အခန်း (၁၉၄၅-၁၉၅၀)
Vol. 120 Ch. 1945-1950
အပိုင်း ၁၉၄၅ ငါအရမ်းထူးချွန်နေတာတော့ မတတ်နိုင်ဘူးလေ
ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းတို့ဟာ ထိုမိန်းကလေးအကြောင်းကြားတာနဲ့ တပြိုင်နက်တည်း သူတို့ဟာ မအီမသာဖြစ်သွားကြသည်။ ရှုကျင်းချန်ဟာ ကျီပိုင်ယင်းကို တန်းကြည့်လိုက်ကာ သူမစိတ်ပျက်သွားမှာ စိုးရိမ်နေတာဖြစ်သည်။
ကျီပိုင်ယင်းဟာ ရှုကျင်းချန်က သူမကိုလှမ်းကြည့်နေတာကို သတိထားမိလိုက်တဲ့အချိန်မှာတော့ သူမနဲ့ဘာမှမဆိုင်သလို ကိုယ့်ကိုကိုယ်တည်တည်ငြိမ်ငြိမ်ချက်ချင်းဟန်ဆောင်လိုက်လေသည်။ သူမဟာ စိုးရိမ်နေပေမဲ့ တခြားဘယ်သူမှမသိစေချင်ပေ။ ထို့အပြင် သူမဟာ ရှုကျင်းချန် နဲ့တွဲနေတာ မဟုတ်သေး၍ သူမနဲ့ ဘာမှမဆိုင်ပေ။
သို့သော်လည်း ရှုကျင်းချန်ဟာ ကျီပိုင်ယင်း ဘယ်လောက်စိတ်ဆိုးသွားတယ်ဆိုတာကို သတိထားမိသောကြောင့် သူ့အနေနဲ့ စိတ်မပူဘဲမနေနိုင်ချေ။
ရှုကျင်းလင်ဟာ သူ့ညီရဲ့ အပြုအမှုကို သတိထားမိကာ ကျီပိုင်ယင်းဟာ တန်းကြည့်လိုက်လေသည်။ သူဟာ တစ်ခုခုမှားနေကြောင်း ချက်ချင်းရိပ်မိလိုက်လေသည်။ ရှုကျင်းချန်မှာ တွဲနေတဲ့သူရှိနေပြီလား။ သူ့ရှေ့က ဒီချစ်စဖွယ်မိန်းကလေးနဲ့လား။ အဲ့တာဆိုရင်တော့ ကျီပိုင်ယင်းဟာ သူ့အမေက ရှုကျင်းချန်ကို ကျီးဇီကျင်းနဲ့ တွဲပေးဖို့လုပ်နေတာကို ကြားတဲ့အခါ သူမအနေနဲ့ စိတ်မပျော်ဖြစ်သွားမှာသေချာလေသည်။ သူ့ရဲ့အမှားပင်။ ရှုကျင်းချန်ဟာ သူ့ကိုကြိုမပြောထား၍ ခံသင့်လေသည်။ သူဟာ သတင်းကြုံလာပြောတာသာဖြစ်ပြီး ထိုမိန်းကလေးနဲ့ ရှုကျင်းချန်ကို ဖိအားပေးဖို့ စိတ်ကူးမရှိပေ။
"ကျီးဇီကျင်းက ဘယ်သူလဲ။ သူမဘယ်သူလဲဆိုတာ ငါမမှတ်မိဘူး။ ပြီးတော့ ငါဘယ်အောင်သွယ်ပွဲမှ တက်ဖို့လဲစိတ်ကူးမရှိဘူး။ ငါကအဲ့လောက် လိုအပ်နေတာလဲမဟုတ်သေးဘူး"ဟု ရှုကျင်းချန်က ခိုင်မာစွာပြောလိုက်သည်။ ရှုကျင်းချန် ဟာ ကျီးဇီကျင်းကို အမှန်တကယ်မမှတ်မိတာဖြစ်သည်။ သူဟာဘယ်တော့မှ သူ့အတွက် အရေးမကြီးတဲ့သူတွေကို မှတ်ထားလေ့မရှိပေ။
တကယ်လို့ ကျီးဇီကျင်းသာ ရှုကျင်းချန် တွေးနေတာကိုသိသွားရင် သူမအနေနဲ့ အသည်းတွေကွဲသွားလိမ့်မည်။ ရှုကျင်းချန်နဲ့ အများကြီးတွေ့ခဲပေမဲ့လည်း ကျီးဇီကျင်းဟာ သူ့ကိုချစ်နေတာဖြစ်သည်။ ရှုကျင်းချန်က ချောတယ်၊ အာဏာရှိပြီး စွမ်းဆောင်ရည်ရှိတဲ့ အမျိုးသားတစ်ယောက်ဖြစ်တဲ့အတွက် သူဟာ အမျိုးသမီးတွေကြားမှာ ထင်ပေါ်ကျော်ကြားလေသည်။
ရှုမိသားစုဟာ ကျီးမိသားစုထက် အဆင့်အတန်းပိုမြင့်သော်လည်း ရှုမိသားစုနဲ့ သူ့အမေဟာ ဒီအောင်သွယ်မှုကို သဘောတူသောကြောင့် အဆင့်အတန်းဟာ အတားအဆီးတစ်ခု မဟုတ်ပေ။
"အမေဘယ်လောက်စိတ်ပူတတ်တယ်ဆိုတာလဲ မင်းလဲသိတာပဲ။ တကယ်လို့ မင်းမှာသဘောကျတဲ့မိန်းကလေးရှိနေပြီး သူမကို စောစောပြောထားရင် သူမအနေနဲ့ ဒီလိုတွေ လုပ်မှာမဟုတ်ဘူး"ဟု ရှုကျင်းလင် ဆက်မပြောရဲတော့ပေ။ သူဟာ ကျီပိုင်ယင်းအား သူတို့အမေအပေါ်မှာ မကောင်းမမြင်စေချင်သောကြောင့် အခြေအနေကို စေတနာနဲ့ရှင်းပြလေသည်။
သူဟာ ထိုကောင်မလေးက ရှုကျင်းချန်က ချစ်သူဟုတ်လား မဟုတ်လားဆိုတာ မသိပေ။ သို့သော်လည်း ရှုကျင်းချန်ဘက်က သူ့ကို စပြီးမပြောထားသောကြောင့် သူ့အနေနဲ့ အခုချိန်တွင် မေးလို့မရပေ။ သူ့အနေနဲ့ ရှုကျင်းချန်က ထိုကောင်မလေးကို တစ်ဖက်သက်ကြိုက်နေတာလား ဒါမှမဟုတ် သူတို့အချင်းချင်းမေတ္တာမျှနေလားဆိုတာ မသိပေ။ တကယ်လို့ သူတို့ဟာ တရားဝင်တွဲနေတာမဟုတ်သေးရင်တော့ သူသာ တိုက်ရိုက်ကြီးမေးလိုက်ရင် ကိစ္စတွေက ကို့ရို့ကားယားနိုင်သွားနိုင်လေသည်။
"သူမမှာ တခြားဘာမှလုပ်စရာမရှိဘူးလား။ ဘာလို့စိတ်ပူနေတာလဲ။ သူမရဲ့ အသွေးအသားကို ဘာလို့အဲ့လောက်တောင် အထင်မကြီးတာလဲ"ဟု ရှုကျင်းချန်က ပြောလေသည်။ အမှန်တကယ်တော့ သူဟာ သူ့အချစ်ရေးအပေါ်မှာ သူ့အမေ ဘယ်လောက် စိုးရိမ်တတ်တယ်ဆိုတာ သိပြီးဖြစ်သော်လည်း သူဟာ အဲ့လောက်အသက်မကြီးသေးပေ။ သူဟာ အသက်၂၀ကျော်နောက်ဆုံးပိုင်းသာရှိသေးပြီး အသက်၃၀တောင် မပြည့်သေးပေ။
"တော်တော့။ သူမက မင်းကိုစိတ်ပူနေတာပဲရှိတာ။ မင်းမကြိုက်ရင်တောင် သူမကို အနည်းငယ်လိုက်လျောတာဖြစ်ဖြစ် ဒါမှမဟုတ်ရင် လစ်လျှူရှူထားလိုက်။ တကယ်လို့ မင်းပြောတာကိုသာ သူမကြားသွားရင် သူမအနေနဲ့ စိတ်ကောင်းမှာမဟုတ်ဘူး"ဟု ရှုကျင်းလင်ကပြောသည်။ ရှုကျင်းချန် ပြောသမျှဟာ မှန်ပေမဲ့လည်း သူတို့အမေဟာ ရိုးရိုးလေး စိတ်ပူနေတာဖြစ်၍ သူမအား အပြစ်ပြော၍မရပေ။
ရှုကျင်းချန်လည်း ဆက်မပြောတော့ပေ။
"မင်းသူငယ်ချင်းတွေနဲ့ ငါ့ကိုမိတ်မဆက်ပေးတော့ဘူးလား"ဟု ရှုကျင်းလင်ကပြောသည်။ သူက ထိုကောင်မလေးနဲ့ ရှုကျင်းချန်နဲ့ တွဲနေတာလားလို့ မေးဖို့ အစီအစဉ်မရှိသော်လည်း သူ့အနေနဲ့ သူ့သူငယ်ချင်းတွေကို မိတ်ဆက်ပေးသင့်သည်။
ရှုကျင်းချန်ဟာ ကျီပိုင်ယင်းအား ရှုကျင်းလင်နဲ့ ချက်ချင်းမိတ်ဆက်ပေးလေသည်။ "ဒါက ငါ့အစ်ကို ရှုကျင်းလင် "
"မင်္ဂလာပါ ကျင်းလင်"ဟု ရှုကျင်းချန် ရဲ့ အစ်ကိုဖြစ်ကြောင်း ကျီပိုင်ယင်းက သိတာနဲ့တစ်ပြိုင်နက်တည်း သူမဟာ သူ့ကို ယဉ်ကျေးစွာနှုတ်ဆက်လေသည်။
"မင်္ဂလာပါ မစ္စတာရှု"ဟု မန်တနဲ့ နန် တို့ဟာလည်း ယဉ်ကျေးစွာ နှုတ်ဆက်လေသည်။
"တွေ့ရတာ ဝမ်းသာပါတယ်"ဟု ရှုကျင်းလင်က ယဉ်ကျေးစွာပင် ပြန်နှုတ်ဆက်လေသည်။
ရှုကျင်းချန်ဟာ ရှုကျင်းလင်အား လူတိုင်းနှင့် မိတ်ဆက်ပေးလေသည်။ ရှုကျင်းလင်ဟာ မန်တနဲ့ နန်တို့ဟာ ကျီပိုင်ယင်းရဲ့သက်တော်စောင့်တွေဆိုတာ သိတဲ့အခါမှာတော့ အနည်းငယ်အံ့အားသင့်သွားလေသည်။
ကြည့်ရတဲ့ပုံအရတော့ ဒီမိန်းကလေးဟာ အဆင့်အတန်းမြင့်ပုံရသည်။
"အို ဒါနဲ့ မင်းတို့ဒီည ဘယ်သွားဖို့ စီစဉ်ထားလဲ"ဟု ရှုကျင်းလင်ကမေးသည်။ "မင်းတို့ ဒီညထူးထူးခြားခြားစီစဉ်ထားတာ မရှိရင် ငါမင်းတို့ကို ဧည့်ခံနိုင်အောင် ကလပ်ကို အတူတူလိုက်ခဲ့ပါလား"
"ကောင်းပြီလေ"ဟု လင်ရှောင်းထင်က ဖြေသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဟာ ဒီညကလပ်သွားဖို့ စီစဉ်ထားတာဖြစ်သည်။
သိပ်မကြာခင်မှာပဲ သူတို့ဟာ ညစာစားပြီး၍ ထွက်သွားကြလေသည်။
ရှုကျင်းလင်ဟာ ရှုကျင်းချန်အားတမင်တကာဆွဲကာ အဖွဲ့နောက်မှ လမ်းလျှောက်လိုက်လာလေသည်။ လင်ရှောင်းထင် နဲ့ အခြားသူတို့နဲ့ အနည်းငယ်အကွာအဝေးခြားပြီးနောက် သူဟာ တိုးတိုးလေးဖြင့် "ငါ့ကိုမှန်မှန်ပြောစမ်း။ မစ္စကျီက မင်းကောင်မလေးလား"ဟု မေးသည်။
"မဟုတ်ဘူး"ဟု ရှုကျင်းချန်က ငြင်းလိုက်သည်။ ရှုကျင်းချန်ဟာ သူမဟာ သူ့ကောင်မလေးဖြစ်ဖို့ လုံးဝဆုတောင်းနေတာဖြစ်ပေမဲ့လည်း သူမဟာမဟုတ်သေးပေ။ ထို့ကြောင့် သူဟာ "အခုလောလော ဆယ်တော့"ဟု ထပ်ပြောလိုက်သည်။
"ကျွတ်! အမေက မင်းကို အောင်သွယ်လုပ်ပေးဖို့ ငါကမင်းကို ပြောတုန်းက မင်းမစ္စကျီကို စိုးရိမ်တကြီးကြည့်နေတာ မဆန်းဘူး။ မင်းတို့ဘာလို့ မတွဲနေသေးတာလဲ။ မင်းသူမကို ဖွင့်ပြောပြီးပြီလား။ ဒါမှမဟုတ် သူမက မင်းကိုစိတ်မဝင်စားတာလား"ဟု ရှုကျင်းလင်က စနောက်ကာမေးလိုက်သည်။
ရှုကျင်းချန်နဲ့ ကျီပိုင်ယင်း တို့ဟာရုပ်ရည်အရ လိုက်ဖက်ညီသော်လည်း Xuမိသားစုဟာ ဒီနိုင်ငံမှာ ဩဇာအရှိဆုံးမိသားစုဖြစ်သည်။
သူဟာ ကျီပိုင်ယင်းရဲ့ မိသားစုနောက်ခံကို မသိပေမဲ့လည်း အဆင့်အတန်းက ပြဿနာမဟုတ်ပေ။ ထို့ကြောင့် သူမက သူ့ညီကို ကြိုက်လားမကြိုက်လားဆိုတာသာ နောက်ဆုံးတွင် အရေးပါလေသည်။
"သူမက ကျွန်တော်အပေါ်မှာ လုံးဝစိတ်မဝင်စားတာတော့ မဟုတ်ဘူး။ ပြဿနာက ကျွန်တော်သူမကို ဖွင့်မပြောရသေးတာ။ ဖွင့်ပြောဖို့ အချိန်မတန်သေးလို့"ဟု ရှုကျင်းချန်ကပြောသည်။
"ပြီးတာပဲ"ဟု ရှုကျင်းလင်က ရည်းစားထားရတာ ဘယ်လိုလဲဆိုတာ သိလေသည်။ ရှုကျင်းချန်အနေနဲ့ သူမက သူ့အပေါ် စိတ်ဝင်စားနေလားဆို မသေချာသေးဘဲ ဖွင့်မပြောတာဟာ ဉာဏ်ကောင်းတယ်လို့ ဆိုရပေမည်။
"သူမဘယ်ကလဲဆိုတာ ငါ့ကိုပြော။ သူမမိသားစုက ဘာအလုပ်လုပ်တာလဲ"ဟု ရှုကျင်းလင်ကမေးသည်။ သူက သူမရဲ့မိသားစုနောက်ခံကို ဂရုစိုက်လို့မေးတာမဟုတ်ပေ။ ထို့အစား စပ်စုချင်ရုံသက်သက်မေးတာဖြစ်သည်။
"ငါ့ကိုမေးခွန်းတွေဆက်မေးမနေနဲ့တော့။ ငါသာသူ့ကိုရအောင် ပိုးနိုင်ခဲ့ရင် ငါမင်းကိုအကုန်ပြောပြမယ်"ဟု ရှုကျင်းချန်က အခုချိန်မှာ မပြောပြချင်ပေးပေ။ "အမေ့ကို မပြောသေးနဲ့ဦး။ သူမသာသိသွားရင် ငါအေးအေးဆေးဆေနေရမှာ မဟုတ်ဘူး"
သူဟာ ထိုသို့ပြောပြီးတာနဲ့ တပြိုင်နက်တည်း ရှုကျင်းလင်ကို လျှစ်လျူရှုကာ လင်ရှောင်းထင်နဲ့ အခြားသူတွေဆှ မြန်မြန်ပဲ လမ်းလျောက်သွားလေသည်။
"ဟေး မင်း..."ဟု ရှုကျင်းလင်က မကျေမနပ်ဖြစ်သွားလေသည်။ ရှုကျင်းချန် အနေနဲ့ သူ့အစ်ကိုကိုအခုလို ထားပစ်ခဲ့သင့်လား။
ရှုကျင်းလင်ဟာ ခေါင်းကိုရမ်းလျက် သူတို့နောက်မှ မြန်မြန်လိုက်သွားလေသည်။
ရှုကျင်းလင်ဟာ သူတို့အမေအား ဒီကိစ္စကို မပြောစေချင်တဲ့ ရှုကျင်းချန်ကို လေးစားလေသည်။ ရှုကျင်းချန်အနေနဲ့ ထိုမိန်းကလေးကို တရားဝင်တွဲနေသေးတာမဟုတ်သေး၍ သူတို့အမေသာ သိသွားရင် ရှုကျင်းချန်အနေနဲ့ စစ်မေးခံရနိုင်လေသည်။ သူမဟာ သူမသားကို ကောင်မလေးအပေါ် ချစ်နေတဲ့အတွက် အပြစ်တောင် တင်နိုင်လေသည်။
ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ တစ်ကားထဲထွက်သွားပြီး ရှုကျင်းချန်၊ ကျီပိုင်ယင်း၊ မန်တနဲ့ နန်တို့ဟာ နောက်တစ်ကားနဲ့ သွားလေသည်။ လင်ရှောင်းထင်ဟာ ရှုကျင်းချန်ကို လေဆိပ်မှာ လာကြိုတဲ့ ယာဉ်မောင်းအား ပြန်လွှတ်လိုက်ပြီးဖြစ်ပြီး ရှုကျင်းလင်ကတော့ သူ့ကားနဲ့သူ မောင်းသွားတာဖြစ်သည်။
သူဟာ အခြားဘယ်သူမှ ကလပ်ကိုမဖိတ်ထားတဲ့အတွက် သူတို့တွေပင်ဖြစ်သည်။
ကုနင်းဟာ ကျီပိုင်ယင်းနှင့် ထိုညတွင်အနည်းငယ် သောက်လေသည်။
"နင်းနင်း၊ နင်မနက်ဖြန် ကျောင်းတက်ဖို့ လိုသေးလား"ဟု ကုနင်းက ကျောင်းတက်နေတုန်းဆိုတာ သတိရသွားသည့်အတွက် ကျီပိုင်ယင်းက မေးသည်။
"ငါအတန်း တက်တက် မတက်တက် ကိစ္စမရှိဘူး"ဟု ကုနင်းကဖြေသည်။ ကုနင်းဟာ ကျောင်းနဲ့ လွတ်လပ်ခွင့်အများကြီးရှိ၍ သွားချင်တိုင်းသွား လာချင်တိုင်းလာလို့ ရသည်ဖြစ်သည်။
"နင်မှာ လွတ်လပ်ခွင့် အတော်ရှိတာပဲ" ဟု ကျီပိုင်ယင်းကပြောသည်။
"ငါက ထူးချွန်လွန်းနေတော့ အထူးအခွင့်အရေးတွေရှိတာ မတတ်နိုင်ဘူး"ဟု ကုနင်းက ပြုံးလျက်ပြောလေသည်။
"အဲ့တာလဲ ဟုတ်တာပဲ"ဟု ကျီပိုင်ယင်း ကဖြေသည်။ သူမဟာ ကုနင်းက တကယ်ထူးချွန်တဲ့သူဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ်မာန်တက်နေသူလို့ မထင်ပေ။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၄၆ တစ်ခုခုကြံစည်နေကြတာလား?
"အို ဒါနဲ့ မနက်ဖြန် နင်ကျောင်းတက်မှာလား"ဟု ကျီပိုင်ယင်း ကမေးသည်။
"ငါ့ကို နင့်နဲ့အတူတူလည်စေချင်လို့လား" ဟု ကုနင်းကမေးသည်။ သူမနဲ့ အတူတူမနေစေချင်ရင် ကျီပိုင်ယင်းအနေနဲ့ ဘာလို့ ကျောင်းကိစ္စမေးမလဲဖြစ်သည်။
"ဟီးဟီး။ ဟုတ်တယ်"ဟု ကျီပိုင်ယင်းဟာ ခိုးခိုးခိခိ ရယ်လျက်ပြောသည်။ "တကယ်လို့ နင်ကျောင်းတက်ဖို့လိုတာဖြစ်ဖြစ် ဒါမှမဟုတ် တစ်ခုခုလုပ်စရာရှိရင် နင့်ကိုယ်နင်ဖိအား ပေးစရာမလိုဘူး"
"အဆင်ပြေပါတယ်။ ဒါပေမယ့် ငါနင့်ကို မနက်ဖြန် နေ့လည်၁:၀၀ကနေ ၂:၀၀ အတွင်းလောက်မှ တွေ့နိုင်မှာ"ဟု ကုနင်း ကပြောသည်။ လင်ရှောင်းထင်ဟာ စစ်တပ်ရင်းကို ထိုအချိန်လောက် ပြန်ရမှာဖြစ်သည့်အတွက် သူမဟာ ထိုမနက်ခင်းကို သူနဲ့တူတူ ဖြတ်သန်းချင်လေသည်။ သူတို့ဟာ စစ်ဟယ်ယွမ်ကိုသွား၍ ရှန်းကွမ်းယန်နဲ့ ကျင်းယွင်ယောင်တို့နဲ့ အတူမနက်စာ စားဖို့စီစဉ်ထားတာ ဖြစ်သည်။
သူတို့ဟာ အခုချိန်မှာ လင်မိသားစုကို သွားလည်ဖို့ အချိန်မရှိသေးသောကြောင့် ကုနင်းဟာ ကျင်းယွင်ယောင်နဲ့ သခင်ကြီးလင်ဆီကို နောက်တစ်ခါမှာ ပြန်သွားလည်မည်ဖြစ်သည်။
လင်ရှောင်းထင်ဟာ မနက်ဖြန်ပြန်မှာဖြစ်သော်လည်း သူဟာ ရှုကျင်းချန်အား ဒီမှာနေခဲ့ရန် ခွင့်နှစ်ရက်ပေးလိုက်သည်။ ဒီနေ့မှ ရှုကျင်းချန်ဟာ ကျီပိုင်ယင်းအား ခေါ်လာသည့်အတွက် သူ့အနေနဲ့ သူမကို ပစ်ထားခဲ့ကာ ပြန်သွားဖို့ မသင့်တော်၍ ဖြစ်သည်။ ပိုပြီးအရေးကြီးတဲ့အချက်က တပ်ရင်းမှာ ရှုကျင်းချန်လုပ်ဖို့လိုတဲ့ အရေးကြီးကိစ္စတစ်ခုမှ မရှိသေး၍ဖြစ်သည်။
တစ်ညလုံး ကျီပိုင်ယင်းနဲ့ ရှုကျင်းချန် အတွင်းတွင် စကားပြောမှုအနည်းငယ်သာရှိသော်လည်း ကိစ္စတွေက ကို့ရို့ကားယားတော့ မနိုင်ပေ။
ထို့အစား ရှုကျင်းချန်အပေါ် ရှုကျင်းလင် ဟာစိတ်ပူသည့်အပြင် လျှို့ဝှက်စွာလဲ အမြင်ကပ်လေသည်။ ရှုကျင်းချန်ဟာ ကောင်မလေးကို ရချင်ပေမဲ့လည်း သူဘက်ကစပြီး သူမကို စကားစမပြောသော ကြောင့်ဖြစ်သည်။ ဒီလိုကောင်စားမျိုးကို သူမဘာလို့များ ကြိုက်မှာလဲ။ သို့ပေမဲ့လည်း သူဟာ အပြင်လူဖြစ်တဲ့အတွက် ဘာမှဝင်စွက်ဖက်ခွင့် မရှိပေ။
သူတို့ဟာ ည10:00ခန့်တွင် လမ်းခွဲသွားကြလေသည်။ ရှုကျင်းလင်ဟာ ကိုယ့်ဘာသာကိုယ်ပြန်သွားကာ ရှုကျင်းချန်ကတော့ ကျီပိုင်ယင်းနဲ့ အခြားသူတွေကိုခေါ်ကာ ရာစုနှစ်မြို့တော်အား ကုနင်းနဲ့ လင်ရှောင်းထင်တို့နဲ့အတူ ကားမောင်းသွားကြလေသည်။
ညအချိန်ဖြစ်သည့်အတွက် ကားပိတ်တာ ရှိတယ်ဆိုရုံသာရှိ၍ သူတို့အနေနဲ့ သိပ်မကြာခင်ဘဲရောက်လေသည်။
သူတို့ရောက်တဲ့အခါမှာတော့ ကုနင်း ဟာ သူတို့အား သူတို့ရဲ့ အခန်းကိုပြလေသည်။ သူမဟာ သူတို့၏ နေရေးထိုင်ရေးစီစဉ်ပေးပြီးနောက် ကျီပိုင်ယင်းအား အိမ်သော့နဲ့ ဂိုထောင်ထဲမှာရှိတဲ့ ကားများရဲ့ ကားသော့များအား သူတို့အနေနဲ့ ကားနဲ့ မြို့ထဲသွားချင်တာရှိရင်သွားနိုင်ရန် ပေးလိုက်သည်။
ထို့နောက် ကုနင်းနဲ့ အခြားသူများဟာ သူတို့အတွက် စီစဉ်ပေးပြီးတဲ့အခါတွင် ထွက်သွားလေသည်။ ရှုကျင်းချန်ဟာ ရှုစံအိမ်ကို မပြန်သွားပေ။ ထို့အစား သူဟာ သူ့တိုက်ခန်းကိုပြန်လေသည်။ ကုနင်းနဲ့ လင်ရှောင်းထင်တို့ကတော့ စံအိမ်ဆီ ပြန်သွားလေသည်။
စံအိမ်ရပ်ကွက်ဟာ Mid-levelဟုခေါ်ပြီး မြေပြန့်ပေါ်မှာ ဆောက်မထားဘဲ တောင်တန်းကို ပတ်၍ ဆောက်ထားတာဖြစ်သည်။
Mid-levelဟာ အထက်တန်းကျတဲ့စံအိမ်နယ်မြေဖြစ်၍ ဒီနေရာတွင် ချမ်းသာတဲ့လူနဲ့ နာမည်ကြီးတဲ့သူတွေသာ နေနိုင်လေသည်။
Mid-levelဟာ ဆင်ခြေဖုံးရပ်ကွက်ဘက်မှာ ရှိတာဖြစ်ပေမဲ့လည်း တောင်မြစ်ကမ်းဥယျာဉ်လောက်တော့ မြို့လယ်နဲ့ မနီးသောကြောင့် ပတ်ဝန်းကျင်ဟာ သစ်ပင်ပန်းမန်များနှင့် စိမ်းလန်းစိုပြေမှု များလေသည်။ စံအိမ်နယ်မြေအများစုဟာ ဆင်ခြေဖုံးရပ်ကွက်တွေမှာ တည်ရှိတာများသည်။ အဘယ်ကြောင့်ဆိုသော် အလယ်ကောင်ကျတာများ၍ နေရတာ ပိုကောင်းသောကြောင့်ဖြစ်သည်။
ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ Yနိုင်ငံမှာ တခန်းထဲနေတာဖြစ်ပေမဲ့လည်း သူတို့ကြားမှာ ဘာမှမဖြစ်ပေ။ အခြေအနေတွေက တင်းမာလွန်း၍ သူတို့အနေနဲ့ ဘာမှလုပ်ချင်စိတ်မရှိတာဖြစ်သည်။ အခုအခြေအနေတွေဟာ အကုန်ဖြေရှင်းသွားပြီး အိမ်ပြန်ရောက်နေတာဖြစ်၍ သူတို့ကို ဘာမှတားဆီးမထားတော့ပေ။
Mid-levelကို သူတို့ပြန်ရောက်တာနဲ့ တပြိုင်နက်တည်း လင်ရှောင်းထင်ဟာ မထိန်းချုပ်ထားတော့ဘဲ ကုနင်းနဲ့ တညလုံး ချစ်တင်းနှောလေသည်။
"ကိုယ်မရပ်ချင်ဘူး..."ဟု လင်ရှောင်းထင်က ကုနင်းနား, နားကပ်၍ နူးညံစွာ တိုးတိုးလေးကပ်ပြောလိုက်လေသည်။
"ဒါဆို မရပ်နဲ့"ဟု ကုနင်းကပြောသည်။ ခံစားရတာကောင်းလွန်း၍ သူမဟာ တသက်လုံးမရပ်တန့်စေချင်၍ဖြစ်သည်။
ကုနင်းစကားတွေဟာ သူမနဲ့ ချစ်တင်းနှောဖို့ ဖိတ်ခေါ်နေရာရောက်၍ လင်ရှောင်းထင်အား အရမ်းစိတ်ပါသွားစေကာ သူဟာ ပိုပြီးအားအင်ပါစွာ ချစ်တင်းနှောလေသည်။
သူတို့ကဟာ ညနက်တဲ့အထိ ဆက်လုပ်နေပြီးမှ နောက်ဆုံးတွင် တစ်ယောက်နဲ့ တစ်ယောက်ဖက်၍ အိပ်ပျော်သွားကြလေသည်။
သူတို့ဟာ နောက်နေ့နောက်ကျတဲ့ထိ အိပ်ကြသည်။ သူတို့ဟာ အိပ်ရာထဲမှာ ဖြစ်နေသေးသည့်အတွက် ကိစ္စတွေဟာ ပူနွေးလာကာ သူတို့အနေနဲ့ ဆက်ပြီးချစ်တင်းနှောကာ နောက်ဆုံးတွင် မနက်၉:၀၀ထိုးမှ ထကျလေသည်။
လင်ရှောင်းထင်အိပ်ရာထဲက ထလာပြီးတဲ့အခါမှာတော့ သူဟာ ရှန်းကွမ်းယန်အားဖုန်းဆက်ကာ သူ၊ ကုနင်းနဲ့ ကျင်းယွင်ယောင်တို့ဟာ စစ်ဟယ်ယွမ်ကိုလာပြီး နေ့လည်စာ တူတူလာစားမြည်ဖြစ်ကြောင်း ပြောသည်။
ရှန်းကွမ်းယန်သူတို့လာမှာကိုသိတဲ့အခါ ပျော်သွားကာ ဖုန်းချပြီးတာနဲ့ တပြိုင်နက် သူဟာ လောင်ကျန်းအား အစားအသောက်တွေ ပိုပြင်ဆင်ထားရန် ပြောလိုက်သည်။
လင်ရှောင်းထင်ဟာ ကျင်းယွင်ယောင်ကိုလည်း စစ်ဟယ်ယွမ်မှာ နေ့လည်စာအတူစားဖို့ခေါ်ရာ သူမလဲသဘောတူလေသည်။
.....
ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ တောင်မြစ်ကမ်းဥယျာဉ်မှာ ကျင်းယွင်ယောင်ကိုဝင်ခေါ်ကာ စစ်ဟယ်ယွမ်အား အတူသွားကြလေသည်။
စစ်ဟယ်ယွမ်ကိုရောက်တဲ့အချိန်မှာတော့ နေ့လည်၁၁:၀၀ထိုးနေပြီဖြစ်သည်။ နေ့လည်စာ စားဖို့စောသေးတာကြောင့် သူတို့ဟာ မလောသေးဘဲ စကားထိုင်ပြောကြလေသည်။
လင်ရှောင်းထင်ဟာ ရှန်းကွမ်းယန်နဲ့ ကျင်းယွင်ယောင်အား သူဘယ်လို သွေးစုပ်ဖုတ်ကောင်တွေနဲ့ ကြုံပုံနဲ့ သူတို့တွေ့ဟာ ကျင့်ကြံသူတွေအကြောင်း သိထားပုံကို ပြောပြလေသည်။ ကုနင်းကလဲ သူမနဲ့တွေ့တဲ့ နင်ဂျာတွေဟာ ကျင့်ကြံသူတွေကို စုံစမ်းဖို့လုပ်နေတာဆိုတာကိုလဲ ပြောပြသည်။ သူတို့နှစ်ယောက်ဟာ ထိုသတင်းတွေကိုကြားတာနဲ့ မစိုးရိမ်နဲ့ မနေနိုင်ကြချေ။
"ကြည့်ရတာတော့ ကျင့်ကြံသူတွေဟာ အခုတလော သေမျိုးလောကမှာ ခြေရှုပ်နေပုံပဲ။ ပြီးတော့ သူတို့တွေ သေမျိုးလောက,က လူတွေနဲ့လည်း ပြဿနာတွေဖြစ်ပုံရတယ်"ဟု ကျင်းယွင်ယောင်ကပြောသည်။
ကျင့်ကြံသူတွေဟာ သေမျိုးလောကကို အလည်မသွားရဘူးဆိုတဲ့ စည်းကမ်းမရှိသော်လည်း သူတို့ဟာ အရင်က အဲ့လောက်မသွားကြပေ။ သို့သော် အခုချိန်မှာတော့ သေမျိုးလောကကို သွားတဲ့ကျင့်ကြံသူတွေ များများလာနေပြီဖြစ်သည်။
"သန္ဓေပြောင်းတွေနဲ့ သွေးစုပ်ဖုတ်ကောင်တွေက ဘယ်လိုပုံစံတွေလဲ"ဟု ရှန်းကွမ်းယန်ကမေးသည်။ သူဟာ ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး မကောင်းတဲ့ကျင့်ကြံသူတွေ ရှိတယ်ဆိုတာ သိသော်လည်း သူဟာ သန္ဓေပြောင်းတွေနဲ့ သွေးစုပ်ဖုတ်ကောင်တွေကို တစ်ခါမှမကြုံဖူးသေး၍ သူတို့ရဲ့ ပုံစံတွေနဲ့ စွမ်းရည်တွေကို မသိပေ။ သို့သော် သူတို့ရဲ့နာမည်တွေကတဆင့် သူတို့ဘာတွေလုပ်နိုင်လည်းဆိုတာတော့ သူအနည်းငယ်သိလေသည်။
"သန္ဓေပြောင်းတွေဟာ ဆေးရည်တစ်မျိုးနဲ့ သတ်ချင်ဖြတ်ချင်စိတ်ရှိတဲ့ သတ္တဝါတစ်ကောင်ကောင်ရဲ့သွေးကို ခန္ဓာကိုယ်ထဲ အချိန်ကြာရှည်စွာထိုးသွင်းပြီးတော့ထူးခြားတဲ့ ဓာတ်ရောင်ချည်ရှိတဲ့ နေရာတွေမှာ အချိန်ကြာကြီးနေပြီး တဖြည်းဖြည်း သန္ဓေပြောင်းတာဖြစ်တယ်။ သန္ဓေပြောင်းတာအောင်မြင်တဲ့အခါမှာတော့ ထိုလူဟာ သူထိုးသွင်းလိုက်တဲ့ သတ္တဝါရဲ့ ပုံပန်းသဏ္ဏာန်တွေပေါ်လာတယ်။ သန္ဓေပြောင်းတွေက ကိုယ့်ကိုကိုယ်ပြန်ကုစားနိုင်တဲ့စွမ်းရည်နဲ့ အရမ်းစွမ်းတဲ့ခွန်အားကိုပိုင်ဆိုင်ကြတယ်။ ဓာတ်ရောင်ချည်ကြောင့် အရေပြားပေါ်မှာ ပြည်တည်ကာ ပြန်သက်လာတဲ့အခါ သူတို့ရဲ့ ခုခံစွမ်းရည်ဟာလဲ အရမ်းတိုးတက်လာတယ်။ သူတို့ဟာ ဘယ်လောက်ပဲ ဒဏ်ရာကြီးကြီးမားမားရရ သာမာန်လူထက် ဆယ်ဆတဲ့ ပြန်ကုစားနိုင်စွမ်းရှိတယ်။ သို့သော် ဓာတ်ရောင်ချည်ဟာ သူတို့ရဲ့ဦးနှောက်ကို ဖျက်စီးလိုက်တဲ့အတွက် သူတို့ဟာ နာကြည်ချင်းကို မခံစားရတဲ့အပြင် ဉာဏ်ရည်လဲ နိမ့်ပါးသွားတယ်။ သူတို့က အကြောက်အရွံ့မရှိတဲ့အပြင် သူတို့သခင်ခိုင်းသမျှအကုန်လုပ်တယ်"ဟု ကုနင်းက ပြောသည်။ သူမဟာ သန္ဓေပြောင်းတွေအကြောင်း လင်ရှောင်းထင် ထက်ပိုသိလေသည်။
"သွေးစုပ်ဖုတ်ကောင်တွေကတော့ လူလဲမဟုတ်သလို သရဲလည်းမဟုတ်တဲ့သတ္တဝါတွေပဲ။ သူတို့တွေက သွေးစုတ်ပြီး ခွန်အားရကြတယ်။ အများအားဖြင့်တော့ သူတို့က သာမာန်လူတွေနဲ့ ဘာမှမကွာခြားဘဲ မကောင်းတဲ့ကျင့်ကြံသူတွေနဲ့ ဆင်တူတယ်။ သူတို့က နေရောင်ချည်ကိုကြောက်တဲ့အတွက် ညမှဘဲ အပြင်ထွက်လေ့ရှိတယ်။ တကယ်လို့ သူတို့သာ နေ့လည်ခင်းဘက် ထွက်လာချင်ရင် သူတို့အနေနဲ့ တစ်ကိုယ်လုံးအကာအကွယ်လိုတယ်။ သူတို့ဟာ အရမ်းသန်မာပေမဲ့လည်း သိုင်းလေ့ကျင့်တဲ့သူတွေနဲ့ စာရင်တော့ ပိုပြီးအားနည်းတယ်လို့ ကျွန်မထင်တယ်"ဟု ကုနင်းကဆက်ပြောသည်။
ရှန်းကွမ်းယန်နဲ့ ကျင်းယွင်ယောင်တို့ဟာ ကျင့်ကြံသူတွေဖြစ်တဲ့အပြင် မကောင်းဆိုးဝါးသတ္တဝါတွေရှိတာ သိပေမဲ့လည်း သန္ဓေပြောင်းတွေနဲ့ သွေးစုပ်ဖုတ်ကောင်တွေအကြောင်းကို အခုမှ ပထမဆုံးကြားဖူးတာဖြစ်၍ သူတို့အနေနဲ့ မအံ့ဩဘဲမနေနိုင်ချေ။
"ကျင့်ကြံသူတွေအကြောင်း ပိုသိရဖို့ လာစုံစမ်းနေတယ်ဆိုတော့ သူတို့အခု တစ်ခုခုလုပ်ဖို့ အကြံအစည်ရှိနေလို့လား" ဟု ရှန်းကွမ်းယန်ကမေးသည်။ သူဟာ သေမျိုးလောကနဲ့ စိမ်းပေမဲ့လည်း Rနိုင်ငံနဲ့ Mနိုင်ငံတို့ဟာ သူတို့နိုင်ငံနဲ့ မတည့်တာသိသလို သူတို့တွေမတိုးတက်ဖို့ဆက်တိုက်ကြိုးစားနေတာလဲသိလေသည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၄၇ မစိုးရိမ်နဲ့
ရန်သူနိုင်ငံတွေဟာ သန္ဓေပြောင်းတွေနဲ့ သွေးစုပ်ဖုတ်ကောင်တွေရှိလို့ မောက်မာနေပြီး အခုသူတို့နိုင်ငံရဲ့ မှော်စွမ်းရည်ရှိပြီး လေပေါ်ပျံနိုင်တဲ့ ကျင့်ကြံသူတွေအကြောင်း သိသွားတဲ့အခါ သူတို့အနေနဲ့ ကြောက်လန့်တဲ့ ခံစားမှုရှိလာမှာ သေချာတဲ့အပြင် ဒီခြိမ်းခြောက်မှုကို ဖျက်ဆီးဖို့ တစ်ခုခုလုပ်လာမှာသေချာလေသည်။
ကျင်းယွင်ယောင်ဟာ သေမျိုးလောကမှာ နှစ်ပေါင်း၂၀ကျော် နေပြီးတာဖြစ်တဲ့အတွက် သူမဟာ နိုင်ငံရေးအခြေအနေအတွေအကြောင်းသိလေသည်။ ကျင့်ကြံသူတွေတည်ရှိမှုအကြောင်း သိသွားတာနဲ့ Rနိုင်ငံနဲ့ Mနိုင်ငံကလူတွေဟာ တစ်ခုခုလုပ်မှာမှန်း သူမသိလေသည်။ မဟုတ်လျင် သူတို့ဟာ အန္တရာယ်များလို့ဖြစ်သည်။
"Rနိုင်ငံနဲ့ Mနိုင်ငံက ငါတို့နဲ့ဘယ်တော့မှ မတည့်တဲ့အပြင် ငါတို့ကို ကြောက်လန့်အောင် မကြာခဏကြိုးစားလေ့ရှိတယ်။ ငါတို့လို နိုင်ငံကြီးအနေနဲ့ သူတို့ကို ဘာကြောက်စရာရှိမှာ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့နဲ့သူတို့နဲ့က တည့်ကိုမတည့်တာပဲ"ဟု လင်ရှောင်းထင်ကပြောသည်။ "ကျင့်ကြံသူတွေတည်ရှိကြောင်းသိတဲ့ သွေးစုပ်ဖုတ်ကောင်တွေကို ကျွန်တော်သတ်ပြီးပေမဲ့လည်း Mနိုင်ငံက ခေါင်းဆောင်တွေက ဒီအကြောင်းကို သိပြီးသွားပြီလားဆိုတာ ငါတို့အနေနဲ့ မသေချာဘူး။ တကယ်လို့ သူတို့မသိသေးရင်တောင် သူတို့နှစ်နိုင်ငံက ရင်းနှီးတဲ့အတွက် Rနိုင်ငံက သေချာပေါက် ဒီသတင်းကို ပြောပြမှာသေချာတယ်။ ကျင့်ကြံသူတွေဘယ်လောက် သန်မာလဲဆိုတာ မသိသေးလို့ သူတို့အနေနဲ့ မဟာမိတ်ဖွဲ့မာ သေချာတယ်။ သူတို့က အဲဒီလို အကွက်တွေ ရွေ့ရတာကြိုက်တယ်"
"တချို့အရာတွေက ရှောင်လွှဲလို့ မရမှတော့ မင်းတို့အနေနဲ့ ကိုယ့်ဘာသာကိုယ်ဖြေရှင်းဖို့မကြိုးစားနဲ့။ မင်းအမေနဲ့ ငါ့ကိုသာပြော။ ငါတို့အနေနဲ့ အချိန်ကျလာရင် အများကြီးအကူအညီပေးနိုင်တယ်"ဟု ရှန်းကွမ်းယန်ကပြောသည်။ လင်ရှောင်းထင်က စစ်သားတစ်ယောက်ဖြစ်ကာ နိုင်ငံတော်ကို ကာကွယ်ရမှာ သူ့တာဝန်ဖြစ်တဲ့အတွက် သူတို့အနေနဲ့ သူကောင်းဖို့အတွက်နဲ့ သေမျိုးလောကအပေါ် တစ်ကိုယ်ကောင်းဆန်စွာ မျက်နှာလွှဲထားဖို့ မပြောနိုင်ပေ။
"အိုကေ"ဟု လင်ရှောင်းထင်က အသိအမှတ်ပြုလေသည်။
"သိုင်းလောက,ကလူတွေအနေနဲ့ သေမျိုးလောကနဲ့ ပါဝင်ပတ်သတ်တာနဲ့ သေမျိုးတွေကို ထိခိုက်အောင်လုပ်တာကို တားမြစ်ထားတဲ့ စည်းကမ်းတွေရှိပေမဲ့လည်း ငါတို့နိုင်ငံ အန္တရာယ်ရှိလာတဲ့အခါ ချွင်းချက်လုပ်လို့ရတယ်"ဟု ကျင်းယွင်ယောင် ကပြောသည်။ သူမဟာ သိုင်းလောကမှ ထွက်လာတာ နှစ်၂၀ကျော်ပေမဲ့လည်း စည်းကမ်းတည်ရှိနေတာဟာ နှစ်ပေါင်း၁၀၀ကျော်သလို ဘယ်တော့မှ ပြောင်းလဲခြင်းမရှိပေ။
"ဒါဆိုရင် မင်းအနေနဲ့ ဘာမှ စိုးရိမ်ဖို့မလိုတော့ဘူး"ဟု ရှန်းကွမ်းယန်ကပြောသည်။
ကျင့်ကြံသူတွေဟာ အရမ်းစွမ်းအားကြီးရဲ့ သူတို့တွေသာ ဝင်ပါရင် ဘာမှကြောက်နေစရာမလိုပေ။
လင်ရှောင်းထင်နဲ့ ကုနင်းတို့ဟာလည်း သူတို့နိုင်ငံသာ တစ်ခုခုဖြစ်ရင် ကျင့်ကြံသူတွေအနေနဲ့ လက်ပိုက်ကြည့်မနေကာ ဝင်ပါလိမ့်မယ်ဆိုတာသိလေသည်။ သို့သော်လည်း ကျင်းယွင်ယောင်ရဲ့ ပါးစပ်မှ ဖွင့်ပြောလာတာကို ကြားရတဲ့အခါ သူတို့အနေနဲ့ ပိုပြီးစိတ်အေးသွားသလို မခံစားရဘဲမနေနိုင်ပေ။
သူတို့ဟာ နေ့လည်၁၂:၀၀လောက်တွင် နေ့လည်စာ စစားကာ စားပြီးမှ ထွက်သွားလေသည်။
ကျင်းယွင်ယောင်က အနားမှာရှိတဲ့အတွက် ကုနင်းဟာ ကားရှေ့ခန်းမှာ မထိုင်ဘဲ သူမနဲ့အတူ နောက်ခန်းတွင် အတူထိုင်လေသည်။
"ဒီနေ့ သူငယ်ချင်းတွေ အပြင်ထွက်လည်မလို့။ အမေရော လိုက်ခဲ့ပါလား"ဟု ကုနင်းက မေးသည်။ သူမဟာ ယဉ်ကျေးစွာနဲ့ ဟန်ဆောင်မေးတာမဟုတ်ဘဲ ကျင်းယွင်ယောင်ကိုစိတ်ရင်းနဲ့ အတူအပြင်လိုက်လည်စေချင်တာဖြစ်သည်။ မဟုတ်ရင် ကျင်းယွင်ယောင်အနေနဲ့ သူမဘာသာနေရတာ ပျင်းနေပေလိမ့်မည်။
"မင်းက သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်မှာဆိုတော့ အမေ မလိုက်တော့ပါဘူး။ မင်းတို့ကို ကို့ရို့ကားယားမဖြစ်စေချင်ဘူး"ဟု ကျင်းယွင်ယောင်ဟာ စိတ်မပါ၍ သူမကို ငြင်းတာမဟုတ်ဘဲ လူကြီးတစ်ယောက်ပါနေလို့ ကို့ရို့ကားယားဖြစ်နေမှာ စိုးသောကြောင့်ဖြစ်သည်။
"သူတို့က အမေပါလာလဲ လုံးဝအဆင်ပြေမှာသေချာတယ်။ ကျွန်မခေါ်တာကြောင့် အမေအဆင်မပြေဖြစ်မှာပဲ ပိုစိုးရိမ်တာ။ တကယ်လို့ အမေမငြိုငြင်ရင် အတူလိုက်ခဲ့သင့်တယ်"ဟု ကုနင်းက ကျင်းယွင်ယောင် ရဲ့လက်မောင်းအား ချိုသာစွာဆွဲလျက် ပြောသည်။
ကုနင်းနဲ့ ကျင်းယွင်ယောင်တို့ဟာ သူငယ်ချင်းတွေအလား အရမ်းကိုပြေပြစ်စွာ ဆက်ဆံကြလေသည်။ သူတို့က တူညီတဲ့ စိတ်ပုံစံရှိတာကြောင့် အချင်းချင်းနားလည်ကာ တစ်ယောက်အပေါ် တစ်ယောက် ပိုသည်းခံနိုင်စွမ်းရှိလေသည်။
"အဲ့တာဆိုလဲ အိုကေလေ"ဟု ကျင်းယွင်ယောင်ဟာ စက္ကန့်အနည်းငယ် တွန့်ဆုတ်ကာ သဘောတူလိုက်လေသည်။ သူမဟာ အပြင်သွားရတဲ့အတွက် စိတ်ရှုပ်တာမဟုတ်ဘဲ ကုနင်းနဲ့ သူမရဲ့သူငယ်ချင်းတွေ သက်တောင့်သက်သာမရှိမှာ စိုးရိမ်တာဖြစ်သည်။ အခု ကုနင်းက သူမကို အဆင်ပြေကြောင်း စိတ်ချဖို့ပြောသည့်အတွက် သူမလဲ ဘာမှလုပ်စရာမရှိ၍ အတူတူသွားရန် ဆုံးဖြတ်လိုက်လေသည်။
လင်ရှောင်းထင်ဟာ ကုနင်းနဲ့ ကျင်းယွင်ယောင်တို့အား ကျီပိုင်ယင်းက ကုဖန်းကိုသွားကာ လည်ချင်တဲ့အတွက် ကုန်သွယ်ရေးဇုန်အား ခေါ်လာလေသည်။
လင်ရှောင်းထင်ဟာ ကုနင်းနဲ့ ကျင်းယွင်ယောင်တို့အား အဲဒီနေရာမှာချပေးခဲ့ပြီးနောက် ပြန်သွားလေသည်။
ကျီပိုင်ယင်းက မရောက်သေးတဲ့အတွက် သူတို့နှစ်ယောက်ဟာ ကိုယ့်ဘာကိုယ်လမ်းကာ လျောက်ပတ်ကြည့်ကြလေသည်။
ကျီပိုင်ယင်းဟာ ၁၀မိနစ်လောက်ကြာပြီးချိန်တွင် ရှုကျင်းချန်၊ မန်တ၊နန်တို့နဲ့အတူ ရောက်လာလေသည်။
ရှုကျင်းချန်ဟာ အချိန်ပြည့်လို့ တပ်ရင်းမပြန်ခင်မှာ ကျီပိုင်ယင်းရဲ့ ယာဉ်မောင်းနဲ့ Tour Guideအဖြစ်လုပ်ပေးနေလေသည်။
ရှုကျင်းချန်ဟာ ကျီပိုင်ယင်းနဲ့ နှစ်ယောက်ထဲ အချိန်ဖြုန်းချင်ပေမဲ့လည်း သူမဟာ ကုနင်းနဲ့ ချိန်းထားတာရှိ၍ သူ့အနေနဲ့ သူမကိုတားဖို့ အကြောင်းမရှိပေ။ ထို့ကြောင့် သူဟာ စိတ်ထဲသိပ်မကျေနပ်ပေမဲ့လည်း တူတူလိုက်လာတာဖြစ်သည်။
သူတို့ဆုံတဲ့အခါမှာတော့ ရှုကျင်းချန်ဟာ ကျင်းယွင်ယောင်ကို မြင်တဲ့အခါ ခဏတာ ကြောင်အသွားလေသည်။ သူဟာ သတိဝင်လာတဲ့အခါမှာတော့ သူမအား "အန်တီကျင်း"ဟု စိတ်မသက်မသာဖြင့် နှုတ်ဆက်လေသည်။
ဒါဟာ သူကျင်းယွင်ယောင်ကို ခေါ်လေ့ရှိတဲ့နာမည်ဖြစ်ပေမဲ့လည်း သူဟာ သူမကိုမတွေ့သလို သူမနာမည်ကိုမခေါ်ရတာ ၁၀နှစ်ကျော် ကြာပြီဖြစ်၍ သူ့အနေနဲ့ အနည်းငယ် မရင်းမနှီးဖြစ်နေတာဖြစ်သည်။
ကံကောင်းစွာပင် သူဟာ ကျင်းယွင်ယောင် အသက်ရှင်နေသေးတာ သိပြီးဖြစ်ပြီး ဒီနေ့မှ ပထမဆုံးပြန်မြင်တာဖြစ်သည်။
"မင်းက ကျင်းချန်ဖြစ်ရမယ်။ ဟုတ်တယ်မလား"ဟု ကျင်းယွင်ယောင်က မေးသည်။ သူမဟာ ရှုကျင်းချန်ကို မမှတ်မိပေမဲ့လည်း ကုနင်းက ရှုကျင်းချန်ရယ် သူမသူငယ်ချင်းနဲ့အတူပါတဲ့ သက်တော်စောင့်တွေနဲ့ အတူတွေ့မှာ ဖြစ်ကြောင်း ပြောထားပြီးဖြစ်သည်။
"ဟုတ်ပါတယ်"ဟု ရှုကျင်းချန်က ဖြေသည်။
"မင်းအခု အရွယ်ရောက်လာတော့ တော်တော်တောင် ကြည့်ကောင်းလာတာပဲ။ မင်းက ငယ်ငယ်တုန်းက မင်းနဲ့ရွယ်တူတွေထက် နည်းနည်းပိုပုတယ်။ လူတိုင်းက မင်းအနေနဲ့ အရပ်မရှည်လောက်ဘူးထင်နေတာ အခုတော့ မင်းက အရပ်၁.၈မီတာတောင် ရှည်နေပေါ့"ဟု ကျင်းယွင်ယောင်က ပြောင်းလဲသွားတာတွေအကြောင်း ပြန်တွေးလျက် ပြောလေသည်။
ရှုကျင်းချန်ဟာ သူ့ငယ်ဘဝအကြောင်း ကျင်းယွင်ယောင် မှတ်မိသေးတာကို သဘောပေါက်သွားတဲ့အခါ ရင်ထဲထိသွားလေသည်။ "ဟုတ်တယ်။ မိန်းကလေးတွေက ကြီးပြင်းလာတာနဲ့ အများကြီးပြောင်းလဲတတ်ပေမဲ့ ယောင်္ကျားလေးတွေလဲတူတူပါပဲ။ ကျွန်တော်က ရှောင်းထင်နဲ့ အတူစစ်ထဲဝင်ပြီးမှ အများကြီးပြောင်းလဲသွားတာ"
"ဟေး။ ငါသူမကို ဘယ်လိုခေါ်ရမလဲ" ဟု ကျီပိုင်ယင်းက ကုနင်းအား တတောင်နဲ့ ထိုးကာမေးလိုက်သည်။ ကျင်းယွင်ယောင်က လူကြီးဖြစ်တဲ့အတွက် ကျီပိုင်ယင်းအနေနဲ့ သူမဘက်က စပြီးနှုတ်ဆက်သင့်လေသည်။
"ဒါက ရှောင်းထင်အမေဆိုတော့ နင့်အနေနဲ့ ကျင်းချန်နဲ့ ငါနဲ့လို အန်တီကျင်းလို့ ခေါ်လို့ရတယ်"ဟု ကုနင်းကပြောသည်။
ကျီပိုင်ယင်းဟာ မျက်လုံးပြူလျက် အံ့အားသင့်သွားလေသည်။ လင်ရှောင်းထင်ရဲ့ မိဘတွေက သေသွားတာ ကြာပြီမဟုတ်ဘူးလား။ ဘယ်လိုလုပ်သူမက.....
ကျင်းယွင်ယောင်ဟာ လင်ရှောင်းထင်ရဲ့အမေလို့ ကုနင်းကပြောသဖြင့် သူမကမှန်ပေလိမ့်မည်။ ကျီပိုင်ယင်းဟာ သူမရဲ့ အံဩမှုကို ပြန်ထိန်းချုပ်ကာ သူမကို နှုတ်ဆက်လေသည်။ "အန်တီကျင်း၊ မင်္ဂလာပါ"
"တွေ့ရတာ ဝမ်းသာပါတယ်"ဟု ကျင်းယွင်ယောင်က သူမကို ပြုံးပြလေသည်။
"အန်တီကျင်းကို ကျွန်မသူတို့နဲ့ မိတ်ဆက်ပေးပါရစေ။ ဒါက ကျွန်မတို့သူငယ်ချင်း ကျီပိုင်ယင်းဖြစ်ပြီး သူတို့ကတော့ သက်တော်စောင့်တွေဖြစ်တဲ့ မန်တနဲ့ နန်ပါ"ဟု ကုနင်းကပြောသည်။
အနည်းငယ် စကားပြောပြီးနောက် သူတို့ဟာ ဆက်ပြီးလမ်းလျောက်သွားကြလေသည်။
ဘဝကြီးဟာ တိုက်ဆိုင်မှုတွေနဲ့ ပြည့်နေတာဖြစ်သည်။ သူတို့ ကုဖန်းကို ရောက်တာနဲ့တပြိုင်နက်တည်း တစ်စုံတစ်ယောက်က သူတို့ကို စိုက်ကြည့်နေမှန်း သူတို့ခံစားမိလေသည်။ ကုနင်းဟာ ဘေးဘီဝဲကြည့်လိုက်ရာ သူမတစ်ခါမှ မတွေ့ဘူးသော ခေတ်မှီတဲ့မိန်းမငယ်လေးတစ်ယောက်ကို တွေ့လေသည်။
သူမဟာ ကုနင်းကို စိုက်ကြည့်နေတာမဟုတ်ပေ။ ထို့အစား သူမက ကျီပိုင်ယင်းနဲ့ ရှုကျင်းချန်ကို ကြည့်နေတာဖြစ်သည်။ ဒီမိန်းကလေး ရှုကျင်းချန်ကို ကြိုက်နေတာလား။
ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းဟာ ဘေးချည်းယှဉ်ကာ လမ်းလျောက်နေသောကြောင့် သမီးရည်းစားနဲ့ဆင်တူနေကာ ထိုအမျိုးသမီးက ဒေါသတကြီးနဲ့ သူတို့အားကြည့်နေတာဖြစ်သည်။ ဒီအရာကိုကြည့်ချင်းဖြင့် သူမဟာ ရှုကျင်းချန်ကို ကြိုက်နေကြောင်း သိသာနေလေသည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၄၈ ကျီပိုင်ယင်း ဒေါသထွက်
ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းဟာလည်း ကုနင်းလိုပင် သူမစိုက်ကြည့်နေတာကို ခံစားမိလေသည်။ သူတို့ဟာ ဘေးဘီလှည့်ကြည့်ကာ ထိုမိန်းကလေးကို မြန်မြန်ပဲ တွေ့လေသည်။
ကျီပိုင်ယင်းသာ သူမကိုမသိပေ။ ကျီပိုင်ယင်းဟာ သူမက ဘာလို့ထိုကဲ့သို့ ထူးဆန်းတဲ့အကြည့်နဲ့ သူမအားကြည့်နေလဲဆိုတာမသိပေမဲ့လည်း သူမဟာ စိတ်ထဲမထားပေ။
ရှုကျင်းချန်ဟာ ထိုမိန်းကလေးကို ရင်းနှီးတယ်လို့ ခံစားရပေမဲ့လည်း သူမဟာ ဘယ်သူလဲဆိုတာ သူမသိ၍ တွေးဖို့လဲ စိတ်မကူးပေ။ သူဟာ သူမကို မမှတ်မိကတည်းက သူမဟာ အရေးကြီးတဲ့လူမဟုတ်လောက်ပေ။
ရှုကျင်းချန်ဟာ အနည်းငယ် ငဲ့ကြည့်လိုက်ပြီး မျက်စိလွှဲလိုက်ပြီး ကုနင်းနဲ့ အခြားသူတွေနဲ့အတူ စတိုးဆိုင်ထဲ ဆက်ဝင်လေသည်။
ရှုကျင်းချန်လှည့်ကြည့်လိုက်တာနဲ့ တပြိုင်နက်တည်း ထိုမိန်းကလေးဟာ ချက်ချင်းပဲ ညှင်သာစွာပြုံးလိုက်လေသည်။ သို့သော်လည်း သူမဘက်ကို သူက အနည်းငယ်သာငဲ့ကြည့်လိုက်တာကို သိတဲ့အခါမှာတော့ သူမဟာ တန်းတောင့်သွားလေသည်။
ရှုကျင်းချန်နဲ့ ထိုမိန်းကလေးရဲ့ အပြုအမှုကို သတိထားမိတဲ့အခါ ကုနင်းဟာ ရယ်စရာကောင်းတယ်လို့ မတွေးဘဲမနေနိုင်ပေ။ ရှုကျင်းချန်ဟာ ထိုမိန်းကလေးဘယ်သူလဲဆိုတာကိုပင် မမှတ်မိပေ...
ရှုကျင်းချန်နဲ့ အခြားသူတွေ လမ်းလျောက်သွားစင်မှာပင် သူမဘေးမှာရပ်နေတဲ့ အသက်၄၀အရွယ် အမျိုးသမီးက အဝတ်အစားတစ်စုံအား ကိုင်ကာ "ဒီတစ်စုံရော ဘယ်လိုထင်လဲ ဇီကျင်း"ဟု မေးသည်။
ဒီစတိုင်ကျပြီးလှပတဲ့မိန်းကလေးဟာ မနေ့က ရှုကျင်းလင်ပြောတဲ့ မိန်းကလေးဖြစ်သည်။ သူမဟာ ရှုကျင်းချန်အမေသူငယ်ချင်းရဲ့သမီး ကျီးဇီကျင်းဖြစ်သည်။
ကျီးဇီကျင်းဟာ သတို့သမီးဝတ်စုံ ဒီဇိုင်နာဖြစ်ကာ ပဲရစ်မြို့ရှိ ရှေ့တစ်ခေါက်ဒီဇိုင်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။ ထိပ်တန်း၁၀ယောက်ဝင်ခဲ့ပေမဲ့လည်း ထိပ်တန်း၃ယောက်အထိတော့ သူမမရောက်ခဲ့ပေ။ ပြီးတော့ သူမပြိုင်ဘက်က သူမအား လုံးဝအနိုင်ယူခံလိုက်တာဖြစ်သည်။
သူမဟာ ကုဖန်းကို ယုကျီက ဆုနှစ်ခုအနိုင်ရကာ ထွက်သွားနိုင်၍ သူမရဲ့ဒီဇိုင်းတွေရဲ့ ဆွဲဆောင်မှုကို လာလေ့လာတာဖြစ်သည်။
ယုကျီက ပါရမီရှိကြောင်း သူမအနေနဲ့ ဝန်ခံရမည်။ ယုကျီရဲ့ဒီဇိုင်းတွေရဲ့ အသေးစိတ်မှန်သမျှဟာ ပြည့်စုံပြီး ဂရုတစိုက်ဖန်းတီးထားကာ သူမရဲ့ဒီဇိုင်းဟာလဲ အမှန်တကယ်ကောင်းမွန်သည်ဖြစ်သည်။ ထို့အပြင် ပဲရစ်မြို့ရဲ့နာမည်ကြီးဒီဇိုင်းနာတစ်ယောက်ဖြစ်တဲ့ ဂျေဆန်ရဲ့မျက်လုံးကို ဖမ်းစားနိုင်ကာ သူမကို တပည့်အဖြစ် လက်ခံလိုက်ကတည်းက သူမရဲ့ ပါရမီဟာ အရမ်းကောင်းမွန်လိမ့်မည်။
သူမအမေရဲ့ စကားကို ကြားတဲ့အခါ ကျီးဇီကျင်းဟာ ကြောင်သွားရာမှ သတိပြန်ဝင်လာလေသည်။ ပြန်ဖြေရမဲ့အစား သူမဟာ "သမီး အခုလေးတင်ပဲ ရှုကျင်းချန်ကို ဒီမှာတွေ့လိုက်တယ်။ သူသမီးကို မြင်ပေမဲ့ မမှတ်မိဘူး"ဟု ပြောသည်။
"ဟမ်။ ကျင်းချန်က ဒီမှာရောက်နေတာလား"ဟု မစ္စစ်ကျီးက တန်းပြီးပျော်သွားလေသည်။ သူမဟာ သူနဲ့သူမသမီးကို တွေ့ပေးဖို့ ရှုကျင်းချန်ဘယ်တော့ အိမ်ပြန်လာမလဲဆိုတာ သိချင်နေတာဖြစ်သည်။ အခုသူတို့ တစ်ယောက်နဲ့ တစ်ယောက်ဒီမှာ ဆုံလေသည်။ ကံတရားဟာ သူမဘက်မှာ ရှိနေတာ သေချာလေသည်။
သူမသမီးက ဘယ်လောက်တောင် စိတ်ပျက်သွားလဲဆိုတာကို မြင်တဲ့အခါ မစ္စစ်ကျီးက သူမအား "သမီးနဲ့ သူနဲ့မတွေ့တာ ကြာတာကြောင့် သူ့အနေနဲ့ သမီးကို မမှတ်မိတာ မထူးဆန်းဘူးလေ။ စိတ်ထဲမထားနဲ့။ သမီးရဲ့ ဘယ်လောက်လှပပြီး ပါရမီရှိလဲဆိုတာကို စဉ်းစားတာနဲ့တင် ကျင်းချန်က သမီးကိုသဘောကျမှာ သေချာတယ်"ဟုပြောသည်။
"ဒါပေမယ့် ရှုကျင်းချန်ဘေးမှာ အခြားမိန်းကလေးတစ်ယောက်ရှိတယ်။ အဲ့သူ့ကောင်မလေးထင်တယ်..."ဟု သူမဟာ ရှုကျင်းချန်က သူမကို မမှတ်မိ၍ စိတ်မကောင်းဖြစ်နေတာမဟုတ်ပေ။ ထို့အစား သူ့ဘေးမှာ အခြားမိန်းကလေးတစ်ယောက်ရှိနေတာကို မြင်ရတဲ့အတွက် စိတ်မကောင်းဖြစ်နေတာ ဖြစ်သည်။
"ဟမ်။ ကျင်းချန်မှာ ရည်းစားမရှိသေးဘူးလို့ မစ္စစ်ရှုကပြောတယ်မဟုတ်ဘူးလား။ အမေထင်တာတော့ သူမက သူ့ရည်းစားမဟုတ်လောက်ဘူး"ဟု မစ္စစ်ကျီး ဟာထိုအရာကို ကြားရတာမကြိုက်တဲ့အပြင် မဖြစ်နိုင်ဘူးလို့ထင်လေသည်။ တကယ်လို့ ရှုကျင်းချန်မှာ ကြိုက်နေတဲ့သူရှိနေရင် သူမသမီးအနေနဲ့ အခွင့်အရေးရှိမှာမဟုတ်တော့ပေ။
"တကယ်လို့ သူတို့က တွဲနေတာမဟုတ်ရင် ဘာလို့ သူက သူမနဲ့ အဝတ်အစားဝယ်ထွက်နေတာလဲ"ဟု ကျီးဇီကျင်းကမေးသည်။ သူမထင်တာတော့ ဘယ်ယောင်္ကျားလေးမှ တွဲနေတာမဟုတ်ရင် အခြားမိန်းကလေးတစ်ယောက်နဲ့ ဈေးဝယ်ထွက်မှာမဟုတ်ပေ။
အခြားသူတွေဘေးမှာ ပါနေပေမဲ့လည်း သူတို့ထဲမှာ ယောင်္ကျားလေးဆိုလို့ သူတစ်ယောက်ထဲပါလေသည်။ သူဟာ တခြားမိန်းကလေးတစ်ယောက်ဘေးမှာ လမ်းလျှောက်နေပြီး အခြားမိန်းကလေးနှစ်ယောက်ကတော့ အနောက်မှာအတူတူလမ်းလျောက်နေတာဖြစ်သည်။ ရှုကျင်းချန်ဟာ ကျီပိုင်ယင်းနဲ့ တချိန်လုံး အတူလမ်းလျောက်သွားနေတာ ဖြစ်သည်။
"ဇီကျီး၊ တကယ်လို့ အဲ့ဒီမိန်းကလေးက ရှုကျင်းချန်နဲ့ တကယ်တွဲနေတာဆိုရင်တောင် မစ္စစ်ရှုက သမီးကိုသဘောကျနေတာ။ ရှုမိသားစုက သူမကို သဘောမတူသရွေ့ ဘယ်မိန်းကလေးမှ သူနဲ့လက်ထပ်လို့ရမှာ မဟုတ်ဘူး"ဟု မစ္စစ်ကျီး က ကျီးဇီကျင်းအား ချော့မော့ပြောလေသည်။ ရှုမိသားစုဟာ အဆင့်အတန်းကို ဂရုစိုက်တဲ့ မိသားစုတစ်ခုလို့ မစ္စစ်ကျီးကထင်လေသည်။
"လူတိုင်းက သူတို့လက်မထပ်ခင် လျှောက်တွဲကြတာပဲ။ လက်ထပ်ပြီး သူအခြေကျသရွေ့ အကုန်အဆင်ပြေတယ်။ တို့သွားပြီး နှုတ်ဆက်ကြရအောင်။ အမေတို့သူတို့နားရောက်တဲ့အခါ သမီးရဲ့ စိတ်ပျက်နေတဲ့ပုံကိုလဲ မပြနဲ့ဦး။ သမီးတို့က တွဲနေသေးတာမဟုတ်သေးလို့ အမြင်ကောင်းစရှိဖို့ လိုသေးတယ်။ ဟုတ်ပြီလား"
ကျီးဇီကျင်းဟာ သူမအမေပြောတာကို ကြားတဲ့အခါ ချက်ချင်းဘဲ ကိုယ့်ကိုကိုယ် ပြန်တည်ငြိမ်စေကာ "နားလည်ပါပြီ"ဟု ပြန်ဖြေသည်။
မစ္စစ်ကျီးဟာ ကျီးဇီကျင်းအား ဦးဆောင်ကာ ရှုကျင်းချန် နဲ့တွေ့ရင် ခေါ်သွားသည်။
"ကျင်းချန်၊ ဒီမှာတွေ့တာ တိုက်ဆိုင်လိုက်တာ"ဟု ရှုကျင်းချန်ဆီ လမ်းလျောက်သွားရင်း မစ္စစ်ကျီးက နွေးထွေးစွာနှုတ်ဆက်လိုက်သည်။
ရှုကျင်းချန်ဟာ မစ္စစ်ကျီးစကားကို ကြားတဲ့အခါ လှည့်ကြည့်လိုက်လေသည်။ သူ့မျက်လုံးတွေဟာ မစ္စစ်ကျီးအား ကြည့်လိုက်ပြီး ထို့နောက်သူမဘေးရှိကျီးဇီကျင်း အားကြည့်လိုက်သည်။ ကျီးဇီကျင်းဘယ်သူလဲဆိုတာ သူတန်းသိသွားလေသည်။
ရှုကျင်းချန်ဟာ ကျီးဇီကျင်း ဘယ်သူလဲဆိုတာကို သိတဲ့အခါ အနည်းငယ် စိတ်ညစ်သွားလေသည်။ သို့သော်လည်း သူဟာ မစ္စစ်ကျီးကို ယဉ်ကျေးစွာပင် "မင်္ဂလာပါ၊ မစ္စစ်ကျီး"ဟု ပြန်နှုတ်ဆက်လိုက်သည်။
သူဟာ ကျီးဇီကျင်းကို မေ့ထားလိုက်လေသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမနဲ့ သူနဲ့ဟာ သူငယ်ချင်းမဟုတ်တဲ့အပြင် သိရုံသိတာဖြစ်သည်။
ကုနင်းနဲ့ ကျီပိုင်ယင်းတို့ဟာ ထိုအရာဖြစ်တဲ့အခါ ရှုကျင်းချန်ဘေးမှာ ရပ်နေတာဖြစ်တဲ့အတွက် သူတို့ဟာ မစ္စစ်ကျီးက ရှုကျင်းချန်အား စကားပြောတဲ့အခါ သူမအားကြည့်လိုက်လေသည်။ ရှုကျင်းချန် ကသူမအား မစ္စစ်ကျီးလို့ ခေါ်လိုက်တာနဲ့ တပြိုင်နက် ကျင်းယွင်ယောင်ကလွဲ၍ သူတို့အားလုံးဟာ သူမဘယ်သူဆိုတာ တန်းသိသွားကြလေသည်။ သူမဟာ မနေ့ညက ရှုကျင်းလင်ပြောတဲ့ မစ္စစ်ရှုရဲ့သူငယ်ချင်းဖြစ်သည်။ အဲ့တာဆိုရင်တော့ သူမဘေးမှာ ရပ်နေတဲ့ မိန်းမငယ်လေးဟာ မစ္စစ်ရှုက ရှုကျင်းချန်နဲ့ အောင်သွယ်ပေးဖို့ လုပ်နေတဲ့ မိန်းကလေးဖြစ်ရမည်။
ကုနင်းဟာ ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းအား အနည်းငယ်ငဲ့ကြည့်လိုက်ရာ သူတို့နှစ်ယောက်ကြားတွင် ကိစ္စတွေ ဘယ်လောက်တင်းမာလာနေလဲဆိုတာ သတိပြုမိလိုက်သော်လည်း သူမဟာ ဘာမှမပြောဘဲ တိတ်စိပ်စွာ ဆက်ကြည့်နေလေသည်။
"မင်းအနေနဲ့ အခုမှာပြန်ရောက်တာဖြစ်ရမယ် ဟုတ်တယ်မလား"ဟု မစ္စစ်ကျီးကမေးသည်။ သူမဟာ ရှုကျင်းချန်က အိမ်မပြန်ရသေးဘူးလို့ ထင်သည်။ မဟုတ်လျင် သူ့အမေက သူမကို ထိုအကြောင်းပြောပြပြီးနေပြီဖြစ်သည်။ သူ့အမေဟာ သူ့အချစ်ရေးကို အရမ်းစိတ်ပူသောကြောင့် ဖြစ်သည်။
"ဟုတ်တယ်။ ကျွန်တော်အခုပဲ မြို့ကိုပြန်ရောက်တာ"ဟု ရှုကျင်းချန်က ပြန်ဖြေသည်။
"အိုဟုတ်လား။ ဒါမင်းကောင်မလေးလား"ဟု မစ္စစ်ကျီးက ကျီပိုင်ယင်းအား ငဲကြည့်ပြီးနောက် မေးလိုက်သည်။
ကျီပိုင်ယင်းအား အနီးကပ်ကြည့်ပြီးတာနဲ့တပြိုင်နက်တည်း မစ္စစ်ကျီးဟာ စိတ်မပူဘဲ မနေနိုင်ပေ။ သူမဟာ ဒီကောင်မလေးက ဘယ်လောက်လှပလဲဆိုတာကို အံဩသွားပြီး သူမသမီးနဲ့ သူနဲ့လက်ထပ်ဖို့အတွက် အန္တရာယ်ရှိလာနိုင်တာကို တွေးမိသွားလေသည်။
သူမဟာ ဒီကောင်မလေးရဲ့ မိသားစုနဲ့ နောက်ခံက ဘယ်ကလဲဆိုတာ မစိုးရိမ်ဘဲ မနေနိုင်တော့ပေ။ တကယ်လို့ သူမဟာ ဩဇာရှိတဲ့ မိသားစုကလာတာဆိုရင် ရှုမိသားစုအနေနဲ့ ဒီလိုတွဲနေတာကို လက်မခံနိုင်စရာ အကြောင်းမရှိပေ။
"မစ္စစ်ကျီး၊ ရှင်မှားနေပြီရှင့်။ ကျွန်မက သူ့ကောင်မလေးမဟုတ်ဘူး။ ရှုကျင်းချန်ကကျွန်မအကိုရဲ့ သူငယ်ချင်းပါ။ ကျွန်မက ဒီမြို့ကိုရောက်ခိုက်မလို့ သူက ကျွန်မကို လမ်းပြပေးနေတာပါ"ဟု ရှုကျင်းချန် ဘာစကားတစ်ခွန်းမှ မပြောနိုင်သေးခင်မှာပဲ ကျီပိုင်ယင်းဟာ ဖြတ်ပြောလိုက်လေသည်။ သူမရဲ့ အသံဟာ အေးစက်နေကာ ရှုကျင်းချန်ကို စိတ်ဆိုးနေတာ အသိသာပင်ဖြစ်သည်။
ကျီးဇီကျင်းနဲ့ သူမရဲ့အမေကတော့ ကျီပိုင်ယင်းဟာ သူတို့ သူမကိုနားလည်မှုလွဲသွားလို့ စိတ်ဆိုးသွားတယ်ထင်တာဖြစ်သည်။ သူတို့ဟာ ချက်ချင်းပဲ စိတ်အေးသွားကာ သူမဟာ ရှုကျင်းချန်နဲ့ တွဲနေတာမဟုတ်ကြောင်းကြားရတဲ့အတွက် ပျော်ရွှင်သွားလေသည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၄၉ သူမကိုမကြိုက်ဘူး
ရှုကျင်းချန်ဟာ ကျီပိုင်ယင်းက သူတို့တွဲနေတာ မဟုတ်ကြောင်းပြောတဲ့အခါ အနည်းငယ်စိတ်မကောင်းဖြစ်သွားလေသည်။ ထိုအရာဟာ အမှန်တကယ်ဖြစ်၍ သူ့အနေနဲ့ ငြင်းလို့မရသလို ကျီပိုင်ယင်းကို ပြန်ပြင်ပြောလို့လဲမရပေ။
"ဟုတ်လား။ အန်တီမသိလို့။ နားလည်မှုလွဲသွားလို့ တောင်းပန်ပါတယ်နော်"ဟု မစ္စစ်ကျီးက ကျီပိုင်ယင်းအား တောင်းပန်လေသည်။
"ကိစ္စမရှိပါဘူး။ တကယ်လို့ စကားပြောစရာရှိကြရင် ပြောကြပါဦး။ ကျွန်မဈေးဝယ်စရာလေးတွေ ရှိသေးလို့"ဟုဆိုကာ ကျီပိုင်ယင်းက ကုနင်း၊ ကျင်းယွင်ယောင်၊ မန်တနှင့် နန်တို့က နောက်မှလိုက်လျက် လှည့်ထွက်သွားလေသည်။
"မစ္စစ်ကျီး၊ ကျွန်တော်သူတို့နဲ့အတူသွားပြီး သေချာဧည့်ခံရမှာဖြစ်လို့ နောက်မှတွေ့မယ်နော်"ဟု ရှုကျင်းချန်ကပြောကာ ကျီးဇီကျင်းနဲ့ သူမအမေကို လျစ်လျူရှုကာ လှည့်၍ထွက်သွားလေသည်။
မစ္စစ်ကျီးဟာ သူမအနေနဲ့ ရှုကျင်းချန်နဲ့ ကျီးဇီကျင်းကို မိတ်မဆက်ပေးလိုက်ရလို့ အနည်းငယ်စိတ်ပျက်သွားပေမဲ့လည်း သူမဟာ စိတ်ထဲမထားတော့ပေ။ ထိုမိန်းကလေးဟာ သူ့သူငယ်ချင်းရဲ့ညီမဖြစ်တဲ့အတွက် သူ့အနေနဲ့ ကောင်းမွန်စွာဧည့်ဝတ်ကျေရမည်ဖြစ်သည်။
"အခုပျော်သွားပြီလား။ သူမက သူ့ကောင်မလေးမဟုတ်ဘူး"ဟု မစ္စစ်ကျီးက ကျီးဇီကျင်းအား စလျက်ပြောသည်။
သူမဟာ သူမသမီးက ရှုကျင်းချန်ကို သဘောကျနေတာ သိနေသလို ရှုမိသားစုဘယ်လောက်စွမ်းအားကြီးလဲဆိုတာကို စဉ်းစားပြီးတဲ့အခါ သူမအနေနဲ့ သူမသမီးကို ထိုမိသားစုထဲအား လက်ထပ်စေချင်လေသည်။
ကျီးဇီကျင်းရဲ့မျက်လုံးထဲတွင် စိတ်မသက်မသာမှု ဖြတ်ခနဲဖြစ်သွားပေမဲ့လည်း သူမဟာ ပိုပြီးနေလို့ကောင်းသွားတော့ သေချာသည်။
"သမီးနဲ့ သူနဲ့တွေ့ဖို့ စီစဉ်လို့ရအောင် အမေ မစ္စစ်ရှုကို ဖုန်းဆက်လိုက်ဦးမယ်" ဟု မစ္စစ်ကျီးကပြောသည်။
မစ္စစ်ကျီးနဲ့ ကျီးဇီကျင်းတို့ရဲ့ မတော်တဆမှုအပြီးတွင် ကျီပိုင်ယင်းနဲ့ ရှုကျင်းချန်တို့အကြားရှိ ဖြစ်နေပုံဟာ ပြောင်းလဲသွားလေသည်။ ကျီပိုင်ယင်းဟာ ရှုကျင်းချန် ကိုလျစ်လျူရှုကာ ကုနင်းနဲ့ပဲ စကားတွေဆက်ပြောနေလေသည်။ ရှုကျင်းချန် ဟာ ကျီပိုင်ယင်းစိတ်ဆိုးနေတာကို ခံစားမိပေမဲ့လည်း သူ့အနေနဲ့ ဘာပြောရမှန်းမသိပေ။
မစ္စစ်ကျီးနဲ့ ကျီးဇီကျင်းတို့ဟာ ကုဖန်းတွင် အကြာကြီးမနေပေ။ ရှုကျင်းချန်နဲ့ စကားပြောပြီး မိနစ်အနည်းငယ်အကြာတွင် သူတို့ဟာ ထွက်သွားလေသည်။
ကုဖန်းက ထွက်လာတာနဲ့ တပြိုက်တည်း မစ္စစ်ကျီးဟာ ကုဖန်းမှာ ရှုကျင်းချန် နဲ့ သူမဆုံခဲ့ကြောင်း မစ္စစ်ရှုအားဖုန်းဆက်ပြောလေသည်။
"ဟမ်။ သူမြို့ကိုပြန်ရောက်နေတာလား" ဟု မစ္စစ်ရှုဟာ အံ့အားသင့်စွာမေးပြီးနောက် သူမဟာ စိတ်ဆိုးစွာပင် "အဲ့ကောင်လေးတော့ မြို့ကိုရောက်နေတာတောင် အိမ်ကိုပြန်မလာဘူး"ဟုဆက်ပြောသည်။
"ကျင်းချန်က အခုမှပြန်ရောက်တာလို့ပြောတယ်။ ပြီးသူငယ်ချင်းတစ်ယောက်ကို ဧည့်ခံနေရသေးလို့ အိမ်ကိုပြန်လာဖို့ အချိန်မရသေးတာဖြစ်မယ်"ဟု မစ္စစ်ကျီးကပြောသည်။
"နားလည်ပြီ"ဟု ထိုအရာကို ကြားတဲ့အခါ မစ္စစ်ရှုရဲ့ ဒေါသအနည်းကယ်ဖြေသွားကာ "ကျွန်မသူ့ကို ခဏနေရင် ဖုန်းဆက်ပြီး သူတို့တွေ့လို့ရအောင် ဘယ်အချိန်အားလဲလို့ ကျွန်မမေးလိုက်မယ်။ အိုဒါနဲ့ ခုနက ရှင့်သမီးကိုတွေ့တော့ သူဘယ်လို တုန့်ပြန်လဲ"ဟုမေးသည်။
"သူတို့မတွေ့တာ ကြာတာကြောင့် ဇီကျီး ကိုသူမမှတ်မိဘူး။ သူဘေးမှာ သူငယ်ချင်းတွေရှိနေလို့ ကျွန်မလဲ သူ့ကိုဆွဲထားရမှာ အားနာလို့ သူမနဲ့ မိတ်မဆက်ပေးလိုက်ရဘူး"ဟု မစ္စစ်ကျီးကပြန်ပြောသည်။
"အဲအတွက်တော့စိတ်မပူနဲ့။ ချိန်းဖို့စီစဉ်ပြီးတာနဲ့ ကျွန်မရှင့်ကိုဆက်သွယ်လိုက်မယ်"ဟု မစ္စစ်ရှု ကပြောသည်။
"ကောင်းပြီလေ"ဟု ပျော်ရွှင်စွာပင် မစ္စစ်ကျီးက အသိအမှတ်ပြုကာ ဖုန်းကိုချလိုက်ပြီး ကျီးဇီကျင်းအား "မစ္စစ်ရှုက ကျင်းချန်ကို ဖုန်းဆက်ပြီး သူဘယ်အချိန်အားလဲမေးပေးမယ်တဲ့။ ချိန်းဖို့စီစဉ်ပြီးရင် အမေတို့ကို ပြန်ဆက်သွယ်လိုက်မယ်တဲ့"ဟု ပြောသည်။
"အိုကေ"ဟု ကျီးဇီကျင်းက သူ့ကိုတွေ့ဖို့ မစောင့်နိုင်တော့ပေမဲ့လည်း သူမအနေနဲ့ မစ္စစ်ရှုက ပြန်ဆက်သွယ်တာကို စောင့်ရဦးပေမည်။
......
မစ္စစ်ရှုဟာ မစ္စစ်ကျီးနဲ့ ဖုန်းပြောပြီးတာနဲ့ ရှုကျင်းချန်ကို ဖုန်းတန်းဆက်လေသည်။ ရှုကျင်းချန်က သူငယ်ချင်းတွေကို ဧည့်ခံပေးနေတယ်လို့ မစ္စစ်ကျီးကပြောပေမဲ့လည်း သူတို့က ဈေးဝယ်သွားနေတာဖြစ်တဲ့အတွက် သူ့ကိုဖုန်းခေါ်ဖို့ ပြဿနာမရှိလောက်ပေ။
သူမဖုန်းဆက်တဲ့အခါ ရှုကျင်းချန်ဟာ သူ့အမေကို မစ္စစ်ကျီးက ဖုန်းဆက်ပြောလိုက်တာမှန်း ချက်ချင်းသိလေသည်။ သူဟာ စိတ်ရှုပ်သွားသော်လည်း ဖုန်းကိုဖြေရလေသည်။
"ကျင်းချန်၊ အိမ်ဘယ်တော့ ပြန်လာမှာလဲ"ဟု မစ္စစ်ရှုက ဖုန်းဝင်သွားတာနဲ့ စိတ်ပူပန်စွာ မေးလိုက်လေသည်။
"မသိသေးဘူး။ တကယ်လို့ ကျွန်တော်အားရင်တော့ အိမ်ပြန်လာခဲ့မယ်"ဟု သူ့အမေရည်ရွယ်ချက်ကို သိနေ၍ ရှုကျင်းချန် ဟာစိတ်မရှည်စွာ ပြန်ပြောလိုက်သည်။
"အို ဒါနဲ့ အမေမင်းကို ပြောစရာကိစ္စတစ်ခုရှိသေးတယ်။ အမေ..."ဟု မစ္စစ်ရှု ကပြောသည်။ သူမဘာဆိုတာမပြောရသေးခင်မှာပဲ ရှုကျင်းချန်ဟာ သူမအား "အမေဘာပြောချင်လို့ ကျွန်တော်သိတယ်။ အမေကျွန်တော်ရဲ့အချစ်ရေးကို ဝင်မစွက်ဖက်လို့ မရဘူးလား။ အမေအဲဒီလိုတွေ ဆက်လုပ်နေလို့ ကျွန်တော်အိမ်ကိုတောင် ပြန်မလာချင်ဘူး"ဟု ဖြတ်ပြောလေသည်။
"အမေက သားကောင်းဖို့အတွက် လုပ်နေတာ။ မင်းက အသက်လဲမငယ်တော့ဘူး ခုထိလဲရည်းစားမရှိသေးဘူး။ ရှောင်းထင် တောင် ကြိုက်တဲ့လူရှိနေပြီ"ဟု မစ္စစ်ရှုက ချက်ချင်း မကျေမနပ်ဖြင့် ပြောလေသည်။
"အဲ့တာက သူက သူကြိုက်တဲ့သူတွေ့လို့လေ။ ကျွန်တော်ကြိုက်တဲ့ ကောင်မလေးတွေ့မှ ဖြစ်မှာပေါ့"ဟု ရှုကျင်းချန်ဟာ ချက်ချင်းပြန်ပြောလေသည်။
"အဲ့တာက ဘယ်တော့မှဖြစ်မှာ။ ပြီးတော့ ဇီကျီးက ဘာဖြစ်လို့လဲ။ သူမက လှလဲလှသလို ခန္ဓာကိုယ်လဲကောင်းတယ်။ သူမတို့မိသားစုက အမေတို့မိသားစုလောက် အဆင့်အတန်းမရှိပေမဲ့လည်း အဲ့လောက်ကြီး မဆိုးပါဘူး။ အမေတို့မိသားစုက မင်းကောင်မလေးရဲ့ စိတ်ဓာတ်ကိုပဲ ဂရုစိုက်တာ အဆင့်အတန်းကို ဂရုမစိုက်ဘူး။ ပြီးတော့ သူမက ထူးချွန်ပြီး ပညာရေးလဲမြင့်မားစွာ တတ်ထားတယ်။ သူမက မင်းနဲ့ မလိုက်ဖက်တာလဲ မဟုတ်ဘူး"ဟု မစ္စစ်ရှုကပြောသည်။
"သူမထက်သာတဲ့ လူတွေအများကြီးရှိတယ်။ သူမကို ဘာလို့သဘောကျရမှာ။ ကျွန်တော် သူမကို မကြိုက်ဘူး အဲ့တာမလို့ ကျွန်တော်တို့ကို အောင်သွယ်ပေးဖို့ လုပ်နေတာတွေရပ်လိုက်တော့။ အမေအရှက်ကွဲရရင် ကျွန်တော်အဆိုးမဆိုနဲ့"ဟု ရှုကျင်းချန်က ပြောသည်။
"မင်း..."ဟု မစ္စစ်ရှုကအလွန်ဒေါသထွက်သွားလေသည်။ "သူမထက် သာတဲ့အခြားမိန်းကလေးတွေ အများကြီးအဲ့လောက်ရှိရင် မင်းဒါဆိုရင် ဘာလို့ကိုယ့်ဘာသာကိုယ် မရှာနိုင်သေးတာလဲ"ဟု သူမက ဆူလေသည်။
သူ့သားသာ ကိုယ့်ဘာသာကိုယ် ရည်းစားရှာနိုင်နေရင် သူမအနေနဲ့ အခုလောက် စိုးရိမ်စရာလိုပါ့မလား။
ကျီးဇီကျင်းဟာ ရှိသမျှမိန်းကလေးတွေထဲမှာ အကောင်းဆုံးမဟုတ်ကာ ကုနင်းနဲ့ မယှဉ်နိုင်ပေမဲ့လည်း ရှုကျင်းချန်မှာ အစကတည်းက ရည်းစားကိုမရှိပေ။ ကျီးဇီကျင်း ကလုံးဝအဆင်ပြေတယ်လို့ မစ္စစ်ကျီးကထင်လေသည်။
"ရှာပြမယ်။ စောင့်ကြည့်နေလိုက်။ တော်တော့၊ ကျွန်တော်မအားသေးလို့ သွားရတော့မယ်"ဟုဆိုကာ ရှုကျင်းချန်က ဖုန်းကိုချလိုက်ရာ မစ္စစ်ရှုက ဒေါသထွက်သွားပြီး ဖုန်းကိုလွင့်ပစ်မလိုတောင် ဖြစ်သွားလေသည်။
ထိုအချိန်တွင် ရှုချင်ယင်းဟာ အပြင်မှ အိမ်ကိုပြန်လာခါ ဧည့်ခန်းထဲ ဝင်လာလေသည်။ သူမဟာ မစ္စစ်ရှုဟာ စိတ်မကြည်တာကိုတွေ့၍ "ဘာဖြစ်လို့လဲ"ဟုမေးလေသည်။
"ကျင်းချန်က ငါမိတ်ဆက်ပေးတဲ့ ရည်းစားဖြစ်နိုင်ချေရှိတယ့်ကောင်မလေးနဲ့ တွေ့ဖို့ငြင်းတယ်လေ။ သူက ငါ့ကိုဝင်ရှုပ်တယ်ဆိုပြီး အပြစ်တင်နေတာ။ ငါသာအခုလို ဆက်လုပ်နေရင် အိမ်ပြန်မလာတော့ဘူးလို့ ခြိမ်းခြောက်သေးတယ်။ ကိုယ့်ဘာသာကိုယ်တောင် ရည်းစားမရှာနိုင်တဲ့လူတစ်ယောက်အနေနဲ့ သူ့မှာဒေါသတော်တော်ရှိပြနေတာ"ဟု မစ္စစ်ရှုက မကျေမနပ်ပဲ ပြောလေသည်။
"အာ"ဟု ရှုချင်ယင်းက ဘာပြောရမှန်းမသိတော့ချေ။ သူမလဲ အောင်သွယ်ပေးတာတွေကို မကြိုက်သောကြောင့် သူမအနေနဲ့ ရှုကျင်းချန်ဘာလို့ ငြင်းနေလဲဆိုတာကို နားလည်လေသည်။ သို့သော်လည်း မစ္စစ်ရှုကို သူမအနေနဲ့ ပြောစရာမလုပ်သည့်အတွက် သူဟာ ဆက်မမေးရန် ဆုံးဖြတ်လိုက်သည်။
......
နေ့လည်ခင်းတွင် ဆရာဝင်က စစ်ဆေးပြီး၍ ချန်တရုန်က ဆေးရုံမှ ဆင်းခွင့်ရလေသည်။ သူဆေးရုံက ထွက်လာပြီးတဲ့အခါတွင် ကုနင်းက ဖုန်းဆက်လေသည်။
ကုနင်းဟာ မနက်ဖြန်တွင် သူတို့လေလံပွဲသို့ အတူမသွားခင် စီစဉ်ထားရန်ပြောလေသည်။
လေလံပွဲအကြောင်းကို ကြားလိုက်တာနဲ့တပြိုင်နက် ကျီပိုင်ယင်းဟာ တန်းပြီးစိတ်ဝင်စားသွားလေသည်။ ကုနင်း ဖုန်းချပြီးတဲ့အခါမှာတော့ သူမဟာ "နင်နဲ့အတူ ငါလေလံပွဲ လိုက်ခဲ့လို့ရလား"ဟုမေးလေသည်။
"ရတာပေါ့။ ဒါပေမယ့် နင်အနေနဲ့ ကျင်းချန်ကို ခေါ်သွားခိုင်းသင့်တယ်လို့ ငါထင်တယ်"ဟု ကုနင်းကပြန်ဖြေသည်။ သူမဟာ ကျီပိုင်ယင်းကို လေလံပွဲကို မခေါ်သွားချင်၍ မဟုတ်ပေ။ သူမဟာ ရှုကျင်းချန်ကို အခွင့်အရေးပေးချင်၍ ဖြစ်သည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၅၀ တိုက်ဆိုင်မှု
ကျီပိုင်ယင်းဟာ အနည်းငယ်မျက်မှောင်ကြုံ့သွားကာ မပျော်မရွှင်ဖြစ်သွားလေရာ ရှုကျင်းချန်ကို စိတ်ဆိုးနေတာ အသိသာပင်ဖြစ်သည်။ "ဘာလို့လဲ။ နင့်ဘာနင်ငါ့ကို အထဲခေါ်သွားရနေတာပဲ။ အဲ့ဒီလိုပဲလုပ်လိုက်"
ရှုကျင်းချန်က သူမကို အဲ့ဒီကိုခေါ်သွားတာ မလိုချင်ပေ။
ရှုကျင်းချန်ဟာ စိတ်ရှုပ်သွားပုံပေါ်လေသည်။ "ငါနဲ့သွားလို့ နင်ဘာဖြစ်သွားမှာမလို့လဲ"
"ဟမ့်။ ငါက နင့်ရည်းစားလောင်းတွေနဲ့ တိုးမှာ စိုးရိမ်လို့။ သူမအထင်လွဲမှာ ငါမလိုချင်ဘူး"ဟု ကျီပိုင်ယင်းက ပြောလေသည်။
ရှုကျင်းချန်ဟာ စိတ်ရှုပ်သွားကာ "အဲ့တာ ငါ့အမှားမှမဟုတ်တာ။ ငါ့အမေက အောင်သွယ်ပေးဖို့ လုပ်နေတဲ့ဥစ္စာ"
ကျီပိုင်ယင်းဟာ ဘာမှမပြောပေ။ သူမဟာ ရှုကျင်းချန်က ဒီကိစ္စနဲ့ဘာမှ မပတ်သတ်မှန်း သိပေမဲ့လည်း သူမအနေနဲ့ စိတ်မဆိုးပဲမနေနိုင်ပေ။
"တကယ်တော့ တစ်ယောက်ယောက်ကို ငါက အဖော်ခေါ်လို့ရတယ်။ ဒါပေမယ့် ငါက လူတစ်ယောက်တည်းပဲ အဖော်ခေါ်ခွင့်ရှိတာ။ ငါက ငါ့ဝန်ထမ်းကို အတူခေါ်သွားရမှာမလို့ နင့်ကိုခေါ်လို့မရတော့ဘူး။ ကျင်းချန်က ဖိတ်စာတွေ ရနိုင်တာမလို့ သူ့အနေနဲ့ နင့်ကိုခေါ်လို့ရတယ်"ဟု ကုနင်း ကပြောသည်။ အဲ့တာက လျှောက်ပြောနေတာဖြစ်သည်။ သူမဟာ ခေါ်ချင်သလောက် လူတွေ ခေါ်လို့ရလေသည်။
"အဲ့တာဆိုရင်တော့ ငါမသွားတော့ဘူး" ဟု ကျီပိုင်ယင်းကပြောလေသည်။ သူမဟာ ရှုကျင်းချန်ကို မကျေနပ်နေတာ အသေအချာပင်။
"နင်တကယ်မသွားတော့ဘူးလား။ ဒါက ရှားပါးတဲ့ လေလံပွဲနော်။ ပွဲမှာ အရမ်းကိုတန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းပစ္စည်းတွေလေလံတင်မှာ။ ငါကအဲ့ဒီမှာ ငါ့ရဲ့ရှေးဟောင်းပစ္စည်းတွေ လေလံတင်မှာပြီးတော့ အဲ့တာက လေလံပွဲမှာ ရေပန်းအစားဆုံးပစ္စည်း။ ဒီပစ္စည်းလေလံတင်တာကြောင့် ရှေးဟောင်းပစ္စည်းလောကနဲ့ ဂီတလောကမှာ ဟိုးလေးတကြောကြော ဖြစ်နေတာနော်"ဟု ကုနင်းကပြောသည်။ သူတို့ဆက်ဆံရေးကြားမှာ ဝင်ပါတာမကောင်းပေမဲ့လည်း ကျီပိုင်ယင်းက သွားချင်နေတာသေချာပေမဲ့လည်း ရှုကျင်းချန်ကို ဒေါသထွက်နေ၍ ငြင်းနေတာဖြစ်သည်။
"နင်ဘာကိုလေလံတင်တာမလို့လဲ။ ရှေးဟောင်းပစ္စည်းလောကနဲ့ ဂီတလောကမှာ ဘာလို့ ဟိုးလေးတကြောကြောဖြစ်သွားရအောင်"ဟု ကျီပိုင်ယင်းက စပ်စုစွာမေးလေသည်။
ကျီပိုင်ယင်းတစ်ယောက်ထဲမဟုတ်ပေ။ ရှုကျင်းချန်နဲ့ တခြားသူတွေဟာလည်း တူညီစွာပင် သိချင်နေတာဖြစ်သည်။ သူတို့ဟာ ရှေးဟောင်းပစ္စည်းလုပ်ငန်း မလုပ်တာကြောင့် ဘာမှမသိတာဖြစ်သည်။
"အဲ့တာက ဒေါ်လာ၅ဘီလီရမ်တန်တဲ့ ကြေးဂီတခေါင်းလောင်းအစုံလိုက်တစ်စုံပဲ"ဟု ကုနင်းကပြောသည်။
ကျီပိုင်ယင်းနဲ့ အခြားသူတွေဟာ ကြေးဂီတခေါင်းလောင်းဟာ ဘာဆိုတာနဲ့ ဘာကိုဆိုလိုလဲဆိုတာ မသိပေမဲ့လည်း အဲ့လောက် အများကြီးတန်တဲ့အတွက် သူတို့ဟာ အနည်းငယ်အံဩသွားလေသည်။
"Oh God။ အဲ့တာက အဲ့လောက်တောင် တန်တယ်ပေါ့"ဟု ကျီပိုင်ယင်းက အံ့အားသင့်စွာမေးလေသည်။
"ဟုတ်တယ်"ဟု ကုနင်းကဖြေသည်။
....
လေလံတင်မဲ့ ပစ္စည်းတွေဟာ ပုံမှန်အားဖြင့် တစ်ရက်ကြိုတင်ပြီးပို့ပေးရတာဖြစ်ပေမဲ့လည်း ကြေးဂီတခေါင်းလောင်းတွေဟာ အရမ်းကြီးကာ လေးလွန်းသည့်အတွက် သူတို့အနေနဲ့ ယူသွားလို့အဆင်မပြေ၍ ချွင်းချက်ထားကာ လေလံဆွဲမယ့်သူတွေအား ဓာတ်ပုံတွေသုံးကာ ကြည့်ရလေသည်။ ပွဲပြီးချိန်တွင် လေလံနိုင်သွားတဲ့သူဟာ တကယ့်ကြေးဂီတခေါင်းလောင်းတွေကို ယူနိုင်လေသည်။
လေလံပွဲဟာ နိုင်ငံတော်လေလံပွဲရုံမှာ ကျင်းပတာဖြစ်၍ လူတွေဟာ သူတို့အနေနဲ့ အလိမ်မခံရနိုင်ကြောင်း ယုံကြည်ချက်ရှိလေသည်။ ပြီးတော့ သူတို့အနေနဲ့ ရှေးဟောင်းပစ္စည်းကို ကိုယ်တိုင်ကြည့်ကာ အစစ်ဟုတ်ကြောင်း သေချာမှ ပိုက်ဆံပေးချေရတာဖြစ်သည်။
ကြေးဂီတခေါင်းလောင်းဟာ နန်းတော်ပြတိုက်ရုံကို သွားမှာသေချာနေ၍ သူတို့အနေနဲ့ လေလံဆွဲသူတွေကြားမှာ ပုံတွေကို မယုံကြည်တာဖြစ်မှာ စိတ်ပူစရာမလိုပေ။ လေလံပွဲပြီးတဲ့အခါတွင် ကြေးဂီတခေါင်းလောင်းတွေဟာ ပြတိုက်ကို ပို့ရမှာဖြစ်သည်။
ကျီပိုင်ယင်းဟာ သူမအနေနဲ့ သွားသင့်တယ်လို့ ခံစားရလေသည်။ သူမဟာ အခုလေးတင်ပဲ ရှုကျင်းချန်နဲ့ လေလံပွဲကို အတူသွားဖို့ငြင်းလိုက်သည့်အတွက် စိတ်ပြောင်းရမှာ ရှက်နေလေသည်။
ကျီပိုင်ယင်းရဲ့ ပူပန်နေမှုကို သတိထားမိတဲ့အခါမှာ ကုနင်းဟာ ရှုကျင်းချန် အားငဲ့ကြည့်လိုက်ကာ သူ့ကိုထပ်မေးဖို့ အချက်ပြလိုက်လေသည်။ သူဟာ ယောင်္ကျားလေးတစ်ယောက်ဖြစ်သည်။ တကယ်လို့သူသာ နည်းနည်းအလျော့ပေးလိုက်ရင် ပြဿနာတွေဟာ ဖြေရှင်းရလွယ်ကူသွားမည်ဖြစ်သည်။ တကယ်လို့ သူသာ ကောင်မလေးကိုကြိုက်ရင် သူ့အနေနဲ့ တစ်ခါတစ်လေ စိတ်ကောက်စိတ်ဆိုးတာတွေကို သည်းခံရမယ်ဖြစ်သည်။
ရှုကျင်းချန်ဟာ သူမအချက်ပြတာကို မြင်သည့်အခါ ကျီပိုင်ယင်းအား ချော့မော့ကာ "ငါ့နဲ့ အဖော်လုပ်ပြီး အတူတူလိုက်ခဲ့ပါလား"ဟုမေးသည်။
"ပြီးတာပဲ။ ငါနင့်ကို ကျေးဇူးတင်ခွင့်ပေးလိုက်မယ်"ဟု သူဟာ အခုထပ်ပြီး ဖိတ်ခေါ်တဲ့အခါမှာတော့ ကျီပိုင်ယင်းဟာ သူကိုထပ်ပြီး မငြင်းတော့ပေ။
ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းတို့ ကြားထဲရှိဆက်ဆံရေးဟာ အနည်းငယ်ကောင်းမွန်သွားလေသည်။
ကျင်းယွင်ယောင်က ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းဟာ အချင်းချင်းကြိုက်နေကျတာကို ပြောနိုင်နေပေမဲ့လည်း သူမဟာ ဘာမှထုတ်မပြောလိုက်ပေ။
သူမဟာ သူမနဲ့ လင်ယွင်ဟန်ရဲ့ဘဝအကြောင်း ပြန်စဉ်းစားမိလေသည်။ သို့သော် သူမအနေနဲ့ သူ့ကို မှတ်ဉာဏ်တွေအဖြစ်နဲ့သာ သိမ်းထားနိုင်လေသည်။
ထမင်းစားချိန်ရောက်တော့မှာမလို့ သူတို့အားလုံးဟာ ညစာစားဖို့ထွက်သွားလေသည်။ ထို့နောက် ကုနင်းနဲ့ ကျင်းယွင်ယောင် တို့ဟာ တူတူပြန်သွားကာ ကျီပိုင်ယင်းကတော့ ရှုကျင်းချန်ရဲ့ ဂရုစိုက်မှုအောက်မှာပဲ ထွက်သွားလေသည်။
"ငါတို့ဘယ်သွားကြမလဲ"ဟု ရှုကျင်းချန်ကမေးလေသည်။
"ငါကဒီမြို့မှာလူသစ်လေ။ အဲ့တာမလို့ ဘယ်သွားရမလဲမသိဘူး"ဟု ကျီပိုင်ယင်း ကပြန်ဖြေသည်။ "နင်ကဒီမှာမွေးတာဆိုတော့ ဘယ်သွားလည်လို့ကောင်းမလဲ နင်သိသင့်တယ်"
"အာ...ငါကဒီနယ်သားဖြစ်ပေမဲ့လည်း အပြင်သွားခဲတာကြောင့် ငါလဲဘယ်သွားရမလဲမသိဘူး"ဟု ရှုကျင်းချန်က ရှက်ရွံစွာပြောသည်။ သူဟာ ပုံမှန်အားဖြင့် ကလပ်ကိုသာသွားလေ့ရှိသည်။ သူဟာ အများအားဖြင့် ယောင်္ကျားလေးတွေနဲ့ အလည်သွားလေ့ရှိရာ ယောင်္ကျားလေးတွေဟာ အတူတူအပြင်သွားရင် သောက်တာများလေ့ရှိလေသည်။ သူ့အနေနဲ့ ယောင်္ကျားလေးတွေနဲ့ အပြင်လျှောက်သွားကာ အလှကြည့်လို့လဲမရပေ။
"ဘယ်သွားရမှန်း နင်လဲမသိမှတော့ အိမ်ပဲပြန်ကြစို့"ဟု ကျီပိုင်ယင်းက စိတ်ဆိုးစွာဖြင့်ပြောလေသည်။
ရှုကျင်းချန်ဟာ စိတ်ပူသွားလေသည်။ သူဟာ သူမကို အိမ်အစောကြီး ပြန်မပို့ချင်ပေ။ သူဟာ ရုတ်တရက်ပဲ သူတို့သွားလို့ရတဲ့နေရာတစ်ခုကို စဉ်းစားမိကာ "ငါတို့ ရှေးဟောင်းမြို့ကိုသွားမလား။ ညဆိုရင် အဲဒီမှာ ရှူခင်းကောင်းတယ်လို့ ငါကြားတယ်"ဟု ပြောသည်။
"အဲ့တာဆိုလဲ သွားရအောင်"ဟု ကျီပိုင်ယင်းဟာလဲ အစောကြီးအိမ်မပြန်ချင်သေးပေ။ သူမဟာ စိတ်ဆိုးလို့ပြောရုံသာဖြစ်ပြီး တကယ်စိတ်ထဲကမပါပေ။
မန်တနဲ့ နန်တို့ဟာ တစ်ယောက်နဲ့တစ်ယောက်ကြည့်လျက် ဘာပြောရမှန်းမသိတော့ချေ။ ကျီပိုင်ယင်းဟာ အရမ်းဂုဏ်ယူလာနေကာ စိတ်အပြောင်းအလွဲ မြန်နေလေသည်။
သူတို့ဟာ ရှေးဟောင်းမြို့ဆီ ဦးတည်သွားလေသည်။ မြို့မှာတည်ရှိနေတဲ့ ရွာလေးတစ်ရွာနဲ့တူနေပြီး ရှေးခေတ်ကအလားဖြစ်နေတာဖြစ်သည်။ ပြန်ပြုပြင်ထားတာရှိပေမဲ့လည်း အခြေခံပုံစံနဲ့ အဆောက်အဦးဟာ မပြောင်းလဲပေ။
စနေ၊ တနင်္ဂနွေ ပိတ်ရက်မဟုတ်ပေမဲ့လည်း ရှေးဟောင်းမြို့ဟာ လူစည်ကားလျက်ရှိကာ အစားအသောက်မျိုးစုံနဲ့ ကစားစရာမျိုးစုံ ရောင်းချလေသည်။
ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းတို့ဟာ လှတဲ့အတွဲဖြစ်တာကြောင့် လူတွေအများကြီးဟာ လှည့်ကြည့်ကြလေသည်။
နှင်းဆီပန်းတစ်ပွင့်ကိုင်ထားတဲ့ ကောင်မလေးဟာ ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းတို့ဆီ လမ်းလျောက်သွားကာ "ဆာရ်၊ ရှင့်ချစ်သူကောင်မလေးအတွက် နှင်းဆီပန်းမဝယ်ပေးတော့ဘူးလား"ဟုမေးသည်။
ချစ်သူကောင်မလေးလား။
ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းတို့ဟာ အချင်းချင်း တန်းပြီးကြည့်လိုက်ကာ ချက်ချင်းပဲ မြန်မြန်ဆန်ဆန် ရှက်ကာ မျက်လုံးလွှဲလိုက်ကျလေသည်။
ကျီပိုင်ယင်းဟာ ငြင်းတော့မလို့လုပ်နေချိန်မှာ ရှုကျင်းချန်ဟာ သူမ,မသိလိုက်ခင်မှာပဲ ရှေ့တစ်လှမ်းတိုးကာ ထိုကလေးမကို နွေးထွေးစွာပြုံး၍ "ဘာလို့သူက ငါ့ချစ်သူကောင်မလေးလို့ထင်တာလဲ။ ငါတို့က ကောင်မလေးနဲ့ ကောင်လေးဖြစ်ပေမဲ့ တွဲနေတာလို့မဆိုလိုဘူးလေ။ ငါတို့ဟာ သူငယ်ချင်းတွေလဲဖြစ်နိုင်သလို မောင်နှမတွေလဲဖြစ်နိုင်တာပဲလေ"ဟုပြောသည်။
ကျီပိုင်ယင်းဟာ သူတို့တွဲနေတာမဟုတ်ကြောင်း ငြင်းချင်ပေမဲ့လည်း ရှုကျင်းချန် ပြောတာကိုကြားတဲ့အခါ သူမဟာ ချက်ချင်း စိတ်ဆိုးသွားလေသည်။
ထိုကောင်မလေးဟာ ချက်ချင်းပြာသွားကာ သူမပြောတာမှားသွားမှာ စိုးရိမ်သွားလေသည်။ ထို့ကြောင့် သူမက "ဒါဆို ရှင်တို့က မောင်နှမတွေလား"ဟု သတိဖြင့်မေးလေသည်။
"ငါတို့က မောင်နှမတွေ မဟုတ်ဘူး"ဟု ကျီပိုင်ယင်းက တန်းပြန်ဖြေလိုက်လေသည်။
ကောင်မလေးဟာ အခုမှစိတ်အေးသွားလေသည်။ ရှုကျင်းချန်ဟာလည်း အတူတူပင် စိတ်အေးသွားလေသည်။
"ရှင်တို့က မောင်နှမတွေမဟုတ်ဘူးဆိုရင် ဒီလောက်လိုက်ဖက်ညီနေတာ ဘာလို့ရည်းစားမဖြစ်သေးတာလဲ။ ရှင်က တခြားကောင်မလေးကို ကြိုက်နေလို့လား။ အစ်မကရော တခြားကောင်လေးကိုကြိုက်နေလို့လား။ တကယ်လို့ ရှင်တို့သာ တစ်ယောက်နဲ့ တစ်ယောက်စိတ်မဝင်စားရင် အခုလို အတူတူလျောက်လည်နေမှာမဟုတ်ဘူး"ဟု ကောင်မလေးကပြောသည်။