အခန်း (၁၉၃၃-၁၉၃၈)
Vol. 119 Ch. 1933-1938
အပိုင်း ၁၉၃၃ ဒီကိုနိုင်ဖို့လာတာလေ
ကုနင်းရဲ့ စကားမဆုံးခင်မှာပဲ လင်ရှောင်းထင်အား သူမပြောနေတာကိုဖြတ်ကာ သူမက သူ့အားထားသွားမည့်အလား သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်လေသည်။
"စိတ်မပူပါနဲ့။ မင်းကျင့်ကြံသူဖြစ်လာနိုင်တဲ့ အခွင့်အရေးရှိတာ ကိုယ်သေချာတယ်။ တကယ်လို့မဖြစ်လာခဲ့ရင်တောင် မင်းအသက်ရှင်သလောက် ကိုယ်အသက်ရှင်မယ်။ မင်းရယ် အဘိုးရယ် ကိုယ့်ရဲ့သူငယ်ချင်းတွေအားလုံး မရှိတော့တဲ့အခါကျရင်တော့ ကိုယ့်ဘဝကို တစ်ယောက်တည်းနေလဲ ဘာမှအဓိပ္ပာယ်မရှိတော့ဘူး။ ကိုယ့်အမေနဲ့ ဆရာတို့ စိတ်မကောင်းဖြစ်နိုင်ပေမဲ့ သူတို့နားလည်ပေးနိုင်မှာသေချာတယ်"ဟု လင်ရှောင်းထင် ကသူ့အနေနဲ့ ချော့ဖို့လိုအပ်နေပေမဲ့လည်း ကုနင်းအား ချော့ပြောလေသည်။
"ရှောင်းထင်၊ ကျွန်မကိုယုံ။ ကျွန်မသေချာပေါက် ကျင့်ကြံသူတစ်ယောက်ဖြစ်လာမှာ။ ကျွန်မက သာမာန်မိန်းကလေးတစ်ယောက်မဟုတ်ဘူးဆိုတာ ရှင်မေ့သွားပြီလား။ မတော်တဆမှုဖြစ်ပြီး သတိပြန်ရလာကတည်းက ကျွန်မသာမာန်ဖြစ်နေတာကို ရပ်လိုက်တယ်။ ကျွန်မမှာရှိတဲ့ ကံနဲ့ ကျွန်မက ကျင့်ကြံသူဖြစ်လာမှာ သေချာတယ်"ဟု ကုနင်းက ချော့ပြောလိုက်သည်။ သူမဟာ ဖီးနစ်သွေးကြောအကြောင်း သူ့ကို မပြောပြလိုက်ပေ။ သူမအနေနဲ့ လွယ်လွယ်ကူကူ ရှင်းမပြနိုင်လို့ ဖြစ်သည်။
"ကိုယ်မင်းကိုယုံတယ်။ မင်းကသေချာပေါက် ကျင့်ကြံသူဖြစ်လာမှာ"ဟု လင်ရှောင်းထင်ရဲ့ စိတ်ညစ်နေတာ အနည်းငယ်လျော့သွားကာ သဘောတူလက်ခံလေသည်။
တကယ်လို့ သူမက ကျင့်ကြံသူမဖြစ်လာနိုင်ရင်တောင် သူဟာ သူမအသက်ရှင်သလောက် အသက်ရှင်မယ်ဖြစ်တဲ့အတွက် ထိုကိစ္စကို စိုးရိမ်နေစရာ မလိုပေ။
"တော်ပြီ။ နောက်ကျပြီ။ လုပ်စရာရှိတာ ဆက်လုပ်ရအောင်"ဟု လင်ရှောင်းထင်က ပြောသည်။
"အိုကေ"ဟု ကုနင်းက အသိအမှတ်ပြုကာ တက်စီငှားပြီး ခရစ်တန်မိသားစုပိုင်တဲ့ လောင်းကစားဝိုင်းအား သွားလေသည်။
အခုချိန်ဟာ ည၉:၀၀ဖြစ်တဲ့အတွက် လောင်းကစားရုံဟာ လူစည်ကားနေဆဲဖြစ်သည်။
ခရစ်တန်မိသားစုဟာ အဆင့်သိပ်မမြင့်တဲ့ လောင်းကစားရုံဖွင့်ထားတာဖြစ်၍ သူတို့အနေနဲ့ လာကစားသူမရွေးပေ။ သူတို့အနေနဲ့ လောင်းကစားလုပ်ဖို့ လာတာမဟုတ်တောင် အထဲဝင်ကြည့်တာ လုံးဝအဆင်ပြေလေသည်။
အဆင့်မြင့် လောင်းကစားရုံဆိုရင်တော့ စည်းကမ်းတွေ အများကြီးရှိပြီး လာကစားသူ၍ ဘဏ်အကောင့်ငွေရှိမှုကို ပြပြီးမှ ဝင်ခွင့်ရလေသည်။
ကုနင်းဟာ ဒီလောင်းကစားရုံအား ထိန်းသိမ်းနေတဲ့လူများနဲ့ နှီးကပ်ဖို့ လာခြင်းဖြစ်သည်။
မိသားစုပိုင်လုပ်ငန်းအများစုဟာ ကလန်က ယုံကြည်ရတဲ့ လူတစ်ယောက်ယောက်က ထိန်းသိမ်းတာဖြစ်ပြီး ထိုလူအများစုဟာ မိသားစုရဲ့ အတွင်းလူများဖြစ်သည်။
သူတို့ဟာ အတွင်းလူတွေ ဖြစ်တဲ့အတွက် ခရစ်တန်မိသားစုအကြောင်းကို သူတို့ဟာ ပိုသိပြီး စံအိမ်လိပ်စာကိုပိုသိနိုင်ချေ မြင့်မားလေသည်။
ကုနင်းအနေနဲ့ လောင်းကစားရုံရဲ့ မန်နေဂျာနှင့် စကားပြောခွင့်ရရင် ခရစ်တန်မိသားစုရဲ့ လိပ်စာအတိအကျအား သိရအောင် ဖိအားပေးနိင်လေသည်။
သူတို့ရဲ့လိပ်စာဟာလျှို့ဝှက်ချက်မဟုတ်ပေမဲ့လည်း ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ ဒီမြို့ကိုရောက်ခါစဖြစ်တဲ့အပြင် ဘယ်သူ့ကိုမေးရမယ်မှန်းလဲမသိသောကြောင့် သူတို့မေးနိုင်တဲ့လူတွေဟာ မိသားစုအတွင်းလူတွေသာ ရှိသည်။
ကုနင်းဟာ အထက်လူကြီးတွေကို မျှားထုတ်ချင်သည့်အတွက် သူမအနေနဲ့ လောင်းကစားလုပ်ရမည့်အပြင် သူတို့ရဲ့အာရုံစိုက်မှုကို လိုချင်ရင် များများနိုင်ရမည်ဖြစ်သည်။
လောင်းကစားမဲ့သူအနေနဲ့ chipsများကို အကန့်အသတ်မရှိပဲ လဲနိုင်သည့်အတွက် ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ ကိုယ်စီ ယူရို၁၀၀၀၀တန်ဖိုးရှိ chipsလဲလိုက်သည်။ ၁၀၀၀ယူရိုဟာ အမိနိုင်ငံတွင် ယွမ်၇၇၀၀၀နဲ့ ညီမျှသည်။
သူတို့ရဲ့ chipsတွေ ကိုယ်စီရပြီးနောက် လောင်းကစားရုံထဲအား ဝင်သွားသည်။
အဆင့်နိမ့်လောင်ကစားရုံဖြစ်ပေမဲ့လည်း နေရာကအရမ်းကြီးသည်။ အဓိကဟောခန်းမကြီးဟာ ၂၀၀၀စတုရန်းမီတာကျယ်ပြီး ခန်းနားစွာအလှဆင်ထားသည်။ ခရစ်တန်မိသားစုဟာ မာဖီးယားမိသားစုဖြစ်၍ အမြတ်ရတဲ့အလုပ်စိတ်ဝင်စားသောကြောင့် ပိုက်ဆံတွေ အများကြီးရှိလေသည်။
လောင်းကစားချင်းဟာ ကိုယ့်နိုင်ငံမှာ ခွင့်မပြုပေမဲ့လည်း တခြားနိုင်ငံတွေမှာတော့ တရားဝင်ဖြစ်ပြီး လူတွေအနေနဲ့ လောင်းကစားမှာ ပွင့်ပွင်းလင်းလင်းနဲ့ ပိုက်ဆံအများကြီး လောင်းကစားနိုင်လေသည်။
ဘယ်နိုင်ငံ ဘယ်ဥပဒေပဲဖြစ်ဖြစ် လောင်းကစားနည်းလမ်းတွေက ဆင်တူကြသည်။ သူတို့အနေနဲ့ Sic Bo၊ 5 card stud၊ rouletteနှင့် စသည်တို့ဆော့ကစားနိုင်သည်။ တစ်ခါတစ်လေမှသာ ဆော့နိုင်တဲ့ကစားနည်း အနည်းငယ်ကွဲပြားတာဖြစ်သည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့ ကာစီနိုထဲဝင်ပြီးတဲ့အခါမှာတော့ သူတို့ဟာ Sic boဂိမ်းဟာ အလွယ်ဆုံးဖြစ်၍ ထိုစားပွဲအားတန်းသွားလေသည်။
ကုနင်းက ပိုက်ဆံလောင်းရန် စိတ်မလောပေ။ ထို့အစား သူမသိတဲ့ကစားနည်းနဲ့ စည်းကမ်းတူလားဆိုတာ အရင်ရပ်ကြည့်လေသည်။
လင်ရှောင်းထင်ကတော့ ကုနင်းနောက် လိုက်လေသည်။
ကစားနည်းကို အနည်းငယ်လေ့လာပြီးနောက် သူတို့ဟာ သူမသိတဲ့ဂိမ်းတွေနဲ့ စည်းကမ်းတူတူပဲဆိုတာ သေချာတဲ့အတွက် ကုနင်းဟာ စတင်လောင်းလေသည်။ အံ့စာတုံးဟာ ၅ရှိ၍ ကုနင်းဟာ Triplesအား အကုန်လောင်းလေသည်။
ကုနင်းဟာ လင်ရှောင်းထင်အား စစချင်းမလောင်းသေးရန်ပြောသည်။ သူဘယ်ကိုပဲလောင်းလောင်း သူ့အနေနဲ့ ရှုံးရမည်ဖြစ်သည်။ ပြီးတော့ တကယ်လို့ လင်ရှောင်းထင်ဟာ သူမလောင်းတာလိုက်လောင်းရင်လဲ သံသယဝင်နိုင်လေသည်။
လူတိုင်းဟာ အံ့စာခွက်မဖွင့်မှီ သူတို့လောင်းချင်တဲ့ဆီလောင်းကြပြီး အံ့စာဖွင့်သောအခါ အံ့စာအားလုံး ၅ကိုပြနေသည့်အတွက် ကုနင်းနိုင်လေသည်။
နိုင်ခြေက ၁:၂၄ ဖြစ်ပြီး ကုနင်းက ၁၀၀၀ယူရိုလောင်းသောကြောင့် သူမဟာ ၂၄၀၀၀ယူရိုနိုင်လေသည်။
လူတိုင်းဟာ ကုနင်းက မနာလိုစွာကြည့်ကြလေသည်။ သို့သော် အခုမှအစပဲရှိသေးပြီး ညတာရှည်သေးသည့်အတွက် လူတွေဟာ သူမအပေါ် အာရုံစိုက်မှု လျင်မြန်စွာ လျော့ပါးသွားလေသည်။
နောက်ပွဲရှိ အံစာတွေကတော့ ၃၊ ၃၊ ၁ အသေးဖြစ်ပြီး ပေါင်းလျှင် ၇ဖြစ်ကာ ကုနင်းက အကြီးလောင်းပြီး လင်ရှောင်းထင်ကတော့ ၇ ဂဏာန်းလောင်းသည်။
လင်ရှောင်းထင် နိုင်ပြီး ကုနင်း ရှုံးသည်။
အံ့စာပေါင်းတဲ့ရလဒ်က ၇ဖြစ်ကာ ၁:၁၂ ဆဖြစ်၍ လင်ရှောင်းထင်အနေနဲ့ ၁၂၀၀၀ယူရို နိုင်လေသည်။
အခြားလူများကတော့ အကြီး၊ အသေး၊ မ၊ စုံ ဒါမှမဟုတ် Triples စသည့်ဖြင့် ဆများသောနေရာများတွင် လောင်းကြလေသည်။ အခြားရလဒ်ဖြစ်နိုင်ချေဟာ နည်းသည့်အတွက် လူတွေဟာ မစွန့်စားရဲကြချေ။
လောင်းကစားသူအများစုဟာ နံပါတ်တစ်ခုမှန်အောင် လောင်းနိုင်တာရှားတဲ့အတွက် လင်ရှောင်းထင် နိုင်တာကို မြင်တဲ့အခါ လူအများကြီးဟာ အံ့အားသင့်သွားကြသည်။ သို့သော်လည်း သူတို့ဟာ လင်ရှောင်းထင်က ကံကောင်းရုံလို့သာထင်သည်။
သာမာန်လူအများအဖို့ လောင်းကစားချင်းဟာ ကံအပေါ်မူတည်တာ ဖြစ်သည်။
Bankerဟာ လင်ရှောင်းထင်ကို အေးစက်စက်ကြည့်ပြီး ဘာမှတော့ ပိုမတွေးသေးပေ။
ကုနင်းဟာ လင်ရှောင်းထင်ကို အခုကစပြီး သူမလောင်းတဲ့ဘက်လိုက်လောင်းပြီး ရှုံးဖို့ဟန်ဆောင်စရာမလိုတော့ကြောင်း ပြောသည်။ သူတို့ဟာ ဒီကိုပြဿနာလာရှာတာဖြစ်၍ အနိုင်ရ,ရမည်ဖြစ်သည်။
Bankerဟာ သူတို့ကို စိတ်ရှုပ်စွာ ကြည့်လိုက်သည်။ သို့သော်လည်း သူ့အနေနဲ့ အံစာကို ဆက်ခေါက်ရုံကလွဲ အခြားရွေးချယ်စရာ မရှိပေ။
လောင်းကစားသူ အားလုံးဟာ ကုနင်းနဲ့ လင်ရှောင်းထင်တို့ လောင်းတဲ့ပေါ်တွင် လိုက်လောင်းကြ၍ အချီကြီး အနိုင်ရသွားကြသည်။
Bankerဟာ ချွေးစေးတွေ ပြန်လာပြီဖြစ်သည်။ ကုနင်းနှင့် လင်ရှောင်းထင်တို့ လောင်းကစားတာဟာ အံဩဖို့ကောင်းလေသည်။ သူတို့ဟာ အံ့ဩဖို့ကောင်းစွာပင် ပွဲတိုင်းနိုင်လေသည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့ဟာ ယူရိုပေါင်း၁၀မီလီယံကျော် အနိုင်ရပြီးဖြစ်ခါ အမိနိုင်ငံငွေပြောင်းရင် ယွမ်၈၀မီလီယမ်နိုင်နေပြီဖြစ်သည်။
သူတို့လောင်းတာ လိုက်လောင်းတဲ့ အခြားလောင်းကစားလုပ်သူတွေဟာလဲ ယူရို တစ်သိန်းနှင့် တစ်မီလီယံအကြား နိုင်ကြလေသည်။
Banker အနေနှင့် ဆက်ခေါက်ရမလား မခေါက်ရမလား အခက်အခဲဖြစ်နေချိန်မှာပဲ သူ့ရဲ့အထက်လူကြီးက စကားပြောလိုက်၍ ကာစီနိုရဲ့ သူတို့အထပ်ကိုအုပ်ချုပ်သူဟာ ကိုယ်ရံတော် ၄ယောက်နှင့်အတူ သူ့နောက်မှ လမ်းလျှောက်ထွက်လာလေသည်။
"အနှောင့်အယှက်ဖြစ်သွားရင် ခွင့်လွှတ်ပါ ဆာရ်နဲ့ မစ္စ။ ကျွန်တော်က ဒီအထပ်ရဲ့မန်နေဂျာဒေးဗစ်ပါ။ အဓိကဟောခန်းမမှာ လူကြီးမင်းတို့ရဲ့ နိုင်,နိုင်တဲ့သတ်မှတ်ချက်ပြည့်သွားပါပြီ။ တကယ်လို့ ဆက်ကစားချင်တယ်ဆိုရင် လူကြီးမင်းတို့အနေနဲ့ VIPအခန်းကို သွားမှရပါမယ်။ ကျွန်တော်နဲ့ လိုက်ခဲ့ပေးလို့ရမလား"ဟု ထိုလူက မကောင်းတာကြံနေသော်လည်း အီတလီလို ယဉ်ကျေးစွာပင် ပြောသည်။
တကယ်လို့ ကုနင်းသာ သူတို့နဲ့ အပေါ်ထက်ကိုသွားဖို့ သဘောတူရင် သူတို့အနေနဲ့ သူတို့ရဲ့ ကျွမ်းကျင်လောင်းကစားသမားတွေသုံးပြီး သူတို့ရှုံးသွားတဲ့ ပိုက်ဆံတွေ ပြန်ယူမည်ဖြစ်သည်။ သို့သော်လည်း ကုနင်းက မသွားချင်ရင်တော့ ကာစီနိုမှ ထွက်သွားရမည်ဖြစ်သည်။ ကာစီနိုမှ သူတို့ထွက်သွားသည့်အခါ သူတို့နောက်မှ လူလွှတ်၍ နိုင်သွားသမျှအား ခွန်အားသုံးပြီး ပြန်လုမည်ဖြစ်သည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၃၄ ဒါမင်းဆုံးဖြတ်ရမှာမဟုတ်ဘူး
၁၀မီလီယံယူရိုဟာ သူတို့လို ကာစီနိုကြီးအတွက်တော့ ဘာမှမဟုတ်ပေမယ့်လည်း သူတို့အနေနဲ့ နိုင်တဲ့ငွေတွေနဲ့ လွယ်လွယ်ထွက်သွားခွင့် ပေးမည်မဟုတ်ပေ။
တကယ်လို့ သူတို့သာ သိန်းဂဏန်းလောက်သာ နိုင်ရင်တော့ ကာစီနိုအနေနဲ့ စိတ်ထဲထားမှာမဟုတ်ပေ။
အခြားလောင်းကစားသမားတွေဟာ ကုနင်းနဲ့ လင်ရှောင်းထင်တို့လောင်းတဲ့အပေါ်မှာ လိုက်လောင်းကြသော်လည်း သူတို့ကိုယ်သူတို့ ထိန်းလောင်းတဲ့အတွက် သိပ်အများကြီး မနိုင်ပေ။
ကာစီနိုက ဘာလုပ်ဖို့ကြိုးစားနေတယ်ဆိုတာကို သိတဲ့လူတွေဟာ ကုနင်းနဲ့ လင်ရှောင်းထင်တို့အား သနားတဲ့ အကြည့်နှင့်ကြည့်ကြလေသည်။ သူတို့ဘယ်လောက်ပဲနိုင်နိုင် သူတို့ဟာ ဒီညတော့ လက်ထဲတပြားမှမကျန်ဘဲ အိမ်ပြန်ရမည်ဖြစ်သည်။
သို့သော်လည်း ကုနင်းဟာ သူတို့ရဲ့ အထက်ရှိလူတွေကို တွေ့ချင်သောကြောင့် သေချာလုပ်တာဖြစ်သည်။
"ကောင်းပြီလေ"ဟုဆိုကာ ကုနင်းက ဒေးဗစ်နဲ့အတူ အပေါ်ထပ်ကို တက်သွားလေသည်။
VIP ဇုန်ဟာ ကိုယ်ပိုင်အခန်းတွေဖြစ်သည်။ ဒေးဗစ်ဟာ ကုနင်းနဲ့ လင်ရှောင်းထင်ကို VIPအခန်းတစ်ခုစီ ဦးတည်ခေါ်သွားကာ တံခါးအားခေါက်လိုက်လေသည်။ သူဟာ ဝင်ခဲ့ဖို့ပြောတဲ့ အသံကြားမှ တံခါးကိုဖွင့်ကာ သူတို့အား အထဲသို့ဝင်ရန်ပြသည်။
ကုနင်းဟာ အခန်းထဲကို သူမရဲ့ ကျောက်စိမ်းမျက်ဝန်းကို သုံးပြီးကြည့်ပြီးပြီဖြစ်သည်။ လောင်းကစားခုံအကြီးကြီး ခလယ်မှာတည်ထားတဲ့ လောင်းကစားလုပ်တဲ့အခန်းကြီးဖြစ်သည်။ သက်တော်စောင့်၆ယောက်ဟာ Bankerလုပ်နေသော အသက်၃၀အရွယ်ခန့်အမျိုးသားတစ်ဦးရဲ့ နောက်မှာ ရပ်နေကြသည်။
ထိုအမျိုးသားဟာ ရန်ဇိုလို့ခေါ်ပြီး ဒီကာစီနိုရဲ့ မန်နေဂျာတစ်ယောက်ဖြစ်သည်။
ကုနင်းနဲ့ လင်ရှောင်းထင် အခန်းထဲဝင်လာတာမြင်တာနဲ့ ရန်ဇိုရဲ့ မျက်နှာထားဟာ ရန်သူဟန်ကြည့်နေလေသည်။ သူတို့ဟာ လောင်းကစားမှာ အရမ်းတော်ပြီး ပိုက်ဆံတွေအများကြီးနိုင်သွားတယ်ဆိုတာကို သူ,မထင်ထားမိ၍ဖြစ်သည်။
ကုနင်းနဲ့ လင်ရှောင်းထင်ကို အခန်းထဲပို့ပေးပြီးနောက် ဒေးဗစ်ဟာ ထွက်သွားတော့သည်။ သူ့ရဲ့ကိုယ်ရံတော်တွေကတော့ ကုနင်းနဲ့ လင်ရှောင်းထင်တို့နောက်မှာ ရပ်လျက် ရှေ့နောက်ညှပ်ကာ ကျန်ခဲ့လေသည်။
ကုနင်းနဲ့ လင်ရှောင်းထင်တို့ကို ဝိုင်းထားချင်တာ သိသာနေသော်လည်း သူတို့က မကြောက်ပေ။ သို့သော်လည်း ထိုလူတွေအကုန်လုံးဟာ သေနတ်တွေရှိတဲ့အတွက် သူတို့အနေနဲ့ ဂရုစိုက်ဖို့တော့လိုသည်။
ကုနင်းနဲ့ လင်ရှောင်းထင်တို့ရဲ့ စွမ်းရည်နဲ့ သေနတ်တွေက အသက်အန္တရာယ်မပေးနိုင်ပေ။ လင်ရှောင်းထင်ရဲ့ လက်ရှိအတွင်းအားနဲ့ဆို သူ့ရဲ့မှော်စွမ်းအားနဲ့တင် ကျည်ဆံတွေကို ကာနိုင်လေသည်။ သို့သော်လည်း လင်ရှောင်းထင်အနေနဲ့ သူ့အစွမ်းတွေကို လူတွေမသိစေချင်တဲ့အတွက် မလိုအပ်ရင် မသုံးချင်ပေ။
သူသုံးလိုက်တာနဲ့တပြိုက်နက်တည်း သူ့ရန်သူတွေအကုန်ဟာ သေရမည်ဖြစ်သည်။ သူ့ရဲ့လျှို့ဝှက်ချက်ကို လူသေတွေသာ ထိမ်းထားနိုင်သည်ဖြစ်သည်။ သို့ပေမဲ့လည်း လူတွေကို သတ်ချင်တာသတ်တာ မမှန်ကန်၍ဖြစ်သည်။
ကုနင်းဟာ အခန်းထဲမှာ ထိုင်နေတဲ့လူရဲ့ ပုံအရ ထိုလူဟာ သူတို့နဲ့လောင်းကစား လုပ်ဖို့ အစီအစဉ်မရှိဘူးဆိုတာ သိလေသည်။
သူမ,ထင်တာမမှားရင် သူမဟာ ပွဲတိုင်းအချီကြီးနိုင်၍ ထိုလူတွေဟာ သူမနဲ့ လောင်းကစားမလုပ်ရဲကြတာဖြစ်သည်။
ကုနင်းဟာ သူမလို X-rayအမြင်ရှိတဲ့လူကလွဲပြီး အခြားဘယ်သူမှ လောင်းတိုင်းမမှန်နိုင်ဘူးလို့ ယုံကြည်ပြီး အဲ့လိုလူတွေထပ်ရှိမယ်လို့လဲ မထင်ပေ။
သူတို့ဟာ သူမကို လောင်းကစားဝိုင်းမှာ အနိုင်မယူနိုင်သောကြောင့် သူမနဲ့လောင်းကစားမလုပ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်သည်။ ထို့အစား သူတို့ဟာ ခွန်အားသုံးပြီး နိုင်ထားသမျှကို ပြန်ယူဖို့ရည်ရွယ်ထားတာဖြစ်သည်။
ထိုအရာကိုသိနေပါလျက်နဲ့ ကုနင်း ဟာသူတို့ရဲ့ ရည်ရွယ်ချက်ကို မသိချင်ယောင်ဆောင်၍ "ကျွန်မတို့နဲ့ လောင်းကစားလုပ်ချင်လို့လား"ဟု မေးလိုက်သည်။
"မဟုတ်ဘူး။ ငါမင်းတို့နဲ့ လောင်းကစား မလုပ်ဘူး"ဟု ရန်ဇိုကဖြေသည်။
"အဲ့တာဆို ကျွန်မတို့ကို ဘာလို့ အပေါ်ထပ်ခေါ်တာလဲ။ ဘာလိုချင်လို့လဲ" ဟု ကုနင်းက ချက်ချင်းပြန်မေးသည်။
ရန်ဇိုဟာ လူယုတ်မာဆန်ဆန် တချက်ရယ်မောလိုက်လိုက်ပြီး ကုနင်းနဲ့ လင်ရှောင်းထင်တို့အား အထင်သေးတဲ့အကြည့်ဖြင့် ကြည့်သည်။ "ငါမင်းတို့ကို အပေါ်ထပ်ကိုခေါ်တာက မင်းတို့နိုင်သွားတဲ့ပိုက်ဆံတွေ ပြန်ပေးဖို့ခေါ်တာ။ အဲ့လောက်ပိုက်ဆံတွေအများကြီး ငါတို့ဆီကနိုင်သွားပြီး ဒီည ဘာမှမဖြစ်ဘဲ ပြန်သွားရမယ်လို့ မင်းထင်နေတာလား"
ကုနင်းထင်တာ လုံးဝမှန်ကန်လေသည်။
"ဒါက လူတွေလောင်ကစားလုပ်ဖို့ ကာစီနိုဖြစ်ပြီး နိုင်တဲ့ငွေတွေနဲ့ ထွက်သွားလို့မရဘူးပေါ့။ ဒါဘာကိုဆိုလိုချင်တာလဲ"ဟု ကုနင်းက ဘာမှမသိနားမလည်ဟန်ဖြင့် မေးသည်။
"နိုင်တဲ့ငွေက နည်းနည်းလေးဆိုရင်တော့ အဲဒီငွေကိုယူပြီး အိမ်ပြန်သွားလို့ရတယ်။ ဒါပေမယ့် မင်းလိုငွေအများကြီး နိုင်တဲ့လူတွေမပါဘူး"ဟု ရန်ဇိုက သူ့ဘက်က အမှန်အလားပြောသည်။
"တကယ်လို့ ကျွန်မတို့က ပြန်မပေးချင်ဘူးဆိုရင်ရော"ဟု ကုနင်းကပြောသည်။
"ဟ။ ဒါမင်းဆုံးဖြတ်ရမှာမဟုတ်ဘူး။ မင်းကိုယ်မင်း ဒီည ဒီနေရာကနေ ဘာမှမဖြစ်ဘဲ အိမ်ပြန်သွားရမယ်လို့ ထင်နေတာလား"ဟု ရန်ဇိုကပြောကာ လက်ကိုဝှေ့လိုက်သည်။ အခန်းထဲမှာရှိတဲ့ သက်တော်စောင့် ၁၀ယောက်ဟာ ချက်ချင်းပဲ သူတို့ရဲ့သေနတ်တွေ ထုတ်လျက် ကုနင်းနဲ့ လင်ရှောင်းထင်တို့အား ချိန်လိုက်လေသည်။
ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ ချက်ချင်းပဲ တိုက်ခိုက်ရန်ပြင်လိုက်သည်။ သို့သော် သူတို့ဟာ သေနတ်နဲ့ မပစ်သေးဘဲချိန်ယုံသာချိန်ထားတဲ့အတွက် ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ လောလောဆယ်တော့ ဘာမှမလုပ်သေးပေ။
သူတို့ဟာ ဥပဒေနဲ့ မလွတ်ကင်းတဲ့အလုပ်တွေ အများကြီးလုပ်တဲ့ မာဖီးယားတွေဖြစ်ပေမဲ့လည်း သူတို့အနေနဲ့ မလိုအပ်လျင် လူမသတ်ပေ။ တကယ်လို့ ကုနင်းနဲ့ လင်ရှောင်းထင်တို့သာ လိမ်လိမ်မာမာနဲ့ ငွေတွေပြန်ပေးရင် ထိုလူတွေအနေနဲ့ သူတို့ကို ဘာမှမလုပ်ဘဲ ပြန်ခိုင်းနိုင်သည်။ သို့သော် သူတို့သာ မနာခံရင်တော့ ထိုလူတွေအနေနဲ့ သေနတ်နဲ့ပစ်ရုံကလွဲ အခြားမရှိပေ။
"ကောင်းပြီလေ။ ရှင်တို့ငွေတွေ ပြန်ပေးမယ်"ဟု ကုနင်းက ကြောက်လန့်သွား၍ လိုက်လျောရဟန်ဆောင်ကာ ပြောလိုက်သည်။
ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ သူတို့ရဲ့ Chipsတွေကိုထုတ်၍ လောင်းကစားစားပွဲပေါ်တင်လိုက်သည်။
သူတို့ပစ္စည်းတွေအောက်မချဘဲ သူတို့အနေနဲ့ တိုက်ခိုက်လို့မရ၍ဖြစ်သည်။ သူတို့အနေနဲ့ သူတို့ရဲ့Chipsတွေကို မြေကြီးပေါ်လဲ ပစ်ချလို့မရပေ။ ထို့အပြင် ထိုသို့Chips တွေကို ပြန်ပေးချင်ယောင်ဆောင်ခြင်းဖြင့် သူတို့ရဲ့ရန်သူအား ကာကွယ်မှုလျော့သွားအောင် လုပ်နိုင်၍လည်း ဖြစ်သည်။
ကုနင်းဟာ လင်ရှောင်းထင်ကို မသွားခင်ကတည်းက တိုးတိုးလေးပြောပြီးဖြစ်သည်။ သူတို့ရဲ့Chipsတွေကို ချလိုက်တာနဲ့တပြိုင်နက် သူမဟာ ထိုလူကို မြန်မြန်ဖမ်းချုပ်လိုက်မယ်ဖြစ်ပြီး လင်ရှောင်းထင်ကတော့ သက်တော်စောင့်တွေကို ဖြေရှင်းရမည်ဖြစ်သည်။
သူတို့ရဲ့Chipsတွေ စားပွဲပေါ်ချလိုက်တာနဲ့တပြိုင်နက်တည်း ကုနင်းဟာ လေပေါ်ဂျွန်းပစ်လိုက်ပြီး မျက်စိတမှိတ်အတွင်းမှာတင် စားပွဲအခြားဘက်အခြမ်းရှိ ရန်ဇို ဘေးသို့ရောက်သွားလေသည်။
သူတို့သတိထားမိလိုက်တဲ့အချိန်မှာတော့ ကုနင်းဟာ ရန်ဇိုကိုဖမ်းချုပ်လိုက်ပြီဖြစ်သည်။ ထို့အပြင် သူမရဲ့လက်ထဲတွင် သေနတ်တစ်လက် ရုတ်တရက်ပေါ်လာပြီး သူမဟာ ရန်ဇိုခေါင်းကို ချိန်လိုက်လေသည်။
ကုနင်းဟာ ရန်ဇိုကို ဆွဲလျက် သက်တော်စောင့်တွေနဲ့ ဝေးရာ၂မီတာခန့် နောက်ဆုတ်လိုက်လေသည်။ သူတို့ရဲ့သေနတ်တွေနဲ့ သူမကို ချိန်နိုင်တဲ့အခွင့်အရေး မရှိရန် သူမဟာ အကွာအဝေးအနည်းငယ် ခြားလိုက်တာဖြစ်သည်။
လင်ရှောင်းထင်ကတော့ သူ့နောက်ရှိ သက်တော်စောင့် ၄ယောက်အား ကုနင်း လှုပ်ရှားလိုက်တာနဲ့ တပြိုင်နက်တည်း တိုက်ခိုက်လိုက်သည်။ သူဟာ သူတို့ရဲ့သေနတ်တွေကို မြန်မြန်ပဲယူကာ သူတို့အား လုံးဝသတိမေ့သွားအောင် တိုက်ခိုက်လိုက်သည်။ သူဟာ အကူအညီမခေါ်နိုင်စေရန် သူတို့ရဲ့ ဖုန်းတွေကိုလဲ သိမ်းလိုက်သည်။
ရန်ဇိုဟာ ချက်ချင်းပဲကြောက်လန့်သွားသည်။ သက်တော်စောင့်၆ယောက် လုံးဟာ သူတို့ရဲ့သေနတ်တွေကို ကုနင်း ဘက်ချိန်လိုက်လေသည်။ စိတ်မကောင်းစရာပင် ရန်ဇိုဟာ ကုနင်း ရှေ့မှာရှိနေတာ ဖြစ်သည့်အတွက် သူတို့ရဲ့သေနတ်တွေဟာ ရန်ဇိုကိုချိန်ထားသလိုဖြစ်နေ၍ တယောက်မှမပစ်ရဲပေ။ သူတို့ပစ်လိုက်တာနဲ့ ရန်ဇိုကို မှန်မည်ဖြစ်သည်။
"မ.မင်း… မင်း..."ဟု ရန်ဇိုဟာ အရမ်းထိတ်လန့်ကာ စကားတောင်ထစ်နေလေသည်။ သူဟာ ကုနင်းရဲ့ အရှိန်ကို အံ့အားသင့်သွားသလို သေနတ်နဲ့ချိန်ပြီး ဓားစာခံလုပ်ခံထားရ၍ ကြောက်လန့်နေတာကြောင့်လဲဖြစ်သည်။
လင်ရှောင်းထင်ဟာ သက်တော်စောင့် လေးယောက်ကိုဖြေရှင်းပြီးတဲ့နောက် ကုနင်းရဲ့အနောက်သို့ လမ်းလျှောက်သွားကာ ရပ်နေလိုက်သည်။
လင်ရှောင်းထင်အနေနဲ့ ကျန်တဲ့သက်တော်စောင့်၆ယောက်က သေနတ်တဲ့ပစ်မှာ စိုးရိမ်ရတဲ့အတွက် အလောတကြီးမတိုက်ခိုက်လိုက်ပေ။
သူဟာ ဒဏ်ရာရမှာစိုးရိမ်တာမဟုတ်ပေ။ ထို့အစား ရုတ်ရုတ်သဲသဲဖြစ်သွားရင် နောက်ထပ်လူတွေရောက်လာမှာစိုး၍ ဖြစ်သည်။ နောက်ထပ်လူတွေထပ်ရောက်လာရင် သူတို့အနေနဲ့ ရန်ဇိုဆီမှ အချက်အလက်တွေ သိရန်ခက်ခဲနိုင်လို့ဖြစ်သည်။
"ရန်ဇိုကို လွှတ်လိုက်"ဟု သက်တော်စောင့်တစ်ယောက်က ကုနင်း အားအော်ပြောလိုက်သည်။
"ဖူး! နင်တို့ရဲ့သေနတ်တွေမချဘူးဆိုရင် ငါသူ့ကိုပစ်လိုက်မှာ"ဟု ကုနင်းက လှောင်ရယ်ကာ သက်တော်စောင့်တွေအား ရန်ဇိုရဲ့ အသက်နဲ့ခြိမ်းခြောက်လိုက်လေသည်။
သူမဟာ အရူးမဟုတ်ပေ။ သူမအနေနဲ့ ရန်ဇိုကို မလွှတ်ပေးနိုင်ချေ။ အခုရန်ဇို ဟာ သူမလက်ထဲမှာရောက်နေတာဖြစ်၍ သူတို့အနေနဲ့ သူ့ကိုကယ်ချင်ရင် သူမစကားကို နာခံရမည်ဖြစ်သည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၃၅ သူတို့သတိလစ်သွားရုံပါ
"မ..မင်းတို့ငါ့ကိုထိရင် ခရစ်တန်မိသားစုက လွှတ်ပေးမှာမဟုတ်ဘူး"ဟု ရန်ဇိုဟာ ကြောက်လန့်၍ တုန်ယင်နေသောအသံဖြင့် ခြိမ်းခြောက်လေသည်။
"စိတ်မပူပါနဲ့။ ရှင့်လူတွေကို လက်နက်ချဖို့ အမိန့်ပေးလိုက်ရင် ကျွန်မတို့က ရှင့်ကိုထိခိုက်အောင်မလုပ်ဘူး။ ကျွန်မတို့အနေနဲ့လည်း ခရစ်တန်မိသားစုနဲ့ ရန်သူမဖြစ်ချင်ပါဘူး"ဟု ကုနင်းကပြောသည်။ "ဒါပေမယ့် သူတို့သာ လက်နက်မချဘဲ ကျွန်မတို့ကို ဆက်ပြီးခြိမ်းခြောက်နေရင်တော့ ကျွန်မတို့အနေနဲ့ ဘာမှအာမ,မခံနိုင်ဘူး"
"မင်းတို့ရဲ့သေနတ်တွေ ချလိုက်..."
ရန်ဇိုဟာ ဘာလုပ်ရမှန်းမသိဖြစ်သွားသော်လည်း နောက်ဆုံးတွင် သူ့လူတွေအား လက်နက်ချရန် အမိန့်ပေးလိုက်သည်။
သူ့အနေနဲ့ ကုနင်းတို့ဟာ ခရစ်တန်မိသားစုနဲ့ လုံးဝရန်သူတွေ မဖြစ်ချင်၍ သူ့ကိုထိခိုက်မလုပ်ရဲဘူးဟု ထင်သော်လည်း သူ့လူတွေအား သူတို့ကို သေနတ်နဲ့မချိန်တော့ရန် အမိန့်ပေးရသေးသည်။ မဟုတ်ရင် ကုနင်းက စိတ်မရှည်ဘဲ သူ့ကိုသေနတ်နဲ့ပစ်မှာစိုး၍ဖြစ်သည်။
ဓားစာခံလုပ်ခံရ၍ အရမ်းအရှက်ကွဲတယ်လို့ ခံစားရပေမဲ့လည်း သူ့အနေနဲ့ သူမရဲ့ခြိမ်းခြောက်မှုတွေကို သူ့အသက်သေမှာစိုး၍ လိုက်လျောရပေသည်။
ထို့အပြင် ရန်ဇိုဟာ ဒီအမျိုးသားနဲ့ အမျိုးသမီးကို အလွတ်ပေးမှာမဟုတ်ပေ။ သူတို့လက်ထဲမှ လွတ်ရန်အခုချိန်ခဏသာ လိုက်လျောနေတာဖြစ်သည်။ ဒါပြီးတာနဲ့တပြိုင်နက် သူတို့အပေါ် လက်စားပြန်ချေမည်ဟု ကျိန်ဆိုပြီးဖြစ်သည်။
သူဟာ တအားအထက်တန်းဆန်တဲ့လူမဟုတ်ပေမဲ့လည်း သူ့အနေနဲ့ အခုလို အရှက်ကွဲခံရတာမျိုး မရှိဘူးချေ။
သက်တော်စောင့်တွေအနေနဲ့ သူတို့ရဲ့သေနတ်တွေကို ရန်ဇိုအမိန့်ပေး၍ စားပွဲပေါ်တင်လိုက်ကာ ကုနင်းပြောတဲ့အတိုင်း ဘေးမှာရပ်နေရလေသည်။
"သူတို့ကို သတိမေ့အောင်လုပ်လိုက်ဦး" ဟု ကုနင်းက လင်ရှောင်းထင်အား ပြောသည်။ ကုနင်းဟာ သူမရဲ့မိခင်ဘာသာစကားနဲ့ ပြောလိုက်တာဖြစ်၍ ရန်ဇိုအနေနဲ့ သူတို့ဘာပြောနေတယ်ဆိုတာ နားမလည်လိုက်ပေ။
လင်ရှောင်းထင်ဟာ သက်တော်စောင့်တွေဆီ မြန်မြန်ပြေးသွားလိုက်သည်။ သူတို့ဟာ ဘာဖြစ်သွားတယ်ဆိုတာ မသိလိုက်ခင်မှာဘဲ သူတို့ရဲ့လည်ပင်းအား အရိုက်ခံရကာ သတိမေ့သွားပြီး ကြမ်းပြင်ပေါ်လဲကျသွားလေသည်။
"မင်း...."ဟု ရန်ဇိုဟာ ထိုအရာကို မြင်လိုက်ရ၍ ကြောက်လန့်သွားလေသည်။
"စိတ်မပူပါနဲ့။ သူတို့သတိမေ့သွားရုံတင်ပါ"ဟု ကုနင်းက ပြောသည်။
ရန်ဇိုဟာ သူတို့သတိမေ့သွားမှန်းသိသော်လည်း အခုချိန်မှာ သူတစ်ယောက်တည်းလိုဖြစ်နေ၍ စိတ်မချနေချင်းဖြစ်သည်။
တကယ်လို့ သူတို့သတိမမေ့သွားတောင် ကုနင်းက သူ့ခေါင်းကို သေနတ်နဲ့ ချိန်ထား၍ သူ့အနေနဲ့ လုံခြုံတယ်လို့ လုံးဝမခံစားနိုင်ပေ။
သို့သော်လည်း သူတို့သာ သတိမမေ့သွားရင် သူတို့အနေနဲ့ ပြန်ခုခံတာဖြစ်ဖြစ် ဒါမှမဟုတ် သူသာတစ်ခုခုဖြစ်သွားရင် သူတို့အနေနဲ့ လူတစ်ယောက်ယောက်ကြားအောင် အသံတစ်ချို့လုပ်နိူင်မည်ဖြစ်သည်။ အခုသူတို့သတိမေ့သွားတဲ့အတွက် သူမအနေနဲ့ သူ့ကိုလဲသတိမေ့အောင်ရိုက်၍ သတ်ကာ ဘယ်သူမှမသိအောင် ထွက်သွားလို့ရနေသည်။
"ငါ့ကိုအခုလွှတ်ပေးလို့ရပြီမလား"ဟု ရန်ဇိုက ရင်ထဲတွင်မသေချာဟန်ဖြင့် မေးသည်။
"မလောပါနဲ့။ ငါ့မှာ နင့်ကိုမေးစရာ မေးခွန်းအချို့ရှိသေးတယ်"ဟု ကုနင်း ကဖြေသည်။ သူမဟာ ရန်ဇိုက ဖြေချင်လား မဖြေချင်လား ဂရုမစိုက်ဘဲ "ရှင်အခုရက်ပိုင်း ချားစ်ခရစ်တန် နဲ့တွေ့သေးလား" ဟုမေးသည်။
ရန်ဇိုရဲ့မျက်လုံးထဲတွင် သရော်ဟန်တစ်ချက် ဖြတ်သွားကာ အခြေအနေကို သုံးသပ်လိုက်လေသည်။
"ဘာကိစ္စနဲ့ သိချင်တာလဲ"ဟု ရန်ဇိုကမေးသည်။
ချားစ်ခရစ်တန်ရဲ့ တည်နေရာကိုမေးတဲ့ ကုနင်းရဲ့ပုံစံကိုကြည့်ပြီး ရန်ဇိုဟာ သူတို့ဟာ သူငယ်ချင်းတွေမဟုတ်တာဆိုတာ သေချာသည်။ တကယ်လို့ သူတို့သာ ခင်မင်ရင်းနှီးရင် ကုနင်းမှာ ချားစ်ခရစ်တန်ရဲ့ ဖုန်းနံပါတ်ရှိပြီး သူနဲ့ဆက်သွယ်ဖို့ သူ့ကိုမေးစရာမလိုအပ်ပေ။
သို့သော် တကယ်လို့ သူတို့ပြစ်မှတ်က ချားစ်ခရစ်တန်ဆိုရင်တော့ သူ့အနေနဲ့ သူတို့ကို အကူအညီပေးဖို့ဝန်မလေးပေ။ သူတို့သာ ချားစ်ခရစ်တန်ကို ပြဿနာရှာနိုင်ရင် ပိုလိုတောင် အဆင်ပြေသေးသည်ဖြစ်သည်။
ရန်ဇိုဟာ ချက်စ်ခရစ်တန်အတွက် အလုပ်လုပ်တာဖြစ်သည်။ ချားစ်ခရစ်တန်နဲ့ ချက်စ်ခရစ်တန်တို့ဟာ ရန်သူတွေဖြစ်တဲ့အတွက် သူ့အနေနဲ့ ချားစ်ခရစ်တန်ရဲ့ ဘဝခက်ခဲအောင် လုပ်နိုင်မဲ့အခွင့်အရေးတွေ့ရင် လက်မလွှတ်ပေ။
"ငါသူ့ကိုရှာဖို့လိုလို့"ဟု ကုနင်းက ဖြေသည်။
"သခင်လေးချားစ် လွန်ခဲ့တဲ့နှစ်ရက်က ကာစီနိုကိုလာတုန်းကလွဲပြီး ငါသူနဲ့မတွေ့ဖြစ်ဘူး။ သူက ကားပြိုင်ပွဲတွေ ဝါသနာပါတယ်။ ပြီးတော့ မနက်ကျရင် XXတောင်မှာ ကားပြိုင်ပွဲရှိလို့ မင်းတို့အနေနဲ့ သူ့ကို အဲဒီမှာ ရှာတွေ့နိုင်တယ်"ဟု ရန်ဇိုက ပြောသည်။
ရန်ဇိုရဲ့ မျက်လုံးတွေကို ကြည့်တာနဲ့တင် သူက ချားစ်ခရစ်တန်ကို ဒုက္ခပေးချင်နေတယ်ဆိုတာ အသိသာပင်။ ချားစ်ခရစ်တန်ရဲ့ သတင်းကို လွယ်လွယ်ကူကူပင် ချက်ချင်းပေးလိုက်တာကို ကြည့်တာနဲ့တင် ရန်ဇိုရဲ့ တကယ့်ရည်ရွယ်ချက်ကို ကုနင်းနဲ့ လင်ရှောင်းထင်တို့ ရိပ်မိလိုက်လေသည်။
သူတို့ရဲ့စုံစမ်းစစ်ဆေးချက်အရ ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ ချားစ်ခရစ်တန်ဟာ ကားပြိုင်ပွဲရာမှာ စိတ်အားထက်သန်တဲ့သူဆိုသာသိပြီးဖြစ်သည်။ သူဟာ ကားပြိုင်ပွဲရဲ့ ပရိသတ်အကြီးစားဖြစ်၍ ရန်ဇိုရဲ့စကားက အတော်အသင့်တော့ မှန်သည်ဟု သူတို့ထင်သည်။
တကယ်လို့ ရန်ဇိုပြောတာသာမှန်ရင် သူ့အနေနဲ့ ချားစ်ခရစ်တန်ကို ဒုက္ခပေးချင်ပုံကို ထောက်ရင် ရန်ဇိုဟာ ချက်စ်ခရစ်တန်ရဲ့ လက်အောက်ငယ်သားဖြစ်ရမည်။
ရန်ဇိုအနေနဲ့ သူတို့ကို လိမ်နေတာလည်းဖြစ်နိုင်သည့်အတွက် ကုနင်းနဲ့ လင်ရှောင်းထင်ဟာ သူ့အပေါ် အနည်းငယ်သံသယ ရှိနေဆဲဖြစ်သည်။
"ရှင်လိမ်နေတာလား"ဟု ကုနင်းက မေးသည်။ သူမဟာ သူ့ဆီက အဖြေလိုချင်တာမဟုတ်ပေ။ ထို့အစား သူမက သူ့ရဲ့တုံ့ပြန်ပုံနဲ့ အသေးစိတ်အပြုအမှုကို ကြည့်ပြီး အဖြေကိုမှန်းဆချင်တာဖြစ်သည်။
ဘယ်သူမဆို လိမ်ပြောနိုင်ပေမဲ့လည်း လူတိုင်းကတော့ သူတို့ရဲ့ အပြုအမှုတုန့်ပြန်ပုံကို မထိန်းချုပ်နိုင်၍ဖြစ်သည်။
ရန်ဇိုဟာ စိတ်အေးဟန်ဖြင့် "အဲဒီနေရာမှာ သခင်လေးချားစ်ပေါ်လာမှာ သေချာတယ်လို့ပြောနေတာမှမဟုတ်တာ။ အဲဒီကို သူသွားနိုင်ခြေရှိတယ်လို့ပဲ ငါပြောတာ။ သူက အမြဲကားပြိုင်ပွဲတွေ သွားနေကြ"ဟု ဆိုသည်။
သူဟာ ၁၀၀ရာခိုင်းနှုန်းမသေချာကြောင်း သူတို့ကိုပြောတဲ့ပုံကိုကြည့်ပြီး ကုနင်းဟာ သူ့ရဲ့စကားတွေက ပို၍ယုံကြည်ဖို့ကောင်းကြောင်း တွေ့လေသည်။
ဘယ်လိုပဲဖြစ်ဖြစ် ချားစ်ခရစ်တန်က ထိုနေရာမှာ ပေါ်လာမှာမသေချာတဲ့အတွက် သူတို့အနေနဲ့ သူဆီမှ ထိုအဖြေနဲ့တင် မရပ်ပေ။
"ခရစ်တန်စံအိမ်ရဲ့ လိပ်စာကဘယ်မှာလဲ" ဟု ကုနင်း မေးသည်။
"XXXရပ်ကွက် XXXလမ်းမှာ"ဟု ရန်ဇို ကမတုန့်မဆုတ်ပင်ဖြေသည်။ "တကယ်လို့ မင်းတို့သူ့ကို မိသားစုစံအိမ်မှာ ရှာဖို့ကြိုးစားရင် မင်းတို့အနေနဲ့ အိမ်ထဲတောင် ဝင်နိုင်မှာမဟုတ်ဘူး"
ကုနင်းနဲ့ လင်ရှောင်းထင်တို့ စံအိမ်ထဲမဝင်နိုင်တာသေချာသည့်အတွက် ရန်ဇိုဟာ မိသားစုလိပ်စာကို အလွယ်တကူပင် ဖြေချင်းဖြစ်သည်။ သူတို့က မာဖီးယားဖြစ်၍ ရန်သူပေါသောကြောင့် စံအိမ်ဟာ အရန်းတင်းကျပ်စွာ အစောင့်အရှောက်ထားကြောင်းလည်း သူကသတိပေးသည်။ သူတို့အနေနဲ့ စံအိမ်ကိုသွားရင် ချားစ်ခရစ်တန်ကို တိုက်ခိုက်ဖို့အခွင့်အရေးမရှိကြောင်း ပြောပြသည်။
ရန်ဇိုရဲ့ရည်ရွယ်ချက်ကို မြင်နိုင်ပေမဲ့လည်း ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ သူ့စကားကို တအားမယုံဘဲ ကိုယ့်ဘာသာကိုယ်စမ်းစစ်ရန်ကြံသည်။
ကုနင်းဟာ ရန်ဇိုရဲ့ဂုတ်ကို တစ်ချက်ရိုက်လျက် သူ့အား သတိမေ့သွားကာ ကြမ်းပြင်ပေါ်လဲကျသွားစေလိုက်သည်။
အဲဒီအချိန်မှာ ရန်ဇိုရဲ့ဖုန်းမြည်လာသည့်အတွက် ကုနင်းဟာ သူ့ဖုန်းကိုကောက်ကြည့်လိုက်ရာ ချက်စ်ခရစ်တန်က ခေါ်နေတာဖြစ်သည်။ ရန်ဇိုစကားကို အခု ကုနင်းက အနည်းငယ်ပိုယုံကြည်သွားပြီဖြစ်သည်။
ကုနင်းဟာ ဖုန်းကိုမဖြေလိုက်ပေ။ သူမဟာ တံခါးအပြင်ဘက်ကို ကျောက်စိမ်းမျက်ဝန်းနဲ့ကြည့်ပြီး ဘယ်သူမှမရှိတာ သေချာကြောင်း စစ်စေးပြီးနောက် အခန်းအပြင်ဘက် ထွက်သွားလေသည်။
သူတို့မှာ Chipsတွေ အများကြီးရှိပေမဲ့လည်း မန်နေဂျာရဲ့ ခွင့်ပြုချက်မရှိဘဲ သူတို့မှာ လဲလှည်ဖို့ လုံးဝမဖြစ်နိုင်ချေ။
သူတို့ရဲ့ Chipsတွေအကုန်လုံး လဲဖို့လုံးဝမဖြစ်နိုင်ပေမဲ့လည်း အနည်းငယ်တော့ လဲလို့ရသည့်အတွက် ကုနင်းဟာ လင်ရှောင်းထင်အား ယူရိုတစ်မီလီယံစာရှိတဲ့ Chipsအား လဲခိုင်းလိုက်သည်။
ကျန်တာတွေကိုတော့ ကုနင်းက ကာစီနိုကို လုံးဝပြန်ပေးမှာမဟုတ်ပေ။ သူတို့ဟာ အဓိကခန်းမကြီးပြန်ရောက်ရင် သူတို့ရဲ့မျက်စိနဲ့ တည့်တဲ့လူဆီပေးဖို့ ဆုံးဖြတ်လိုက်သည်။
Chipတွေဟာ ကာစီနိုထဲမှာပဲ သုံးလို့ရတာဖြစ်တဲ့အတွက် သူမရဲ့စိတ်စွမ်းအင်အာကာပြင်ထဲထားလဲ အပိုပင်ဖြစ်သည်။ သူမဟာ ဒီနိုင်ငံမှာ အကြာကြီးနေမှာမဟုတ်ကာ သူမဟာ လောင်းကစားသမားလဲမဟုတ်၍ ကာစီနိုထဲကို မလိုအပ်ရင် ဝင်စရာမလိုအပ်ပေ။
ကုနင်း အဓိကခန်းမကြီးကိုရောက်တဲ့အခါ သာမာန်မျက်နှာနဲ့ အသက်၅၀ အရွယ်ခန့်အမျိုးသားတစ်ဦး စိတ်ပျက်စွာဖြင့် လမ်းလျောက်သွားတာကိုတွေ့လိုက်သည်။ ထိုလူဟာ သူမမျက်လုံးထဲ ကြည့်ရအဆင်ပြေတဲ့အတွက် သူမဟာ ထိုလူဆီလမ်းလျောက်သွားကာ "ဒီနေ့ ကံမကောင်းဘူးလား"ဟု မေးလိုက်သည်။
သူဟာ သာမာန်လို ဝတ်စားထားပေမဲ့လည်း သူ့ရဲ့ထူးခြားတဲ့အရှိန်အဝါကို ကုနင်း သတိထားမိလေသည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၃၆ Chipsတွေ တစ်ယောက်ယောက်ကိုပေးပစ်မယ်
တကယ်လို့ ကုနင်းထင်တာသာမမှားရင် ထိုလူဟာ အထက်တန်းစားလူတစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့ ကျရှုံးနေသူဖြစ်မည်။ ကုနင်းရဲ့ သုံးသပ်ချက်တစ်ခုသာဖြစ်သည်။
"ဟုတ်တယ်။ ငါငွေအရေးတကြီးလိုနေလို့။ အချိန်တိုအတွင်း ငါ့အနေနဲ့ ငွေအများကြီးမရှာနိုင်လို့ လောင်းစကားမှာ ကံစမ်းဖို့ ဆုံးဖြတ်လိုက်တာ။ ဝမ်းနည်းစွာပဲ ယူရို၂၀၀၀၀ရှုံးသွားတယ်။ ငါအခုဘာလုပ်ရမှန်းတောင်မသိတော့ဘူး"ဟု ထိုလူကြီးက ကိုယ့်ကိုကိုယ်အပြစ်တင်ဟန် ပြောလိုက်သည်။
"ဒီChipတွေမြင်လား။ ကျွန်မငွေတွေအများကြီးနိုင်လိုက်ပေမဲ့ ဒီကနေဘာမှမဖြစ်ဘဲ ဒီငွေတွေအကုန်လုံးနေ ထွက်သွားလို့မရတာ ကျွန်မသိတယ်။ ဒါပေမယ့် ကာစီကိုလည်း အလကားပြန်မပေးချင်ဘူး။ ကျွန်မရှင့်ကို ယူရိုတစ်မီလီယံပေးမယ်။ နည်းနည်းလောက်လိုချင်လား"ဟု ကုနင်းကမေးသည်။
"ဟမ်။ အဲဒီလောက် ပိုက်ဆံတွေအများကြီး...."ဟု ထိုလူကြီးဟာ ကုနင်းရဲ့ ကမ်းလှမ်းချက်ကို ကြားတာနဲ့ သူဟာ ကုနင်း လက်ထဲမှာ ပုံးထဲတွင်ရှိသော Chipတွေအား မြင်လိုက်ကာ ချက်ချင်း အံဩသွားလေသည်။
"ဟုတ်တယ်။ ကျွန်မရှင့်ကို Chipပြားတစ်ချို့ပေးလို့ရမလား။ စိတ်မပူပါနဲ့ ဒီChipတွေက အစစ်တွေပါ။ ပြီးတော့ ရှင့်အနေနဲ့ ဘာမှပြန်လုပ်ပေးစရာလဲမလိုဘူး" ဟု ကုနင်းကပြောသည်။
"မင်းတကယ်ပဲ ငါ့ကိုပေးမလို့လား"ဟု ထိုလူကြီးဟာ သူ့ကိုယ်သူကိုယ်ကံကောင်းတယ်ဟုထင်လိုက်သည်။ တခြားလူရဲ့ ပိုက်ဆံကိုယူတာ မကောင်းတာမှန်ပေမဲ့လည်း သူဟာ ပိုက်ဆံတကယ်လိုအပ်နေတာဖြစ်သည်။ ထို့အပြင် သူ့အနေနဲ့ သူမဆီကနေ အချို့ကိုယူရင် ကူညီရာရောက်မည်ဟုလဲ ကုနင်းကပြောသည်။
သူဟာ ကာစီနိုကို လာခဲပေမဲ့လည်း သူ့အနေနဲ့ လျှို့ဝှက်စည်းအချို့ကိုသိသည်။ လူတွေဟာ သူတို့ဆီမှငွေတွေအများကြီးနိုင်ရင် ထွက်သွားခွင့်မပြုချေ။
ကာစီနိုဟာ မကောင်းတဲ့နေရာဖြစ်ပေမဲ့လည်း ဘယ်သူမှ ဘာမှမလုပ်နိုင်ပေ။
"တကယ်ပေးမလို့ပေါ့"ဟု ကုနင်းက ချက်ချင်း ပြောသည်။
"အို။ ကျေးဇူးအများကြီးတင်ပါတယ်။ မင်းကိုတွေ့ရတာ အရမ်းကံကောင်းတာပဲ။ ငါလိုအပ်နေဆုံးအချိန်မှာ မင်းကငါ့ကိုကယ်လိုက်တာပဲ။ ဒါပေမယ့် မင်းပိုက်ဆံကို ငါဒီအတိုင်းမယူနိုင်ဘူး။ ငါဒါကိုချေးတာအဖြစ်သတ်မှတ်လို့ရမလား။ တကယ်လို့ မင်းရဲ့ဆက်သွယ်လို့ရမဲ့ ဖုန်းနံပါတ်ပေးနိုင်ရင် ငါအရှုံးတွေ ပြန်ရတာနဲ့ ချက်ချင်းပြန်ဆပ်ပါ့မယ်။ ငါတောင်းဆိုတာပါ။ မဟုတ်ရင် ငါ့အနေနဲ့ စိတ်ထဲမကောင်းဘူး။ စိတ်မအေးဘဲ မနေချင်လို့ပါ။ တကယ်လို့ မင်းရဲ့ဆက်သွယ်ရမဲ့ နံပါတ်မပေးရင် ငါ့အနေနဲ့ မင်းပိုက်ဆံတွေ လက်မခံနိုင်ဘူး"ဟု ထိုလူကြီးကပြောသည်။
သူဟာ ထိုသို့ပြောနိုင်သဖြင့် ထိုလူကြီးဟာ လောဘကြီးသူမဟုတ်ပေ။ ထို့ကြောင့် ကုနင်းဟာ "ကောင်းပြီ"ဟု သဘောတူလိုက်သည်။
ကုနင်းဟာ နာမည်ကဒ်တစ်ခုကို ထုတ်၍ ထိုလူကြီးကိုပေးလိုက်သည်။ ထန်အိုက်နင်းနာမည်ကဒ်ဖြစ်သည်။
ထိုလူကြီးဟာ နာမည်ကဒ်ကိုယူ၍ "ငါ့မှာ နာမည်ကဒ်မပါလာတဲ့အတွက် တောင်းပန်ပါတယ်။ ငါ့နာမည်က ပီတာဗရူနီပါ။ ပိုက်ဆံရှိတာနဲ့ တပြိုင်နက် ဆက်သွယ်လိုက်ပါ့မယ်။ ကျွန်တော့်ကို ယုံပါ"ဟု ပြောသည်။
"ယုံကြည်ပါတယ်"ဟု ကုနင်းကပြောသည်။ သူမသာ ယူရိုတစ်မီလီယံစာ တန်တဲ့ Chipပြားတွေအားယူကာ ပီတာဗရူနီအားပေးလိုက်ပြီးနောက် တခြားလူတွေအားလည်း ပိုက်ဆံတွေ ဆက်ပေးလေသည်။
ကုနင်းဆီမှ Chipတွေရတဲ့လူတွေဟာ သူတို့ကိုယ်သူတို့အရမ်းကံကောင်းတယ်လို့ ခံစားရလေသည်။
နောက်ဆုံးမှာတော့ ကုနင်းဟာ သူမရဲ့ Chipပြားတွေကို ယူရို၈၀၀၀၀ကျန်တဲ့အထိ အကုန်ပေးပြီးနောက် ကျန်တာတွေအား လဲလှယ်လိုက်လေသည်။
.....
ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ ရန်ဇိုပေးတဲ့လိပ်စာအတိုင်း GPSကနေတစ်ဆင့်ရှာကာ ထွက်သွားလေသည်။
သူတို့ဟာ လိပ်စာကိုရှာနိုင်ပေမဲ့လည်း သူတို့အနေနဲ့ ခရစ်တန်မိသားစု အဲဒီမှာနေတာ မှန်လားမမှန်လား စစ်ဆေးရဦးမည်ဖြစ်သည်။
ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ ထိုနေအား တက္ကစီဖြင့်သွားသော်လည်း ရန်ဇိုပြောတဲ့ လမ်းအထိတော့ တန်းမသွားပေ။ ထို့အစား သူတို့ဟာ အနီးအနားရှိ စံအိမ်လမ်းဆီသွားလေသည်။
သူတို့ဟာ မိနစ်၃၀ကြာပြီးနောက် ရောက်လေသည်။
ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ တက္ကစီပေါ်မှ ဆင်းပြီးနောက် လမ်းဆီလမ်းလျောက်သွားလေသည်။
အထပ်မြင့်အဆောက်အဦးတစ်ခုမှမရှိဘဲ ဘေးပတ်ပတ်လည် စံအိမ်တွေသာ ရှိတဲ့လမ်းမရှည်ကြီးဖြစ်သည်။
ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ ခရစ်တန်မိသားစုစံအိမ်ကို လမ်းလျောက်ရှာရင်း သူမဟာ ကျောက်စိမ်းမျက်လုံးကိုသုံးလေသည်။
ခရစ်တန်မိသားစုရဲ့ စံအိမ်ဖြစ်လို့ အခြားအိမ်တွေနဲ့စာရင် သေချာပေါက်ပိုပြီး ခြံကကျယ်သလို ဇိမ်ခံပစ္စည်းတွေပိုပေါ်မှာသေချာသည်။ သူတို့မိသားစု ဒီမှာတကယ်နေရင် သူတို့ရဲ့စံအိမ်ကို ရှာတွေ့ရန် မခက်ခဲလောက်ပေ။
လမ်းလယ်ကိုရောက်တဲ့အခါမှာတော့ ကုနင်းဟာ လမ်းခွဲတစ်ခုအား တွေ့လေသည်။ လမ်းဟာ ၂၀မီတာကျယ်ပြီး အရှေ့တွင် လုံခြုံရေးအစောင့်၈ယောက် လှည့်ပတ်လမ်းလျောက်၍ စောင့်နေသော ခြံဝင်းပေါက်ကျယ်ကြီးကိုတွေ့သည်။
လုံခြုံရေးမြင့်တာကို ကြည့်ချင်းဖြင့် ဒီခြံဟာ အထက်တန်းလွှာလူများရဲ့ ခြံဖြစ်တာသေချာသည်။
ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ တံခါးပေါက်ဝတွင် ခရစ်တန်ဟု ဒီနိုင်ငံဘာသာစကားနဲ့ရေးထားသော ဆိုင်းပုဒ်အားတွေ့လေသည်။
တံခါးနောက်တွင် ခြံဝင်းကျယ်ကြီးတစ်ခုရှိသည်။ ခြံဝင်းဟာ တံခါးပေါက်ဝကြီးမှ စံအိမ်နဲ့ ၅၀၀မီတာခန့်ကွာကာ တစ်ဖက်တစ်ချက်စီတွင်လည်း ဥယျဉ်နဲ့ ရေကူးကန် ရှိလေသည်။
ခရစ်တန်မိသားစုစံအိမ်ခြံဝင်းကြီးဟာ အရမ်းကျယ်ပြီး ဇိမ်ခံပစ္စည်းတွေအပြည့်နဲ့ဖြစ်သည်။
ခြံဝင်းထဲတွင် လုံခြုံရေးတင်းကျပ်ကာ ကင်မရာများနဲ့ လုံခြုံရေးအစောင့်များဟာ နေရာတိုင်းတွင် ရှိသည်။ သာမာန်လူအဖို့ ဖောက်ထွင်းဝင်ရောက်ရန် မလွယ်ပေ။
ထို့အပြင် ဒီမှာရှိတဲ့လူအများစုဟာ မာဖီးယားတွေဖြစ်တဲ့အတွက် တိုက်ခိုက်ရေးကျွမ်းသူတွေဖြစ်တဲ့အပြင် သေနတ်ကိုယ်စီလဲရှိကြသည်။ သာမာန်လူတစ်ယောက်အနေနဲ့ သူတို့နဲ့တိုက်ခိုက်ရင် နိုင်,နိုင်စရာမရှိပေ။
ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ သူတို့ကို မကြောက်ပေ။ သို့သော် သူတို့အနေနဲ့ အထဲကိုဝင်ချင်ရင် အထူးဂရုစိုက်ရမည်ဖြစ်သည်။ ခြံထဲရှိ လုံခြုံရေးကင်မရာတွေကို ရှောင်ရှားရတာ အတော်ခက်ခဲမည်ဖြစ်သည်။ ထို့ကြောင့် ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ ယခုချက်ချင်းဝင်သွားဖို့ စိတ်ကူးမရှိပေ။
အစကတည်းက ချက်စ်နဲ့ ချားစ်ခရစ်တန်ဟာ အိမ်မှာရှိနေလားဆိုတာကို သူတို့မသိ၍ဖြစ်သည်။သူတို့သာ အိမ်မှာမရှိရင် သူတို့ရဲ့ ခိုးဝင်မှုဟာ ခရစ်တန်မိသားစုကို သတိပေးလိုက်သလို ဖြစ်မည်စိုး၍ဖြစ်သည်။
ထို့အပြင် သူတို့မှာ ဒုတိယနည်းလမ်းရှိသေးသည်။ မနက်ဖြန် ကားပြိုင်ပွဲတွင် သူတို့ရဲ့ကံအား စမ်းနိုင်သေးလေသည်။
တကယ်လို့ သူတို့သာ ချားစ်ခရစ်တန် ကိုအဲဒီမှာ တွေ့ခဲ့ရင် သူတို့အနေနဲ့ သူတို့မိသားစုခြံထဲကို ဝင်စရာမလိုတော့ပေ။ ကားပြိုင်ပွဲမှာ သူ့ကိုသတ်ရတာ ပိုလွယ်ကူမည်ဖြစ်သည်။
တကယ်လို့ သူဟာအဲဒီမှာမဟုတ်ရင်တောင် သူတို့အနေနဲ့ စံအိမ်ဆီကို မနက်ဖြန်ညမှ လာရင်တောင်ရသေးလေသည်။ ထို့ကြောင့် သူတို့ဟာ ထိုမိသားစုခြံဝင်းမှ ထွက်ခွာလာကာ အနီးနားရှိဟော်တယ်တွင် တည်းခိုလေသည်။
ရန်ဇို သတိပြန်ရလာတဲ့အခါမှာတော့ ကုနင်းနဲ့ လင်ရှောင်းထင်တို့ထွက်သွားတာ တစ်နာရီကျော်ပြီဖြစ်သည်။ သူသတိမေ့နေစဉ်က ဖုန်းခေါ်မှုအချို့ လွတ်သွားခဲ့သော်လည်း ဘယ်သူမှ အခန်းထဲမဝင်လာပေ။
ရန်ဇိုဟာ သတိပြန်ရလာလာချင်း သူ့ကိုယ်သူ ကြည့်ကာ ဒဏ်ရာရှိမရှိ အရင်စစ်ဆေးလေသည်။ ကံကောင်းစွာပင် သူဟာ လည်ပင်းမှာ အနည်းငယ် နာတာကလွဲရင် တခြားဒဏ်ရာမရှိပေ။
သူဟာ ချက်ချင်းပဲ သက်တော်စောင့်တွေအား နှိုးကာ သူ့ရဲ့ဖုန်းကို ထုတ်ကာ အချိန်ကြည့်လိုက်လေသည်။ ချက်စ်ခရစ်တန်ဆီက ဖုန်းခေါ်ထားတာတွေ တွေ့တဲ့အခါ သူတုန်ယင်သွားလေသည်။ သူဟာ သက်တော်စောင့်တွေအား အပြင်သွားရန်ပြောပြီး ချက်စ်ခရစ်တန်အား ဖုန်းပြန်ခေါ်လေသည်။
ဖုန်းဟာ လေးငါးခြောက်ကြိမ်မြည်ပြီးနောက် ချက်စ်ခရစ်တန်ဟာ ဖုန်းကိုင်ကာ မကျေမနပ်လေသံဖြင့် "ဘာဖြစ်တာလဲ။ ခုနက ငါ့ဖုန်းကို ဘာလို့မကိုင်တာလဲ"ဟု မေးသည်။
"တောင်းပန်ပါတယ် သခင်လေးချက်စ်။ ပြဿနာတစ်ခုပေါ်လာပြီး ကျွန်တော်သတိမေ့အောင် အရိုက်ခံလိုက်ရပြီး အခုမှ နှိုးလာလို့ပါ"ဟု ရန်ဇိုက ဖြေသည်။
"ဘာ။ မင်းကိုတစ်ယောက်ယောက်က သတိမေ့အောင် ရိုက်တယ်ဟုတ်လား"ဟု ချက်စ်ခရစ်တန်က အံဩစွာမေးလိုက်သည်။
ရန်ဇိုဟာ ဒီညဖြစ်ပျက်သမျှ အကြောင်းအရာတွေအားလုံးအား ချက်စ်ခရစ်တန် ပြောပြလေသည်။
"ဟမ်။ သူတို့ယူရို၁၀မီလီယံကျော် နိုင်တယ်ဟုတ်လား"ဟု ချက်စ်ခရစ်တန်က ကြောင်သွားလေသည်။ ပြဿနာရှာတဲ့လူတွေဟာ ငွေတွေအများကြီးနိုင်ရုံတင်မကဘဲ သူတို့ဟာ ခွက်ကိုဖောက်ထွင်းမြင်နိုင်သည့်အလား ထိုးတဲ့အလှည့်တိုင်းနိုင်လေသည်။
"ဟု..ဟုတ်တယ်။ အဲ့တာမှန်ပါတယ်"ဟု ရန်ဇိုက အတည်ပြုလေသည်။ သူဟာ ချက်စ်ခရစ်တန်က သူ့ကို အပြစ်တင်မှာစိုးရိမ်နေတာဖြစ်၍ သူ့ရဲ့အသံဟာ တုန်ယင်နေလေသည်။
"အဲဒါပြီးတော့...."
ရန်ဇိုဟာ သူ့ကိုဖြစ်သမျှ ဆက်ပြောပြလေသည်။
"သူတို့က ချားစ်ကို လိုက်ရှာနေတယ်ဆိုတာ တကယ်လား"ဟု ချက်စ်ခရစ်တန် ဟာမထိန်းနိုင်ဘဲပျော်သွားလေသည်။ သူတို့ဟာ တကယ်လို့ ချားစ်ခရစ်တန်ကို အမဲလိုက်နေတာဆို ပိုပြီးပြည့်စုံပေမည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၃၇ သူငယ်ချင်းဖြစ်လို့ရလား?
"သူတို့သေချာပေါက် သခင်လေးချားစ် အကြောင်းမေးတယ်။ သူတို့ဟာ သူငယ်ချင်းစစ်မှန်ရင် သူ့ကိုရှာဖို့ ကျွန်တော့်ကိုမေးဖို့မလိုဘဲ ဆက်သွယ်နိုင်မယ်လို့ ကျွန်တော်ထင်တယ်။ သူတို့ဟာ သူ့ကို ပြဿနာရှာဖို့ လိုက်ရှာနေတယ်လို့ ကျွန်တော်ခံစားမိတယ်"ဟု ရန်ဇိုက ဖြေသည်။
"အဲ့တာပြီးတော့ ဘာဖြစ်သွားလဲ"ဟု ချက်စ်ခရစ်တန်က စိတ်လှုပ်ရှားစွာမေးသည်။
"ကျွန်တော်လဲ သခင်လေးချားစ် ဘယ်နေရာမှာ ရှိနေလဲဆိုတာမသိဘူးလေ။ ဒါပေမယ့် ကျွန်တော်သူတို့ကို သူမနက်ဖြန် XXတောင်က ကားပြိုင်ပွဲမှာရှိနိုင်တယ်လို့ ပြောလိုက်တယ်။ သူတို့သာ အဲဒီကိုသွားရင် သူ့ကိုတွေနိုင်တယ်။ သူတို့ကျွန်တော်ကို ခရစ်တန်မိသားစုစံအိမ်လိပ်စာလဲ မေးသေးတယ်။ ကျွန်တော်သူတို့ကို ပြောပြလိုက်တဲ့အပြင် စံအိမ်ထဲဝင်ဖို့ မလွယ်ကြောင်းလဲသတိပေးလိုက်သေးတယ်။ သူတို့ သခင်လေးချားစ်ကို ရှာတွေ့ပြီး ပြဿနာမရှာရသေးခင် သေသွားမှာ စိုးရိမ်လို့"ဟု ရန်ဇိုကပြောသည်။ "သူတို့အနေနဲ့ ပြဿနာမတတ်အောင်နေပြီး သခင်လေးချားစ်ကို ရှာတွေ့ကာ လုပ်ချင်ရာလုပ်နိုင်ဖို့ မျှော်လင့်တယ်"
မိသားစုစံအိမ်လိပ်စာဟာ လျှို့ဝှက်ချက်မဟုတ်ပေ။ လူအများကြီးဟာ ဘယ်နေရာမှာလည်းဆိုတာ သိတဲ့အတွက် လျှို့ဝှက်ထားဖို့လည်းမလိုအပ်ပေ။ သူတို့ကို ပြောပြလိုက်ရင်တောင် သူတို့အနေနဲ့ခြံထဲ မဝင်လာနိုင်ပေ။
သူတို့ ချားစ်ခရစ်တန်ကို ရှာတွေ့ကာ သတ်နိုင်ကာ လက်စဖျောက်ပစ်နိုင်ဖို့ သူမျှော်လင့်လေသည်။ သူဟာ ချက်စ်ခရစ်တန် အတွက် အဓိကအတားအဆီးဖြစ်နေလို့ ဖုစ်သည်။
"ကောင်းတယ်။ တော်တယ်"ဟု ချက်စ်ခရစ်တန်ဟာ ပို၍ပျော်ရွှင်သွားလေသည်။ သူလည်း ချားစ်ခရစ်တန်ဟာ ကားပြိုင်ပွဲမှာ ပါလိမ့်မယ်လို့ ခံစားနေရသည်။ သူပြိုင်ပွဲကိုသွားဖို့ သူတကယ်မျှော်လင့်လေသည်။
ဒီနေ့ညဖြစ်တဲ့ မတော်တဆမှုကို ကြည့်ခြင်းဖြင့် ထိုအမျိုးသားနဲ့ အမျိုးသမီးဟာ တိုက်ခိုက်ရေးအရမ်းကျွမ်းကျင်တဲ့ ဖိုက်တာတွေဖြစ်တာသေချာသည်။ တကယ်လို့ သူတို့သာ ချားစ်ခရစ်တန်နဲ့ ပြဿနာရှိရင် ချက်စ်ခရစ်တန် အနေနဲ့ သူတို့အောင်မြင်ဖို့ မျှော်လင့်လေသည်။
လူအများကြီးဟာ သူ့ညီကိုသေစေချင်လို့ သူဟာ အရမ်းရက်စက်တယ်လို့ ထင်ရင်ထင်ကြလိမ့်မည်။ ချက်စ်နဲ့ ချားစ်ဟာ ညီအစ်ကိုတွေဆိုတာ မှန်ပေမယ် သူတို့ဟာ ညီအစ်ကို တစ်ဝက်သာတော်လေသည်။ သူတို့ဟာ တစ်ယောက်နှင့်တစ်ယောက် မနီးစပ်တဲ့အပြင် ရန်ငြိုးရန်စတောင် ရှိလေသည်။
ပထမဆုံးအနေနဲ့ ချားစ်ခရစ်တန်ရဲ့ အမေဟာ ချက်စ်ခရစ်တန်ရဲ့ အမေသေတာနဲ့ပတ်သတ်ပြီး တစ်ခုခုဆက်နွယ်နေလေသည်။ သူ့မိထွေးဟာ သူ့အမေကို ကိုယ်တိုင်သတ်လိုက်တာ မဟုတ်ပေမဲ့လည်း သူမကြောင့် သူ့အမေဟာ သူ့အဖေနဲ့ စကားများကာ အိမ်ပေါ်မှဆင်းသွားပြီး ယာဉ်မတော်တဆမှု ဖြစ်တာဖြစ်သည်။
ဒုတိယအနေနဲ့ ချားစ်ခရစ်တန်ဟာ ချက်စ်ကို သူ့ရဲ့အစ်ကိုအဖြစ် တခါမှ မဆက်ဆံပေ။ ထို့အစား သူဟာ ချက်စ်ခရစ်တန်အား ရန်သူအဖြစ်သဘောထားကာ သူသေဖို့ မစောင့်နိုင်သူဖြစ်သည်။ သူဟာ ချက်စ်ခရစ်တန်ဟာ လျှို့ဝှက်လုပ်ကြံတာတွေ ရှိသည်။ သို့သော်လည်း ချက်စ်ခရစ်တန်ဟာ သူ့ရဲ့ထောက်ချောက်ထဲကျပေမဲ့လည်း ချားစ်ခရစ်တန်ဟာ ဘာကောင်းကျိုးမှမရဘဲ အများအားဖြင့် စိုးရွာစွာဆုံးရှုံးတာများလေသည်။
သူတို့အဖေဟာ ချားစ်ခရစ်တန်ကို မိသားစုရဲ့ နောက်ခေါင်းဆောင်ဖြစ်စေချင်ပေမဲ့ သူတို့အဖိုးကတော့ ချက်စ်ခရစ်တန်ကို နောက်တက်မဲ့မိသားစု ခေါင်းဆောင်ဖြစ်စေချင်သည်။ ထို့ကြောင့် သူတို့ဟာ ယခုအတောအတွင်း ထိုကိစ္စနဲ့ပတ်သတ်ပြီး ပြဿနာတတ်နေခြင်းဖြစ်သည်။
သူတို့နှစ်ယောက်လုံးဟာ အခြားတစ်ယောက်ကို သေစေချင်ပေမဲ့လည်း သူတို့ကိုယ်တိုင်မလုပ်နိုင်နေတာ ဖြစ်သည်။ တကယ်လို့ သူတို့သာ လုပ်ကြံတာမှ ပါဝင်ပတ်သတ်နေတယ်လို့ သတင်းထွက်လာရင် သူတို့အနေနဲ့ မိသားစု အမွေဆက်ခံခွင့် ဆုံးရှုံးမည်ဖြစ်သည်။
သို့သော်လည်း တကယ်လို့ အပြင်လူတစ်ယောက်ယောက်က သတ်လိုက်တာဆိုရင်တော့ ပြဿနာမရှိပေ။ သူတို့ဟာ ဒုစရိုက်လောက,ကဖြစ်၍ သူတို့မှာ ရန်သူတွေ တပုံကြီးရှိလေသည်။
အခု ချားစ်ခရစ်တန်အပေါ်မှာ တစ်စုံတစ်ယောက်က လက်တုန့်ပြန်ချင်တာကို သိတဲ့အတွက် ချက်စ်ခရစ်တန်ဟာ ကျေနပ်နေလေသည်။
.....
နောက်တနေ့ မနက်စာစားပြီးတဲ့အချိန်တွင် ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ XXတောင်ရှိ ကားပြိုင်ပွဲဆီ ထွက်လာကြသည်။
ကားပြိုင်ပွဲဟာ ကားပြိုင်ကွင်းမှာ ကျင်းပတာဖြစ်၍ လက်မှတ်ဟာ အင်တာနက်ပေါ်မှာ ရောင်းတာဖြစ်သည်။ ကုနင်း နဲ့ လင်ရှောင်းထင်တို့ဟာ မနေ့ညက ဟော်တယ်တွင် အခန်းယူပြီးနောက် အင်တာနက်ပေါ်သွားကာ ရှာဖွေထားတာဖြစ်သည်။
XXတောင်ဟာ ဆင်ခြေဖုံးရပ်ကွက်မှာ ရှိတာဖြစ်ပြီး ကားပြိုင်ပွဲဟာ လေပြင်းကြမ်းတဲ့ တောင်ပတ်လမ်းမှာ ကျင်းပတာဖြစ်သည်။ ကားပြိုင်ကွင်းဟာ တောင်နှစ်လုံးကြားတွင် တကူးတကတည်ဆောက်ထားတာဖြစ်ပြီး ဂိတ်ဆုံးဟာ တောင်ခြေမှာရှိကာ ပြိုင်ကွင်းမှာလွဲ၍ အခြားလမ်းမရှိချေ။
ကားပြိုင်ကွင်းဟာ ၉.၈ကီလိုမီတာခန့် ရှည်လျားကာ အကွေ့ပေါင်း၇၉ခု ပါဝင်လေသည်။ ထိုအကွေ့ထဲမှာမှ ၉ခုဟာ အထူးသဖြင့် အန္တရာယ်များလေသည်။ မတော်တဆတွေဟာ အချိန်တိုင်းဖြစ်နိုင်ပြီး ကားပြိုင်သူတွေအများကြီးဟာ ထိုနေရာတွေမှာ ညှပ်သွားတတ်လေသည်။
XXတောင်ဟာ အရမ်းမမြင့်ပေမဲ့လည်း ကားပြိုင်ကွင်းဟာ စိတ်လှုပ်ရှားစရာပင်ဖြစ်သည်။ ဒီနိုင်ငံရဲ့ အန္တရာယ်အများဆုံး တောင်ပတ်ပြိုင်ပွဲကွင်း ထိပ်တန်း၅ခုစာရင်းဝင်တစ်ခုလဲဖြစ်သည်။
ကားပြိုင်တဲ့သူအများစုဟာ XXတောင် ကားပြိုင်ကွင်းကို လာရောက်လည်ပတ်လေသည်။ သူတို့ဟာ ဝေ့မြို့ကအပြင် ပြည်ပကလာတဲ့လူတွေတောင် ရှိသည်။
ကားပြိုင်ကွင်း အများစုဟာ တူညီတဲ့ စည်းကမ်းတစ်ခုရှိလေသည်။ ကားပြိုင်သူတစ်ယောက် ကားပြိုင်ကွင်းကို မသုံးနိုင်ခင် သူတို့အနေနဲ့ သဘောတူညီမှုတစ်ခု လက်မှတ်ထိုးရလေသည်။ တကယ်လို့ ကားပြိုင်ကွင်းမှာ မတော်တဆမှု တစ်ခုခုဖြစ်ခဲ့ရင် ကားပြိုင်ကွင်းပိုင်ရှင်အနေနဲ့ သူတို့ကြောင့်မဟုတ်ရင် တာဝန်မယူကြောင်းဖြစ်သည်။
ဆိုလိုတာက တကယ်လို့ လမ်းတွေ၊ ချိုင့်တွေ ဒါမှမဟုတ် တောင်ပေါ်က တစ်ခုခုပြုတ်ကျတာတို့ တစ်ခုခုမှားသွားခဲ့ရင် ကားပြိုင်ကွင်းအနေနဲ့ ကားပြိုင်သူ မတော်တဆဖြစ်ခဲ့ရင် တာဝန်ယူမှာမဟုတ်ကြောင်း ဖြစ်သည်။
ပြိုင်ပွဲဟာ မနက်၁၀:၀၀မှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပြီး မြို့ကနေ တစ်နာရီသာ ဝေးသောကြောင့် ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ ဟိုတယ်မှ မနက်၈:၂၀မှ ထွက်ကာ XXတောင်ဆီသို့ မနက်၉:၂၀ခန့်တွင် ရောက်လေသည်။
ပြိုင်ပွဲမစခင် မိနသ်၄၀လိုသေးသော်လည်း လူပေါင်း၅၀၀ကျော်ဟာ တောင်ခြေမှာ ရောက်နှင့်နေပြီဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲစတာနဲ့ နောက်ထပ်လူတွေအများကြီး ထပ်ရောက်လာနိုင်စရာ ရှိသေးသည်။
ကားရပ်နားကွင်းကြီးတစ်ခုလုံးဟာ Poshကားပေါင်း ၁၀၀ကျော်နဲ့ ပြည့်နေပြီး ကြည့်ရတာ ခမ်းနားထည်ဝါလှလေသည်။
ပြိုင်ကားတစ်စီးဟာ ပျန်းမျှအားဖြင့် ယူရို၁၀မီလီယံကစတာဖြစ်၍ ပြိုင်ကားရှိတဲ့လူမှန်သမျှဟာ ချမ်းသာတဲ့မိသားစုကလာတာဖြစ်သည်။ ဒီခမ်းနားတဲ့ ပြိုင်ပွဲမှာ သုံးတဲ့ပြိုင်ကားတွေဟာဆိုရင် ပိုလိုတောင် ဈေးကြီးသေးလေသည်။
ကားရပ်နားကွင်းဟာ နှစ်ခြမ်းခွဲထားလေသည်။ ပထမအခြမ်းက ပုံမှန်ကားတွေ ရပ်ဖို့ထားတာဖြစ်ပြီး ဒုတိယအခြမ်းကတော့ ပြိုင်ပွဲဝင်ပြိုင်ကားတွေ ထားဖို့သီးသန့်ဖြစ်သည်။
ကိုယ်ပိုင်ပြိုင်ကားတွေလောက် ပြိုင်ပွဲမှာပါတဲ့ကားတွေဟာ မများပေမဲ့လည်း အတော်များများတော့ ရှိလေသည်။ လာတိုင်းလူတိုင်းဟာ လာပြိုင်တာမဟုတ်ပေ။ လူအများစုဟာ ပြိုင်ပွဲလာကြည့်ကျသူတွေဖြစ်သည်။
ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ ဟိုတယ်မှာ ကားတစ်စီးငှားလာတာဖြစ်သည်။ သူတို့အနေနဲ့ ဝေ့မြို့ကို လာတာပထမဆုံးဖြစ်ပေမဲ့လည်း နည်းပညာကျေးဇူးကြောင့် လမ်းမပျောက်ဘဲ GPSသုံးကာ လမ်းရှာ၍ ရောက်လာလေသည်။
ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ ရုပ်ပြောင်းလာကာ အရမ်းကြီး မလှပ၊ မချောမောသော်လည်း သူတို့ဟာ ကြည့်လို့ကောင်းနေဆဲဖြစ်သည်။
ထို့အပြင် လူအများကြီးဟာ သူတို့ဟာ အာရှလူမျိုးတွေဖြစ်လို့ ကားပါကင်ဆီရောက်တဲ့အခါ လှည့်ကြည့်ကျလေသည်။
ကုနင်းဟာ ရင့်ကျက်၊ ခပ်မိုက်မိုက်ပုံနှင့် ဆွဲဆောင်မှုရှိကာ လင်ရှောင်းထင်ကတော့ ရင့်ကျက်၊ ထက်မြတ်တဲ့ပုံနဲ့ ယောင်္ကျားဆန်လေသည်။
သူတို့နှစ်ယောက်လုံးဟာ Yနိုင်ငံရဲ့ စံနှုန်းအရ ကြည့်လို့ကောင်းသူတွေဖြစ်တဲ့အတွက် ယောင်္ကျားလေးအများစုဟာ ကုနင်းကို သဘောကျတဲ့ပုံဖြင့် ကြည့်ကျကာ မိန်းကလေးတွေကတော့ သူမအား မနာလိုစွာကြည့်လေသည်။
ယောင်္ကျားလေးတွေဟာ လင်ရှောင်းထင်အား မနာလိုကြည့်ဖြင့် မကြည့်ကြသော်လည်း မိန်းကလေးအများစုကတော့ သူ့ကို ကြည့်ကြလေသည်။
နိုင်ငံခြားသားတွေဟာ အာရှသားတွေထက် ပို၍ပွင့်လင်းပြီး ရဲတင်းကြသော်ကြောင့် မကြာမှီမှာပင် လူတွေဟာ ကုနင်းနဲ့ လင်ရှောင်းထင်တို့အား လာပိုးကျလေသည်။ သူတို့နှစ်ယောက်တွဲနေလားလို့ပင် ထိုလူတွေဟာ မမေးပေ။ တကယ်လို့ သူတို့တွဲနေရင်တောင် သူတို့အတွက် ကိစ္စမရှိပေ။
လူတိုင်းက သူတို့ကို မကောင်းတဲ့အကြံအစည်နဲ့ စကားလာပြောတာမဟုတ်ပေမဲ့လည်း လာပြောတဲ့ လူအများစုကတော့ မကောင်းစိတ်ရှိကြလေသည်။ မဟုတ်လျှင် သူတို့ကို စကားလာပြောမှာ မဟုတ်ပေ။
"ဟေး၊ မိန်းမလှလေး။ ငါတို့သူငယ်ချင်း ဖြစ်လို့ရမလား"ဟု ရုပ်ချောတဲ့ ယောင်္ကျားလေးတစ်ယောက်ဟာ လင်ရှောင်းထင် အားလုံးဝ မျက်ကွယ်ပြုကာ ကုနင်းအား လာပိုးပန်းလေသည်။
လင်ရှောင်းထင်ဟာ တခြားလူတစ်ယောက်က သူနဲ့စေ့စပ်ထားတဲ့လူအပေါ် လာပိုးပန်းနေတာကို မြင်တဲ့အခါ စိတ်မကျေမနပ်ဖြစ်သွားလေသည်။ သို့သော်လည်း သူဟာ ဘာမှမပြောပေ။ သူဟာ ထိုယောင်္ကျားလေးကို မောင်းထုတ်ရလောက်အောင်ထိ သဘောထား မကျဉ်းမြောင်းသေးပေ။ ဘာပဲဖြစ်ဖြစ် ကုနင်းဟာ ထိုသူနဲ့ စကားပြောမှာမဟုတ်ပေ။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၃၈ သူ နင့်ကိုစိတ်ဝင်စားနေတယ်လို့ ဘယ်လိုများထင်လိုက်တာလဲ?
"တောင်းပန်တယ်။ ငါ့သတို့သားလောင်းက ငါအခြားယောင်္ကျားလေးတစ်ယောက်နဲ့ စကားပြောတာမကြိုက်ဘူး"ဟု သူတို့ဘာရည်ရွယ်ချက်ရှိရှိ ကုနင်းက သူတို့အား ယဉ်ကျေးစွာ ငြင်းလိုက်သည်။
"ဟုတ်လား။ နှမျောစရာပဲ။ မင်းသတို့သားလောင်းက သဘောထား ကျဉ်းမြောင်းလိုက်တာ။ မင်းအနေနဲ့ ယောင်္ကျားလေးတွေနဲ့ သူငယ်ချင်းတောင် ဖြစ်ခွင့်မရှိတာ အရမ်းပင်ပန်းနေမှာပဲ"ဟု ထိုလူဟာ လင်ရှောင်းထင်အား အထင်သေးစွာ ကြည့်၍ပြောလိုက်သည်။ သူအနေနဲ့ လင်ရှောင်းထင်ဟာ သဘောထားကျဉ်းမြောင်းကာ နှစ်သက်ဖွယ်မရှိတဲ့ ယောင်္ကျားတစ်ယောက်လို့ ခံစားရလေသည်။
လင်ရှောင်းထင်ဟာ သူ့ရဲ့အထင်သေးမှုကို လစ်လျူရှုထားလိုက်သည်။
ခဏအကြာတွင် ထိုလူဟာ သူမနားမှာ ဆက်မနေတော့ဘဲ လှည့်ထွက်သွားလေသည်။
ထိုလူထွက်သွားပြီးတဲ့နောက်တွင် တခြားလူတစ်ယောက် သူတို့ကို လာပိုးပြန်လေသည်။ ဒီတစ်ခါတော့ အရပ်ရှည်ပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမဟာ အရပ်၁.၇၅မီတာခန့် ရှည်ကာ ချောမောလှပလေသည်။ သူမဟာ လင်ရှောင်းထင်ကို ချိန်နေတာဖြစ်သည်။
"မင်္ဂလာပါ။ ကိုယ့်ကိုကိုယ်မိတ်ဆက်ပေးပါရစေ။ ကျွန်မနာမည်က ချီယာပါ။ မိဘတွေက ဝေ့မြို့က နာမည်ကြီးတဲ့ ကုန်သည်တွေဖြစ်တယ်။ ကျွန်မက ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ပါ။ ပိုပြီးအရေးကြီးတာက ကျွန်မက singleပဲရှိသေးတယ်။ ရှင့်ရဲ့ ရုပ်ရည်နဲ့ အရှိန်အဝါဟာ ကျွန်မအတွက် ပြီးပြည့်စုံတယ်။ ကျွန်မတို့ အချင်းချင်း ရင်းနှီးကြရအောင်လား။ ကျွန်မက ကြည့်ကောင်းပြီး ဂုဏ်ရှိတဲ့ယောင်္ကျားလေးတွေကို သဘောကျတယ်။ ဒါပေါ့ သူတို့အနေနဲ့ ကျွန်မကို ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး သစ္စာလဲရှိရမယ်။ ကျွန်မက ငွေကြေးအခက်အခဲမရှိလို့ ကျန်တာဂရုမစိုက်ဘူး"ဟု ထိုမိန်းကလေးဟာ ရောက်လာပြီး ရဲတင်း ယုံကြည်ချက်ရှိစွာပင် တစ်ရဆက် လင်ရှောင်းထင်အား သူမကိုယ်သူမ မိတ်ဆက်လေသည်။
သို့သော် ကုနင်းနဲ့ လင်ရှောင်းထင်တို့ကတော့ သူမကြောင့် စိတ်ရှုပ်သွားလေသည်။ ဒီမိန်းကလေးဟာ အရှက်မရှိပေ။
ဒီမိန်းကလေးဟာ ကုနင်းကို လုံးဝဂရုမစိုက်ဘဲ လင်ရှောင်းထင်အား မျက်စပစ်လျက် မြူဆွယ်လေသည်။
သူမဟာ လုံးဝဆွဲဆောင်မှုရှိသော်လည်း ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ ထိုသို့အပိုတအားပြောတာ မကြိုက်ပေ။
သူတို့ဟာ ပြည်ပမှာရောက်နေပြီး ဒီကမိန်းကလေးတွေဟာ ပွင့်လင်းကြပေမဲ့လည်း ဒီမိန်းကလေးဟာ သာမာန်ထက်ပိုပြီး ကလူမြူဆွယ်လေသည်။ သူမဟာ မောက်မာကာ ကိုယ့်ကိုကိုယ်တစ်ကမ္ဘာထင်နေတဲ့ မွေးကတည်းက အလိုလိုက်ခံထားရတဲ့မိန်းကလေးတစ်ယောက်ဖြစ်သည်။
လင်ရှောင်းထင်ဟာ ယဉ်ကျေးမှုအရတောင် သူမအား စကားပြန်မပြောပေ။ ထို့အစား သူဟာ ကုနင်းလက်ကို ဆွဲကာ လှည့်ထွက်သွားလေသည်။
ချီယာဟာ အံ့ဩသွားလေသည်။ သူမဟာ တစ်စုံတစ်ယောက်က သူမအား အခုလို လှည့်မကြည့်လိမ့်မယ်လို့ မထင်ထားပေ။ သူမဟာ အရမ်းရှက်သွားကာ လက်တုန့်မပြန်ဘဲ မနေနိုင်တော့ချေ။
ချီယာဟာ ချက်ချင်းပဲ ကုနင်းနဲ့ လင်ရှောင်းထင်တို့နောက်လိုက်ကာ သူတို့ရှေ့မှ ဒေါသတကြီးဖြင့် ပိတ်ရပ်လိုက်လေသည်။ သူမဟာ လင်ရှောင်းထင်အား "ကျွန်မကို ဂရုမစိုက်ဘဲ လှည့်ထွက်သွားရဲတယ်ပေါ့။ ရှင်က လူကြီးလူကောင်းတစ်ယောက်မဟုတ်ဘူး။ ဒါဟာ လုံးဝရိုင်းစိုင်းတာပဲ"ဟု မေးလေသည်။
ချီယာအသံဟာ အတော်ကျယ်တဲ့အတွက် လူတွေဟာ သူတို့အား ကြည့်နေလေပြီး သူတို့စကားများလေလေ လာကြည့်သူတွေ များလေလေဖြစ်သည်။ သို့သော်လည်း သူတို့ဟာ အာရှအတွဲဟာ ရိုင်းတယ်လို့မထင်ဘဲ အများစုဟာ ချီယာ ဘက်ကမှားတယ်လို့ ခံစားကြသည်။
"ဖူး~" ကုနင်းဟာ မထိန်းနိုင်တော့ဘဲ လှောင်ပြောင် ရယ်မောလေတော့သည်။
ချီယာဟာ အရှက်မရှိဘဲ သူမဟာ လင်ရှောင်းထင်အား ရိုင်းတယ်လို့ အပြစ်တင်နေတာဖြစ်သည်။ သူမဟာ အထက်စီးဆန်ကာ ထူးဆန်တဲ့ အမြင်ရှိလေသည်။
"နင်ဘာရယ်တာလဲ"ဟု ချီယာဟာ ချက်ချင်းမျက်မှောင်ကြုံ့သွားကာ ကုနင်းက အထင်သေးဟန်ဖြင့် ရယ်နေတာ တွေ့တဲ့အခါ ဒေါသတကြီးကြည့်လျက် မေးလေသည်။
"ငါနင့်ကိုရယ်နေတာလေ။ နင်က အရှက်မရှိတာကို ယောင်္ကျားလေးဘက်ကို လူကြီးလူကောင်းမဆန်ဘဲ ရိုင်းတယ်လို့ အပြစ်ပြောနေတယ်။ ဒါဟာ လုံးဝဟာသပဲ"ဟု ကုနင်းဟာ မထိန်းချုပ်ပဲ လှောင်လေသည်။ ဒီမိန်းကလေးဟာ သူမရဲ့ ခင်ပွန်းလောင်းကို လိုချင်လို့လာတာဖြစ်၍ သူမအနေနဲ့ စိတ်အေးအေး မနေနိုင်ပေ။
"နင်...."ဟု ချီယာဟာ ကုနင်းက သူမကို အရှက်မရှိကြောင်းပြောတဲ့အခါ ပေါက်ကွဲချင်သွားသည်။ သူမဟာ ကုနင်းကို ပိုပြီးခြိမ်းခြောက်တဲ့အကြည့်ဖြင့် ကြည့်ကာ "နင်ငါ့ကို အရှက်မရှိဘူးလို့ ပြောရဲတယ်ပေါ့လေ"ဟုဆိုသည်။
ချီယာဟာ ရိုင်းစိုင်းပေမဲ့လည်း သူမဟာ ထိုသိုအပြောအဆိုတစ်ခါမှ မခံရဖူးပေ။ သူမနဲ့ ဆက်ဆံတဲ့လူအများစုဟာ သူမရဲ့ အဆင့်အတန်းကြောင့် သူမက ရိုင်းနေရင်တောင် သူမနဲ့ ရန်မစကြပေ။
သူမဘေးပတ်ဝန်းကျင်ကလူတွေဟာ ယဉ်ကျေးစွာပင် သူမဟာ ရိုင်းနေလဲ မပြောဆိုတာလဲ ဖြစ်နိုင်သည်။ တချို့ကတော့ သူမကို ပြန်တုံ့ပြန်ဖူးပေမဲ့လည်း ထိုလူတွေရဲ့ အဆုံးသတ်ဟာ မလှပပေ။ ထို့ကြောင့် ချီယာဟာ လုပ်ချင်တိုင်းလုပ်ပြီး ကိုယ့်ကိုကိုယ်အမှန်ထင်ကာ ကြီးပျင်းလာတာဖြစ်သည်။
"ငါပြောတာ ဘာမှားလို့လဲ။ နင်ငါ့ရှေ့မှာ ငါ့ခင်ပွန်းလောင်းကို မြူဆွယ်ဖို့ ကြိုးစားနေတာလေ။ အဲ့တာ အရှက်မရှိတာမဟုတ်လို့ဘာလဲ။ နင်အခြားယောင်္ကျားလေးတွေအပေါ် မပိုးခင်မှာ သူတို့Singleဟုတ်လား မဟုတ်လားအရင်မေးရမှာ အခြေခံယဉ်ကျေးမှုဆိုတာ နင်နားမလည်ဘူးလား" ဟု ကုနင်းက အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်သည်။ သူမဟာ ချီယာအား အရေးတယူမထားသည့်အတွက် ဘာမှစိတ်ဆိုးစရာမရှိပေ။ သူမဟာ ရိုးရိုးလေး စိတ်ရှုပ်သွားရုံတင်ဖြစ်သည်။
"လူတိုင်းမှာ သူတို့ကြိုက်တဲ့လူတွေကို ပိုးပန်းနိုင်ခွင့်ရှိတယ်။ ဘာပဲဖြစ်ဖြစ် နင့်တို့က စေ့စပ်ထားတာပဲရှိသေးတာ လက်ထပ်ထားတာမှမဟုတ်တာ"ဟု ချီယာက သူမဘက်က မှန်နေသည့်အလား ပြောသည်။
ကုနင်းဟာ သူမပြောလိုက်တဲ့စကားကြောင့် အရမ်းစိတ်ပေါက်သွားလေသည်။ သူမဟာ လုံးဝကို ချီယာအား အထင်သေးလေသည်။ ဘေးနားရှိ လူတွေပင် ထိုသို့ခံစားနေရလေသည်။
"ငါ့သတို့သားလောင်းက နင့်ကိုတစ်ချက်တောင်မှ မကြည့်ဘူး။ သူက နင့်ကိုစိတ်ဝင်စားတယ်လို့ နင်ဘာနင်ဘာလို့ထင်နေတာလဲ"ဟု ကုနင်းကမေးသည်။
"နင်...."ဟု ချီယာဟာ အရမ်းဒေါသထွက်သွားသလို အစော်ကားခံသလို ခံစားရလေသည်။
"သူမပြောတာမှန်တယ်"ဟု မိန်းကလေးတစ်ယောက်ဟာ ရုတ်တရက်ပဲ ချီယာအား အထင်သေးစွာပင် ပြောလိုက်သည်။
ချီယာ လောက်ချောမောလှပပြီး သူမထက် ပိုကျက်သရေရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ပေါ်လာပြီးပြောလိုက်သည်။ သူမဟာ ချီယာဆီ လျောက်သွားပြီး "ချီယာ၊ နင့်အနေနဲ့ အခြားမိန်းကလေးတွေရဲ့ ကောင်လေးတွေကို ခိုးတတ်တဲ့ ဆိုးညစ်တဲ့အကျင့်ကို ပြင်ဖို့သင့်ပြီ။ နင်က ဒီလူကာမိသားစုကို အရှက်ခွဲနေတာပဲ"ဟု ဆက်ပြောလိုက်သည်။
ချီယာဟာ ထိုမိန်းကလေးကို မြင်လိုက်တာနဲ့ တပြိုင်နက်တည်း သူမဟာ ပိုပြီးဒေါသထွက်သွားလေသည်။ သူမဟာ ချက်ချင်းပဲ "ငါ့မိသားစုကိစ္စက နင်နဲ့ဘာမှ မဆိုင်ဘူး"ဟု ပြန်ပြောလေသည်။
"ငါလဲ နင့်ကိစ္စကို ဂရုမစိုက်ပါဘူး။ ငါကနင့်အစ်ကိုနဲ့ စေ့စပ်ထားတာကြောင့် နင့်ကြောင့် ငါအရှက်မရချင်လို့ပြောနေရတာ" ဟု ထိုအမျိုးသမီးကပြောသည်။
"တကယ်လို့ နင်အရှက်ရတယ်လို့ ထင်နေရင် ငါ့အစ်ကိုနဲ့ လက်မထပ်နဲ့"ဟု ချီယာက ဆက်ပြီးသူမအား "နင်သူ့ကို ငွေကြောင့်လက်ထပ်တာငါသိတယ်။ နင်က ငွေမက်တဲ့မိန်းမတစ်ယောက်ပဲ။ နင် ဒီလူကာမိသားစုထဲကို လက်ထပ်ရင်တောင် နင်ကအမြဲအပြင်လူတစ်ယောက်ပဲ ဖြစ်နေတုန်းပဲ။ နင်အနေနဲ့ ကလန်ထဲမှာ ဘာပြောခွင့်မှရှိမှာမဟုတ်ဘူး။ ဘယ်တော့မှဘဲ"ဟု လှောင်လေသည်။
လူတိုင်းဟာ ထိုမိန်းကလေးက ငွေအတွက် လက်ထပ်တာလို့ ကြားတဲ့အခါ အထင်သေးစွာကြည့်ကြလေသည်။
"ဟမ့်" ထိုမိန်းကလးဟာ စိတ်ဆိုးပုံမပေါ်ဘဲ အေးအေးဆေးဆေးပဲ ပြန်ပြောသည်။ "ငါက ဩဇာကြီးတဲ့မိသားစုက မလာတာမှန်ပေမဲ့ ငွေအတွက်တော့ လုံးဝလက်ထပ်စရာမလိုဘူး။ ငါ့မှာ အလုပ်ကောင်းကောင်းရှိတယ်။ ကားတစ်စီးနဲ့ စံအိမ်တစ်လုံးလဲ ရှိပြီးသားမို့ ဘယ်သူ့အပေါ်မှ မှီခိုပြီး နေစရာမလိုဘူး"
ထိုမိန်းကလေးအပေါ်ရှိတဲ့ လူတိုင်းရဲ့အထင်သေးမှုတွေဟာ ပျောက်သွားလေသည်။ သူမဟာ သူမဘာသူမ စံအိမ်တစ်လုံးဝယ်နိုင်ရင် သူမဟာ အဆင်ပြေတယ်လို့ ပြောလို့ရသည်။ တကယ်လို့ ဒီလူကာမိသားစုဟာ သူမထက် အဆင့်အတန်းမြင့်ရင်တောင် သူမဟာ ထူးချွန်ပြီး ဘယ်သူ့အပေါ်မှ မှီခိုဖို့မလိုသူဖြစ်သည်။
ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ သူတို့နှစ်ယောက် ရန်ဖြစ်တာကြည့်ဖို့ စိတ်မဝင်စားချေ။ သူတို့အနေနဲ့ ချားစ်ခရစ်တန်ကိုရှာဖို့လိုသေးသည့်အတွက် ထိုမိန်းကလေးက ချီယာအား ပြဿနာရှာနေချိန်တွင် လူအုပ်ထဲမှ ချားစ်ခရစ်တန်အား စတင်ရှာဖွေနေပြီဖြစ်သည်။
ချားစ်ခရစ်တန်ဟာ ကျီမိသားစုဆီကို လာဖူးသည့်အတွက် သူတို့မှာ သူ့ရဲ့ဓာတ်ပုံအား လုံခြုံရေးကင်မရာများရှိ ဗွီဒီယိုများမှတဆင့် ရရှိပြီးဖြစ်၍ ကျီရှောက်မင်ဟာ ချားစ်ခရစ်တန်ရဲ့ ပုံအား ကုနင်းဆီ ပို့ပေးပြီးဖြစ်သည်။
***
စာစဉ် ၁၁၉ ပြီး၏။