← Chapters

အခန်း (၁၉၃၉-၁၉၄၄)

Vol. 120 Ch. 1939-1944

အခန်း (၁၉၃၉-၁၉၄၄)

Vol. 120 Ch. 1939-1944

အပိုင်း ၁၉၃၉ လည်မျိုကိုဖြတ်

ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ ချားစ်ခရစ်တန်ဘယ်လိုပုံရှိလဲဆိုတာ သိပြီးဖြစ်၍ သူ‌ပေါ်လာတာနဲ့တပြိုင်နက် သူတို့ဟာ တန်းမှတ်မိနိုင်လေသည်။ သို့သော် မနက်၁၀:၀၀ထိုးပြီးပေမဲ့လည်း ချားစ်ခရစ်တန်ကို လုံးဝမတွေ့ရသေးပေ။

သူ,မလာတော့ဘူးလား။ ဒါမှမဟုတ် သူနောက်ကျနေတာလား။ သူက ဒီမှာရောက်နှင့်နေပြီးဖြစ်ပြီး တစ်နေရာရာမှာ အနားယူနေတာများလား။

ချားစ်ခရစ်တန်လာလာ မလာလာ ကုနင်းနဲ့ လင်ရှောင်းထင်တို့ကတော့ ဒီနေ့ဒီမှာလှည့်ပတ်ကြည့်ရင်း စောင့်နေမှာဖြစ်သည်။

ကားပြိုင်ပွဲမစမှီမှာပင် လူတွေဟာ ‌သူတို့လောင်းမယ့်ဘက်ကို လောင်းကြေးထပ်ကြလေသည်။

လူပေါင်း၁၀၈ယောက် ပြိုင်ပွဲမှာပါဖို့ စာရင်းပေးထားတာဖြစ်သည်။ သူတို့ဟာ ပြိုင်ပွဲပေါင်း၁၁ပွဲခွဲ၍ ပြိုင်ရမှာဖြစ်သည်။ ပထမပြိုင်ပွဲမှာ ကား၁၀စီးပြိုင်မှာဖြစ်ပြီး နောက်ဆုံးပွဲကတော့ ကား၈စီးပြိုင်မှာဖြစ်သည်။

ပွဲတိုင်းရဲ့ ပထမ၊ ဒုတိယနဲ့ တတိယရတဲ့သူတွေဟာ နောက်ပွဲမှာဆက်ပြိုင်ရမှာဖြစ်သည်။ ကွင်းကို သုံးပတ်,ပတ်ပြီးတဲ့နောက် ထိပ်တန်း၃ယောက်ဟာပေါ်ထွက်လာမှာဖြစ်သည်။ လောင်းဖို့အတွက်ကတော့.....

ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ ဆုကြေးကိုမသိလို့ မလောင်းကြပေ။ သူတို့ဟာ ဒီကို ချားစ်ခရစ်တန်အတွက် သက်သက်လာတာဖြစ်သည်။

ကားပြိုင်ပွဲဟာ တောင်တန်းပြိုင်ကွင်းမှာ ကျင်းပတာဖြစ်၍ လူအများစုဟာ ကွင်းမှာရှိတဲ့ မှန်သားပြင်အကြီးကြီးတွေ၊ အဓိကဟောခန်းမ၊ ဒါမှမဟုတ် ကိုယ်ပိုင်အခန်းတွေငှားပြီးသာ ကြည့်နိုင်တာဖြစ်သည်။ ပိုက်ဆံပေးပြီး အတွင်းခန်းထဲတွင် ကွင်းတစ်ခုလုံးကိုလဲ ကြည့်လို့ရသေးသည်။

အထက်တန်းလွှာကလူများကတော့ ကိုယ်ပိုင်အခန်းတွေငှားကာ ကြည့်လေ့ရှိပြီး ကျန်လူအများစုကတော့ အပြင်ဘက်မှာတင် အခြားလူအုပ်နဲ့ရောကာ ကြည့်တတ်ကျသည်။

ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ ချားစ်ခရစ်တန်ကို ကွင်းပြင်မှာမတွေ့တာကြောင့် ပထမထပ်ရှိ အတွင်းခန်းတွေထဲရှာရန် ဦးတည်လာကြသည်။ သူမဟာ သူမရဲ့ ကျောက်စိမ်းမျက်လုံးကိုသုံး၍ ကိုယ်ပိုင်အခန်းတွေထဲအားကြည့်ကာ ချားစ်ခရစ်တန်ကို ရှာလေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ကုနင်းဟာ ချားစ်ခရစ်တန်ကို VIPအခန်းထဲမှ ပြိုင်ပွဲကြည့်နေတာ တွေ့လေသည်။

အခန်းထဲတွင် သူနဲ့အတူ အခြား‌အမျိုးသား၆ယောက်လဲရှိသည်။ ထိုထဲက နှစ်ယောက်ဟာ ချားစ်ခရစ်တန် ရဲ့သူငယ်ချင်းတွေဖြစ်ပြီး ကျန်လူလေးယောက်ကတော့ သက်‌တော်စောင့်တွေဖြစ်သည်။ ထို့အပြင် အခန်းဝတွင်စောင့်နေသော သက်တော်စောင့်နှစ်ယောက်လည်း ရှိသေးသည်။

ကုနင်းဟာ ချားစ်ခရစ်တန် ကိုရှာတွေ့ပြီးနောက် သူမရဲ့မျက်လုံးအစွမ်းကို ပိတ်လိုက်ကာ လင်ရှောင်းထင်အား "သူတို့ကိုရှာတွေ့ပြီ။ သူတို့က သုံးထပ်မြောက်က ကိုယ်ပိုင်အခန်းထဲမှာ။ စုစုပေါင်းလူ၇ယောက်ရှိတယ်။ လူနှစ်ယောက်က သူ့သူငယ်ချင်းဖြစ်လောက်ပြီး ကျန်တဲ့လေးယောက်ကတော့ သက်တော်စောင့်တွေ။ ပြီးတော့ အခန်းဝမှာလဲ သက်တော်စောင့်နှစ်ယောက်ရှိသေးတယ်"ဟု ပြောလိုက်သည်။

"အဲဒီကိုယ်ပိုင်အခန်းရဲ့ ဘေးခန်းမှာလူရှိလား"ဟု လင်ရှောင်းထင် ကမေးသည်။ သူဟာ မတိုက်ခိုက်ခင် အရင်ချဉ်းကပ်ဖို့စဉ်းစားနေတာဖြစ်သည်။

"အဲ့အထပ်မှာရှိတဲ့ ကိုယ်ပိုင်အခန်းမှန်သမျှက ဦးထားပြီးနေပြီ။ ဒါပေမယ့်အောက်ထပ်မှာတော့ အခန်းလွတ်ရှိတယ်။ ငါတို့အနေနဲ့ သူတို့ကိုချဉ်းကပ်နိုင်ဖို့ နည်းလမ်းရှာရမယ်။ တန်းပြီးပြေးတိုက်ဖို့တော့ မေးစရာမလိုဘူး"ဟု ကုနင်းကပြောသည်။

လင်ရှောင်းထင်ဟာ စဉ်းစားနေကာ အသံတိတ်သွားသည်။ အဲ့တာဆိုရင်တော့ ပြဿနာဟာ အနည်းငယ်ရှုပ်ထွေးပေမဲ့လည်း သူတို့အနေနဲ့ ရုတ်ရုတ်သဲသဲ ကြီးကြီးမားမား မဖြစ်သွားစေချင်လို့ပေ။

"နည်းလမ်းကောင်းတစ်ခုခု မစဉ်းစားမိသေးရင် သူတို့ကိုဆက်ပြီး စောင့်ကြည့်ရအောင်။ အခွင့်အရေးတစ်ခုခုပေါလာမယ်ဆိုတာ သေချာတယ်"ဟု ကုနင်းက ချားစ်ခရစ်တန်ရဲ့ ကိုယ်ပိုင်အခန်းကို ခန ခနကြည့်လျက် ပြောသည်။

ကွင်းပြင်ရှိ လူအုပ်ကြီးကတော့ စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြလေသည်။

ပထမတစ်ပတ်ပြီးတဲ့အခါမှာတော့ အချို့တွေဟာ ‌ပျော်ရွှင်နေကြပြီး တချို့ကတော့ စိတ်ပျက်သွားကြလေသည်။

ပထမတစ်ပတ်ပြီးနောက် ဒုတိယတစ်ပတ်ကို တန်းပြီးမပြိုင်ပေ။ ထို့အစား မိနစ်၂၀ကြာပြီးမှ စပြိုင်လေသည်။

ပထမတစ်ပတ်ပြီးနောက် ချားစ်ခရစ်တန်ဟာ အခန်းထဲမှထွက်လာရန် ထရပ်လိုက်တာကို ကုနင်းတွေ့လိုက်သည်။

"သူအပြင်ထွက်လာနေပြီ"ဟု ကုနင်း ကပြောသည်။ "တကယ်တော့ ကျွန်မတို့ရုတ်ရုတ်သဲသဲဖြစ်အောင်လုပ်မိမှာ စိုးရိမ်စရာမလိုပါဘူး။ ကျွန်မတို့အနေနဲ့ သူ့ကိုသတ်ပစ်ဖို့ပဲလိုတာဥစ္စာ"

"အိုကေလေ"ဟု လင်ရှောင်းထင်က သဘောတူလေသည်။

"သူအခန်းအပြင်ကိုထွက်လာတာနဲ့ တပြိုင်နက်တည်း ကျွန်မတို့သူ့ကိုတိုက်ခိုက်ကြမယ်"ဟု ကုနင်းကပြောသည်။

"သတ်ဖြတ်ဖို့အတွက် ကိုယ့်တာဝန်ထား"ဟု လင်ရှောင်းထင်ကဆိုသည်။ သူဟာ ကုနင်းကို ထိခိုက်ဒဏ်ရာမရစေချင်၍ ဖြစ်သည်။

"ကောင်းပြီလေ"ဟု ကုနင်းက သဘောတူသည်။ "ကျွန်မတို့ ချားစ်ခရစ်တန်ကိုသတ်ပြီးတာနဲ့ တောင်ထဲကို ‌ဝင်ပြေးကြမယ်"

သူတို့ဟာ တောင်တန်းတွေဝန်းရံနေတာကြောင့် ပုံးရန်နေရာမရှားပါးပေ။

"ရတယ်"ဟု လင်ရှောင်းထင် ကဖြေသည်။ "မင်းအရင်သွားနှင့်။ ကိုယ်ပြီးတာနဲ့ မင်းနောက်ကလိုက်ခဲ့မယ်"

"ကောင်းပြီလေ"ဟု ပြောကာ ကုနင်း ဟာတောင်တန်းတွေဘက် ထွက်သွားလေသည်။ ချားစ်ခရစ်တန်ကို ကိုင်တွယ်ဖို့ရန်အတွက် လင်ရှောင်းထင်တစ်ယောက်ထဲနဲ့တင် လုံလောက်သောကြောင့် ကုနင်းက သူကျရှုံးမှာကို မစိုးရိမ်ပေ။

.....

ချားစ်ခရစ်တန်ဟာ ကိုယ်ပိုင်အခန်းထဲကထွက်လာပြီးနောက် အောက်ထပ်ကိုဆင်းလာကာ အဓိကခန်းမကြီးရဲ့ အပေါက်ဝဆီ ဦးတည်လာလေသည်။

ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ သူ့ကိုအပေါက်ဝကြီးနားတွင်စောင့်ကာ တိုက်ခိုက်ရန် အသင့်ပြင်ထားလေသည်။

လင်ရှောင်းထင်ဟာ သေနတ်သုံးဖို့ စိတ်ကူးမရှိချေ။ ထို့အစား သူဟာ ဓားမြှောင်ကိုသုံးဖို့ ရွေးချယ်ထားတာဖြစ်သည်။ သူဆီမှာရှိတဲ့သေနတ်ဟာ ကျီကလန်မှ ပိုင်ဆိုင်တာဖြစ်လို့ ချားစ်ခရစ်တန်‌ အသတ်ခံရတာနဲ့ပတ်သတ်ပြီး ကျီကလန်ကို ပြဿနာလာပတ်မှာဆိုးသောကြောင့် ရှောင်ကျဉ်ခြင်းဖြစ်သည်။

ကျီမိသားစုကထုတ်တဲ့ ကျည်ဆံဟာ တကမ္ဘာလုံးမှာ ဝယ်ယူလို့ရသောကြောင့် သူတို့ထုတ်တဲ့ လက်နက်ကိုသုံးတာဟာ လူသတ်မှုနဲ့ သက်ဆိုင်တယ်လို့တော့ မဆိုလိုပေ။ ဒါပေမယ့်လည်း ချားစ်ခရစ်တန်ဟာ ကျီကလန်ကို အခုတစ်လော ပြဿနာရှာနေတာဖြစ်သည်။ ထို့ကြောင့် ချားစ်ခရစ်တန် တစ်ခုခုဖြစ်ရင် ကျီကလန် ဟာပထမဦးဆုံး တရားခံအဖြစ် ပထမဆုံးသံသယအဝင်ခံရမှာဖြစ်သည်။

အဓိကမိသားစုဟာ ချားစ်ခရစ်တန်ရဲ့ ကျီကလန်အပေါ် တိုက်ခိုက်မှုတွေကို မသိပေမဲ့လည်း ချားစ်ခရစ်တန်ရဲ့ သေဆုံးမှုနဲ့ ပတ်သတ်ပြီး စစ်ဆေးလိုက်တာနဲ့တင် သိနိုင်သည်ဖြစ်သည်။

တကယ်လို့ သူတို့သာ လူသတ်မှုနဲ့ ကျီကလန်မပတ်သက်ကြောင်း ရှောင်ရှားနိုင်မယ်ဆိုရင် ခရစ်တန်မိသားစုမှာ ရန်သူတွေအများကြီးရှိသောကြောင့် ကျီကလန်ရဲ့ လက်ချက်လို့ ခရစ်တန်မိသားစုက ထင်မိမှာမဟုတ်ပေ။ လူတွေအများကြီးဟာ သူတို့ကိုသေစေချင်ကြပြီး သူတို့ကိုသတ်ရန် လူသတ်သမားတွေလည်း လွှတ်ထားကြ၍ဖြစ်သည်။

ချားစ်ခရစ်တန် ထွက်လာတာနဲ့ တပြိုင်နက်တည်း လင်ရှောင်းထင်ဟာ သူ့ဆီပြေးသွားလေသည်။

သူဟာ ကျင့်ကြံသူဖြစ်ရုံသာမက တော်တော်လဲ အားကောင်းတဲ့လူဖြစ်တာမလို့ သာမာန်သေမျိုးတစ်‌ယောက်အနေနဲ့ လင်ရှောင်းထင်ရဲ့ အရှိန်ကို မယှဉ်နိုင်ပေ။

သူတို့ဟာ ၁၀မီတာခန့်ကွာဝေးသော်လည်း လင်ရှောင်းထင်ဟာ သူ့အနားရောက်ဖို့ တစ်စက္ကန့်တာကြာတာဖြစ်၍ ချားစ်ခရစ်တန်ဟာ မထင်မှတ်ထားပဲ အံ့အားသင့်သွားလေသည်။ တိုက်ခိုက်တဲ့သူကို သူသတိထားမိတဲ့အချိန်မှာတော့ နောက်ကျသွားပြီးဖြစ်သည်။

ချားစ်ခရစ်တန်ဟာ လည်ပင်းတွင် နာကျင်မှုတစ်ခု ခံစားလိုက်ရပြီးနောက် လုံးဝသတိလစ်သွားလေသည်။

လင်ရှောင်းထင်ဟာ ချားစ်ခရစ်တန် ရဲ့လည်ပင်းကို ဖြတ်ရုံတင်မကဘဲ မှောင်စွမ်းအင်နည်းနည်းပါ အန္တရာယ်ကင်းရန် သုံးလိုက်သေးသည်။ လင်ရှောင်းထင်ဟာ သူ့ကို တအားကြီးနက်အောင် မဖြတ်လိုက်သော်လည်း ဓားမြှောင်ဟာ သူ့လည်ပင်းတစ်ဝက်အထိတော့ လှီးမိသေးလေသည်။

လင်ရှောင်းထင်ဟာ ချားစ်ခရစ်တန်ရဲ့လည်မျိုဟာ သွက်လက်စွာဖြတ်ပြီးနောက် ကုနင်းဆီကို လျင်မြန်စွာပြန်ပြေးသွားလေသည်။

အရာအားလုံးဟာ ဖြစ်ပျက်သွားတာ မြန်လွန်း၍ ဘယ်သူမှ ဘာဖြစ်သွားမှန်း သေချာမသိလိုက်ပေ။ သူတို့ရဲ့သခင် အတိုက်ခိုက်ခံရတာကို သူတို့သတိထားမိတဲ့အချိန်မှာတော့ တရားခံဟာ အဝေးကြီးကို ‌ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်သည်။

သက်တော်စောင့်နှစ်ယောက်ဟာ ချားစ်ခရစ်တန် အနားမှာစောင့်ရှောက်ပြီး မိသားစုကို အကြောင်းကြားရန်နေခဲ့ပြီး ကျန်သက်‌တော်စောင့်လေး‌ယောက်ကတော့ တရားခံနောက် ပြေးလိုက်ဖမ်းကြလေသည်။

သို့သော်လည်း သူတို့ဟာ ကုနင်းနဲ့ လင်ရှောင်းထင်တို့ရဲ့ အရှိန်ကိုလိုက်မမှီပေ။ ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ သူတို့ကို တောအုပ်ထဲမြန်မြန်ဝင်ကာ မျက်‌ခြေဖျက်လိုက်လေသည်။ သက်တော်စောင့်တွေဟာ သူတို့ကို မရှာနိုင်တော့ပေ။

သက်တော်စောင့်၄ယောက်ဟာ သူတို့ဟာ အရမ်းမြန်လွန်းလို့ ဆက်ပြေးလိုက်ဖမ်း‌နေလဲအပိုပဲဆိုတာ သိပေမဲ့လည်း ဆက်လိုက်နေတုန်းဖြစ်သည်။ သူတို့နောက်ကို လိုက်ဖမ်းကြောင်းမှ မပြရင် သူတို့အနေနဲ့ ခရစ်တန်မိသားစုကို အဖြေပေးရန် ခက်ခဲသောကြောင့်ဖြစ်သည်။ သူတို့ဟာ ချားစ်ခရစ်တန်ရဲ့ သက်တော်စောင့်တွေဖြစ်ပေမဲ့လည်း သူ့ကို မကာကွယ်ခဲ့နိုင်သောကြောင့် သူတို့ဟာ အပြစ်ပေးခံရမှာ မလွှဲမသေပင် ဖြစ်သည်။

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၄၀ ဒီနောက်ကွယ်မှာ ချက်စ်ခရစ်တန်ရှိနေတာလား?

လင်ရှောင်းထင်ဟာ တောင်တန်းတောအုပ်ထဲကို ဝင်ပြီးနောက် ဘယ်သူမှ မမြင်နိုင်တဲ့နေရာရောက်တဲ့အခါတွင် သူ့ဓားရှည်ကို ထုတ်ကာ သူတို့ရဲ့ပတ်သတ်တဲ့ ဘာသက်သေမှ မကျန်စေရန် ကုနင်းနဲ့အတူ သူ့ဓားရှည်ပေါ်တက်ကာ မိုးပေါ်ပျံသွားလေသည်။

လင်ရှောင်းထင်ဟာ ဓားရှည်ပေါ်မှာ ပျံရတာ သိပ်မကျွမ်းကျင်သေး၍ သူဟာ ဓားရှည်ပေါ်မှာ အနည်းငယ်ယိုင်သွားသောကြောင့် ကုနင်းအား လန့်သွားစေသည်။ ကံကောင်းစွာပင် သူတို့ဟာ တအားအမြင့်ကြီးမှာ ပျံနေတာမဟုတ်ဘဲ မြေပြင်ပေါ်မှ နှစ်မီတာခန့်အကွာတွင်ပျံနေတာ ဖြစ်သည်။ ထို့ကြောင့် တကယ်လို့ သူတို့ပြုတ်ကျရင်တောင် အခုလောက်အမြင့်လောက်နဲ့ သူတို့အနေနဲ့ ဘာမှထိခိုက်မှာမဟုတ်ပေ။

......

ချက်စ်ခရစ်တန်ဟာ တစ်စုံတစ်ယောက်က ဒီနေ့ ချားစ်ခရစ်တန် ကိုသတ်ဖို့ကြံနေတာသိသည့်အတွက် ထိုကြံစည်နေသူအောင်မြင်ဖို့ သူကတကယ်မျှော်လင့်နေသည်။ သူဟာ ချားစ်ခရစ်တန်က လွယ်ကူတဲ့ပစ်မှတ်မဟုတ်လို့ မအောင်မြင်နိုင်တာများတယ်ဆိုတာ သိပေမဲ့လည်းဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ချက်စ်ခရစ်တန်ဟာ ကားပြိုင်ကွင်းကို စောင့်ကြည့်ရန် သူ့လူတွေလွှတ်ထားပြီး သူ့ရဲ့သွေးတစ်ဝက်ညီကို တစ်ယောက်ယောက်တိုက်ခိုက်တယ်ဆိုတဲ့ သတင်းကြားရင် သူ့ကိုသတင်းပို့ဖို့ အမိန့်ပေးထားသည်။ ထို့ကြောင့် ချားစ်ခရစ်တန်သေပြီး တစ်မိနစ်အကြာမှာပဲ သူ့ညီသေကြောင်း ချက်စ်ခရစ်တန်ဟာ သတင်းရလေသည်။

ချားစ်ခရစ်တန် သေကြောင်းသတင်းရပြီးတဲ့အခါမှာတော့ သူဟာ သူ့လူတွေက လူသတ်သမားဟာ ချားစ်ခရစ်တန်ကို မျက်စိတစ်မှိတ်အတွင်းမှာပဲ သတ်သွားတယ်ဆိုတာကို သတင်းပို့တဲ့အခါမှာတော့ အံ့အားသင့်သွားလေသည်။ ချားစ်ခရစ်တန်ဟာ လည်ပင်းကို ဓားတစ်ချက်ထဲနဲ့တင် အသတ်ခံလိုက်ရတာဖြစ်ပြီး ဓားချက်က တော်တော်နက်လေသည်။

ထို့အပြင် တိုက်ခိုက်ခံရချိန်မှာ ချားစ်ခရစ်တန်အနေနဲ့ တုံ့ပြန်ချိန်ပင်မရလိုက်ပေ။ သူဟာ အသတ်ခံရပြီးနောက် လူသတ်သမားဟာ ချက်ချင်းပဲ ပျောက်သွားလေသည်။

သူ့ကိုသတ်တဲ့လူသတ်သမားဟာ အရမ်းအံ့ဩဖို့ကောင်းလေသည်။

ဒီတိုက်ခိုက်မှုနောက်ကွယ်က လူကဘယ်သူလဲ။ ချားစ်ခရစ်တန်ကို လုပ်ကြံဖို့ ဒီလောက် အစွမ်းရှိတဲ့လူကို ထိုနောက်ကွယ်ကလူက ဘယ်လိုတောင် ရှာနိုင်တာလဲ။

သို့သော်လည်း သူဟာ အံ့ဩရာက သတိပြန်ဝင်လာပြီးနောက် ထိုအရာကို ဂရုမစိုက်တော့ပေ။ ထို့အစား သူဟာ ပျော်ရွှင်သွားလေသည်။ သူဟာ အရမ်းကို အလွန့်လွန့်တစ်‌ယောက်တည်း ပျော်ရွှင်‌ကျေနပ်သွားလေသည်။ တကယ်လို့ သူသာ ကုမ္ပဏီမှာဖြစ်ပြီး ဘေးမှာလူတွေဝိုင်းမနေလျင် သူ့အနေနဲ့ ကျယ်လောင်စွာ အော်ဟစ်ရယ်မောမိပေလိမ့်မည်။

အခု ချားစ်ခရစ်တန်သေသွားပြီဖြစ်၍ သူနဲ့ နောက်တက်မဲ့ မိသားစုခေါင်းဆောင်နေရာကို ဘယ်သူမှ မယှဉ်ပြိုင်နိုင်တော့ပေ။

မိသားစုက ချားစ်ခရစ်တန် အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး သူသတ်တယ်လို့သံသယဝင်ကျမယ်ဆိုတာ သူသိသော်လည်း သူနဲ့ ဒီကိစ္စဟာ လုံးဝတကယ်မသက်ဆိုင်သောကြောင့် သူဟာ စုံစမ်းစစ်ဆေးခံရမှာ မကြောက်ပေ။

ခရစ်တန်မိသားစုဟာ ထိုသတင်းကို ချက်ချင်းပဲ ကြားသိသွားသော်လည်း ချားစ်ခရစ်တန်ရဲ့ မိဘတွေသာ သူတို့သားအသတ်ခံရ၍ ဒေါသထွက်ကာ ဝမ်းနည်းနေကြတာဖြစ်သည်။ မိသားစုထဲမှ အခြားဘယ်သူမှ ချားစ်ခရစ်တန် သေသွားတာနဲ့ပတ်သတ်ပြီး ဝမ်းမနည်းကြပေ။

ချားစ်ခရစ်တန်ရဲ့ အဖိုးဟာ အမှန်တကယ်ပင် အနည်းငယ်တော့ ဝမ်းနည်းလေသည်။ သူဟာ ထိုကောင်လေးကို မယားငယ်ကမွေးတဲ့ တရားမဝင်သားဖြစ်ကာ သွေးကြီးတဲ့လူဖြစ်လို့ သဘောမကျပေမဲ့လည်း သူဟာ နောက်ဆုံးတော့ သူ့မြေးဖြစ်နေဆဲဖြစ်သည်။ သို့သော် သူဟာ အနည်းငယ်သာ ဝမ်းနည်းတာဖြစ်သည်။

"ချက်စ်ခရစ်တန် သတ်တာပဲဖြစ်ရမယ်။ သူ့လက်ချက်ဆိုတာသေချာတယ်။ ချားစ်က သူ့ကိုကျော်တတ်သွားမှာ ကြောက်လန့်ပြီး လုပ်လိုက်တာပဲဖြစ်ရမယ်..."ဟု ချားစ်၏မိခင်ပထမဆုံး သံသယဝင်တဲ့သူဟာ ချက်စ်ခရစ်တန် ဖြစ်သည်။ အထူးသဖြင့် အခုတစ်လော သူတို့ဟာ မိသားစုအမွေဆက်ခံဖို့ ယှဉ်ပြိုင်နေ၍ဖြစ်သည်။

"ဟုတ်တယ်။ သူပဲဖြစ်ရမယ်။ ချက်စ်က ချားစ်ကို သတ်လိုက်တာဖြစ်ရမယ်..." ဟု ချားစ်ခရစ်တန်ရဲ့ အဖေဟာလည်း နောက်ကွယ်ကလူဟာ ချက်စ်ခရစ်တန်ဖြစ်မယ်လို့ သံသယဝင်လေသည်။ မဟုတ်ဘူး။ ထင်တာမဟုတ်ဘူး။ နောက်ကွယ်ကလူက ချက်စ်ခရစ်တန်ဟုတ်ကို ဟုတ်တယ်။

"အခြေအနေကို မစုံစမ်း မစစ်ဆေးရသေးဘဲ မင်းတို့အနေနဲ့ သူ့ကိုအဲဒီလို စွတ်စွဲလို့မရဘူး။ ငါချက်စ်ကို ယုံကြည်တယ်"ဟု ချက်စ်ခရစ်တန်ရဲ့ အဖိုးကဆိုသည်။ သူဟာ ချက်စ်ခရစ်တန်ကို အနည်းငယ်သံသယဝင်ပေမဲ့လည်း ယုံကြည်နေဆဲဖြစ်သည်။ သူကိုယ်တိုင် ချက်စ်ခရစ်တန်ကို တစ်ယောက်တည်း ပြုစုစောင့်ရှောက်မွေးမြူလာတဲ့အတွက် သူဟာ ယုံကြည်ခြင်းဖြစ်သည်။ မဟုတ်ရင် သူ့အနေနဲ့ ချက်စ်ခရစ်တန်ကို မိသားစုအမွေဆက်ခံဖို့ မျှော်လင့်ခဲ့မှာ မဟုတ်ပေ။

သို့သော်လည်း သူ့သားဖြစ်တဲ့ ချက်စ်နဲ့ ချားစ်တို့ရဲ့ အဖေကတော့ ချားစ်ခရစ်တန် တစ်ယောက်တည်းသာ ဂရုစိုက်လေသည်။ သူဟာ သူ့သားကို အရမ်းအလိုလိုက်လွန်း၍ ချားစ်ခရစ်တန်ဟာ နောက်ဆုံးတွင် ကြမ်းတမ်းကာ တစ်ကိုယ်ကောင်းဆန်စွာ ကြီးပြင်လာလေသည်။

ခရစ်တန်မိသားစုဟာ မာဖီးယားတွေဖြစ်တဲ့အတွက် မိသားစုခေါင်းဆောင်ဟာ ဆုံးဖြတ်ချက် ပိုင်နိုင်ပြီး ခံစားချက်တွေမကြီးရမှာဖြစ်သည်။ သို့သော်လည်း ခေါင်းဆောင်အနေနဲ့ လူကျင့်ဝတ်မရှိ၊ လေးစားမှုမရှိနှင့် ရက်စက်ရမယ်လို့ မဆိုလိုပေ။

သူတို့ မိသားစုဟာ မာဖီးယားမိသားစုသမိုင်းရှိသော်လည်း သူတို့ဟာ တရားဝင်စီးပွား‌ရေးလုပ်ခန်းတွေအများကြီး စတင်လုပ်ကိုင်နေပြီဖြစ်၍ အခုချိန်တွင် သူတို့ရဲ့ အမွေဆက်ခံသူဟာ စီးပွားရေးအမြင်နှင့် ဗျူဟာတွေ ရှိဖို့လိုအပ်လေသည်။ ပြီးတော့ သူဟာ ချက်စ်ခရစ်တန်ကို ဒီအတွက်ပဲ ပျိုးထောင်လာတာဖြစ်သည်။

"မဟုတ်ဘူး။ သူလုပ်တာပဲဖြစ်ရမယ်။ အဲ့တာသူ့လက်ချက်ပဲ။ တခြားဘယ်သူမှ လုပ်မှာမဟုတ်ဘူး"ဟု ချားစ်ခရစ်တန်ရဲ့ အမေဟာ ဆက်ပြီးငြင်းနေဆဲပင်ဖြစ်သည်။

သူမဟာ သူမသားကိုသတ်ချင်တဲ့ ရည်ရွယ်ချက်ရှိတဲ့လူဟာ ချက်စ်ခရစ်တန် တစ်ယောက်တည်းမဟုတ်တာ သိပေမဲ့လည်း သူမဟာ သူဖြစ်ကြောင်း ရိုးရိုးလေးပဲ ဆက်ငြင်းနေတာဖြစ်သည်။ အမှန်တကယ်တော့ သူမဟာ ချက်စ်ခရစ်တန်ကို မုန်းတီးပြီး သူ့အပေါ် အထူးသဖြင့်ပိုပြီးအပြစ်တင်တာကြောင့်ဖြစ်သည်။ သူမဟာ ချက်စ်ခရစ်တန်ရဲ့ အောင်မြင်မှုတွေအပေါ် မနာလိုဖြစ်ကာ သူ့ကိုသေစေချင်နေတာဖြစ်သည်။

ချက်စ်ခရစ်တန်ဟာ သူမသား မိသားစုခေါင်းဆောင်ဖြစ်လာနိုင်တဲ့ လမ်းမှာပိတ်နေတဲ့ အကြီးမားဆုံးအတားအဆီးတစ်ခု ဖြစ်နေတာဖြစ်၍ဖြစ်သည်။

ပြီးတော့ အခုသူမသားဟာ သေသွားပြီး ချက်စ်ခရစ်တန်ကတော့ အသက်ရှင်နေသေးတဲ့အတွက် အခြားဘယ်သူမှ မိသားစုခေါင်းဆောင်နေရာကို သူနဲ့မယှဉ်လုနိုင်တော့ချေ။ သူမ မနှစ်မြို့တဲ့လူတစ်‌ယောက် မိသားစုခေါင်းဆောင်ဖြစ်လာတာကို ကြည့်ရမှာ သူမလက်မခံနိုင်ပေ။

"အဖေ့အနေနဲ့ ချက်စ်ကို သဘောကျတာနဲ့ပဲ သူဘက်မှာပဲ ပါလို့မရဘူး။ ချားစ် ကလဲ အဖေ့မြေးဘဲလေ"ဟု ချားစ်ခရစ်တန်ရဲ့ အဖေကဆိုသည်။ သူကိုယ်တိုင်ကလည်း ချက်စ်ခရစ်တန်ရဲ့ အဖေဖြစ်ပေမဲ့လည်း သူဟာ ချက်စ်ခရစ်တန်က တရားခံလို့ ခံစားနေရဆဲဖြစ်သည်။

သူဟာ ထိုကဲ့သို့ အရမ်းကိုဆိုးရွားတဲ့အဖေဖြစ်သည်။ ချားစ်ခရစ်တန်ကတော့ သူ့ကိုအရမ်းကောင်းတဲ့အဖေလို့ ထင်နိုင်ပေမဲ့ ချက်စ်ခရစ်တန်အတွက်တော့ သူဟာ ဘဝရန်သူဖြစ်သည်။

"တော်တော့။ ချားစ် ဘယ်လိုလူဆိုတာ မင်းမသိဘူးလား။ သူက လူတွေအများကြီးကို အပြစ်လုပ်ထားတာ။ လူတွေအများကြီး သူသေတာ လိုချင်ကြတယ်။ စုံစမ်းစစ်ဆေးလို့ မပြီးမချင်း ဘယ်သူကမှ ချက်စ်ကို စွတ်စွဲပြီး သူ့နာမည်ဖျက်ခွင့်မရှိဘူး"ဟု ချက်စ်ခရစ်တန်ရဲ့ အဖိုးဟာ ဒေါသထွက်စွာပြောလေသည်။ မိသားစု အမွေဆက်ခံသူဟာ လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်ပတ်သတ်လို့မဖြစ်၍ဖြစ်သည်။

လူတွေအများကြီးဟာ ချက်စ်နဲ့ ချားစ်ခရစ်တန်တို့ မတည့်တာသိပေမဲ့လည်း ညီအစ်ကိုအချင်းချင်း စကားများကျတယ်လို့သာ ထင်ကြတာဖြစ်သည်။ လူတွေအများကြီးဟာ ချားစ်ခရစ်တန် သေဆုံးမှုရဲ့ နောက်ကွယ်ကလူဟာ ချက်စ်ခရစ်တန်ဖြစ်မယ်လို့ သံသယဝင်ကြပေမဲ့လည်း ထိုအရာဟာ အနည်းငယ်သာ သံသယဝင်တာဖြစ်ပြီး ဘယ်သူကမှ သူဟာ သူ့ညီကို တကယ်သတ်လိမ့်မယ်လို့ မထင်ပေ။

သို့သော်လည်း တကယ်လို့ ကလန်မှ သူ့ညီသေဆုံးမှုမှာ ချက်စ်ခရစ်တန်က အဓိကသံသယတရားခံဆိုတဲ့ သတင်းသာထွက်လာရင် တကယ်လို့ သူတို့အနေနဲ့ တခြားလူတစ်ယောက်ယောက်ရဲ့ လက်ချက်ဆိုတာကို သက်သေပြနိုင်ရင်တောင် လူထုက ချက်စ်ကို သူတို့ကလန်က ကာကွယ်ဖို့လုပ်နေတာလို့ ထင်ကြမှာဖြစ်သည်။

ချားစ်ခရစ်တန်ရဲ့ မိဘတွေဟာ မကျေနပ်ပေမဲ့လည်း သူတို့အဖေရဲ့ စကားကြောင့် ဆက်မပြောဘဲရပ်လိုက်ရလေသည်။ သို့သော်လည်း သူတို့သားသေဆုံးမှုနောက်ကွယ်ကလူဟာ ချက်စ်ခရစ်တန်ဖြစ်တယ်လို့ သူတို့ဟာ သေချာလေသည်။

မိသားစုဟာ ချက်ချင်းပဲ ဒီအမှုကို စုံစမ်းစစ်ဆေးရန် လူလွှတ်လေသည်။ ချက်စ်ခရစ်တန် ကိုလည်း မိသားစုစံအိမ်ကို ချက်ချင်းပြန်လာခိုင်းသည့်အတွက် သူတို့ခိုင်းသည့်အတိုင်း သူဟာအိမ်ပြန်လာလေသည်။

လူအများစုဟာ ချက်စ်ခရစ်တန်ကို သူ့ညီအားသတ်တယ်လို့ သံသယဝင်ကြပေမဲ့လည်း လူအများကြီးကတော့ ချားစ်ခရစ်တန် သေသွားတာနဲ့ပတ်သတ်ပြီး ပျော်ရွှင်ကျေနပ်နေကြလေသည်။ လူတွေဟာ ချားစ်ခရစ်တန်ကို သဘောမကျသလို အချို့ဆို သူ့ကိုမုန်းပါမုန်းတီးကြလေသည်။

ချက်စ်ခရစ်တန်အိမ်ကို ပြန်ရောက်တာနဲ့ တစ်ပြိုင်နက်တည်း သူဟာ သူ့အဖေနဲ့ သူ့မိထွေးမှ ချားစ်ခရစ်တန်သေဆုံးမှုနဲ့ ပတ်သတ်ပြီး မေးမြန်းခံရလေသည်။

ချက်စ်ခရစ်တန်ဟာ သူ့ညီအသတ်ခံရတာနဲ့ပတ်သတ်ပြီး ပါဝင်ပတ်သတ်မှုလုံးဝမရှိကြောင်း ယုံကြည်ချက်အပြည့်ဖြင့် ငြင်းဆိုလေသည်။ သူဘယ်လောက် စိတ်အေးအေးနဲ့ ဖြေနေလဲဆိုတာကို ကြည့်ပြီး သူ့အဖိုးရဲ့ သံသယတွေအားလုံးဟာ ပျောက်သွားလေသည်။ သို့သော်လည်း ချားစ်ခရစ်တန်ရဲ့ မိခင်နဲ့ ဖခင်ကတော့ ထိုသို့မထင်ပေ။

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၄၁ အိမ်ပြန်ကြမယ်

ချက်စ်ခရစ်တန်ဟာ သူတို့ရဲ့ထင်မြင်ချက်ကို ဂရုမစိုက်ပေမဲ့လည်း သူဟာ သူတို့စွပ်စွဲသမျှကိုတော့ ငြိမ်ခံနေမှာမဟုတ်ပေ။ ထို့ကြောင့် သူဟာ အေးစက်စွာပဲ "ချားစ် စွမ်းရည်ကို ခင်ဗျားတို့မသိဘူးလား။ သူက အသတ်ရှင်စဉ်တုန်းက လူတွေအများကြီးကို အပြစ်လုပ်ခဲ့တယ်။ ခင်ဗျားတို့အနေနဲ့ ကျွန်တော်တို့က မာဖီးယားတွေဖြစ်လို့ ရန်သူတွေများတယ်ဆိုတာ သိသင့်တယ်။ ကျွန်တော်တို့အနေနဲ့ အမြဲတန်း လုပ်ကြံခံနေရတာ။ တကယ်လို့ ဒီနေ့ဒဏ်ရာရပြီး သေသွားတဲ့လူက ကျွန်တော်ဆိုရင် ချားစ်လက်ချက်လို့ ခင်ဗျားတို့ ဆိုလိုလို့ရလား"ဟု ပြန်ပြောလေသည်။

"မင်း..."ဟု ချားစ်ခရစ်တန်ရဲ့မိဘတွေဟာ ပေါက်ကွဲချင်ပေမဲ့လည်း သူတို့အနေနဲ့ ချက်စ်ခရစ်တန်ပြောသမျှဟာ မှန်ပြီး သူသတ်တာ ဖြစ်ချင်မှဖြစ်မယ်ဆိုတာကိုတော့ ဝန်ခံရပေမည်။

နောက်ဆုံးမှာတော့ ချက်စ်ခရစ်တန်ရဲ့အဖိုးဟာ ဝင်ပါလာတဲ့အတွက် သူတို့ဟာ ခဏတာ ငြင်းခုံနေတာကို ရပ်လိုက်ကြသည်။

.....

ကုနင်းနဲ့ လင်ရှောင်းထင်တို့ ဝေ့မြို့က ထွက်လာပြီးတစ်နာရီကြာတဲ့အခါမှာတော့ သူတို့ဟာ သူတို့ရဲ့ ရုပ်ဖျက်ထားတာတွေကို ဖယ်လိုက်ကြပြီး မြို့ရဲ့အကြီးဆုံးဈေးဝယ်စင်တာကို သွားကြလေသည်။ သူတို့နှစ်ယောက်က အလည်လာသူတွေအဖြစ် ဟန်ဆောင်ကာ ပျော်ရွှင်စွာ ဈေးဝယ်ထွက်ကြလေသည်။

လင်ရှောင်းထင်ဟာ ရှုကျင်းချန်အား ဖုန်းခေါ်ကာ ချားစ်ခရစ်တန်ကိစ္စ ပြီးပြီဖြစ်ကြောင်းပြောကာ သူတို့အနေနဲ့ မြို့တော်ကို ည၆:၁၀ လေယာဉ်ပျံနဲ့ ပြန်မည်ဖြစ်ကြောင်း ပြောသည်။

သူတို့ဟာ မိခင်မြို့တော်ကို ပြန်မှာဖြစ်ပြီး နိုင်ငံတော်လွတ်လပ်‌ရေးပိတ်ရက် တစ်ရက်ပဲကျန်‌တော့တာကြောင့် Jမြို့ကိုမပြန်လာတော့ပေ။

ကုနင်းကို ကျောင်းကို စိတ်ပူစရာမလိုပေ။ တကယ်လို့ စိတ်ပူရတောင် နောက်ကျသွားပြီဖြစ်သည်။ အခုချိန် လေယာဉ်ပျံဟာ ၆ရက်နေ့ ၆:၀၀ဖြစ်ပေမဲ့ အိမ်မှာတော့ ၇ရက်နေ့ နေ့လည်၁၂:၀၀ ဖြစ်သည်။ လေယာဉ်ပျံပေါ်တွင် ၁၇နာရီကြာ ပျံသန်းပြီးနောက် သူတို့ဟာ မြို့တော်ကို နောက်တစ်နေ့ ၈ရက်နေ့ ညနေ ၄:၀၀မှ ၅:၀၀ကြားမှ ပြန်ရောက်မှာဖြစ်၍ သူမရဲ့ ကျောင်းချိန်အများစုဟာ ပြီးနေပြီဖြစ်သည်။

သူမအနေနဲ့ ခွင့်တစ်ရက်တောင်းလိုက်ပြီး ကျောင်းပျက်လိုက်လို့ ရသည်ဖြစ်သည်။ ကုနင်းဟာ အိမ်ကို လေလံတင်ပွဲအမှီ ၁၀ရက်မတိုင်ခင် ပြန်ရောက်ချင်တာဖြစ်သည်။

တကယ်လို့ သူမသာ အခုအိမ်ပြန်သွားရင် သူမအနေနဲ့ လေလံမတိုင်ခင် တစ်ရက်အချိန်ရလေသည်။ သို့သော်လည်း သူမသာ Jမြို့ကိုသွားလိုက်ရင် သူမအနေနဲ့ လေလံကို မှီမှာမဟုတ်တော့ပေ။

လင်ရှောင်းထင်ဟာ ရှုကျင်းချန်အား အိမ်ကို ကိုယ်ဘာသာကိုယ်ပြန်ရန် ပြောပြီးဖြစ်သည်။

ကျီရှောက်မင်ကို တိုက်ရိုက်မဆက်သွယ်ဘဲ ရှုကျင်းချန်ကို ဆက်သွယ်ရတဲ့ အကြောင်းပြချက်ကတော့...တကယ်လို့ ခရစ်တန်မိသားစုက ကျီမိသားစုကို ချားစ်ခရစ်တန်အသတ်ခံရမှုနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးတဲ့အခါ သူတို့အနေနဲ့ Yနိုင်ငံ ဝေ့မြို့ကနေ ကျီရှောက်မင်ဆီကို ဖုန်းခေါ်ထားတဲ့ မှတ်တမ်းတွေ့တဲ့အခါ ကျီမိသားစုအပေါ်သံသယဝင်လာနိုင်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာမှာစိုး၍ ဖြစ်သည်။

ကျီမိသားစုဟာ ထိုသတင်းကို ကြားတဲ့အခါ အရမ်းဝမ်းသာသွားကြလေသည်။ ချားစ်ခရစ်တန်ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် သူတို့အနေနဲ့ အများကြီးဆုံးရှုံးနစ်နာမှုတွေအပြင် ကုနင်းကို သူ့ကိုသတ်တဲ့အတွက် ပေးရတာရှိပေမဲ့လည်း သူတို့ဟာ သူသေသွားတဲ့အတွက် ပျော်ရွှင်ကြလေသည်။ သူတို့ဟာ ချားစ်ခရစ်တန် ကြောင့် ဆုံးရှုံးသွားတဲ့ လုပ်ငန်းသဘောတူညီချက်တွေကိုတောင် ဂရုမစိုက်တော့ချေ။

ကျီမိသားစုဟာ ဒုစရိုက်လောကသားအချင်းချင်း နယ်မြေလုတာနဲ့ပတ်သတ်ပြီး တိုက်ခိုက်မှုအပေါ်မှာ ရိုးနေပြီဖြစ်သည်။ ကုန်သွယ်မှုတွေမှာ ယှဉ်ပြိုင်မှုတွေနဲ့ ဆုံးရှုံးမှုတွေ အမြဲတမ်းရှိနေတာဖြစ်သည်။ ထို့ကြောင့် သူတို့အနေနဲ့ ချားစ်ခရစ်တန် ကိုကိစ္စရှင်းဖို့ ကုနင်းနဲ့ လင်ရှောင်းထင် တို့ကို ငွေတွေအများကြီးပေးလိုက်ရပေမဲ့လည်း သူတို့ဟာ ကုနင်းနဲ့ လင်ရှောင်းထင် တို့ရဲ့အကူအညီအတွက် အလေးအနက် ကျေးဇူးတင်ကြလေသည်။

မိသားစုအနေနဲ့ ကုနင်းနဲ့ လင်ရှောင်းထင် ကြောင့်သာမဟုတ်လျင် ဒီ‌ထပ်ပိုပြီး ဆုံးရှုံးနစ်နာမှုတွေ များမှာမလို့ဖြစ်သည်။

မိသားစုထဲတွင် ကျီရှောက်မင်၊ ကျီပိုင်ယင်း နှင့် သူတို့အဖေတို့သာ ဒီအကြောင်းကိုသိလေသည်။ သူတို့အနေနဲ့ ချားစ်ခရစ်တန် ရဲ့သေဆုံးမှုမှာ သူတို့ပါဝင်ပတ်သတ်နေတယ်ဆိုတဲ့ကိစ္စကို ပေါ်သွားမှာစိုး၍ လေး‌ယောက်မြောက်လူကို ပေးသိမှာမဟုတ်ပေ။

ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ အိမ်ပြန်သွားပြီဖြစ်၍ ရှုကျင်းချန်လည်း ထပ်မနေတော့ပေ။ သူဟာ စစ်ဆင်ရေးကလွဲရင် အကြာကြီးနေလို့မရပေ။ မထင်မှတ်ထားတဲ့ စစ်ဆင်ရေးတွေ အချိန်မရွေးပေါ်လာနိုင်၍ သူ့အနေနဲ့ ပြည်ပမှာ အချိန်အကြာကြီး နေဖို့ မသင့်တော်ချေ။

သို့သော်လည်း ရှုကျင်းချန်ဟာ သူ့အနေနဲ့ ကျီပိုင်ယင်းကို ဘယ်တော့မှ ထွက်တွေ့ခွင့်ရမလဲဆိုတာ မသိသောကြောင့် မပြန်ချင်ပေ။

သူတို့ဟာ တရားဝင်တွဲနေတာမဟုတ်ပေမဲ့လည်း တစ်ယောက်နဲ့ တစ်ယောက် အချင်းချင်းစိတ်ဝင်စားနေတယ်ဆိုတာတော့ သိကြသည်။ သို့သော် အခွင့်အရေးမပေါ်လာသေးသည့်အတွက် သူတို့တစ်ယောက်မှ စဖွင့်မပြောကြသေးပေ။

ရှုကျင်းချန်ဟာ လေယာဉ်ပျံလက်မှတ်ဖြတ်မလို့ လုပ်နေစဉ်မှာပဲ ကျီရှောက်မင်ဟာ ရှုကျင်းချန်အား ကျီပိုင်ယင်းကို သူတို့မိသားစုကိုယ်စား ကုနင်းနဲ့ လင်ရှောင်းထင်တို့ကို ကျေးဇူးတင်ဖို့ အတူခေါ်သွားရန် ရုတ်တရက်ပြောလေသည်။ ထို့အပြင် ကျီပိုင်ယင်းအနေနဲ့ ကုနင်း ကို ဆုငွေရောက်တာနဲ့ ကိုယ်တိုင်ပေးနိုင်ရန်ဖြစ်သည်။

အကြောင်းပြချက်ဟာ ယုံကြည်ချင်စရာမကောင်းပေမဲ့လည်း ကျီပိုင်ယင်းက လည်းသွားချင်နေတာဖြစ်သည်။ ထို့အပြင် ရှုကျင်းချန်ဟာလည်း ကျီပိုင်ယင်းကို အတူတူ သွားစေချင်လေသည်။ ထို့ကြောင့် သူမဟာ အခွင့်အရေးရတာနဲ့ တန်းယူကာ လေယာဉ်ပျံနဲ့ တန်းလိုက်လာလေသည်။

ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းဟာ ကျီရှောက်မင်က သူတို့ကို အတူတူအချိန်ပိုဖြုန်းစေချင်လို့ အကြောင်းပြချက်ပေးမှန်း သိလေသည်။

.....

ကုနင်းနဲ့ လင်ရှောင်းထင်တို့ရဲ့ လေယာဉ်ချိန်ဟာ ညနေ၆:၁၀ဖြစ်သည်။ ထို့ကြောင့် သူတို့ဟာ စစ်ဆေးရေးကိုဖြတ်ရန် အချိန်လိုသည့်အတွက် ညနေ ၄:၃၀တွင် လေဆိပ်ကို ရောက်လေသည်။ ထိုသို့မဟုတ်လျင် လေဆိပ်ရှိ ကြီးမားတဲ့ လူအုပ်ကြီးကြောင့် သူတို့အနေနဲ့ စစ်ဆေးရေးဂိတ်တွင်ပင် အချိန်တွေအများကြီးကုန်မှာကြောင့် ဖြစ်သည်။

ခရစ်တန်မိသားစုဟာ ကုနင်းနဲ့ လင်ရှောင်းထင်တို့ရဲ့ ရုပ်ဖျက်ထားတဲ့ပုံတွေအား သူတို့လေယာဉ်ပျံနဲ့ ထွက်ပြေးဖို့ကြိုးစားမလားသိချင်၍ လေဆိပ်မှ လူအုပ်ကြီးကို စစ်ဆေးရန် လူတွေအမြန်လွှတ်ထားပြီးဖြစ်သည်။

လူတွေအများကြီးအား သူတို့ကိုရှာဖို့ နေရာအများကြီးကို လွှတ်ပြီးဖြစ်ပြီး အထူးသဖြင့် ဟော်တယ်တွေနဲ့ စားသောက်ဆိုင်တွေ ဖြစ်သည်။

သူတို့ဟာ မနေ့ညက လုံခြုံရေးကင်မရာမှတ်တမ်းများမှတစ်ဆင့် သူတို့ရဲ့ဓာတ်ပုံတွေကို ရထားတာဖြစ်သည်။ ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ သူတို့ထွက်သွားပြီးနောက် ငှားလာတဲ့ကားကို ကားပြိုင်ကွင်းရဲ့ ကားရပ်နားရာနေရာမှာ ထားပစ်ခဲ့တာဖြစ်သည်။ ထို့ကြောင့် လူသတ်သမားဟာ ကားပြိုင်ကွင်းကို ကားနဲ့လာတာဆိုတာသိ၍ သူတို့ဟိုတယ်ကို ခြေရာခံကာ ကုနင်းနဲ့ လင်ရှောင်းထင်တို့ရဲ့ ပုံကို ဟိုတယ်လုံခြုံရေးကင်မရာများမှတဆင့် ရလာတာဖြစ်သည်။

ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ သူတို့ရုပ်ဖျက်ထားတဲ့ပုံနဲ့ လုံးဝမတူသည့်အတွက် သူတို့ဘေးမှာ လမ်းလျောက်ထွက်သွားကာ အဖမ်းမခံရဘဲ လွတ်သွားလေသည်။ ကုနင်းနဲ့ လင်ရှောင်းထင်ကို သူတို့လူအုပ်ထဲမှ တွေသော်လည်း သူတို့ကို ဓာတ်ပုံထဲကလူနဲ့ မဆက်,ဆက်မိပေ။

ထို့ကြောင့် ကုနင်းနဲ့ လင်ရှောင်းထင် တို့ဟာ စစ်ဆေးရေးဂိတ်မှ ရပ်ကာ အစစ်ဆေးမခံရဘဲ ခရစ်တန်မိသားစုကတော့ လူသတ်သမားကို ဆက်ပြီးအမဲလိုက်နေတုန်းဖြစ်သည်။

သူတို့ဟာ စိုးရိမ်ပူပန်‌နေပေမဲ့လည်း သူတို့အနေနဲ့ ဝေ့မြို့လို မြို့ကြီးပြကြီးမှာ လူရှာရတာ မလွယ်ကူကြောင်း သိလေသည်။

လူသတ်သမားကို သူတို့မစုံစမ်းခင်မှာဘဲ သူတို့ဟာ ချားစ်ခရစ်တန်က ဘယ်သူတွေကို ယခုအတောအတွင်း အပြစ်လုပ်ထားသေးလဲဆိုတာ စတင်စစ်ဆေးလေသည်။

ချားစ်ခရစ်တန်ဟာ ပုံမှန်အားဖြင့် သူ့‌ခြေရာတွေကို ကျီမိသားစုအား ခြုံခိုတိုက်ခိုက်တုန်းကလိုပဲ ဖုံးကွယ်ထား‌လေ့ရှိသည့်အတွက် သူတို့အနေနဲ့ အကုန်လုံး ရှာမတွေ့ပေ။

ခရစ်တန်မိသားစုဟာ ကျီမိသားစုရဲ့ ခြုံခိုတိုက်ခိုက်ခံရမှုတွေကြောင့် လက်နက်ရောင်းဝယ်မှုသ‌ဘောတူညီချက်တွေ ဆုံးရှုံးထားရကာ ချားစ်ခရစ်တန်က ကျီမိသားစုကို သွားလည်ထားတယ်ဆိုတာတော့ သူတို့ရှာတွေ့လေသည်။ ဒါပေမယ့် ထိုခြုံခိုတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်ကလူဟာ ချားစ်ခရစ်တန်ဆိုတာတော့ သူတို့မသိပေ။

သက်သေတွေအကုန်လုံးဟာ အခြားအ‌ရေးကြီးမိသားစုတစ်ခုကို ညွှန်ပြနေ၍ ကျီမိသားစုပင် ချားစ်ခရစ်တန်ဟာ ထိုကိစ္စမှာပါဝင်ပတ်သတ်နေတယ်ဆိုတဲ့ သက်သေခိုင်ခိုင်မာမာကို ရှာမတွေ့ပေ။

ခရစ်တန်မိသားစုဟာ ချားစ်ခရစ်တန်က ကျီကလန်နဲ့ ရင်းနှီး၍ Yနိုင်ငံမှာ ကုန်သွယ်မှုတွေ ပြဿနာတက်လို့ သူ့ကိုအကူအညီတောင်းတာလို့သာ ထင်လေသည်။ ထို့ကြောင့် ကျီမိသားစုဟာ သံသယတရားခံစာရင်းမှာ ဖယ်ရှားခံလိုက်ရလေသည်။

ဒီကိစ္စ‌နောက်ကွယ်ကတရားခံဟာ အခြားမိသားစုတွေများ ဖြစ်နေမလား။ သို့သော်လည်း သူတို့အနေနဲ့ ချားစ်ခရစ်တန်ဟာ ကျီမိသားစုကို ကူညီထားတဲ့သက်သေရှာမတွေသောကြောင့် ထိုခြုံခိုတိုက်ခိုက်မှုတွေရဲ့နောက်ကွယ်က မိသားစုဟာ လက်စားချေတဲ့အနေနဲ့ ချားစ်ခရစ်တန်ကို တိုက်ခိုက်တယ်ဆိုတာ မဖြစ်နိုင်ကြောင်း ဆုံးဖြတ်လိုက်သည်။

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၄၂ ချန်တရုန်ဒဏ်ရာရခြင်း

သူတို့သံသယဝင်တဲ့ မိသားစုဟာ ဝေ့မြို့မှာ အာဏာအများကြီးရှိပေမဲ့လည်း သူတို့ဟာ ခရစ်တန်မိသားစုအပေါ် အတိုင်းအတာတစ်ခုအထိတော့ လေးစားမှုတော့ ရှိတာဖြစ်၍ သူတို့အနေနဲ့ ချားစ်ခရစ်တန်ကို လူသိရှင်ကြားသတ်ပစ်ဖို့ရာ လုံးဝမဖြစ်နိုင်ပေ။

ထိုအချိန်မှာတော့ တကယ့်တရားခံအစစ်အမှန်ဖြစ်တဲ့ ကျီမိသားစုဟာ သံသယဝင်ခံရမှုမှ တခါတည်းလွတ်သွားလေသည်။

သူတို့ဟာ ချားစ်ခရစ်တန်နဲ့ ယခုအတောအတွင်း ပြဿနာဖြစ်ခဲ့တဲ့ လူတွေအား ဆက်လက်စုံစမ်းလေသည်။

ချားစ်ခရစ်တန်ဟာ လွန်ခဲ့တဲ့လအတွင်း အုပ်စုသုံးခုက လူတွေနဲ့ ပြဿနာဖြစ်ခဲ့ကာ ထိုထဲက တစ်‌ယောက်ကတော့ သံသယဝင်ဖွယ်ရှိသည်။

သူ‌တို့တွေဟာ ဒီနိုင်ငံပတ်ဝန်းကျင်က မဟုတ်ပေ။ ထို့အစား သူတို့ဟာ Mနိုင်ငံက အလည်လာသူတွေဖြစ်သည်။ သူတို့ဟာ ချားစ်ခရစ်တန်နဲ့ စကားများရန်ဖြစ်ကြပြီး တိုက်ခိုက်ရေး ကျွမ်းကျင်သူတွေဖြစ်ပုံရပေမဲ့လည်း လူအားမမျှ၍ သူတို့ရှုံးနိမ့်သွားတာဖြစ်သည်။

သူတို့ရဲ့ စုံစမ်းစစ်ဆေးချက်အရ ထိုMနိုင်ငံမှ လာတဲ့ အလည်လာသူတွေဟာ ထူးဆန်းနေလေသည်။ သူတို့ဟာ သူတို့နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို ထပ်ပြီးမစုံစမ်းမစစ်ဆေးနိုင်သောကြောင့် ခရစ်တန်မိသားစုဟာ ချားစ်ခရစ်တန်ရဲ့ သေဆုံးမှုရဲ့ နောက်ကွယ်ကလူတွေဟာ သူတို့ဖြစ်နိုင်ကြောင်း သံသယရှိလေသည်။

.....

ကုနင်းနဲ့ လင်ရှောင်းထင်တို့ မြို့တော်ကို ပြန်ရောက်တဲ့အချိန်မှာတော့ ၈ရက်နေ့ ညနေ၅:၀၀ရှိနေပြီဖြစ်သည်။

သူတို့အိမ်ပြန်ရောက်တာနဲ့ တပြိုင်နက်တည်း ကုနင်းဟာ သတင်းတွေအများကြီး ရရှိလေသည်။ တချို့ကတော့ သတင်းကောင်းတွေဖြစ်ကာ တချို့ကတော့ ဆိုးရွားလေသည်။

သတင်းကောင်းတွေကတော့ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ဟာ လက်တလောအတွင်းက ကြေး‌ဂီတခေါင်းလောင်းတွေနဲ့ ပတ်သတ်ပြီး ကြေညာချက်ကြောင့် ရှေးဟောင်းပစ္စည်းနဲ့ ဂီတလောကမှာ လှုပ်ခက်သွားပြီး ဆိုင်မှာ လူတွေပြည့်နေတာဖြစ်သည်။

လူအများစုဟာ ကြေးဂီတခေါင်းလောင်းကို ကြည့်ချင်လို့လာတာဖြစ်ပြီး ဘယ်သူမှ ထိုအရာကို ကြည့်ခွင့်မရကြပေ။ အဲ့တာကိုပဲ ဆိုင်မှာ လုပ်ငန်းဟာ တိုးပွားနေကာ ဈေးဝယ်သူအများစုဟာ ရောက်လက်စနဲ့ ပစ္စည်းတွေ ဝယ်သွားကြလေသည်။

ဆိုင်မှာရှိတဲ့ ပစ္စည်းအများစုဟာ အစစ်နဲ့တူအောင် ဖန်တီးထားတဲ့ ပစ္စည်းတွေဖြစ်ပေမဲ့လည်း အစစ်ဖြစ်တဲ့ ရှေးဟောင်း ပစ္စည်းတစ်ဝက်ဟာ ရောင်းထွက်သွားပြီဖြစ်သည်။ ရှေးဟောင်းပစ္စည်း ၁၇ခု၁၈ခုခန့်ဖြစ်သည်။ ရှေးဟောင်း ပစ္စည်းအစစ် အခု၃၀ကျော်ရုံသာ ကုနင်းက ဆိုင်ထဲမှာ ပြထားသောကြောင့်ဖြစ်သည်။

ရှေးဟောင်းပစ္စည်းရောင်းတဲ့ဆိုင်တစ်ဆိုင်အနေနဲ့ ထိုအရာဟာ ကောင်းမွန်တဲ့ လုပ်ဆောင်မှုဖြစ်သည်။ အခြားဆိုင်တွေမှာ အစစ်နဲ့တူအောင် ဖန်တီးထားတဲ့ အတုတွေသာများပြီး ထိုကဲ့သိုရှေးဟောင်း ပစ္စည်းများများစားစား မရှိ၍ဖြစ်သည်။

ရှန်းယွင်ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ရဲ့ အတုရောင်းရမှုဟာ တစ်လမှ နှစ်လထိ ရောင်းရတဲ့ ငွေနဲ့ညီမျှလေသည်။ ရှေးဟောင်းပစ္စည်းအစစ်တွေရဲ့ ရောင်းရငွေကတော့ နှစ်ဝက်စာ ရောင်းရငွေနဲ့ ညီမျှလေသည်။

စစ်မှန်တဲ့ ရှေးဟောင်းပစ္စည်းတွေဟာ ရောင်းရခက်ခဲသော်လည်း သူတို့အနေနဲ့ ရောင်းရတဲ့ ပစ္စည်းတစ်ခုခြင်းဆီကနေ ငွေတွေအများကြီး အမြတ်ရသည်ဖြစ်သည်။

ရှေးဟောင်းပစ္စည်းလောကမှာ ပြောနေကျရှိတဲ့စကားအတိုင်း လူတွေဟာ နှစ်ပေါင်းများစွာကြာတောင်မှ ရှေးဟောင်းပစ္စည်းတစ်ခု ရောင်းချင်မှရောင်းထွက်မယ်။ သို့သော်လည်း ရောင်းထွက်လိုက်တာနဲ့ တပြိုင်နက် သူတို့အနေနဲ့ စီးပွားရေးလည်ပတ်ဖို့ ၃နှစ်စာ အရင်းအနှီးရနိုင်တယ်ဆို၍ ဖြစ်သည်။

ထိုစကားပုံမှန်ဖို့ အတွက် ဆိုင်က ကောင်းမွန်တဲ့ ရှေး‌ဟောင်းပစ္စည်းရှိဖို့တော့လိုသည်။

ကြေးဂီတခေါင်းလောင်းတွေဟာ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်အတွက် သတင်းကောင်းလည်းဖြစ်သလို သတင်းဆိုးလည်း ဖြစ်လေသည်။

ကုနင်း လေယာဉ်ပျံပေါ်တက်ပြီး မကြာမှီမှာပင် ချန်တရုန်ဟာ ပြန်ပေးဆွဲခံရလေသည်။ ကြေးဂီတခေါင်းလောင်းတွေကို တစ်စုံတစ်ယောက်က တရားမဝင်နည်းလမ်းနဲ့ ယူချင်လို့ လုပ်တာဖြစ်သည်။

Kဟာ လုံခြုံရေးကင်မရာတွေမှ စစ်ဆေးကာ ချန်တရုန်အားရှာတွေ့လေသည်။ သူဟာ ရဲကိုချက်ချင်းအကြောင်းမကြားဘဲ ပါးထျန်းယန်အား ချန်တရုန်ကို ကယ်ရန် လုပ်ကြံရေးသမားလွှတ်ရန် ပြောလိုက်သည်။

သို့သော်လည်း သူတို့ဟာ ချန်တရုန်ကို ကယ်နိုင်လိုက်ပေမဲ့ သူဟာ ဒဏ်ရာအပြင်းအထန် ရသွားလေသည်။

ချန်တရုန်ဟာ ရုန်းကန်ဖို့ ကြိုးစားချိန်တွင် ပြန်ပေးဆွဲသူကတွန်းတာခံရ၍ သူကမြေကြီးပေါ်လဲကျသွားကာ ခေါင်းနောက်ကို ဆိုးဆိုးရွားရွားထိသွားလေသည်။ ဒဏ်ရာတွေက အသက်အန္တရာယ်မရှိသော်လည်း သူဟာ ဒဏ်ရာဆိုးရွား၍ ဆေးရုံတင်လိုက်ရလေသည်။

ထို့ကြောင့် ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ လေဆိပ်ကထွက်လာတာနဲ့ တပြိုင်နက်တည်း ဆေးရုံကိုတန်းသွားလေသည်။

လင်ရှောင်းထင်ဟာ ‌လေဆိပ်မှာ ကားရပ်ထားခဲ့သည့်အတွက် သွားရတာ လွယ်ကူလေသည်။

.....

ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းတို့ဟာ ကုနင်းနဲ့ လင်ရှောင်းထင်တို့ လေယာဉ်ပျံပေါ်တက်ပြီးတစ်နာရီအကြာတွင် လေယာဉ်ပျံဖြင့်ထွက်လာကြသည်။ ကားတစ်စီးတည်းသာ လေဆိပ်မှာ ရပ်ထားသောကြောင့် သူတို့ဟာ လေဆိပ်မှ တူတူသွားရန် စီစဉ်ထားတာဖြစ်သည်။

မဟုတ်ဘူး။ ပြန်ပြင်ပြောရရင် ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ ကျီပိုင်ယင်းပါ လေယာဉ်ပျံနဲ့ပါလာမယ်မှန်းမသိသောကြောင့် ရှုကျင်းချန် တစ်ယောက်တည်းကိုပဲ ထင်ထားတာဖြစ်သည်။

အခု‌တော့ ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ ချက်ချင်းထွက်သွားရမှာဖြစ်၍ လင်ရှောင်းထင်ဟာ ရှုကျင်းချန်ကို သူ့ကို တစ်ယောက်ယောက်လာကြိုဖို့ စီစဉ်ထားကြောင်း စာတိုပို့လိုက်လေသည်။ ရှုကျင်းချန်ဟာ လေယာဉ်ပျံပေါ်ကဆင်းတာနဲ့တပြိုင်နက်တည်း စာတိုကို မြင်နိုင်မှာဖြစ်သည်။

ကားထဲရောက်တဲ့အခါမှာတော့ ကုနင်းဟာ Kကိုအကျိုးအကြောင်း ဖုန်းဆက်မေးလေသည်။

"ချန်တရုန်ပြန်ပေးဆွဲခံရတဲ့ နောက်ကွယ်ကလူတွေက Rနိုင်ငံက လူတစ်ချို့ပဲ။ တကယ်ပြန်ပေးဆွဲတဲ့လူက ကိုယ့်နိုင်ငံသားဖြစ်ပေမဲ့လည်း နောက်ကွယ်ကလူတွေကတော့ Rနိုင်ငံကလူ‌တွေ။ နိုင်ငံခြားသားတွေအများကြီးဟာ ကြေးဂီတခေါင်းလောင်းတွေကို ကြည့်ချင်လို့လာကြပေမဲ့လည်း နိုင်ငံခြားသားတွေကို လေလံဆွဲတာ တားမြစ်ထားသောကြောင့် သူတို့အနေနဲ့ ကြည့်သာကြည့်နိုင်တယ်။ အချို့လူတွေဟာ ကိုယ်နိုင်ငံကလူတွေကို ကြေးဂီတခေါင်းလောင်းအား လေလံကူဆွဲပေးရန် အကူအညီတောင်းချင်ကြတယ်။ သို့သော်လည်း Rနိုင်ငံက ဒီလူတွေကတော့ ချန်တရုန်ဆီတန်းသွားပြီး ခေါင်းလောင်းတွေကို မသမာတဲ့နည်းသုံးပြီး သူတို့လက်ထဲရောက်အောင် လုပ်တာပဲ"ဟု Kကပြောသည်။

"Rနိုင်ငံက လူတွေ..."ဟု ကုနင်းဟာ နောက်ကွယ်ကလူတွေဟာ ဘယ်သူတွေလဲကြားရတဲ့အခါ စိတ်မကြည်သွားလေသည်။ သူမဟာ ကိုယ်နိုင်ငံကလူတွေ မဟုတ်ဘူးဆိုတာသိရတဲ့အခါမှာ ပိုပြီးဒေါသထွက်သွားလေသည်။ သို့သော်လည်း နောက်ကွယ်ကလူတွေဟာ ဘယ်သူတွေပဲဖြစ်ဖြစ် သူမဟာ သူမရဲ့ အလုပ်သမားတွေကို တစ်စုံတစ်ယောက်က ထိရဲသည့်အတွက် အရမ်းဒေါပွသွားလေသည်။

"အဲဒီRနိုင်ငံလူတွေက ဘယ်သူတွေလဲ" ဟု ကုနင်းက မေးသည်။

"သူက Rနိုင်ငံမြို့တော်ရဲ့ တေးဂီတဖျော်ဖြေးရေးခန်းမက ဟာရာဒါ ဟိုနီချီလို့ အမည်ရတဲ့ နာမည်ကြီးတဲ့ ဂီတပညာရှင်တစ်ယောက်ပါ"ဟု Kကဖြေသည်။

"သူတို့တွေဘယ်မှာလဲ"

"သူတို့တွေအခု ရှန်းရှစ်ဟိုတယ်မှာ တည်းခိုနေကြတယ်"

"အိုကေ။ အခုတော့ဒီလောက်ပဲ။ နောက်ထပ်အချက်အလက်တွေလိုအပ်လာရင် ပြန်ပြီးဆက်သွယ်လိုက်မယ်"

"အိုကေ"ဟု Kက သဘောတူပြီးနောက် ဖုန်းကိုချလိုက်လေသည်။

"အဲ့ဒီကိစ္စနဲ့ ပတ်သတ်ပြီး တစ်ခုခုလုပ်ဖို့ ကိုယ့်ကိုလိုသေးလား"ဟု လင်ရှောင်းထင် ဟာ ကုနင်းနဲ့ Kတို့ရဲ့ ဖုန်းပြောနေတာကို ကြားပြီး၍‌ မေးလေသည်။

"ဟိုတယ်မှာ ဖြေရှင်းဖို့ ကြံစည်နေတာလား"ဟု ကုနင်းဟာ အနည်းငယ် စိတ်ချမ်းသာသွား၍ စနောက်၍မေးလေသည်။

"စိတ်မပူပါနဲ့။ ကိုယ်တို့ဟိုတယ်မှာ ပြဿနာလုပ်ရလောက်အောင် ကိုယ်ကမတုံးသေးပါဘူး။ သူတို့ဟိုတယ်မှာရှိနေတဲ့ ဘာမှလုပ်လို့မရပေမဲ့ အပြင်ဘက်ရောက်ချိန်ဘာမှ မလုပ်လို့မရဘူးလို့ မဆိုလိုဘူးလေ" ဟု လင်ရှောင်းထင်က ဖြေသည်။

"ဒါပေါ့ အခုမဟုတ်‌သေးဘဲ သူတို့အပြင်ရောက်မှ တစ်ခုခုလုပ်ရမှာပေါ့။ သူတို့ ထွက်သွားဖို့ အဆင်သင့်ဖြစ်တဲ့အထိ စောင့်ကြတာပေါ့"ဟု ကုနင်းက ပြောသည်။ သူမအနေနဲ့ သူတို့ရဲ့ ပြစ်မှုတွေကို လျစ်လျူရှူထားဖို့ လုံးဝမဖြစ်နိုင်သော်လည်း အခုချိန်မှာ သူတို့ကို ဖြေရှင်းဖို့ အချိန်ကောင်းမဟုတ်ပေ။

သူမအနေနဲ့ ကြေးဂီတခေါင်းလောင်းတွေကို နိုင်ငံတော်နန်း‌တော်ပြတိုက်ကို ရောင်းပြီးဖြစ်သဖြင့် လူတွေရဲ့ စိတ်ဝင်စားမှု ဘယ်လောက်ရှိရှိ အတူတူပင်ဖြစ်သည်။

ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ ဆေးရုံကို မိနစ်လေးဆယ်လောက်အကြာတွင် ရောက်လာပြီး ချန်တရုန် ဆေးရုံတင်ထားတဲ့နေရာဆီ ချက်ချင်းဦးတည်သွားလေသည်။ ချန်တရုန်ဟာ VIP wardမှာ မဟုတ်ပေမဲ့လည်း သာမာန်အခန်းတစ်ခန်းကို သူတစ်ယောက်တည်း နေသည်။

ချန်တရုန်ရဲ့ မိန်းမဟာ ဆေးရုံမှာ သူနဲ့အတူရှိနေသည်။ ချန်တရုန်နဲ့အတူတူနေပေးဖို့ ကုမ္ပဏီက တစ်ယောက်ယောက်စီစဉ်ထားပေမဲ့လည်း သူဟာ ဆေးရုံခန်းထဲမှာ အခြားသူတစ်ယောက် သူနဲ့အတူတူ ရှိနေတာ ခံစားလို့မကောင်း၍ သူ့မိန်းမ သူ့နားမှာရှိနေပေးတာနဲ့တင် လုံလောက်ပြီလို့ ခံစားနေရတာဖြစ်သည်။ တကယ်လို့ သူ့မှာ ပြဿနာတစ်ခုခုဖြစ်ခဲ့ရင်တောင် သူ့အနေနဲ့ ဆရာဝန်ကို တိုက်ရိုက်ချဉ်းကပ်တာ ဒါမှမဟုတ် ချန်စန်းယိကို ဖုန်းဆက်ခေါ်လို့ရလေသည်။ ကုမ္ပဏီမှ လူ‌တွေကလဲ သူ့ကို မကြာခဏ စစ်ဆေးဖို့ ကိုယ်စားလှယ်လွှတ်ပေးမှာဖြစ်သည်။

ကုနင်းဝင်လာတာကို ချန်တရုန်ရဲ့ မိန်းမက မြင်တာနဲ့ တပြိုင်နက်တည်း သူမဟာ မတ်တပ်ရပ်ကာ သူမအား ယဉ်ကျေးစွာပင် နှုတ်ဆက်လေသည်။ "ကြိုဆိုပါတယ် ဥက္ကဌကု၊ မစ္စတာလင်"

"လာလည်ပေးလို့ ကျေးဇူးပါပဲ ဥက္ကဌကု၊ မစ္စတာလင်"ဟု ချန်တရုန်ကပြောသည်။ သူဟာ လင်ရှောင်းထင် လက်ထဲက သစ်သီးတွေကို မြင်တဲ့အခါ ချက်ချင်း အားနာသွားလေသည်။ "လက်ဆောင်တွေ ယူလာဖို့မလိုပါဘူး"

"သစ်သီးအချို့တင်ပါ၊ အများကြီးလဲမဟုတ်ပါဘူး"ဟု ကုနင်းကပြောကာ "ဘယ်လိုနေသေးလဲ"ဟုမေးသည်။

"ကျွန်တော့်ခေါင်းနည်းနည်းတော့ နာနေသေးတယ်။ ဆရာဝန်ကတော့ စောင့်ကြည့်ဖို့ ဆေးရုံမှာ ရက်အနည်းငယ်လောက်နေဖို့ လိုသေးတယ်လို့ပြောတယ်"ဟု ချန်တရုန်က စိတ်ပျက်နေတဲ့မျက်နှာဖြင့် ပြန်ဖြေလေသည်။ လေလံဆွဲပွဲဟာ သဘက်ခါကျင်းပမှာဖြစ်ပေမဲ့လည်း သူ့အနေနဲ့‌ ဆေးရုံမှာသောင်တင်ကာ မသွားနိုင်သောကြောင့် သူဟာ မတတ်နိုင်ဘဲစိတ်ဓာတ်ကျနေတာဖြစ်သည်။

ကုနင်းဟာ သူဘာတွေ တွေးနေလဲဆိုတာ သိလေသည်။ သို့သော်လည်း သူမဟာ သူ့ဒဏ်ရာတွေကို အချိန်မရွေး ဂရုစိုက်ပေးနိုင်သည်ဖြစ်သည်။

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၄၃ လက်စားချေပေးမယ်

"စိတ်မပူပါနဲ့"ဟုဆိုကာ ကုနင်းက စွမ်းအင်သလင်းကျောက်တစ်ပုလင်းကို ထုတ်၍ ချန်တရုန်အားပေးကာ "ရှင်ဒီဆေးကို သောက်ပြီးရင် ချက်ချင်းသက်သာသွားပြီး မနက်ဖြန်ဆေးရုံကဆင်းနိုင်လိမ့်မယ်။ ရှင့်အနေနဲ့ လေလံပွဲကို လုံးဝသွားနိုင်လိမ့မယ်"ဟုပြောသည်။

အမှန်တကယ်တော့ သူ့အနေနဲ့ ဒီနေ့တင် ဆေးရုံကဆင်းလို့ရသော်လည်း သူတို့စိတ်အေးစေရန်အတွက် မနက်ဖြန်ဆိုဆင်းလို့ရပြီဟု ကုနင်းက ပြောခြင်းဖြစ်သည်။

"တကယ်လား"ဟု ထိုသတင်းကြားတဲ့အခါ ချန်တရုန်ဟာ ‌ပျော်သွားလေသည်။

ချန်တရုန်ဟာ ကုနင်းအပေါ်မှာ လုံးဝယုံကြည်မှုရှိပြီး သူ့အနေနဲ့ ပျော်ပြီး သတိလက်လွတ်ဖြင့် မေးလိုက်မိတာသာဖြစ်သည်။ ကုနင်းပြောတာကို သူကြားလိုက်တာနဲ့ တစ်ပြိုင်နက်တည်း သူဟာ စွမ်းအင်သလင်းကျောက်ကို သူမဆီမှ တွန့်ဆုတ်မှုမရှိဘဲ ယူ‌လိုက်ကာ သူမပြန်ပြောတာကိုတောင် မစောင့်ဘဲ သောက်လိုက်လေသည်။

"ကျေးဇူးပါပဲ"ဟု ဆေးသောက်ပြီးတဲ့အခါ ချန်တရုန်ကဆိုသည်။

ချန်တရုန်ရဲ့မိန်းမဟာ အနည်းငယ်စိုးရိမ်သော်လည်း သူမဟာလည်း ကုနင်း အပေါ်ယုံကြည်မှုရှိ၍ သူ့အားမတားလိုက်ပေ။

စွမ်းအင်သလင်းကျောက်ကိုသောက်ပြီးတဲ့အခါမှာတော့ ချန်တရုန်ဟာ သူ့ခေါင်းနာကျင်နေတာတွေ လျော့ပါးသွားတာ သတိထားမိလေသည်။ နှစ်မိနစ်ကြာပြီးတဲ့အခါမှာတော့ နာကျင်မှုအများစုဟာ ပျောက်ဆုံးသွားပြီဖြစ်သည်။

"ကျွန်တော့်ခေါင်း ပိုပြီးသက်သာသွားပြီ"ဟု ချန်တရုန်က အံဩစွာပြောသည်။ သူက အစက ဆေးအာနိသင်ပေါ်ဖို့ အချိန်အနည်းငယ် ယူရမယ်လို့ ထင်တာဖြစ်ပြီး သူဟာ အံအားသင့်စရာပဲ မိနစ်ပိုင်းအတွင်း သက်သာသွားလေသည်။

"တ-တကယ်လား"ဟု ချန်တရုန်ရဲ့ မိန်းမဟာ အူမြူးသွားလေသည်။

"အင်း"ဟု ချန်တရုန်က ပြောသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ချန်တရုန်ဟာ ဘာနာကျင်မှုမှ မခံစားရတော့ပေ။ သူဟာ သူ့ခေါင်းကို သူကိုင်ပြီးတောင် အဆင်ပြေကြောင်း စမ်းသပ်ကြည့်လေသည်။

"အိုကေ။ အနားယူလိုက်ဦး။ ရှင့်အနေနဲ့ မနက်ဖြန် ဆေးရုံကဆင်းပြီး ကျွန်မတို့နဲ့အတူ လေလံပွဲမှာ ပါလို့ရတယ်။ ပြီးတော့ ရှင့်အတွက် ကျွန်မလက်စားပြန်ချေပေးမယ်"ဟု ကုနင်းကပြောသည်။

"ကျွန်တော် အခုအဆင်ပြေသွားပြီမလို့ လက်တုန့်ပြန်ဖို့ မလိုအပ်တော့...."ဟု သူဟာ ကုနင်းရဲ့စကားကြောင့် ကျေနပ်သွားသော်လည်း သူမကို ပြဿနာမပေးချင်ပေ။

ချန်တရုန်ရဲ့ စကားမဆုံးခင်မှာပဲ ကုနင်းက သူ့ကို တင်းတင်းကျပ်ကျပ် ဖြတ်ပြောကာ "တကယ်လို့ ရှင့်အနေနဲ့ ကျွန်မကို တရားခံကိုလွှတ်ထားစေချင်ရင် ဆက်မပြောနဲ့တော့။ တကယ်လို့ရှင့်ဘက်က သည်းခံနိုင်ရင်တောင် ကျွန်မသည်းမခံနိုင်ဘူး။ ကျွန်မဝန်ထမ်းတွေကို ထိတာဟာ ကျွန်မပါးကို ရိုက်တာနဲ့တူတူပဲ။ ဒီလိုရန်စတာကို ကျွန်မလက်တုန့်မပြန်ရင် လူတိုင်းက ကျွန်မကို အလွယ်တကူ လုပ်ချင်တိုင်းလုပ်လို့ရတဲ့လူလို့ စပြီးထင်လာလိမ့်မယ်"

ချန်တရုန်ဟာ ဘာဆက်ပြောရမှန်း မသိတော့ချေ။ ကုနင်းဟာ သူမရဲ့ဝန်ထမ်းတွေကို ထိတာဟာ တရားခံက သူမကိုစော်ကားနေတာနဲ့ တူတူပဲဖြစ်၍ သူမအနေနဲ့ ဒီကိစ္စကို တစ်ခုခုလုပ်ရမယ်ဟုပြောပေမဲ့လည်း သူဟာ ကုနင်း သူ့အတွက် လုပ်နေတာဖြစ်‌ကြောင်းသိလေသည်။

ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ သိပ်မကြာခင်မှာ ထွက်သွားလေသည်။

အဲဒီအချိန်မှာ ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းတို့ဟာ လေယာဉ်ပေါ်မှ ဆင်းလာခါစဖြစ်သည်။ ကျီရှောက်မင်ဟာ မန်တနဲ့ နန်ကို ကျီပိုင်ယင်းနဲ့အတူတူ သွားရန်လွှတ်လိုက်လေသည်။ သူမကိုလိုက်သွားဖို့ စပြောတဲ့လူဟာ သူဖြစ်ပေမဲ့လည်း သူ့အနေနဲ့ မစိုးရိမ်ဘဲ မနေနိုင်သောကြောင့် သူတို့ကို သူမနဲ့ထည့်လိုက်ခြင်းဖြစ်သည်။

လေယာဉ်ဆင်းပြီးတဲ့အခါမှာတော့ ရှုကျင်းချန်ဟာ လေယာဉ်ပျံရပ်နားနေစဉ် လင်ရှောင်းထင်ပို့တဲ့ စာတိုကိုစစ်ဆေးရန် ဖုန်းကိုဖွင့်လိုက်လေသည်။ သူတို့အနေနဲ့ သွားနှင့်ရမယ်ဆိုတာကို မြင်တဲ့အခါမှာ သူကစိတ်ထဲဘာမှမထားပေ။ လင်ရှောင်းထင်ဟာ မအားသေးတဲ့အတွက် သူတို့နဲ့အတူတူ ထမင်းမစားနိုင်လောက်သောကြောင့် ရှုကျင်းချန်ဟာ သူ့ကို ဖုန်းမခေါ်တော့ချေ။

"ရှောင်းထင်မအားလောက်ပေမဲ့ နင်းနင်းကတော့ အားလောက်တယ်။ သူမစားပြီးပြီလားဆိုတာ ငါဖုန်းဆက်မေးလိုက်ဦးမယ်။ အားရင် ငါတို့နဲ့အတူတူ စားလို့ရတယ်"ဟု ကျီပိုင်ယင်းက ဖုန်းကိုထုတ်ကာ ကုနင်းအား ဖုန်းခေါ်လေသည်။

ကုနင်းဟာ ဖုန်းကိုဖြေချိန်တွင် ကားပေါ်ရောက်ခါစဖြစ်သည်။

"ကုနင်းရေ ငါမြို့တော်ရောက်ပြီ။ ရှောင်းထင်က မအားဘူးဆိုတာ ငါသိပေမဲ့ နင်ကတော့ အားလောက်တယ်မလား။ တကယ်လို့နင်အားရင် ထမင်းတူတူစားရအောင်။ ငါနင်ကို ဆုလဒ်လဲပေးချင်သေးတယ်"ဟု ကျီပိုင်ယင်းကပြောသည်။

ကုနင်းဟာ ကျီပိုင်ယင်းက ရှုကျင်းချန်နဲ့ မြို့တော်ကို တူတူလိုက်လာတယ်ဆိုတာကို ကြားတဲ့အခါ အံအားသင့်သွားသော်လည်း သူမဟာ တခြားအများကြီးမတွေးတော့ဘဲ ထိုအရာက အကြံအစည်ကောင်း ဖြစ်တယ်လို့ထင်သည်။

"ငါ့ဝန်ထမ်း ဒဏ်ရာရသွားလို့ ရှောင်းထင် နဲ့ငါနဲ့ ဆေးရုံသွားပြီး သူ့ဆီသွားလည်တာ။ ငါတို့အခုထွက်လာနေပြီ"ဟု ကုနင်းက သူမ,မမေးခင် "နင်ဘာစားချင်လို့လဲ"ဟုမေးသည်။

"ငါ‌တော့ နာမည်ကြီးဘဲကင်စားချင်သလိုလိုပဲ။ နင်ဘယ်ကို အကြံပြုချင်လဲ" ဟု ကျီပိုင်ယင်းကမေးသည်။ ရှုကျင်းချန် က ဒီမြို့မှာမွေးတာဖြစ်ပေမဲ့လည်း ကျီပိုင်ယင်းဟာ သူ့ကိုမမေးဘဲ ဒီကမဟုတ်တဲ့ ကုနင်းကိုမေးလေသည်။ ကျီပိုင်ယင်း အနေနဲ့ ဒီလိုမေးတာ နည်းနည်းတုံးတယ်မဟုတ်ဘူးလား။ ရှုကျင်းချန်ဟာ သူမကို ဘာပြောရမှန်းမသိစွာ ကြည့်လိုက်သော်လည်း ဘာမှတော့ဝင်မပြောလိုက်ပေ။ သို့သော်လည်း ကုနင်းဟာ မြို့တော်က နာမည်ကြီး အစားအစာတွေကို သိနေလေသည်။

"အရှေ့ဘက် ခရိုင်က XX အရှေ့လမ်းမှာ ဘဲကင်ရောင်းတဲ့စားသောက်ဆိုင်တစ်ဆိုင်ရှိတယ်။ မြို့မှာ နာမည်အကြီးဆုံး ဘဲကင်‌ရောင်းတဲ့စားသောက်ဆိုင်တစ်ဆိုင်ပဲ။ ဒါပေမယ့် စီးပွားရေးကောင်းလွန်းတော့ အခုလိုအချိန်လောက်ဆို စားပွဲရဖို့ လွယ်မှာမဟုတ်လို့ ငါတို့အနေနဲ့ စားပွဲမရနိုင်လောက်ဘူး"ဟု ကုနင်းကပြောသည်။

"ကိစ္စမရှိဘူး။ ရှုကျင်းချန်ကိုင်တွယ်နိုင်တယ်"ဟု လင်ရှောင်းထင်ကပြောသည်။

သူဟာ သူတို့အတွက် စားပွဲရအောင် လုပ်နိုင်သော်လည်း ဘဲကင်ကို ကျီပိုင်ယင်း စားချင်တာဖြစ်၍ ရှုကျင်းချန်ဖြေရှင်းတာ ပိုကောင်းသည်ဖြစ်သည်။

"ကျင်းချန်ကို စားပွဲကိစ္စ‌ဖြေရှင်းခိုင်းလိုက်။ ရှောင်းထင်က သူဖြေရှင်းနိုင်တယ်လို့ပြောတယ်"ဟု ကုနင်းက ကျီပိုင်ယင်းကိုပြောသည်။

"ကောင်းပြီ"ဟု ကျီပိုင်ယင်းက ပြောကာ ဖုန်းချလိုက်ပြီး ရှုကျင်းချန်ဘက်လှည့်ကာ "သူမက အရှေ့ခရိုင်က XX အရှေ့လမ်းမှာ ဘဲကင်ဆိုင်ကောင်းကောင်းရှိတယ်လို့ပြောတယ်။ လူရှုပ်ချိန်ဖြစ်ပေမဲ့ ရှင်စားပွဲရအောင် ကူညီပေးနိုင်တယ်လို့ ရှောင်းထင်ကပြောတယ်"ဟု ပြောသည်။

ကုနင်းက ရှုကျင်းချန်ဖြေရှင်းပေးနိုင်တယ်လို့ သူမကိုပြောပေမဲ့လည်း သူမဟာ လင်ရှောင်းထင်က ကုနင်းကို ပြောတာကိုကြားလိုက်တဲ့အတွက် သူမဟာ လင်ရှောင်းထင်ပြောတယ်လို့ ပြောမိခြင်းဖြစ်သည်။

"သေချာတာပေါ့။ တကယ်လို့ စားပွဲလောက်တောင် ရအောင်မလုပ်နိုင်ရင် ငါ့ကိုယ်ငါဒီနယ်သားလို့ ဘယ်ပြောလို့ရမလဲ" ဟု ထိုအရာကိုကြားတဲ့အခါ ရှုကျင်းချန် က ကျေနပ်သွားလေသည်။

"ဒါဆို ငါတို့ကိုစားပွဲဦးပေး။ ဘဲကင်က တော်တော်ကောင်းတယ်လို့ ကုနင်းကပြောတယ်"ဟု ကျီပိုင်ယင်းကပြောသည်။

မကြာခင်မှာပဲ ရှုကျင်းချန်ဟာ ဖုန်းခေါ်လိုက်ကာ သူတို့အား စားပွဲဦးပေးလေသည်။

စားသောက်ဆိုင်တွင် စားပွဲလွတ်မရှိပေမဲ့လည်း ဆိုင်ရှင်ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေအတွက် သီးသန့်ထားသော ကိုယ်ပိုင်အခန်းတွေ ရှိလေသည်။

ရှုကျင်းချန်နဲ့ လင်ရှောင်းထင်တို့ဟာ ဘဲကင်ဆိုင်ပိုင်ရှင်နဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်လေသည်။ ထို့အပြင် ရှုကျင်းချန်နဲ့ လင်ရှောင်းထင်တို့ဟာ ဆိုင်ရှင်အား အကူအညီတစ်ခါပေးဖူးလေသည်။

လင်ရှောင်းထင်နဲ့ ရှုကျင်းချန်တို့ဟာ တစ်ခါတစ်လေမှ သွားလည်သော်လည်း ဆိုင်မှာ လူဘယ်လောက်များများ စားသောက်ဆိုင်ပိုင်ရှင်ဟာ သူတို့အတွက် အခန်းသီးသန့်ချန်ထားလေ့ရှိသည်။

တကယ်လို့ လင်ရှောင်းထင် ဒါမှမဟုတ် ရှုကျင်းချန်တို့ရဲ့သူငယ်ချင်း ဆိုင်မှာ လာစားချင်တာရှိရင် စားသောက်ဆိုင်ပိုင်ရှင်အနေနဲ့ ကိုယ်ပိုင်အခန်းတွေကို ပေးသုံးမယ်ဖြစ်သည်။

ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ အနီးနားမှာပဲ ရှိသည့်အတွက် သူတို့ဟာ ၁၀မိနစ်လောက်အကြာတွင် ရောက်လာလေသည်။

ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ ကားရပ်နားရာနေရာမှာပင် ရှုကျင်းလင်နဲ့ တိုးလေသည်။ သူလဲ အခုလေးတင် ရောက်တာဖြစ်သည်။

"ဟေး။ တိုက်ဆိုင်လိုက်တာ။ မင်းတို့နှစ်ယောက်တည်းလား ဒါမှမဟုတ် သူငယ်ချင်းတွေလာဦးမှာလား။ တကယ်လို့ မင်းတို့ချည်းပဲဆို ငါ့မှာလဲ သူငယ်ချင်းအနည်းငယ်ပဲပါတို့ ငါတို့အတူတူ စားလို့ရတယ်"ဟု ရှုကျင်းလင်က ပြောသည်။ သူဟာ ယဉ်ကျေးချင်‌ယောင်ဆောင်နေတာမဟုတ်ပဲ ကုနင်းနဲ့ လင်ရှောင်းထင်တို့ကို စိတ်ရင်းနဲ့ ညစာတူတူစားရန် ဖိတ်ခေါ်တာဖြစ်သည်။

"တော်ပါပြီ။ ငါက ကျင်းချန်ရယ် နောက်ထပ်သူငယ်ချင်းတစ်ယောက်နဲ့အတူ ချိန်းထားတယ်"ဟု လင်ရှောင်းထင် ကငြင်းလိုက်သည်။

"အိုကေလေ။ မင်းတို့ ဘယ်အခန်းရထားတာလဲ။ ငါခဏနေရင် လာပြီးနှုတ်ဆက်လှည့်မယ်။ ပြီးတော့ ငါ့မှာ ကျင်းချန်နဲ့လည်း ပြောစရာကိစ္စတစ်ခုရှိသေးလို့"ဟု လင်ရှောင်းထင်က ရှုကျင်းလင် ဖိတ်ထားကိုငြင်းလိုက်သည့်အတွက် ရှုကျင်းလင်ကလည်း မတိုက်တွန်းတော့ပေ။

"ကောင်းပြီလေ"ဟု လင်ရှောင်းထင်က အသိအမှတ်ပြုကာ ရှုကျင်းလင်နဲ့ လမ်းခွဲကာလှည့်ထွက်သွားလေသည်။

ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ ကိုယ်ပိုင်အခန်းထဲရောက်တဲ့အခါမှာတော့ သူတို့ဟာ အရင်မှာထားလေသည်။ စားသောက်ဆိုင်ဟာ လူပြည့်နေတာဖြစ်၍ အစားအသောက်တွေ လာချရန် အချိန်အနည်းငယ် လိုမည်ဖြစ်သည်။ သူတို့အခုမှာထားရင် သူတို့အစားအသောက်တွေဟာ ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းတို့ရောက်တဲ့အချိန်တွင် အဆင်သင့်ဖြစ်နေမည် ဖြစ်သည်။

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၄၄ မင်း ကျီးဇီကျင်းကို မှတ်မိလား?

လင်ရှောင်းထင်ဟာ ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းတို့လာတာကိုစောင့်ရင်း ရှေ့တစ်‌ခေါက်စစ်‌ဆင်ရေးမှာ သူသွေးစုတ်ဖုတ်ကောင်တွေနဲ့ ကြုံတာကို ကုနင်းအားပြောပြလေသည်။

ကုနင်းဟာ သူတို့တည်ရှိတယ်ဆိုတာ ယုံကြည်သော်လည်း သူမဟာ သူတို့ကို တစ်ခါမှမမြင်ဖူးသောကြောင့် သူမဟာ သူတို့အကြောင်းကြားတဲ့အခါ အံ့အားမသင့်သွားဘဲ မနေနိုင်ပေ။

"သွေးစုပ်ဖုတ်ကောင်တွေက ဘယ်လိုပုံစံ‌တွေလဲ"ဟု ကုနင်းကမေးသည်။ သူမဟာ သူတို့ဟာ ရုပ်ရှင်တွေထဲကနဲ့ အတူတူတွေပဲလားဆိုတာ သိချင်တာဖြစ်သည်။

"သွေးစုပ်ဖုတ်ကောင်တွေက အပြင်ဘက်မှာ သာမာန်လူတွေနဲ့ ဘာမှမကွာခြားပေမဲ့ သူတို့က မကောင်းတဲ့ကျင့်ကြံသူတွေနဲ့ဆင်တူတယ်။ သူတို့က မတူညီတဲ့ မျိုးစိတ်တစ်ခုပဲ။ သူတို့ရဲ့ပုံပန်းသဏ္ဌာန်ဟာ သာမာန်လူတွေထက်ပိုပြီး ဖြူပြီး သူတို့ရဲ့ကိုယ်ကနေလည်း မကောင်းတဲ့အရှိန်အဝါတွေထွက်နေလေ့ရှိတယ်"ဟု လင်ရှောင်းထင်ကပြောသည်။

အဲဒီလိုဆိုရင်တော့ သူတို့တွေဟာ ရုပ်ရှင်တွေထဲက သူမမြင်ဖူးတာတွေနဲ့ အတူတူပဲဖြစ်သည်။

"ကျွန်မတို့အနေနဲ့ မကောင်းတဲ့သတ္တဝါတွေ တော်တော်ကြုံတွေ့ဖူးတယ်နော်။ အို ဟုတ်သားပဲ။ ကျွန်မရှင့်ကို ပြောပြဖို့မေ့နေတာ။ ကျွန်မBမြို့မှာတုန်းက Rနိုင်ငံက နင်ဂျာအချို့နဲ့တွေ့သေးတယ်။ သူတို့ ကျင့်ကြံသူတွေတည်ရှိမှုအကြောင်းကို သိတဲ့အပြင် အဲဒီကိစ္စကို လာစုံစမ်းတာ။ သူတို့ဘာကိုလိုက်ရှာရမယ်ဆိုတာ မသိပေမဲ့လည်း အဲဒီလူတွေက မှောင်စွမ်းအင်တွေရှိပြီး လေပေါ်ပျံနိုင်တယ်လို့တော့ သိထားတယ်။ သူတို့က ကျင့်ကြံသူတွေအကြောင်း ပြောနေတာ သေချာတယ်"ဟု ကုနင်းကပြောသည်။

လင်ရှောင်းထင်ဟာ ကြောင်အသွားလေသည်။ "ကိုယ်နဲ့ စစ်‌ဆင်ရေးမှာ ကြုံတဲ့ သွေးစုပ်ဖုတ်ကောင်တွေလည်း ကျင့်ကြံသူတွေနဲ့ ကြုံတွေ့ထားတယ်။ သူတို့က သူတို့ရဲ့ခေါင်းဆောင်ကို ပြန်ပြီးသတင်းပို့ဖို့လုပ်‌နေတာကြောင့် ကိုယ်သူတို့ကို သတ်လိုက်ရတယ်"

ကုနင်းဟာ ချက်ချင်းပဲ စိုးရိမ်သွားကာ "ကြည့်ရတဲ့ပုံအရတော့ ကျွန်မတို့အနေနဲ့ ကျင့်ကြံသူတွအကြောင်း ကြာကြာဖုန်းကွယ်ထားနိုင်မယ်မထင်ဘူး။ ဒီသတင်းကြောင့် စစ်ပွဲတွေတောင် ဖြစ်လာနိုင်တယ်"ဟု တည်ကြည်စွာပြောလိုက်သည်။

သူတို့အနေနဲ့ ကျင့်ကြံသူတွေအကြောင်း ပိုသိဖို့ ခက်ခဲသော်လည်း ရှောင်လွှဲလို့တော့ မရပေ။

သူတို့ဟာ တိုးတက်တဲ့ခေတ်ရောက်နေပြီး လုံးဝမလိုအပ်ရင် ဘယ်သူမှစစ်ဖြစ်မှာ မဟုတ်သော်လည်း နိုင်ငံရေးတွေ အများကြီးပါဝင်နေ၍ နိုင်ငံတိုင်းက သူတို့နိုင်ငံကို ပိုသာစေချင်သည်။

သူတို့နိုင်ငံက ပိုပြီးတိုးတက်နေသောကြောင့် အခြားနိုင်ငံအများစုဟာ လက်ပိုက်ကြည့်နေနိုင်မှာမဟုတ်ကာ သူတို့အပေါ် လျှို့ဝှက်စွာပြဿနာရှာနိုင်သည်။ သို့သော်လည်း သူတို့မျှော်လင့်ထားသလို ဖြစ်လာမှာမဟုတ်ပေ။

သူတို့နိုင်ငံရဲ့ ကျင့်ကြံသူတွေအကြောင်း အခြားနိုင်ငံကသူတွေက အခုသိလာတဲ့အတွက် အခြားနိုင်ငံက လူတွေဟာ စိတ်ပူလာပြီး ခြိမ်းခြောက်မှုတွေကို ဖျက်ဆီးရန် လိုအပ်လာမှာဖြစ်သည်။

"ကိုယ့်အထက်လူကြီးကို သွေးစုပ်ဖုတ်ကောင်တွေအကြောင်း ပြောပြပြီးသွားပေမဲ့ ကိုယ့်အနေနဲ့ ကျင့်ကြံသူတွေအကြောင်းကို သူ့ကို ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ လူထုမသိခင်ပြောပြဖို့တော့လိုမယ်။ ကိုယ့်ကိုအပြစ်မတင်ဖို့ မျှော်လင့်တယ်"ဟု လင်ရှောင်းထင်ကပြောသည်။ သူ့မှာ သူ့ဘာသာသူဆုံးဖြတ်ပိုင်ခွင့်ရှိပေမဲ့လည်း ကျင့်ကြံသူတွေအကြောင်းကို ကုနင်းဆီတစ်ဆင့် သူသိထားတာဖြစ်၍ သူအနေနဲ့ သူမကိုလေးစားသမှုနဲ့ တိုင်ပင်ဖို့လိုအပ်လေသည်။

"ဘာလို့အပြစ်တင်ရမှာလဲ။ ကျွန်မတို့ရောက်နေတဲ့ အခြေအနေအရ သူ့ကိုပြောဖို့လိုအပ်တယ်လေ။ သို့သော်လည်း လူထုတစ်ခုလုံးကို လျှို့ဝှက်ထားတာတော့ ကောင်းလိမ့်မယ်။ မဟုတ်ရင် ပြဿနာတွေဖြစ်လာရင် ကျွန်မတို့အနေနဲ့ ဖြေရှင်းရခက်လိမ့်မယ်"ဟု ကုနင်းကပြောသည်။

လင်ရှောင်းထင်ဟာ သူမပြောတာကို ကြားတဲ့အခါ စိတ်အေးသွားလေသည်။

.....

ကျီပိုင်ယင်းနဲ့ ရှုကျင်းချန်တို့ဟာ ကုနင်းနဲ့ လင်ရှောင်းထင်တို့ ရောက်ပြီး မိနစ်၃၀အကြာမှ ရောက်လာလေသည်။

"ဟိုင်း ရှောင်းထင်၊ နင်းနင်း"

လင်ရှောင်းထင်နဲ့ ကုနင်းကို မြင်တာနဲ့တပြိုင်နက်တည်း ကျီပိုင်ယင်းက သူတို့ကိုနှုတ်ဆက်လေသည်။ သူမဟာ ပေါ့ပေါ့ပါးပါးနေတတ်ပေမဲ့လည်း သူမက ရှုကျင်းချန်ကို စိတ်ဝင်စားနေကြောင်း ကုနင်းနဲ့ လင်ရှောင်းထင်တို့သိတဲ့အတွက် အနည်းငယ် ကို့ရို့ကားယားမခံစားရဘဲမနေနိုင်ပေ။ သူတို့ဟာ တရားဝင်တွဲနေတာ မဟုတ်ပေမဲ့လည်း သူတို့အချင်းချင်း တစ်ယောက်အပေါ် တစ်‌ယောက် မပြတ်သားတဲ့ ခံစားချက်တွေ ရှိနေတာဖြစ်သည်။

"မင်္ဂလာပါ၊ မစ္စတာလင်နဲ့ မစ္စကု"ဟု မန်တနဲ့ နန်ဟာ ယဉ်ကျေးစွာပဲ နှုတ်ဆက်လေသည်။

"မင်္ဂလာပါ။ ထိုင်ကြပါ"ဟု ကုနင်းကပြောကာ ကျီပိုင်ယင်းက ကုနင်းဘေးတွင်ထိုင်ကာ သူမဘေးတွင်တော့ ရှုကျင်းချန် ထိုင်လေသည်။ မန်တနဲ့ နန်တို့ဟာ ရှုကျင်းချန်ဘေးနားတွင် ထိုင်ကြလေသည်။

"နင်းနင်း၊ ရှောင်းထင် ကျေးဇူးပါပဲ။ နင်တို့ကြောင့်သာမဟုတ်ရင် ငါ့မိသားစုဘယ်တော့မှ ဒီပြဿနာတွေကနေ ကင်းလွတ်မယ်မသိဘူး"ဟု ကျီပိုင်ယင်းက ကုနင်းနဲ့ လင်ရှောင်းထင်တို့အား ကျေးဇူးတင်လေသည်။

သူမတို့မိသားစုဟာ ကုနင်းနဲ့ လင်ရှောင်းထင်တို့ မကူညီလဲ ခြုံခိုတိုက်ခိုက်မှုတွေကြောင့် မပြိုလဲသွားနိုင်ပေ။ သူမတို့မိသားစုဟာ သမိုင်းကြောင်းရှည်ကာ ချမ်းသာသောကြောင့်ဖြစ်သည်။ သို့သော်လည်း သူတို့ဟာ ကျီမိသားစုကို နောက်ထပ်သဘောတူညီချက်တွေ မဆုံးရှုံးအောင် ကူညီပြီးတားဆီးပေးခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် လင်ရှောင်းထင်နဲ့ ကုနင်းတို့ဟာ ကျီမိသားစုကို အကူအညီအကြီးကြီးပေးလိုက်တာကြောင့် သူတို့အနေနဲ့ ကျေးဇူးတင်ဆဲဖြစ်သည်။

ကျီပိုင်ယင်းဟာ ကုနင်းကို ကဒ်တစ်ခုပေးကာ "ဒါနင့်အတွက်ဆုကြေးငွေ"ဟုပြောသည်။

"ကျေးဇူးပဲ။ ငါအားမနာတော့ဘူး"ဟု ကုနင်းက ကဒ်ကိုတန်းယူလိုက်လေသည်။ သူတို့က သူမကို ဆုချဖို့သဘောတူထားသည့်အတွက် သူမအနေနဲ့ အားမနာတော့ပေ။

"နင်နဲ့ထိုက်တန်ပါတယ်"ဟု ကျီပိုင်ယင်း ကပြန်ပြောသည်။

သိပ်မကြာခင်မှာပဲ အစားအသောက်တွေလာချသည့်အတွက် သူတို့ဟာ ညစာ စတင်စားသောက်လေသည်။

"အို ဒါနဲ့။ ပိုင်ယင်း၊ နင်ဒီမှာဘယ်လောက်ကြာကြာနေဖို့ ဆုံးဖြတ်ထားတာလဲ။ တကယ်လို့ နင်ဒီမှာကြာကြာနေဖို့ ဆုံးဖြတ်ထားပြီး ဟိုတယ်မှာ မနေချင်ရင် ဒီမှာရှိနေတုန်း နင်သာမငြိုငြင်ရင် ငါ့အိမ်မှာလာနေလို့ရတယ်နော်"ဟု ကုနင်းကပြောသည်။ သူမက ကျီပိုင်ယင်းက ချက်ချင်းပြန်မှာမဟုတ်မှန်းသိလေသည်။ ကျီပိုင်ယင်းဟာ ရှုကျင်းချန်နဲ့ အတူတူလာပေမဲ့လည်း သူတို့ဟာ ‌တွဲနေတာမဟုတ်သေး၍ ရှုကျင်းချန်နဲ့ အတူတူနေရန် ကျီပိုင်ယင်းအနေနဲ့ မသင့်တော်ပေ။

ရှုကျင်းချန်ကလည်း ထိုသို့တွေးထားတာကြောင့် ကျီပိုင်ယင်းအား ကုနင်းက တူတူလာနေဖို့ ဖိတ်ခေါ်ချိန်တွင် သူကဖြတ်မပြောခြင်းဖြစ်သည်။

တကယ်လို့ ကျီပိုင်ယင်းက ဟိုတယ်မှာနေချင်တယ်ဆိုရင်လည်း သူ့အနေနဲ့ စီစဉ်ပေးလို့ရပြီး သူမအနေနဲ့ ကျင်းလင်ဟိုတယ်မှာ ကြိုက်သလောက်နေနိုင်သည်ဖြစ်သည်။ သို့သော်လည်း အိမ်မှာနေရတာ ပိုပြီးသက်တောင့်သက်သာဖြစ်မည်ဖြစ်သည်။

သူ့မှာလည်း အခြားအိမ်ပိုင်ဆိုင်မှုတွေ အများကြီးရှိတဲ့အတွက် ကျီပိုင်ယင်းအနေနဲ့ ကြိုက်တာတစ်ခုရွေးလို့ ရလေသည်။ သူမအနေနဲ့ သူ့အိမ်မှာ နေတာ မသင့်တော်သောကြောင့်သာ ကုနင်းက သူမကိုဖိတ်တဲ့အခါ သူ,မတားတာဖြစ်သည်။

"ဒါပေါ့ မငြိုငြင်ပါဘူး။ ငါကနင့်ကို အခက်အခဲဖြစ်စေမှာပဲ စိုးရိမ်တာ"ဟု လင်ရှောင်းထင်အား ငဲ့ကြည့်ကာ ကျီပိုင်ယင်းကဆိုသည်။ သူမက သူတို့အတူတူနေ‌တယ်လို့ ထင်နေတာဖြစ်ပြီး သူမသာလာနေရင် သူတို့ကြားထဲဝင်နေသလို ဖြစ်မှာစိုးတာဖြစ်သည်။

"လုံးဝ ကိစ္စမရှိဘူး။ ငါလဲ အစကတည်းက ပြန်လာခဲပြီး ကျောင်းမှာပဲ ငါ့အချိန်တွေကို ဖြုန်းတာများတယ်။ ငါကျောင်းအဆောင်တွေမှာ မနေရင်တောင် ငါ့မှာ တခြားအဆောက်အအုံပိုင်ဆိုင်မှုတွေရှိသေးတယ်။ ငါ့သူငယ်ချင်းအချို့က တစ်ခါတစ်‌လေ စနေ၊ တနင်္ဂနွေပိတ်ရက်ဆို တူတူလည်ဖို့ လာလေ့ရှိတယ်"

"အဲ့တာဆိုရင် ငါအားမနာတော့ဘူး"ဟု ကုနင်းက ပွင့်လင်းတဲ့အတွက် ကျီပိုင်ယင်းက သူမရဲ့ဖိတ်ခေါ်မှုကို မငြင်းပယ်တော့ပေ။

ကုနင်းနဲ့ လင်ရှောင်းထင်တို့ နှစ်ယောက်လုံးဟာ ချမ်းသာသည့်အတွက် သူတို့မှာ ပိုင်ဆိုင်မှုတွေ အများကြီးရှိပေလိမ့်မည်။

ညစာစားနေစဉ် တစ်ဝက်အရောက်မှာပဲ တစ်စုံတစ်ယောက်ဟာ တံခါးလာခေါက်လေသည်။ ရှုကျင်းလင်ကလွဲ၍ အခြားမဟုတ်ပေ။

"ငါတို့ဒီမှာရောက်နေတာ မင်းဘယ်လိုလုပ်သိတာလဲ"

လင်ရှောင်းထင်ဟာ ရှုကျင်းချန်အား ရှုကျင်းလင်ဒီမှာရောက်နေတာကို မပြောသောကြောင့် ရှုကျင်းချန်က သူ့ကိုတွေ့တဲ့အခါ အံဩသွားလေသည်။

ကျီပိုင်ယင်းဟာ ရှုကျင်းလင်ကို တွေ့တဲ့အခါ မစိုးရိမ်ပဲမနေနိုင်တော့ချေ။ သူတို့ဟာ တွဲနေတာ မဟုတ်ပေမဲ့လည်း သူမဟာ ရှုကျင်းချန်ရဲ့ လူကြီးတွေနဲ့ တွေ့နေရသလို ခံစားနေရလေသည်။

"ငါခုနက ရှောင်းထင်နဲ့ နင်းနင်းတို့နဲ့ တိုးလို့။ ငါသူတို့ကို ညစာတူတူစားဖို့ ဖိတ်သေးတယ် ဒါပေမယ့် ရှောင်းထင်က မင်းနဲ့ အခြားသူငယ်ချင်းတွေအတူ စားဖို့ချိန်းထားတယ်ဆိုလို့။ ငါမင်းနဲ့ ပြောစရာကိစ္စလေးတစ်ခုရှိလို့ ငါညစာစားပြီးတာနဲ့‌ ရောက်လာတာပဲ"ဟု ရှုကျင်းလင်က ရှုကျင်းချန်ဘေးနားဝင်ထိုင်ကာ ပြောလိုက်သည်။

"ဘာကိစ္စရှိလို့လဲ"ဟု ရှုကျင်းချန်က မေးသည်။

"မင်း ကျီးဇီကျင်းကို မှတ်မိသေးလား။ သူမက အမေ့သူငယ်ချင်းတွေထဲကတစ်ယောက်ရဲ့ သမီးလေ။ သူမက အခုနာမည်နည်းနည်းကြီးတဲ့ ဒီဇိုင်နာဖြစ်လာတဲ့အပြင် အရပ်ရှည်ပြီး လှလဲလှတယ်။ သူမက အခုမှ အိမ်ပြန်လာတာဖြစ်တဲ့အပြင် ဒီမှာလဲ လုပ်ငန်းဆက်လုပ်ဖို့ စိတ်ကူးရှိနေတာ။ အမေက မင်းကို သူမနဲ့တွေ့စေချင်ပြီး လက်ထပ်ဖို့သူတစ်ယောက်အဖြစ် စဉ်းစားစေချင်နေတာ"ဟု ရှုကျင်းလင်က ပြောသည်။ သူဟာ ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းရဲ့ ဆက်ဆံရေးကို မသိသောကြောင့် သူဟာ ပွင့်ပွင့်လင်းလင်းပဲ ပြောချလိုက်လေသည်။

All Chapters