အခန်း (၁၉၂၇-၁၉၃၂)
Vol. 119 Ch. 1927-1932
အပိုင်း ၁၉၂၇ ပန်းသီးက ပန်းသီးပင်နားပဲကြွေတယ်
"ကိစ္စမရှိပါဘူး"ဟု ကုနင်းကပြောသည်။
ထို့နောက် ဖုယန်မင်ရဲ့ကားလည်း ရောက်လာလေသည်။ သူဟာ ကားထဲကထွက်လာတာနဲ့တပြိုင်နက်တည်း ချင်ချမ်းမင်နဲ့ သူမမောင်ကို လစ်လျူရှုကာ ဖုယီဟောက်ဆီ တိုက်ရိုက်တန်းပြေးကာ ဖက်လိုက်လေသည်။ "ယီဟောက်၊ သားအဆင်ပြေရဲ့လား"ဟု သူက စိုးရိမ်စွာမေးသည်။
ဖုယန်မင်ကို တွေ့တဲ့အခါ ဖုယီဟောက် ဟာအော်ငိုလေသည်။ "ဖေဖေ၊ ဖေဖေ..."
ဖုယီဟောက်ဟာ ဖုယန်မင်ကို မတွေ့ရမချင်း စိတ်မလုံခြုံသောကြောင့် သူ့ကြောက်စိတ်တွေ အကုန်လုံးတစ်ခါတည်း လွှတ်ချလိုက်လေသည်။
"ဟုတ်ပြီ။ ဟုတ်ပြီ။ ဖေဖေဒီမှာရှိတယ်။ ဖေဖေဒီမှာရှိတယ်နော်။ အိမ်ပြန်ကြရအောင်"ဟု ဖုယန်မင်က ဖုယီဟောက်ကို ချော့မှ ဖုယီဟောက်လဲ စိတ်အေးသွားလေသည်။
ဖုယန်မင်လဲထို့နောက် ကုနင်းကို လှည့်၍ ကျေးဇူးတင်လေသည်။ "ကျေးဇူးတင်ပါတယ်။ ဥက္ကဌကု.."
ကုနင်းကြောင့်သာ မဟုတ်ရင် သူ့အနေနဲ့ ဖုယီဟောက်ကို အခုလိုစောစော ပြန်ရှာတွေ့မှာမဟုတ်သော်လည်း သူနဲ့အတူလာတဲ့ ရဲတွေကို စော်ကားသလိုဖြစ်မှာစိုး၍ အကျယ်ကြီးထုတ်မပြောလိုက်ပေ။
"ရပါတယ်။ ကလေးကို အခုအိမ်ပြန်ခေါ်သွားလိုက်တော့။ သူတို့ကို ခွင့်လွှတ်ပေးမလား တရားစွဲမလားဆိုတာတော့ ရှင့်ဘာရှင် ဆုံးဖြတ်တော့"ဟု ကုနင်းကပြောသည်။
ချင်ချမ်းမင်နဲ့ သူမရဲ့မောင်ဟာ ဒဏ်ရာရအောင်မလုပ်သလို ပြဿနာလဲအရမ်းမကြီးတဲ့အတွက် သူတို့ဟာထောင်၁နှစ်သာကျမည်ဖြစ်သည်။ ထို့ကြောင့် ဖုယန်မင်အနေနဲ့ သူတို့ကို ခွင့်လွှတ်ပေးရင်တောင် နားလည်နိုင်လေသည်။
"ကျွန်တော်သူတို့ကို တရားစွဲမှာ"ဟု ဖုယန်မင်က တွန့်ဆုတ်မှုမရှိပဲပြောသည်။ သူက သွေးအေးလို့မဟုတ်ဘဲ သူ့အရင်မိန်းမရဲ့ လုပ်ရက်တွေက လက်မခံနိုင်စရာဖြစ်၍ဖြစ်သည်။ သူမဟာ ပိုက်ဆံအတွက် သူနဲ့ကွာရှင်းခဲ့ရုံတင်မက သူတို့ရဲ့သားနဲ့ပါ ဆက်ဆံရေးပြတ်ဆဲခဲ့ကာ ကလေးရဲ့ နှလုံးသားကို ကွဲကြေစေခဲ့သည်။ အခုသူမဟာ ပိုက်ဆံအတွက် သူ့ကိုပြန်လက်ထပ်ရဖို့ ဘာနည်းပဲသုံးရသုံးရလုပ်သည်။
သူမသာ အခြားအရာ တစ်ခုခုလုပ်ခဲ့ရင် သူ့အနေနဲ့ ခွင့်လွှတ်ပေးနိုင်ကောင်းသော်လည်း သူ့အနေနဲ့ သူ့မိသားစုကို ဘယ်သူကမှထိခိုက်အောင်လုပ်တာကို ခွင့်ပြုမှာမဟုတ်ပေ။ သူ့အရင်မိန်းမဟာ သူ့သားကို ထိခိုက်စေတဲ့အတွက် သူ့အနေနဲ့ သူမကို လုံးဝခွင့်လွှတ်မည်မဟုတ်ပေ။
"မလုပ်နဲ့။ ဖုယန်မင် နင်ငါ့ကိုအဲ့လိုလုပ်လို့မရဘူး။ ငါဘာဥပဒေမှ မချိုးဖောက်ဘူး။ ငါ့သားငါခေါ်သွားတာပဲ ရှိတာ"ဟု ချင်ချမ်းမင်သည် အစက ဖုယန်မင်ဟာ သူမကို တရားမစွဲလောက်ဘူးထင်နေသော်လည်း မထင်ထားစရာပင် သူမ မှားသွားလေသည်။ သူမဟာ ထိုအရာကိုလက်မခံနိုင်သောကြောင့် သူ့အားအော်လေသည်။
"မင်း ယီဟောက်နဲ့ မိခင်-သားသမီးအဖြစ်မှ ဖြတ်ကြောင်း သဘောတူညီမှုမှာ လက်မှတ်ထိုးပြီးကတည်းက ယီဟောက်က မင်းရဲ့ကလေးမဟုတ်တော့ဘူး။ မင်းက ငါ့ခွင့်ပြုချက်မပါဘဲ သူ့ကိုအတင်းခေါ်သွားတယ်။ အဲ့တာ အဓမ္မသွေးဆောင် ခိုးယူမှုပဲ"ဟု ဖုယန်မင်က လေးနက်စွာပြောလိုက်သည်။ သူဟာ ချင်ချမ်းမင်နှင့် သူမရဲ့မောင်အပေါ်တွင် သနားစာနာမှုလုံးဝမရှိပေ။
"နင်ဘာလို့အဲ့လောက်တောင် ရက်စက်ရတာလဲ။ ငါတို့ရဲ့ချစ်ခဲ့တာတွေထောက်ထားပြီး နင်ငါ့ကိုအဲ့လိုလုပ်လို့မရဘူး" ဖုယန်မင်က ရှင်းအောင်ပြောပြီးသော်လည်း ချင်ချမ်းမင်က လက်မခံပေ။ သူမဟာ ဖုယန်မင်အနေနဲ့ သူမကိုခွင့်လွှတ်ပေးသင့်တယ်လို့ ယုံကြည်သည်။
ထို့အစား ဖုယန်မင်ဟာ ချင်ချမ်းမင်ကိုလစ်လျှူရှု၍ ရဲဝန်ထမ်းဘက်လှည့်ကာ "အရာရှိယန်၊ အကူအညီပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်"ဟု သူက ယဉ်ကျေးစွာပြောသည်။
"ကျေးဇူးတင်ဖို့မလိုပါဘူး မန်နေဂျာဖု။ ဒါကျွန်တော်တို့ အလုပ်ပါ"ဟု အရာရှိယန်ကပြောသည်။
"ကလေးလဲ ကြောက်ထားတော့ ကျွန်တော် အခုသူ့ကို အိမ်ပြန်ခေါ်သွားလိုက်ဦးမယ်။ လိုအပ်တာတစ်ခုခုရှိရင် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ"ဟု ဖုယန်မင် ကပြောသည်။
"ဖုယန်မင်၊ နင်အဲဒီလို သွေးအေးလို့မရဘူး"ဟု ဖုယန်မင်က သူမကို လစ်လျှူရှုနေတာကို မြင်တဲ့အခါ ချင်ချမ်းမင်ဟာစိုးရိမ်လာသည်။ သို့သော်လည်း ဖုယန်မင်က ထွက်သွားတော့မည်ဖြစ်သည်။
"ကောင်းပါပြီ။ ခင်ဗျားအနေနဲ့ အခုပြန်လို့ရပါပြီ။ ကလေးကို စိတ်အေးဖို့လဲ ပြောလိုက်ပါဦး"ဟု အရာရှိယန်က စိုးရိမ်စွာပြောသည်။
"ကျွန်မကားက အပြင်ဘက်မှာရပ်ထားခဲ့လို့ ရှင့်ကားနဲ့လိုက်ခဲ့လို့ရမလား"ဟု ကုနင်း ကမေးသည်။
"ရပါတယ်"ဟု ဖုယန်မင်ကဖြေသည်။
"နောက်မှတွေ့မယ် မစ္စကု"ဟု အရာရှိယန်ကပြောသည်။
"အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်"ဟု ကုနင်းကလဲ သူတို့ကိုပြောသည်။
"ကျေးဇူးတင်ဖို့ မလိုပါဘူး"ဟု ထိုရဲဝန်ထမ်းများကလဲ ဖြေသည်။ သူတို့ဟာ ကုနင်းကို အမှန်တကယ်ပင် အထင်ကြီးလေးစားကြလေသည်။
ချင်ချမ်းမင်က ဘယ်လောက်ပဲ အော်ပြောနေပါစေ ကုနင်းဟာ ဖုယန်မင်နဲ့အတူ ထွက်သွားလေသည်။
ထို့နောက် ကုနင်းဟာ ထန်မိသားစုစံအိမ်ကို တန်းပြန်သွားလေသည်။
အဲဒီအချိန်မှာတော့ ညစာစားချိန်ရောက်နေပြီဖြစ်သည်။
ကုနင်းဟာ စီးပွားရေးကိစ္စနဲ့ ပတ်သတ်တဲ့ ပြဿနာတစ်ခုခုကို သွားဖြေရှင်းတာဟု သိထားသည့်အတွက် သူတို့ဟာ သူမကို သိပ်မမေးတော့ပေ။
.....
ချင်ချမ်းမင်ရဲ့မိဘတွေဟာ ချင်ချမ်းမင်နှင့် ချင်ချမ်းဟိုင်တို့အား ရဲဖမ်းခံရတာကို ကြားတဲ့အခါ ဖုယန်မင်နဲ့ စကားများကြပြီး သူတို့ကို လွှတ်ပေးဖို့ ရဲစခန်းကိုပြောရန် ဖုယန်မင်အား အမိန့်ပေးလေသည်။ ချင်ချမ်းမင်ရဲ့မိဘတွေဟာ သူမလိုပဲ မောက်မာတဲ့ပုံတွေပင်ဖြစ်သည်။ ပန်းသီးဟာ ပန်းသီးပင်နဲ့ဝေးရာကို အမှန်တကယ်ပင် မကျပေ။
ဖုယန်မင်ဟာ အရင်ကချမ်းသာသောကြောင့် ချင်ချမ်းမင်ဟာ လိမ်လိမ်မာမာပင်နေသည်။ သူဒေဝါလီခံသွားရမှသာ သူမရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဘက်ခြမ်းကို ပြခြင်းဖြစ်သည်။
ချင်ချမ်းမင်ရဲ့မိဘတွေဟာ ဖုယန်မင်ကို ကုမ္ပဏီထိလာပြီး ပြဿနာရှာရန်ကြိုးစားသော်လည်း လုံခြုံရေးဝန်ထမ်းတွေက တားကာ နှင်ထုတ်ခံလိုက်ရသည်။ သူတို့ဟာထို့နောက် ဖုယန်မင်နေတဲ့ ရပ်ကွက်ကိုသွားပေမဲ့လည်း နှင်ထုတ်ခံလိုက်ရပြန်သည်။
ဖုယန်မင်နှင့် ချင်ချမ်းမင်တို့ကွာရှင်းတဲ့အကြောင်းဟာ အရင်က သတင်းကြီးတစ်ခုဖြစ်၍ လူအများဟာ ချင်ချမ်းမင်ကိုကြည့်မရကျပြီး ဖုယန်မင်အပေါ် စာနာသနားကြလေသည်။ ထို့ကြောင့် ချင်ချမ်းမင်မိဘတွေဟာ ဖုယန်မင်ရဲ့ နာမည်ကိုဖျက်ရန် အမျိုးမျိုးကြိုးစားကြသော်လည်း အသုံးမဝင်ပေ။ ထို့အပြင် ချင်ချမ်းမင်ရဲ့မိဘတွေထွက်သွားပြီးနောက် လူတွေဟာ ဖုယန်မင်အပေါ် ပိုပြီးစာနာသနားကြလေသည်။
.....
နောက်တစ်နေ့ နေ့လည်၂နာရီခန့်တွင် ကုနင်းဆီသို့ လင်ရှောင်းထင် ဖုန်းခေါ်လာသည်။ သူဟာ သူတို့ Bမြို့လေဆိပ်ကို ည၈နာရီရောက်မယ်ဖြစ်ပြီး ထို့နောက် ည၁၁နာရီတွင် Jနိုင်ငံရှိ Jမြို့ကိုဆက်ပြီး သွားမယ်ဖြစ်ကြောင်းပြောသည်။
လေယာဉ်နားချိန် ကြားတွင်၃နာရီသာရှိ၍ သူတို့ဟာ လေဆိပ်မှမထွက်ခွာတော့ဘဲ ကုနင်းကို သူတို့နဲ့လေဆိပ်ကိုလာတွေ့ရန် ပြောသည်။
သူတို့ဟာ ညနေခင်းခရီးစင်လေယာဉ်လက်မှတ်ဖြတ်ထားတာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ခရီးစဉ်ကအနည်းငယ်ရှည်ကာ ၆နာရီကြာသောကြောင့်ဖြစ်သည်။ ထို့အပြင် Jမြို့ကနေ ကျီမိသားစုစံအိမ်ကိုရောက်ရန် ၂နာရီကြာသည့်အတွက် ပေါင်းလိုက်ရင် ၈နာရီကျော်ကြာလေသည်။ ထို့ကြောင့် နေ့ဘက်တွင် အချိန်ဖြုန်းနေစရာ အချိန်မရှိပေ။
လေယာဉ်ပျံဟာ ည၁၁:၁၀တွင် ထွက်ခွာမှာဖြစ်ပြီး နောက်တစ်နေ့ မနက်၅:၃၀မှ ရောက်မည်ဖြစ်သည်။ လေယာဉ်ခရီးစင်တစ်လျှောက်လုံးဟာ ၆နာရီခန့်ကြာသော်လည်း အတိအကျတော့မသိနိုင်ပေ။ ခရီးစဉ်တိုင်းဟာ တစ်ကြိမ်နှင့် တစ်ကြိမ်ကြာချိန်မတူသောကြောင့် ဖြစ်သည်။
အဲဒီအတွက် နောက်ထပ်၂နာရီကားမောင်းသွားပြီး သူတို့ကျီမိသားစုစံအိမ်ကို ရောက်တဲ့အခါတွင် မနက်မိုးလင်းပြီးခါစဖြစ်၍ သူတို့အနေနဲ့ လုပ်စရာရှိတာလုပ်ရန် ကွက်တိပင်ဖြစ်သည်။
ကုနင်းဟာ ထန်ဟိုင်ဖုန်းနဲ့ အခြားသူများကို သူမအနေနဲ့ Bမြို့ကနေ စီးပွားရေးကိစ္စနဲ့ ရက်အနည်းငယ်ခရီးထွက်ဖို့ရှိကြောင်းသာပြောပြီး ဘာကိစ္စလဲဆိုတာ အသေးစိပ်တော့ မပြောပေ။ ကုနင်းက သူတို့ကို မပြောတဲ့အတွက် သူတို့ဟာလဲ သူမကို အသေးစိပ်မမေးပေ။ သူတို့ဟာ ကုမ္ပဏီကိစ္စဖြစ်မယ်လို့ ယုံကြည်ကြသည်။
ထန်မိသားစုစံအိမ်တွင် ညစာစားပြီးနောက် ကုနင်းဟာလေဆိပ်ကိုထွက်သွားသည်။ ချောင်ယနှင့် ချောင်ယတို့ဟာ သူမအားဝင်ခေါ်သည်။
ထန်ကျားခိုင်က ကားနဲ့မောင်းပို့ပေးမယ်ပြောသော်လည်း ကုနင်းက ချောင်ယနှင့် ချောင်ယ တို့အားဖုန်းဆက်ပြီးပြီဖြစ်၍ သူလက်လျော့လိုက်သည်။
ကုနင်းဟာ ည၈နာရီခန့်တွင် ထွက်သွားလေသည်။ သူမလေဆိပ်ကို ရောက်တဲ့အခါမှာတော့ ည၈:၃၀ရှိနေပြီဖြစ်သည်။ အဲဒီအချိန်တွင် လင်ရှောင်းထင်နဲ့ ရှုကျင်းချန်တို့ဟာ လေယာဉ်ပေါ်မှဆင်းပြီးကာ ဧည့်ကြိုခန်းမရှေ့တွင် စောင့်နေတာ ၁၀မိနစ်လောက်ရှိပြီဖြစ်သည်။ သူတို့ဟာ လက်မှတ်ကို ချက်ချင်း အလောတကြီးသွားမယူသေးဘဲ သူတို့နဲ့အတူတူသွားရန် ကုနင်းကိုစောင့်နေတာဖြစ်သည်။
လင်ရှောင်းထင်နှင့် ရှုကျင်းချန်တို့ရဲ့ ရုပ်ရည်ချောမောမှုကြောင့် အမျိုးသမီးအများစုဟာ လမ်းတစ်လျှောက်တွင် သူတို့အားမျက်စများပစ်သွားလေသည်။ သူတို့နှစ်ယောက်လုံးကတော့ အေးစက်စက်ပင်နေ၍ အမျိုးသမီးအများစုဟာ သူတို့နဲ့လာပြီး စကားစမပြောရဲကြပေ။
အမျိုးသမီးအများစုဟာ စကားစမပြောရဲပေမဲ့လည်း ပြောဖို့ကြိုးစားတဲ့သူ အများအပြားတော့ ရှိသေးသည်။
လင်ရှောင်းထင်ဟာ သူတို့ကို တချက်တောင်မကြည့်ဘဲ လစ်လျှူရှုထားပြီး ရှုကျင်းချန်ကတော့ ယဉ်ယဉ်ကျေးကျေးပင် စကားအနည်းငယ်ပြန်ပြောလေသည်။ အဘယ်ကြောင့်ဆိုသော် သူဟာ လင်ရှောင်းထင်လို အေးစက်စက်နေလေ့မရှိဘဲ ဖော်ရွေတတ်သူဖြစ်၍ဖြစ်သည်။
သူတို့ဟာ လေယာဥ်ပေါ်မှ ဆင်းလာခါစတုန်းက တစ်စုံတစ်ယောက်ရဲ့ ထင်ပေါ်မှုကိုတောင် ခိုးမိလိုက်သေးသည်။
သူတို့ရဲ့ အိုင်ဒေါလ်ကို လာကြိုဆိုတဲ့ ပရိသတ်အဖွဲ့တချို့ရှိသော်လည်း သူတို့ဟာ လင်ရှောင်းထင်နဲ့ ရှုကျင်းချန်ရောက်တာကို မြင်တဲ့အခါ သူတို့ရဲ့အိုင်ဒေါလ်ကိုတောင် မေ့သွားသည့်အတွက် သူတို့ရဲ့ အိုင်ဒေါလ်ဟာ စိတ်မကျေမနပ်ဖြစ်သွားကာ ဒေါသထွက်မလိုတောင် ဖြစ်သွားသည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၂၈ အဲလိုအထင်သေးလို့မရဘူးလေ
သို့သော်လည်း သူဟာ လင်ရှောင်းထင်နဲ့ ရှုကျင်းချန်ကိုမြင်တဲ့အခါ လက်လျော့လိုက်လေသည်။
သူဟာ သူတို့ကိုသိလို့မဟုတ်ဘဲ သူတို့ဟာ အရမ်းချောမောကာ ပြည့်စုံတဲ့ခန္ဓာကိုယ်ရှိတဲ့အပြင် အဆင့်အတန်းမြင့်တဲ့ဟန်ရှိတဲ့အတွက် သူ့ကိုယ်သူနိမ့်ကျတယ်လို့ ခံစားရလို့ဖြစ်သည်။ ထို့အပြင် သူတို့ဟာ သာမာန်လူတွေ မဟုတ်တာသေချာသည်။ ထို့ကြောင့် သူအပြစ်မလုပ်သင့်တဲ့လူကို သွားရှုပ်မိမှာစိုး၍ သူဟာ ဒေါသမထွက်တော့ရန် ဆုံးဖြတ်လိုက်သည်။
ကံကောင်းစွာပင် သူတို့ ချက်ချင်းထွက်သွား၍ သူ့ပရိသတ်တွေဟာ သူ့အပေါ် အာရုံပြန်စိုက်လေသည်။
သူဟာ သူ့ပရိသတ်တွေရဲ့ အပြုအမှုအပေါ် စိတ်မကျေမနပ်ဖြစ်သော်လည်း သူ့အနေနဲ့ ထို့အကြောင်းကို လူကြားထဲတွင် ပြော၍မဖြစ်ပေ။
......
ကုနင်းက လေဆိပ်ကိုရောက်တဲ့အခါတွင်တော့ သူမဟာ လင်ရှောင်းထင်နှင့် ရှုကျင်းချန်တို့ကို အဝေးကနေ လှမ်းတွေ့လိုက်တဲ့အတွက် ချောင်ယကို သူတို့အနားမောင်းသွားပြီး ရပ်ရန်ပြောလိုက်သည်။
မိန်းကလေးတွေအများကြီးဟာ စိတ်လှုပ်ရှားတဲ့မျက်လုံးတွေနဲ့ လင်ရှောင်းထင်နှင့် ရှုကျင်းချန်တို့အနားဝိုင်းနေတာကို တွေ့တဲ့အခါ ချောင်ယဟာ ကုနင်းကို လှမ်းကြည့်လိုက်သော်လည်း သူမကစိတ်အေးအေးပင်ဖြစ်နေတာကို တွေ့လိုက်သည်။ သူမဟာ ထိုအကြောင်းကို မထိန်းနိုင်ပဲ စနောက်လိုက်လေသည်။ "ဘော့စ်အနေနဲ့ ကိုယ့်ကိုကိုယ်အပေါ်မှာအရမ်းယုံကြည်မှုရှိတာကြောင့်လား ဒါမှမဟုတ် မစ္စတာလင်အပေါ်မှာလား။ မစ္စတာလင်က အရမ်းရုပ်ချောပြီး သူသွားတဲ့နေရာတိုင်းမှာ မိန်းကလေးတွေ သူ့အနားဝိုင်းနေတာခံနေရတာ။ တစ်နေ့နေ့ သူအစွဲဆောင် ခံလိုက်ရမှာ မစိုးရိမ်ဘူးလား"
သူမဟာ လင်ရှောင်းထင်အကြောင်းသိပ်မသိသော်လည်း လင်ရှောင်းထင် အနေနဲ့ ကုနင်းအပေါ် သစ္စာဖောက်မယ်လို့တော့ သူမ,မထင်ပေ။
"ငါက ငါကိုယ်ငါရော သူ့အပေါ်ပါ ယုံကြည်ချက်ရှိတယ်။ ပြီးတော့ ငါကလဲ ငါသွားသမျှနေရာတိုင်းမှာ ယောင်္ကျားလေးတွေရဲ့ အဓိကအာရုံစိုက်မှုကိုခံရတာပဲ။ ငါက ငါ့ရုပ်ရည်ကို သိပ်ဂရုမစိုက်တတ်တဲ့သူဖြစ်လို့ သူကသာ စိုးရိမ်နေရမှာ"ဟု ကုနင်းက ယုံကြည်မှုအပြည့်ရှိနေတဲ့ အပြုံးဖြင့်ပြောသည်။
ချောင်ယက ထိုအရာကို မငြင်းနိုင်ပေ။
ကားဟာ လင်ရှောင်းထင်နှင့် ရှုကျင်းချန်တို့နားတွင် ရပ်သွားကာ ကုနင်း ကားပေါ်မှ ဆင်းလာသည်။
လင်ရှောင်းထင်ဟာ ကုနင်းကို မြင်လိုက်တာနဲ့ တပြိုင်နက်တည်း သူ့ရဲ့အေးစက်တဲ့ မျက်လုံးတွေဟာ နူးညံသွားသလို သူ့မျက်နှာဟာလဲ နူးညံသွားလေသည်။ တချိန်တည်းမှာပဲ သူမလက်ကိုကိုင်ရန် သူဟာ သူမဆီလမ်းလျှေက်သွားလေသည်။ သူနဲ့ သူမဟာ မျက်လုံးချင်းဆုံလိုက်တာနဲ့ပင် သူ့မျက်လုံးတွေထဲမှာ တက်မက်မှုတွေနဲ့ တောင်လောင်နေလေသည်။
သူ့ကိုစိုက်ကြည့်လိုက်ပြီး ကုနင်းဟာလည်း ဖိန့်တိန့်တိန့်ပြုံးလိုက်လေသည်။
လင်ရှောင်းထင်ဟာ သူမကိုမှေး၍ ကြည့်လိုက်သည်။ ဖြစ်နိုင်ရင် သူဟာ သူမကိုဆွဲဖက်နမ်းပစ်လိုက်ချင်လေသည်။
ထိုအရာကိုတွေ့တဲ့အခါ ဘေးမှာဝိုင်းနေတဲ့ မိန်းကလေးတွေဟာ အံ့ဩသွားကာ အသည်းကွဲသွားကြလေသည်။ သူတို့အနေနဲ့ ဒီကိုယ်တော်ချောဟာ ပိုင်ဆိုင်တဲ့သူရှိပြီးဖြစ်မယ်လို့ ထင်ထားပေမဲ့လည်း သူတို့အနေနဲ့ လက်ခံရခက်ခဲလေသည်။ မိန်းကလေးအများစုဟာ သူ့ဘေးမှာနေရဖို့ အိပ်မက်,မက်နေကြတာဖြစ်သည်။
ကုနင်းက အရမ်းရိုးရိုးရှင်းရှင်းပုံစံဖြစ်ပေမဲ့လည်း သူမရဲ့မျက်နှာနဲ့ သူမရဲ့အဆင့်တန်းမြင့်ဟန်တို့က လစ်လျှူမရှုနိုင်လောက်အောင် အရမ်းဆွဲဆောင်နိုင်လေသည်။ သူတို့ဟာ တကယ့်ကို ပြည့်စုံတဲ့အတွဲပင်။
"ကောင်းပြီ။ မင်းတို့ရဲ့အချစ်တွေက လာကြွားမနေနဲ့တော့"ဟု ရှုကျင်းချန်ဟာ ရပ်မကြည့်နိုင်တော့သည့်အတွက် လေယာဉ်ပေါ် တက်ရမဲ့ခန်းမထဲကို လှည့်ဝင်သွားလေသည်။
သူဟာ သူရဲ့ရင်းနှီးတဲ့ညီအစ်ကိုတွေဟာ သူတို့ရဲ့ကောင်မလေးတွေနဲ့ ရှိနေတိုင်း စိတ်မကျေမနပ်ဖြစ်လေသည်။ သူတို့ဟာ သူတို့ရဲ့အချစ်တွေကို တမင်တကာ ထုတ်ဖော်ပြသနေတာမဟုတ်ရင်တောင်မှ သူဟာ စိတ်ရှုပ်နေဆဲပင်ဖြစ်သည်။ သူလဲ ချစ်သူကောင်မလေး လိုချင်နေ၍ဖြစ်မည်။
သူအဲဒီလိုတွေးမိတဲ့အခါတိုင်း ကျီပိုင်ယင်းအကြောင်းတွေးမိကာ သူမအခုဘယ်လိုနေလဲဆိုတာ သူတွေးမိလေသည်။
တကယ်တော့ သူဟာ သူမအကြောင်းကို သူ့ရဲ့ရင်းနှီးတဲ့ညီအစ်ကိုတွေ သူတို့ရဲ့ကောင်မလေးတွေနဲ့ ရှိနေတဲ့အချိန်တွင်သာ တွေးမိတာမဟုတ်ပေ။ သူမအကြောင်းကို သူမကြာခဏတွေးမိလေသည်။
သူတို့ဟာ အချင်းချင်း ဖုန်းခေါ်တာ ဒါမှမဟုတ် စာတိုပို့ခဲသည်။ ပုံမှန်စကားပြောတာလောက်သာ ရှိသည်။ သူတို့နှစ်ယောက်ကြားမှာ ထူးခြားတာ ဘာမှမရှိပေ။
ရှုကျင်းချန်ဟာ သူမကို ဖုန်းခေါ်ပြီး သူတို့ဘာဆက်လုပ်မှာလဲဆိုတာ မေးချင်ပေမဲ့လည်း နောက်ဆုံးမှာတော့ မသင့်တော်ဘူးဟု ထင်သောကြောင့် မဆက်ခဲ့ပေ။
လင်ရှောင်းထင်ဟာ ကုနင်းကို မြင်တာနဲ့တပြိုင်နက်တည်း သူဟာ အပြင်မှာ တစ်စက္ကန့်မှ ဆက်မနေချင်တော့ပေ။ သူဟာ သူ့ကိုအချိန်မရွေး အရှင်လက်လက်မြိုချဖို့ အဆင်သင့်ဖြစ်နေတဲ့ ထိုမိန်းကလေးတွေကို သဘောမကျပေ။ ထို့အပြင် သူက ကုနင်းစိတ်ဆိုးမှာလဲ ကြောက်သောကြောင့် သူမလက်ကိုကိုင်ကာ အထဲကို ချက်ချင်းဝင်သွားလေသည်။
ရှုကျင်းချန်နောက်ကနေ လိုက်ရင်း ကုနင်းက သူ့ကိုပြောလိုက်သည်။ "တကယ်လို့ ရှင်ကြည့်ရတာ မကြိုက်ရင် ရှင့်ဘာသာရှင် ချစ်သူမိန်းကလေးတစ်ယောက် ရှာလိုက်လေ"
"ပြောရတာတော့ လွယ်တာပေါ့"ဟု ရှုကျင်းချန်က မျက်လုံးကိုပင့်လျက် ဖြေလိုက်သည်။
"ရှင်ပြောတာမှန်တယ်။ ဒါပေမယ့် ရှင်ကြိုက်တဲ့သူတစ်ယောက်ယောက်တွေ့ခဲ့ရင် သူ့ကို ရှင့်အချစ်တွေကို ထုတ်ပြောဖို့ရော ရှင့်မှာသတ္တိရှိလို့လား"ဟု ကုနင်းက တမင်သက်သက်မေးလိုက်သည်။
"အဓိပ္ပာယ်မရှိတာ။ ငါက ယောင်္ကျားလေးတစ်ယောက်ဘဲ ပြောရဲတာပေါ့"ဟု သူ့ကိုအထင်သေးသည်ဟု ခံစားမိ၍ ရှုကျင်းချန်ကပြန်ငြင်းသည်။
"တကယ်လား"ဟု ကုနင်းက သံသယဖြင့်မေးသည်။
"တကယ်ပေါ့။ ကုနင်း၊ မင်းငါ့ကို အဲ့လိုအထင်သေးစရာမလိုဘူး"ဟု ရှုကျင်းချန်က မကျေမနပ်ဖြင့် ပြန်ပြောသည်။
"ငါအထင်မသေးပါဘူး။ ငါက ငါ့သူငယ်ချင်း ကြုံရတာကို သတိရမိလို့ သက်ပြင်းချမိတာပါ"ဟု ကုနင်းဟာ အမှန်တကယ်အလား လက်လျော့သည့်လေသံဖြင့်ပြောသည်။
"ငါ့ကိုအဲ့အကြောင်းပြောပြပါလား"ဟု ရှုကျင်းချန်က စပ်စုစွာမေးသည်။
"ငါ့သူငယ်ချင်းက ယောင်္ကျားလေးတစ်ယောက်ပဲ။ သူက ကောင်မလေးတစ်ယောက်ကို ကြိုက်နေပေမယ့်လည်း သူ့ကိုယ်သူ သိပ်မသေချာဖြစ်နေတဲ့အတွက် ကောင်မလေးကိုဖွင့်မပြောလိုက်ဘူး။ ကောင်မလေးကလဲ သူ့ကိုကြိုက်နေပေမဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ယောင်္ကျားလေးဘက်က အရင်ဖွင့်ပြောလာတာကို စောင့်သင့်တယ်လို့ထင်ပြီး လျှို့ဝှက်ထားလိုက်တယ်။ အဲဒီနောက် ကောင်မလေးရဲ့ မိသားစုဟာ ပြဿနာတက်ပြီး မဟာမိတ်ဖွဲ့ဖို့လိုအပ်လာတာကြောင့် သူမ,မကြိုက်တဲ့လူတစ်ယောက်နဲ့ လက်ထပ်လိုက်ရတယ်။ အဲဒီအချိန်ကြမှ ငါ့သူငယ်ချင်းက သူအဲ့ကောင်မလေးကို တကယ်ချစ်နေတယ်ဆိုတာကို သဘောပေါက်သွားပေမဲ့လည်း အရာရာဟာ နောက်ကျသွားပြီ"ဟု ကုနင်းက သူတို့အပေါ် သနားနေသည့်ဟန်ဖြင့် ပြောသည်။
ထိုအရာကိုကြားတဲ့အခါ ရှုကျင်းချန် ဟာချက်ချင်းပဲ ဝမ်းနည်းသွားသည်။ အဘယ်ကြောင့်ဆိုသော် ကုနင်းရဲ့စကားဟာ သူ့နှလုံးသားအနက်ရှိုင်းဆုံးနေရာမှာ ဖုန်းကွယ်ထားတဲ့အရာကို ပြောနေသောကြောင့်ဖြစ်သည်။
သူဟာ သူ့အနေနဲ့ ကျီပိုင်ယင်းအပေါ်မှာ ထူးခြားတဲ့ခံစားမှုရှိနေတယ်ဆိုတာ ဝန်ခံသော်လည်း သူတို့ဟာ တွေ့ခဲသည့်အတွက် သူမကို သူတကယ်ကြိုက်နေတာလားဆိုတာ မသေချာခြင်းဖြစ်သည်။ ထို့အပြင် ကျီပိုင်ယင်းအနေနဲ့ သူ့အပေါ်မှာ သူ့လိုပဲ တူညီတဲ့ခံစားချက်ရှိနေလားဆိုတာကိုလဲ သူမသိပေ။ သူဟာ သူရဲ့မသေချာမရေရာမှုတွေကြောင့် သူမကို ထိခိုက်အောင်လုပ်မိမှာ ကြောက်နေတာဖြစ်သည်။ သူ့ကို သူမက ငြင်းလိုက်မှာလည်း ကြောက်နေတာ ဖြစ်သည်။
ကုနင်းကိုကြည့်ပြီးတော့ လင်ရှောင်းထင်ဟာ ချစ်ခြင်းတွေပြည့်နေတဲ့ အပြုံးနဲ့ ပြုံးလိုက်သည်။ သူဟာ ကုနင်း ထိုသို့ဘာလို့ လုပ်လဲဆိုတာသိသည်။ သူမဟာ ရှုကျင်းချန်ကို သတ္တိရှိရန် အားပေးချင်တာ ဖြစ်သည်။
ရှုကျင်းချန်ရဲ့ တုန့်ပြန်မှုကို ကြည့်ချင်းဖြင့် သူကလဲ ထိုကိစ္စကို လေးလေးနက်နက်တွေးနေတာဖြစ်မည်။
ကုနင်းဟာ လင်ရှောင်းထင်က သူမလိမ်နေတာကို သဘောပေါက်မှန်း သိသည်။ ထို့ကြောင့် သူမဟာ အနည်းငယ်ရှက်သွား၍ လျှာလေးထုတ်ပြလိုက်သည်။
သူမရဲ့ ချစ်စရာကောင်းတဲ့ပုံစံက လင်ရှောင်းထင်ရဲ့ စိတ်ကိုထကြွစေလေသည်။ သူဟာ သူမကို ဖက်နမ်းဖို့မစောင့်နိုင်တော့သည့်အပြင် ထို့နောက်.....။ သို့သော်လည်း သူဟာ အခုချိန်မှာ ဘာမှမလုပ်နိုင်သေးပေ။ သူမဟာ သူ့ကို တကယ်ပင်နှိပ်စက်နေတာ ဖြစ်သည်။
ရှုကျင်းချန်စကားမပြောဘဲနေတာကို မြင်တဲ့အခါ ကုနင်းဟာ လင်ရှောင်းထင် ဘက်လှည့်ပြီး "အို ဒါနဲ့၊ ကျွန်မတို့လာမယ်ဆိုတာကို ကျီမိသားစုကို ပြောပြီးပြီလား"ဟု မေးသည်။
"အင်း။ ရှောက်မင်နဲ့ ဖုန်းဆက်ပြီးပြောထားတယ်။ ဒါပေမယ့် ကျီပိုင်ယင်း ကိစ္စနဲ့ ပတ်သတ်ပြီးလာတာလို့တော့ မပြောထားဘူး။ သူက အဲ့ကိစ္စကို ကိုယ့်ကိုမပြောလို့ ကိုယ်လဲမပြောပြလိုက်ဘူး။ ကိုယ်တို့ ကိစ္စတစ်ခုရှိလို့ လာတာလို့ပဲပြောလိုက်တယ်။ သူကိုယ်တိုင် ပြီးကျရင် ကိုတို့ကို လာကြိုလိမ့်မယ်"ဟု လင်ရှောင်းထင်က ပြောသည်။
"ကောင်းတယ်"ဟု ကုနင်းက ပြောသည်။ "ဒါနဲ့ ထမင်းရော စားပြီးကြပြီလား"
"စားပြီးပြီ။ လေယာဉ်ပေါ်မှာပဲ"ဟု လင်ရှောင်းထင်က ဖြေသည်။
"ဗိုက်ပြည့်နေပြီလား"ဟု ကုနင်းက မေးသည်။
"အင်း"ဟု လင်ရှောင်းထင်က ဖြေသည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၂၉ ဒီပြဿနာအတွက် ဖြေရှင်းနည်းရှိတယ်
သူတို့အထဲကို ဝင်သွားပြီးတဲ့အခါမှာတော့ သူတို့ဟာ လက်မှတ်သွားယူကာ လုံခြုံရေးစစ်စေးမှု ခံယူကြသည်။ သူတို့ဟာ လေယာဉ်ပေါ်တက်ရမှာ ဖြစ်တဲ့အတွက် စစ်ဆေးစရာတွေ များတာကြောင့် အပြင်မှာ အကြာကြီး သိပ်မနေလိုက်ရပေ။
သူတို့အကုန်လုံးဟာ လက်ဆွဲအိတ်တစ်လုံးမှ မပါဘဲ အိတ်အသေးလေးတစ်လုံးစီသာ ပါကြသည်။ ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ သူတို့ရဲ့ မှော်နေရာလွတ်များကို ဖုံးကွယ်ရန် ကျောပိုးအိတ်ကို သုံးနေတာဖြစ်သည်။ သူတို့ဟာ အိတ်အလွတ်ကြီးယူလာရင် လုံခြုံရေးဂိတ်ကို ဖြတ်တဲ့အခါ ထူးဆန်းနေမှာစိုး၍ ကုနင်း ဟာသူမရဲ့အိတ်ထဲကို ဖုန်းအားသွင်းကြိုးနှင့် အခြားပစ္စည်းအနည်းငယ်ဖြစ်တဲ့ မိတ်ကပ်အသုံးအဆောင်တွေကိုသာ ထည့်လာသည်။
လင်ရှောင်းထင်ကတော့ သူ့ရဲ့အိတ်ထဲတွင် ဖုန်းအားသွင်းကြိုးနဲ့ အဝတ်လဲစရာတစ်စုံထည့်ထားသည်။ ရှုကျင်းချန်ဟာလည်းထို့အတူပင် ဖြစ်သည်။
စစ်ဆေးရေးကိုဖြတ်ပြီး ၄၀မိနစ်ကြာတဲ့အခါမှာတော့ သူတို့လေယာဉ်ပျံပေါ် တက်ကြလေသည်။
သူတို့ဟာ လေယာဉ်မထွက်ခွာခင်မှ လက်မှတ်ဖြတ်လိုက်သည့်အတွက် ပထမတန်းစားလက်မှတ်မရတော့ဘဲ စီးပွားရေးအတန်းရှိ နောက်ဆုံးတန်းခုံတွေသာရလိုက်သည်။ ကံကောင်းစွာပင် သူတို့ခုံတွေဟာ တစ်တန်းတင်ဖြစ်သည်။
ကုနင်းဟာ ပြတင်းပေါက်ရှိတဲ့ဘက်တွင်ထိုင်ကာ လင်ရှောင်းထင်ကတော့ အလယ်မှာထိုင်ပြီး ရှုကျင်းချန်ကတော့ ဘေးတွင် ထိုင်တာဖြစ်သည်။
လေယာဉ်ပျံဟာ အချိန်မှီပင် ထွက်ခွာသွားသည်။ ၆နာရီကြာ ခရီးစင်ပြီးတဲ့အခါမှာတော့ သူတို့ဟာ အရှေ့တောင်အာရှရှိ Jမြို့အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်မဲ့အချိန်ဟာ မနက်၅:၂၀ဖြစ်သည်။ လေယာဉ်ပျံဟာ ရပ်နားဖို့ရန် အချိန်အနည်းငယ်ယူရ၍ သူတို့လေယာဉ်ပေါ်က ဆင်းချိန်မှာတော့ မနက်၅:၃၀ခွဲနေပြီးဖြစ်ကာ နောက်ထပ်မိနစ်၂၀ကြာမှ သူတို့လေဆိပ်ထဲမှ ထွက်လာနိုင်လေသည်။ လေဆိပ်ဟာ အနည်းငယ်ကြီးတဲ့အတွက် သူတို့အနေနဲ့ ထွက်ခွာဖို့ အကွာအဝေးအတော်ကြာ လမ်းလျှောက်လိုက်ရသည်။
မနက်မိုးလင်းခါနီး ဖြစ်ပေမဲ့လည်း လေဆိပ်တွင် သူတို့၏ သူငယ်ချင်းများ ဒါမှမဟုတ် မိသားစုဝင်များကို လာရောက်ကြိုဆိုကြသော လူအများကြီးရှိသော်လည်း နေ့ဘက်နဲ့ယှဉ်ရင် လူအရေအတွက်ဟာ သိပ်မများပေ။
လင်ရှောင်းထင်နဲ့အဖွဲ့ဟာ လေဆိပ်အပေါက်ဝရောက်သည့်အခါတွင် သူတို့ဟာ လူအုပ်ကြားမှ ကျီရှောက်မင် အားတွေ့သည်။ သူဟာ သူကိုယ့်သူ ဦးထုပ်ဆောင်း၍ မျက်မှန်တပ်ကာ ရုပ်ဖျက်ထားသော်လည်း ကုနင်းနဲ့ အဖွဲ့ဟာ သူ့ကိုမြင်တာနဲ့ တန်းမှတ်မိလေသည်။
ကျီရှောက်မင်ဟာ ကုနင်းလဲ အတူပါလာတာကို မသိပေ။ သူထင်တာက လင်ရှောင်းထင်နှင့် ရှုကျင်းချန်တို့ နှစ်ယောက်ပဲလာမယ်လို့ ထင်တာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပုံမှန်အားဖြင့် Jမြို့ကို ကိစ္စရှိလို့လာရင် သူတို့နှစ်ယောက်တည်း လာတာကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျီရှောက်မင်ဟာ ကုနင်းကို တွေ့သည့်အခါ အနည်းငယ်အံ့ဩသွားသည်။ သို့သော်လည်း သူသည် ကုနင်းကိုလည်း ကြိုဆိုလိုက်သည်။
"မင်္ဂလာပါ မစ္စကု။ Jမြို့ကနေ ကြိုဆိုပါတယ်"ဟု ကျီရှောက်မင်က လင်ရှောင်းထင်နှင့် ရှုကျင်းချန်တို့အား ဘေးချိတ်ကာ ကုနင်းအား လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လေသည်။
သူတို့ဟာ အရမ်းရင်းနှီးပြီးသားဖြစ်တဲ့အတွက် သူ့အနေနဲ့ သူတို့ကို အာလာပါ့သလာပါ့ မေးနေစရာမလိုပေ။ လင်ရှောင်းထင်နှင့် ရှုကျင်းချန်တို့ဟာလည်း ဂရုမစိုက်ပေ။
"တွေ့ရတာ ဝမ်းသာပါတယ် မစ္စတာကျီ"ဟု ကုနင်းက ယဉ်ကျေးစွာပင် ပြန်ဖြေသည်။
"သွားကြရအောင်။ ဒီကထွက်သွားပြီးမှ ငါတို့စကားအေးဆေးပြောကြတာပေါ့"ဟု ကျီရှောက်မင်က ပြောသည်။
ထို့နောက် သူတို့သုံးယောက်လုံးဟာ ကျီရှောက်မင်အနောက်မှ လိုက်ကာ ထွက်သွားကြသည်။
ကားဟာ ခန်းမရှေ့တွင် ရပ်ထားသောကြောင့် သူတို့ဟာ အပြင်ကို ထွက်လာတာနဲ့ တပြိုင်နက် ကားပေါ်တန်းတက်လိုက်ကြသည်။
ကျီရှောက်မင်က သူတို့ကို တစ်ယောက်တည်း လာကြိုတာဖြစ်သည့်အတွက် ကားမောင်းသူက သူဖြစ်သည်။
"မင်းတို့ လက်နက်ခဲယမ်းကိစ္စနဲ့ လာတာလား ဒါမှမဟုတ် အခြားကိစ္စတစ်ခုခုရှိလို့လား"ဟု ကျီရှောက်မင်က သူတို့ကားပေါ်ရောက်တာနဲ့ မေးသည်။ "ပြီးတော့ အခန်းရော ငှားထားပြီးပြီလား။ ငါမင်းတို့ကို ငှားပေးဖို့ လိုသေးလား"
"ငါတို့က လက်နက်ခဲယမ်းကိစ္စနဲ့ လာတာမဟုတ်ဘူး။ ငါတို့ ကျီမိသားစုက ဒီရက်ပိုင်း ပြဿနာအနည်းငယ်နဲ့ ကြုံနေတယ်ကြားလို့လာတာ။ ငါတို့ အနေနဲ့ ကူညီပေးနိုင်တာ တစ်ခုခုရှိမလားဆိုပြီး လာကြည့်တာ"ဟု လင်ရှောင်းထင်ကပြောသည်။
"ဘာ"ဟု ထိုအရာကိုကြားတဲ့အခါ ကျီရှောက်မင်က အံ့ဩသွားပြီး "မင်းတို့ အဲ့ကိစ္စကို သိပြီးကြပြီပေါ့"ဟု မေးသည်။
သူဟာ မေးခွန်းမေးလိုက်ပေးမယ့်လည်း အဖြေကို တကယ်တော့ သိပြီးပြီဖြစ်သည်။ သူဟာ လင်ရှောင်းထင်ကို အလုပ်မရှုပ်ချင်သည့်အတွက် ထိုသတင်းဆိုးအား မပြောပြခြင်းဖြစ်သည်။ မထင်မှတ်ထားစရာပင် သူတို့ဟာ သူ့ကိုလာကူညီသည့်အတွက် သူ့ရင်ထဲတွင် အနည်းငယ်ထိသွားလေသည်။
"ဟုတ်တယ်"ဟု လင်ရှောင်းထင်က ပြောင်ရှင်းပဲ ပြောလိုက်သည်။
"မစ္စတာကျီ၊ မဖိတ်ပဲ လာတဲ့အတွက် ကျွန်မတို့ကို ခွင့်လွှတ်ပါ"ဟု ကုနင်းက ပြောသည်။ ထို့နောက် သူမက "ရုတ်တရက် လာလည်တာဖြစ်ပေမဲ့လည်း ပိုင်ယင်းက ကျွန်မရဲ့သူငယ်ချင်းကောင်းဖြစ်တဲ့အတွက် သူမဘာတွေ ဖြစ်နေလဲဆိုတာ ကြားရတဲ့အခါ ကျွန်မအနေနဲ့ တကယ်ကူညီပေးချင်ခဲ့တာပါ။ ကျွန်မက ရှောင်းထင်ကို အဲဒီအကြောင်းကို ပြောပြလိုက်ရတဲ့အကြောင်းက ရှင်နဲ့ ရှောင်းထင်ကလည်း သူငယ်ချင်းတွေ ဖြစ်နေလို့ပဲ။ ကျီမိသားစုဟာ ကျွန်မတို့နိုင်ငံရဲ့ လက်နက်ခဲယမ်းနဲ့ပတ်သတ်ပြီးလဲ မဟာမိတ်တွေဖြစ်တဲ့အတွက် သူ့အနေနဲ့လဲ တစ်ခုခုလုပ်ပေးဖို့လိုတယ်လေ"ဟု ရှင်းပြသည်။
ကုနင်းဟာ ကျီရှောက်မင်က သူတို့ကို မဖိတ်ဘဲလာတဲ့အတွက် အပြစ်မတင်ဘူးဆိုတာ သိသည်။ တကယ်တော့ သူက သူတို့အပေါ် အလွန်ကျေးဇူးတင်နေတာဖြစ်သည်။ သူ့ကို ကြည့်တာနဲ့တင် အသိသာပင်ဖြစ်သည်။
"ဒါပေါ့ အဲဒီအတွက် အပြစ်မတင်ပါဘူး။ မင်းရဲ့ ကြင်နာမှုနဲ့ အကူအညီအတွက် အရမ်းဂုဏ်ယူပြီး ကျေးဇူးတင်မိပါတယ်" ဟု ကျီရှောက်မင်က ဖြေသည်။
"ကောင်းပြီ။ အာလာပါ့သလာပါ့ပြောတာ တော်သင့်ပြီ။ အခုအခြေအနေ ဘယ်လိုဖြစ်နေပြီလဲ"ဟု ရှုကျင်းချန်က သူတို့ရဲ့ အာလာပါ့သလာပါ့ပြောနေတဲ့ကြားက ချက်ချင်းဖြတ်ပြောလိုက်သည်။ သူက အခုချိန်မှာ ကျီပိုင်ယင်းအပေါ် စိတ်ပူနေတာဖြစ်သည်။
ထိုအရာကိုပြောတဲ့အခါ ကျီရှောက်မင်က စိတ်ညစ်သွားဟန်ပုံဖြင့် "အခုတော့ Yနိုင်ငံကို ပို့တဲ့ ပစ္စည်းတွေနဲ့ လုပ်ငန်းတွေကို ခေတ္တရပ်ထားတဲ့အတွက် ငါတို့အနေနဲ့ အရှုံးအရမ်းပေါ်နေတယ်။ ကံကောင်းတာက အခြားနိုင်ငံတွေနဲ့ပတ်သတ်တဲ့ ပစ္စည်းတွေနဲ့ လုပ်ငန်းတွေတော့ ပြဿနာမရှိဘူး။ ငါတို့ဟာ ငါတို့ရဲ့သာမာန်ပူးပေါင်းမှုနဲ့ပဲ ဆက်လုပ်သွားရုံပဲ။ ချားစ်ရဲ့ လုပ်နိုင်စွမ်းကလဲ အကန့်အသတ်ရှိတယ်လေ မဟုတ်ရင် ကျီမိသားစုက သူဖျက်စီးတာနဲ့ ပျက်စီးနေပြီပဲ"ဟု ပြောသည်။
"ခြုံခိုတိုက်ခိုက်ခံရမှုတွေကရော"ဟု ကုနင်းက မေးသည်။
"တစ်စုံတစ်ယောက်က ကြိုစောင့်နေတာ ဒါမှမဟုတ် ပစ္စည်းလက်ခံမဲ့ဘက်ကို တာဝန်ယူထားရတဲ့ လူတွေထဲမှာ တိုက်ရိုက်ရောနှောပြီး ပစ္စည်းတွေကို တစ်ခါတည်း ဗုံးခွဲပစ်တာပဲ။ ပစ္စည်းတွေကို ဗုံးခွဲတဲ့လူတွေက သူတို့ဘက်က လူတွေမဟုတ်လို့ တာဝန်ယူဖို့က ငါတို့ပုခုံးပေါ်ကျလာတာပဲ။ ပစ္စည်းတွေကို ဘာမတော်တဆမှ မဖြစ်ဘဲ လုံးဝလွှဲပေးနိုင်မှ ငါတို့နဲ့ဘာမှမဆိုင်တော့မှာ"ဟု ကျီရှောက်မင်က ပြောသည်။
အဲ့တာက ချားစ်ရဲ့ လုပ်ရပ်ဖြစ်တာကြောင့် သူတို့ရဲ့ ထိုအကြောင်းကို ဘာမှမသိတဲ့ စီးပွားရေးလက်တွဲဖော်လဲ ထိခိုက်သွားသည်။ ပြီးတော့ ကျီမိသားစုဟာ သူတို့ဟာ ချားစ်ရဲ့ ပစ်မှတ်ဖြစ်တယ်ဆိုတာကို သိတဲ့အပြင် သူတို့ရဲ့ စီးပွားရေးလက်တွဲဖော်တွေက အပြစ်မရှိတာသိ၍ သူတို့အပေါ်လဲ လုံးဝအပြစ်မတင်ပေ။ ထို့အစား သူတို့ဟာ အပြစ်မကင်းသလို ခံစားနေရတာဖြစ်သည်။
ကျီမိသားစုတင်ပဲ ဆုံးရှုံးမှုများတာမဟုတ်ဘဲ သူတို့ရဲ့စီးပွားရေးလက်တွဲဖော်တွေဟာလည်း ပိုက်ဆံတွေအများကြီး ဆုံးရှုံးသွားရသည်။ သူတို့အနေနဲ့လည်း ကျီမိသားစုလိုပဲ အခြားသူတွေကို ပစ္စည်းတွေ ရောင်းရမှာမလို့ဖြစ်သည်။
ကံကောင်းစွာပင် သူတို့ဟာ ကျီမိသားစုနဲ့ လက်တွဲလာတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်၍ သူတို့အပေါ် ဒေါသမပုံချပေ။ သို့သော်လည်း အခုအချိန်တွင်းမှာတော့ သူတို့အနေနဲ့ ကျီမိသားစုနဲ့ ပူးပေါင်းတာ ခနရပ်ထားပြီး အခြားလက်နက်ရောင်းသူတွေဘက်ကို လှည့်နေရသည်။
"ကျွန်မ ပိုင်ယင်းနဲ့ ဖုန်းပြောထားတယ်။ အဲဒီခြုံခိုတိုက်မှုတွေရဲ့ ကျန်ခဲ့တဲ့သဲလွန်ဆတွေက Yနိုင်ငံက မိသားစုကြီးတစ်ခုကို ညွှန်ပြနေတယ်လို့ သူမကပြောတယ်။ Yနိုင်ငံမှာ ရှိနေတဲ့ မိသားစုကို ရှင်းလင်းဖို့ ရှင်တို့အနေနဲ့ ကျီမိသားစုအတွင်းမှာ အတွင်းရေးပြဿနာတွေဖြစ်နေလို့ ဖြေရှင်းဖို့မဖြစ်နိုင်သေးဘူးလို့လဲ သူမကကျွန်မကိုပြောတယ်"ဟု ကုနင်းက ပြောသည်။
"ဟုတ်တယ်"ဟု ကျီရှောက်မင်က ဖြေသည်။ "ချားစ်က အဲ့မိသားစုနဲ့ အပေးအယူတစ်ခုခုလုပ်ထားတယ်ဆိုတဲ့ ဖြစ်နိုင်ချေတစ်ခုလည်းရှိနေသေးတယ်။ တကယ်လို့အဲ့ဒီလိုသာဆိုရင် သူတို့ကို ငါတို့သွားတွေ့လည်း သူတို့က ငါတို့ကို ဝတ်ကြေတန်းကြေအဖြေလောက်ပဲ ပေးပြီး ငါတို့ကို တကယ်ကူညီပေးနိုင်မဲ့အရာ တစ်ခုမှ လုပ်မှာမဟုတ်ဘူး။ အဲဒီအချိန်ကျရင် ငါတို့အနေနဲ့လည်း ဘာမှမလုပ်နိုင်ဘူး"ဟု ပြောသည်။
အဲ့တာလည်း ဖြစ်နိုင်ချေများတယ်။ အဘယ်ကြောင့်ဆိုသော် ထိုကိစ္စမျိုးဟာ ခဏခဏဖြစ်ဖူး၍ ဖြစ်သည်။
ကုနင်းဟာ ထိုကိစ္စကို ခဏတာစဉ်းစားပြီးနောက် "တကယ်တော့ ဒီကိစ္စက ချားစ်နဲ့ တစ်ခုခုပတ်သတ်နေတယ်ဆိုတဲ့ သဲလွန်စက ရှာဖို့မလွယ်ပေမဲ့ ဒီပြဿနာအတွက် ဖြေရှင်းနည်းလမ်းတစ်ခုတော့ရှိတယ်"ဟုပြောသည်။
"ဘာနည်းလမ်းလဲ"ဟု ကျီရှောက်မင်နှင့် ရှုကျင်းချန်က အမြန်ပဲ မေးသည်။ လင်ရှောင်းထင်ဟာလည်း ကုနင်းဘက် လှည့်ကြည့်ကာ သူမဆက်ရှင်းပြမှာကို စောင့်နေသည်။
သူတို့က အထူးသဖြင့် လင်ရှောင်းထင်နဲ့ ရှုကျင်းချန်တို့ဟာ ကုနင်းက သာမာန်မိန်းကလေး မဟုတ်တာကို သိသည့်အတွက် သူမမှာ အကြံကောင်းရှိတယ်လို့ ပြောရင် တကယ်ရှိ၍ဖြစ်မည်။ ပြီးတော့ ကိစ္စအများစုမှာလည်း သူမအကြံအစည်ဟာ အောင်မြင်လေသည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၃၀ သတ်လိုက်ကြတာပေါ့
"ပထမဆုံး၊ ကျွန်မတို့အနေနဲ့ ချားစ်ခရစ်တန်ကို တစ်ခါတည်းသတ်ပစ်လို့ရတယ်။ ဒီကိစ္စတွေရဲ့ နောက်ကွယ်ကလူက သူဆိုတာငါတို့သေချာတဲ့အပြင် ကျွန်မတို့အနေနဲ့ သက်သေဆိုတာမျိုးလိုမှမလိုတာ။ ကျွန်မပြောတဲ့သဘောက ဘာသက်သေမှ မချန်ဘဲ တစ်ခါတည်းအပြတ်ရှင်းနည်းမျိုး"ဟု ကုနင်းက ပြောသည်။
ချားစ်ခရစ်တန်ကိုယ်တိုင်ကလဲ လူကောင်းတစ်ယောက်မှ မဟုတ်ပေ။ ကျီမိသားစုကိုတိုက်ခိုက်တာနဲ့တင် သူ့အတွက် သေသွားတာက ညှာတာရာတောင် ရောက်သေးတယ်။
"ငါတို့အနေနဲ့ ချားစ်သတ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် သူ့ကိုခြေရာခံဖို့တော့ လွယ်မှာမဟုတ်ဘူး"ဟု ကျီရှောက်မင်က ဖြေသည်။ ထိုခြိမ်းခြောက်မှုတွေအတွက် သူ့လည်းပဲ ချားစ်ခရစ်တန်ကို သတ်ပြစ်ချင်နေတာဖြစ်သော်လည်း လူမသိအောင် တိတ်တဆိတ်လုပ်ဖို့ကခက်ခဲလေသည်။ တကယ်လို့ ခရစ်တန်မိသားစုသာ အဖြစ်မှန်သိသွားရင် ကျီမိသားစုကို လက်ညှိုးထိုးလာမှာဖြစ်သည်။ ပြဿနာဖြစ်လာရင် နှစ်ဘက်လုံးအတွက် အကျိုးလဲမရှိပေ။
ပိုအရေးကြီးတာက ကျီမိသားစုတွေအနေနဲ့ မိသားစုအတွင်းရေး ပြဿနာတွေဖြေရှင်းလို့ မပြီးသေးတဲ့အတွက် အာရုံမလွှဲနိုင်သေးတာပဲ။ ချားစ်ခရစ်တန်ရဲ့ ပေါ်ပေါ်ထင်ထင်ခြိမ်းခြောက်မှုတွေရှိတာတောင် သူတို့အရှေ့မှာ သူမတ်တပ်ရပ်ရင်တောင် သူတို့မှာ ဆက်ပြီးသာ ငြင်းခုန်စကားများနိုင်လေသည်။
ကုနင်းလက်ခံသည်...။ Yနိုင်ငံက ကြီးလွန်းတဲ့အတွက် သူ့ကို ခြေရာခံရန်မလွယ်ကူပေ။ ကိုယ့်နိုင်ငံမှာသာဆို သူတို့ရဲ့ ဩဇာအာဏာသုံးပြီး ရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးစနစ်ကို အသုံးပြုကာ သူ့ကိုစုံစမ်းစစ်ဆေးနိုင်သည်။ သူလေယာဉ်ပျံစီးတာတို့ ဒါမှမဟုတ် ဟိုတယ်မှာ checked inလုပ်လိုက်တာနဲ့ သူ့နေရာကို ချက်ချင်းတန်းသိနိုင်လေသည်။
"ဒုတိယရွေးချယ်ကတော့ Yနိုင်ငံမှာရှိတဲ့ သူ့ရဲ့စီးပွားရေးလက်တွဲဖော်နဲ့ သိအောင်လုပ်ရမှာပဲ။ ငါတို့အနေနဲ့ သူတို့ကို ချားစ်နဲ့ စီးပွားရေးအပေးအယူကို ဒီနေ့ ဒါမှမဟုတ် မနက်ဖြန် လုပ်ခိုင်းရမယ်။ ရှောင်းထင်နဲ့ကျွန်မနဲ့က သူတို့ရဲ့ လက်အောက် ငယ်သားပုံစံအဖြစ်နဲ့ ဟန်ဆောင်လို့ရတယ်။ စိတ်ပူစရာမလိုဘူး။ ငါတို့အနေနဲ့ အဲ့အပေးအယူအလုပ်မဖြစ်ဖို့အတွက် လုံးဝ တာဝန်ယူနိုင်တယ်။ အပေးအယူကိစ္စအနည်းငယ် မအောင်မြင်တာများလာတဲ့အခါ ချားစ်အနေနဲ့ အေးအေးဆေးဆေး နေနိုင်မှာမဟုတ်တော့ဘူး။ သူကိုယ်တိုင် အပေးအယူလုပ်လာရင် ပိုတောင်ကောင်းသေးတယ်။ ကျွန်မတို့အနေနဲ့ သူတို့ကို တခါတည်း အပြတ်ရှင်းလို့ရတယ်"ဟု ကုနင်း ကပြောသည်။
"ဘာလို့ ရှောင်းထင်နဲ့မင်းနဲ့ပဲလဲ။ ငါကကျတော့ရော"ဟု ရှုကျင်းချန်က မပျော်မရွှင်ဖြင့် မေးသည်။ သူဟာ ချားစ်ကို သူကိုယ်တိုင် အဆုံးသတ်ပြစ်ချင်နေသည်။
"ရှင်လုပ်ရမဲ့အခြားအလုပ်တွေ ကျွန်မမှာရှိတယ်"ဟု ကုနင်းက ပြောသည်။
အခြားလုပ်စရာတွေလား။ ချားစ်ခရစ်တန်ကို သူကိုယ်တိုင်သတ်ဖို့ကရော။ သို့သော်လည်း ကုနင်းက သူမဘာလုပ်ရမှာလဲဆိုတာ သိတဲ့လူဖြစ်တဲ့အတွက် သူ့မဆုံးဖြတ်ချက်ကို သူ့အနေနဲ့ ငြင်းနိုင်စရာမရှိပေ။
"တကယ်လို့ သူကိုယ်တိုင်မထွက်လာသေးဘူးဆိုရင်တောင် တတိယနည်းလမ်းရှိသေးတယ်။ ရှောင်းထင်နဲ့ငါနဲ့ အခြား ခရစ်တန်မိသားစုဝင်တွေကို တိုက်ခိုက်လို့ရတယ်။ ငါတို့အနေနဲ့ ချက်စ်ကိုတိုက်ခိုက်ပြီး ချားစ် အပေါ် အပြစ်ပုံချလို့လဲရတယ်။ အဲဒီအချိန်ကျရင် ချက်စ်က ငါတို့အစား ချားစ် ဖြေရှင်းပေးလိမ့်မယ်။ အဲ့ကျရင် ချားစ်အနေနဲ့ ကျီမိသားစုကို နှောက်ယှက်ဖို့ အချိန်ရှိမှာမဟုတ်ဘူး။ သူအနေနဲ့ ချက်စ် လက်ထဲမှာတောင် သေရင်သေသွားနိုင်တယ်။ ငါ့အနေနဲ့ ဒုတိယနည်းက အချိန်ကြာတဲ့နည်းလို့ထင်ပြီး တတိယနည်းနဲ့ တန်းသွားလိုက်ရင် တစ်ခါတည်းဖြေရှင်းပြီးဖြစ်သွားမယ်လို့ထင်တယ်။ တကယ်လို့ ဒုတိယနည်းက အသုံးမဝင်ရင်တောင် ငါတို့အနေနဲ့ တတိယနည်းသုံးလို့ရသေးတယ်"ဟု ကုနင်းက ဆက်ပြောသည်။
"အဲ့နည်းလမ်းတွေက တော်တော်ကောင်းတဲ့အကြံအစည်တွေ ဖြစ်ပေမဲ့လည်း ဘယ်လောက်အန္တရာယ်များလဲဆိုတာကို စဉ်းစားကြည့်မိရင် ငါ့အနေနဲ့ နင်တို့ကို မစွန့်စားစေချင်ဘူး"ဟု ကျီရှောက်မင်အနေနဲ့ ကုနင်းရဲ့ အကြံအစည်က အရမ်းပြောင်မြောက်တယ်လို့ ခံစားရပေမဲ့လည်း သူတို့ကို အရမ်းအန္တရာယ်များတဲ့အထဲ တွန်းပို့သလိုဖြစ်လို့ သူ့အနေနဲ့ အပြစ်မကင်းသလို ခံစားရနေသည်။ တကယ်လို့ သူတို့သာ တစ်ခုခုဖြစ်သွားခဲ့ရင်ရော။ သူတို့အနေနဲ့ အစကတည်းက ဒီပြဿနာထဲ ဝင်ပါစရာ မလိုဘူးဖြစ်သည်။
"ရှင်းရှင်းပြောရရင် ပိုင်ယင်းက ကျွန်မသူငယ်ချင်းမလို့ ရှင့်ကိုကူညီပေးနေတာ။ ဒါပေမယ့် ကျွန်မအနေနဲ့လည်း ကိုယ့်သေတွင်းကိုယ်မတူးချင်တဲ့အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိရင် ဒီကိုလာမှာမဟုတ်ဘူး။ သူငယ်ချင်းတစ်ယောက်အတွက် ကိုယ့်အသတ်ကို စွန့်ပစ်ရလောက်အောင်ထိ ကျွန်မအနေနဲ့ မမြင့်မြတ်သေးဘူး"ဟု ကုနင်းက ပြောသည်။
"ဒါပေမယ့်....."ဟု သူမဟာ စိတ်ပူစရာမလိုကြောင်း ပြောနေပေမဲ့လည်း ကျီရှောက်မင် ကတော့ သူမကို ဒီပြဿနာထဲ ဝင်ပါစေတာ မှားတယ်လို့ခံစားရဆဲဖြစ်သည်။ သူ့ကို စိတ်ထဲမကောင်းမဖြစ်အောင် ကုနင်းကထို့သို့ပြောနေတာဆိုတာကိုလဲ သူသိသည်။
"ဒါဆိုဒီလိုဆိုရင်ရော"ဟု ကျီရှောက်မင် စကားမဆုံးခင်မှာပဲ ကုနင်းက ဖြတ်ပြောလိုက်သည်။ အဲလိုလုပ်တာဟာ အနည်းငယ်ရိုင်းပေမဲ့လည်း အခုချိန်မှာ အဲ့လိုတွေ စဉ်းစားနေရမယ့်အချိန်မဟုတ်ပေ။ "ကျွန်မတို့အနေနဲ့ အပေးအယူတစ်ခုလုပ်ရင်ရော။ တကယ်လို့ကျွန်မသာ ချားစ်ခရစ်တန်ကို သတ်နိုင်ရင် ရှင့်အနေနဲ့ ကျွန်မကို ဒေါ်လာ၅၀၀မီလီယံပေး။ တကယ်လို့ ကျွန်မက ချားစ်ခရစ်တန်ကို မသတ်နိုင်ဘဲ နောက်ဆုံးမှာ ချက်စ်ခရစ်တန်က ချားစ်ခရစ်တန်ကို ဖြေရှင်းလိုက်ရတယ်ဆိုရင်တော့ ရှင့်အနေနဲ့ ဒေါ်လာ၂၀၀မီလီယံပဲပေး။ အဲ့လိုဆိုရင် ရှင့်အနေနဲ့ စိတ်ထဲမကောင်းဖြစ်နေစရာ မလိုတော့ဘူး"
ကုနင်းရဲ့လေသံက အများကြီးတောင်းနေတဲ့ပုံပေါက်ပေမဲ့လည်း ဒီငွေပမာဏလောက်ဟာ ကျီမိသားစုအတွက်တော့ ဘာမှမပြောပလောက်တဲ့ ဂဏာန်းအနည်းငယ်လောက်သာဖြစ်သည်။ ကျီမိသားစုဟာ ရှန်းရှစ်အဖွဲ့အစည်းထက်ပိုပြီး ချမ်းသာကြွယ်ဝမှုတွေ အများကြီးပိုများပေမဲ့လည်း အများစုဟာ တရားမဝင်နည်းလမ်းကနေ ရလာတာဖြစ်သည်။
သူမဟာ ကျီရှောက်မင်အနေနဲ့ စိတ်အေးသွားစေဖို့ ကူညီရန်အတွက်သာ ငွေတောင်းနေတာဖြစ်သည်။
ကျီရှောက်မင်ဟာ ဘာမှမပြောဘဲ လင်ရှောင်းထင်အား ကြည့်လိုက်သည်။ ကုနင်းက အများကြီးတောင်းနေတယ်လို့လဲ သူ့အနေနဲ့ မထင်ပေ။ သူ့အနေနဲ့ ထိုငွေလောက်ကို စိတ်ပူစရာမလိုသော်လည်း စစ်ဆင်ရေးကို ဘယ်လောက်တောင်အန္တရာယ်များလဲဆိုတာကို စိတ်ပူနေခြင်းဖြစ်သည်။
ကုနင်းက သူ့အနေနဲ့ ခံစားလို့မကောင်း မဖြစ်အောင် ပိုက်ဆံတောင်းနေတာဆိုတာလဲသိသည်။
"ငါကတော့ သူမဆုံးဖြတ်ချက်မှန်သမျှကို ထောက်ခံပြီးသား"ဟု လင်ရှောင်းထင် ကဖြေသည်။ သူ့အနေနဲ့ ကုနင်းကိုလုံးဝထောက်ခံသော်လည်း သူကိုယ်တိုင်လဲ ဒီအကြံအစည်က တကယ်ကောင်းတယ်လို့ခံစားရလို့ဖြစ်သည်။ ပြီးတော့ ဒီပြဿနာအတွက် ဒါဟာ သူတို့ရဲ့ အကောင်းဆုံးနည်းလမ်းမလို့လဲဖြစ်သည်။
ကုနင်းအနေနဲ့ ပိုက်ဆံတောင်းတဲ့အပေါ်မှာလဲ သူမဟာ လောဘကြီးတယ်လို့ လင်ရှောင်းထင်က မထင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူမဟာ ကျီရှောက်မင် စိတ်အေးရန်လုပ်တာမှန်း သူသိ၍ ဖြစ်သည်။ ထို့အပြင် အဲဒီလောက်ငွေပမာဏဟာ ကျီမိသားစုအတွက် ဘာမှမဟုတ်လို့ဖြစ်သည်။
ကျီရှောက်မင်ဟာ သူတို့ရဲ့အကူအညီကို တကယ်လိုအပ်နေ၍ လက်ခံရန်ဆုံးဖြတ်လိုက်သည်။ "အဲ့တာဆို မင်းတို့ရဲ့ တောင်းဆိုမှုကို ငါလက်ခံတယ်။ ဒါပေမယ့် ပိုက်ဆံကို ၁ဘီလီရမ် ဒါမဟုတ် ၅၀၀မီလီယံဒေါ်လာအဖြစ် ပြောင်းပြီး နှစ်ဆပေးချင်တယ်။ ဟုတ်ပြီလား"
ပိုက်ဆံဆိုတာ ကျီမိသားစုအတွက် ကိန်းဂဏန်းသာသာပဲဆိုတာ ကုနင်း သိသည်။ ကျီရှောက်မင်အနေနဲ့ ပိုက်ဆံဘယ်လောက်ပဲပေးရပေးရ ကိစ္စမရှိပေ။
"အပေးအယူဖြစ်ပြီပဲ"ဟု ကျီရှောက်မင် ကပိုပေးချင်နေမှတော့ ကုနင်း အနေနဲ့ ငြင်းနေစရာအကြောင်းမရှိပေ။ အရူးတွေပဲ ပိုက်ဆံမလိုချင်မှာ ဖြစ်သည်။
"အခုဘဲ ငါတို့ရဲ့အစီအစဉ်ကို ဆုံးဖြတ်ပြီးပြီဆိုတော့ ငါတို့အနေနဲ့ ချက်ချင်း အကောင်အထည်ဖော်သင့်တယ်။ Yနိုင်ငံက တော်တော်ဝေး၍ဖြစ်သည်။ ရှောင်းထင်၊ ဝေ့မြို့ကို အစောဆုံးရောက်နိုင်တဲ့ လေယာဉ်ပျံလက်မှတ်ကဘယ်တော့လဲဆိုတာ စစ်ပေးပါလား"ဟု ကုနင်းကပြောသည်။
ခရစ်တန်ဌာနချုပ်ဟာ Yနိုင်ငံရဲ့ ဝေ့မြို့မှာ တည်ရှိ၍ဖြစ်သည်။
"အိုကေ"ဟု လင်ရှောင်းထင်ဟာ သူ့ရဲ့ဖုန်းကိုထုတ်၍ ချက်ချင်း လေယာဉ်ချိန် စစ်လေသည်။
"အစောဆုံးလေယာဉ်က ဒီမနက်၉:၂၅ မှာထွက်မှာ။ ၁၇နာရီကြာခရီးစင်ပဲ"ဟု လင်ရှောင်းထင် ကပြောသည်။
အခုချိန်ဟာ မနက်၇:၀၀ထိုးခါနီးပြီဖြစ်တဲ့အတွက် လေယာဉ်မှီဖို့ ၂နာရီအချိန်ရသေးသည်ဖြစ်သည်။ သူတို့အနေနဲ့ အခုချိန် လေဆိပ်ကိုပြန်လှည့်ရင် အချိန်မှီလောက်သေးသည်။ သူတို့အနေနဲ့ လုံခြုံရေးစစ်ဆေးတာနဲ့ လေဆိပ်စစ်စေးရေးကိုဖြတ်ဖို့အတွက် အချိန်ကွက်တိလောက်ပင်ဖြစ်သည်။
"ကျွန်မတို့အတွက် လက်မှတ်တွေရော ကျန်သေးရဲ့လား"ဟု ကုနင်းကမေးသည်။
"ကျန်သေးတယ်"ဟု လင်ရှောင်းထင် ကပြန်ဖြေသည်။
"ကောင်းတယ်။ အခုဝယ်လိုက်တော့။ လေဆိပ်ကို ပြန်သွားကြရအောင်"ဟု ကုနင်းက ပြောသည်။ "ကျင်းချန်၊အခုတော့ ကျီမိသားစုစံအိမ်မှာ ခဏနေလိုက်ဦး။ ငါဘက်မှာ အဆင်သင့်ဖြစ်ရင် နင်လုပ်ရမဲ့အလုပ်အသေးစိပ်ကို ငါပို့ပေးလိုက်မယ်"
ကုနင်းဟာ ရှုကျင်းချန်ကို မခေါ်ရတဲ့အကြောင်းပြချက် ၂ခုရှိသည်။ ပထမအနေနဲ့ သူသာပါနေရင် ကုနင်းနဲ့ လင်ရှောင်းထင်တို့အနေနဲ့ သူတို့ရဲ့အစွမ်းတွေကိုသုံးရန် ခက်ခဲသောကြောင့်ဖြစ်သည်။ သူတို့ဟာ သာမာန်လူတွေမဟုတ်တာ ဖြစ်၍ သူတို့အနေနဲ့ ရှုကျင်းချန်ကို ရှင်းပြဖို့ရန် ခက်ခဲလေသည်။ ထို့ကြောင့် ရှုကျင်းချန် မလိုက်လာတာ ပိုကောင်းလေသည်။
ဒုတိယအနေနဲ့ သူမဟာ ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းကို အောင်သွယ်ပေးချင်၍ဖြစ်သည်။ သူမဟာ သူတို့နှစ်ယောက်ကို အတူတူအချိန်တွေ အကြာကြီးရှိနေစေပြီး သူတို့နှစ်ယောက်ကြားမှာ ခံစားမှုတွေတိုးလာမလားဆိုလဲ ကြည့်ချင်၍လည်းဖြစ်သည်။
ရှုကျင်းချန်ဟာ ကုနင်းရဲ့အကြံအစည်ကို မသိသော်လည်း ကျီရှောက်မင်ကတော့ အနည်းငယ်ရိပ်မိလေသည်။ သူ့အနေနဲ့ လုံးဝမသေချာပေမဲ့လည်း အဲဒီလိုဖြစ်မယ်လို့ထင်သည်။ သို့သော်လည်း သူ့အနေနဲ့ သူတို့ချစ်သူတွေ ဖြစ်ရင် ပျော်သည့်အတွက် ကုနင်းရဲ့ အကြံအစည်ကို မဖော်လိုက်ပေ။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၃၁ သူမကိုပျော်အောင်ထား
ကျီရှောက်မင်သည် ရှုကျင်းချန်က လူကောင်းတစ်ယောက်လို့ထင်ပြီး ကျီပိုင်ယင်းကို ရှုကျင်းချန်အား လက်တွဲဖော်အဖြစ် စဉ်းစားစေချင်သည်။ သို့ပေမယ့်လည်း ကျီပိုင်ယင်းကအရင်က လင်ရှောင်းထင်ကိုသဘောကျဖူးပေသည်။
စိတ်မကောင်းစွာပင် လင်ရှောင်းထင်အနေနဲ့ သူမကို ဘယ်တော့မှ လွယ်လွယ်နဲ့စိတ်ဝင်စားလာနိုင်မှာမဟုတ်ပေ။ ထို့အပြင် အခုချိန်တွင် လင်ရှောင်းထင်မှာ ကုနင်းရှိနေပြီဖြစ်သည်။
ကျီရှောက်မင်အနေနဲ့ အခုချိန်မှာတော့ ကျီပိုင်ယင်းဟာ ရှုကျင်းချန်အပေါ် ခံစားချက်တွေ ရှိလာနေတာကိုသိသည်။ ရှုကျင်းချန်အနေနဲ့လည်း ကျီပိုင်ယင်းအပေါ် ထိုသို့ခံစားချက်ရှိနေကိုလဲ သူသိသည်။ ထိုသို့မဟုတ်လျင် သူ့အနေနဲ့ ကုနင်းက သူတို့ကို အောင်သွယ်လုပ်ပေးနေတာကို ခွင့်ပြုမှာမဟုတ်ပေ။ အဘယ်ကြောင့်ဆို ကျီပိုင်ယင်းအနေနဲ့ ရှုကျင်းချန်ကို သဘောမကျဘဲ အတင်းဖိအားပေးပြီးတွဲခိုင်းလိုက်ရင် ဒီဆက်ဆံရေးမျိုးဟာ တာရှည်မခံမှာမလို့ဖြစ်သည်။
"ကောင်းပြီလေ"ဟု ကုနင်းမှာ ရှုကျင်းချန်အတွက် အစီအစဉ်ရှိ၍ သူလက်ခံလိုက်ရသည်။
ကျီရှောက်မင်ဟာ ကားကိုပြန်လှည့်၍ ကုနင်းနှင့် လင်ရှောင်းထင်တို့အား လေဆိပ်ကို ပြန်ပို့ပေးလေသည်။
သူတို့ဟာ လေဆိပ်မှ ထွက်လာခါစပဲရှိသေး၍ ၁၀မိနစ်အတွင်းမှာပင် ပြန်ရောက်လေသည်။
....
ကုနင်းနှင့် လင်ရှောင်းထင်တို့ဟာ ကားထဲမှထွက်ကာ လေဆိပ်ထဲဝင်သွားပြီး ရှုကျင်းချန်ကတော့ ကျီရှောက်မင်နဲ့အတူ ကျီမိသားစုစံအိမ်ဆီ လိုက်ပါသွားလေသည်။
ရှုကျင်းချန်ဟာ ကျီမိသားစုစံအိမ်ကို ရောက်ပြီးတဲ့အခါမှာတော့ ကုနင်းနှင့် လင်ရှောင်းထင်ဟာ လေယာဉ်ပေါ်စတက်ကြလေသည်။ ကုနင်းသည် ရှုကျင်းချန်အား စာတိုတစ်စောင်ပို့လိုက်လေသည်။
"ကျင်းချန်၊ ရှင့်ရဲ့တာဝန်က ပိုင်ယင်းကို အဖော်ပြုပေးပြီး သူမကို ပျော်အောင်ထားဖို့ပဲ။ တကယ်လို့ ကျွန်မပြန်လာလို့မှ သူမ,မပျော်ဘူးလို့ကြားရင် ရှင့်တာဝန် ကျရှုံးတယ်လို့ မှတ်ယူပြီး အပြစ်ပြေးခံရမယ်မှတ်။ ရှင့်ကို စစ်တပ်စည်းကမ်းအတိုင်း အပြစ်ပေးမယ်လို့လဲ ရှောင်းထင်ကပြောတယ်"ဟု ကုနင်းက ပြောသည်။
ကုနင်းဟာ စာတိုတစ်စောင်ပို့ပြီးနောက် သူမရဲ့ဖုန်းကို ပိတ်လိုက်လေသည်။
ရှုကျင်းချန်ဟာ ကုနင်းရဲ့ စာတိုကိုတွေ့တဲ့အခါမှာ ကြောင်အသွားလေသည်။ ကုနင်းက သူ့ကို ကျီမိသားစုစံအိမ်ကိုပို့ရတဲ့ရည်ရွယ်ချက်ကိုလဲ သူသဘောပေါက်သွားလေသည်။
ရှုကျင်းချန်ဟာ မကောင်းတာတစ်ခုခုလုပ်ထားတာကို မိသွားခံရသည့်အလား ကို့ရို့ကားယားခံစားသွားရလေသည်။ သူ့ရင်ထဲမှာ ခံစားချက်သိပ်မကောင်းသလို ခံစားလိုက်ရလေသည်။ သူဟာ သူ့ခံစားချက်ကို ကောင်းကောင်းဖုံးကွယ်ထားနိုင်တယ်လို့ ထင်ပေမဲ့လည်း အကုန်လုံးကတော့ တန်းသိနေလေသည်။
ကျီရှောက်မင်ဟာ ရှုကျင်းချန်ကို ဧည့်ခန်းထဲကို ဦးဆောင်ခေါ်သွားကာ ထို့နောက် "အို ဒါနဲ့ ငါ့မှာလုပ်စရာကိစ္စလေးတွေရှိသေးလို့ ပိုင်ယင်းကို မင်းနဲ့စကားလာပြောဖို့ ခေါ်ပေးမယ်။ မင်းကို မစ္စကုပေးတဲ့ တာဝန်နဲ့ ပတ်သတ်ပြီး အကူအညီလိုရင် ငါ့ကိုပြော"ဟု ပြောသည်။
ကျီရှောက်မင်ဟာ ရှုကျင်းချန်ကို ဒီမှာထားသွားတဲ့ ကုနင်းရဲ့ ရည်ရွယ်ချက်ကို တွေးမိသော်လည်း အဲ့တာက ခန့်မှန်းချက်သာဖြစ်ပြီး သူမအနေနဲ့ သူ့အပေါ် တကယ်တာဝန်တစ်ခုခု ပေးသွားတာလဲ ဖြစ်နိုင်လို့ဖြစ်သည်။
ကျီရှောက်မင်ဟာ သူ့အနေနဲ့ ထိုကိစ္စကို မေးသင့်လားမသေချာ၍ မမေးခြင်းဖြစ်သည်။ ထို့အစား ရှုကျင်းချန်အနေနဲ့ အကူအညီလိုရင် ကူညီပေးနိုင်ဖို့ ပြောခြင်းဖြစ်သည်။
ရှုကျင်းချန်ဟာ သူ့ကိုပေးတဲ့ ကုနင်းရဲ့တာဝန်ကို တွေးမိတဲ့အခါ ခံစားချက်မကောင်းသလိုခံစားရသော်လည်း သူ့အနေနဲ့ ကျီရှောက်မင်ရဲ့ အကူအညီအပေါ် ကျေးဇူးတင်လိုက်လေသည်။
ကျီရှောက်မင်ဟာ ကျီပိုင်ယင်းကိုခေါ်ပေးရန် အပေါ်ထပ်တက်သွားလေသည်။
ကျီပိုင်ယင်းဟာ သူတို့အခုတစ်လော ကြုံတွေ့နေရတဲ့ မိသားစုပြဿနာဟာ သူမကြောင့်ဖြစ်၍ ဘယ်မှမသွားဘဲ အိမ်ထဲမှာပဲ နေနေတော့ အတော်ကြာပြီဖြစ်သည်။ သူမအတွက် အိမ်မှာ အချိန်ဖြုန်းစရာ နည်းလမ်းတွေအများကြီးရှိသော်လည်း အပြင်သွားရတာလောက် ပျော်စရာမကောင်းပေ။ သူမတွင် အစကတည်းက ဒီမြို့မှာ သူငယ်ချင်းသိပ်မရှိ၍လည်း ဖြစ်သည်။ အခုသူမရဲ့သူငယ်ချင်းတစ်ယောက်ဟာ လက်ထပ်သွားပြီး Yမြို့ကိုပြောင်းသွားကာ အခြားတစ်ယောက်ကတော့ Celebrityဖြစ်ကာ အိမ်ပြန်လာခဲ၍ သူမအနေနဲ့ သူတို့နှစ်ယောက်နဲ့ သိပ်စကားမပြောဖြစ်ပေ။ သူမမှာ ရှိတဲ့ အခြားသူငယ်ချင်းတစ်ယောက်ကလဲ ရှမိုင်ချီ ဖြစ်ကာ သူမဟာလဲ ပြည်ပရောက်နေသည် ဖြစ်သည်။
သူမဟာ သူတို့ကို ဖုန်းနဲ့ပဲ မကြာခဏ စကားပြောတာဖြစ်သည်။ သူတို့အားလုံးဟာ အလုပ်များနေကြပြီး သူမလို အားယားမနေ၍ ဖြစ်သည်။
.....
ကျီရှောက်မင်ဟာ ကျီပိုင်ယင်းရဲ့ အခန်းကိုသွားကာ သူမအား၍ သူ့အစား ဧည့်သည့်တစ်ယောက်အား ဧည့်ခံပေးဖို့ပြောသည်။ သို့သော်လည်း ထိုဧည့်သည်က ဘယ်သူလဲဆိုတာတော့ သူသေချာမပြောလိုက်ပေ။ သူဟာ ကျီပိုင်ယင်းကို အံ့အားသင့်ဖို့ ဆုံးဖြတ်လိုက်လို့ဖြစ်သည်။
ကျီပိုင်ယင်းဟာ အခုနောက်ပိုင်း အရမ်းပျင်းရိနေတာဖြစ်သည်။ သူမရဲ့အစ်ကိုဟာ မအား၍ သူ့သူငယ်ချင်းကို သူမအားဧည့်ခံပေးဖို့ပြောတဲ့အခါ သူမအနေနဲ့ ပျော်ရွှင်စွာပင် အကူအညီပေးလေသည်။
"ဘယ်သူလာတာလဲ"ဟု ကျီပိုင်ယင်းက မေးသည်။
"နင်နဲ့သိတဲ့ သူငယ်ချင်းဟောင်းတစ်ယောက်ပဲ။ မြန်မြန်သွားပြီး ဧည့်ခံချေ။ ငါ့မှာ အရေးတကြီး လုပ်စရာကိစ္စတွေ ရှိသေးလို့"ဟု ကျီရှောက်မင်က မြန်မြန်ပြော၍ စာကြည့်ခန်းထဲဝင်သွားလေသည်။
သူမနဲ့လဲရင်းနှီးတဲ့ ကျီရှောက်မင်ရဲ့ သူငယ်ချင်းဟောင်းဆိုရင် ဖြစ်နိုင်ချေရှိတဲ့လူအနည်းငယ်သာရှိလေသည်။ သို့သော်လည်း ကျီပိုင်ယင်းဟာ ကျီရှောက်မင်ရဲ့သူငယ်ချင်းက မြို့ထဲကလို့ပဲထင်ပြီး ပြည်ပကလာတဲ့လူဆိုတာတော့ မတွေးမိလိုက်ပေ။
ကျီပိုင်ယင်းဟာ မြန်မြန်ပဲ ခြေလက်သန့်စင်ကာ အောက်ထပ်ဆင်းသွားလေသည်။
ဧည့်ခန်းထဲတွင် ထိုင်နေတဲ့ ရှုကျင်းချန်ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း သူမဟာ ချက်ချင်း ကြောင်အသွားပြီး သူမရဲ့နှလုံးခုန်သံတွေဟာလည်း မြန်လာလေသည်။
သူလား။ သူဒီကို ဘာကိစ္စနဲ့ လာတာလဲ။
ကျီပိုင်ယင်းဟာ ရှုကျင်းချန်အနေနဲ့ သူ့မကို တကူးတကလာလည်တယ်လို့မထင်ဘဲ အလုပ်ကိစ္စနဲ့လာတာလို့ထင်သော်လည်း သူ့ကိုမြင်လိုက်တာနဲ့ တပြိုင်နက်တည်း သူမရဲ့ စိတ်က ရွှင်ပြသွားလေသည်။
ရှုကျင်းချန်က မော့ကြည့်တာကို မြင်လိုက်တဲ့အခါ ကျီပိုင်ယင်းဟာ ကိုယ့်ကိုကိုယ်ချက်ချင်းတည်ငြိမ်အောင်ထိန်းလိုက်ကာ အောက်ထပ်အား ဘာမှမဖြစ်လို့ဆင်းကာ သူ့ဆီလမ်းလျှောက်သွားလေသည်။ သူမဟာ အရာအားလုံးအား ပုံမှန်လိုပဲ ဟန်ဆောင်လေသည်။
ကျီပိုင်ယင်းကို မြင်လိုက်တဲ့အခါ ရှုကျင်းချန်ရဲ့ နှလုံးသားဟာ အရမ်းရင်ခုန်သွားလေသည်။ သူ့ပုံစံဟာ အနည်းငယ်ခံစားချက်မကောင်းပုံပေါ်သော်လည်း သူမသတိမထားမိစေချင်တဲ့အတွက် သူ့ကိုယ်သူ တည်ငြိမ်အောင် ချက်ချင်းဖိပြီး နေလိုက်သည်။
"ရှင်ကိုး။ အလုပ်ကိစ္စနဲ့ ဒီကိုလာတာလား"ဟု ကျီပိုင်ယင်းက မေးသည်။
"ဟုတ်တယ်။ ဒီကို အလုပ်ကိစ္စလေးနဲ့ လာတာ"ဟု ရှုကျင်းချန်က ပြောသည်။
"တစ်ယောက်တည်း လာတာလား"ဟု ကျီပိုင်ယင်းက မေးသည်။
"အစကတော့ အခြားသူတွေပါပေမဲ့ အခုတော့ တစ်ယောက်ထဲပဲ ကျန်တော့တယ်"ဟု ရှုကျင်းချန်က ဖြေသည်။
"အို။ ဘာဖြစ်လို့လဲ"ဟု ကျီပိုင်ယင်းက စပ်စုစွာ မေးသည်။
"အပြင်သွားပြီး စကားပြောကြမလား"ဟု ရှုကျင်းချန်ကပြောသည်။ စံအိမ်တွင် အစေခံတွေရှိသော်လည်း သူတို့ဟာ ယုံကြည်ရလား မယုံကြည်ရလားမသိ၍ သူ့တာဝန်အကြောင်းကို ဘယ်သူ့မှ အသိမခံနိုင်ပေ။
"ရတယ်လေ"ဟု ကျီပိုင်ယင်းဟာ ရှုကျင်းချန်ရဲ့ ရည်ရွယ်ချက်ကိုသိ၍ ရှုကျင်းချန်အား မြန်မြန်ပဲ ဥယျဉ်ထဲသို့ ခေါ်သွားလေသည်။
ကျီမိသားစုစံအိမ်ရှိ ဥယျဉ်ဟာ အရမ်းကြီးတဲ့အတွက် သူတို့အနေနဲ့ ဥယျဉ်အလယ်မှာနေကာ အသံအကျယ်ကြီးမပြောရင် ဘယ်သူမှ မကြားနိုင်ပေ။
"နင်းနင်းနဲ့ ရှောင်းထင်တို့လဲ အတူပါလာ..."
"ဘယ်လို။ သူမလဲပါတယ်လား။ ဒါဆိုသူမကရော ဘယ်မှာလဲ"ဟု ကျီပိုင်ယင်းက ထိုအရာကိုကြားတာနဲ့ ရှုကျင်းချန်အား စိတ်လှုပ်ရှားစွာ ဖြတ်ပြောလိုက်သည်။
ကုနင်းလဲ ဒီကိုပါလာတယ်ဟုကြားတဲ့အခါ ကျီပိုင်ယင်းရဲ့စိတ်လှုပ်ရှားနေတဲ့ပုံကို ကြည့်ပြီး ရှုကျင်းချန်ဟာ အနည်းငယ်သဝန်တိုသွားလေသည်။ သူ့ကိုမြင်တုန်းက သူမဟာ အရမ်းစိတ်လှုပ်ရှားပုံ မပေါ်ပေ။ ထိုအရာဟာ သူမက သူ့ကိုသဘောမကျဘူးလို့ ဆိုလိုတာလား။
ရှုကျင်းချန်ဟာ ချက်ချင်းပဲ စိတ်ညစ်သွားလေသည်။
"ကျင်းချန်၊ ဘာဖြစ်လို့လဲ"ဟု ရှုကျင်းချန်က ဘာမှပြန်မပြောတာကို တွေ့တဲ့အခါ ကျီပိုင်ယင်းဟာ မေးလိုက်သည်။
"ငါ့ကိုတွေ့တုန်းက နည်းနည်းလေးမှ စိတ်လှုပ်ရှားပုံမပေါ်ပေမဲ့ ကုနင်းပါလာတယ်လို့ ကြားလိုက်တာနဲ့ တပြိုင်နက် မင်းကအရမ်းဝမ်းသာသွားတာပဲ"ဟု ရှုကျင်းချန်သည် မတော်တဆ ထွက်သွားလေသည်။
ရှုကျင်းချန်လည်း သူပြောလိုက်တဲ့စကားဟာ မသင့်တော်တာကို သဘောပေါက်သွားတဲ့အခါမှာတော့ ချက်ချင်းပဲပြောမိတာ နောင်တရသွားသော်လည်း သူ့စကားကို ပြန်ရုတ်သိမ်းရန် နောက်ကျသွားပြီဖြစ်၍ စနောက်နေတဲ့ပုံစံဟန်ဆောင်ကာ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်သည်။
ရှုကျင်းချန်ပြောတာကို ကြားတဲ့အခါ ကျီပိုင်ယင်းဟာ သူမရဲ့မျက်နှာနွေးသွားသလိုခံစားမိ၍ ရှက်စွာပဲ မျက်စိလွှဲလိုက်လေသည်။ သူမဟာ အရမ်းစိတ်မလှုပ်ရှားဘဲမနေပေ။ သူမဟာ ထုတ်ဖော်မပြတာပဲရှိတာဖြစ်သည်။ သို့သော်လည်း သူမဟာ အပေါ်ရံတွင် တည်ငြိမ်ဟန်ဖြင့် စိတ်ဆိုးဟန်ဆောင်ကာ ပြန်ပြောလိုက်သည်။ "ဟွန့်။ ရှင့်အနေနဲ့ ဒီကိုလာလည်ဖူးတာ ဒါပထမဆုံးမှ မဟုတ်တာ။ ဘာလို့စိတ်လှုပ်ရှားရမှာလဲ။ ကုနင်းက မြို့ကိုအခုမှ ပထမဆုံးရောက်ဖူးတာ ဖြစ်တဲ့အပြင် ကျွန်မရဲ့အကောင်းဆုံးသူငယ်ချင်းတစ်ယောက်လဲဖြစ်တယ်။ ရှင်က သူနဲ့ယှဉ်နိုင်စရာလား"
ရှုကျင်းချန်ဟာ ကျီပိုင်ယင်းပြောတာကို ကြားလိုက်တဲ့အခါ စိတ်မကောင်းမဖြစ်ဘဲ မနေနိုင်သော်လည်း သူမပြောတာ အမှန်တရားဖြစ်၍ သူ့အနေနဲ့ မငြင်းနိုင်ပေ။
"ဟူး..။ ကိုယ့်သူငယ်ချင်းကို အဲ့လိုပြောရက်တယ်ပေါ့။ ငါက ကုနင်း ပြောလို့ မင်းနဲ့အတူလာလည်ပေးပြီး မင်းကိုစိတ်ပျော်အောင်ထားမလို့ပဲ။ ဒါပေမယ့် မင်းကငါ့ကို အဲ့လောက်မလိုလားမှာတော့။ ထားလိုက်ပါတော့လေ။ အဲတာဆိုလဲ မင်းကို ပိုပြီးစိတ်ပျက်အောင်လုပ်မိပြီး အဆူမခံရခင် ငါ့ဘာငါပဲ ထွက်သွားလိုက်တော့မယ်" ဟု ရှုကျင်းချန်က ပြောသည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၃၂ သနားစရာကောင်လေး
"ရှင်ဘာကိုဆိုလိုတာလဲ"ဟု ကျီပိုင်ယင်း ကမေးလိုက်သည်။
"ငါတို့ ဒီကို ချားစ်ခရစ်တန်ကိစ္စ ဖြေရှင်းဖို့လာတာ။ ငါတို့အခုပဲ လေယာဉ်ပျံပေါ်ကဆင်းပြီး လေဆိပ်က ထွက်လာတာပဲ။ ဒါပေမယ့် ချားစ်ကို သတ်ဖို့အတွက် ရှောင်းထင်နဲ့ နင်းနင်းတို့ Yနိုင်ငံကို တန်းထွက်သွားကြတယ်။ ချားစ်ကိုတကယ်လို့ရှာမတွေ့ရင် သူတို့အနေနဲ့ ချက်စ်ကိုတိုက်ခိုက်ပြီး ချားစ်ကို ချောက်ချမည်။ ချက်စ်ကို အသုံးချပြီး သူ့ညီကိုအပြတ်ရှင်းဖို့ စီစဉ်ထားတယ်"ဟု ရှုကျင်းချန်က ရှင်းပြသည်။
"တကယ်လား"ဟု ကျီပိုင်ယင်းက ထိုအရာကိုကြားတဲ့အခါ ဝမ်းသာသွားသည်။ သူမဟာ ဒီပြဿနာကို ကုနင်းနဲ့ လင်ရှောင်းထင်တို့ ကူဖြေရှင်းပေးနိုင်မယ်လို့ ထင်ပြီးသားဖြစ်သည်။
သူမမိသားစုကို ပြဿနာရှာတဲ့အတွက် ချားစ်ခရစ်တန်ဟာ သေဖို့ထိုက်တန်လေသည်။
"တကယ်။ မင်းစိတ်မပျော်ဘူးဆိုလို့ မင်းနဲ့အတူနေပေးဖို့ ကုနင်းက ငါ့ကိုလွှတ်လိုက်တာ။ ငါကမင်းကို စိတ်ပျော်အောင်ထားဖို့ ရောက်လာတာပဲ"ဟု ကျီပိုင်ယင်းရဲ့ မျက်နှာထားကို အကဲခတ်လျက် ရှုကျင်းချန်က ပြောသည်။ သူက သူမနဲ့ အတူလည်ပေးဖို့ရောက်လာကို သိတဲ့အခါ သူမအနေနဲ့ ဘယ်လိုခံစားသွားရမလဲဆိုတာကို သိချင်၍ဖြစ်သည်။
ကျီပိုင်ယင်းဟာ အံ့ဩသွားသည်။ သူမရဲ့မျက်နှာပေါ်တွင် မတည်မငြိမ်ပုံခဏမျှ ပေါ်သွားကာ သူမရင်တွေဟာလဲ ခုန်သွားလေသည်။ သို့သော်လည်း ကျီပိုင်ယင်းဟာ အနည်းငယ် မျက်မှောင်ကြုံ့သွားပြီး "ကုနင်းပြောလို့ ရှင်လာရတာပေါ့လေ။ သနားစရာကောင်လေးပဲ"ဟု အနည်းငယ်စိတ်ဆိုးဟန်ပြောလိုက်သည်။
ကုနင်းသာ မတောင်းဆိုရင် သူ့မှာ လာဖို့စိတ်ကူးမရှိဘူးဟု ဆိုလိုခြင်းဖြစ်၍ ဖြစ်သည်။
ကျီပိုင်ယင်းက သူ့ကိုနားလည်မှုလွဲသွားကြောင်း ရှုကျင်းချန်သဘောပေါက်သွားလေသည်။ သူဟာ စိုးရိမ်စွာပဲ "ငါအဲ့လိုဆိုလိုချင်တာမဟုတ်ဘူး။ ငါက ချားစ်ခရစ်တန်ကို ကိုယ်တိုင်သတ်ပစ်ချင်ပေမဲ့ ကုနင်းက မသွားခိုင်းဘဲ ဒီကိုလာခိုင်းတာ"ဟု မြန်မြန်ဘဲ ရှင်းပြလိုက်သည်။
ကျီပိုင်ယင်းဟာ ထိုအရာကိုကြားတဲ့အခါ စိတ်မကျေမနပ်ဖြစ်တာ အနည်းငယ်လျော့သွားလေသည်။ ရှုကျင်းချန်က ချားစ်ခရစ်တန်အား သူကိုယ်တိုင်သတ်ပြီး သူမအစားလက်စားချေပေးခြင်တာကို ကြားတဲ့အခါ သူမဟာ ပျော်ရွှင်သွားလေသည်။
"ပြီးတာပဲ"ဟု ကျီပိုင်ယင်းက သူ့ကိုယုံကြည်ဟန်ဆောငလိုက်သည်။ "ရှင်ကကျွန်မကို ပျော်အောင်ထားဖို့လာတာဆိုတော့ အလုပ်ကိုကောင်းကောင်းလုပ်။ မဟုတ်ရင် ကျွန်မက ရှင်အလုပ်တာဝန်မကျေတဲ့အပြင် ကျွန်မကို ဒေါသထွက်အောင်ပါလုပ်တယ်လို့ ကုနင်းကိုတိုငါပြောမှာ"
"အိုကေ"ဟု ရှုကျင်းချန်က လက်ခံလိုက်သည်။
တနေ့လုံး ရှုကျင်းချန်ဟာ အိမ်သာသွားတဲ့အချိန်ကလွဲ၍ ကျီပိုင်ယင်း စိတ်တိုင်းကျအကုန် လုပ်ပေးလေသည်။
ကျီပိုင်ယင်းက အခုရက်ပိုင်း စိတ်မကြည်နေပေမဲ့လည်း အခုတော့ကလောက်မဖြစ်တော့ချေ။ အခု ရှုကျင်းချန်ရောက်လာတဲ့အခါမှာတော့ သူမရဲ့စိတ်မကြည်တာတွေအကုန် ပျောက်သွားပြီဖြစ်သည်။
ကုနင်းက ရှုကျင်းချန်ကို သူမဆီလွှတ်လိုက်တဲ့ရည်ရွယ်ချက်ကို ကျီပိုင်ယင်း သိသောကြောင့် သူမဟာ ဒီအခွင့်အရေးကို လက်လွတ်မခံပေ။ သူမဟာ ရှုကျင်းချန်နဲ့ ရသမျှအချိန် အတူကုန်ဆုံးလေသည်။ သူတို့မှာ တကယ်သာခံစားချက်ရှိရင် သူတို့အနေနဲ့ ထိန်းမထားသင့်ပေ။
တကယ်လို့ ရှုကျင်းချန်က သူမကို မကြိုက်ရင် သူမအနေနဲ့ လက်လွှတ်ရမည်ဖြစ်သည်။
ကျီရှောက်မင်ကလဲ သူတို့အတူချိန်ဖြုန်းနိုင်ရန် တတ်နိုင်သမျှအခွင့်အရေးပေးကာ အပြင်ထွက်လာခဲလေသည်။ သူ့အနေနဲ့ အလုပ်ပြီးလို့ စာကြည့်ခန်းထဲက ထွက်လာတောင် သူတိူ့နဲ့ မဆုံအောင် တတ်နိုင်သမျှ ရှောင်လေသည်။ သို့သော်လည်း သူတို့ကို တနေကုန်လုံး ရှောင်ဖို့ရာမဖြစ်နိုင်သောကြောင့် သူ့အနေနဲ့ ညစာစားချိန်နဲ့ စားပြီးချိန်တွင် ရှုကျင်းချန်နှင့် စကားပြောပေးလေသည်။
......
၁၇နာရီကြာ လေယာဉ်စီးပြီးတဲ့အခါတွင် ကုနင်းနှင့် လင်ရှောင်းထင်တို့ လေယာဉ်ပျံဟာ ဝေ့မြို့ကို မနက်၂:၀၀ခန့်တွင် ရောက်သည်။
သူတို့နိုင်ငံရဲ့ မနက်၂:၀၀ဖြစ်ပြီး Yနိုင်ငံရဲ့မဟုတ်ပေ။
နှစ်နိုင်ငံကြားတွင် ၇နာရီကြာ အချိန်ကွာခြားမှုရှိ၍ Yနိုင်ငံတွင် ညနေ၈:၀၀နာရီပတ်ဝန်းကျင်ဖြစ်သည်။
လူအများစုဟာ အသားမကျ၍ အချိန်အနည်းငယ်ယူရသော်လည်း ကုနင်းနှင့် လင်ရှောင်းထင်တို့ကတော့ ဘာမှမဖြစ်ပေ။ သူတို့ဟာ သူတို့ရဲ့အားအင်အပေါ်ထိခိုက်မှုမရှိဘဲ ရက်ပေါင်းများစွာ မအိပ်ပဲနေနိုင်သည်။
သူတို့က ဝေ့မြို့ကို အခုမှရောက်ပြီး မရင်းနှီးသေး၍ ခရစ်တန်မိသားစုစံအိမ်ဟာ ဘယ်နားမှာမှန်း သူတို့မသိသော်လဲ သူတို့အနေနဲ့ အခုလောလောဆယ်တော့ ဘာမှမလုပ်နိုင်သေးပေ။
သူတို့အနေနဲ့ အစီအစဉ်အတိုင်း ချက်ချင်းလုပ်ဖို့ အလျှင်မလိုပေ။ ထို့အစား သူတို့ဟာ ညစာစားရန် ထွက်သွားကြပြီး ခရစ်တန်မိသားစုအကြောင်းများအား အင်တာနက်ပေါ်တွင် ရှာဖွေကြည့်လေသည်။
သူတို့ဟာ သူတို့နိုင်ငံတွင် အင်တာနက် Browsersသုံးမရသောကြောင့် နိုင်ငံခြားသတင်းအချက်အလက်များကို မစစ်ဆေးနိုင်ဘဲ Yနိုင်ငံရောက်မှ ရှာဖွေကြည့်ရှူနိုင်တာဖြစ်သည်။
လေဆိပ်က ထွက်လာပြီးတဲ့အခါမှာတော့ ကုနင်းနှင့် လင်ရှောင်းထင်ဟာ တက်စီငှား၍ မြို့လယ်သို့ထွက်လာကြသည်။ သူတို့ဟာ စားသောက်ဆိုင်တစ်ဆိုင်ရွေးချယ်၍ Steakမှာလိုက်သည်။
သူတို့ဟာ ခရစ်တန်မိသားစုအကြောင်းများအား ညစာစားရင်း အင်တာနက်ပေါ်မှ ဆက်ရှာဖွေလေသည်။
သူတို့ဟာ ခရစ်တန်မိသားစုအကြောင်း သတင်းအချက်အလက်အများကြီး ရှာဖွေမတွေ့ရှိပေမဲ့လည်း သူတို့ရဲ့ အိမ်လိပ်စာအပါအဝင် သူတို့လုပ်ငန်းအကြောင်း သတင်းအချက်အလက်များ ရှာတွေ့လေသည်။ ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ သူတို့ပိုင်တဲ့ လုပ်ငန်းအချို့အား စုံစမ်းမိလေသည်။
ဘယ်ပိုင်ဆိုင်မှုတွေကို ခရစ်တန်ပိုင်လဲဆိုတာကို သူတို့သိပြီးတဲ့အခါ သူတို့အနေနဲ့ ထိုပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းတဲ့လူတွေကို ဖမ်းပြီးစစ်မေးနိုင်လေသည်။ သူမအနေနဲ့ သူတို့ပါးစပ်မှ သတင်းအချက်အလက်အောင် ညှစ်ထုတ်နိုင်ကြောင်း ယုံကြည်မှုရှိသည်။
သူတို့ မလှုပ်ရှားခင်မှာပဲ သူတို့အနေနဲ့ ရုပ်ဖျက်ဖို့ လိုအပ်သည်။
ညစာစားပြီးတဲ့အခါတွင် ကုနင်းနှင့် လင်ရှောင်းထင်တို့ဟာ လူရှင်းတဲ့နေရာတစ်ခုရှာ၍ အဝတ်လဲလေသည်။
ကုနင်းဟာ သူမကိုယ်သူမ ထန်အိုက်နင်းအဖြစ် ရုပ်မဖျက်ပေ။ ထို့အစား ထန်အိုက်နင်းကို ချားစ်ခရစ်တန်ရဲ့ သေဆုံးမှုကြောင့် ခရစ်တန်မိသားစုက စုံစမ်းလာလျင် သူမကိုပြဿနာလာတက်မည်ဆိုး၍ အခြားမျက်နှာတစ်ခုအား အသုံးပြုလေသည်။
လင်ရှောင်းထင်ကတော့ သူ့ပုံစံကို အနည်းငယ်ညိုအောင်လုပ်ပြီး မုတ်ဆိတ်မွှေးတပ်ကာ သူ့ကိုယ်သူ၁၀နှစ်ပို အသက်ကြီးအောင် လုပ်လိုက်သည်။
လင်ရှောင်းထင်ဟာ သူစစ်ဆင်ရေးသွားရတဲ့အခါတွင် တစ်ခါတစ်လေ ရုပ်ဖျက်ရ၍ မုတ်ဆိတ်မွှေးအား အသင့်ပြင်လာခြင်းဖြစ်သည်။
လင်ရှောင်းထင်ဟာ မုတ်ဆိတ်မွှေးအား အသင့်ပြင်လာရုံတင်မကဘဲ အခုရုပ်အတွက်လဲ မှတ်ပုံတင်အတုပါပြင်ဆင်လာသည်။ သာမာန် တရုတ်အမျိုးသားတစ်ဦးဖြစ်တဲ့ ဝေ့ယန်လို့ခေါ်တဲ့ မှတ်ပုံတင်ဖြစ်ဘူး။
နောက်ရက်အနည်းငယ်တွင် ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ မြို့အတွင်း ရုပ်ဖြတ်၍ သွားလာကြသည်။
လင်ရှောင်းထင်ရဲ့ ရုပ်ဖြတ်ထားတဲ့ပုံကိုတွေ့တိုင်း ကုနင်းဟာ မရယ်ပဲမနေနိုင်ပေ။ "သေချာတာပဲ။ ရုပ်ချောတဲ့လူတွေက သူတို့ရဲ့အသားအရည်ညိုပြီး မုတ်ဆိတ်မွှေးရှိကာ အသက်ကြီးတဲ့ပုံပေါ်ပေမဲ့လည်း ချောနေတုန်းပဲ"
လင်ရှောင်းထင်ဟာ ကုနင်းက သူ့ကိုချီးကျူးတဲ့အခါ အရင်လိုမရှက်တော့ပေ။ ထို့အစား သူကပျော်ရွှင်နေသည်။
"အဲဒီလိုမှ ကိုယ်အသက်ကြီးသွားလဲ မင်းကကြိုက်နေဦးမှာပေါ့"ဟု လင်ရှောင်းထင်က ပြောသည်။
"ရှင်အသက်ကြီးဖို့ ဘယ်လောက်တောင် ကြာမှာလဲ။ ရှင်က ကျင့်ကြံသူဖြစ်လို့ သာမာန်လူတွေထက် အသက်ပိုရှည်တာကိုလဲ မမေ့နိုင်ဦး။ လေ့ကျင့်မှု အဆင့်မြင့်လေလေ အသက်ပိုရှည်လေပဲ။ ရှင်သာ အဖိုးရှန်းကွမ်းလိုသာဆို အသက်နှစ်၁၀၀၀တော့ ရှည်မှာပဲ။ တကယ်လို့ရှင်သာ မသေမျိုးဖြစ်သွားရင် နှစ်ပေါင်းမီလီယံများစွာနေလို့ရတယ်။ အဲ့တော့ရှင်....."ဟု လင်ရှောင်းထင်က စိတ်ညစ်ကာ အရမ်းရုပ်ပျက်လာသည်အထိ ကုနင်းကပြောလေသည်။ လင်ရှောင်းထင်ထိုအကြောင်း ပြောတာကို သဘောမကျတာကို သတိထားမိတဲ့အခါ သူမဟာ စိတ်မကောင်းဖြစ်သွား၍ ကုနင်းဟာ ချက်ချင်းရပ်လိုက်လေသည်။
လင်ရှောင်းထင်ဟာ သူတို့ထဲကတစ်ယောက်က သာမာန်သေမျိုးတစ်ယောက်ဖြစ်ပြီး အခြားတစ်ယောက်က ကျင့်ကြံသူဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်နေတာကို သိသည်။ အနာပေါ် ဆားပတ်သလိုဖြစ်မဲ့ကိစ္စကို သူမဘယ်လိုများ ထုတ်ပြောမိပါ့လိမ့်။
သူမဟာ သူမရဲ့ ဖီးနစ်ငှက်သွေးကြောနဲ့ တသားတည်းဖြစ်ကာ ထိုစွမ်းအင်အား သူမရဲ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်ပေါ်မှာ ထိန်းချုပ်နိုင်ပြီးတဲ့အချိန်မှ သူမသိုင်းလေ့ကျင့်နိုင်ကြောင်း လင်ရှောင်းထင်က အံ့အားသင့်သွားရန် ပြောဖို့စီစဉ်ထားတာဖြစ်သည်။
အခုကြည့်ရတာတော့ သူမအနေနဲ့ အဲ့လိုမလုပ်လိုက်သင့်ပေ။ လင်ရှောင်းထင်ကထိုအရာကို မသိသေးသ၍ သူ့အနေနဲ့ စိုးရိမ်ကာ စိတ်ဆင်းရဲနေမည်ဖြစ်သည်။
"ရှောင်းထင်၊ ရှင့်ကို ပြောပြစရာတစ်ခုရှိတယ်...."
ကုနင်းဟာ လင်ရှောင်းထင်အား ပြန်ဝင်စားတယ်ဆိုတဲ့အကြောင်း မပြောရဖို့ သူမရဲ့ ဖီးနစ်သွေးကြောအကြောင်းကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။