← Chapters

အခန်း (၁၉၂၁-၁၉၂၆)

Vol. 119 Ch. 1921-1926

အခန်း (၁၉၂၁-၁၉၂၆)

Vol. 119 Ch. 1921-1926

အပိုင်း ၁၉၂၁ ငါကျဘာလို့ပါလို့မရတာလဲ?

"စောင့်ကြည့်လိုက်လေ"ဟု ကုနင်းက ယုံကြည်ချက်အပြည့်ဖြင့်ပြောသည်။ "ငါတို့နဲ့ နင်ဘယ်လိုပြိုင်ချင်တာလဲ ပြော"

အသက်ကို ခပ်ကြာကြာရှူပြီးနောက် ကျန်းတီနာက သူမကိုသူမ စိတ်အေးရန်အတင်းထိန်းလိုက်သည်။ သူမစိတ်ကို ကုနင်းစကားဖြင့် ရှုပ်ထွေးမသွားချင်၍ဖြစ်သည်။ "နင်ဘက်က လူသုံးယောက်နဲ့ ငါတို့ဘက်က လူသုံးယောက်တိုက်ကြမယ်။ အဖွဲ့လိုက်တိုက်ကြမယ်။ ရှုံးတဲ့သူက နိုင်တဲ့သူကို ဒူးထောက်တောင်းပန်ရမယ်။ နိုင်တဲ့သူက ရှုံးတဲ့သူထိခိုက်ခဲ့ရင် တာဝန်ယူဖို့မလိုဘူး"

"အဲ့တာ တော်တော်ကောင်းတဲ့ အကြံဉာဏ်ပဲ။ ဒါပေမယ့် နင်တို့ကိုတိုက်ခိုက်ဖို့ ငါတို့ဘက်က လူသုံးယောက်လွှတ်စရာ မလိုဘူး။ ဝမ်ရှင်းနဲ့ ငါနဲ့တင်လုံလောက်ပြီ။ နင်ဘက်က လူသုံးယောက်လွှတ်လို့ရတယ်"ဟု ကုနင်းက ပြောသည်။ အဘယ်ကြောင့်ဆိုသော ကျန်းတီနာက သူတို့နဲ့တိုက်ခိုက်ရန် ထိုနင်ဂျာနှစ်ယောက်ကို လွှတ်မယ်ဆိုတာ ကုနင်းက သေချာသောကြောင့်ဖြစ်သည်။ အဲ့လိုဆိုရင် ထန်ကျားခိုင်သိုင်းစွမ်းနဲ့ဆို သူဟာ တစ်စက္ကန့်အတွင်းတွင် အရိုက်နှက်ခံရနိုင်၍ဖြစ်သည်။

သူမဟာ ထန်ကျားခိုင်ကို အထင်သေးတာမဟုတ်ပေမဲ့လည်း ထန်ကျားခိုင်ဟာ ထိုနင်ဂျာနှစ်ယောက်နှင့် ယှဉ်ရင် အားနည်းနေတာအမှန်ပင်ဖြစ်သည်။ ကုနင်းအနေနဲ့ သူတို့ကို ထန်ကျားခိုင်အား ထိခိုက်ခွင့်‌မပေးနိုင်သော်လည်း သူ့အနေနဲ့ ဒီတိုက်ပွဲမှာ ဒဏ်ရာရစရာမလိုပေ။ ထို့အပြင် သူသည် ချောင်ဝမ်ရှင်းနှင့် ကုနင်းအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်၍ ဖြစ်သည်။

ချောင်ဝမ်ရှင်းဟာ ကျန်းတီနာလောက် သန်မာသည်။ အထူးသဖြင့် ကျန်းတီနာက အခုမှ သက်သာလာချိန်တွင်ဖြစ်သည်။ သူမဟာ အရင်လောက် မတိုက်ခိုက်နိုင်သေးသည့်အတွက် ချောင်ဝမ်ရှင်းဟာ ကျန်းတီနာကို အနိုင်ယူနိုင်လိမ့်မယ်လို့ ကုနင်းက ယုံကြည်သည်။

တကယ်လို့ သူမအနေနဲ့ အနိုင်မယူနိုင်ရင်တောင် ပြိုင်ပွဲက ခဏတော့ ကြာဦးမယ်ဖြစ်၍ ကုနင်းအနေနဲ့ ထိုနင်ဂျာနှစ်ယောက်ကို အချိန်တိုလေးအတွင်းတွင် အနိုင်ယူနိုင်လေသည်။ အဲဒီနောက်တွင် သူမအနေနဲ့ ချောင်ဝမ်ရှင်းကို ကူညီနိုင်လေသည်။

"နင်းနင်း၊ ငါကျ ဘာလို့ပြိုင်ပွဲမှာ ပါလို့မရတာလဲ"ဟု ထန်ကျားခိုင်ဟာ ကုနင်းရဲ့အတွေးကို မသိတဲ့အတွက် မေးသည်။ သူလည်း ကူညီချင်လေသည်။

ချောင်ဝမ်ရှင်းကတော့ ကုနင်း ထိုသို့လုပ်တာ အကြောင်းပြချက် တစ်ခုခုရှိလို့ဟု ထင်သည်။

ကုနင်းဟာ ထန်ကျားခိုင် ဘေးနားသွား၍ သူ့နားထဲသို့ "ကျန်းတီနာရဲ့ဘေးနားကလူနှစ်ယောက်က သာမာန်လူတွေမဟုတ်ဘူး။ နင်သာပြိုင်ပွဲမှာပါရင် တစ်စက္ကန့်ထဲနဲ့ အနိုင်ယူခံရလိမ့်မယ်။ နင့်အနေနဲ့ ချောင်ဝမ်ရှင်းနဲ့ ငါ့အပေါ် ဝန်ထုပ်ဝန်ပိုးတောင် ဖြစ်လာနိုင်တယ်"ဟု တိုးတိုးလေးပြောလိုက်သည်။

ထိုအရာကိုကြားတဲ့အခါ ထန်ကျားခိုင်ဟာ ကုနင်းစကား‌ကြောင့် အထိနာသွားပြီး မျက်မှောင်ကြီးကြုံ့သွား‌သော်လည်း သူက သူတအားမသန်မာတာကို သိသည့်အတွက် ကုနင်းနဲ့ မငြင်းခုန်တော့ပေ။

သူဟာ ကုနင်းကို အထင်ကြီးလေးစားတဲ့အပြင် ယုံလည်းယုံကြည်သည်။ ကုနင်းက အဲ့လိုလုပ်ဖို့ဆုံးဖြတ်လိုက်တယ်ဆိုကတည်းက သူမကိုယ်သူမ ယုံကြည်ချက်ရှိ၍ ဖြစ်မည်။

"နင်ဘာပြောချင်နေတာလဲ။ ငါတို့က အားနည်းတယ်လို့ ထင်နေတာလား"ဟု ကျန်းတီနာဟာ ကုနင်းရဲ့ အကြံအစည်ကြောင့် စိတ်ရှုပ်သွားသည်။

ကျန်းတီနာတင်မဟုတ်ဘဲ ထိုနင်ဂျာနှစ်ယောက်ကလဲ စိတ်မကျေမနပ်ဖြစ်သွား၍ သူတို့က ကုနင်းကို လှည့်၍ စိုက်ကြည့်နေကြသည်။

"အဲဒီတော့ ဘာဖြစ်လဲ။ နင်သဘောတူတူ မတူတူ ငါတို့နှစ်ယောက်ပဲ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ"ဟု ကုနင်းကပြောသည်။ သူမဟာ သူတို့ကို အကုန်ဆုံးဖြတ်ခွင့် မပေးချေ။ သူမမှာလည်း သူမရည်ရွယ်ချက်သက်သက်ရှိ၍ ဒီပြိုင်ပွဲကို လက်ခံခဲ့တာဖြစ်သည်။

"နင်..."ဟု ကျန်းတီနာက စိတ်တိုသွားသော်လည်း တကယ်လို့ ကုနင်းကသာ ပြိုင်ဖို့သဘောမတူတော့ရင် သူမအနေနဲ့ သူတို့ကို မရိုက်နှက်နိုင်တော့ချေ။ သူတို့ရဲ့ အဆင့်အတန်းတွေကြောင့် သူမအနေနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်သည့်အတွက် မဟုတ်ရင် သူမအနေနဲ့ သူတို့ရဲ့ သဘောတူညီချက်ရဖို့ ကြိုးစားမှာမဟုတ်ပေ။

သူမဟာ သူမအနေနဲ့ သူတို့ကို ပြဿနာရှာလို့မရတာသိပေမဲ့လည်း အရှက်ခွဲခံရတာကို လက်ခံပြီး လက်စားပြန်မချေဘဲ သူမအနေနဲ့ မနေနိုင်ချေ။

"သူတို့က သူတို့ကိုယ်သူတို့ အဲ့လောက်ယုံကြည်ချက်ရှိနေမှာတော့ ငါတို့အနေနဲ့ သူတို့ကို သက်သေပြဖို့ အခွင့်အရေးပေးရမှာပေါ့"ဟု အမျိုးသမီးနင်ဂျာက သူတို့နိုင်ငံဘာသာစကားနှင့် ကျွမ်းကျင်သွက်လက်စွာ ပြောသည်။ တခြားသူတွေအနေနဲ့ သူမဟာ နိုင်ငံခြားသားဆိုတာ မသိရင် သူမကို ဒီနိုင်ငံကလို့ ထင်နိုင်သည်။

ဘာပဲဖြစ်ဖြစ် သူမဟာ သူတို့နိုင်ငံဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်သည့်အတွက် သူမအနေနဲ့ သူတို့‌နိုင်ငံမှာနေတာ ကြာပြီဆိုတာသေချာသည်။ တနည်းအားဖြင့် သူမဟာ Rနိုင်ငံမှာ စပိုင်ဖြစ်နိုင်သည်။

တကယ်တော့ အမျိုးသမီးနင်ဂျာဟာ သူမတစ်ယောက်တည်းနဲ့တင် ကုနင်းနှင့်သူငယ်ချင်းနှစ်ယောက်အား အနိုင်ယူနိုင်တယ်လို့ ယုံကြည်သော်လည်း ကျန်းတီနာက သူမတို့ကို အတူတူပြိုင်စေချင်တဲ့အတွက် သူတို့အနေနဲ့ အရမ်းအားမနည်းလောက်ပေ။ ထို့ကြောင့် သူမအနေနဲ့ သတိထားသင့်ပေသည်။ သို့သော်လည်း ကုနင်းနဲ့ အကူအညီတစ်ယောက်ဟာ ဒီပြိုင်ပွဲကို နိုင်မယ်လို့တော့ မထင်ပေ။

"ကောင်းပြီလေ။ နင်တို့က အဲ့လောက်တောင် ယုံကြည်မှုရှိနေမှတော့ ငါတို့သဘောတူတယ်။ ဒါပေမယ့် ပြီးမှ နင်တို့ရှုံးရင် ငါတို့ကိုအပြစ်မတင်နဲ့"ဟု ကျန်းတီနာကတွန့်ဆုတ်မနေတော့ပေ။ ကုနင်းဘက်က အရင်စတောင်းဆိုတာဖြစ်၍ ဖြစ်သည်။

"ဒါပေါ့။ ဒါပေမယ့် ရှုံးတဲ့လူက လက်မခံမှာစိုးလို့ ငါတို့အနေနဲ့ သဘောတူညီချက်ကို စာရွက်ပေါ်မှာ လက်မှတ်ထိုးဖို့တော့လိုမယ်"ဟု ကုနင်းကပြောသည်။ ထိုအရာမျိုး ခဏခဏဖြစ်ဖူးပြီး၍ ကုနင်းက သက်သေအရင်တောင်းခြင်းဖြစ်သည်။

သူမအနေနဲ့ ကျန်းတီနာက ငြင်းမှာကိုမစိုးရိမ်ပေ။ ဒါပေမယ့် ပြဿနာတစ်ခုခုရှိလာခဲ့ရင် လူတစ်ချို့ရဲ့ပါးစပ်ပေါက်ကိုပိတ်ရန် သူတို့အနေနဲ့ သက်သေလိုအပ်သည်။

ကျန်းတီနာရဲ့စရိုက်က ယုံကြည်လို့ရသည်။

"နင်..."ဟု ကျန်းတီနာဟာ သူမရဲ့ ရိုးသားမှုကို မေးခွန်းထပ်ထုတ်ခံလိုက်ရ၍ ‌ဒေါသထွက်သွားသော်လည်း သူမဟာ ကုနင်းက လက်မခံတော့မှာကို စိုးရိမ်သိသည့်အတွက် သဘောတူလိုက်သည်။ "ကိစ္စမရှိဘူး။ ငါလည်းအတူတူပဲ စိုးရိမ်တယ်"

"ငါ့မှာ စာရွက်နဲ့ ဘောပင်ရှိတယ်။ ဘယ်မှာ နင်တို့ပြိုင်ချင်လဲ။ ငါတို့စာရွက်ပေါ်မှာ တစ်ခါတည်းရေးလို့ရတယ်"ဟု ကုနင်း ကပြောသည်။ ဒီနေရာဟာ Club Houseရဲ့ ဟောခန်းမဖြစ်၍ သူတို့အနေနဲ့ ဒီနေရာတွင် တိုက်ခိုက်၍ မရပေ။

"ဒီClub Houseမှာ သိုင်း‌လေ့ကျင့်အခန်းရှိတယ်။ ငါတို့အဲ့ကို သွားလို့ရတယ်"ဟု ကျန်းတီနာ ကပြောသည်။

ထို့နောက် ကျန်းတီနာဟာ စားပွဲထိုးအားခေါ်၍ အကျိုးအကြောင်းပြောကာ သူတို့ကို သိုင်းလေ့ကျင့်ရေးအခန်းဆီ လမ်းပြခိုင်းလိုက်သည်။

"ဝမ်ရှင်း၊ နင့်သူငယ်ချင်းတွေကို ခဏစောင့်ဖို့ ပြောလိုက်ဦး"ဟု ကုနင်းက ချောင်ဝမ်ရှင်း အားပြောသည်။ သူတို့ကို အကြောင်းပြချက်မရှိဘဲ အကြာကြီးစောင့်ခိုင်းထား၍ မဖြစ်ပေ။

"ကောင်းပြီလေ"ဟု ချောင်ဝမ်ရှင်းကသဘောတူကာ ကောင်းချန်ယွင်ကို ဖုန်းဆက်လိုက်သည်။ သူမဟာ သူ့ကို သူတို့နည်းနည်းနောက်ကျမယ်လို့သာ ပြောလိုက်ပြီး အကြောင်းပြချက်တော့ မပြောလိုက်ပေ။ ကောင်းချန်ယွင်ကလဲ သူမကို မမေးချေ။

သူတို့အဖွဲ့ဟာ ထို့နောက် သိုင်းလေ့ကျင့်ရေးအခန်းဆီသွားကြပြီးနောက် ကုနင်းကစာရွက်နဲ့ ဘောပင်ထုတ်လိုက်လေသည်။

"နင်နဲ့ ငါနဲ့ပဲ အပြစ်ကိုခံမှာလား ဒါမှမဟုတ် ပြိုင်ပွဲဝင်အကုန်လုံးလား"ဟု ကုနင်းက မေးသည်။

"အကုန်...."ဟု ကျန်းတီနာက ကုနင်းနှင့် ချောင်ဝမ်ရှင်းက သူမအား တောင်းပန်တာကို လိုချင်သော်လည်း သူမသူငယ်ချင်းနှစ်ယောက် စိတ်ဆိုးမှာ စိုးသည့်အတွက် သူမပြောမှာကို ပြန်ပြင်ပြောလိုက်သည်။ "နင်နဲ့ငါနဲ့ပဲ"

သူမဟာ ကုနင်းကို ပိုမုန်းသည်။ အဘယ်ကြောင့်ဆိုသော် သူမတို့ပြဿနာဖြစ်ချိန်တွင် သူမဟာ ချောင်ဝမ်ရှင်းကို နိုင်ခါနီးတွင် ကုနင်းက သူမကို ဒဏ်ရာအကြီးအကျယ်ရအောင် လုပ်ခဲ့၍ဖြစ်သည်။

"ကောင်းပြီလေ"ဟု ကုနင်းကပြောကာ သဘောတူညီချက်ကို စရေးလေသည်။

ထို့နောက် သူမဟာ ကျန်းတီနာအား ဖတ်ခိုင်းသည်။ ကျန်းတီနာက ပြဿနာမရှိတာသေချာကြောင်း စစ်ဆေးပြီးတဲ့အခါတွင် ကုနင်းက နောက်တစ်ရွက်ရွေး၍ သူတို့နှစ်ယောက်လုံး လက်မှတ်ထိုးကာ တစ်ယောက်တစ်ရွက်စီ သိမ်းလိုက်သည်။

ထိုအရာတွေပြီးတဲ့အခါမှာတော့ သူတို့က အခန်းအလယ်ကို သွားကြသည်။

"ဝမ်ရှင်း၊ နင် ကျန်းတီနာနဲ့ တိုက်လိုက်။ ကျန်တဲ့နှစ်ယောက်ကိုတော့ ငါ့တာဝန်ထား"ဟု ကုနင်းက ချောင်ဝမ်ရှင်း ကိုပြောသည်။

"ဟုတ်ပြီ"ဟု ချောင်ဝမ်ရှင်းကသဘောတူသည်။ သူမဟာ ကုနင်းကို ယုံကြည်၍ သူမစီစဉ်တဲ့အတိုင်း လိုက်နာသည်။

"အဆင်သင့်ဖြစ်ပြီလား"ဟု ကျန်းတီနာ ကမေးသည်။ ပြိုင်ပွဲမစမှီမှာပင် ကျန်းတီနာဟာ ကုနင်းနှင့် ချောင်ဝမ်ရှင်းကို အရှုံးသမားတွေအလား ကြည့်နေပြီဖြစ်သည်။

"ဖြစ်ပြီ။ စလိုက်ကြရအောင်"ဟု ကုနင်း ကပြောသည်။

ထို့နောက် တိုက်ခိုက်ခြင်းစတင်လေရာ ထန်ကျားခိုင်က သူ့ဖုန်းကိုချက်ချင်းထုတ်၍ ဗွီဒီယိုရိုက်လေသည်။

ကျန်းတီနာဟာ ချောင်ဝမ်ရှင်းကို ရိုက်နှက်ချင်၍ ပြိုင်ပွဲလုပ်တာဖြစ်၍ သူမဟာ ထိုနင်ဂျာနှစ်ယောက်နဲ့ အခုလေးတင်သဘောတူညီချက်ရပြီးဖြစ်သည်။ သူမဟာ ချောင်ဝမ်ရှင်းနဲ့ တိုက်ခိုက်မှာဖြစ်ပြီး သူတို့နှစ်ယောက်တော့ ကုနင်းနဲ့ တိုက်ခိုက်ရမှာ ဖြစ်သည်။

နင်ဂျာနှစ်ယောက်ဟာ သူတို့အတွက် ထိုအရာကို အရှက်ကွဲတာဖြစ်တဲ့အတွက် စိတ်မကျေမနပ်ဖြစ်နေကြသည်။

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၂၂ အရှုံးကိုလက်ခံပြီလား?

ကျန်းတီနာဟာ ချောင်ဝမ်ရှင်းက သူမပြိုင်ဘက်မဟုတ်ကြောင်း သူတို့ကိုပြောကာ ကုနင်းကတော့ ပိုစွမ်းကာ အရင်ကသူမကို လွင့်ထွက်သွားအောင် ကန်ထားကြောင်းပြောသည်။ သူမရဲ့ နံရိုးတစ်ချောင်းဟာ ထိုအချိန်က ကျိုးသွားတာဖြစ်ပြီး သူမဟာ တစ်လလောက်ကြာမှ ပြန်ကောင်းလာတာဖြစ်သည်။ ထို့အပြင် သူမဟာ ကုနင်းကို သင်ခန်းစာပေးချင်တာဖြစ်တဲ့အတွက် သူတို့အနေနဲ့ ကုနင်းနဲ့ တိုက်ခိုက်တာဟာ အကောင်းဆုံးဖြစ်သည်။

ဖြစ်နိုင်ရင် သူမအနေနဲ့ ကုနင်းရဲ့နံရံတစ်ချောင်း မဟုတ်ဘူး နှစ်ချောင်းလောက် ကျိုးသွားတာမြင်ချင်သည်။

ထိုအတွက်ကြောင့် နင်ဂျာနှစ်ယောက်ဟာ စိတ်သက်သာရာရသွားသည်။

အ‌ပျော်သဘောနဲ့ပြိုင်တာဖြစ်ပေမဲ့လည်း အနိုင်ရသူ ရှုံးနိမ့်သူရှိတဲ့အပြင် သူတို့အနေနဲ့ ဒဏ်ရာရတာတွေကို ဂရုစိုက်စရာမလိုတဲ့အတွက် ပြိုင်ပွဲစတာနဲ့ သူတို့ပြိုင်ဘက်ကို အနိုင်ရဖို့ အခွင့်အရေးတစ်စက်မှ မပေးဘဲ သူတို့ဟာ ခွန်အားကုန်သုံး၍ တိုက်ခိုက်ကြလေသည်။

ကျန်းတီနာဟာ ကုနင်းက သာမာန်ထက်ပိုပြီး သန်မာတယ်လို့ ပြောပေမဲ့လည်း နင်ဂျာနှစ်ယောက်ဟာ သိပ်ပြီးဂရုမစိုက်ချေ။ သူတို့ဟာ ဒီပြိုင်ပွဲကို မြန်မြန်အဆုံးသတ်ချင်သောကြောင့် သူတို့နှစ်ယောက်ဟာ စိန်ခေါ်မှုကို တူတူလက်ခံခဲ့တာဖြစ်သည်။

သို့သော်လည်း သူတို့ဟာ သူတို့ရဲ့ ခွန်အားကုန်သုံးပြီးတိုက်နေပေမဲ့လည်း ကုနင်းဟာ သူတို့နဲ့ လွယ်လွယ်ကူကူပင် တိုက်ခိုက်နိုင်သည်။ ထို့အပြင် သူမပုံဟာ အေးအေးဆေးဆေးပဲဖြစ်သည့်အတွက် နင်ဂျာနှစ်ယောက်ဟာ အံ့အားသင့်သွားကြသည်။ ထို့ကြောင့် သူတို့ဟာ ကုနင်းကို ပိုအာရုံစိုက်၍ တိုက်ခိုက်တော့သည်။

ကံစိုးစွာနဲ့ပဲ သူတို့ဘယ်လောက်ပဲ ခွန်အားသုံးပြီး တိုက်ခိုက်နေပါစေ ကုနင်းက သူတို့ကို အေးအေးဆေးဆေးပုံစံနဲ့ပင် ပြန်တိုက်ခိုက်နိုင်သည်။

သူမပုံစံဟာ အေး‌အေးဆေးဆေးဖြစ်နေပေမဲ့လည်း သူမဟာ နင်ဂျာနှစ်ယောက်နဲ့ တိုက်ခိုက်နေတာဖြစ်တဲ့အတွက် ကုနင်း အနေနဲ့ သူတို့ကို ချက်ချင်းထိခိုက်အောင် မလုပ်နိုင်သေးပေ။ သို့ပေမဲ့လည်း သူမဟာ အသာစီးရနေသည့်အပြင် သူမနဲ့သူတို့ရဲ့ စွမ်းရည်ဟာ အရမ်းကွာခြားလေသည်။

ကျန်းတီနာနဲ့ ချောင်ဝမ်ရှင်းတို့ကတော့ အရည်အချင်းအတူတူပဲဖြစ်သည့်အတွက် သူတို့ဟာ ကုနင်းနှင့် နင်ဂျာနှစ်ယောက်ကို အာရုံမစိုက်နိုင်ပေ။

ကျန်းတီနာဟာဒဏ်ရာတွေ သက်သာလာစဖြစ်၍ သူမဟာ အရင်ကလောက် မစွမ်းပေ။ ထို့ကြောင့် တိုက်ပွဲတွင် သူမအနေနဲ့ ချောင်ဝမ်ရှင်းအပေါ်တွင် အသာစီးမရပေ။ ချောင်ဝမ်ရှင်းဘက်မှာတော့ အနည်းငယ်အသာစီးရနေပေမဲ့လည်း သိပ်မသိသာပေ။

ဘေးကကြည့်နေသူတွေအနေနဲ့ ကုနင်းဟာ အခြေအနေကို ထိန်းချုပ်ထားနိုင်နေတာကို ရှင်းရှင်းလင်းလင်းမြင်နိုင်လေသည်။ ထို့ကြောင့် ထန်ကျားခိုင်ကလွဲရင် အားလုံးဟာ အံ့အားသင့်နေကြသည်။

သူတို့ဟာ နင်ဂျာနှစ်ယောက်အကြောင်း ဘာမှမသိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့နဲ့ ကျန်းတီနာရဲ့သူငယ်ချင်းတွေ တွေ့ဖူးတာ ဒါပထမဆုံးဖြစ်၍ဖြစ်ပေမယ့်လည်း သူတို့ဘယ်လောက်တော်တယ်ဆိုတာ သူမ၏သူငယ်ချင်းတွေက မြင်နိုင်လေသည်။ ပိုအံ့ဩဖို့ကောင်းတာက သူတို့ထက် ကုနင်းက ပိုတော်နေတာပင်။

မိန်းကလေးတစ်ယောက်အနေနဲ့ သိုင်းပညာမှာ ပိုတော်တယ်ဆိုတာ အရမ်းမိုက်တဲ့အရာတစ်ခုဖြစ်သည်။

သူတို့ဟာ ကျန်းတီနာရဲ့ သူငယ်ချင်းတွေဖြစ်တဲ့အတွက် သူမကို နိုင်စေချင်ကြပေမယ့်လည်း ကြည့်ရတာတော့ နိုင်ဖို့ခက်ခဲလေသည်။

နင်ဂျာတွေဟာ သာမာန်လူတွေနဲ့ယှဉ်ရင် သူတို့ရဲ့ အာရုံခံမှု၊ လျင်မြန်မှုနဲ့ ခွန်အားတို့တွင် ပိုသာသော်ကြောင့် ပုံမှန်အားဖြင့် သာမာန်လူတစ်ချို့သာ သူတို့နဲ့ယှဉ်နိုင်လေသည်။ အစကတော့ အလယ်အလတ်အဆင့်နင်ဂျာနှစ်ယောက်ဟာ သူတို့အနေနဲ့ ကုနင်းကို စက္ကန့်ပိုင်းအတွင်း အနိုင်ယူနိုင်မယ်လို့ ထင်ထားသော်လည်း သူတို့အနေနဲ့ ကုနင်းကို ထိခိုက်ဒဏ်ရာရအောင် လုပ်ဖို့မပြောနဲ့ မိနစ်အနည်းငယ်ကြာတာတောင် အသာစီးမရသေးပေ။

သူတို့ဟာ သူမ,မမြင်ခင်မှာ ကိုယ်ပျောက်စွမ်းရည်ကို သုံးပြီးတိုက်ခိုက်ချင်သော်လည်း သူတို့ရဲ့ဘဝမှန်ကို ပေါ်သွားမှာစိုးသောကြောင့် လက်လျော့လိုက်ရသည်။ သို့သော်လည်း သူတို့သာ ထိုစွမ်းရည်ကိုမသုံးရင် ကုနင်းက ဒီတိုက်ပွဲကို ထိန်းချုပ်ထားနိုင်သည့်အတွက် သူတို့ဟာ စိတ်ညစ်နေကြသည်။

သူတို့ဟာ ကျန်းတီနာကို အပြစ်တင်နေကြသည်။ သို့သော်လည်း သူတို့အနေနဲ့ ကျန်းတီနာအပေါ် ‌ဒေါသထွက်သော်လည်း သူတို့ရဲ့တာဝန်ရှိသေးသည့်အတွက် သူမနဲ့ စကားများ၍ မရပေ။

မိနစ်အနည်းငယ်ကြာတဲ့အခါမှာတော့ အမျိုးသမီးနင်ဂျာဟာ ကုနင်းကန်တာကို ခံလိုက်ရ၍ မြေကြီးပေါ် လဲကျသွားသည်။ ထို့နောက် အမျိုးသားနင်ဂျာလဲအတူတူပင် ဖြစ်သည်။

ထိုအရာကို မြင်လိုက်တဲ့အခါတွင် ကျန်းတီနာဟာ အံ့ဩသွားတော့သည်။ သူမဟာ ကုနင်း သန်မာတာကို သိပေမဲ့လည်း ကြည့်ရတာ ကုနင်းက သူမထင်တာထက် ပိုသန်မာလေသည်။

ထိုအခါတွင် ကျန်းတီနာ စတင်စိုးရိမ်လာပါတော့သည်။ တကယ်လို့သူမရှုံးသွားရင်ရော။

သူမဟာ အာရုံလွဲသွားတဲ့ချိန်တွင် ချောင်ဝမ်ရှင်းဟာ ထိုအရာကို အခွင့်ကောင်းယူ၍ သူမ၏ဗိုက်အား ကန်လိုက်လေသည်။

နင်ဂျာနှစ်ယောက်ဟာ ကုနင်းကြောင့် အကြီးအကျယ်ဒဏ်ရာမရသွားသော်လည်း သူတို့အနေနဲ့ ထိုအချက်လောက်နဲ့ လက်လျော့မှာမဟုတ်ပေ။ ဒီတိုက်ပွဲဟာ သူတို့ရဲ့ ဂုဏ်နဲ့ နာမည်အပေါ်မူတည်နေ၍ သူတို့အနေနဲ့ ကုနင်းနဲ့တိုက်ခိုက်ရန် ပြန်ထလေသည်။ သို့သော် သူတို့ဟာ ကုနင်းရဲ့ပြိုင်ဘက်မဟုတ်တာ အထင်အရှားပင်။ အချိန်ကြာလာတာနဲ့အမျှ သူတို့ဟာ ပိုပြီးအခွင့်မသာတော့ချေ။

သိပ်မကြာခင်မှာပဲ နင်ဂျာနှစ်ယောက်ဟာ ကုနင်းကြောင့် ထပ်ပြီးဒဏ်ရာရသွားပြန်သည်။ ချောင်ဝမ်ရှင်းဟာလည်း ကျန်းတီနာကို ထပ်ပြီးတိုက်ခိုက်နိုင်လိုက်တဲ့အတွက် ကျန်းတီနာဟာ ခွန်အားတွေ လျော့လာပါတော့သည်။

နင်ဂျာနှစ်ယောက်ရဲ့ခန္ဓာကိုယ်ဟာ သာမာန်လူတွေထက် ပိုသန်မာတဲ့အတွက် အချိန်ခဏလေးအတွင်းတွင် သူတို့ရှုံးနိမ့်မှာ မဟုတ်ပေ။ တုန့်ဆိုင်းမနေဘဲ သူတို့ဟာ ပြန်ထ၍ တိုက်ခိုက်ကြသည်။

၂မိနစ်လောက် ကြာပြီးနောက်တွင် နင်ဂျာနှစ်ယောက်ဟာ ကုနင်းရဲ့ ထိန်းချုပ်မှုအောက်တွင် သူတို့ခန္ဓာကိုယ်ဟာ ဒဏ်ရာတွေ ပို,ပိုပြီးရလာသည်။ သူတို့ဟာ ပြန်တိုက်ခိုက်ရန်လည်း ခွန်အားတွေ လျော့နည်းလာပြီဖြစ်သည်။

"နင်တို့ ကိုယ်ဘာသာကိုယ် အရှုံးပေးမလား ဒါမှမဟုတ် ပြန်တိုက်ဖို့ ခွန်အားမရှိမှ အရှုံးပေးမှာလား"ဟု ကုနင်းက မေးသည်။ ကျန်းတီနာဟာ ဒီပြဿနာရဲ့ အဓိက တရားခံဖြစ်သည့်အပြင် ကုနင်းကလဲ ဒီကိစ္စနဲ့ နာမည်မကြီးချင်ပေ။

"မလုပ်နဲ့။ အရှုံးမပေးနဲ့"

နင်ဂျာနှစ်‌ယောက်ဟာ ကုနင်းရဲ့မေးခွန်းကို မဖြေနိုင်ခင်မှာပဲ ကျန်းတီနာဟာ သူတို့ အရှုံးပေးမှာစိုး၍ တားလိုက်လေသည်။ သူတို့ဟာ ကုနင်းရဲ့ပြိုင်ဘက်မဟုတ်ပေမဲ့လည်း သူမအနေနဲ့ ကုနင်းရှေ့မှာ ဒူးထောက်အရှုံးမပေးလိုပေ။

သူမဟာ သူမနိုင်မယ်လို့ ယုံကြည်နေဆဲဖြစ်သော်လည်း သူမဟာ ကုနင်းရဲ့ အရည်အချင်းကို အထင်သေးမိတာဖြစ်သည်။

တကယ်တော့ ဒါဟာ ကျန်းတီနာရဲ့ အမှားမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သာမာန်လူအများစုဟာ ကုနင်းလောက် မသန်မာလာနိုင်သောကြောင့်ဖြစ်သည်။ ထို့အပြင် ကျန်းတီနာဟာ ထိုနင်ဂျာနှစ်ယောက်ရဲ့ အစွမ်းအစကို သိပြီးဖြစ်၍ သူမအနေနဲ့ အစကတည်းက ယုံကြည်မှုအပြည့် ရှိနေတာဖြစ်သည်။

ကျန်းတီနာက သူတို့ကို တားလိုက်သောကြောင့် နင်ဂျာနှစ်ယောက်ဟာ အရှုံးမပေးနိုင်သေးချေ။ သူတို့ကိုယ်တိုင်ကလဲ အရှုံးမပေးချင်ပေ။ လုံးဝအရှက်ကွဲသောကြောင့် ဖြစ်သည်။

သို့သော်လည်း သူတို့ဟာ အရှုံးမပေးသည့်အတွက် သူတို့အနေနဲ့ ကုနင်းရိုက်နှက်တာ ခံရတဲ့နာကျင်မှုကို ကျိတ်ခံရလေသည်။ နင်ဂျာနှစ်ယောက်အတွက် လွယ်ကူတဲ့ ဆုံးဖြတ်ချက်မဟုတ်ပေ။

သူတို့ဟာ သူတို့ကိုယ်သူတို့ ကျိတ်တောင့်ခံနေသောကြောင့် သူတို့ဟာ ပို,ပိုပြီး ဒဏ်ရာတွေ ဆိုးလာပါတော့သည်။ နောက်ဆုံးမှာတော့ နင်ဂျာနှစ်ယောက်ဟာ မခံနိုင်တော့သည့်အတွက် အရှုံးပေးလိုက်ကြသည်။ "ငါတို့ရှုံးတယ်"

"နင်တို့..."ဟု ကျန်းတီနာက အရမ်းဒေါသထွက်ပေမဲ့လည်း သူတို့အမှားမဟုတ်မှန်း သူမသိလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က တချိန်လုံးအရိုက်နှက် ခံနေရသောကြောင့် ဖြစ်သည်။

နင်ဂျာနှစ်ယောက် အရှုံးပေးပြီးတဲ့အခါမှာတော့ ကုနင်းဟာ ချောင်ဝမ်ရှင်းကို သွားကူညီကာ ကျန်းတီနာအား ခပ်ပြင်းပြင်းကန်ချက်တစ်ချက်နှင့် မြေပြင်ပေါ် လဲသွားစေသည်။

ကုနင်းဟာ အားအများကြီး မသုံးလိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းတီနာ ဒူးထောက်တောင်းပန်ဖို့ လိုသေးသောကြောင့်ဖြစ်သည်။

"နင်အရှုံးပေးပြီလား"ဟု ကုနင်းဟာ ကျန်းတီနာကို ငုံကြည့်ကာ မေးလိုက်သည်။

ကုနင်းကို စိုက်ကြည့်လျက် ကျန်းတီနာဟာ နှုတ်ပိတ်နေသည်။ သူမဟာ အရှုံးမပေးချင်သော်လည်း ပြိုင်ပွဲကိုဆက်ပြိုင်နေရင် သူမအနေနဲ့ ဒဏ်ရာပိုပြင်းထန်စွာ ရလာမှာပဲရှိသည်။ သို့ပေမယ့်လည်း သူမအနေနဲ့ သူမရှုံးကြောင်းကျယ်ကျယ် ထုတ်မပြောနိုင်ပေ။

ကုနင်းဟာ နှုတ်ခေါင်းရှုံ့၍ ခြိမ်းခြောက်လိုက်သည်။ "နင်ဘာမှမပြောတာနဲ့ပဲ ငါနင်ကိုလွှတ်ထားမယ်ထင်နေတာလား။ တကယ်လို့ ငါတို့သဘောတူညီချက်အတိုင်း နင်အပြစ်ပေးတာမခံချင်ရင်တော့ ငါအနေနဲ့ နင်နံရိုးတွေကိုပဲချိုးပြီး အသုံးမဝင်တော့အောင် လုပ်ရတော့မှာပဲ"

"နင်...."ဟု ကျန်းတီနာဟာ စိတ်တိုသလောက် ကြောက်လဲကြောက်သွားသော်လည်း သူမအနေနဲ့ အရှုံးပေးဖို့ရန် ခက်ခဲလေသည်။ အဘယ်ကြောင့်ဆိုသော် သူမအရှုံးပေးလိုက်တာနဲ့ သူမဟာ ကုနင်းကို ဒူးထောက်တောင်းပန်ရမှာဖြစ်တဲ့အတွက် အရမ်းအရှက်ကွဲ၍ဖြစ်သည်။

ကျန်းတီနာ ဘာစကားတစ်ခွန်းမှ မပြောဘဲနေနေတာကို မြင်တဲ့အခါ ကုနင်းဟာ သူမဆီ တစ်လှမ်းပြီး တစ်လှမ်းလမ်းလျောက်သွားကာ သူမအပေါ် ဖိအားတွေပေးလိုက်လေသည်။ ကျန်းတီနာလည်း ကြောက်လန့်စွာ ‌နောက်ဆုတ်သွားသည်။

ဘယ်သူမှ ကျန်းတီနာအတွက် သက်ညှာပေးဖို့ မတောင်းဆိုရဲချေ။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးဟာ ကုနင်းရဲ့ အရည်အချင်းကို သိပြီးဖြစ်၍ ဘယ်သူမှ သူမရိုက်နှက်တာ မခံချင်သောကြောင့်ဖြစ်သည်။

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၂၃ သူတို့က သာမာန်လူတွေမဟုတ်ဘူး

ကုနင်း သူမဆီကို လမ်းလျှောက်လာတာကို တွေ့တဲ့အခါ ကျန်းတီနာဟာ ဖိအားဒဏ်ကို မခံနိုင်တော့ချေ။ သူမဟာ ကုနင်းက သူမရဲ့နံရိုးကို ထပ်ချိုးမှာ စိုးသောကြောင့် "ငါ အရှုံးပေးတယ်"ဟု ပြောလိုက်သည်။

ကုနင်းဟာ ရပ်လိုက်ပြီး ပျင်းရိလေးတွဲစွာပဲ "နင်အရှုံးပေးမှတော့ အခုဒူးထောက်ပြီး ငါ့ကိုတောင်းပန်တော့"ဟု ပြောသည်။

ကျန်းတီနာက မတောင်းပန်ချင်သောကြောင့် နေရာမှချက်ချင်းမရွေ့ဘဲနေသည်။ ကုနင်းကို ဒူးထောက်ပြီးတောင်းပန်ရမယ်ဆိုတာကိုတွေးမိတဲ့အခါ သူမဟာ အရမ်းအရှက်ကွဲတယ်လို့ ခံစားရသည်။ သူမကိုသူမ အဲ့လိုလုပ်ဖို့ မတိုက်တွန်းနိုင်ပေ။

"ဘာလဲ။ နင်နံရိုးတွေ ထပ်ချိုးခံချင်လို့လား"ဟု ကုနင်းဟာ ဘေးကိုစောင်း၍ အေးစက်စက်အကြည့်တစ်ချက်ပေးလိုက်တဲ့အခါ ကျန်းတီနာဟာ အရမ်းကြောက်လန့်သွားသည်။

ကုနင်းက သွေးအေးပြီး သူမကို အရှက်ခွဲချင်လို့မဟုတ်ပဲ ကျန်းတီနာဘက်က စပြီးတောင်းဆိုတာမလို့ဖြစ်သည်။ သူမဟာ ကုနင်းကို ပြဿနာရှာဖို့ကြိုးစားခဲ့တာဖြစ်၍ ကုနင်းအနေနဲ့ သူမကို ခွင့်လွှတ်ပေးစရာ အကြောင်းမရှိပေ။

ကျန်းတီနာဟာ သူမရဲ့သူငယ်ချင်းတွေကို တစ်ချက်လှည့်ကြည့်လိုက်သော်လည်း သူမကို ကူညီချင်တဲ့သူတစ်ယောက်မှ မရှိပေ။ ကျန်းတီနာဟာ စိတ်ပျက်သွားပေမဲ့လည်း သူတို့ရဲ့စိတ်ကိုနားလည်လေသည်။ သူတို့လဲ ကုနင်းကိုကြောက်၍ဖြစ်သည်။

သူမအနေနဲ့ လွတ်လမ်းမရှိမှတော့ အပြစ်ပေးမှုကို ‌အချိန်ဆွဲမနေတော့ချေ။ သူမဟာ ‌ဖြေး‌‌ဖြေးချင်း ကုနင်းဘက် ဒူးထောက်လိုက်ပြီး သူမခေါင်းကို မြေကြီးနဲ့တိုက်ကာ "တောင်းပန်ပါတယ်"ဟုဆိုကာ တောင်းပန်လိုက်သည်။

ကျန်းတီနာဟာ အပြစ်ပေးမှုကို ပြီးအောင်ခံယူသောကြောင့် ကုနင်းက သူမကို လွှတ်ပေးလိုက်သော်လည်း သူမအား သတိပေးလိုက်သည်။ "ကျန်းတီနာ၊ ငါဘယ်သူ့ကိုမှ စပြီးပြဿနာမရှာချင်ဖူးဆိုတာနဲ့ပဲ ငါက ပြဿနာတွေကိုကြောက်တယ်လို့ မဆိုလိုဘူး။ နင်‌ထပ်ပြီး ငါ့ကိုခက်ခဲ‌အောင်ဆက်လုပ်နေဦးမယ်ဆိုရင် နင်ငါ့အနားကို ဘယ်တော့မှမလာနိုင်အောင် နင်ကိုမသန်မစွမ်းဖြစ်အောင်လုပ်ပေးလိုက်ဖို့ ငါဝန်လေးမှာမဟုတ်ဘူး"

ကုနင်းဟာသူမရဲ့ ခြိမ်းခြောက်မှုဟာ ကျန်းတီနာကို ပိုပြီးစိတ်တိုစေမယ်ဆိုတာသိပေမဲ့လည်း သူမသတိပေးရက်နဲ့ ကျန်းတီနာဟာ သူမကိုဆက်ပြီးပြဿနာရှာနေမယ်ဆိုရင် သူမအမှားလို့မဆိုနိုင်တော့ပေ။

ထို့နောက် ကုနင်းဟာ ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့နဲ့အတူ ထွက်သွားလေသည်။

မထွက်သွားမှီ ထန်ကျားခိုင်နှင့် ချောင်ဝမ်ရှင်းဟာ အကြည့်ချင်းဖလှယ်လိုက်သည်။ သူတို့နှစ်ယောက်လုံးဟာ ကျန်းတီနာရဲ့ ရှုံးနိမ့်မှုအပေါ်ကျေနပ်နေတဲ့အတွက် ကျန်းတီနာက ပိုပြီးစိတ်ဆိုးဒေါသထွက်သွားလေသည်။

ကုနင်းနဲ့ သူမရဲ့သူငယ်ချင်းတွေထွက်သွားတာနဲ့တပြိုင်နက် ကျန်းတီနာက မြေကြီးပေါ်ဖင်ထိုင်ရက်လဲကျသွားသည်။ သူမဟာ ဒီနေ့အရှက်ကွဲမှုအတွက် ဖျောက်ဖျက်ပစ်ရန် ကုနင်းကို သတ်ပစ်ဖို့မစောင့်နိုင်လောက်အောင် ဖြစ်နေသည်။

အရှုံးနဲ့ရင်ဆိုင်ရပြီးနောက်မှာတော့ ကျန်းတီနာနဲ့ သူမရဲ့သူငယ်ချင်းတွေဟာ ပျော်ချင်တဲ့ဆန္ဒမရှိတော့သည့်အတွက် သူတို့ဟာလည်း ပြန်သွားကြသည်။

.....

"ကျားခိုင်၊ နင်ရိုက်ထားတဲ့ဗွီဒီယို ငါ့ဆီပို့ပေးလို့ရမလား"ဟု သူတို့ သိုင်းလေ့ကျင့်ရေးအခန်းနဲ့ အဝေးကိုရောက်တဲ့အခါ ကုနင်းက ပြောသည်။

"ရတယ်"ဟုဆိုကာ ထန်ကျားခိုင်ဟာ သူ့ဖုန်းကို ကုနင်းအားတစ်ခါတည်းပေးလိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် "နင်းနင်း၊ နင်က တကယ့်ကို မယုံနိုင်စရာပဲ။ အဲဒီလူနှစ်ယောက်က အရမ်းတော်တယ်ဆိုတာ ငါမြင်နိုင်ပေမဲ့ သူတို့နှစ်ယောက်လုံးကို နင်ဘာသာနင်တစ်ယောက်နဲ့ အနိုင်ယူလိုက်တယ်။ ငါပြိုင်ပွဲထဲ ဝင်မပါလိုက်တာ ကံကောင်းတယ်လို့ ခံစားလိုက်ရတယ်။ မဟုတ်ရင် ငါက တစ်စက္ကန့်အတွင်းမှာပဲ ရှုံးသွားလောက်တယ်"ဟုပြောသည်။

ထိုအရာကိုတွေးမိတဲ့အခါ ထန်ကျားခိုင်က ကံကောင်းတယ်လို့ ခံစားမိလေသည်။

"သူတို့က သာမာန်လူတွေမဟုတ်ဘူး။ သူတို့က ကျွမ်းကျင်လူသတ်သမားတွေ"ဟု ကုနင်းကပြောသည်။

"ဘာ"ဟု ထိုအရာကိုကြားတဲ့အခါ ထန်ကျားခိုင်နှင့် ချောင်ဝမ်ရှင်းတို့ဟာ ထိပ်လန့်သွားကြသည်။

"ကျွမ်းကျင်လူသတ်သမားတွေ။ ကျန်းတီနာကဘေးမှာ ကျွမ်းကျင်လူသတ်သမားတွေ ရှိတယ်လား။ သူမက နင့်ကိုထိခိုက်အောင်လုပ်ဖို့ တမင်သက်သက်ငှားထားတာလား"ဟု ချောင်ဝမ်ရှင်းက အံ့ဩစွာမေးသည်။ သူမဟာ ကျန်းတီနာက လက်စားချေဖို့ ဘယ်တော့မှ လက်လျော့မှာ မဟုတ်ဘူးဆိုတာသိသော်လည်း ကျန်းတီနာက ကျွမ်းကျင်လူသတ်သမားငှားမယ်လို့တော့ မထင်ထားမိပေ။

သို့သော်လည်း ထိုအရာဟာ မှန်းဆမိတာသာဖြစ်ပြီး သူမအနေနဲ့ မသေချာပေ။

"ဘယ်သူသိမှာလဲ"ဟု ကုနင်းကဖြေသည်။ သူမဟာ ထိုသို့မထင်သော်လည်း သူတို့ကို အများကြီးပေးမသိစေချင်၍ဖြစ်သည်။

ကုနင်းဟာ ထန်ကျားခိုင် ဖုန်းထဲမှ ဗွီဒီယိုကိုကြည့်ကာ နင်ဂျာနှစ်ယောက်ပုံအား စခရင်ရှော့ရိုက်ကာ သူမဖုန်းထဲအား ပို့လိုက်လေသည်။

"နင်းနင်း၊ နင်အဲ့ပုံနဲ့ ဘာလုပ်မလို့လဲ"ဟု ထန်ကျားခိုင်က စပ်စုစွာမေးသည်။

"ဘာမှမလုပ်ပါဘူး။ သူတို့အကြောင်း ပိုပီးသိရအောင် စုံစမ်းချင်လို့"ဟု ကုနင်းကပြောသည်။ ထို့နောက် "ဘယ်သူ့ကိုမှ ဒီညဘာဖြစ်တယ်ဆိုတာ ထုတ်မပြောနဲ့။ အခုကစပြီး နင်တို့အနေနဲ့ အဲ့လူနှစ်ယောက်ရဲ့ လက်တုန့်ပြန်တာမခံရအောင် သူတို့နဲ့ မတွေ့အောင်သတိထားနေ"ဟု ထပ်ပြောသည်။

"ဟုတ်ပြီ"ဟု ထန်ကျားခိုင်နဲ့ ချောင်ဝမ်ရှင်းတို့နှစ်ယောက်လုံးဟာ အလေးအနက်ဖြေသည်။ သူတို့ဟာ ထိုနှစ်ယောက်ဘယ်လောက် သန်မာလဲဆိုတာ သိသည်။ တကယ်လို့ သူတို့သာ ထိုနှစ်ယောက်နဲ့ထိပ်တိုက်တိုးလို့ တိုက်ခိုက်တာခံရရင် သူတို့အနေနဲ့ အန္တရာယ်များ၍ဖြစ်သည်။

ကုနင်းဟာ Kဆီ ထိုပုံပို့ကာ သူ့ကို ကလပ်တည်နေရာကိုလဲ ပြောပြလိုက်သည်။ သူမဟာ Kကို ထိုလူနှစ်‌ယောက်ပြီးကျဘယ်သွားလဲဆိုတာ CCTVကင်မရာကို ထိုးဖောက်ဝင်ရောက်ပြီး စုံစမ်းရန်ပြောသည်။

သူမဟာ သူတို့နောက်ကိုလိုက်စုံစမ်းရန် ဆုံးဖြတ်လိုက်သော်လည်း သူမအနေနဲ့ အခုထွက်သွားလို့မရသေးပေ။ ထို့ကြောင့် သူမဟာ Kကို CCTVကင်မရာများကို ကူစစ်ပေးခိုင်းခြင်းဖြစ်သည်။

Kဟာ သူမရဲ့စာတိုရတာနဲ့တစ်ပြိုက်နက် သူလုပ်နိုင်ကြောင်း ပြန်‌ဖြေလိုက်သည်။

ကျန်းတီနာကြောင့်မလို့ ကုနင်းနဲ့ သူမရဲ့သူငယ်ချင်းတွေဟာ နာရီဝက်ခန့် နောက်ကျသွားသည်။ ထို့ကြောင့် သူတို့ဟာ ကိုယ်ပိုင်ပုက္ကလိကအခန်းကို ကောင်းချန်ယွင်နဲ့အခြားသူတွေကို တွေ့ဖို့ရောက်တဲ့အခါတွင် ည၁၀:၄၀ရှိနေပြီဖြစ်သည်။

ကုနင်းကို တွေ့တဲ့အခါ အားလုံးဟာ အပြုံးဖြင့်နှုတ်ဆက်ကြသည်။

"ကုနင်း၊ မတွေ့တာကြာပြီ။ မြို့တော်တက္ကသိုလ်မှာ ဘယ်လိုနေလဲ"ဟု ကောင်းချန်ယွင်က စိုးရိမ်စွာမေးသည်။

"မဆိုးပါဘူး"ဟု ကုနင်းက အပြုံးလေးဖြင့်ဖြေသည်။

"နင့်ကိုတစ်‌ယောက်ယောက် ပြဿနာရှာသေးလား"ဟု အန်းယန်ကမေးသည်။ "နင်ကအရမ်းလှပြီး ထူးချွန်တော့ မိန်းကလေးတွေအများကြီး နင်ကိုမနာလိုဖြစ်ကြမှာ သေချာတယ်"

"ပြိုင်ဆိုင်တတ်တဲ့အရှုပ်ထုပ်မတွေ ပြဿနာရှာတာ နည်းနည်းတော့ရှိတယ်။ ဒါပေမယ့် ပြဿနာမရှိပါဘူး"ဟု ကုနင်းဟာ ကိုယ့်ကိုကိုယ်ဂုဏ်အပြည့်ဖြင့် ပြောသည်။

သူတို့က ကုနင်းသည် သတ္တိရှိသလောက် သန်မာတာကိုသိသောကြောင့် သူမကိုအနိုင်ကျင့်ဖို့လွယ်မှာ မဟုတ်မှန်းသိကြသည်။

....

ည၁၂နာရီ‌လောက်တွင် Kဟာ ကုနင်းကို ထိုလူနှစ်ယောက်ဟာ ကလပ်ကထွက်လာပြီးတဲ့အခါ အခြားသူတွေနဲ့ လမ်းခွဲပြီး ရပ်ကွက်တစ်ခုက အိမ်တစ်ကိုဝင်သွားကြောင်း စာတိုပို့သည်။

Kဟာ ကုနင်းကို ထိုအိမ်နံပါတ်နဲ့ လိပ်စာအား ပြောပြသည်။

ည၁၂နာရီတွင် ကုနင်းနဲ့သူမရဲ့သူငယ်ချင်းတွေဟာလည်း အိမ်ပြန်သွားကြသည်။ ကုနင်းဟာ ကားမောင်းရမှာဖြစ်တဲ့အပြင် ဩဇာရှိတဲ့လူတွေနဲ့ ပြဿနာမတတ်အောင် ယာဉ်ထိန်းရဲတွေဟာ ဇိမ်ခံကားတွေကို သိပ်မစစ်တတ်ပေမဲ့လည်း အရက်သိပ်မသောက်ပေ။

ကလပ်ဟာ ထန်မိသားစုစံအိမ်နဲ့ မဝေးသောကြောင့် သူတို့ဟာ မိနစ်၂၀ခန့်တွင် အိမ်ပြန်ရောက်လေသည်။

သူတို့ဟာ ထန်မိသားစုစံအိမ်ကို ပြန်ရောက်တဲ့အခါ ချက်ချင်းအိပ်ရာဝင်သွားကြသည်။

သူမရဲ့အခန်းထဲမှာတော့ ကုနင်းဟာ ချက်ချင်းတန်းအိပ်ရာမဝင်ပေ။ ထို့အစား သူမဟာ ဝတ်စုံအနက်ဝတ်၍ ဘေ့စ်ဘောဦးထုပ်ဆောင်းလေသည်။ ထို့နောက် သူမဟာပြတင်းပေါက်မှ အသာခုန်ကျကာ ထန်မိသားစုစံအိမ်ရှိ CCTVကင်မရာများကိုရှောင်၍ အပြင်ထွက်သွားသည်။

သူမဟာ ထိုနင်ဂျာနှစ်ယောက်နေနေတဲ့ အိမ်ကိုသွားစစ်ဆေးချင်သည်။ သူတို့ဟာ အခုချိန်မှာ အိပ်နေလောက်ပေမဲ့လည်း ကုနင်းက စစ်ဆေးချင်သေးသည်။ သူမအနေနဲ့ သတင်းထူးတစ်ခုခု တွေ့ရင်တွေ့နိုင်သောကြောင့်ဖြစ်သည်။

ည၁၂:၃၀ရှိနေပြီ ဖြစ်ပေမဲ့လည်း လမ်းမပေါ်တွင် ယာဉ်ကြောပိတ်နေဆဲဖြစ်သောကြောင့် ကုနင်းဟာ ထန်မိသားစုစံအိမ်မှ ထွက်,ထွက်လာချင်း တက်စီငှားလိုက်သည်။ ထို့နောက် သူမဟာ ထိုနင်ဂျာနှစ်ယောက်နေတဲ့ ရပ်ကွက်ဆီ ဦးတည်သွားလေသည်။

ထိုနေရာဟာ ဆင်ခြေဖုံးရပ်ကွက်တွင်တည်ရှိပြီး နောက်ကျနေပြီဖြစ်သောကြောင့် ယာဉ်ကြောသိပ်မရှုပ်ပေ။ မိနစ်၂၀လောက်အကြာတွင် ကုနင်း ရောက်သွားသည်။

ထိုအိမ်နေရာနဲ့ တစ်လမ်းခြာတွင် ကားပေါ်ကဆင်းပြီးနောက် ကုနင်းဟာ ထိုအိမ်နားသို့ လမ်းလျှောက်၍ ကပ်သွားကာ နံရံပေါ်မှ ကျော်၍အိမ်ထဲဝင်သွားလိုက်သည်။ သူမဟာ CCTVကင်မရာများကို တတ်နိုင်သလောက်ရှောင်၍ သူမရည်ရွယ်ချက်ဆီ ချဉ်းကပ်သွားသည်။

သူမကိုယ်သူမ တစ်ကိုယ်လုံးရုပ်ဖျက်ထား၍ CCTVကင်မရာများမှ ဖမ်းမိရင်တောင် သူမအနေနဲ့ပြဿနာမရှိပေ။ ဘယ်သူမှ သူမမျက်နှာကို မမြင်နိုင်၍ ဘယ်သူမှသူမဆိုတာ မှတ်မိမှာမဟုတ်၍ ဖြစ်သည်။

အိမ်အပြင်ဘက်ရောက်တဲ့အခါ ကုနင်းဟာ ခြုံထဲမှာ ပုန်းအောင်း၍ အိမ်ထဲကို သူမရဲ့ ကျောက်စိမ်းမျက်ဝန်းအားအသုံးပြုကာ ကြည့်လိုက်သည်။

အိမ်ထဲတွင် နင်ဂျာနှစ်ယောက်ဟာ နိုးနေဆဲဖြစ်ပြီး စာကြည့်ခန်းထဲတွင် အကြောင်းအရာတစ်ခုခုကို ဆွေးနွေးနေတာဖြစ်သည်။ သို့သော်လည်း အကွာအဝေးကြောင့် သူတို့ဘာတွေပြောနေလဲဆိုတာကို ကုနင်းအနေနဲ့ မကြားရပေ။

ထို့နောက် ကုနင်းဟာ အိမ်နောက်‌ဖေးကို ချက်ချင်းပဲ နေရာရွှေ့လိုက်သည်။ စာကြည့်ခန်းအောက်ခြေရှိ နံရံအရောက်တွင်တော့ သူမဟာ သူတို့ပြောနေတဲ့စကားများကို ကြားရလေသည်။

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၂၄ သူတို့တကယ်ရှိတယ်

"တိုးယာ၊ ငါတို့ဒီမှာ နှစ်ပေါင်းများစွာကြာအောင်နေပြီး သူတို့ကိုရှာနေပေမဲ့လည်း ဘာမှမသိရဘူး။ သူတို့တကယ်ရှိတာရော ဟုတ်ရဲ့လား"ဟု အမျိုးသမီးနင်ဂျာကမေးသည်။ "မှော်ဆန်တဲ့အစွမ်းတွေရှိပြီး မိုးပေါ်ပျံနိုင်တယ်။ အဲ့အရာတွေကြားရတာ သူတို့က ပုံပြင်ထဲကလူတွေကျနေတာပဲ"

သူမဟာ အဲ့လိုလူတစ်ယောက်မှ မတွေ့ဖူးတာကြောင့် အမျိုးသမီးနင်ဂျာဟာ ထိုအရာဟာ အမှန်တကယ်မဟုတ်နိုင်ဘူးလို့ ထင်သည်။ အဲ့လိုလူမျိုးဟာ သာမာန်ထက်ပိုနေတာကြောင့် သူမအနေနဲ့ ယုံကြည်ဖို့ရန် ခက်ခဲလေသည်။

မှော်ဆန်တဲ့စွမ်းအားတွေရှိတယ်။ မိုးပေါ်ပျံနိုင်တယ်တဲ့လား။

ထိုအရာကို ကြားတဲ့အခါ ကုနင်းဟာ မျက်မှောင်ကြုံ့သွားသည်။ သူမဟာ ကျင့်ကြံသူတွေကို ချက်ချင်းတွေးမိလိုက်ပြီး သူတို့ပြောနေတဲ့လူတွေက ကျင့်ကြံသူတွေဖြစ်မယ်လို့ ယုံကြည်လေသည်။ ကျင့်ကြံသူတွေသာ မှော်ဆန်တဲ့စွမ်းအင်တွေသုံးနိုင်ပြီး တစ်နိုင်ငံလုံး ပတ်ပျံနိုင်လို့ဖြစ်သည်။

တနည်းအားဖြင့် ထိုနင်ဂျာနှစ်ယောက်ဟာ သူတို့နိုင်ငံကို ကျင့်ကြံသူတွေ လာရှာတာဖြစ်ပြီး သိသာစွာပင် သူတို့မတွေ့သေးချေ....။ သူတို့ဟာ မှော်ဆန်တဲ့စွမ်းအင်ရှိပြီး လေပေါ်ပျံနိုင်တဲ့လူတွေ ရှိတယ်ဆိုတာကိုသာ ကြားဖူးတာဖြစ်သည်။

သူတို့ ကျင့်ကြံသူတွေကို ဘာလို့ရှာနေတာလဲဆိုတာကိုလဲ ကုနင်း နားလည်လေသည်။

Rနိုင်ငံနဲ့ သူတို့နိုင်ငံဟာ ဆက်ဆံရေးမကောင်းတဲ့အပြင် နှစ်ပေါင်းများစွာ ပြိုင်ဆိုင်နေသူများဖြစ်သည်။ Rနိုင်ငံမှာရှိတဲ့ လူတစ်ချို့ဟာ မယုံကြည်နိုင်စရာအစွမ်းတွေရှိတဲ့ ကျင့်ကြံသူတွေရှိတာကိုသိတဲ့အခါ စိတ်မလုံနေတာဖြစ်သည်။ ထို့ကြောင့် ထိုအရာကိုအတည်ပြုရန် Rနိုင်ငံက လူတစ်ချို့အားလွှတ်လိုက်တာဖြစ်သည်။

တကယ်တော့ သူတို့အနေနဲ့ သိုင်းပညာလေ့ကျင့်သူတွေနဲ့ တွေ့တောင် ကိုယ်တိုင်တိုက်ခိုက်ပြီး ကျင့်ကြံသူတွေ မှော်ဆန်တဲ့အစွမ်းသုံးတာ မိုးပေါ်ပျံတာကို မမြင်ရဘဲ ထိုလူတွေဆိုတာကို မသိနိုင်ချေ။

"ငါတို့မတွေ့ဖူးသေးတာနဲ့ပဲ သူတို့တကယ်မရှိဘူးလို့ပြောလို့မရဘူး။ ဒီနိုင်ငံမှာ စကားပုံတစ်ခုရှိသည်။ တကယ်ဖြစ်ကြောင်းယုံတာက မယုံတာထက်ပိုကောင်းတယ်တဲ့။ ပြီးတော့ ငါတို့နိုင်ငံက သန္ဓေပြောင်းလူသားတွေအကြောင်းကို သာမာန်လူတွေမသိနိုင်တာကိုလဲ မမေ့‌နဲ့ဦး။ သန္ဓေပြောင်းလူသားတွေရှိတယ်ဆိုတာကို ငါတို့သာသိမထားရင် သူတို့တွေ တကယ်ရှိတယ်ဆိုတာကို ငါတို့အနေနဲ့လဲ ယုံမှာမဟုတ်ဘူး"ဟု ခဲတိုတိုးယာကပြောသည်။ "စမ်းသပ်မှုအောင်မြင်မှုရလဒ်က အခုနည်းနေသေးတယ်။ တကယ်လို့ စမ်းသပ်မှုရလဒ်သာ ပိုမြင့်ရင် ငါတို့နိုင်ငံဟာ ပို,ပိုပြီး စွမ်းအားကြီးလာနိုင်တယ်"

"အဲ့တာမှန်တယ်"ဟု ကူရာကီအာခဲမီက သဘောတူကာ "ဒါဆို ငါအခုသွားတော့မယ်"ဟု ပြောသည်။

"ကောင်းပြီလေ"ဟု ခဲတိုတိုးယာကပြောသည်။ ကူရာကီအာခဲမီလည်း သူမအခန်းသို့ ပြန်သွားလေသည်။

ခဲတိုတိုးယာလည်း စာကြည့်ခန်းမှ ထွက်ကာ သူ့အခန်းကို ပြန်သွားသည်။

ကုနင်းလည်းပဲ ပြန်သွားလေသည်။ သူမအနေနဲ့ ဘာမှကြားရဖို့ မမျှော်လင့်ထားပေမဲ့လည်း သူမဟာ မထင်ထားစရာပင် အသုံးဝင်သောသတင်းကို သိရလေသည်။

သူတို့သာ ကျင့်ကြံသူတွေအတွက် လာတာမှန်ရင် သူတို့အနေနဲ့ ကျင့်ကြံသူတွေနဲ့ တွေ့ဖို့ရာလွယ်ကူမှာ မဟုတ်တဲ့အတွက် ကုနင်းအနေနဲ့ စိတ်အေးလက်အေးခဏတာ နေနိုင်သည်။ ထိုသူတွေနဲ့ဆုံတောင် သူတို့အနေနဲ့ ဇာတ်သိမ်းကောင်းမှာ မဟုတ်ပေ။

.....

မနက်၆နာရီခန့်တွင် ကုနင်းအိပ်ရာနိုးသည်။ သူမဟာ ချောင်ဝမ်ရှင်းနဲ့ ထန်ကျားခိုင်တို့ကို အတူတူအပြေးလေ့ကျင့်ရန် ခေါ်သည်။

သူတို့အပြေးလေ့ကျင့်နေစဉ်တွင် ထန်ဟိုင်ဖုန်းလဲထကာ လေ့ကျင့်ခန်းလုပ်သည်။

မိနစ်၅၀လောက်ကြာပြီးတဲ့နောက်တွင် ချောင်ဝမ်ရှင်းနဲ့ ထန်ကျားခိုင်တို့ဟာ အားကုန်သွားပြီး ချွေးတွေအရမ်းထွက်နေပေမဲ့လည်း ကုနင်းကတော့ အသက်ရှုနည်းနည်းမြန်ပြီး ချွေးအနည်းငယ်သာထွက်သည်။

ထိုအရာကိုတွေ့တဲ့အခါ ထန်ဟိုင်ဖုန်းက ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့အား လေ့ကျင့်ခန်းမလုပ်ဘဲ အပျော်တွေရှာပြီးပဲ အချိန်ဖြုန်းနေတယ်ဆိုပြီး ငေါက်လေတော့သည်။ အဲ့လိုတွေကြောင့် သူတို့ဟာ နည်းနည်းလေးပြေးပြီးတာနဲ့ တအားပင်ပန်းနေတာဖြစ်ကြောင်း ပြောသည်။

ထန်ဟိုင်ဖုန်းပြောတာမမှားပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ဟာ အခုတစ်လောတွင် လေ့ကျင့်ခန်းလုပ်ခဲ၍ ဖြစ်သည်။

ထန်ကျားခိုင်နဲ့ ချောင်ဝမ်ရှင်း တို့လဲ ကိုယ့်ကိုကိုယ် ချက်ချင်းအပြစ်တင်ကာ လေ့ကျင့်ခန်းပုံမှန်လုပ်တတ်တဲ့ အလေ့အကျင့်ကိုမွေးရန် ကတိပေးလိုက်သည်။

ထန်ဟိုင်ဖုန်း ဆူငေါက်တာကို ခံရပြီးတဲ့အခါမှာတော့ သူတို့ဟာ သူတို့အခန်းဆီပြန်၍ ရေချိုးအဝတ်အစားလဲကာ မနက်စာစားရန် အောက်ထပ်ကို ဆင်းလာသည်။

ကုနင်းဟာ ဒီနေ့တော့ ဘယ်မှမသွားဘဲ အိမ်မှာပဲနေကာ ထန်ဟိုင်ဖုန်းနှင့် ကုမန့်တို့နဲ့ စကားပြောရန် ဆုံးဖြတ်ထားသည်။

ကုနင်းရှိနေတာကြောင့် ထန်ကျားခိုင် နဲ့ ချောင်ဝမ်ရှင်းတို့ဟာလည်း ထန်မိသားစုစံအိမ်မှာပဲနေပြီး ထန်ဟိုင်ဖုန်းနဲ့ အဖော်ပြုပေးကြသည်။

သူတို့မှာလည်း ထန်ဟိုင်ဖုန်းနဲ့အတူ နေပေးရန် အချိန်သိပ်မရှိပေ။ သူတို့ဟာ အရွယ်ရောက်ပြီဖြစ်၍ လုပ်စရာကိုယ်စီနှင့်ဖြစ်သည်။ သူတို့ဟာ ပုံမှန်အားဖြင့် အလုပ်ဒါမှမဟုတ်ကျောင်းနဲ့ပဲအချိန်ကုန်နေပြီး စနေ၊ တနင်္ဂနွေအားရပ်တွေမှာလည်း သူတို့သူငယ်ချင်းတွေနဲ့ပဲ အချိန်ကုန်နေကာ သူတို့ရဲ့ အဖိုးဆီ လာလည်ခဲလေသည်။

ထန်ယွင်ဟန်နှင့် ကျန်းလီဟွာတို့ဟာလည်း အားလပ်ရပ် ယူထားတာဖြစ်တဲ့အတွက် သူတို့ကလဲ ဘယ်မှမသွားကြပေ။ ထန်ယွင်ဖန်းကတော့ ကုပ္မဏီမှာ ဖြေရှင်းစရာ ကိစ္စတစ်ခုရှိ၍ အိမ်မှာမရှိပေ။

နေ့လည်စာစားပြီးတဲ့အခါတွင် တရေးတမောအိပ်ချင်သူတွေက သွားအိပ်ကြပြီး ကုနင်း၊ ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့ကတော့ ခြံထဲသွားပြီး ကွန်ဖူးလေ့ကျင့်ကြသည်။

ကုနင်းက သူတို့ကိုလေ့ကျင့်ပေးတာဖြစ်တဲ့အတွက် လေ့ကျင့်စဉ်တွင် သူတို့ဟာ တော်တော်ခံစားရလေသည်။ ကုနင်းက အရမ်းတင်းကျပ်သည့်အတွက် သူတို့အတွက် အကူအညီဖြစ်လေသည်။ သို့ပေမဲ့လည်း သူမဟာ သူတို့ရဲ့ခန္ဓာကိုယ် ခံနိုင်တာထက်ပိုပြီး မနှိပ်စက်ဘဲ သူတို့အနေနဲ့ အဆင်ပြေအောင်ထားလေသည်။

အဲဒီအချိန်မှာပဲ ကုနင်းဟာ ချန်စန်းယိဆီမှဖုန်းရလေသည်။ ဖုယန်မင်ရဲ့သားကို သူ့အရင်မိန်းမက ခေါ်သွားတာ ခံရတယ်လို့ ချန်စန်းယိကပြောသည်။ ဖုယန်မင်ကို သူမနဲ့ ပြန်လက်ထပ်ရင်လက်ထပ် မဟုတ်ရင်သူတို့သားနဲ့ ဘယ်တော့မှ တွေ့ရတော့မှာမဟုတ်ဘူးလို့ သူမက ခြိမ်းခြောက်လေသည်။

ဖုယန်မင်ဟာ ထိုကိစ္စကို ကိုင်တွယ်ရမှာဖြစ်သည့်အတွက် ချန်စန်းယိဆီမှ ခွင့်တောင်းခြင်းဖြစ်သည်။ သူ့အနေနဲ့ ကုမ္ပဏီကို ဒီအတိုင်းထားခဲ့ပြီး ထွက်သွား၍မရသောကြောင့် ဖြစ်သည်။

ထိုသတင်းကိုကြားတဲ့အခါ ကုနင်း စိတ်မကျေမနပ်ဖြစ်သွားသည်။ သူမဟာ ဖုယန်မင်ကို မနေ့ကပဲ ထိုကိစ္စကိုသတိထားရန် သတိပေးလိုက်ပေမဲ့လည်း မထင်မှတ်ထားစရာပဲ ထိုကိစ္စဟာ ဒီနေ့ဖြစ်လာလေသည်။ ပိုဆိုးတာက ချင်ချမ်းမင်ဟာ လုံးဝအဓိပ္ပာယ်မရှိတာဖြစ်သည်။

သူမဟာ ဖုယန်မင်ကိုမနေ့က ဂရုစိုက်ရန် သတိပေးလိုက်သည့်အတွက် ဖုယန်မင်အနေနဲ့ သတိထားနေမယ်‌ဆိုတာ သူမသေချာသည်။ ကံဆိုးစွာနဲ့ပဲ ချင်ချမ်းမင်ဟာအောင်မြင်သွားသေးသည်။

"ငါ သူမကို CCTVကင်မရာတွေကနေတစ်ဆင့် ခြေရာခံဖို့ မုယဲ့ကိုပြောပြီးသွားပြီ။ မင်းအခု Bမြို့ကိုရောက်နေတာကို ငါသတိရမိလို့ နင်ကူညီပေးနိုင်မလားလို့ ငါဖုန်းဆက်လိုက်တာ"ဟု ချန်စန်းယိကပြောသည်။

ဖုယန်မင်ဟာ ရှန်းနဉ်အဖွဲ့အစည်းရဲ့ အကြီးတန်းမန်နေဂျာတစ်ယောက်ဖြစ်တဲ့အတွက် သူပြဿနာတက်နေချိန်တွင် ကုမ္ပဏီအနေနဲ့ ကူညီပေးရန် တာဝန်ရှိလေသည်။

"ဒါပေါ့ ငါသူ့ကို ကူညီပေးရမှာပေါ့။ သူ့အရင်မိန်းမကို ရှာတွေ့တာနဲ့တပြိုင်နက် ငါ့ကိုပြောဦး"ဟု ကုနင်းက ပြောသည်။

ချန်စန်းယိနဲ့ ဖုန်းပြောပြီးတဲ့အခါမှာတော့ ကုနင်းဟာ ထန်ကျားခိုင်ဆီမှ ကားသော့တောင်းလိုက်သည်။

"နင်းနင်း၊ ဘာလို့အလောတကြီးဖြစ်နေတာလဲ။ အရေးကြီးကိစ္စ ရှိလို့လား"ဟု ထန်ကျားခိုင်က စိုးရိမ်စွာမေးသည်။

"ဟုတ်တယ်။ စီးပွားရေးကိစ္စ"ဟု ကုနင်းက လွယ်လွယ်ပဲပြောသည်။

စီးပွားရေးကိစ္စဖြစ်သည့်အတွက် ချောင်ဝမ်ရှင်းနဲ့ ထန်ကျားခိုင်တို့အား ဘာမှထပ်‌မမေးတော့သည့်အပြင် ကုနင်းနဲ့ တူတူလိုက်ခဲ့ဖို့ရန်လဲ မပြောတော့ပေ။

ကုနင်းဟာ ထန်ကျားခိုင်ကားဖြင့် ထွက်သွားလေသည်။ သူမ ထန်မိသားစုအိမ်မှ ထွက်လာပြီးမကြာမှီမှာပဲ ချန်စန်းယိက ဖုန်းထပ်ဆက်လေသည်။ ကလေးဟာ ပန်းခြံကစားကွင်းကနေ ခေါ်သွားခံလိုက်ရကြောင်း Kရှာတွေ့ထားသည်ဟု သူကပြောသည်။

ကလေးဘေးမှာ သက်တော်စောင့်တွေ ရှိနေပေမယ့်လည်း ချင်ချမ်းမင်ဟာ လူမိုက်တစ်ချို့အား ရုတ်ရုတ်သဲသဲဖြစ်အောင်လုပ်ရန် ငှားလိုက်ပြီး သူတို့သားကို ခေါ်သွားခြင်းဖြစ်သည်။ ထို့နောက် သူမဟာ အနက်ရောင်BMWကားထဲသို့ ဝင်သွားပြီး အနောက်အရပ်ဆင်ခြေဖုံးရပ်ကွက်ဘက် ထွက်သွားတာဖြစ်သည်။ သူမဟာ အခုချိန်မှာတော့ XXလမ်းပေါ်မှာ ဖြစ်သည်။

ထိုအရာကိုကြားတဲ့အခါ ကုနင်းဟာ ချက်ချင်းပဲ အနောက်အရပ်ဆင်ခြေဖုံးရပ်ကွက်ရှိ XXလမ်းဆီ ကားမောင်းသွားလေသည်။

ကံကောင်းစွာပဲ လူရှုပ်တဲ့အချိန်မဟုတ်သည့်အတွက် လမ်းမပေါ်တွင် ကားသိပ်မကြပ်ပေ။ ကုနင်းဟာ မီးပွိုင့်စိမ်းရန် အကြိမ်အနည်းငယ်သာ စောင့်လိုက်ရပြီး တန်းအမြန်သွားလေသည်။

.....

ပြန်ပြေးဆွဲခံရတာနဲ့ တပြိုင်နက်တည်း ဖုယန်မင်က ရဲကိုအကြောင်းကြားထားသည့်အတွက် ရဲတွေကလည်း ချင်ချမ်းမင် အားလိုက်ရှာနေကြလေသည်။ သို့သော်လည်း ရဲတွေဟာ ကုနင်းလောက် အသုံးမဝင်ပေ။ ကုနင်းလမ်းပေါ်ရောက်ပြီး မကြာမှီမှပင် ရဲတွေဟာ ချင်ချမ်းမင် သွားတဲ့လမ်းကိုသိကာ လိုက်ဖမ်းလေသည်။

ချင်ချမ်းမင်ဟာ ဘာမှမစဉ်းစားနိုင်တော့သည့်အတွက် ဘာတွေဖြစ်လာနိုင်လဲဆိုတာကိုလဲ ဂရုမစိုက်တော့ချေ။

ဖုယန်မင်သားဟာ သူမသားဖြစ်ပေမဲ့လည်း ဆက်ဆံရေးဖြတ်ပြစ်ရန် သူမဟာ သဘောတူလက်မှတ်ရေးထိုးပြီးသားဖြစ်သည်။ အဲ့အတွက်ကြောင့် အခုချိန်တွင် သူမဟာ ဖုယန်မင်၏သားနဲ့ ဘာမှမပတ်သတ်တော့ချေ။ ထို့ကြောင့် သူမဟာ ဖုယန်မင်သားဖြစ်တဲ့ ဖုယီဟောက်ကို အတင်းအကြပ်ခေါ်သွားတာဟာ ပြန်ပေးဆွဲသွားတယ်လို့ သတ်မှတ်ခံရတာဖြစ်သည်။

ထို့အပြင် ဘာမှမစဉ်းစားနိုင်တော့တာဟာ သူမတစ်ယောက်ထဲတင်မဟုတ်ပေ။ သူမရဲ့မောင် ချင်ချမ်းဟိုင်ဟာလည်း ကားမောင်းပေးတဲ့အတွက် အလိုတူအလိုပါပင်ဖြစ်သည်။

ဖုယီဟောက်ဟာ ချင်ချမ်းမင်၏လုပ်ရပ်ကြောင့် အရမ်းကြောက်နေလေသည်။ သူဟာ ထွက်ပြေးချင်ပေမဲ့လည်း ချင်ချမ်းမင်က သူ့ကို တင်းကြပ်စွာဆွဲဖက်ထားလေသည်။

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၂၅ ဒါပြန်ပေးဆွဲတာပဲ!

သူသာ အရမ်းငယ်သေးပေမဲ့လည်း သူ့အဖေဟာ သူ့အမေနဲ့ ကွာရှင်းထားပြီးသားဆိုတာ သိသည်။ ထို့အပြင် သူ့အမေဟာ ပိုက်ဆံအတွက် သူနဲ့ သူ့ညီမလေးကို ပစ်သွားတယ်ဆိုတာကိုလဲ သိသည်။ အခု သူ့အမေက သူ့အဖေနဲ့ ပြန်လက်ထပ်ပြီးပြီဆိုပြီးပြောကာ သူ့ကို အတင်းခေါ်သွားတာဖြစ်သည်။

သူဟာ သူ့အမေကို မဆုံးရှုံးချင်ပေမဲ့လည်း သူ့အမေရဲ့ လုပ်ရပ်ကြောင့် သူ့နှလုံးသားတွေ ကွဲ‌ကြေပြီးဖြစ်သည်။ ထို့ကြောင့် သူဟာ သူ့အမေကို သဘောမကျတော့ချေ။

"သားကိုလွှတ်ပေး။ သားအိမ်ပြန်ချင်တယ်"ဟု ဖုယီဟောက်ဟာ မျက်ရည်များကျလျက် ကြောက်လန့်ကာ အော်ဟစ်နေလေသည်။

"ပါးစပ်ပိတ်ထားစမ်း။ နင့်အဖေ ငါ့ကိုပြန်လက်ထပ်ဖို့ သဘောတူတာနဲ့ တပြိုင်နက် ငါတို့တူတူပြန်နေလို့ရပြီ။ မဟုတ်ရင်တော့ နင်တို့တစ်ယောက်နဲ့တစ်ယောက် တစ်သက်လုံးပြန်တွေ့ရဖို့ မမျော်လင့်နဲ့"ဟု ချင်ချမ်းမင်က ဖုယီဟောက်ကို စိတ်မရှည်စွာပြောလိုက်သည်။ သူဟာ သူမသားမဟုတ်ရင် ရိုက်ပြီးတာကြာပြီးဖြစ်သည်။

"ချမ်းမင်၊ အခုလိုလုပ်တာအိုကေလို့လား။ ဒါပြန်ပြေးစွဲရာ မြောက်တယ်နော်" ဟု ချင်ချမ်းဟိုင်က စိတ်ပူစွာပြောသည်။

.

"ငါကသူ့အမေပဲ။ ဒါပြန်ပြေးဆွဲတယ်မခေါ်ဘူး။ နင်သာငါ့ပိုက်ဆံတွေအကုန်လုံးကို လောင်းကစားလုပ်မပစ်ရင် ငါဒီလိုလုပ်မှာမဟုတ်ဘူး။ ငါမှာအခု ဒီကားနဲ့ အိမ်တစ်လုံးပဲ ကျန်တော့တာ။ ငါသာ ဖုယန်မင်နဲ့ ပြန်မလက်ထပ်ရင် နင့်အကြွေးတွေ ဘယ်သူဆပ်ပေးမှာလဲ။ ငါ့ကို အိမ်ရောင်းပစ်ဖို့ နင်မျှော်လင့်နေတာလား"ဟု ချင်ချမ်းမင်က ဒေါတသကြီး ငေါက်လေသည်။

ချင်ချမ်းဟိုင်တွင် လောင်းကစားလုပ်တတ်သော အကျင့်ဆိုးရှိသည်။ ဖုယန်မင် ဒေဝါလီမခံရမှီ ချင်ချမ်းမင်တွင်စုထားသည့်ပိုက်ဆံများရှိ၍ သူမဟာ ချင်ချမ်းဟိုင်ရဲ့အကြွေးများကို တိတ်တိတ်လေး ခိုးဆပ်ပေးနေတာဖြစ်သည်။

ဖုယန်မင်ဒေဝါလီခံသွားရပြီးချိန်မှာတော့ သူ့ရဲ့ ကျန်သမျှ ဥစ္စာအများစုဟာ သူမကိုပေးလိုက်ရပြီး အများစုက ဘဏ်ကသိမ်းသွားသည့်အတွက် သူမမှာ အခုပိုက်ဆံအများကြီး မရှိတော့ပေ။ သူမမှာ အိမ်တစ်လုံး၊ ဒီBMWကားတစ်စီးနှင့် ယွမ်နှစ်မီလီယံသာ ကျန်သည်။

သို့သော်လည်း သူမ၏မောင်ဟာ ‌စုထားတဲ့ ယွမ်နှစ်မီလီယံကို လောင်းကစား၍ ကုန်သွားရုံသာမက သူများအပေါ် ယွမ်နှစ်မီလီယံတောင် အကြွေးတင်နေသေးသည်။

သူမအိမ်ဟာ ယွမ်၁၀မီလီယံတန်သော်လည်း ထိုအိမ်ကိုရောင်းလိုက်ရင် သူမဟာ နေစရာနေရာမရှိဖြစ်မှာစိုး၍ မရောင်းချင်ပေ။

တကယ်တော့ သူမဟာ ထိုအိမ်ကြီးကိုရောင်းလိုက်ပြီး အကြွေးဆပ်ကာ ကျန်တဲ့ငွေနဲ့ အိမ်အသေးလေးဝယ်နေရင်ရသော်လည်း ချင်ချမ်းမင်ဟာ အိမ်အကြီးကြီးတွင် နေသားကြနေပြီဖြစ်တဲ့အတွက် အိမ်အသေးလေးတွင်ပြောင်း၍ မနေလိုပေ။

ကားကိုရောင်းရင်လဲ သူမတို့ဝယ်တုန်းက တစ်မီလီယံကျော်ကျပေမဲ့လည်း ဒုတိယလက်ပြောင်းဖြစ်၍ ရောင်းရင် သိန်းဂဏန်းသာ ရနိုင်၍ မလုံလောက်ပေ။

ချင်ချမ်းမင်ဟာ အိမ်ကြီးကိုရောင်းရမှာထက် ဥပဒေကို ပိုချိုးဖောက်ချင်တာမဟုတ်သော်လည်း ဒီပြဿနာ ဘယ်လောက်ကြီးသွားနိုင်လဲဆိုတာမသိတာဖြစ်သည်။ သူမပြောသလိုပင် သူမဟာ အမေဖြစ်တဲ့အတွက် ဖုယီဟောက်ကို အတင်းခေါ်သွားတာက ဥပဒေနဲ့မလွတ်ကင်းတာမဟုတ်ဘူးလို့ ယုံကြည်နေတာ ဖြစ်သည်။

ချင်ချမ်းမင် ငေါက်တာကို ခံလိုက်ရသည့်အခါမှာတော့ ချင်ချမ်းဟိုင်ဟာ ပါးစပ်ပိတ်သွားသည်။ အခုလိုပြန်ပေးဆွဲရတဲ့အကြောင်းအရင်းရဲ့ အဓိကတရားခံဟာ သူဖြစ်တဲ့အပြင် သူ့အနေနဲ့ သူ့အကြွေးတွေပြန်ဆပ်ရင် ချင်ချမ်းမင်ကို အားကိုးရမှာဖြစ်သောကြောင့် ဖြစ်သည်။ မဟုတ်ရင်တော့ သူ့ဘဝပျက်ပြီ ဖြစ်သည်။

ဖုယန်မင်ဟာ ထိုသတင်းကိုကြားပြီးကတည်းက ချင်ချမ်းမင်ကို ဖုန်းဆက်တိုက်ခေါ်နေသော်လည်း ချင်ချမ်းမင်ဖုန်းဟာ သူမ ဖုယီဟောက်ကိုခေါ်သွားပြီး ဖုယန်မင်ကိုဖုန်းဆက်ပြောပြီးကတည်းက ဖုန်းအားကုန်သွားပြီး ပိတ်သွားတာဖြစ်သည်။ ထို့ကြောင့် ဖုယန်မင်အနေနဲ့ သူမကို ဖုန်းခေါ်၍မရတာဖြစ်သည်။

ဖုယန်မင်ဟာ အရမ်းစိတ်ပူနေတာဖြစ်သည်။ အခု ဖုယန်မင်ဟာ ရဲတွေနဲ့အတူ ချင်ချမ်းမင်နောက်ကို လိုက်နေတာဖြစ်သည်။

....

တချိန်တည်းမှာပဲ ကုနင်းဟာ Kနဲ့ ဖုန်းမချဘဲ ချင်ချမ်းမင်ရဲ့ကားဘယ်လမ်းကိုဆက်သွားလဲဆိုတာ မေးနေတာဖြစ်သည်။

ချင်ချမ်းမင်ဟာ သူတို့ရဲ့လုပ်ရပ်ကိုသိပြီး ကုနင်းနှင့် ရဲတွေက နောက်ရောက်ခံလိုက်နေတာကို မသိတဲ့အတွက် ကားကိုဖြေးဖြေးသာ မောင်းနေလေသည်။ ထို့ကြောင့် ကုနင်းက မိနစ်၂၀ကျော် မောင်းပြီးတဲ့အခါမှာတော့ ချင်ချမ်းမင် ကားနဲ့ နီးလာနေပြီးပြီဖြစ်သည်။

အဲ့အချိန်မှာပဲ သူတို့ဟာလဲ ဆင်ခြေဖုံးရပ်ကွက်ကို ရောက်သည်။

ချင်ချမ်းမင်ဟာ ဆင်ခြေဖုံးရပ်ကွက်မှာ အိမ်ငှားထားတာဖြစ်သည်။ ဖုယန်မင်က သူမတို့ကို ရှာတွေ့မှာစိုးသောကြောင့် သူမတို့ဟာ သူမတို့အိမ်ကို မပြန်ပေ။

ချင်ချမ်းမင်ကားဟာ ရပ်ကွက်အတွင်းသို့ ဝင်သွားသည်။ ကုနင်းဟာ ထိုနေရာမှာမနေသည့်အတွက် သူမဟာ အထဲဝင်ခွင့်မရပေ။ သူမဟာ ယာဉ်စည်းကမ်းဖော်ကာ ယာဉ်ကြောပိတ်မှာကို ဂရုမစိုက်ဘဲ လမ်းမဘေးတွင် ကားကိုချရပ်လိုက်သည်။ ထို့နောက် ကားကို အပြင်မှာထားခဲ့ကာ သူမဟာ အထဲကိုလမ်းလျှောက်ဝင်သွားသည်။

ကုနင်းဟာ ဂိတ်ပေါက်ဝကနေ လမ်းလျှောက်ဝင်တာ မဟုတ်ဘဲ နံရံပေါ်က ကျော်တတ်တာဖြစ်သည်။ ထို့နောက် သူမဟာ ချင်ချမ်းမင်တို့ကားနောက်ကို မြန်မြန်လိုက်လေသည်။ ကုနင်းက သူတို့ကိုတားနိုင်ပေမဲ့လည်း ချင်ချမ်းမင်အနေနဲ့ ကုနင်းကိုမြင်ရင် ဒေါသထွက်ပြီး ဖုယီဟောက်ကို တစ်ခုခုလုပ်လိုက်မှာကို သူမကစိုးရိမ်သောကြောင့်ဖြစ်သည်။

ချင်ချမ်းမင်ဟာ ဖုယီဟောက်ရဲ့ အမေဖြစ်ပေမဲ့လည်း သူမဟာ ကိုယ့်သားကိုယ်တောင် ပြန်ပေးဆွဲနိုင်သည့်အတွက် သူမအနေနဲ့ ရူးသွပ်တာတစ်ခုခုလုပ်နိုင်လေသည်။

သူတို့နောက်ကို လိုက်ပြီးနောက် ကုနင်းဟာ ဖုယန်မင်ကို ချင်ချမ်းမင်ရဲ့ လိပ်စာကို ပြောပြလိုက်သည်။

ဖုယန်မင်ဟာ ထိုအကြောင်းကို ကုနင်း သိပြီးရုံမက သူ့အရင်မိန်းမနောက်ကို နောက်ယောင်ခံလိုက်ပြီးကြောင်းကို သူမဆီက ဖုန်းရမှ သိလေသည်။ ချက်ချင်းပဲ သူဟာ ကုနင်းကို ကျေးဇူးတင်သွားသော်လည်း အခုချိန်ဟာ သူမကိုကျေးဇူးတင်နေရမဲ့အချိန်မဟုတ်သေးပေ။

ဖုန်းချပြီးတဲ့အခါမှာတော့ ဖုယန်မင်ဟာ ရဲတွေကိုသဲလွန်စအကြောင်း ပြောပြပြီး ထိုရပ်ကွက်ဆီ ချက်ချင်းသွားလေသည်။

ကုနင်းဟာ ချင်ချမ်းမင်တို့ကား၊ ကားရပ်နားရာနေရာတွင် ရပ်သည့်အထိ သူတို့နောက်က လိုက်သွားလေသည်။ အခြားကားတွေကို အကွယ်ပြု၍ သူမဟာ ချင်ချမ်းမင်တို့ကားနောက်ကို မြန်မြန်လိုက်သွားလေသည်။ သူတို့ကားကိုထိုးပြီး ကားပေါ်ကဆင်းတဲ့အခါမှာတော့ ကုနင်းက သူတို့ကို ချဉ်းကပ်လိုက်သည်။

သူတို့ဟာ သာမာန်လူတွေ ဖြစ်တာကြောင့် ကုနင်းက သူတို့နောက် လိုက်နေတာကို သူတို့အနေနဲ့ သတိမထားမိချေ။

ချင်ချမ်းမင်ဟာ ဖုယီဟောက်ကို ကားထဲမှ ဆွဲထုတ်လိုက်သည်။ သူဟာ အဲဒီအချိန်မှာ အငိုတိတ်သွားပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူဟာ တစ်လမ်းလုံး ငိုလာရ၍ ပင်ပန်းသွားနေပြီဖြစ်သည်။ သူငိုပြီး ပြဿနာရှာနေရင်တောင် ချင်ချမ်းမင်က သူ့ကိုလွတ်ပေးမှာဆိုတာကိုလဲ သူသိသည်။ အခုတော့ သူဟာ သူ့အဖေက သူ့ကို မြန်မြန်လာခေါ်ဖို့ပဲ မျှော်လင့်နေတော့သည်။

သို့သော်လည်း ကားထဲကထွက်လာပြီးနောက် ဖုယီဟောက်ဟာ ပြေးဖို့ကြိုးစားပေမဲ့လည်း ချင်ချမ်းမင်ဖမ်းတာ ခံလိုက်ရသည်။ သူမဟာ သူ့ကိုဒေါသထွက်စွာ "ထပ်ရုန်းကန်မနေနဲ့။ နင်အပြင်ထွက်လို့ရတောင် နင့်အဖေကို နင်မရှာနိုင်ဘူး။ လူကုန်ကူးသမားတွေက နင်ကို ဖမ်းမိသွားရင် ဘယ်လိုလုပ်မလဲ"ဟု ပြောသည်။

ထိုအရာကိုကြားတဲ့အခါ ဖုယီဟောက်ဟာ ထပ်ပြီး မရုန်းကန်ရဲတော့ချေ။ သူဟာ ကလေးငယ်လေးဖြစ်တာကြောင့် လွယ်လွယ်ကြောက်လွယ်လေသည်။

ထိုအချိန်မှာပဲ ကုနင်းဟာ သူမရဲ့ စိတ်စွမ်းအင်အာကာပြင်မှ အဝတ်ချုပ်အပ်ကို ထုတ်လိုက်ကာ ဖုယီဟောက်လက်မောင်းကို ကိုင်ထားတဲ့ ချင်ချမ်းမင်လက်ဆီ ပစ်လိုက်လေသည်။

ထို့နောက်မှာတော့ နာကျင်စွာ အော်သံနဲ့အတူ ချင်ချမ်းမင်ဟာ ဖုယီဟောက် လက်မောင်းကို လွှတ်လိုက်တော့သည်။ ကုနင်းလဲ ချက်ချင်းပဲ ရှေ့ကိုပြေးသွားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူမဟာ ချင်ချမ်းမင်အနား‌ရောက်သွားကာ ဖုယီဟောက်အား ဆွဲခေါ်လိုက်သည်။

ချင်ချမ်းဟိုင်ဟာ ချင်ချမ်းမင်ကို ဘာဖြစ်တာလဲဟု မမေးရသေးခင်မှာပဲ သူဟာ ဖုယီဟောက်ကို ကုနင်းက ဆွဲခေါ်သွားတာ မြင်လိုက်သည့်အတွက် ကြောက်လန့်သွားလေသည်။

"နင်ဘယ်သူလဲ"ဟု ချင်ချမ်းဟိုင်က ကုနင်းကိုမေးပြီး ဖုယီဟောက်ကို ပြန်လုရန် ကြိုးစားသည်။ သို့သော်လည်း သူအနားကပ်လာတာနဲ့ တပြိုင်နက် ကုနင်းက သူ့ကို ကန်ထည့်လိုက်သည်။

"နင်ကိုး"ဟု ကုနင်းကိုမြင်လိုက်တာနဲ့တပြိုင်နက်တည်း ချင်ချမ်းမင်ကပြောသည်။ သူမဟာ ကုနင်းကို မှတ်မိသွားပြီး မနေ့က ပါးရိုက်တာခံရတဲ့အတွက် သူမရဲ့မျက်လုံးတွေထဲတွင် ဒေါသများနှင့် ပြည့်သွားလေသည်။

"ငါသားကို ငါ့ကို ပြန်ပေးစမ်း"ဟု ချင်ချမ်းမင် ကအော်ပြောလိုက်သည်။ သူမဟာ အနားကိုကပ်သွားချင်ပေမဲ့လည်း ကုနင်းက သူမကိုလဲ ကန်မှာဆိုး၍ မကပ်ရဲပေ။ သူမက မိန်းကလေးမလို့ ကုနင်းက သူမကို မကန်ဘူးလို့ မထင်ပေ။ မနေ့က ပါးရိုက်ထားတာက သက်သေဖြစ်၍ ဖြစ်သည်။

ဖုယီဟောက်က ကုနင်းကို မသိသည့်အတွက် သူမဆွဲခေါ်တာ ခံရလိုက်တဲ့အခါ သူဟာ ကြောက်လန့်သွားသည်။

ကုနင်းဟာ သူ့ခံစားချက်ကို နားလည်သောကြောင့် သူ့အား "မကြောက်နဲ့နော်။ မမက မင်းအဖေရဲ့ သူငယ်ချင်း။ မမက မင်းကို ထိခိုက်အောင် မလုပ်ဘူး။ မင်းအဖေက ခဏနေရင် ဒီကိုရောက်လာတော့မှာ"ဟု ချော့ပြောလေသည်။

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၂၆ ထွက်ပြေးဖို့မကြိုးစားနဲ့

ကုနင်းရဲ့စကားကို ကြားတဲ့အခါမှာ ဖုယီဟောက်ဟာ စိတ်အေးသွားသည်။

ချင်ချမ်းမင်က‌တော့ ကုနင်းက ဖုယန်မင် ခဏနေ ဒီကိုရောက်လာတော့မယ်ဆိုတာကို ကြားတဲ့အခါ ကြောက်လန့်သွားလေသည်။ "ငါ့သားကို ငါ့ကိုပြန်ပေး" ဟု ကုနင်းအား ထပ်မံ အော်ပြောလေသည်။

"မစ္စစ်ချင်၊ မန်နေဂျာဖု ဒီကိုရောက်တဲ့အခါမှ ကျွန်မတို့စကားပြောကြတာပေါ့" ဟု ကုနင်းက ချင်ချမ်းမင်ကို အေးစက်စက်စိုက်ကြည့်လိုက်ကာ ပြောသည်။

"နင်..."ဟု ချင်ချမ်းမင်က စိတ်တိုသွားသည်။ တကယ်လို့ ဖုယီဟောက်သာ သူမလက်ထဲမှာ မရှိရင် သူမအနေနဲ့ ဖုယန်မင်ကို သူမနဲ့ ပြန်လက်ထပ်ရန် မခြိမ်းခြောက်နိုင်တော့ပေ။

"ကယ်ကြပါဦး။ ဒီမိန်းကလေးက ကျွန်မရဲ့သားကို ခိုးဖို့လုပ်နေလို့။ ကျေးဇူးပြုပြီး ကယ်ကြပါဦး"ဟု ချင်ချမ်းမင်က ရုတ်တရက် အော်လိုက်ရာ ကားပါကင်မှာရှိနေတဲ့ လူတစ်ချို့ဟာ သူမအား ဝိုင်းထားလိုက်လေသည်။ ချင်ချမ်းမင်ဟာ ထိုလူတွေရဲ့ စာနာသနားစိတ်ကို အသုံးချ၍ သူမကလေးကို ပြန်လုရန် ကြိုးစားနေခြင်းဖြစ်သည်။

ကုနင်းကတော့ ဘာမှမပြောဘဲ ချင်ချမ်းမင်ကို လှောင်ပြုံးဖြင့်သာ စိုက်ကြည့်နေလေသည်...။

"ဘာဖြစ်ကြတာလဲ"ဟု အော်တာကို ကြားလိုက်တဲ့ အမျိုးသားတစ်ချို့ဟာ မေးသည်။

သူတို့ဟာ ချင်ချမ်းမင်က သူ့သားကို တစ်စုံတစ်ယောက်က လုဖို့ကြိုးစားနေတယ်လို့အော်တာကို ကြားလိုက်ပေမဲ့လည်း သူတို့ဟာ ကုနင်းလုပ်တယ်လို့ မထင်ပေ။ ကောင်လေးဟာ ကုနင်းနောက်မှာ ပုန်းနေ၍ ဖြစ်သည်။ ကလေးဟာ ကုနင်းဖမ်းတာ ခံထားရခြင်းမဟုတ်ပေ။

"ကျေးဇူးပြုပြီး။ ဒီမိန်းကလေးက ကျွန်မသားကို လုဖို့လုပ်နေတာ။ သူမက အရမ်းသန်မာတယ်။ ကျွန်မမောင်တောင် သူမကန်တာခံလိုက်ရတာ"ဟု ချင်ချမ်းမင်က စိတ်ပူနေ၍ သနားကမားဖြစ် နေတဲ့ပုံဖြင့်ပြောသည်။

တစ်ချိန်ထဲမှာပဲ ချင်ချမ်းဟိုင်က လဲကျနေရာမှ ပြန်ထလာပြီးပေမဲ့လည်း ဗိုက်ကို အကန်ခံလိုက်ရတာဟာ ပြင်းထန်တဲ့အတွက် မတ်တပ်ကောင်းကောင်းမရပ်နိုင်သေးဘဲ သူ့ဗိုက်ကိုယ်သူ လက်နဲ့ကိုင်နေရလေသည်။

ထိုအရာကိုမြင်တဲ့အခါ လူတိုင်းဟာ ဘာဖြစ်တာလဲဆိုတာ တွေးမိတဲ့အတွက် သူတို့ဟာ ကုနင်းကို မကြင်နာစွာ ကြည့်ကြလေသည်။

ကုနင်းက မဲ့ပြုံး,ပြုံးလျက် "အားလုံးပဲ၊ ဒီကလေးက သူမကလေးဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် သူမက ဒီကလေးရဲ့အဖေနဲ့ ကွာရှင်းထားပြီးတဲ့အပြင် ဒီကလေးနဲ့ ဘာမှမပတ်သတ်တော့ကြောင်း လက်မှတ်ထိုးထားပြီးသားလဲဖြစ်တယ်။ အခု သူမက ဒီကလေးကို ပြန်ပြေးဆွဲပြီး သူမအရင်ယောင်္ကျားကို သူမနဲ့ပြန်လက်ထပ်ဖို့အတွက် ခြိမ်းခြောက်ဖို့လုပ်..."

"ပါးစပ်ပိတ်ထား။ နင်ပါးစပ်ကိုပိတ်ထား။ ဒါငါတို့မိသားစုအတွင်းရေးကိစ္စ။ နင်က အပြင်လူပဲ နင်နဲ့မဆိုင်ဘူး"ဟု ချင်ချမ်းမင်ဟာ ကုနင်းကို ဖြတ်ပြောသည်။ အဘယ်ကြောင့်ဆိုသော် အမှန်အတိုင်းသိသွားရင် အခြားလူတွေဟာ သူမကို မကူညီမှာဆိုး၍ဖြစ်သည်။ ကံဆိုးစွာပင် သူမဟာ နောက်ကျသွားပြီဖြစ်ကာ အခြားလူဟာများဟာ အကုန်ကြားလိုက်ပြီးဖြစ်သည်။

ချင်ချမ်းမင်ရဲ့ တုန့်ပြန်ပုံက အမှန်တရားကို သက်သေပြလိုက်သလို ဖြစ်နေသည့်အတွက် ယောင်္ကျားလေးများဟာ သူမကို အထင်သေးစွာ ကြည့်လိုက်ကြသည်။ သူတို့ဟာလဲ ဒီမိန်းမဟာ သူတို့ရဲ့ သနားစိတ်ကို အသုံးချလိုက်တဲ့အတွက် စိတ်မကျေမနပ်ဖြစ်သွားကြသည်။

သူမယောင်္ကျားနဲ့ ကွာရှင်းရုံသာမက သူမကလေးတွေနဲ့ပါ ဘာမှမပတ်သတ်တော့ကြောင်း လက်မှတ်ထိုးတဲ့အတွက် ဒီမိန်းမဟာ သွေးအေးရက်စက်တဲ့လူဖြစ်ရမည်။

သူမဟာ သူမအရင်ယောင်္ကျားနဲ့ ပြန်လက်ထပ်ချင်တယ်ဆိုကတည်းက သူမအရင်ယောင်္ကျားမှာ ပြဿနာမရှိဘဲ သူမမှာရှိတာ ဖြစ်ရမည်။

"ရှင်ဟာ မန်နေဂျာဖုနဲ့ကွာရှင်းပြီးတဲ့အပြင် ဖုယီဟောက်နဲ့‌လည်း အမေနဲ့သားဆိုတဲ့ ဆက်ဆံရေးကို ဖြတ်တောက်ပြီးတဲ့အတွက် ဖုမိသားစုပြဿနာဟာ ရှင့်မိသားစုပြဿနာမဟုတ်တော့ဘူး။ နောက်ပြီးတော့ မန်နေဂျာဖုက ကျွန်မဝန်ထမ်းဖြစ်တယ်။ သူ့ရဲ့ ဘော့စ်အနေနဲ့ ဒီကိစ္စကိုဖြေရှင်းဖို့ ရှင့်ထက် ကျွန်မက ပိုသင့်တော်တယ်"ဟု ကုနင်းက ရွဲ့ပြောလေသည်။

ထိုအရာကို ကြားတဲ့အခါ အခြားသူများဟာ အရမ်းအံ့အားသင့်သွားကြသည်။ သူတို့ မထင်မှတ်ထားစွာပင် သူမဟာ အသက်ငယ်ငယ်လေးနဲ့ ဘော့စ်ဖြစ်နေသောကြောင့် ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူမမှာ သာမာန်လူတွေနဲ့ လုံးဝမတူတဲ့ ဟန်ရှိတာတော့ သေချာသည်။

"နင်..."ဟု ချင်ချမ်းမင်က ဒေါသထွက်သွားသည်။ ရုတ်တရက်ပဲ သူမဟာ ဘာဆက်ပြောရမှန်း မသိတော့ချေ။

"ဒါပေါ့၊ ကျွန်မက အပြင်လူဖြစ်လို့ ဒီကိစ္စကို မန်နေဂျာဖုလာမှဆက်ပြောကြတာပေါ့။ ရှင့်က ပြန်ပေးဆွဲတဲ့အမှုကို ကျူးလွန်ထားပြီးဖြစ်လို့ ထွက်ပြေးဖို့တော့ မစဉ်းစားနဲ့"ဟု ကုနင်းက ပြောသည်။

ချင်ချမ်းမင်က ထိုအရာကိုကြားတဲ့အခါ အနည်းငယ်ကြောက်လန့်သွားသည်။ "ငါဘာသာ ငါ့သားငါ‌ ခေါ်သွားတာ။ ဘာကိစ္စ ဥပဒေနဲ့မလွတ်ကင်းရမှာလဲ"ဟု ပြန်ခံပြောလေသည်။

"မလွတ်ကင်းဘူး။ ဘာကြောင့်လဲဆိုတော့ ရှင်ဘက်က ဖုယီဟောက်နဲ့ပတ်သတ်တဲ့ဆက်ဆံရေးကို ဖြတ်လိုက်တဲ့အတွက် ရှင်တို့နှစ်ယောက်ကြားမှာ ဘာမှမဆိုင်တော့ဘူး။ အဲ့တာကြောင့် ရှင်အနေနဲ့သူ့ကို ခွင့်ပြုချက်မရှိဘဲ ခေါ်သွားတာက သွေးဆောင်ဖျားယောင်းခေါ်သွားမှု မြောက်တယ်"ဟု ကုနင်းက ပြောသည်။

"နင်...."ဟု ချင်ချမ်းမင်က ကုနင်းက ထိုသို့မပြောမခြင်း ဂရုမစိုက်ပေ။ ရုတ်တရက်ပဲ သူမဟာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပေ။

ချင်ချမ်းမင်ဟာ အကြံအညံတစ်ခုတွေးမိလိုက်ပြီး သူမဟာ ချက်ချင်းပဲ ဓာတ်လှေကားအပေါက်ဝစီ ပြေးလေသည်။

ထိုအရာကို တွေ့တဲ့အခါ သူမရဲ့ ခွင့်ပြုချက်မလိုဘဲ ချင်ချမ်းဟိုင်ကလဲ သူမနောက်ကို ပြေးလိုက်သွားသည်။

ကုနင်းသည် ချက်ချင်းပဲပြေးသွားကာ ချင်ချမ်းမင်နှင့် ချင်ချမ်းဟိုင်တို့အား စက္ကန့်ပိုင်းအတွင်း ဖမ်းချုပ်လိုက်တဲ့အခါ အမျိုးသားများဟာ အံ့ဩသွားသည်။ သူမက ချင်ချမ်းမင်ပြောသလို တကယ်သန်မာလေသည်။

ကုနင်းကို စိုက်ကြည့်လျက် ဖုယီဟောက် မျက်လုံးတွေက ထိပ်လန့်သွား၍ ဝိုင်းစက်သွားလေသည်။

ကုနင်းက ချင်ချမ်းဟိုင်ကို ကန်လိုက်သောအချိန်တွင် သူဟာ ကုနင်းနောက်မှာ ရှိနေတာဖြစ်တဲ့အတွက် မမြင်လိုက်ပေ။ သူဟာ ကုနင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အခုမှ မြင်ရတာဖြစ်သည်။

ယောင်္ကျားလေးအများစုဟာ လူစွမ်းကောင်းဖြစ်ချင်တဲ့ အိမ်မက်ရှိကြသည်။ ဖုယီဟောက်ဟာ အခုလို သန်မာတဲ့ အစွမ်းရှိတဲ့မိန်းကလေးကို မြင်တဲ့အခါ သူမကို အထင်ကြီးလေးစားသွားလေသည်။

ဖုယီဟောက်ဟာ ကုနင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကြောင့် မှင်သက်သွားတာလား ဒါမှမဟုတ် ချင်ချမ်းမင်ကြောင့် သူ့နှလုံးသားတွေ လုံးဝကွဲကြေသွားတာလားဆိုတာ ဘယ်သူမှမသိပေ။ သို့သော် သူ့အမေ ကုနင်းဖမ်းတာ ခံလိုက်ရတာနဲ့ပတ်သတ်ပြီး သူ့အနေနဲ့ သိပ်ပြီးခံစားရတဲ့ပုံမပေါ်ပေ။

"ယီဟောက်၊ ဒီမိန်းမကို ငါ့ကိုအခုချက်ချင်း လွှတ်ပေးဖို့ ပြောလိုက်စမ်း"ဟု ချင်ချမ်းမင်ဟာ ဖုယီဟောက်သာပြောလိုက်ရင် သူမကို ကုနင်းက လွှတ်ပေးမယ်အထင်နဲ့ ဖုယီဟောက်အား အော်ပြောလိုက်သည်။

အဲ့လိုမဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ကုနင်းဟာ ဖုယန်မင်မလာမချင်း သူမကို မလွှတ်ပေးမှာမလို့ဖြစ်သည်။

ချင်ချမ်းမင်ကို ကြည့်ပြီး ဖုယီဟောက် ခံစားချက်တွေသာ ရောထွေးနေလေသည်။ သူဟာ သူမကိုသနားသော်လည်း သူတို့အနေနဲ့ သူ့အမေကို လွှတ်ပေးသင့်တယ်လို့ မထင်ပေ။ သူ့အမေက သူ့ကိုသုံးပြီး သူ့အဖေကိုခြိမ်းခြောက်ဖို့ ကြိုးစားသောကြောင့်ဖြစ်သည်။ ပိုပြီးအရေးကြီးတာက ဖုယီဟောက်အနေနဲ့ ချင်ချမ်းမင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ဟာ ပုံမှန်အားဖြင့် သူတို့၏အဖိုးအဖွားများနှင့် နေ၍ဖြစ်သည်။ ချင်ချမ်းမင်ဟာ အများအားဖြင့် သူမရဲ့ အချိန်တွေကို သူမရဲ့သူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်ရင်းဖြုန်းလေသည်။

ဖုယီဟောက်ထိုသို့ ရပ်နေတာကို မြင်တဲ့အခါ ချင်ချမ်းမင်က ပိုပြီးစိတ်ဆိုးဒေါသထွက်သွားလေသည်။ "ယီဟောက်၊ နင်က ဒီမိန်းမကို ကူပြီး နင့်အမေ့ကို ထိခိုက်အောင် လုပ်ချင်တာလား"

ချင်ချမ်းမင် အော်တာကို ခံလိုက်ရတဲ့အခါ ဖုယီဟောက်ဟာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ချေ။

"မစ္စစ်ချင်၊ ရုန်းကန်နေလဲ အသုံးမဝင်ဘူး အပိုဘဲ။ မန်နေဂျာဖုနှင့် ရဲတွေ ခဏနေရင် ဒီကိုရောက်လာတော့မှာ"ဟု ကုနင်း ပြောသည်။

"နင်..."ဟု ချင်ချမ်းမင်ဟာ ဒေါသတွေနဲ့ ပြည့်နေပေမဲ့လည်း သူမဟာ ကုနင်းကို မနိုင်သောကြောင့် ဘာမှပြန်မလုပ်နိုင်ပေ။

သို့သော်လည်း ချင်ချမ်းမင်က အရှုံးမပေးချင်ပေ။

အဲဒီအချိန်မှာပဲ သူတို့ဟာ ဥဩစွဲသံကြားလိုက်ရသည်။ ချင်ချမ်းမင်နှင့် ချင်ချမ်းဟိုင်တို့မျက်နှာဟာ ချက်ချင်းဖွေးစုတ်သွားလေသည်။

"ချမ်းမင် ၊ ငါနင့်ကိုဒီလို မလုပ်ဖို့ပြောတယ်။ ဒါပေမယ့် နင်ကငါ့စကားကို နားမထောင်ဘူး။ အခုတော့ ငါတို့ဘဝပျက်ပြီ။ ရဲတွေတကယ်လာနေပြီ။ ငါတို့တော့ ထောင်ကျတော့မှာပဲ"ဟု ချင်ချမ်းဟိုင်က ချင်ချမ်းမင်ကို ကြောက်လန့်တကြားဖြင့် အပြစ်ပြောလေသည်။ ချင်ချမ်းမင်အနေနဲ့ သူ့အကြွေးတွေ ကူဆပ်ပေးဖို့လုပ်တာမှန်ပေမဲ့လည်း သူဟာ သူမကို ထိုသို့မလုပ်ရန် တိုက်တွန်းခဲ့သော်လည်း သူမဟာ သူ့စကားကို နားမထောင်ပေ။ အခုတော့ သူတို့ပြဿနာအကြီးအကျယ်တတ်ပြီဖြစ်၍ သူဟာ သူမကို အပြစ်တင်နေခြင်းဖြစ်သည်။

"နင့်မှာ ငါ့ကိုအပြစ်တင်စရာ အကြောင်းမရှိဘူး။ ငါနင့်အတွက်ကြောင့် လုပ်‌ရတာ" ဟု ချင်ချမ်းဟိုင်က သူမကိုအပြစ်တင်သောကြောင့် ချင်ချမ်းမင်ဟာ ဘာမှမတွေးနိုင်တော့ဘဲ ဒေါသတွေနဲ့ ပြည့်နေတော့သည်။

ချင်ချမ်းဟိုင်အပြစ်ချည်းပဲလည်း လုံးဝမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမကိုယ်တိုင်ကလဲ ချမ်းသာတဲ့ဘဝကို ထပ်နေချင်၍ ဖုယန်မင်ကို ပြန်လက်ထပ်ချင်သောကြောင့်ဖြစ်သည်။ ဖုယန်မင် ဟာအခုချိန်မှာ ဘော့စ်မဟုတ်တော့ပေမဲ့လည်း ကုမ္ပဏီကြီးတစ်ခုရဲ့ အထွေထွေမန်နေဂျာဖြစ်တဲ့အတွက် သူ့အနေနဲ့ ဝင်ငွေများသေးသောကြောင့်ဖြစ်သည်။

သိပ်မကြာခင်မှာပဲ ရဲကားများရောက်လာပြီး သူတို့ရှေ့တွင် ကားရပ်ကာ ရဲများကားပေါ်မှ ဆင်းကာ လမ်းလျှောက်လာလေသည်။ ချင်ချမ်းမင်နှင့် ချင်ချမ်းဟိုင်ကို ကုနင်းလက်ထဲမှ လွှဲယူပြီးတဲ့အခါ သူတို့သည် သူမအား ကျေးဇူးတင်ကြလေသည်။

"ကျေးဇူးတင်ပါတယ် မစ္စကု"ဟု ရဲသားတစ်ယောက်က ကုနင်းကို မှတ်မိပြီး စိတ်လှုပ်ရှားသွား‌လေသည်။

All Chapters