ ငါ့ကိုပြန်မလက်ထပ်ချင်နေတာလဲလို့ ငါကစဉ်းစားနေတာ။ လက်စသတ်တော့ နင်ကြောင့်ပဲ...."
ချင်ချမ်းမင်ဟာ စကားကိုဆုံးအောင် မပြောရသေးခင်မှာပင် ပါးအရိုက်ခံလိုက်ရသည်။
ကုနင်းဟာ သူမအား ပါးရိုက်လိုက်ခြင်းဖြစ်သည်။ သူမဟာ ချင်ချမ်းမင်အား အားအကုန်သုံး၍ မရိုက်လိုက်သော်လည်း သိပ်တော့ အားမလျော့လိုက်ပေ။ ချင်ချမ်းမင်က မထင်ထားလိုက်ပဲ ပါးရိုက်ခံလိုက်ရတဲ့အတွက် အံ့အားသင့်၍ကြောင်သွားလေသည်။ အနီရောင်ရဲနေတဲ့လက်ဝါးရာတစ်ခုဟာ သူမမျက်နှာပေါ်တွင် ပေါ်လာတဲ့အပြင် ရောင်ပါ ရောင်လာလေသည်။
အခြားသူများဟာလည်း ပါးရိုက်လိုက်တာကို မြင်တဲ့အခါ အံ့ဩသွားကြသော်လည်း ဘယ်သူကမှ အဲ့လိုရိုက်လိုက်တဲ့အပေါ်မှာ ကုနင်းမှားတယ်လို့ မထင်ပေ။ အဲဒီအစား သူတို့ဟာ စိတ်ထဲတွင်ကျေနပ်သွားကြသည်။ ချင်ချမ်းမင်ဟာ ဘယ်ကသတ္တိတွေရ၍ ကုနင်းက ဖုယန်မင်ရဲ့ချစ်သူလို့ စော်ကားရဲတာလဲ။ အဲ့အရာက အရမ်းစော်ကားလွန်းနေတာဖြစ်သည်။
ချင်ချမ်းမင်ဟာ ဒီသို့ပြသနာရှာနေတာ အခုနဲ့ဆို သုံးကြိမ်မြောက်ရှိပြီဖြစ်တဲ့အတွက် သူတို့အနေနဲ့ အသားကျနေပြီဖြစ်သည်။ သို့သော်လည်း သူတို့အနေနဲ့ ကုမ္ပဏီရဲ့ မျက်နှာကိုကာကွယ်ရမည့်အတွက် ဘာမှမလုပ်နိုင်ကြချေ။
"ရှင်ကရိုင်းစိုင်းနေမှာတော့ ရှင်ဒီလိုပါးရိုက်ခံရတာ ထိုက်တန်တယ်"ဟု ကုနင်း ကပြောသည်။
"နင်..နင်..နင်"ဟု ချင်ချမ်းမင်က နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး ကုနင်းအား စိတ်ဆိုးမာန်ဆိုးဖြင့် စိုက်ကြည့်လေသည်။ သူမဟာ အရမ်းစိတ်ဆိုးလွန်း၍ တစ်ကိုယ်လုံးတုန်နေပြီး စကားတောင် ဖြောင့်အောင် မပြောနိုင်တော့ပေ။
ချင်ချမ်းမင်ဟာ သူမပြောလိုက်တာနဲ့ ပတ်သတ်ပြီး ဘာမှမှားနေတယ်လို့မထင်ပေ။ ဒီမိန်းကလေးဟာ ဒီကုမ္ပဏီဟာ သူမပိုင်တဲ့နေရာလို့ဆိုရင် သူမဟာ ဖုယန်မင်ချစ်သူဖြစ်ရမည်။ ဖုယန်မင်က ဒီရုံးခွဲ၍ အထွေထွေမန်နေဂျာဖြစ်တဲ့အတွက် သူ့ရဲ့ချစ်သူသာလျှင် ထိုသို့စကားမျိုးပြောရဲမည်ဖြစ်သည်။
ချင်ချမ်းမင်က ဒီကုမ္ပဏီကို ပိုင်တဲ့လူဟာ အသက်ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတစ်ယောက်ဆိုတာ မသိပေ။ ကုနင်းရဲ့အသက်ကိုပဲကြည့်ရင် သူမဟာ ဒီလိုအဓိကအဆောက်အအုံကြီးမျိုးရဲ့ ပိုင်ရှင်လို့ ထင်နိုင်စရာမရှိပေ။ ထို့အပြင် ချင်ချမ်းမင်က မိန်းမတွေဟာ စီးပွားရေးမလုပ်နိုင်ဘူးလို့ ထင်နေတာဖြစ်သည်။ ထို့ကြောင့် ကုနင်းက ဒီကုမ္ပဏီပိုင်ရှင်ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို မစဉ်းစားမိခြင်းဖြစ်သည်။
"ရှင့်ကိုရှင် ကျွန်မကုမ္ပဏီမှာ ပြသနာလာရှာပြီး လွယ်လွယ်နဲ့လွတ်မယ်လို့ထင်နေလား။ ရှင်အခုချက်ချင်း ထွက်မသွားရင် ကျွန်မကိုရိုင်းတယ်လို့ မဆိုနဲ့"ဟု ကုနင်းက ငေါက်လိုက်သည်။
"ဟမ်။ နင်ဘာပြောလိုက်တယ်။ ဒါနင့်ကုမ္ပဏီဟုတ်လား"ဟု ချင်ချမ်းမင်က ကြောင်သွားပြီး အံ့အားသင့်စွာမေးလိုက်သည်။
"ဒါအမှန်ပဲ"ဟု ကုနင်းက ပြန်ဖြေလိုက်သည်။
"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"ဟု ချင်ချမ်းမင်က အကျင့်ဖြစ်စွာပဲ ပြန်ခံပြောလိုက်သည်။
"နင်ဒီလောက် အသက်ငယ်နေတာကို ကြည့်တာနဲ့တင် နင်က ဖုယန်မင်ရဲ့ချစ်သူဆို သေချာ..."
သူမရဲ့စကားမဆုံးခင်မှာပဲ သူမဟာ ကုနင်းရဲ့ အေးစက်စက်မျက်လုံးတွေနဲ့ ဆုံမိလိုက်တဲ့အခါမှာတော့ ရုတ်တရက်ပဲ သီးသွားကာ ဘာမှဆက်မပြောတော့ပေ။
"မစ္စစ်ချင်၊ ဒီမိန်းကလေးဟာ ကျွန်တော်တို့ရဲ့ ဘော့စ်ဆိုတာ တကယ်ပါ။ ဒါကြောင့် ခင်ဗျားအနေနဲ့ အပြောအဆိုဆင်ခြင်ပါလို့ ကျွန်တော့်အနေနဲ့ သတိပေးပါရစေ"ဟု လုံခြုံရေးဝန်ထမ်းတစ်ယောက်သည် သူမအား တင်းတင်းကျပ်ကျပ်ပဲ သတိပေးလိုက်သည်။
"ဘ..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူမကအသက် ဒီလောက်ငယ်သေးတာကို"ဟု လုံခြုံရေးဝန်ထမ်းရဲ့ အတည်ပြုချက်ရပြီးတာတောင်မှ ချင်ချမ်းမင်က ထိုအရာကို မယုံကြည်နိုင်ပေ။ ကုနင်းဟာ ကောလိပ် ကျောင်းသူအရွယ် သာသာပင်ရှိသေး၍ ဖြစ်သည်။
"အသက်ငယ်ငယ်လေးနဲ့ ကိုယ်ပိုင်ကုမ္ပဏီမရှိရဘူးလို့ ဘယ်သူပြောလဲ။ ရှင့်မှာအရည်အချင်းမရှိတာနဲ့ပဲ လူတိုင်းက အဲ့လိုပဲလို့ မတွေးနဲ့"ဟု ကုနင်းဟာ မောက်မာစွာပဲ မဲ့ပြုံး,ပြုံး၍ "ရှင်ယုံတာ မယုံတာ ကျွန်မဂရုမစိုက်ဘူး။ ရှင်အခုလို ကျွန်မပိုင်တဲ့မြေပေါ်မှာ ပြဿနာဆက်လုပ်နေရင်တော့ ကျွန်မအနေနဲ့ ရဲခေါ်ရလိမ့်မယ်"
"နင်..."ဟု ချင်ချမ်းမင်က ဆွံ့အသွားလေသည်။ သူမဟာ ကုနင်းကို နည်းနည်းရှိန်သွားပေမဲ့လည်း သူမအနေနဲ့ ပါးအရိုက်ခံထားရသည့်အတွက် ကုနင်း အပေါ် ဘာမှပြန်မလုပ်ပဲ မနေနိုင်ပေ။
ချင်ချမ်းမင်က သူမ၏ရင်ထဲမှာ ကြောက်စိတ်ကို ဖုံးဖိ၍ "ဒီကုမ္ပဏီကို နင်ပိုင်ရင်တောင် နင့်အနေနဲ့ ငါ့ကို ရိုက်ချင်တိုင်းရိုက်လို့မရဘူး။ ငါ့ကိုပါးရိုက်တဲ့အတွက် ဒီလိုလေးလွယ်လွယ်နဲ့ပြီးသွားမယ် နင်ထင်နေလား"ဟု ပြောသည်။
ကုနင်းဟာ အေးစက်စက်ပဲ မဲ့ပြုံး,ပြုံးလျက် ချင်ချမ်းမင်အား စိန်ခေါ်တဲ့ပုံနဲ့ကြည့်၍ "ရှင်က ကျွန်မတို့ရုံးကိုလာပြီး ကျွန်မတို့ ကုမ္ပဏီရဲ့ သိက္ခာကိုဖျက်စီးနေတာ။ ရှင့်အနေနဲ့ အဲ့လိုမလုပ်ခဲ့သင့်ဘူး။ ကျွန်မ ရှင့်ကို ကန်မထုတ်ခင် ရှင့်ဘာသာရှင့်အလိုက်တသိနဲ့ ထွက်သွားဖို့အတွက် ကျွန်မ ရှင့်ကို စက္ကန့်၃၀အချိန်ပေးမယ်"ဟုပြောသည်။
"နင်..."ဟုဆိုကာ ချင်ချမ်းမင်သည် ကြောက်လန့်သွားသည်။ ချင်ချမ်းမင်ဟာ ကုနင်းရိုက်တာ ခံထားရသည့်အတွက် ကြောက်လန့်နေဆဲဖြစ်သည်။ သို့သော်လည်း ချင်ချမ်းမင်ဟာ မကျေနပ်သောကြောင့် ချက်ချင်းထွက်မသွားပေ။ သိပ်မကြာခင်မှာပဲ သူမဟာ အချိန်ကုန်ဆုံးသွားပါတော့သည်။
"၁၀၊ ၉၊ ၈၊ ၇....."ဟု ကုနင်းက နာရီကို ကြည့်လျှက် အော်ပြောလေသည်။
ချင်ချမ်းမင်ဟာ အံကိုကျိတ်လျှက် အညိုးအတေးထားကာ လှည့်ထွက်သွားလေသည်။ သူမဟာ ကုနင်းက သူမကို တကယ်ကန်ထုတ်မှာ ကြောက်သော ကြောင့်ဖြစ်သည်။
ချင်ချမ်းမင်ဟာ သူမကို ကိုယ်တိုင် ကန်ထုတ်နိုင်လောက်အောင် ကုနင်းက သန်မာတယ်လို့မထင်သော်လည်း ကုနင်းအနေနဲ့ အမိန့်တစ်ချက်ပေးလိုက်တာနဲ့ သူမအစားကူပေးမဲ့လူတွေ တပုံကြီးရှိ၍ဖြစ်သည်။
အဆောက်အအုံဆီမှ ချင်ချမ်းမင် ထွက်သွားပြီး မကြာမှီမှာပဲ ဖုယန်မင် ရောက်လာလေသည်။ ဧည့်ကြိုဟာ သူ့ရဲ့ အတွင်းရေးမှူးကို ကုနင်းရောက်ကြောင်း ဖုန်းဆက်၍ လှမ်းသတင်းပို့သည့်အတွက် သူမကို ကိုယ်တိုင်ကြိုဆိုရန် ဖုယန်မင် ဟာအောက်ထပ်ကို ဆင်းလာခြင်းဖြစ်သည်။
သူဟာ ချင်ချမ်းမင်က ရုံးကိုလာပြီး ပြသနာရှာနေတယ်ဆိုတာကိုလဲ ကြားသိသည့်အတွက် ဖုယန်မင်က စိုးရိမ်နေသည်။ သူဟာ တကယ်တော့ ကုနင်းကို ချင်ချမ်းမင်က ပြသနာရှာမှာစိုးသောကြောင့်ဖြစ်သည်။
ထိုကိစ္စတစ်ခုလုံးဖြစ်တဲ့ ကြာချိန်ဟာ ၅မိနစ်သာကြာလိုက်သည်။ ဖုယန်မင် အနေနဲ့ ဓာတ်လှေကားနဲ့ အောက်ကို ဆင်းလာချိန်ဟာ ၅မိနစ်ကြာသွားတဲ့အတွက် သူရောက်တဲ့အချိန်မှာတော့ ထိုကိစ္စတစ်ခုလုံးကို လွတ်သွားပြီဖြစ်သည်။
သူ့အနေနဲ့ ထိုကိစ္စနဲ့ လွဲသွားပြီး သူ့အရင်မိန်းမရဲ့ အနှောင့်အယှက်မခံလိုက်ရတာ ပိုကောင်းလေသည်။
"ဥက္ကဌကု၊ ရုံးခွဲကနေ ကြိုဆိုပါတယ်"ဟု ဖုယန်မင်က ကုနင်းအား လေးစားစွာပင် ပြောလိုက်သည်။
ဖုယန်မင်အနေနဲ့ ကုနင်းကို တစ်ခါမှ မတွေ့ဖူးပေမဲ့လည်း သူမမှန်း တန်းပြီးသိလေသည်။
သူဟာ ကုနင်းရဲ့ ဝန်ထမ်းဖြစ်တဲ့အတွက် သူ့ဘာသာသူရှာဖွေ၍ ကုနင်းနဲ့ပတ်သတ်ကာ သိသင့်သမျှအကုန်လုံးကို သင်ယူပြီးဖြစ်သည်။ သူဟာ ကုနင်းရဲ့ အောင်မြင်မှုမှတ်တမ်းများကို အင်တာနက်ပါ်မှာ မြင်ပြီးပြီဖြစ်၍ ဒီမိန်းမငယ်အပေါ်မှာ အတော်ပင် လေးစားနေတာဖြစ်သည်။
ကုနင်းကို နှုတ်ဆက်ပြီးတဲ့အခါမှာတော့ ဖုယန်မင်က "ဥက္ကဌကု၊ ကျွန်တော့်အရင်မိန်းမရဲ့ ပြသနာလာရှာနေတာတွေနဲ့ ပတ်သတ်ပြီး တောင်းပန်ပါတယ်။ ဒီလိုနောက်ထပ်မဖြစ်လာအောင် ကျွန်တော်ဖြေရှင်းလိုက်ပါ့မယ်"ဟု တောင်းပန်သည်။
"တောင်းပန်ဖို့မလိုပါဘူး။ အဲ့တာက ရှင့်အမှားမှ မဟုတ်တာ။ သူမက ပြသနာရှာချင်နေတဲ့အတွက် ရှင့်အနေနဲ့ မလုပ်ဖို့ တားလို့ရတာမှ မဟုတ်တာ။ တကယ်လို့ သူမသာပြန်လာခဲ့ရင် ရှင့်အနေနဲ့ ရဲကိုသာချက်ချင်း တန်းခေါ်လိုက်"ဟု ကုနင်းက ဖုယန်မင်ကို အပြစ်မတင်ဘဲပြောသည်။ ဒီပြသနာဟာ သူ့ကြောင့်ဖြစ်တာမှန်ပေမဲ့လည်း မဖြစ်အောင် သူတားလို့မရ၍ဖြစ်သည်။
"ဟုတ်ကဲ့ ဥက္ကဌကု။ နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"။ ဖုယန်မင်က ကုနင်းစိတ်မဆိုးတာကို တွေ့တဲ့အခါမှ စိတ်ထဲပေါ့သွားလေသည်။ သူဟာ ကုနင်းအား ရုံးခန်းဆီသို့ လမ်းပြခေါ်သွားလေသည်။
"ကျွန်မအထင်တော့ ချင်ချမ်းမင်က လက်လျော့လိမ့်မယ်လို့မထင်ဘူး။ သူမအနေနဲ့ ရှင့်ကို ဘာမှမလုပ်နိုင်ပေမဲ့ ကလေးတွေကိုသုံးပြီး ရှင့်ကိုခြိမ်းခြောက်နိုင်လို့ ရှင့်အနေနဲ့ ဂရုစိုက်ဖို့တော့လိုမယ်"ဟု ကုနင်းက သတိပေးသည်။
"ကျွန်တော်သေချာ ဂရုစိုက်လိုက်ပါ့မယ်"ဟု ဖုယန်မင်က ပြန်ဖြေသည်။ သူလည်း ထိုဖြစ်နိုင်ချေကို စဉ်းစားမိပြီးဖြစ်၍ ချင်ချမ်းမင်အနေနဲ့ သူ့ကလေးတွေ မခေါ်သွားနိုင်ရန် သူ့သားသမီးတွေအတွက် သက်တော်စောင့်နှစ်ယောက်အား ငှားထားပြီးဖြစ်သည်။
ကုနင်းဟာ ကုမ္ပဏီအခြေအနေအား လှည့်ပတ်ကြည့်ရှု စစ်ဆေးပြီးနောက် ပြန်သွားလေသည်။
နောက်ကျနေပြီဖြစ်တဲ့အတွက် ကုနင်းဟာ ထန်မိသားစုစံအိမ်ဆီ ပြန်ခြင်ပြီဖြစ်သည်။ သူမဟာ ထိုအိမ်တွင် ချောင်ယနဲ့ ချောင်ယတို့ သက်တောင့်သက်သာမဖြစ်တာကို သိသည့်အတွက် သူတို့အား သူမနဲ့အတူမခေါ်သွားပေ။ ထို့ကြောင့် သူမဟာ သူတို့ဘာသူတို့ ကြိုက်သလို အချိန်ဖြုန်းနိုင်ရန် ချန်ထားခဲ့လေသည်။ ကိစ္စတစ်ခုခုပေါ်လာရင်တော့ ဖုန်းဆက်ဖို့အတွက် သူတို့အချင်းချင်း သဘောတူထားလေသည်။
ချောင်ယနဲ့ ချောင်ယတို့တွင် ဟွားဖုတောင်ကုန်းအတွက် သော့ရှိသည့်အတွက် သူတို့ကြိုက်ရင် အဲ့မှာ သွား၍နေနိုင်သည်။
ကုနင်းဟာ သူမတို့ပြန်ချင်ရင် ပြန်နိုင်ရန်အတွက် ဖုယန်မင်အား ကားစီစဉ်ပေးခိုင်းလိုက်ပြီး၍ ချောင်ယက သူမအား ထန်မိသားစုစံအိမ်ကို အရင်ပို့ပြီး ပြန်သွားလေသည်။
ထန်မိသားစုသည် ကုနင်းဟာ ဒီနေ့ပြန်လာမှာသိသည်။ ဒါပေမယ့်လည်း နေ့ဘက်မှာ သူမအနေနဲ့ အလုပ်ကိစ္စလေးတွေ မပြီးပြတ်သေးတာကြောင့် ညစာ စားချိန်ရောက်မှာ ပြန်လာမယ်ဆိုတာသိသည်။
ထန်ယွင်ဖန်းဟာ ကုနင်းပြန်လာမှာကို ကြားတဲ့အတွက် နေ့လည်ကတည်းက အစောကြီးပြန်ရောက်နေပြီးဖြစ်သည်။ ထန်ယွင်ရုန်နှင့် ချောင်ဝမ်ရှင်းတို့လဲ ရောက်နေတာဖြစ်သည်။ စိတ်မကောင်းစွာနဲ့ပဲ ချောင်ယွေ့ဟွာနှင့် ချောင်ဝမ်ကျွင်းတို့ကတော့ အလုပ်မအားသည့်အတွက် မလာနိုင်ပေ။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၁၈ တစ်ယောက်ယောက်အနိုင်ကျင့်သေးလား?
ထန်ကျားခိုင်ကတော့ ပိတ်ရက်ဖြစ်လို့ သူ့သူငယ်ချင်းတွေနဲ့အတူ အပြင်သွားရန် ဆုံးဖြတ်ထားသော်လည်း ကုနင်းလာမှာကို သိတဲ့အခါ မသွားတော့ရန် ဆုံးဖြတ်လိုက်သည်။
သူမတံခါးပေါက်မှ ဝင်,ဝင်လာခြင်းပဲသူမဘယ်လိုနေလဲဟု လူတိုင်းက ကုနင်း အား ဝိုင်းမေးကြလေသည်။ သူတို့ဟာ သူမအနိုင်ကျင့်ခံရသေးလားဟူ၍ တကယ်စိတ်ရင်းအမှန်ဖြင့် စိတ်ပူနေခြင်းဖြစ်သည်။
သူတို့ဟာ ကုနင်းဘယ်လောက်သန်မာလဲဆိုတာ သိတဲ့အပြင် သူမဟာ ငြိမ်ခံတတ်တဲ့သူမဟုတ်ဘူးဆိုတာကို သိပေမဲ့လည်း သူတို့ဟာ သူမရဲ့ဆွေမျိုးတွေနဲ့ လူကြီးတွေဖြစ်တဲ့အတွက် စိတ်မပူပဲ မနေနိုင်တာဖြစ်သည်။ သူတို့ရဲ့မျက်စိထဲမှာတော့ ကုနင်းဟာ အပြင်မှာတစ်ယောက်ထဲ ဘယ်သူမှ စောင့်ရှောက်ဖော်မရှိဘဲ နေနေရတာဖြစ်သည်။
သူတို့အနေနဲ့ လင်မိသားစုရှိတာကိုလဲ ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ကုနင်းက သူတို့မိသားစုထဲကို လက်မထပ်ရသေး၍ ဖြစ်သည်။
"နင်းနင်း၊ ကျောင်းမှာ မင်းကို အနိုင်ကျင့်တဲ့သူရှိလား"ဟု ထန်ဟိုင်ဖုန်းကစိတ်ပူစွာဖြင့် မေးသည်။
"ရှိမယ်လို့ထင်တယ်။ နင်းနင်းက ထူးချွန်တဲ့မိန်းကလေးဖြစ်လို့ သူမကို မနာလိုတဲ့လူတွေက ပြသနာရှာမှာ ကြိမ်းသေတယ်"ဟု ချောင်ဝမ်ရှင်းက ပြောသည်။ သူမဟာ အတွေ့အကြုံရှိပြီးဖြစ်၍ ကျောင်းမှာ ထိုသို့ပြသနာမျိုးကို ကြုံတွေ့ဖူးပြီး၍ဖြစ်သည်။ အရင်တုန်းက သူမရဲ့ နောက်ခံအမှန်ကို မသိတဲ့သူတွေက သူမကို ပြသနာရှာဖို့ ကြိုးစားခဲ့ကြသည်။ သူမရဲ့ နောက်ခံအမှန်ကို သိသွားတဲ့အခါမှာသာ ထိုလူတွေဟာ သူမကို မထိရဲတော့တာ ဖြစ်သည်။
သို့သော်လည်း ကုနင်းက အမြဲတမ်းသိုသိုသိပ်သိပ် နေတတ်သူဖြစ်တဲ့အတွက် သူမဟာ ထန်မိသားစု ဒါမှမဟုတ် လင်မိသားစုနဲ့ ပတ်သတ်နေတယ်ဆိုတာ ထုတ်ပြောလိမ့်မည် မဟုတ်ပေ။ ကုနင်း ရဲ့ ယခုရှိနေတဲ့ အဆင့်အတန်းနှင့် မြို့တော်မှာ ထိပ်တန်းမိသားစုတွေများတယ်ဆိုတဲ့ အချက်နဲ့တင် သူမဟာ ကုနင်းအပေါ် အပြစ်ပြောလိုစိတ်မရှိသော်လည်း ကုနင်းအနေနဲ့ ထိုလူတွေနဲ့ မယှဉ်နိုင်သေးပေ။ သာမာန်ချမ်းသာတဲ့မိသားစုတွေ အနေနဲ့တော့ သူမကိုကြောက်ရင်ကြောက်လိမ့်မယ် ဒါပေမယ့် လူ့အသိုင်းအဝိုင်းရဲ့ တကယ့်ထိပ်တန်းမိသားစုတွေအတွက်တော့ သူမဟာ အန္တရာယ်မရှိပေ။
"အဲ့တာအမှန်ပဲ။ အဲ့လိုကိစ္စတွေက ကျောင်းမှာအမြဲဖြစ်နေကြ။ ကြည့်လို့ကောင်းတဲ့မိန်းကလေးတွေကို ရွယ်တူချင်းတွေက မနာလိုလို့ အနိုင်ကျင့်တတ်တယ်။ ဒါပေမယ့် ငါကတော့ နင်းနင်းက ရှုံးမယ်မထင်ဘူး"ဟု ထန်ကျားခိုင်က ကုနင်း အပေါ် ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။
ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့ ပြောတဲ့ ကျောင်းမှာဖြစ်တတ်တာတွေကို ကြားတဲ့အခါမှာတော့ အားလုံးဟာ မျက်မှောင်ကြုံ့သွားကြပြီး စိတ်ပူသွားကြလေသည်။ အဲ့တာဆိုရင်တော့ ကုနင်းဟာ အကြောင်းမရှိပဲ ပြသနာအရှာခံနေရတာ ဖြစ်သည်။
သူတို့ဟာ ကုနင်းဘက်ကစ၍ ဘယ်တော့မှ ပြသနာရှာမှာမဟုတ်မှန်း စိတ်ချပြီးဖြစ်သည်။
"ဟွန့်၊ မင်းကိုအနိုင်ကျင့်တဲ့ဘယ်ငတုံးကိုမဆို ရိုက်နှက်ပစ်လိုက်။ မင်းနောက်မှာ ထန်မိသားစုရှိတာမလို့ မင်းအနေနဲ့ သူတို့ရဲ့ အဆင့်အတန်းတွေကိုလည်း စိတ်ပူနေစရာမလိုဘူး"ဟု ထန်ဟိုင်ဖုန်းက စိတ်ဆိုးနေတဲ့အကြည့်ဖြင့် ပြောသည်။ သူ့ပုံစံက ထိုအနိုင်ကျင့်မယ်လူသမျှကို ထိပ်တိုက်တွေ့ဆုံကာ ကုနင်းကို လုံးဝကာကွယ်ပေးမဲ့ပုံ ဖြစ်သည်။
ထန်မိသားစုဟာ Bမြို့မှာ ပြောသမျှဖြစ်ပေမဲ့လည်း မြို့တော်မှာတော့ သူတို့အဲ့လောက် ပါဝါမရှိပေ။ သို့သော်လည်း သူတို့ဟာ အဆင့်အတန်းမြင့်ဆဲဖြစ်သည်။ အခြားဩဇာရှိတဲ့ မိသားစုမှန်သမျှဟာ အမြတ်မရရင် သူတို့၏ မကောင်းထင်မှာကို မလိုလားပေ။
"ဟုတ်တယ်။ အဲ့တာက ပြသနာမဟုတ်ဘူး။ ငါတို့က ငြိမ်ခံနေမဲ့လူတစ်ယောက်မှ မပါဘူး"ဟု ထန်ယွင်ရုန်လဲ ဝင်ပြောသည်။
"နင်းနင်း၊ ငါတို့ မင်းနောက်မှာ အမြဲရှိတယ်။ တစ်ခွန်းထဲသာ ပြောလိုက် အဖိုး မင်းကိုလာကာကွယ်ဖို့ အဆင့်သင့်ပဲ"ဟု ထန်ယွင်ဖန်းဟာ မိဘချစ်ခြင်းတွေနဲ့ပြည့်နေတဲ့ စကားတွေနဲ့ ဆုံးဖြတ်ချက် ချပြီးသည့်အလားပြောသည်။
ကုနင်းက သူတို့ကို ချက်ချင်းကျေးဇူးတင်သွားပြီး သူတို့ရဲ့ စိုးရိမ်မှုတွေအတွက်လည်း ရင်ထဲအရမ်းထိသွားလေသည်။
"နင်အခုပြောမှ သတိထားမိတယ်။ နင့်ကို ကျောင်းမှာ ပြသနာလာရှာတဲ့ လူတွေရှိနေပြီလား"ဟု ထန်ကျားခိုင်က မေးသည်။ သူက စိတ်ပူနေတဲ့ပုံမပေါ်ပေ။ အဲ့အစား ကုနင်းကို အနိုင်ကျင့်ဖို့ကြိုးစားတဲ့လူတွေ ဘာဖြစ်သွားလဲဆိုတာ သိချင်၍ စိတ်လှုပ်ရှားနေပုံပေါ်သည်။ သူတို့အနေနဲ့ အဆုံးသတ်ကောင်းမှာ မဟုတ်တာသေချာသည်။
ရှိသမျှလူအားလုံး၏ မျက်လုံးတွေဟာ ကုနင်းဆီရောက်သွားသည်။ သူတို့တွေဟာလဲ ကုနင်းကို ပြသနာရှာတဲ့လူတွေ ရှိနေပြီလားဆိုတာ သိချင်နေတာဖြစ်သည်။ တကယ်လို့ ပြသနာရှာတဲ့လူတွေရှိရင် သူတို့အဲ့ကိုချက်ချင်းပြေးသွားပြီး ကုနင်း အတွက် သူတို့ကို ဖူးယောင်နေတဲ့အထိ သွားရိုက်မလို့ဖြစ်သည်။
ကုနင်းအနေနဲ့ ရယ်ရမလား ငိုရမလားတောင် မသိတော့ချေ။ သူမအနေနဲ့ သူတို့ အမှန်အတိုင်းသိသွားရင် စိတ်ပူနေမယ်ဆိုတာ သိပေမယ့်လည်း ဘာမှမဖြစ်ဘဲ အကုန်လုံးအဆင်ပြေကြောင်းပြောရင်လည်း သူမမိသားစုက လုံးဝယုံကြည်မှုမဟုတ်ဘူးဆိုတာ သိသည်။ ထို့ကြောင့် သူမဟာ "အတန်းထဲက ကျောင်းသူအချို့ ကျွန်မနဲ့ စကားများကြသေးပေမဲ့ အခုတော့ အကုန်ဖြေရှင်းပြီးပါပြီ။ ကျွန်မရဲ့ စီနီယာတွေထဲက တစ်ယောက်က ကျွန်မအနိုင်ယူတာကို ခံရလို့ မကျေနပ်လို့ ကျွန်မကို လက်စားပြန်ချေဖို့ ကျွန်မကို လူတွေနဲ့ ဝိုင်းဖို့လုပ်တာ။ သူမနဲ့အတူ လာတဲ့လူတွေက မိသားစုတစ်ခုကို သတ်သွားတဲ့အမှုရဲ့ သံသယရှိသူတွေဆိုတာ ကျွန်မစုံစမ်းရမိတယ်။ တကယ်တော့ အဲ့အမှုရဲ့ နောက်ကွယ်က တရားခံက ကျွန်မစီနီယာရဲ့ အဖေဖြစ်နေတာပဲ။ သူတို့ကိုစစ်ဆေးပြီးနောက် ကျွန်မသူတို့ပါးစပ်က အမှန်ပြောလာအောင် လုပ်လိုက်ပြီး ဝန်ခံချက်ကို အသံဖမ်းနိုင်လိုက်တယ်။ ပြီးတော့ ကျွန်မအမှုနဲ့ ပတ်သတ်တဲ့ သက်သေကိုလဲ ရှာတွေ့လို့ တရားခံနဲ့အတူတူ ထောင်ထဲပို့လိုက်တယ်။ ကျွန်မကို ပြသနာလာရှာတဲ့လူတွေရဲ့ အဆုံးသတ်က မကောင်းတာမို့ ကျွန်မကို စိတ်ပူဖို့မလိုဘူး"ဟု ပြောသည်။
ကုနင်းဟာ ပြောလက်စနဲ့ပဲ သူမကို ပြသနာရှာဖို့ ကြိုးစားရဲတဲ့သူမှန်သမျှဟာ ဘယ်တော့မှ မအောင်မြင်ခဲ့ဘူးဆိုတာကို သူတို့ကို တစ်ခါတည်းပြောပြလိုက်သည်။ အဲ့အစား သူမက သူတို့ဘဝတွေကိုပဲ ငရဲကျခံရသလို ခံစားရအောင် ပြန်လုပ်ခဲ့သည်။ သူတို့အနေနဲ့ သူမကို တချိန်လုံးစိတ်ပူနေစရာမလိုကြောင်း သူမအနေနဲ့ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ကြောင်း ပြောသည်။
လူတိုင်းက အံ့အားသင့်စွာ သက်ပြင်းချလိုက်ကြသည်။ ထိုအရာဟာ တကယ်ကို သတင်းကောင်းများပင်။
"ဒါဆို မင်းအဆင်ရောပြေရဲ့လား"ဟု ထန်ဟိုင်ဖုန်းက စိုးရိမ်စွာမေးသည်။ ကုနင်းက သူတို့အရှေ့တွင် အကောင်းကြီးရှိနေတာ တွေ့ပေမဲ့လည်း သူ့အနေနဲ့ စိတ်ပူနေဆဲဖြစ်သည်။
"အဆင်ပြေပါတယ်။ သူတို့က ပါမွှားလေးတွေမလို့ သမီး ခဏလေးနဲ့ အပြီးသတ်နိုင်တယ်။ ကိစ္စအားလုံးက သွေးပူလေ့ကျင့်ခန်း လုပ်သလောက်တောင် မရှိဘူး"ဟု ကုနင်းက အထင်သေးစွာ ပြောလိုက်သည်။
လူအားလုံးက ထိုအရာကြားမှ စိတ်အေးသွားလေသည်။
"မိသားစုတစ်ခုလုံးအသတ်ခံရတဲ့အမှု။ ဖုရုန်လျန်ရဲ့မိသားစုအသတ်ခံရတဲ့အမှုကို ပြောနေတာလား။ အဲ့တာဆို မင်းကို အနိုင်ကျင့်တဲ့လူက ချူမိသားစုကပေါ့ ဟုတ်လား"ဟု ထန်ယွင်ဟန်က မေးသည်။ သူမှန်တယ်လို့ ထင်ပေမဲ့လည်း သေချာအောင် သူမအား မေးခြင်းဖြစ်သည်။
"ချူမိသားစုလား"ဟု အားလုံးက ထိုအကြောင်းအရာကြောင့် အံဩသွားကြသည်။
ထန်ယွင်ဟန်၊ ထန်ယွင်ဖန်း၊ ထန်ကျားခိုင်နှင့် ချောင်ဝမ်ရှင်းတို့ဟာလည်း ချူလန်တို့ မတော်တဆမှုအား သိလေသည်။
သူ့ကို ဖမ်းမိတဲ့သူက ကုနင်းလား။
"ဟုတ်တယ်။ အဲ့အမှုကို ကျူးလွန်တဲ့လူက ချူမိသားစုပဲ"ဟု ကုနင်းက ပြန်ဖြေသည်။ ထန်ယွင်ဟန်က ထိုအကြောင်းကို သိနေတာနဲ့ပတ်သတ်၍ ကုနင်းက မအံဩချေ။ ထိုအမှုဖြစ်တုန်းက ရုတ်ရုတ်သဲသဲ ဖြစ်သွားသောကြောင့် ဖြစ်သည်။
လူတိုင်းဟာ ကုနင်းက အတည်ပြုလိုက်တဲ့အခါတွင် အံ့ဩသွားကြလေသည်။
ရဲတွေက ဒီအမှုကိုလိုက်ပေမဲ့လည်း တိုးတက်မှုမရှိတာ နှစ်ဝက်လောက်ကြာပြီဖြစ်သည်။ ဒါပေမယ့် ကုနင်းကတော့ တရားခံရော သက်သေပါ အေးဆေးလဲ ရှာနိုင်ခဲ့သည်။
ပြန်တွေးကြည့်ရင်တော့ လူသတ်သူက ချူလန်ဖြစ်တဲ့အတွက် ရဲတွေအနေနဲ့ တရားခံရှာမတွေ့တာက မထူးဆန်းပေ။ ချူလန်ဟာ သက်သေဖျောက်ပစ်နိုင်တဲ့ အစွမ်းအစရှိသလို ရဲတပ်ဖွဲ့ထဲမှာလဲ ဆွေမျိုးရှိ၍ဖြစ်သည်။
ချူလန်ဟာ မြို့တော်ရဲ့ ဒုတိယတန်းစား စာရင်းဝင်ထိပ်တန်းမိသားစုကနေ မွေးဖွားလာသူဖြစ်သည်။ တကယ်လို့ သူ့မှာသာ ဇမရှိရင် မိသားစုအနေနဲ့ ပါဝါအာဏာအကြာကြီး ကိုင်ထားနိုင်မှာ မဟုတ်ပေ။
အခုလို ကုနင်းက သူ့ကို ဖော်ထုတ်လိုက်တဲ့အခါမှာတော့ ချူလန်ရဲ့ အရည်အချင်းကို သူတို့အနေနဲ့ သံသယမဝင်ဘဲ မနေနိုင်ချေ။ ထိုအရာကို ကြည့်ခြင်းဖြင့် ကုနင်းဘယ်လောက်တော်တယ်ဆို သိနိုင်လေသည်။
"ဒါဆို လူသတ်တရားခံကို မိတာနင်ပေါ့"ဟု ထန်ကျားခိုင် ထိုအကြောင်းအရာကို သိရတဲ့အခါ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူဟာ ကုနင်းကို မလေးစားဘဲ မနေနိုင်တော့ချေ။
သူလဲ ချူလန်ကို မုန်းသည်။ ချူလန်ကို ထောင်ထဲပို့လိုက်တဲ့သူက အံ့အားသင့်စွာပင် သူ့ဝမ်းကွဲမောင်နှမဖြစ်သည်။
"ဒီအဖမ်းခံရမှုနောက်ကွယ်ကလူက မင်းဆိုတာ ချူမိသားစုသိလား"ဟု ထန်ဟိုင်ဖုန်းက မျက်မှောင်ကြုံ့လျှက် စိုးရိမ်စွာဖြင့် မေးသည်။
ချူမိသားစုဟာ မြို့တော်၏ ဒုတိယတန်းစားစာရင်းဝင် ထိပ်တန်းမိသားစုမလို့ဖြစ်သည်။ ချူလန်က အဖမ်းခံလိုက်ရသော်လည်း ချူမိသားစုက အင်အားကြီးဆဲဖြစ်သည်။ သူတို့သာ ကုနင်းကြောင့် သူအဖမ်းခံရတာဆိုတာကိုသိရင် သူမအား သူတို့အနေနဲ့ လွယ်လွယ်နဲ့ ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။
ထန်မိသားစုအနေနဲ့ ချူမိသားစုကို ကြောက်နေဖို့မလိုသော်လည်း သူတို့ဟာ Bမြို့တော်မှာ တည်ရှိတာဖြစ်ပြီး ချူကလန်ကတော့ မြို့တော်မှာ တည်ရှိတာကြောင့် သူတို့အနေနဲ့ ကုနင်းကို အချိန်မှီမကူညီနိုင်မှာစိုး၍ ဖြစ်သည်။
သူတို့ဟာ ကုနင်းက ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်တယ်ဆိုတာ လုံးဝသေချာသော်လည်း ကုနင်းက မိန်းကလေးဖြစ်တဲ့အတွက် သူတို့အနေနဲ့ စိတ်မပူပဲ မနေနိုင်ချေ။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၁၉ မင်းကိုလက်ထပ်ရမှာလား
"သတင်းပေးတဲ့လူက ကျွန်မဆိုတာကို cslမိသားစုကလူတွေ မသိဘူး။ ကျွန်မက စစ်ဆေးမေးမြန်းတဲ့အချိန်တစ်ခါပဲ သွားခဲ့တာ။ ပြီးတော့ ရုပ်လဲဖျက်သွားတယ်။ ဘယ်သူမှ အဲ့လူကကျွန်မဆိုတာကို သူတို့CCTVမှတ်တမ်းတွေပြန်ကြည့်ရင်တောင် ဆက်နွယ်မိမှာမဟုတ်ဘူး။"ဟု ကုနင်းက စိတ်ချစေရန်ပြောသည်။
လူတိုင်းက အဲ့တာကိုကြားရတဲ့အခါ စိတ်အေးသွားကြသည်။ သူတို့ဟာ သူမကို ပြသနာတစ်ခုခုကြုံခဲ့ရင် အိမ်ကိုပြန်ဆက်သွယ်ရန် ဒါမှမဟုတ် သခင်ကြီးလင်ကို ဆက်သွယ်ရန် အထပ်ထပ်မှာကြားသည်။ သခင်ကြီးလင်က သူမကို သူ့ရဲ့ မြေးချွေးမလို ဆက်ဆံတဲ့အတွက် သူ့အနေနဲ့ ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်နေမှာမဟုတ်ပေ။
တကယ်လို့ မြို့တော်ကလူတစ်ယောက်ယောက်က သူမကို အနိုင်ကျင့်ရဲခဲ့ရင် သူမဘက်မှာ သူရှိတယ်ဆိုတာ သခင်ကြီးလင်က သူမကိုပြောထားကြောင်း ကုနင်းက သူတို့အား စိတ်ချစေရန်ပြန်ပြောသည်။
သူတို့ဟာ ထန်မိသားစုပြသနာတွေကို လင်မိသားစုက ဝင်ဖြေရှင်းပေးတာမျိုးကို လက်မခံနိုင်ပေ။ ကုနင်းက ထန်မိသားစုဝင်စစ်စစ်တစ်ယောက်ဖြစ်တဲ့အတွက် သူတို့မိသားစုဟာ အားနည်းတယ်လို့ ခံစားစေရသောကြောင့်ဖြစ်သည်။ သို့သော်လည်း ကုနင်း ကောင်းကောင်းမွန်မွန်နေနိုင်ရန်အတွက် သူတို့အနေနဲ့ သည်းခံနိုင်သည်။
သူတို့နဲ့ စကားအတော်ကြာပြောပြီးနောက် ကုနင်းတွင် ကုမန့်နဲ့စကားပြောရန် နောက်ဆုံးတွင် အချိန်ရပြီဖြစ်သည်။
ကုမန့်ဟာ အခုချိန်မှာတော့ ကိုယ်ဝန်၅လရှိနေပြီ ဖြစ်တဲ့အတွက် သူမဗိုက်ဟာ ထင်ရှားလာနေပြီဖြစ်သည်။ ဗိုက်ကတအားမကြီးသေးတဲ့အတွက် သူမအနေနဲ့ ကောင်းကောင်းမွန်မွန်သွားလာ လှုပ်ရှားနိုင်သေးသည်။
ထန်မိသားစုဟာ ကုမန့်ကို အရမ်းချစ်တဲ့အတွက် သူမအခန်းကထွက်လာတာနဲ့ တပြိုင်နက် သူမကိုအန္တရာယ်ကင်းစေရန် အရိပ်တကြည့်,ကြည့်နှင့် မျက်စိအောက်က အပျောက်မခံပေ။
ကုမန့်ဟာ အစကတော့ အဲ့လိုနေရတာ သက်တောင့်သက်သာမဖြစ်သော်လည်း အချိန်ကြာလာသော်အခါအသားကျသွားလေသည်။ ထို့အပြင် သူမအပေါ်ထားတဲ့ သူတို့ရဲ့ချစ်မြတ်နိုးမှုတွေကြောင့် သူမရဲ့မျက်နှာဟာ မိတ်ကပ်မပါပဲနဲ့တင် ဝင်းလက်တောက်ပနေလေသည်။
"အမေ့ကြည့်ရတာ အားအင်အပြည့်နဲ့ပါလား"ဟု ကုနင်းရဲ့ ဝင်းပနေမှုအပေါ် ကုနင်းက စိတ်အေးသွားပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။
"လူတိုင်းက အမေ့ကိုအရမ်းဂရုစိုက်ပေးတော့ အမေ့အနေနဲ့ အားအင်မပြည့်နေစရာအကြောင်းမရှိဘူးလေ"ဟု ကုမန့်က ထန်မိသားစုမှ သူမအပေါ်ထားတဲ့ မေတ္တာတွေအတွက် ကျေးဇူးတင် အပြုံးလေးဖြင့်ပြောသည်။
ညစာစားပြီးတဲ့အချိန်မှာတော့ သူတို့ဟာ စကားဆက်ပြောကြလေသည်။
....
ည၈နာရီလောက်တွင်တော့ လင်ရှောင်းထင်က သူမကိုဖုန်းခေါ်သည့်အခါ သူမက လင်ရှောင်းထင်ကို ကျီပိုင်ယင်းရဲ့အခက်အခဲကိုပြောပြပြီး သူမအနေနဲ့ ကျီပိုင်ယင်းကို ကူညီပေးချင်ကြောင်းပြောသည်။
လင်ရှောင်းထင်နဲ့ ကျီရှောက်မင်ဟာလဲ ရင်းနှီးကြတဲ့အတွက် လင်ရှောင်းထင် အနေနဲ့လည်း ထိုအရာကိုကြားတဲ့အခါ ကူညီပေးချင်လေသည်။
လင်ရှောင်းထင်က ပုံမှန်အားဖြင့် တစ်ယောက်တည်းနေလေ့ရှိသော်လည်း သူဟာ နှလုံးသားမဲ့သူမဟုတ်ပေ။ သူဟာ သူ့သူငယ်ချင်းတွေကို သူ့တတ်နိုင်သမျှ အကောင်းဆုံးကြိုးစား၍ ကူညီပေးလေ့ရှိသည်။
ထို့အပြင် ကျီမိသားစုဟာ စစ်တပ်တပ်ဖွဲ့တွေနဲ့လည်း လက်နက်ခဲယမ်းအပေးအယူ လုပ်ထားတာများရှိသည့်အတွက် ကျီမိသားစု ဒုက္ခရောက်ချိန်တွင် သူတို့အနေနဲ့ ဘာမှမလုပ်ဘဲ ဘေးမှရပ်ကြည့်နေမှာမဟုတ်ပေ။ ထို့ကြောင့် သူအနေနဲ့လည်း ကျီမိသားစုကို ကူညီတာဟာ ကောင်းတဲ့အရာဖြစ်ကြောင်း ထောက်ခံသည်။
"ကိုယ့်ကို အလုပ်တွေပြီးပြတ်အောင်လုပ်ဖို့အတွက် အချိန်နှစ်ရက်လောက်ပေး။ မင်းအဆင်ပြေတယ်ဆို ကျီမိသားစုကို တမြန်သဘက်ခါကိုယ်နဲ့ တူတူသွားကြတာပေါ့"ဟု လင်ရှောင်းထင်က ပြောသည်။
"ကောင်းပြီလေ စောင့်နိုင်ပါတယ်"ဟု ကုနင်းက ပြန်ဖြေသည်။
သူမအနေနဲ့ အိမ်ပြန်လာဖို့ရန် အချိန်သိပ်မရှိသော်လည်း သူမအနေနဲ့ အိမ်မှာနှစ်ရက်သာ နေနိုင်လိုက်သည်။ ဒါပေမယ့်လည်း သူမအတွက်တော့ ဒီလောက်နဲ့တင် ကျေနပ်သည်။
သူမဟာ အစက Bမြို့မှာ သုံးရက်လောက်နေပြီး ထို့နောက်မှ Cမြို့ကိုသွားရန် စီစဉ်ထားတာဖြစ်သည်။ အခြေအနေကြည့်ရတာတော့ သူမအနေနဲ့ သွားဖို့မဖြစ်နိုင်တော့သည့်အတွက် ချောင်ယနဲ့ ချောင်ယတို့နှစ်ယောက်ကိုပဲ သွားရန်လွှတ်ရပေတော့မည်။
"ဒါနဲ့ ကျင်းချန်ကို ဒီအကြောင်းပြောပေးလို့ရမလား"ဟု ကုနင်းက မေးသည်။
"ရတာပေါ့"ဟု လင်ရှောင်းထင်က ပြန်ဖြေသည်။ ဘာမှမေးစရာမလိုဘဲ ကုနင်းက ရှုကျင်းချန်ကို ဒီကိစ္စပြောချင်ရတဲ့ရည်ရွယ်ချက်ကို လင်ရှောင်းထင်သိပြီးဖြစ်သည်။ သူ့အနေနဲ့ ရှုကျင်းချန်က ကျီပိုင်ယင်းကို ကြိုက်နေလားဆိုတာတော့မသေချာပေမဲ့ ခံစားချက်ရှိနေတာတော့ သေချာသိသည်။
ကုနင်းဟာ အိမ်ပြန်ရောက်နေတာဖြစ်တဲ့အတွက် သူတို့အနေနဲ့ ဖုန်းအကြာကြီးပြောလို့မကောင်းပေ။ ထိုကိစ္စကို ဆွေးနွေးပြီးနောက် သူတို့ဟာဖုန်းချလိုက်ပြီး သူမကတော့ သူမမိသားစုဝင်တွေနဲ့ စကားပြောရန် ဧည့်ခန်းထဲပြန်သွားလေသည်။
လင်ရှောင်းထင်ဟာလည်း ကုနင်းနဲ့ဖုန်းချပြီးတဲ့အခါမှာတော့ ရှုကျင်းချန်ကို သူ့အဆောင်ကို လာခဲ့ဖို့ရန် ဖုန်းဆက်ခေါ်လိုက်သည်။
ရှုကျင်းချန်ဟာ လင်ရှောင်းထင်ကို မြင်မြင်ချင်း မျက်မှောင်ကြုံ့နေတာ တွေ့သည့်အတွက် သူဟာ မကောင်းတာတစ်ခုခုတော့ ဖြစ်နေပြီဆိုတာ ရိပ်မိလိုက်သည်။ "ဘော့စ်၊ ဘာဖြစ်လို့လဲ"ဟု သူကစိုးရိမ်စွာ မေးလိုက်သည်။
"ကျီမိသားစုလုပ်ငန်းတွေကို အခုတစ်လောအတွင်း မသမာတဲ့လူတွေက တိုက်ခိုက်တာခံရတဲ့အတွက် စီးပွားရေးလုပ်ငန်းအချို့ ဆုံးရှုံးသွားတယ်"ဟု လင်ရှောင်းထင် ကပြောသည်။
"ဟမ်၊ ဘယ်သူ့လက်ချက်လဲ"ဟု ရှုကျင်းချန်ကမေးသည်။ ထိုအရာကို ကြားတာနဲ့တပြိင်နက် သူဟာစိုးရိမ်သွားပုံပေါ်သည်။ သူတို့ဟာ ကျီကလန်နှင့် စီးပွားရေးလက်တွဲဖော်ဖြစ်တဲ့အတွက် သူ့အနေနဲ့ စိုးရိမ်လေသည်။
"နင်းနင်းပြောတာတော့ ကျီပိုင်ယင်းက Yတိုင်းပြည်ကိုအလည်သွားတုန်းက အဲ့ကမာဖီးယားမိသားစုတစ်ခုရဲ့ ဒုတိယသားဖြစ်တဲ့ ချားစ်ခရစ်တန်နဲ့ ပြသနာဖြစ်တာတဲ့။ ချားစ်ခရစ်တန်က ကျီပိုင်ယင်းရဲ့ နောက်ခံကို သိသိချင်း သူမအပေါ် မျက်စိကျသွားတာတဲ့။ သူက သူ့ညီအစ်ကိုတွေနဲ့ မိသားစုရဲ့ အမွေဆက်ခံသူဖြစ်ဖို့ ပြိုင်ဆိုင်နေတာဖြစ်တဲ့အတွက် ကျီမိသားစုရဲ့ ထောက်ပံ့မှုကိုလိုနေချင်နေတာ။ ကျီပိုင်ယင်းရော သူမရဲ့မိသားစုကရော သူမနဲ့ လက်ထပ်ဖို့ သဘောမတူတာကြောင့် ချားစ်ခရစ်တန်က သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို တမင်သက်သက် ခြုံခိုတိုက်ခိုက်နေတာလို့ပြောတယ်။ သူကိုယ်တိုင် အခြားကလန်တစ်ခုက လုပ်တယ်ဆိုတဲ့ သက်သေအတုဖန်တီးပြီး ကယ်တင်ရှင်အဖြစ်တောင် ပေါ်လာသေးတယ်တဲ့။ ကျီပိုင်ယင်းက သူ့ကိုလက်ထပ်ရင် သူကိုယ်တိုင် ဒီပြသနာတွေ ရှင်းပေးမယ်လို့လဲပြောတယ်။ ကျီကလန်အတွင်းမှာ အတွင်းရေးပြသနာတွေ ရှိနေတဲ့အတွက် သူတို့အနေနဲ့ ဒီကိစ္စကိုဖြေရှင်းဖို့အတွက် ပြသနာတက်နေကြတာ"ဟု လင်ရှောင်းထင်က ပြောသည်။
"ဟမ်၊ ကျီပိုင်ယင်းအနေနဲ့ ချားစ်ခရစ်တန်ကို လက်ကိုလက်ထပ်မှဖြစ်မှာလား။ သူက သူလိုချင်တာရဖို့အတွက် ဘာနည်းလမ်းသုံးရသုံးရ သုံးနိုင်တဲ့ ရက်စက်တဲ့သူတစ်ယောက်ပဲ။ ပြီးတော့ သူက ကျီပိုင်ယင်းကို အသုံးချချင်နေတာ။ သူက သူမကို တကယ်လဲ ကြိုက်တာမဟုတ်ဘူး။ ကျီပိုင်ယင်းက သူ့ကို ဘယ်လိုလုပ် လက်ထပ်နိုင်မှာလဲ"ဟု ရှုကျင်းချန်က ထိုအရာကိုကြားတဲ့အခါ စိတ်မကျေမနပ်ဖြစ်သွားသည်။ သူ့အသံက စိတ်တိုနေတဲ့အသံပါနေတဲ့အပြင် လိုတာထပ်ပိုပြီး စိတ်တိုနေတာတွေကို သူကိုယ်တိုင်တောင် သတိမထားမိပေ။
"သူမအနေနဲ့ သူ့ကို လက်မထပ်ဘဲ ဘာလုပ်ရမှာလဲ။ မင်းကိုလက်ထပ်ရမှာလား" ဟု လင်ရှောင်းထင်ဟာ သူ့မျက်လုံးကိုမှေးလျက် ရှုကျင်းချန်အား စနောက်နေဟန်မေးလိုက်သည်။
"ကျွန်တော့်ကို လက်ထပ်တာက ချားစ်ခရစ်တန်ကို လက်ထပ်တာထက်တော့ သာသေးတယ်။ ကျွန်တော့်မှာ ရုပ်လဲရှိသလို ပိုက်ဆံလဲရှိသည်။ ပြီးတော့ ကျွန်တော်က အရည်အချင်းရှိတဲ့လူတစ်ယောက်လဲဖြစ်တယ်။ ပြီးတော့ ကျွန်တော်က အသက်ငယ်ငယ်လေးနဲ့ စီနီယာကိုလိုနယ်ဖြစ်လာတာ..."ဟု ရှုကျင်းချန်က စိတ်လိုက်မာန်ပါပြန်ဖြေလိုက်သည်။ ရှုကျင်းချန်ဟာ သူဘာပြောလိုက်မိတယ်ဆိုတာကို သတိထားမိသွားတဲ့အခါမှာတော့ သူဟာ ရှက်သွားသည်။ ချက်ချင်းပဲ သူ့ကိုယ်သူ စိတ်အေးဟန်အတင်းဟန်ဆောင်ကာ "တအားပိုပြီးမတွေးနဲ့။ ကျွန်တော်အဲ့လိုတကယ်မဆိုလိုဘူး"ဟု ရှင်းပြလေသည်။
သူဟာ ထိုသို့ရှင်းပြနေပေမဲ့လည်း သူကိုယ်တိုင်တော့ အဲဒီလိုမထင်ပေ။ ထိုအစား သူဟာ သူ့အနေနဲ့ လက်ထပ်ဖို့ရန် သင့်တော်တဲ့သူတစ်ယောက်လို့ လုံးဝခံစားရလေသည်။
"နင်းနင်းနဲ့ ငါနဲ့ သန်ဘက်ခါကျရင် ကျီမိသားစုကို သွားမလို့။ ငါတို့နဲ့ တူတူလိုက်ခဲ့ချင်လား"ဟု လင်ရှောင်းထင်က မေးသည်။
"ဒါပေါ့လိုက်မှာပေါ့။ သူတို့က ကျွန်တော့်တို့ရဲ့ စီးပွားရေးလက်တွဲဖော်တွေဥစ္စာ။ သူတို့သာ တစ်ခုခုဖြစ်သွားရင် ကျွန်တော်တို့ကိုလဲ ထိခိုက်နိုင်တယ်"ဟု ရှုကျင်းချန်က အကြောင်းမရှိအကြောင်းရှာကာ ပြောသည်။ သို့သော်လည်း သူပေးတဲ့ သူသွားရတဲ့ အကြောင်းပြချက်ဟာ ယုံကြည်ချင်စရာ မရှိပေ။
ကျီပိုင်ယင်းဟာ လက်ထပ်ဖို့ရန် အတင်းဖိအားပေးမခံရရင်တောင် သူ့အနေနဲ့ လင်ရှောင်းထင်နဲ့အတူ လိုက်မှာဖြစ်သည်။
....
ထန်ဟိုင်ဖုန်းက အသက်ကြီးနေပြီဖြစ်သည်။ သူဟာ ကျန်းမာရေးကောင်းသော်လည်း ညနက်တဲ့ထိ မနေနိုင်သောကြောင့် ည၉:၀၀လောက်တွင် အိပ်ယာဝင်သွားသည်။
ကုမန့်ကလဲ ကိုယ်ဝန်ရှိနေတဲ့အတွက် ညနက်တဲ့အထိ နေခွင့်မပြုသောကြောင့် စောစောအိပ်ရန် ပြောထားခံရသည်။ သူမမှာ ကုနင်းနဲ့ အတူတူစကားဆက်ပြောရန် မနက်ဖြန်တွင် အချိန်တွေအများကြီးရှိသေး၍လည်း ဖြစ်သည်။
ထန်ဟိုင်ဖုန်းနဲ့ ကုမန့်တို့အိပ်ရာဝင်သွားတဲ့အခါတွင် ချောင်ဝမ်ရှင်းနဲ့ ထန်ကျားခိုင် တို့ဟာ ကုနင်းနဲ့ အတူအပြင်သွားလည်ချင်၍ သူမအား အတူသွားရန် တိုက်တွန်းလေသည်။
ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့ဟာ အစီအစဉ်လုပ်ထားပြီးဖြစ်၍ ကုနင်းကို သူတို့သူငယ်ချင်းတွေနဲ့အတူ အပြင်သွားရန် လိုက်ခဲ့စေချင်သည်။
ချောင်ဝမ်ရှင်းက ကောင်းချန်ယွင်နဲ့ ကျန်းကျီကျန့်တို့နဲ့အတူ တွေ့ဖို့ချိန်းထားပြီး ထန်ကျားခိုင်ကတော့ ထန်းရှောင်ယွီနဲ့အခြားသူတွေနဲ့တွေအတူ တွေ့ဖို့ချိန်းထားတာဖြစ်သည်။
"ကျားခိုင်၊ နင်ကယောင်္ကျားလေးသူငယ်ချင်းတွေနဲ့ အတူလည်ဖို့ချိန်းထားတဲ့ဟာ ဘာလို့ နင်းနင်းကို နင်နဲ့အတူသွားဖို့ခေါ်နေတာလဲ။ သူမအနေနဲ့ တခြားယောင်္ကျားလေးတွေ အများကြီးနဲ့အတူလည်ရတာ သက်တောင့်သက်သာရှိမှာမဟုတ်ဘူး။ ငါနဲ့တွေ့ဖို့ချိန်းထားတဲ့သူတွေ မိန်းကလေးတွေအများစုဖြစ်တဲ့အပြင် သူတို့ထဲကအချို့ကိုလဲ နင်းနင်းက ရင်းနှီးပြီးသား"ဟု ချောင်ဝမ်ရှင်းဟာ ကုနင်း အရှေ့တွင် ဒေါသတကြီးနဲ့ရပ်ကာ ထန်ကျားခိုင်အား စိုက်ကြည့်နေလေသည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၂၀ ဒီနေ့ မျှမျှတတတိုက်ခိုက်ကြမလား
"ဘာလို့ နင်းနင်းက သက်တောင့်သက်သာမဖြစ်ရမှာလဲ။ သူတို့ကို သူမ,မရင်းနှီးတာမဟုတ်သလို သူတို့နဲ့လဲ သူမက အရင်က မလည်ဖူးတာမှမဟုတ်တာ"ဟု ထန်ကျားခိုင်က ပြန်ငြင်းသည်။
"ကောင်းပြီလေ။ အဲ့တာဆိုလဲ တိုက်ခိုက်ကြရအောင်။ နိုင်တဲ့လူက နင်းနင်းအတူ အပြင်သွားခွင့်ရမယ်"ဟု ချောင်ဝမ်ရှင်းကအင်္ကျီလက်ခေါက်လျက် ပြောသည်။
"နင်..."ဟု ထန်ကျားခိုင်က ဒေါသထွက်သွားလေသည်။ "ငါနင့်ကိုမနိုင်တာ နင်သိရက်နဲ့ စိန်ခေါ်တာ နင်ကအဲ့တာ သက်သက်အနိုင်ကျင့်တာပဲ"ဟု သူက ပြန်ပြောလေသည်။
"အဲဒီတော့ဘာဖြစ်လဲ။ ငါ့ကို အလျော့ပေးရမယ်ဆိုတာ သိအောင် ပညာပြရမှာပဲ။ နင်ငါ့ကိုမနိုင်ဘူးဆိုတာ ကိုယ့်ကိုကိုယ်သိရင် တိုက်ခိုက်ဖို့မကြိုးစားနဲ့။ မဟုတ်ရင်တော့ နင်ဘယ်မှမသွားနိုင်ဘဲ အိပ်ရာထဲလဲနေအောင်ထိ ငါရိုက်မိလိမ့်မယ်"ဟု ချောင်ဝမ်ရှင်းက ခြိမ်းခြောက်လေသည်။
"နင်..."ဟု ထန်ကျားခိုင်က အရမ်းဒေါသထွက်သွားလေသည်။ သူဟာ ချောင်ဝမ်ရှင်းကို စိတ်ဆိုးမာန်ဆိုးဖြင့်ကြည့်နေသော်လည်း သူမကို မနိုင်သည့်အတွက် သူဟာ ပိုပြီးမကျေမနပ်ဖြစ်နေလေသည်။ "ငါတို့ နင်းနင်းကိုမေးပြီး သူမဘယ်သူနဲ့သွားချင်လဲဆိုတာ ဆုံးဖြတ်ခိုင်းရင်ရော"
ထန်ကျားခိုင်နှင့် ချောင်ဝမ်ရှင်းဟာ ချက်ချင်းပဲ ကုနင်းကို မျှော်လင့်တကြီးဖြင့် လှည့်ကြည့်လေသည်။
ကုနင်းက ရုတ်တရက်အံ့အားသင့်သွားသည်။ သူမဟာ ဘေးကနေ ဖြစ်သမျှကို ကြည့်မလို့လုပ်နေတာဖြစ်ပြီး အခုတော့ သူတို့က သူမဘက်ကို လှည့်လာလေသည်။
"နင်းနင်း၊ နင်ငါနဲ့အတူတူလိုက်ခဲ့မယ်မလား"
"နင်းနင်း၊ ငါနဲ့အတူလိုက်ခဲ့"
ကုနင်းဟာ သူမနှာခေါင်းကိုသူမထိလိုက်လေသည်။ သူမဟာ ဇဝေဇဝါဖြစ်ကာ ဘယ်သူ့ကိုရွေးရမှန်းမသိဖြစ်နေတာဖြစ်သည်။ သူမအနေနဲ့ စိတ်ကြိုက်ရွေးခြယ်ရရင် သူမဟာ ချောင်ဝမ်ရှင်းနဲ့အတူ အပြင်သွားချင်သည်။ ချောင်ဝမ်ရှင်းက မိန်းကလေးဖြစ်တဲ့အပြင် သူမနဲ့အတူ အပြင်ထွက်လည်မယ့်သူတွေကလဲ မိန်းကလေးအများစုဖြစ်သည့်အတွက် ပိုသင့်တော်တယ်လို့ ခံစားရ၍ဖြစ်သည်။
သူမဟာ ယောင်္ကျားလေးအပေါ်ပြသနာမရှိသော်လည်း ထန်ကျားခိုင်နဲ့ သူ့သူငယ်ချင်းတွေကြားမှ မိန်းကလေးတစ်ယောက်ထဲဖြစ်နေတဲ့အတွက် တစ်မျိုးကြီးဘဲလို့ခံစားရသည်။ သို့သော်လည်း သူမသာ ဒီတစ်ယောက်နဲ့သွားရင် အခြားကျန်ခဲ့တဲ့လူတစ်ယောက်က စိတ်ပျက်သွားမှာ ဖြစ်သည်။
"နင်တို့က ငါ့ကိုခက်ခဲအောင် လုပ်နေကြတာပဲ။ ဒါမှမဟုတ် ငါဘယ်သူနဲ့မှမသွားရင်ရော"ဟု ကုနင်းကမေးသည်။ သူမဟာ အဲ့တာဟာအကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ထင်သည်။
"မရဘူး"ဟု သူတို့နှစ်ယောက်လုံးဟာ သူမပြောတာကို ချက်ချင်းငြင်းလေသည်။
"ဒါဆို ငါလုပ်ရမှာလဲ"ဟု ကုနင်းက မေးသည်။
"ငါနဲ့သာ တူတူလိုက်ခဲ့။ တကယ်လို့ ကျားခိုင် ငါတို့ကိုတားဖို့လုပ်ရင် ငါသူ့ကို ရိုက်နှက်ပစ်မယ်"ဟု ချောင်ဝမ်ရှင်းဟာ ကုနင်းကို လက်တစ်ဖက်ဖြင့်ဆွဲကာ တခြားလက်တစ်ဖက်ဖြင့် ထန်ကျားခိုင် အား လက်သီးစုပ်ပြလေသည်။ တကယ်လို့ သူသာသူမတို့ကို တားဖို့ကြိုးစားရင် သူမအနေနဲ့ သူ့ကိုဗျင်းရန် ဝင်မလေးချေ။
"န..နင..နင်..."ဟု ထန်ကျားခိုင်က စိတ်တိုကာ ခြေစောင့်လိုက်သည်။ သို့သော် သူဟာစိတ်ဆိုးသော်လည်း ချောင်ဝမ်ရှင်းကို ဘာမှမလုပ်ရဲပေ။
"ဒါဆို ငါလည်းနင်နဲ့အတူလိုက်ခဲ့မယ်"ဟု ထန်ကျားခိုင်က နောက်ဆုံးတွင် အလျော့ပေးလိုက်သည်။ သူလည်း ကုနင်းနဲ့အတူတူ အပြင်ထွက်လည်ချင်သည်။ သူဟာ သူ့သူငယ်ချင်းတွေကို အပြင်အတူသွားမယ်လို့ ကတိမပေးထားသည့်အတွက် သူတို့ဘက်မပါလဲ ကိစ္စမရှိပေ။
"အဲ့လိုမှပေါ့"ဟု ချောင်ဝမ်ရှင်းက ပျော်သွားသည်။ သူမက ကုနင်းနဲ့အတူလည်ချင်တာဖြစ်သော်လည်း ထန်ကျားခိုင်အတူကပ်လိုက်ခဲ့ရင်လဲ ပြသနာမရှိပေ။
သိပ်မကြာခင်မှာပဲ သူတို့သုံးယောက်ဟာ အတူတူကားမောင်းထွက်သွားကြလေသည်။
ချောင်ဝမ်ရှင်းဟာ ထန်စံအိမ်မှာပဲ အိပ်ဖို့ဆုံးဖြတ်လိုက်သည့်အတွက် သူတို့သုံးယောက်ဟာ တစ်ကားထဲဖြင့် တူတူသွားကြလေသည်။
ကုနင်းမောင်းတာဖြစ်သည်။ သူမဟာ ကားမောင်းကျွမ်းသည့်အတွက် ချောင်ဝမ်ရှင်းနဲ့ ထန်ကျားခိုင်ဟာ သူမကို ယုံကြည်သည်။
သူတို့တွေဟာ အဆင့်မြင့်ကိုယ်ပိုင်ကလပ်တစ်ခုကို သွားနေတာဖြစ်သည်။ သူတို့အဓိကခန်းမထဲကို ဝင်လိုက်တာနဲ့တပြိုင်နက်တည်း သူတို့နဲ့ မျက်နှာမစိမ်းတဲ့လူနဲ့ ဆုံလေသည်။ အတိအကျပြောရရင် ထိုလူဟာ ချောင်ဝမ်ရှင်းနဲ့သိတာဖြစ်ပြီး သူမရဲ့ရန်သူလဲဖြစ်သည်။ တချိန်တည်းမှာပဲ အဲဒီသူဟာ ကုနင်းနဲ့လည်း ရန်ငြိုးမကင်းသူဖြစ်သည်။
အဲဒီသူက အခြားသူမဟုတ်ဘဲ ကျန်းတီနာပင်ဖြစ်သည်။ သူမဟာ အရင်ကပန်းခြံကစားကွင်းတွင် ချောင်ဝမ်ရှင်းအား ရိုက်နှက်ဖူး၍ ကုနင်းဟာလည်း နောက်ဆုံးတွင် သူမ၏နံရိုးကို ပြန်ချိုးခဲ့ဖူးသည်။
ကျန်းတီနာရဲ့ နောက်လိုက်ဖြစ်တဲ့ ချင်ကျီဖုန်းဟာလည်း သူမနဲ့အတူတူဖြစ်သလို အခြားကုနင်းမတွေ့ဖူးတဲ့ သူစိမ်းတချို့လဲပါသည်။
သူမအဖွဲ့နဲ့အတူလာတဲ့ အမျိုးသားနဲ့ အမျိုးသမီးကိုမြင်တဲ့အခါ ကုနင်းဟာ မျက်မှောင်ကြုံ့သွားသည်။ သူမဟာ သူတို့ဆီမှ ထူးခြားတဲ့အရှိန်အဝါတစ်ခုရနေပြီး ထိုအရှိန်အဝါဟာ Rနိုင်ငံမှ နင်ဂျာတွေနဲ့ ဆင်တူလေသည်။
ထိုအမျိုးသားနဲ့ အမျိုးသမီးဟာ Rနိုင်ငံမှ နင်ဂျာများပင်ဖြစ်သည်။
ကျန်းတီနာက စစ်တပ်မိသားစုက မွေးဖွားလာတာဖြစ်ပေမဲ့ သူမဟာ အံ့အားသင့်စွာပင် Rနိုင်ငံမှ နင်ဂျာများဖြင့် အတူသွားလာနေသည်။ သူတို့ဘယ်သူတွေဆိုတာရော သူမသိလား။ တကယ်လို့သိရင်တော့ ပြဿနာသိပ်မရှိပေ။
သူတို့နိုင်ငံက Rနိုင်ငံနှင့် သိပ်မရင်းနှီးပေမဲ့လည်း Rနိုင်ငံက လူတစ်ချို့နဲ့ သူငယ်ချင်းဖြစ်တာဟာ ပြသနာမရှိပေ။
တကယ်လို့ ကျန်းတီနာက သူတို့ဘယ်သူတွေဆိုတာလဲသိရင် သူမက သူတို့နဲ့ ဘာတွေလုပ်နေတာလဲ။
ကုနင်းက ပိုပိုကြီးလုပ်နေတာမဟုတ်ပေ။ ထိုအရာဟာ အဓိပ္ပာယ်မရှိ၍ ဖြစ်သည်။ နင်ဂျာတွေဟာ အရမ်းစွမ်းအားကြီးတဲ့သိုင်းပညာရှင်တွေဖြစ်ပြီး သူတို့က အခုလို သူတို့နိုင်ငံထဲရောက်နေတာ စစ်ဆေးရေးတစ်ခုခုတော့ ရှိရမည်။
ကုနင်းနဲ့ အခြားသူတို့ဟာ ကျန်းတီနာကိုတွေ့ပြီးဖြစ်သလို ကျန်းတီနာဟာလည်း သူတို့ရောက်လာတာကို မြင်သည်။ သူမဟာ ချောင်ဝမ်ရှင်းနှင့် ကုနင်းကို မြင်တဲ့အခါမှာတော့ ပိုပြီးဒေါသထွက်သွားလေသည်။
သူမဟာ ကုနင်းကိုမြင်တာနှင့် တပြိုင်နက် ကုနင်းကို တစ်စစီဆွဲဖြဲဖို့ မအောင့်နိုင်သည့်အလား သေလောက်အောင်စိုက်ကြည့်နေသည်။ ကုနင်းဟာ သူမကို တစ်လကျော် အိပ်ရာထဲလဲနေရအောင် ရိုက်နှက်ထား၍ဖြစ်သည်။
တကယ်လို့တခြားနေ့တွေဆိုရင်တော့ ကုနင်းကိုမြင်ရင် သူမဟာ ဆိုးရွားစွာရိုက်နှက်ခံထားရတာ မကြာသေးသည့်အတွက် သတိထားနေမှာဖြစ်သော်လည်း ဒီနေ့တော့မတူပေ။ ဒီနေ့သူမမှာ အကူအညီပါလေသည်။
သူမ သူတို့ကို တွေ့လိုက်တာနဲ့တပြိုင်နက်တည်း ကျန်းတီနာက သူတို့ဆီ တန်းသွားကာ သူတို့သွားတဲ့လမ်းရှေ့မှ ပိတ်ရပ်လိုက်လေသည်။
"ကျန်းတီနာ၊ နင်ဘာလုပ်ချင်နေတာလဲ"ဟု ချောင်ဝမ်ရှင်းက ဂရုမစိုက်တဲ့လေသံဖြင့် မေးသည်။ ကျန်းတီနာဘာလုပ်ဖို့ကြိုးစားကြိုးစား သူမဟာ ကုနင်း ရှိနေတဲ့အတွက် ဘာမှကြောက်စရာမလိုသောကြောင့် စိတ်အေးလက်အေးပင် ဖြစ်သည်။
"ငါဘာလုပ်ချင်နေတယ်လို့ နင်ထင်လို့လဲ။ နင်ငါ့နံရိုးကို ချိုးပြီး ငါ့ကိုဆေးရုံမှာ တလကျော်နေလိုက်ရတဲ့အပေါ် ငါလက်စားချေဖို့လာတာပဲ"ဟု ကျန်းတီနာ ဟာအံကြိတ်လျက် ကုနင်းကို ကြည့်ကာ "ငါတို့ ဒီနေ့ မျှမျှတတတိုက်ခိုက်ကြမလား"ဟု မေးလေသည်။
မေးခွန်းပုံစံနဲ့ ပြောနေတာဖြစ်ပေမဲ့လည်း တောင်းဆိုနေတာမဟုတ်တာ သေချာလေသည်။
"ငါဘာလို့လက်ခံရမှာလဲ"ဟု ကုနင်းက ချက်ချင်းပြန်မေးလိုက်သည်။ သူမဟာ ကျန်းတီနာရန်စနေတာကို မသိသလိုနေသည်။
"နင်...."ဟု ကျန်းတီနာဟာ ကုနင်းက ငြင်းမယ်လို့ မထင်ထားတဲ့အတွက် ဒေါသထွက်သွားလေသည်။ သို့သော်လည်း သူမဟာ ကုနင်းနဲ့ ဒီနေ့ တိုက်ခိုက်မှရမှာ ဖြစ်သည့်အတွက် သူမဟာ "နင်ကြောက်လို့လား" ဆက်ရန်စလေသည်။
"နင် သူမကို မနိုင်ဘူး"ဟု ထန်ကျားခိုင်က ဒေါသထွက်စွာ ပြန်ငြင်းလိုက်သည်။ ကျန်းတီနာ အနေနဲ့ သူမဟာ ကုနင်းကို နိုင်မယ်လို့ ထင်နေတာကိုက စိတ်ကူးယဉ်လွန်းနေတာ ဖြစ်သည်။
"နင်တို့အဲ့လောက် ယုံကြည်ချက်ရှိရင် ဘာလို့ တိုက်ခိုက်ဖို့ သဘောမတူတာလဲ။ သဘောနေတာကိုက နင်တို့က ငကြောက်တွေမို့ပဲ"ဟု ကျန်းတီနာက ယုံကြည်ချက်အပြည့်ရှိတဲ့မျက်နှာနဲ့ ရန်စလေသည်။
သူမအနေနဲ့ ကုနင်းကို မနိုင်တောင် သူမဘေးရှိ လူနှစ်ယောက်ဟာ တိုက်ခိုက်ရာမှာ ကျွမ်းကျင်တဲ့ဆရာကြီးတွေဖြစ်သည်။
ကျန်းတီနာက ထိုလူနှစ်ယောက်က ဘယ်လောက်တော်လဲဆိုတာ သိနေတာကိုတော့ ကုနင်းသေချာပြောနိုင်သည်။ သူမ, မသေချာတာက ထိုလူတွေက နင်ဂျာတွေဆိုတာ ကျန်းတီနာသိလားမသိလား ဆိုတာပင်။ တကယ်လို့ သူမသိရင်တော့....
ကုနင်းက မျိုးချစ်စိတ်အရမ်းရှိတဲ့သူမဟုတ်ပေမဲ့လည်း သူမအနေနဲ့ Rနိုင်ငံ၊ Mနိုင်ငံနှင့် Hနိုင်ငံက လူတွေ ကျူးကျော်ဝင်ရောက်လာကိုတော့ လက်မခံနိုင်ပေ။
"ငါ့ကို အဲ့လိုရန်စနေလဲ အသုံးမဝင်ဘူး။ ဒါပေမယ့် ငါအနေနဲ့ နင့်ကို ငြင်းဖို့စိတ်ကူးမရှိဘူး။ နင့်အနေနဲ့ ကိုယ့်လည်ပင်းကိုယ်ထိုးပြီး စင်းနှီးတုန်းပေါ်တင်ပေးနေမှတော့ ငါအနေနဲ့ နင့်ကို ပြင်းပြင်းထန်ထန်မရိုက်နှက်ရင် ငါ့ကိုယ်ငါတရားမှာမဟုတ်ဘူး"ဟု ကုနင်းက လူဆိုးပြုံး,ပြုံးကာ ပြန်ပြောလိုက်သည်။ သူမဟာ ကျန်းတီနာကို လုံးဝ အထင်သေးနေတာ သေချာသည်။
"နင်..."ဟု ကုနင်းရဲ့ မလေးစားမှုအတွက် ကျန်းတီနာဟာ အရမ်းအရှက်ကွဲတယ်လို့ ခံစားလိုက်ရသည်။ သို့သော်လည်း ကုနင်းက တိုက်ခိုက်ဖို့ သဘောတူတဲ့အတွက် သူမလိုချင်တာ ရသွားပြီဖြစ်သည်။
သူမအနေနဲ့ ကုနင်းကို အခုချိန်တော့ မောက်မာခွင့်ပေးလိုက်မည်။ ခဏနေရင်တော့ သူမကို သင်ခန်းစာပေးမည် ဖြစ်သည်။
"ခဏနေရင်လည်း အခုလိုပဲ မောက်မာနိုင်ပါစေလို့ ငါမျော်လင့်တယ်" ဟု ကျန်းတီနာက ယုံကြည်ချက်အပြည့်ရှိနေသောမျက်နှာဖြင့် စိတ်ဆိုးစွာပြောသည်။
***
စာစဉ် ၁၁၈ ပြီး၏။