အခန်း (၁၉၅၁-၁၉၅၆)
Vol. 120 Ch. 1951-1956
အပိုင်း ၁၉၅၁ လက်ခံပေးလိုက်မယ်
ကလေးမလေးဟာ ယောင်္ကျားလေး-မိန်းကလေးကြား ဆက်ဆံရေးအကြောင်းဘာမှမသိပေမဲ့လည်း သူမဟာ ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းဟာ တွဲနေတယ်လို့ထင်လေသည်။ မဟုတ်လျင် အခုလိုတွဲသွားနေတာ ထူးဆန်းပေသည်။
ကလေးမလေးက သူတို့ဟာ လိုက်ဖက်ညီတယ်လို့ပြောတာကို ကြားတဲ့အခါ ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းတို့ဟာ ပျော်သွားလေသည်။
"ကောင်လေးက ပန်းလေးတစ်ပွင့်ဝယ်ပေးဖို့တောင် ကပ်စီးနည်းနေတာလား။ သူက ကြည့်လို့ကောင်းတော့ရော ဘာဖြစ်လဲ။ သူက အဲ့လောက်သဘောထားသေးမယ်လို့ ငါမထင်ထားဘူး။ သူက ဘယ်လောက်ပဲချောချော သူ့လိုယောင်္ကျားမျိုးကို ရည်းစားအဖြစ်ငါတော့ ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး"ဟု ဘေးနားမှရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ အထင်သေးစွာပြောလေသည်။
"အဲ့တာအမှန်ပဲ။ သူ့ကောင်မလေးအပေါ်မှာ မသုံးချင်ရင် သူဘယ်သူအတွက်ပိုက်ဆံတွေစုနေတာလဲ။ သူအခြားကောင်မလေးတစ်ယောက်အပေါ်မှာ သုံးဖို့စုနေတာလား"
"ဟုတ်တယ်။ ယောင်္ကျားလေးတွေအကုန် အမြဲအဲဒီလိုပဲလုပ်နေကျ။ လူစိမ်းတွေအပေါ်မှာတော့ ရက်ရောပြီး ကိုယ်နဲ့ရင်းနှီးတဲ့လူတွေအပေါ်မှာဆို ကပ်စီးနည်းကျတယ်"
ထိုစကားတွေကြောင့် ရှုကျင်းချန်ဟာ ချက်ချင်း ကို့ရို့ကားယားဖြစ်သွားလေသည်။ သူ့အနေနဲ့ ပန်းလေးတစ်ပွင့်လောက်တောင် မဝယ်နိုင်စရာအကြောင်းမရှိချေ။ သူအနေနဲ့ ပန်းတွေ ရာနဲ့ ရာနဲ့ချီပြီးဝယ်နိုင်တဲ့အတွက် ပန်းလေးတစ်ပွင့်လောက်က ပြဿနာမဟုတ်ပေ။
.
သို့သော်လည်း ကျီပိုင်ယင်းက သူပေးတဲ့ ပန်းကိုလက်မခံမှာ သူကစိုးရိမ်နေတာဖြစ်၍ သူ့အနေနဲ့ ဖိအားပေးခံရလို့ ပန်းဝယ်ပေးရတဲ့ပုံလုပ်ကာ ကျီပိုင်ယင်းအား သူ့ကိုအကူအညီပေးသည့်အနေနဲ့ ပန်းကိုလက်ခံပေးဖို့ လုပ်မလို့ ကြံနေတာဖြစ်သည်။
ထိုအမျိုးသမီးတွေရဲ့ အတင်းစကားကြောင့် သူဟာ ကို့ရို့ကားယားဖြစ်သွားပေမဲ့လည်း ထိုအရာကြောင့်ပင် သူ့အနေနဲ့ ပန်းဝယ်ဖို့ ပိုသေချာသွားစေလေသည်။
ကျီပိုင်ယင်းဟာ ရယ်ချင်သွားလေသည်။ ရှုကျင်းချန်အနေနဲ့ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ သူမစောင့်ကြည့်ချင်တဲ့အတွက် သူဘာလုပ်မလဲဆိုတာကို သူမဟာ ဘေးကနေ အေးဆေးပဲ ရပ်ကြည့်နေလေသည်။
"ပန်းတွေအကုန်လုံး ဘယ်လောက်ကျလဲ။ ကိုကြီးအကုန်ဝယ်မလို့ ဒါပေမယ့် မင်းအနေနဲ့ ကိုကြီးကိုကူညီပြီး အဲ့ဒီအမကြီးကို သွားပေး,ပေးရမယ်။ သူမပန်းတွေလက်မခံမှာ စိုးရိမ်လို့"ဟု ရှုကျင်းချန်က ပြောလေသည်။ လူတွေဘာတွေပြောနေလဲဆိုတာကိုသူက ပြန်ပြီးတုန့်ပြန်နိုင်ရုံတင်မကပဲ ကျီပိုင်ယင်းအနေနဲ့လည်း ငြင်းလို့ရတော့မယ်မဟုတ်ပေ။
ကျီပိုင်ယင်းဟာ ရှုကျင်းချန်အား ချက်ချင်းမျက်စောင်းထိုး၍ ကြည့်လိုက်လေသည်။ သူဘာကိုကြံစည်နေလဲဆိုတာ သူမတန်းသိလိုက်လေသည်။ သူမဟာ စိတ်ဆိုးချင်ယောင်ဆောင်နေပေမဲ့လည်း သူမရဲ့ရင်ထဲမှာတော့ ပျော်ရွှင်နေတာဖြစ်သည်။
"တပွင့်ကို ၁၀ဒေါ်လာ။ သမီးမှာ ပန်းပွင့်အပွင့်၂၀ရှိတာဆိုတော့ ဒေါ်လာ၂၀၀ကျတယ်"။ ကောင်မလေးက ရောင်းချရမှုအတွက် ပျော်ရွှင်သွားလေသည်။ သူမဟာ ချက်ချင်းပဲ ပန်းတွေကို ကျီပိုင်ယင်းအား ပေးလိုက်လေသည်။ သူမဟာ ကျီပိုင်ယင်း ကပန်းတွေကို မယူပဲငြင်းမှာ စိုးရိမ်သောကြောင့် "မစ္စ၊ ကျေးဇူးပြုပြီးလက်ခံပေးပါ။ သမီးတစ်မနက်လုံး တစ်ပွင့်မှ မရောင်းရသေးဘူး။ သမီးအနေနဲ့ ရောင်းရတာ ခက်ခဲလို့ပါ..."ဟု သနားစဖွယ်ပြောလေသည်။
ရှုကျင်းချန်ထင်ထားသည့်အတိုင်းပင် ကျီပိုင်ယင်းဟာ ကောင်မလေးကို မငြင်းနိုင်ချေ။ အထူးသဖြင့် သနားစဖွယ်မျက်နှာလေးလုပ်သောကြောင့် ပိုမငြင်းနိုင်ပေ။ တကယ်လို့ ကျီပိုင်ယင်းသာ ပန်းတွေကို လက်မခံရင် သူမဟာ အနိုင်ကျင့်နေတဲ့လူနဲ့ တူသွားမှာဖြစ်သည်။
ကျီပိုင်ယင်းဟာ ပန်းတွေကိုလက်ခံလိုက်ပြီး သူမကို ပါဝင်ပတ်သတ်အောင်လုပ်တဲ့အတွက် မကျေနပ်သည့်ဟန်ဖြင့် ရှုကျင်းချန်အား မျက်စောင်းထိုးလျက် စိုက်ကြည့်လိုက်လေသည်။ သို့သော်လည်း ရှုကျင်းချန်ကတော့ သူမအား ဘာမှအပြစ်မလုပ်ထားသည့်ဟန်ဖြင့် ဆက်ကြည့်နေလေသည်။
သို့သော်လည်း ရှုကျင်းချန်အနေနဲ့ မစိုးရိမ်ပဲ မနေနိုင်ချေ။ ကျီပိုင်ယင်းအနေနဲ့ ထိုကောင်မလေးကို ငြင်းဖို့ရာ လုံးဝမဖြစ်နိုင်ဘူးလို့ သိနေပေမဲ့လည်း သူဟာ မစိုးရိမ်ပဲမနေနိုင်ချေ။ ကျီပိုင်ယင်း ပန်းတွေကို လက်ခံလိုက်တာနဲ့ တပြိုင်နက်တည်း သူဟာ သက်ပြင်းချလိုက်ကာ ကလေးမလေးကို ချက်ချင်းပိုက်ဆံထုတ်ပေးလိုက်လေသည်။
"ကျေးဇူးအများကြီးတင်ပါတယ်။ အကိုတို့ အသက်ရာကျော်အထိ ပျော်ရွှင်စွာနေသွားနိုင်ရပြီး ကလေးတွေအများကြီးလဲရပါစေလို့ ဆုတောင်းပေပါတယ်"ဟု ကလေးမလေးဟာ ပိုက်ဆံကိုယူကာ ကျေးဇူးတင်ပြီးနောက် သူတို့အား စကားကောင်းအနည်းငယ်ပြော၍ ထွက်သွားလေသည်။
ထိုကလေးမလေးရဲ့စကားကြောင့် ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းတို့ဟာ ချက်ချင်းရှက်သွားကြလေသည်။
"အဲ့တာရှင့်ကြောင့်။ မဟုတ်ရင် သူမအနေနဲ့ ကျွန်မတို့ကို အဲဒီလိုထူးဆန်းတဲ့ စကားတွေပြောသွားမှာမဟုတ်ဘူး"ဟု ကျီပိုင်ယင်းဟာ ရှုကျင်းချန်အား မျက်စောင်းထိုးလျက် စိုက်ကြည့်ကာ စိတ်တိုးတဲ့ပုံနဲ့ပြောလိုက်ပေမဲ့လည်း သူမရဲ့နှလုံးသားထဲမှာတော့ သူမ,ကြားလိုက်တဲ့အရာမှန်သမျှကို သဘောကျတာ အမှန်တကယ်ဖြစ်လာဖို့လဲ မျှော်လင့်နေလေသည်။
"သူမက ကလေးရှိသေးတာမလို့ ဘာမှမသိသေးဘူးလေ။ ဘာပဲဖြစ်ဖြစ် သူမက စေတနာနဲ့ပြောတာဥစ္စာ"ဟု ရှုကျင်းချန် ဟာသူ့စိတ်ထဲမှာလည်း ထိုအရာတွေကို တွေးမိ၍ အပြစ်မကင်းသလို ခံစားရကာ သူ့ကိုနှာခေါင်းကို ပွတ်လျက် ကျီပိုင်ယင်းနဲ့ မျက်စိလွှဲလိုက်လေသည်။
"ဟွန့်။ ဒီပန်းလေးတွေကိုတဲ့လူက ရှင်မလို့ ကျွန်မရှင့်ကို ပြန်ပေးမယ်။ ကျွန်မက ကလေးမလေးကို သနားလို့သာ လက်ခံလိုက်တာ"ဟု ကျီပိုင်ယင်းဟာ ပန်းတွေကို လက်ခံရတာ စိတ်ထဲတမျိုးဖြစ်၍ သူမဟာ ရှုကျင်းချန်အား ပန်းတွေကိုတမင်တကာ ပြန်ပေးလိုက်လေသည်။
"ငါ့ကိုအကူအညီပေးတယ်လို့ သဘောထားပြီး လက်ခံလိုက်လို့မရဘူးလား။ လူတွေအများကြီးရှေ့မှာ လက်ခံပြီးမှ ငါ့ကို ဘာလို့ပြန်ပေးနေတာလဲ။ ငါ့ကိုလူရယ်စရာလုပ်ဖို့ ကြိုးစားနေတာလား။ ပြီးတော့ နင်ဒီပန်းတွေကို အဲ့လောက်မကြိုက်နေတာလား။ ဒါမှမဟုတ် ငါ့ကိုမုန်းလို့လား ဒါမှမဟုတ် တစ်ခုခုလား"ဟု ရှုကျင်းချန် ဟာ သူ့မျက်နှာပေါ်မှာ ထိခိုက်သွားတဲ့ပုံနဲ့ ပြောလိုက်လေသည်။
ကျီပိုင်ယင်းဟာ ရှုကျင်းချန်နဲ့ မျက်လုံးချင်း မဆုံရဲတော့ပေ။ "ငါနဲ့အတူတူလျှောက်လည်ပေးပြီး မြို့ထဲကိုကားမောင်းလိုက်ပို့ပေးတာတွေကို ထောက်ပြီး လက်ခံပေးလိုက်မယ်"
ဘာပဲဖြစ်ဖြစ် ကျီပိုင်ယင်းက ပန်းတွေကို လက်ခံပေးတဲ့အတွက် ရှုကျင်းချန်ဟာ ပျော်ရွှင်သွားလေသည်။
.....
လေလံပွဲဟာ မနက်၁၀:၀၀မှာ စတင်မှာဖြစ်သည်။ လေလံပွဲမှာတင်မဲ့ ပစ္စည်းတွေဟာ များပြားသည့်အတွက် လေလံပွဲဟာ နှစ်ပိုင်းခွဲထားပြီး ကြေးဂီတခေါင်းလောင်းတွေဟာ နေ့လည်ခင်းမှာမှ လေလံတင်ဖို့ စီစဉ်ထားတာဖြစ်၍ ကုနင်းနဲ့ အခြားသူတွေဟာ မနက်ခင်းမှာကတည်းက ရောက်နေတာဖြစ်သည်။
လေလံပွဲမှာ အရှေ့ခရိုင်ရဲ့ ဝမ်ဖူလမ်းမပေါ်က ဟွားရုန်လေလံအိမ်ရဲ့ ခန်းမနံပါတ်တစ်မှာ ကျင်းပတာဖြစ်သည်။ ပြီးတော့ ထိုလေလံအိမ်ဟာ မြို့မှာအကြီးဆုံးလေလံအိမ်လဲဖြစ်လေသည်။ နိုင်ငံတော်က ပိုင်တဲ့ လေလံအိမ်ဖြစ်သည့်အတွက် နာမည်ကြီးလေသည်။
ကုနင်းဟာ မနက်၉:၃၀တွင် ဟွားရုန် လေလံအိမ်အားရောက်လေသည်။ သူမရောက်တဲ့အချိန်မှာတော့ လူအများစုဟာ ရောက်နှင့်နေတာဖြစ်ရာ ကားရပ်နားရာနေရာသည် ဇိမ်ခံကားများနှင့်ပြည့်နှက်နေလေသည်။ သူတို့သာ ချမ်းသာပြီး ဩဇာမရှိရင် လေလံပွဲမှ ဈေးကြီးတဲ့ပစ္စည်းတွေကို တတ်နိုင်မည်မဟုတ်ပေ။
ကုနင်း ထိုသို့ရောက်တဲ့အခါမှာတော့ ချန်တရုန်ဟာ ရောက်နှင့်နေပြီးဖြစ်သည်။ သို့သော်လည်း သူသာ အထဲကိုတန်းမဝင်သေးဘဲ လေလံအိမ်ရဲ့ အဓိကခန်းမကြီးရှေ့မှာ ကုနင်းကိုစောင့်နေတာ ဖြစ်သည်။
လူတွေအများကြီးဟာ ရှန်းယွင် ရှေးဟောင်းပစ္စည်းဆိုင်အားချဉ်းကပ်ကာ ကြေးဂီတခေါင်းလောင်းတွေအကြောင်း မေးမြန်းကျလေရာ လူအများစုဟာ ချန်တရုန်နဲ့ ရင်းနှီးကျလေသည်။ သူ့ကိုမြင်တာနဲ့ တပြိုင်နက် သူတို့ဟာ လာရောက်နှုတ်ဆက်ကာ စကားပြောကြလေသည်။
လူတွေအများကြီးဟာ သူ့အား ခင်မင်ရင်းနှီးစွာဆက်ဆံပေမဲ့လည်း သူ့ကို ကြည့်မရတဲ့လူတွေလည်း ရှိလေသည်။
"မစ္စတာချန်၊ တစ်ခုလောက်မေးလို့ရမလား။ ကြေးဂီတခေါင်းလောင်းတွေကို ခင်ဗျားတို့ ဘယ်ကနေ ရှာတွေ့လာတာလဲ"ဟု အရပ်၁.၇မီတာခန့်ရှည်သော ဝဝတုတ်တုန်လူတစ်ယောက်က မေးလေသည်။
လူတွေအကုန်လုံးဟာ သူတို့အနေနဲ့ ကြေးဂီတခေါင်းလောင်းတွေကို တရားမဝင်နည်းနဲ့ ရလာတယ်လို့ထင်ကြပေမဲ့လည်း ဘယ်သူကမှ မမေးကြပေ။ ထိုအမျိုးသားဟာ လူရှေ့မှာ မေးလာသည့်အတွက် သူဟာ ပြဿနာရှာချင်နေတာ အသိသာပင်ဖြစ်သည်။
လူတွေအားလုံးဟာ တရားမဝင်နည်းက ရလာတာဖြစ်ကြောင်း ကြိုသိပြီးဖြစ်၍ ဘယ်သူကမှ ဘယ်ကရလာတာလဲဆိုတာ မမေးပေ။ သို့သော်လည်း လေလံတင်ရင်တောင် ရှန်းယွင်ရှေးဟောင်းပစ္စည်းအနေနဲ့ တရားစွဲခံရ နိုင်စရာမရှိပေ။
ထိုလူကြီးဟာ ထိုအရာကိုလုံးဝသိပေမဲ့လည်း သူ့အနေနဲ့ သဝန်မတိုဘဲမနေနိုင်ကာ မကျေမနပ်ဖြစ်နေတာဖြစ်၍ သူ့အနေနဲ့ ပြဿနာမရှာပဲ မနေနိုင်တာဖြစ်သည်။
ထိုလူကြီးဟာ ရှေးဟောင်းပစ္စည်းလောက,ကဖြစ်ပြီး ပစ္စည်းတွေကို အတုလုပ်ရောင်းတဲ့လူလဲဖြစ်လေသည်။ သူ့ကုမ္ပဏီဟာ အရင်က ရှန်းယွင် ရှေးဟောင်းပစ္စည်းဆိုင်ထက်တောင် ပိုကြီးတဲ့လုပ်ငန်းဖြစ်ပေမဲ့လည်း ရှန်းယွင် ရှေးဟောင်းပစ္စည်းဆိုင်ဟာ အတုလုပ်တဲ့လုပ်ငန်းထဲ ဆိုင်ခွဲကာဝင်ရောက်လာကတည်းက သူ့လုပ်ငန်းထက် လုံးဝသာလွန်သွား၍ ထိုလူကြီးအနေနဲ့ ပြိုင်ချင်နေတာဖြစ်သည်။ သို့သော်လည်း ရှန်းယွင် ရှေးဟောင်းပစ္စည်းဆိုင်ရဲ့နောက်မှာ အာဏာရှိတဲ့လူတွေရှိတာမလို့ သူ့အနေနဲ့ သူတို့ကို ပေါ်တင်ကြီး မတိုက်ခိုက်ရဲဘူးဖြစ်သည်။
သူမေးလိုက်တာနဲ့ တပြိုင်နက် လူတိုင်းဟာ သူတို့ရဲ့နားကိုစွင့်၍ နားထောင်ကြလေသည်။ ကြေးဂီတာခေါင်းလောင်းတွေဟာ တရားမဝင်နည်းလမ်းကရလာတာလို့ သိပြီးဖြစ်ပေမဲ့လည်း သူတို့အနေနဲ့ ချန်တရုန်ဘာပြန်ပြောမလဲဆိုတာ သိချင်နေကာ သူတို့ကိုယ်တိုင်လည်း ထိုသို့မမေးရဲ၍ဖြစ်သည်။
"ကျွန်တော့်ဘော့စ်ယူလာတာမလို ကျွန်တော်လဲသေချာ သိပ်မသိဘူး"ဟု ချန်တရုန်က အေးဆေးစွာပင် အလျင်မလိုဘဲ ပြန်ဖြေလိုက်လေသည်။ သူဟာ ထိုမေးခွန်းကြောင့် အပြစ်ရှိတဲ့ပုံမပေါ်သလို စိတ်ရှုပ်သွားပုံလဲမပေါ်ပေ။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၅၂ အသက်ငယ်တာနဲ့အထင်မသေးနဲ့
ကြေးဂီတခေါင်းလောင်းတွေ ထွက်ပေါ်လာတာနဲ့ ပတ်သတ်လို့ ပြောစရာကိစ္စတွေထွက်လာမှာ ကြိုသိထားသည့်အတွက် ကုနင်းက သူ့ကိုထိုသို့ဖြေရန် မှာထားတာဖြစ်သည်။ ထို့ကြောင့် ကြေးဂီတခေါင်းလောင်းတွေက ဘယ်ကရလာလဲဆိုတာ မသိကြောင်းငြင်းခိုင်းကာ သူမရှာတွေ့ကြောင်းသာပြောရန် မှာထားတာဖြစ်သည်။
"ဒါဆိုရင်တော့ သူမအနေနဲ့ ဒီလိုတန်ဖိုးကြီးတဲ့ပစ္စည်းကို ရယူနိုင်ပြီး တရားအစွဲမခံရဘဲ ရောင်းချနိုင်တာ တော်တော်အထင်ကြီးဖို့ကောင်းတဲ့ ရလဒ်ပဲ"ဟု ထိုလူကြီးက မသိမသာပြောလေသည်။
သူ့စကားတွေဟာ ဘယ်လောက်အရှက်ခွဲနေတဲ့အသံပေါက်ပေါက် ချန်တရုန်ဟာ ဒေါသထွက်ပေမဲ့လည်း မကြားချင်ယောင်ဆောင်နေလေသည်။ ထို့အစား သူဟာ ကုနင်းကို ချီးကျူးဟန်ဆောင်လေသည်။ "ခင်ဗျားပြောတာမှန်တယ်။ ကျွန်တော်တို့ ဘော့စ်က အထင်ကြီးဖို့ကောင်းတဲ့ မိန်းမတစ်ယောက်ပဲ။ မဟုတ်ရင် သူမရဲ့စီးပွားရေးလုပ်ငန်းတွေဟာ အခုလိုလျင်မြန်စွာ တိုးတက်လာမှာမဟုတ်ဘူး"
"မစ္စကုအနေနဲ့ သူမရဲ့လုပ်ငန်းတွေကို အခုလိုလျင်မြန်စွာတိုးတက်အောင်လုပ်နိုင်တာ လုံးဝမထင်ထားနိုင်တဲ့ကိစ္စဆိုတာ အမှန်ပဲ"ဟု ထိုလူကြီးကပြောသည်။ သူဟာ ကုနင်းကို ချီးကျူးနေဟန်ဖြင့် ပြောနေပေမဲ့လည်း သူ့လေသံဟာ စိတ်ထဲကမပါကာ သူမဟာ မသမာတဲ့နည်းတွေသုံးတဲ့ပုံဖြင့် ပြောနေတာဖြစ်သည်။
"သူမက အသက်ငယ်တယ်ဆိုတိုင်း စွမ်းဆောင်ရည်မရှိဘူးလို့ ပြောလို့မရဘူး။ စွမ်းဆောင်ရည်ရှိတဲ့လူတိုင်းလဲ မအောင်မြင်ကြဘူး။ ကိစ္စတွေ အစီတကျဖြစ်ဖို့ ကံတွေအများကြီးလိုသလို အဆက်အသွယ်တွေလဲလိုအပ်တယ်။ ဒါပေမဲ့ သူမသာ စွမ်းဆောင်ရည်မရှိရင် အခုလိုဖြစ်လာမှာမဟုတ်ဘူး.. သူမက ငယ်တာနဲ့ပဲ ခင်ဗျားအနေနဲ့ သူမရဲ့အရည်အချင်းတွေကို အထင်သေးလို့မရဘူး။ လူတိုင်းသိတဲ့အတိုင်းပဲ ဥက္ကဌကုမှာ အားကောင်းတဲ့ အဆက်အသွယ်တွေရှိတယ် ပြီးတော့ လူတွေအများကြီးဟာ သူမက မသမာတဲ့နည်းတွေသုံးပြီး ဒီလိုအဆက်အသွယ်တွေ ရလာတယ်လို့ထင်ကြတယ်။ ဒီလူတွေအားလုံးဟာ လူတွေအကုန်လုံးက သူတို့လိုပဲ ငတုံးငအတွေလို့ ထင်နေကြတာ။ သူမရဲ့ အဆက်အသွယ်တွေအားလုံးဟာ ဩဇာကြီးကျတဲ့အတွက် သူတို့တွေက ငတုံးတွေမှမဟုတ်တာ။ သူတို့ကအဲ့လောက် ဩဇာကြီးနေမှတော့ ဥက္ကဌကုပြောတဲ့ဘာလို့ လုပ်နေမှာလဲ မဟုတ်ဘူးလား"ဟု ချန်တရုန်က ပြောလေသည်။
ချန်တရုန်ဟာ မကောင်းပြောနေတဲ့လူတွေကြားအောင် ထိုသို့ပြောနေတာဖြစ်သည်။ အမှန်တကယ်တော့ ဘယ်သူမှ နောက်ပေါက်သုံးပြီး မအောင်မြင်နိုင်မှန်း သူတို့သေချာသိကျလေသည်။ ပါရမီ၊ အဆက်အသွယ်များနှင့် ကံဟာလည်း အောင်မြင်မှုမှာ အများကြီးပါဝင်လေသည်။ ဒီလူတွေဟာ ကုနင်းကို မသမာတဲ့နည်းလမ်းတွေသုံးပြီး အောင်မြင်လာကြောင်း စွပ်စွဲနေတာဟာ မနာလိုနေတာဖြစ်သည်။
ချန်တရုန်ပြောတာကို ကြားလိုက်တဲ့အခါ ထိုလူကြီးဟာ ကြောင်အသွားလေသည်။
"မစ္စတာချန်ပြောတာမှန်တယ်။ ဥက္ကဌကုက အမှန်တကယ်ကိုပဲ အရမ်းကိုပါရမီရှိတဲ့ စီးပွားရေးသမားတစ်ယောက်ပဲ။ ကျွန်တော်သူမကို ကိုယ်တိုင်မတွေ့ဖူးပေမဲ့လည်း သူမလုပ်သမျှတွေကို အင်တာနက်ပေါ်မှာ တွေ့တယ်။ သူမက ဒီနှစ် နိုင်ငံတော်တက္ကသိုလ်စာမေးပွဲမှာ အမှတ်အပြည့်နဲ့ပထမရတဲ့ ထိပ်တန်းကျောင်းသူတစ်ယောက်ပဲ။ ပြီးတော့ သူမက သိုင်းပညာမှာလဲ အတော်,တော်ပြီး လူတွေအချို့ကိုလည်း ကယ်တင်ခဲ့ပြီး သူမကယ်တင်ခဲ့တဲ့လူတွေထဲမှာ စွမ်းအားကြီးတဲ့လူတွေတောင် ပါသေးတယ်"ဟု လူတစ်ယောက်ကပြောလေသည်။
ကုနင်းရဲ့ အောင်မြင်မှုတွေကို သိတဲ့လူတွေဟာ သူမက မသမာတဲ့နည်းလမ်းတွေသုံးကာ အဆက်အသွယ်တွေရယူကာ သူမရဲ့လုပ်ငန်းတွေကို အောင်မြင်အောင်လုပ်တယ်ဆိုတာကို မယုံကြည်ကြပေ။ အောင်မြင်တဲ့ ယောင်္ကျားတစ်ယောက်တောင် သူမရဲ့လုပ်ဆောင်ချက်တွေကို လိုက်မလုပ်၍ဖြစ်သည်။
ကုနင်းရဲ့ အောင်မြင်မှုတွေကို မသိတဲ့လူတွေဟာ အံ့အားသင့်သွားကာ သူမအပေါ် သံသယဝင်နေတာတွေ ချက်ချင်းပျောက်သွားလေသည်။
"ဟမ်။ အဲ့တာ မစ္စကုမဟုတ်လား"ဟု လူတစ်ယောက်ဟာ ကုနင်းတံခါးက ဝင်လာတာကိုတွေ့တဲ့အခါ ပြောလိုက်လေသည်။
ဒီပွဲဟာ တရားဝင်ကျင်းပတဲ့ပွဲမလို့ ကုနင်းဟာ ဝတ်စုံအားဝတ်ဆင်လာလေသည်။ သူမဟာ ဂျက်ကပ်နဲ့ ဘောင်းဘီပါတဲ့ ဝတ်စုံကို ဝတ်ဆင်ကာ ဒေါက်ဖိနပ်စီးထားပြီး မိတ်ကပ်ပါးပါးလဲ လူးထားလေသည်။
သူမရဲ့ ဆံပင်တွေကိုတော့ နောက်မှာ ဖြန့်ချထားကာ လှိုင်းတွန့်အကြီးတွေနဲ့ စတိုင်ကျနေလေသည်။ ချုံပြောရရင် သူမဟာ ရင်ကျက်၊ ကြော့ရှင်းပြီး ဘုရင်မတစ်ယောက်လား စွမ်းအားကြီးတဲ့အရှိန်အဝါတွေ အပြည့်နဲ့ဖြစ်သည်။
လူတိုင်းဟာ ကုနင်းရဲ့ စွမ်းအားကြီးတဲ့ အရှိန်အဝါကို သတိထားမိကာ အသက်အောင့်ထားမိလေသည်။ သူမရဲ့ တည်ရှိမှုကို လျစ်လျူရှုထားလို့ လုံးဝမဖြစ်နိုင်ချေ။
ချန်တရုန်ပင် ကြောင်သွားလေသည်။ သူဟာ ကုနင်းအား ကျောင်းသူတစ်ယောက်လိုသာ ဝတ်ဆင်ထားတာ မြင်တွေ့လေ့ရှိတာကြောင့် အခုလို ကုနင်းရဲ့ အရှိန်အဝါကြီးမားစွာထွက်နေတာကို ပထမဆုံးမြင်ဖူးတာဖြစ်သည်။ ခေတ္တမျှ သူ့အနေနဲ့ ဘာပြောရမှန်းမသိတော့ချေ။ သို့သော်လည်း သူဟာ ငေးနေမိရာမှ သတိပြန်ဝင်လာပြီး ကုနင်းဆီ ဦးတည်သွားကာ လေးစွားစွာပင်ကြိုဆိုလိုက်လေသည်။ "မင်္ဂလာမနက်ခင်းပါ ဥက္ကဌကု"
"အမ်း!"ဟု ကုနင်းက သူမရဲ့မွေးရာပါ အရှိန်အဝါနဲ့ ညှင်သာစွာ အသိအမှတ် ပြုလိုက်လေသည်။
အမှန်တကယ်မှာတော့ ထိုသို့ ဟိတ်ဟန်ပါပါပုံစံ ကုနင်းက တမင်သက်သက်လုပ်နေတာဖြစ်သည်။ သူမဟာ ခုနကပြောနေတဲ့စကားတွေကို ကြားလိုက်၍ဖြစ်သည်။ သူမကို လူတွေဘယ်လိုထင်လဲဆိုတာ သူမဟာဂရုမစိုက်ပေမဲ့လည်း သူမရှေ့မှာ လာပြောနေတာကိုတော့ မသိချင်ယောင်ဆောင် မနေနိုင်ပေ။
ထို့ကြောင့် ကုနင်းဟာ ဟိန်ဟန်အပြည့်ဖြစ်နေသော အရှိန်အဝါနဲ့ သူတို့ကို ခြောက်လန့်ရန် လမ်းလျောက်ဝင်လာတာဖြစ်ပြီး သူမမှာ လှပတဲ့မျက်နှာလေးတင်ရှိတာ မဟုတ်ကြောင်း သိစေချင်၍ဖြစ်သည်။
လူတိုင်းဟာ သူမရဲ့တည်ရှိမှုကို လျှင်မြန်စွာပင် သတိပြုမိကြသည်။ ကုနင်းရဲ့ ပါရမီကို ယုံကြည်တဲ့သူတွေဟာ သူမအားနှုတ်ဆက်ကြပြီး သံသယဝင်နေတဲ့လူတွေကတော့ လာမနှုတ်ဆက်ကြပေ။
လူတိုင်းသိတဲ့ ကုနင်းရဲ့ အဆင့်အတန်းအရ လူအများစုဟာ သူမနဲ့ မိတ်ဆွေဖွဲ့ဖို့ စိတ်မဝင်စားသောကြောင့် သူတို့ဟာ သူမကို အရေးလုပ်ပြီး နှုတ်မဆက်ကြပေ။
ကုနင်းဟာ သူမကိုဖော်ရွေတဲ့ ဧည့်သည်တွေအား နှုတ်ဆက်လေသည်။
"ကုနင်း၊ နင်လဲဒီရောက်နေတာလား" ဟု ထန်ချင်းယန်ဟာ လမ်းလျှောက်လာကာ ကုနင်းအား နှုတ်ဆက်လေသည်။
ကျန်းယွေ့ချင်ဟာလည်း ထန်ချင်းယန်နဲ့ အတူတူပင်ဖြစ်သည်။
"ကုနင်း"ဟု စုန့်နန်က နှုတ်ဆက်လေသည်။
"မင်္ဂလာပါ ယွေ့ချင်နဲ့ ချင်းယန်"ဟု ကုနင်း ကနှုတ်ဆက်လေသည်။ သူတို့ဟာ ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းတို့ကို မစောင့်ဘဲ စကားပြောလျက် ဟောခန်းမနံပါတ်တစ်ဆီသို့ လမ်းလျောက်သွားကြလေသည်။ ဒီကိုရောက်တာနဲ့ သူတို့ဘာသာသူတို့ ဝင်လာနိုင်လေသည်။ ရှုကျင်းချန် ဘေးမှာရှိတဲ့အတွက် ကုနင်းအနေနဲ့ ကျီပိုင်ယင်းကို သိပ်ပြီးဂရုစိုက်နေစရာမလိုပေ။
....
လေလံပွဲခန်းမကြီးဟာ ကြီးမားပြီး အတွင်းပိုင်းဟာ ခမ်းနားစွာအလှဆင်ထားလေသည်။ လေးထောင်ကျတဲ့ စားပွဲတွေ အများကြီးရဲ့ ဘေးနှစ်ဖက်ဆီမှာ ထိုင်ခုံနှစ်လုံးစီနဲ့ ဟောခန်းမထဲက လေလံပွဲစတိတ်စင်ဆီကို မျက်နှာမူကာခင်းကျင်းထားလေသည်။ တစ်တန်းစီတိုင်းမှာ စားပွဲ၆လုံးချထားတဲ့အတွက် ထိုင်ခုံ၂၄ခုံစာစီဖြစ်သည်။
ကုနင်းမှာ မြင့်မားတဲ့အဆင့်အတန်းမရှိပေမဲ့လည်း သူမကို ဒုတိယတန်းမှာ ထိုင်ဖို့စီစဉ်ထားတာဖြစ်သည်။ ထိပ်တန်းနဲ့ ဒုတိယတန်းစားမိသားစုတွေသာ ထိုနေရာမှာထိုင်ဖို့ အခွင့်ရှိတာဖြစ်သည်။
ပထမစားပွဲတွေကတော့ မိသားစုခေါင်းဆောင်တွေ၊ အထက်တန်းအစိုးရဝန်ထမ်းတွေနဲ့ ဂုဏ်သရေရှိတဲ့ ကျွမ်းကျင်ပညာရှင်တွေသာ ထိုင်ခွင့်ရှိတာဖြစ်သည်။
ထိပ်တန်းမိသားစုနဲ့ အထက်တန်းအစိုးရဝန်ထမ်းတိုင်းဟာ ဒီနေ့ လာတက်မှာမဟုတ်သည့်အတွက် ထိုင်ခုံ၂၄ခုံဟာ လုံလောက်သည်ဖြစ်သည်။ ဘယ်သူမှမထိုင်တဲ့ ထိုင်ခုံတွေတောင် ရှိလေသည်။
ကုနင်းကိုသိတဲ့လူတွေဟာ သူမဒုတိယအတန်းကခုံမှာ ထိုင်နေတာကို တွေ့တဲ့အခါ အံဩသွားကျလေသည်။ ကုနင်းဟာ ထိုနေရာမှာ ထိုင်ခွင့်မရှိဘူးလို့ သူတို့ကထင်လေသည်။ သူမရဲ့စီးပွားရေးလုပ်ငန်းမှာ အောင်မြင်မှုကြောင့် ကုနင်း ဟာ ထိုနေရာမှာ ထိုင်ခွင့်ရတာမဟုတ်မှန်း သူတို့ဟာမသိကျချေ။ ထို့အစား သူမဟာ လင်မိသားစုရဲ့ မြွေးချွေးမ,မလို့ ထိုနေရာမှာ ထိုင်ဖို့နေရာချပေးထားတာဖြစ်သည်။
ကုနင်းထိုနေရာမှာထိုင်ပြီး နှစ်မိနစ်အကြာမှာပဲ သခင်ကြီးလင်၊ ကျန်းကျုံးယွီ နှင့် သခင်ကြီးရှုတို့ဟာ နန်းတော်ပြတိုက်ရဲ့ဥက္ဍဌဖြစ်တဲ့ ချိုက်ဝမ်ဟုန်နဲ့အတူ ရောက်လာလေသည်။
ချိုက်ဝမ်ဟုန်ဟာ နန်းတော်ပြတိုက်အစား ကြေးဂီတခေါင်းလောင်းတွေကို လေလံစွဲရန် ရောက်လာတာဖြစ်သည်။ ဤအရာဟာ သူများကို တာဝန်ပေးလို့ရတဲ့ ကိစ္စမဟုတ်၍ဖြစ်သည်။
သူတို့ဟောခန်းထဲကို ဝင်လာတဲ့အခါ လူတိုင်းဟာ သူတို့အား နှုတ်ဆက်ကြလေသည်။
သူတို့ဟာ သခင်ကြီးလင်ကို အထူးသဖြင့် ယဉ်ကျေးစွာနဲ့ လေးစားစွာရှိကာ သူနဲ့စကားပြောတဲ့အခါ မတ်တပ်ပင်ရပ်ကျလေသည်။
သူတို့ကိုမြင်တဲ့အခါ ကုနင်းဟာလည်း ချက်ချင်းမတ်တပ်ရပ်လိုက်လေသည်။ ချန်တရုန်သည်လည်း စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်လေသည်။
"မင်္ဂလာပါ၊ အဖိုးလင်၊ အဖိုးရှု၊ အဖိုးကျန်းနဲ့ ပြတိုက်မှူးချိုက်၊ တွေ့ရတာဝမ်းသာပါတယ်"ဟု ကုနင်းက ပြုံးလျက် နှုတ်ဆက်လေသည်။
"တွေ့ရတာဝမ်းသာပါတယ်၊ သခင်ကြီးလင်၊ သခင်ကြီးရှု၊ သခင်ကြီးကျန်းနဲ့ ပြတိုက်မှူးချိုက်"ဟု ချန်တရုန်ဟာလည်း နှုတ်ဆက်လေသည်။
"မင်းက ငါတို့ထက်တောင် စောရောက်နေတာလား"ဟု ကျန်းကျုံးယွီက ရယ်မောလျက် မေးလေသည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၅၃ အဆင့်အတန်းရှိတဲ့လူတွေက ဘာနေနေကြည့်ကောင်းတယ်
"မင်း ဒီနေ့ကြည့်လို့ကောင်းပါ့လား"ဟု သခင်ကြီးရှုက ပြောလေသည်။
"အဆင့်အတန်းရှိတဲ့လူတွေက ဘာပဲဝတ်ဝတ် ကြည့်လို့ကောင်းတယ်"ဟု သခင်ကြီးလင်ဟာ သူမကိုကြည့်၍ ဂုဏ်ယူစွာပြောလိုက်သည်။ သူမဟာ သူ့ရဲ့ မြွေးချွေးမဖြစ်၍ဖြစ်သည်။
ကျန်းကျုံးယွီနဲ့ သခင်ကြီးရှုတို့ဟာ သခင်ကြီးလင်က သေချာကြွားပြောနေမှန်းသိလေသည်။ သူတို့ဟာ သူ့ကိုကြည့်လျက် ပြောစရာစကားမဲ့သွားလေသည်။
အစက ကုနင်းက သခင်ကြီးလင်ကို နှုတ်ဆက်တဲ့အခါ လူတိုင်းက ဘာမှမတွေးကြပေ။ သူတို့နဲ့ ဘာမှမတော်ပေမဲ့လည်း ဟောခန်းထဲမှာရှိတဲ့ လူတိုင်းဟာ သူတို့ကို နှုတ်ဆက်ကြ၍ဖြစ်သည်။ သို့သော်လည်း သခင်ကြီးလင်ဟာ ကုနင်းနဲ့ အရမ်းအဆင်ပြေနေတာကို တွေ့တဲ့အခါ လူတိုင်းဟာ အံ့အားသင့်သွားကြလေသည်။
Oh God! သူတို့မျက်လုံးတွေ အမြင်မှားနေတာများလား။ ကုနင်းက သခင်ကြီးလင်နဲ့ အခြားသူတွေနဲ့ ရင်းနှီးနေလေသည်။ အဲ့တာဟာ ယုံကြည်နိုင်စရာမရှိပေ။
ကုနင်းကို စောနကအထင်သေးနေတဲ့ လူတွေဟာ သူတို့မျက်နှာကို ပိတ်ရိုက်ခံလိုက်ရသလို ခံစားမိလေသည်။ ကုနင်းဟာ သခင်ကြီးလင်နဲ့ အခြားသူတွေလို အရေးပါတဲ့လူကြီးတွေနဲ့တောင် ရင်းနှီးလေသည်။ သူတို့ရဲ့အဆက်အသွယ်တွေနဲ့ ဒီအရာဟာ ယှဉ်နိုင်စရာတောင်မရှိပေ။
ကုနင်းဟာ စွမ်းအားကြီးတဲ့လူတစ်ယောက်ယောက်နဲ့ ပုံမှန်မဟုတ်တဲ့ အဆက်အသွယ်ရှိနေတယ်လို့ သူတို့ဟာ ခံစားမိပေမဲ့လည်း သူတို့အနေနဲ့ သခင်ကြီးလင်နဲ့ အခြားသူတွေလို့ လုံးဝသံသယမဝင်ရဲပေ။
ထန်ချင်းယန်နဲ့ စုန့်နန်တို့ဟာ ကုနင်းရဲ့ ဆက်ဆံရေးကိုသိတဲ့အတွက် သူတို့ရဲ့ စကားပြောနေမှုအပေါ် မအံ့ဩကြပေ။
ရုန်ကျဲ့ချန်ဟာ သခင်ကြီးရုန်နဲ့ ရောက်ခါစမှာပင် ကုနင်းဟာ သခင်ကြီးလင်နဲ့ အခြားသူတွေ စကားပြောနေတာကို တွေ့လေသည်။ သူလည်း ကုနင်းဟာ သူတို့နဲ့ ရင်းနှီးနေတဲ့အတွက် မအံဩပဲမနေနိုင်ချေ။ ပြီးတော့ ကုနင်းဟာ ဒီနေ့အရမ်းလှပနေလေရာ သူ့အနေနဲ့ ကြောင်အသွားကာ စိတ်မသက်မသာ ဖြစ်သွားလေသည်။
ရုန်ကျဲ့ချန်ဟာ ကုနင်းကို သဘောကျနေတာဖြစ်ပေမဲ့လည်း သူမကတော့ သူ့ကိုစိတ်မဝင်စားပေ။ ထိုအရာဟာ ရုန်ကျဲ့ချန်ကို ရှုံးနိုင်သွားမှုနဲ့ ရန်ညိုးထားမှုတွေအား ဖြစ်စေလေသည်။ သူဟာ ကုနင်းအတွက် ထိုက်တန်လွန်းနေကာ သူမအနေနဲ့ သူ့ကို ငြင်းပယ်စရာ အကြောင်းမရှိဘူးဟု ခံစားနေတာဖြစ်သည်။
ကုနင်းဟာလည်း ရုန်ကျဲ့ချန်က သခင်ကြီးရုန်နဲ့ လမ်းလျှောက်ဝင်လာတဲ့အခါ တွေ့လေသည်။ သို့သော် သူမဟာ ဘယ်လိုမှမနေကာ ရုန်ကျဲ့ချန်နဲ့ သူမဟာ လုံးဝသူစိမ်းတွေအလား နေလေသည်။
ကုနင်းက သူ့ကိုတွေတဲ့အခါ ဘယ်လိုမှမနေတာကို တွေ့တဲ့အခါ ရုန်ကျဲ့ချန် ဟာ အရှက်ကွဲတယ်လို့ခံစားရလေသည်။ ထို့ကြောင့် သူဟာ တမင်တကာ ကုနင်း ကိုလျစ်လျှူရှုကာ သူမကို မသိချင်ယောင်ဆောင်လေသည်။
"မင်္ဂလာပါ လင်၊ ရှု၊ ကျန်းနဲ့ ချိုက်။ မင်းတို့ဒီနေ့ ရောက်လာသားပဲ"ဟု သခင်ကြီးရုန်က နှုတ်ဆက်လေသည်။ သူတို့ဟာ မိသားစုပြဿနာတွေကြောင့် ရန်သူတွေဖြစ်ပေမဲ့လည်း သူတို့ဟာ အပေါ်ရံမှာတော့ ယဉ်ကျေးဟန်ဆောင်ကာ တစ်ယောက်နဲ့တစ်ယောက်တွေ့တိုင်း နှုတ်ဆက်ကြလေသည်။ ထို့အပြင် သူတို့ဟာ သူငယ်ချင်းအရင်းကြီးတွေအလား ဆက်ဆံကြတာဖြစ်သည်။
"အမ်း! မင်္ဂလာပါ ရုန်။ မင်းကိုဒီမှာတွေ့ရတာ ဝမ်းသာပါတယ်"ဟု သခင်ကြီးလင်ကလည်း ရယ်မောလျက် အသိအမှတ်ပြုလေသည်။
"ဒီမှာဆုံရတာ ကောင်းမွန်တဲ့အံဩမှုတစ်ခုပဲ သခင်ကြီးရုန်"ဟု သခင်ကြီးရှု၊ ကျန်းကျုံးယွီနဲ့ ချိုက်ဝမ်ဟုန်တို့ဟာလည်း အသိအမှတ်ပြုလေသည်။ သူတို့ရဲ့ အဆင့်အတန်းကိုထောက်၍ သူတို့ဟာ သခင်ကြီးလင်ထက်ပိုပြီး လေးစားစွာနှုတ်ဆက်ကြလေသည်။
"အဖိုးလင်၊ အဖိုးရှု၊ အဖိုးကျန်းနဲ့ ပြတိုက်မှူးချိုက်"ဟု ရုန်ကျဲ့ချန်ဟာလည်း ယဉ်ကျေးစွာနှုတ်ဆက်လေသည်။
သခင်ကြီးလင်နဲ့ အခြားသူတို့ဟာလည်း ရုန်ကျဲ့ချန်ကို နှုတ်ဆက်ကြလေသည်။
"မတွေ့ရတာကြာပြီ။ နောက်ဆုံးတစ်ခေါက် တွေ့တုန်းကထက်တောင် မင်းကပိုကြည့်ကောင်းနေပါ့လား"ဟု သခင်ကြီးရုန်ကပြောသည်။ သူဟာ ဟန်ဆောင်ပြီးပြောနေတာ မဟုတ်ချေ။ ထို့အစား သူက သခင်ကြီးလင်နဲ့ အခြားသူတွေဟာ အရင်ကထက် ပိုပြီးတောက်ပပြီး ကျန်းမာရေးကောင်းနေတဲ့ပုံပေါ်ကြောင်း အမှန်တကယ်ခံစားရ၍ဖြစ်သည်။
ထိုအရာဟာ ပြောစရာတောင်မလိုပေ။ သူတို့ဟာ ကုနင်းရဲ့ စွမ်းအင်သလင်းကျောက်ကို သောက်ထားတာဖြစ်၍ သူတို့နဲ့ရွယ်တူတွေထက်စာရင် ပိုကျန်းမာနေတာဖြစ်သည်။
"ငါလဲအဲဒီလိုပဲထင်တယ်။ အခုတစ်လော ပိုကျန်းမာနေတယ်လို့ ခံစားနေရတယ်။ လေ့ကျင့်ခန်းလုပ်တာနဲ့ အနားယူနေတာတွေက အကူအညီပေးနေတယ်နဲ့တူတယ်"ဟု သခင်ကြီးလင်ကပြောသည်။ သူဟာ စကားပြောနေတာ ရပ်လိုက်၍ နောက်စားပွဲပေါ်တွင် ထိုင်လိုက်လေသည်။ "ငါမင်းနဲ့တူတူထိုင်မယ်"
သူဟာ ထိုင်လိုက်ချိန်တွင် ရှုကျင်းချန် ရဲ့နာမည်ကဒ်ကို ထိုင်ခုံတွင်တွေ့လိုက်၍ ရှုကျင်းချန်လည်း လာမှာဆိုတာ သဘောပေါက်သွားလေသည်။
ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းတို့ဟာ ကုနင်းနဲ့ အတူတူထိုင်ဖို့စီစဉ်ထားတာဖြစ်သည်။ စားပွဲပေါ်မှာ သူ့နာမည်သာရေးထားတာဖြစ်ပေမဲ့လည်း အခြားစားပွဲနှစ်လုံးဟာ သူ့ဧည့်သည်တွေအတွက် စီစဉ်ထားတာဖြစ်သည်။
ကုနင်းနဲ့ ရှုကျင်းချန်တို့နဲ့အတူ ထိုင်ဖို့စီစဉ်ထားတဲ့လူဟာ သခင်ကြီးလင်တို့ ထွက်သွားမှ သူ့ခုံမှာထိုင်ဖို့စိတ်ကူးနေတာဖြစ်သည်။ သို့သော် သခင်ကြီးလင်က သူ့ခုံမှာထိုင်ချင်ကြောင်း ပြောတဲ့အခါ သူဟာချက်ချင်းပဲကြောင်သွားကာ ဘာလုပ်ရမှန်းမသိတော့ချေ။ တကယ်လို့ သခင်ကြီးလင်သာ ဒီမှာထိုင်မယ်ဆို သူတို့အနေနဲ့ ဘယ်မှာသွားထိုင်ရမလဲ။
သို့သော်လည်း ဘယ်သူမှ သခင်ကြီးလင် ကိုထွက်သွားဖို့ မပြောရဲကျပေ။
သခင်ကြီးလင်ရဲ့ အပြုအမှုကြောင့် ရုန်ကျဲ့ချန်အပါအဝင် အားလုံးဟာ အံ့အားသင့်သွားလေသည်။ သခင်ကြီးလင်က ကုနင်းဘေးနားမှာ ဘာကြောင့်ထိုင်ချင်ရတာလဲ။ သူတို့က အဲ့လောက်တောင် ရင်းနှီးကြတာလား။
"တကယ်လို့ မင်းသာအဲ့မှာထိုင်ရင်၊ တကယ်တန်း အဲဒီနေရာမှာထိုင်ဖို့ စီစဉ်ထားတဲ့လူက ဘယ်သွားထိုင်ရမှာတုန်း"ဟု သခင်ကြီးရှုက ငိုရမလား ရယ်ရမလားမသိတော့ချေ။ အမှန်တကယ်တော့ သူတို့ဟာ ကုနင်းရဲ့ အရှေ့မှာ ထိုင်ဖို့စီစဉ်ထားတာဖြစ်၍ တစ်မီတာခွဲသာသာ,သာကွာဝေးတာဖြစ်သည်။
"သူတို့ကို ငါ့ခုံမှာထိုင်ဖို့ပြောလိုက်"ဟု သခင်ကြီးလင်ကပြောလေသည်။
သခင်ကြီးရှုနဲ့ ကျန်းကျုံးယွီတို့ဟာ ခေတ္တမျှ ဘာပြောရမှန်းမသိဖြစ်သွားသော်လည်း ထိုအရာဟာ အကြံကောင်းဖြစ်တယ်လို့ သူတို့ဆုံးဖြတ်လိုက်ကြလေသည်။
သခင်ကြီးရှုဟာ သူ့ဘေးရှိ လူကိုကြည့်လိုက်ကာ "မစ္စတာနျဲ့၊ ကျွန်တော်နဲ့ ခုံချင်းလဲထိုင်လို့ရမလား"ဟု ပြောလိုက်သည်။
သခင်ကြီးလင်ဟာ သူတို့မိသားစုလုပ်ငန်းရဲ့ မန်နေဂျာချုပ်နဲ့ နျဲ့ချန်ယန်ရဲ့အဖေ နျဲ့ရွှယ်စန်းဖြစ်တဲ့ Nie Clanရဲ့ သားအကြီးဆုံးထိုင်ခုံမှာထိုင်လိုက်တာဖြစ်သည်။
"ရပါတယ်"ဟု နျဲ့ရွှယ်စန်းကပြောသည်။ ခုံလဲထိုင်တာပြဿနာမရှိပေ။ အထူးသဖြင့်သခင်ကြီးလင်က ခွင့်တောင်းနေ၍ဖြစ်သည်။
သခင်ကြီးလင်က ဒီမှာထိုင်ချင်နေသည်ဖြစ်၍ သခင်ကြီးရှု၊ ကျန်းကျုံးယွီနဲ့ ချိုက်ဝမ်ဟုန်တို့ဟာလည်း သူနဲ့အတူရွေ့လာလေသည်။
သခင်ကြီးရုန်ဟာ သူနဲ့အတူစကားဆက်မပြောနေတော့ပေ။ ထို့အစား သူဟာ ရုန်ကျဲ့ချန်အား သူတို့ထိုင်ခုံနေရာကို ဦးတည်ခေါ်သွားကာ ထိုင်လိုက်လေသည်။
ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းတို့ဟာလည်း ထိုအချိန်မှာပဲ ရောက်လာလေသည်။
ရှုကျင်းချန်ဟာ သခင်ကြီးရှုက ကုနင်းဘေးမှာ ထိုင်နေတာကို မြင်လိုက်တာနဲ့တပြိုက်နက် သူ့စိတ်ထဲ မအီမသာဖြစ်သွားလေသည်။
ကျီပိုင်ယင်းဟာ သူတို့ကိုမသိတဲ့အတွက် သူမဟာ ကိုရို့ကားယားမဖြစ်ပေ။
မန်တနဲ့ နန်တို့ဟာ သူတို့နဲ့အတူမသွားပေ။ ထို့အစား သူတို့ဟာ သူတို့ရဲ့နောက်ဘက်အနည်းငယ်မှာ ထိုင်တာဖြစ်သည်။
ထို့အပြင် ရှုကျင်းချန်ဟာ မိန်းမငယ်လေးတစ်ယောက်နဲ့ ရောက်လာတာမြင်တဲ့အခါ သခင်ကြီးရှုဟာ စိတ်လှုပ်ရှားစွာမျက်လုံးပြူးသွားလေသည်။ သူ့မြေးဟာ နောက်ဆုံးတော့ ဉာဏ်ကောင်းသွားကာ သူ့ကိုယ်သူ ရည်းစားရှာနိုင်သွားလေသည်။
သခင်ကြီးရှုဟာ ကျီပိုင်ယင်းအား တည့်တိုးပင် သုံးသပ်ကာကြည့်လိုက်လေသည်။ သူမဟာ ကြော့ရှင်းတဲ့အရှိန်အဝါရှိတဲ့ လှပတဲ့မိန်းမငယ်လေးတစ်ယောက်ဖြစ်ပြီး သူမဟာ သာမာန်မိသားစုကလာတဲ့ လူတစ်ယောက်နှင့်လည်း မတူပေ။
အဖိုးကြီးဟာ သူမကို ဆက်တိုက်ကြည့်နေတာကို မြင်တဲ့အခါ ကျီပိုင်ယင်းဟာ ဘာလို့မှန်းမသိသောလည်း သူမမျက်နှာပေါ်တွင် မပြပေ။
"မင်္ဂလာပါ အဖိုး။ အဖိုးလင်၊ အဖိုးကျန်းနဲ့ ပြတိုက်မှူးချိုက်"ဟု ရှုကျင်းချန်ဟာ သူတို့ရှေ့သို့ လျောက်သွားကာ နှုတ်ဆက်လိုက်လေသည်။
ကျီပိုင်ယင်းဟာ ထိုအဖိုးအိုမှ သုံးသပ်ကြည့်ရှုနေတာအပါအဝင် ကျင်းချန်ဟာ ထိုအဖိုးအိုအား သူ့ရဲ့အဖိုးအဖြစ်နှုတ်ဆက်လိုက်တာနဲ့ တပြိုင်နက် သူမဟာ စိတ်ပူသွားလေသည်။ သူမဟာ ရှုကျင်းချန်ရဲ့ အဖိုးနဲ့ ဒီမှာဆုံမယ်လို့ မထင်မှတ်ထားပေ။
ကျီပိုင်ယင်းဟာ စိတ်မသက်မသာဖြစ်နေ၍ ကုနင်းဟာ ချက်ချင်းမတ်တပ်ရပ်လိုက်ကာ မိတ်ဆက်ပေးလေသည်။ "ဒါက အဖိုးရှု။ ဒါက ရှောင်းထင်ရဲ့အဖိုး အဖိုးလင်။ ဒါက အဖိုးကျန်း။ ပြီးတော့ ဒါကနန်းတော်ပြတိုက်ရဲ့ခေါင်းဆောင် ပြတိုက်မှူးချိုက်"
"မင်္ဂလာပါ အဖိုးလင်၊ အဖိုးရှု၊ အဖိုးကျန်းနဲ့ ပြတိုက်မှူးချိုက်"ဟု မိတ်ဆက်ပေးပြီးတာနဲ့ ကျီပိုင်ယင်းဟာ ယဉ်ကျေးစွာပင် နှုတ်ဆက်လေသည်။
"မင်္ဂလာပါ"ဟု သူတို့ကပြန်ပြောလေသည်။ သခင်ကြီးရှုက ပိုပြီး စိတ်ပါနေလေသည်။
"ဒါက သမီးသူငယ်ချင်း ကျီပိုင်ယင်းပါ" ဟု ကုနင်းက သခင်ကြီးလင်နဲ့ အခြားသူတို့အား မိတ်ဆက်ပေးလေသည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၅၄ သူ့မြေးတော့ကောင်မလေးရသွားပြီလို့ တွေးမိသွားတယ်
"ဟမ်။ သူမက သမီးသူငယ်ချင်းလား။ သမီးဆိုလိုချင်တာက သူမက ကျင်းချန်ရဲ့ ချစ်သူကောင်မလေးမဟုတ်ဘူးပေါ့"ဟု ကုနင်းရဲ့ မိတ်ဆက်ပေးမှုကို ကြားလိုက်တာနဲ့ တပြိုင်နက် သခင်ကြီးရှုဟာ စိတ်ပျက်သွားလေသည်။ အစကတော့ သူ့မြေးက သူ့ဘာသာသူကောင်မလေးရှာနိုင်သွားပြီလို့ သူကထင်နေတာဖြစ်သည်။ အခု ကုနင်းက ကျီပိုင်ယင်းအား သူမရဲ့သူငယ်ချင်းအဖြစ် မိတ်ဆက်လိုက်တဲ့အတွက် သူ့ရဲ့စိတ်က မကြည်တော့ပေ။
ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းတို့ဟာ ရှက်သွားလေသည်။ သခင်ကြီးလင်နဲ့ ကျန်းကျုံးယွီတို့ပင် ပြောစရာစကားမဲ့သွားလေသည်။ သူတို့က ဘေးမှာအတူတွဲထိုင်နေတာနဲ့ပဲ သူတို့ဟာတွဲနေတယ်လို့ ထင်လို့မရပေ။
ထားပါတော့။ သူဟာ သခင်ကြီးလင်က ကုနင်းအကြောင်း အချိန်တိုင်းအမြဲကြွားနေ၍ မြွေးချွေးမအရမ်းလိုချင်နေတာဖြစ်သည်။
ကုနင်းဟာ ကြည့်မနေနိုင်တော့ပေ။ သူမဟာ စနောက်လျက် "အဖိုးရှုက သူမကို ကျင်းချန်ရဲ့ ချစ်သူကောင်မလေးဖြစ်စေချင်လို့လား"ဟု မေးလိုက်သည်။
"ဒါပေါ့။ ကျင်းချန်က အသက်လဲမငယ်တော့ဘူး။ အခြေချဖို့ အချိန်တန်ပြီမဟုတ်ဘူးလား။ ရှောင်းထင်တောင် ချစ်သူရပြီးနေပြီ။ နောက်ဆုံးတော့ အခုသူ့ဘေးမှာ ကောင်မလေးတစ်ယောက်ရပ်နေတာမြင်တော့ ငါက သူဉာဏ်ထပ်လာပြီး ကိုယ့်ကိုကိုယ် ချစ်သူကောင်မလေးရှာနိုင်သွားပြီထင်တာ။ ဒါပေမယ်..."ဟု သခင်ကြီးရှုက စိတ်ပျက်သွားကာပြောလိုက်သည်။ သူဟာ အနည်းငယ်ပင် စိတ်မကောင်းဖြစ်သွားလေသည်။
"ဖူး...."ဟု ကုနင်းက မထိန်းနိုင်တော့ပဲ ရယ်လေတော့သည်။ "တကယ်လို့ သူ့ကို အဲ့ကောင်မလေးရစေချင်ရင် အဖိုးအနေနဲ့ သူ့ကိုပိုကြိုးစားခိုင်းမှရမှာ"
သူတို့ဘယ်အဆင့်ကို ရောက်နေတယ်ဆိုတာ ကုနင်းကပြောလိုက်တာဖြစ်သည်။ သူတို့က တွဲနေတာမဟုတ်သေးပေမဲ့လည်း လုံးဝမဖြစ်နိုင်ဘူးလို့ ဘယ်သူမှမပြောပေ။
ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းတို့ဟာ ပိုပြီးရှက်သွားလေသည်။
သခင်ကြီးရှုရဲ့မျက်လုံးတွေဟာ လင်းလက်သွားလေသည်။ သူဟာ ကျင်းချန်အား "မင်းပိုကြိုးစားရင် ကြိုးစား။ တကယ်လို့ဒီနှစ်အတွင်းမှ အခြေတကျမရှိသေးရင် ငါနဲ့တွေ့မယ်"ဟုပြောလေသည်။
သူဟာထိုသို့ပြောပြီးနောက် ကျီပိုင်ယင်း အားငြင်သာစွာကြည့်လျက် "မစ္စ၊ ကျင်းချန်က ယောင်္ကျားကောင်းတစ်ယောက်ပါ။ သူက စကားချိုချိုသာသာမပြောတတ်ပေမဲ့လည်း ကြည့်ကောင်းပြီး အရည်အချင်းလဲရှိတယ်။ ပိုပြီးအရေးကြီးတာက အဖိုးတို့မိသားစုက ယောင်္ကျားလေးတွေက သစ္စာရှိတာမလို့ သူ့ကိုအခွင့်အရေးပေးလို့ ဘာမှမဖြစ်ဘူး"ဟုပြောလေသည်။
သခင်ကြီးရှုရဲ့စကားကြောင့် ကျီပိုင်ယင်း ဟာရှက်သွားလေသည်။ သူမဟာ အဖိုးအိုအားဘယ်လိုပြန်ဖြေရမလဲမသိတော့ကာ ကုနင်းအား အကူအညီတောင်းတဲ့အကြည့်ဖြင့် ကြည့်လေသည်။
"အဖိုး...."ဟု ရှုကျင်းချန်ဟာလည်း ဘာပြောရမှန်းမသိဖြစ်သွားလေသည်။ သူဟာ ကျီပိုင်ယင်းကိုနဲ့ သူနဲ့ဆက်ဆံရေးကို မငြင်းချင်ပေ။ သူတို့ဟာ အခုတွဲမနေသေးပေမဲ့လည်း သိပ်မကြာတော့ဘူးဖြစ်သည်။
သို့သော်လည်း သူတို့ကမတွဲနေသေး၍ သူအနေနဲ့ထိုသို့လုပ်လို့မရပေ။ သူဟာ ကျီပိုင်ယင်းက စိတ်ဆိုးသွားမှာကြောက်နေတာဖြစ်သည်။
"အဖိုးရှုက သမီးသူငယ်ချင်းကို ရှက်အောင်လုပ်နေတာပဲ။ သမီးသူ့ကို သူ့ခုံပြလိုက်ဦးမယ်"ဟု ကုနင်းက ကျီပိုင်ယင်း အားဆွဲကာ ပြောလိုက်လေသည်။
"ကောင်းပါပြီ"ဟု သခင်ကြီးရှုဟာလည်း သူလွန်သွားမှန်းသိသောကြောင့် ထိုအကြောင်းအရာကို ဆက်မပြောတော့ပေ။ သို့သော် သူဟာ ကျီပိုင်ယင်းကိုတော့ ဆက်ပြီး လှမ်းလှမ်းကြည့်နေလေသည်။ သူမကို မြင်လေလေ သူဟာပိုပျော်လေလေဖြစ်သည်။ ကျီပိုင်ယင်းဟာ ပိုပြီးကို့ရို့ကားယားဖြစ်နေလေသည်။
ကုနင်းဟာ အံဩစရာပင် ရှုကျင်းချန်နဲ့ရင်းနီးနေတာကို တွေ့တာအခါ ရှေ့ဆုံးတန်းမှာထိုင်နေတဲ့ ရုန်ကျဲ့ချန်ရဲ့ ရင်ထဲမှာ ရှုပ်ထွေးသွားလေသည်။ သူမဟာ ထိုမိသားစုခေါင်းဆောင်တွေနဲ့ ရှုကျင်းချန်နဲ့ပါ ရင်းနှီးနေတာလား သူသိချင်လေသည်။ အခြားမိသားစုခေါင်းဆောင်တွေနဲ့ရော သူမရင်းနှီးသေးလား။
ရုန်ကျဲ့ချန်ထင်တာမှန်ပေမဲ့လည်း သူဟာ သူတို့မိသားစုဝင်တွေနဲ့ သိပ်မရင်းနှီးပေ။
လေလံပွဲမစခင် ၁၀မိနစ်လောက်သာ လိုတော့တာကြောင့် လူတွေအများစုဟာ ရောက်နှင့်ပြီးဖြစ်သည်။
ကုနင်းဟာ Rနိုင်ငံရဲ့ နာမည်ကြီး တေးဂီတဖျော်ဖြေပွဲဟောခန်းမမှ ဂီတာပညာရှင်ဖြစ်တဲ့ ဟာရာဒါ ဟိုနီချီကို ခုံတန်းငါးခုမြောက်မှာ ထိုင်နေတာကို တွေ့လေသည်။ သူမရဲ့မျက်နှာဟာ တည်ငြိမ်နေပေမဲ့လည်း သူမရဲ့ရင်ထဲမှာတော့ သတ်ချင်စိတ်တွေ ထကြွနေတာဖြစ်သည်။
ဟာရာဒါ ဟိုနီချီနဲ့အတူလာတဲ့ အမျိုးသား ဒါမှမဟုတ် ဟာရာဒါ ဟိုနီချီ ရဲ့နောက်မှာလိုက်လာတဲ့လူဟာ လူလတ်ပိုင်းအမျိုးသားတစ်ယောက်ဖြစ်သည်။ အဲဒီလူဟာ ချန်တရုန်ပြန်ပေးဆွဲခံရမှုရဲ့ နောက်ကွယ်ကလူဖြစ်သည်။
ထိုလူဟာ ကျန်းချန်ထောင်လို့ ခေါ်သည်။ သူဟာ ကုမ္ပဏီ CEO တစ်ယောက်ဖြစ်ကာ ဘီလီရမ်များစွာတန်လေသည်။ ထို့အပြင် သူ့ဦးလေးဟာ အစိုးရဝန်းထမ်းဖြစ်ပြီး လက်ထောက်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်တဲ့အတွက် သူဟာ ဩဇာရှိတဲ့လူတစ်ယောက်ဖြစ်သည်။
ကုနင်းဟာ ဟာရာဒါ ဟိုနီချီကို ပညာပေးဖို့ ဆုံးဖြတ်လိုက်ပြီးဖြစ်၍ သူမဟာ ကျန်းချန်ထောင်အကြောင်းကို မေ့လိမ့်မည်မဟုတ်ပေ။ တကယ့်နောက်ကွယ်ကလူဟာ သူမဟုတ်ပေမဲ့လည်း သူဟာ ကြံရာပါဖြစ်သည်။ သူမအနေနဲ့ သူတို့ကို နောက်ပြီးကျရင် ဖြေရှင်းမည်ဖြစ်သည်။
ဟာရာဒါ ဟိုနီချီအပါအဝင် အခြားနိုင်ငံခြားသားတစ်ချို့လဲ သူတို့ကြားတွင် ရှိသေးလေသည်။
နိုင်ငံခြားသားတွေအား လေလံပွဲတက်ရန် ကြိုဆိုသော်လည်း သူတို့အနေနဲ့ လေလံဝင်ဆွဲ၍တော့မရပေ။ လေလံပွဲမှာ ဒီနိုင်ငံသားတွေသာ လေလံဆွဲခွင့်ရတာဖြစ်သည်။
ရောင်းနေတဲ့ပစ္စည်းတွေကို ကူပြီး လေလံဆွဲပေးဖို့ ဒီနိုင်ငံသားတွေကို အကူအညီတောင်းတာမျိုးတွေတော့ ဒီစည်းဟာ အကြုံးမဝင်ပေ။ ထိုအရာဟာ ရှောင်လွှဲလို့မရပေ။ သို့သော် သူတို့အားလုံးဟာ ဒီကိုကြေးဂီတခေါင်းလောင်းတွေအတွက် လာတာဖြစ်သည်။ ကြေးဂီတခေါင်းလောင်းတွေဟာ ပြတိုက်ကိုရောက်သွားမှာ ဖြစ်တဲ့အတွက် သူတို့အနေနဲ့ လက်ဗလာနဲ့ ပြန်သွားရမှာမလွဲပေ။
ယွမ်မိသားစုဝင်တွေဖြစ်တဲ့ သခင်ကြီးယွမ်နဲ့ သူ့ရဲ့မြေးမလေးဖြစ်တဲ့ ယွမ်ယီလင်း တို့ဟာတော့ လေလံပွဲ မစခင် ၅မိနစ်အလိုမှရောက်လာလေသည်။
ယွမ်ယီလင်းဟာ ကုနင်းကို မြင်တိုက်တာနဲ့ တပြိုင်နက် ကြောင်သွားလေသည်။ သူမဟာ ကုနင်းနဲ့ ဒီမှာဆုံလိမ့်မယ်လို့ လုံးဝမမျှော်လင့်ထားပေ။
ပြီးတော့ ကုနင်းဟာ ပုံမှန်ထက်ပိုပြီး လှပကာ ပိုအဆင့်အတန်းရှိတဲ့ပုံဖြစ်နေသောကြောင့် ယွမ်ယီလင်းရဲ့ မျက်လုံးထဲမှာ သဝန်တိုမှုတွေ ဖြတ်ပြေးနေလေသည်။
ပြီးတော့ သူမဟာ အံဩစရာပင် သခင်ကြီးလင်၊ သခင်ကြီးရှုနဲ့ သခင်ကြီးကျန်းတို့ဟာ သူမနဲ့အတူ ဒုတိယတန်းမှာ ထိုင်နေတာဖြစ်သည်။ ကုနင်းဟာ သခင်ကြီးလင် နဲ့သိနေပုံပေါ်ပြီး ကြည့်ရတာပိုရင်းနှီးပုံရလေသည်။
ဘာတွေဖြစ်နေတာလဲ။ ကုနင်းက ဘယ်လိုလုပ် သခင်ကြီးလင်နဲ့ ရင်းနှီးနေတာလဲ။ ပြီးတော့ ရှုကျင်းချန်ကလည်း အံဩစွာပင် ကုနင်းတို့နဲ့ အတူထိုင်နေတာဖြစ်သည်။
ယွမ်ယီလင်းဟာ အမှန်တကယ်ကိုပင် ကုနင်းအား အထင်သေးမိတာဖြစ်သည်။ သူမဟာ အံဩစရာပင် အဆက်အသွယ်ကောင်းတွေရှိနေလေသည်။ သူမဟာ အရမ်းမာနကြီးနေတာ မဆန်းပေ။
သို့သော်လည်း ကုနင်းက သခင်ကြီးလင်နဲ့ အခြားလူကြီးတွေနဲ့ တအားရင်းနှီးမယ်လို့တော့ ယွမ်ယီလင်းက မထင်ပေ။ ကုနင်းက မိန်းမငယ်လေးဖြစ်သေးသည့်အတွက် သူတို့အနေနဲ့ သူမကို တအားကြီး အရေးတယူလုံးဝလုပ်မှာမဟုတ်ပေ။ ကုနင်းဟာ အသက်ငယ်သော်လည်း ပါရမီရှိတယ်လို့ သူတို့ကထင်နေတာဖြစ်ကာ အထင်ကြီးနေ၍ သူမနဲ့ စကားအနည်းငယ်ပြောနေတာဖြစ်လိမ့်မည်။
ကုနင်းနဲ့ သခင်ကြီးလင်တို့ရဲ့ စောနက ပြောဆိုဆက်ဆံပုံအား ယွမ်ယီလင်းဟာ မတွေ့လိုက်၍ သူမအနေနဲ့ ထိုသို့တွေးနေတာ မထူးဆန်းပေ။ သူတို့ရဲ့ အသက်အရွယ်ကွာကြားမှုကိုကြည့်ပြီး သူတို့ဟာရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်တယ်လို့ ဘယ်သူကမှ မထင်မှာမလို့ဖြစ်သည်။ အသက်အရွယ်တူတဲ့လူတွေအချင်းချင်းသာ သူငယ်ချင်းဖြစ်ဖို့ ပိုလွယ်ကူ၍ဖြစ်သည်။
ယွမ်ယီလင်းရဲ့ စိတ်ထဲမှာရုတ်တရက် မကောင်းတဲ့အတွေးတစ်ခု ဝင်လာကာ သူမရဲ့မျက်လုံးထဲတွင် ယုတ်မာတဲ့အကြည့်တစ်ခု ဖြတ်ခနဲပြေးသွားလေသည်။ သူတို့ဟာ ခင်မင်ရင်းနှီးသည့်အလား ကုနင်းကို နွေးထွေးစွာပြုံးလျက် "ကုနင်း၊ နင့်ကိုဒီမှာတွေ့မယ်လို့ မထင်ထားဘူး။ တိုက်ဆိုင်လိုက်တာ"ဟု နှုတ်ဆက်လိုက်လေသည်။
ကုနင်းအပေါ် ယွမ်ယီလင်းဘက်ကစ၍ ထိုသို့နွေးထွေးစွာဆက်ဆံတဲ့ပုံဟာ ပုံမှန်မဟုတ်တဲ့အတွက် ကုနင်းဟာ တစ်ခုခု မဟုတ်တာဖြစ်တော့မယ်မှန်း ရိပ်မိလေသည်။
သူမဟာ သခင်ကြီးလင်နဲ့ အခြားလူကြီးတွေနဲ့ ဘယ်လောက်ရင်းနှီးနေလဲဆိုတာ တွေ့ပြီး ယွမ်ယီလင်းဟာ သူမနဲ့ ပိုရင်းနှီးချင်တယ်လို့ သူမဟာ မထင်ပေ။
ယွမ်ယီလင်းဟာ ယွမ်မိသားစုက လာတာဖြစ်၍ သူတို့ဟာ လင်မိသားစုနဲ့ ရန်ဖက်တွေဖြစ်သည်။ သူတို့မိသားစုတွေဟာ ခွန်အားချင်းတူတာဖြစ်၍ ယွမ်ယီလင်းအနေနဲ့ သခင်ကြီးလင်အပေါ် အကောင်းမြင်အောင်လုပ်ဖို့ မလိုအပ်ပေ။
ကုနင်းဟာ သခင်ကြီးလင်နဲ့ရင်းနှီးတာနဲ့တင် ယွမ်ယီလင်းအနေနဲ့ ကုနင်းနဲ့ နီးကပ်အောင် လုပ်ဖို့ကြိုးစားတယ်ဆိုတာ အဓိပ္ပါယ်မရှိပေ။
ယွမ်ယီလင်းအနေနဲ့ သူမနဲ့ရင်းနှီးတဲ့ပုံစံ တမင်တကာဟန်ဆောင်နိုင်တဲ့ တစ်ခုတည်းသော အကြောင်းပြချက်ကတော့ သခင်ကြီးလင်ကို ကုနင်းနဲ့ ဝေးဝေးနေအောင်လုပ်ဖို့ဖြစ်သည်။
သူမ ဘာလို့ထိုသို့လုပ်နေတာလဲ။
တကယ်လို့ ကုနင်းကသာ ယွမ်ယီလင်းနဲ့ ရင်းနှီးတယ်ဆိုရင် လင်မိသားစုဟာ ကုနင်းနဲ့ ဝေးဝေးနေမှာမလို့ဖြစ်သည်။ ကိုယ့်ရန်သူရဲ့ သူငယ်ချင်းတွေကို ကိုယ့်ဘေးနားမှာ ထားတာ ကောင်းတဲ့အရာမဟုတ်၍ ဖြစ်သည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၅၅ အဖိုးလင်အပေါ် မလေးစားခြင်း
သူမနဲ့ သခင်ကြီးလင်ကြားမှာ သွေးထိုးဖို့ တကယ်ကြိုးစားနေတယ်ဆိုရင်တော့ ယွမ်ယီလင်းဟာ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတယ်လို့ ကုနင်းကထင်လေသည်။
သူမဟာ ယွမ်ယီလင်းနဲ့ ရင်းနှီးတဲ့သူငယ်ချင်းဖြစ်ကာ သခင်ကြီးလင်နဲ့ ကုနင်းဟာ သာမာန်သိကျွမ်းတာဆိုရင်တော့ ယွမ်ယီလင်းရဲ့ အကြံအစည်ဟာ အောင်မြင်ချင်အောင်မြင်ပေလိမ့်မည်။
ကုနင်းတွေးတာမှန်လေသည်။ ယွမ်ယီလင်းဟာ သခင်ကြီးလင်နဲ့ ကုနင်းကို သွေးထိုးဖို့ကြိုးစားနေတာဖြစ်သည်။ သူတို့ဟာ အရမ်းရင်းနှီးတယ်လို့ သူမဟာ မထင်ပေမဲ့လည်း သူမအနေနဲ့ သူတို့အဆင်ပြေနေတာကို လက်ပိုက်မကြည့်နေနိုင်ပေ။
"စီနီယာယွမ်"ဟု ကုနင်းက ဂရုမစိုက်စွာပြောလိုက်သည်။
"နင်ဘယ်သူနဲ့အတူတူလာတာလဲ"ဟု ယွမ်ယီလင်းက မေးလေသည်။
"ကျွန်မ ဖိတ်စာရတယ်"ဟု ကုနင်းက ဖြေကာ တောင်းပန်စကားဆိုရင်း "စီနီယာယွမ်၊ တောင်းပန်ပါတယ်။ ကျွန်မ အဖိုးလင်နဲ့ စကားပြောနေရင်း တန်းလန်းမလို့ စကားပြောဖို့ အဆင်မပြေသေးဘူး။သူများ စကားပြောနေတာကို ဝင်ဖြတ်ပြောတာဟာ ရိုင်းတဲ့အပြူအမှုပဲ။ ပြီးတော့ အဲ့တာဟာ သခင်ကြီးလင်အပေါ်မှာလဲ အရမ်းရိုင်းတဲ့အပြုအမှုပဲ..."ဟု ပြောလိုက်လေသည်။
ကုနင်းဟာ ယွမ်ယီလင်းရဲ့မျက်နှာအား ထိုစကားဖြင့် ဖြတ်ရိုက်လိုက်တာဖြစ်သည်။ ကုနင်းနဲ့ သခင်ကြီးလင်တို့ဟာ စကားပြောနေရင်း တန်းလန်းကြီးဖြစ်ကာ သူတို့ကြားထဲ ဝင်ပြီးဖြတ်ပြောလိုက်တာဟာ ရိုင်းတဲ့အပြုအမှုဖြစ်ကြောင်းပြောကာ သူမက ယွမ်ယီလင်းအား လေးစားမှုမရှိဘူးလို့ ဆိုလိုလိုက်တာဖြစ်သည်။
လူတိုင်းဟာ ယွမ်ယီလင်းအား စိတ်ပျက်သွားသည့်ပုံဖြင့် ကြည့်လိုက်ကြလေသည်။ သူတို့အနေနဲ့ ယွမ်မိသားစုခေါင်းဆောင်ရဲ့ မြေးမဟာ သခင်ကြီးလင်ရဲ့ စကားဝိုင်းကို ရိုင်းဆိုင်စွာဝင်နှောက်ယှက်လိမ့်မယ်လို့ မထင်ထားပေ။ သူမအနေနဲ့ သခင်ကြီးလင် အပေါ်မှာ လေးစားမှုမရှိဘူးလား။
ထိပ်တန်းမိသားစုလေးခုစလုံးဟာ မတည့်ကျကာ အချိန်တိုင်း ဆက်တိုက်ရန်ဖြစ်နေကျပေမဲ့လည်း တစ်စုံတစ်ယောက်ရဲ့ စကားဝိုင်းကို ဝင်ဖြတ်ပြောတာဟာ ရိုင်းလွန်းသည်ဖြစ်သည်။
တကယ်လို့ထိပ်တန်းမိသားစုတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတည့်ကျတောင် သခင်ကြီးလင်ဟာ လူကြီးတစ်ယောက်ဖြစ်၍ဖြစ်သည်။ ပြီးတော့ အဖိုးလင်ဟာ လင်မိသားစုရဲ့ခေါင်းဆောင်ဖြစ်၍ သူ့အနေနဲ့ ထူးခြားတဲ့အဆင့်အတန်းရှိလေသည်။ ယွမ်ယီလင်းဟာ အရမ်းရိုင်းစိုင်းလေသည်။
တကယ်လို့ ကုနင်းက ယွမ်ယီလင်းနဲ့ အသိတွေဆိုရင်တောင် သခင်ကြီးလင်က စိတ်ထဲမထားပေ။ လူတစ်ယောက်နဲ့ အသိတွေဆိုတာနဲ့ ရင်းနှီးတဲ့သူတွေဖြစ်တယ်ဆိုတာဟာ လုံးဝမတူညီတဲ့အရာတွေမလို့ ဖြစ်သည်။ သူဟာ သူတို့မိသားစုတွေကြားမှာ ရန်ငြိုးတွေရှိတာနဲ့ပဲ ကုနင်းကို ယွမ်ယီလင်းနဲ့ စကားပြောတာကို ရပ်ဖို့ပြောမှာမဟုတ်ပေ။ ကုနင်းဟာ လင်မိသားစုကို ထိခိုက်အောင် ဘာမှလုပ်မှာမဟုတ်ဘူးလို့ သူကယုံကြည်လေသည်။
သခင်ကြီးလင်ဟာ ကုနင်းနဲ့ ယွမ်ယီလင်းတို့ဟာ သူငယ်ချင်းတွေမဟုတ်ဘူးဆိုတာ လျှင်မြန်စွာရိပ်မိလိုက်သော်ကြောင့် သူဟာ ယွမ်ယီလင်းအား ခက်ထန်စွာစိုက်ကြည့်လိုက်လေသည်။ ကြည့်ရတဲ့ပုံအရ ယွမ်ယီလင်းဟာ သူ့ကိုဖြတ်ပြောလိုက်သည့်အတွက် အမှန်တကယ်ပင် မပျော်မရွှင်ဖြစ်သွားပုံပေါ်လေသည်။
သခင်ကြီးယွမ်ဟာလည်း ယွမ်ယီလင်း ကြောင့်စိတ်ရှုပ်သွားကာ တင်းမာစွာစိုက်ကြည့်လိုက်လေသည်။ အစကတော့ သူဟာ သူမြေးမရဲ့ ရိုင်းပြမှုကို သတိမထားမိသော်လည်း အခုတော့ ထိုမိန်းမငယ်လေးက ထောက်ပြလိုက်သည့်အတွက် သူမရဲ့ အလိုက်မသိမှုအပေါ် သူဟာ စိတ်ပျက်သွားလေသည်။ သူမဟာ သခင်ကြီးလင် ရှေ့မှာတင် သူ့ကို အရှက်ခွဲလိုက်တာဖြစ်သည်။
ပြီးတော့ ဒီကောင်မလေးဟာ ယွမ်ယီလင်းကို ပြဿနာရှာချင်လို့ တမင်တကာပြောနေတာဖြစ်သည်။ သခင်ကြီးယွမ်ဟာ ကုနင်း အပေါ်ဒေါသထွက်ပေမဲ့လည်း ယွမ်ယီလင်းရဲ့အမှားဖြစ်တဲ့အတွက် သူအနေနဲ့ သူမဘက်က လိုက်ပြီး ဘာမှမပြောနိုင်ပေ။
ယွမ်ယီလင်းဟာလည်း သူမလုပ်လိုက်တဲ့နည်းဟာ မှားသွားတယ်ဆိုတာ သဘောပေါက်သွားပြီး ချက်ချင်းရှက်သွားလေသည်။ သူမရဲ့ အဖိုးဟာ သူမကို တင်းမာစွာကြည့်နေ၍ သူမဟာ ကြောင်သွားလေသည်။
တောက်။ ကုနင်းဟာ သူမအား လူရှေ့မှာ အရှက်ခွဲလိုက်ချေသည်။ တကယ်လို့ ကုနင်းသာ သေချာထုတ်မပြောလိုက်ရင် သူမရဲ့ ရိုင်းပြမှုကို ဘယ်သူကမှ သတိထားမိလိုက်မှာ မဟုတ်ပေ။
သူမဘက်က မှားတာဖြစ်ပေမဲ့လည်း ယွမ်ယီလင်းဟာ ကုနင်းအပေါ်အပြစ်တင်လေသည်။ သူတို့ဟာ တစ်မိသားစုထဲကဆိုတာ သံသယဝင်စရာမရှိပေ။
ကုနင်းကတော့ သူမနဲ့မဆိုင်သလို ခံစားရလေသည်။ ယွမ်ယီလင်းဟာ ဩဇာကြီးမားပြီး ချမ်းသာတဲ့မိသားစုမှာ မွေးဖွားလာတဲ့သူဖြစ်တဲ့အတွက် သူမဟာ ချက်ချင်းတုံ့ပြန်ကာ " နင့်ကို ဒီမှာတွေ့လိုက်ရလို့ အံဩသွားပြီး စကားပြောနေတာကို မရည်ရွယ်ပဲ ဖြတ်ပြောလိုက်မိတဲ့အတွက် တောင်းပန်ပါတယ်"ဟု တောင်းပန်လေသည်။
သူမဟာ သခင်ကြီးလင်ဘက် လှည့်၍လည်း "အဖိုးလင်၊ ကျွန်မမှားသွားပါတယ်။ ကျွန်မအဲဒီလိုမဆိုလိုတဲ့အပြင် အဖိုးအနေနဲ့ ဗွေမယူဖို့မျှော်လင့်ပါတယ်"ဟု သူ့အားလည်းတောင်းပန်လိုက်လေသည်။
ယွမ်ယီလင်းဟာ ဒေါသထွက်နေပေမဲ့လည်း သူမဟာ အခြားဧည့်သည်တွေ ဆက်ပြောမှာဆိုးသော်ကြောင့် တောင်းပန်တဲ့အချိန်တွင် ကောင်းမွန်စွာပြုမှုလေသည်။
ယွမ်ယီလင်းဟာ ထိုသို့မရည်ရွယ်ဘူးလို့ ဘေးနားရှိလူတွေဟာ စတင်ခံစားသွားရလေသည်။ လူတွေဟာ အမှားလုပ်တတ်ကြလေသည်။ ထို့အပြင် ထိုအရာဟာ အမှားသေးသေးလေးတင် ဖြစ်လေသည်။
"အမ်း! ပြဿနာမရှိပါဘူး။ အခုကစပြီးသာ ဂရုစိုက်"ဟု သခင်ကြီးလင်ဟာ စိတ်ထားအပြည့်ဖြင့် သူမအား ခွင့်လွှတ်လိုက်လေသည်။ သူဟာ သူမကို ခက်ခဲအောင်လုပ်ဖို့ အစကတည်းက စိတ်ကူးမရှိချေ။
"ဟုတ်ကဲ့ အဖိုးလင်။ ကျွန်မအခုကစပြီး ဂရုစိုက်ပါ့မယ်"ဟု ယွမ်ယီလင်း ဟာလည်း အသိအမှတ်ပြုလေသည်။
ယွမ်ယီလင်းဟာ ကုနင်းအား စကားဆက်မပြောတော့ပေ။ ကုနင်းအပေါ်မှာ ဘယ်လောက်ဒေါသထွက်ထွက် သူမအနေနဲ့ ထုတ်မပြရဲပေ။ လေလံပွဲကို တက်တဲ့လူတွေဟာ သာမာန်လူတွေမဟုတ်ချေ။ သူမသာ ထုတ်ပြလိုက်တာနဲ့ တပြိုင်နက် လူတွေဟာ သတိထားမိမှာဖြစ်သည်။
သူမဟာ သူမရဲ့ ဂုဏ်သတင်းကို ဂရုစိုက်သကဲ့သို သခင်ကြီးလင်ဟာလည်း အလားတူပင်ဖြစ်ကာ တကယ်လို့သူမသာ အရှက်ကွဲအောင်လုပ်ရင် သူမအဖိုးဟာ သူမအားလွှတ်ထားလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း သူမအပေါ် ကုနင်းရဲ့ အခုလိုလုပ်ရက်ကို သူမအနေနဲ့ မှတ်ထားမှာဖြစ်သည်။
ယွမ်ယီလင်းရဲ့ ရင်ထဲမှာ ကုနင်းအပေါ် အငြိုးထားမှုတွေဟာ မွေးဖွားလာလေသည်။
"ဟေး။ နင်နဲ့သူမနဲ့ ကြားမှာ ဘာတွေဖြစ်ကြတာလဲ"ဟု ရှုကျင်းချန်ဟာ ကုနင်း အနားလာ၍ တိုးတိုးလေးမေးလေသည်။
"ယွမ်ယီလင်း တနေ့က ငါ့ကိုရုတ်တရက်လာချည်းကပ်ပြီး ငါက အရမ်းထောင်လွှားနေတယ်လို့ပြောတယ်။ ငါတစ်စုံတစ်ယောက်ကို အပြစ်မလုပ်မိအောင် သိုသိုသိပ်သိပ်နေဖို့လဲ သတိပေးတယ်။ သူမဘယ်သူလဲဆိုတာ ငါရှာကြည့်ပြီးနောက် သူမဘာလို့ ငါ့ကိုခြိမ်းခြောက်လဲဆိုတာ ငါသဘောပေါက်သွားတယ်။ သူမရဲ့ ဝမ်းကွဲညီအစ်မ ယွမ်ရှူးယန်နဲ့ ငါနဲ့ပြဿနာတက်ထားလို့ ငါ့ကိုလာခြိမ်းခြောက်နေတာပဲ။ ဒီနေ့ သူမငါ့ကို ရုတ်တရက်ကြီး လာချည်းကပ်ပြီး ရင်းနှီးချင်ယောင်ဆောင်နေတာ အဓိပ္ပာယ်မရှိဘူးမလို့ သူမတစ်ခုခုမကောင်းတာကြံနေမယ်လို့ထင်လိုက်တာ။ ငါက အဖိုးလင်နဲ့ ရင်းနှီးလို့ မာန်တတ်နေတယ်လို့ သူမကထင်နေတာနေမယ်။ တကယ်လို့ ငါထင်တာမမှားရင် အဖိုးလင်နဲ့ ငါနဲ့ကြားမှာ သွေးထိုးချင်လို့ ငါနဲ့လာပြီး ရင်းနှီးချင်ယောင်ဆောင်တာပဲဖြစ်ရမယ်။ ထိပ်တန်းမိသားစုလေးခုလုံးဟာ သိပ်ပြီး...."ဟု ကုနင်းဟာ သူမရဲ့စကားကို ဆုံးအောင်မပြောလိုက်သော်လည်း သူမဘာကိုဆိုလိုချင်နေတယ်ဆိုတာ အသိသာပင်ဖြစ်သည်။
"ဘာ။ ငါထင်တာတော့ သူမဟာ ကိုယ့်ကိုကိုယ်တအားအထင်ကြီးနေတာပဲ"ဟု ရှုကျင်းချန်ဟာ အထင်သေးစွာပြောလိုက်သည်။ ကုနင်းဟာ လင်မိသားစုရဲ့ အနာဂတ်မြေးချွေးမလောင်းဖြစ်လေသည်။ အခုလို လှည့်ကွက်သုံးပြီး သခင်ကြီးလင်နဲ့ ကုနင်းကြားမှာ သွေးထိုးလို့ အောင်မြင်နိုင်မယ်လို့ ယွမ်ယီလင်းက ထင်နေတာလား။
ယွမ်ယီလင်းဟာ ကုနင်းရဲ့ တကယ့်အစစ်အမှန်ဘယ်သူလဲဆိုတာ မသိ၍ဖြစ်သည်။ တကယ်လို့ သူမသာသိရင် အခုလို တုံးအတဲ့အကွက်မျိုး လုပ်လိမ့်မည်မဟုတ်ပေ။
သိပ်မကြာခင်မှာပဲ အစီအစဉ်တင်ဆက်သူဟာ စင်ပေါ်တက်လာရာ ဧည့်သည်တွေအားလုံး အသံတိတ်သွားကြလေသည်။
အစီအစဉ်တင်ဆက်သူဟာ လေလံပွဲမစခင် အစီအစဉ်များအား မိတ်ဆက်ပေးလေသည်။
သူတို့လို နာမည်ရှိပြီးလေလံအိမ်တွေဆီသို့ ဘယ်လိုသာမာန်ရှေးဟောင်းပစ္စည်းမျိုးမှ မဝင်ရောက်နိုင်ပေ။
"ဒီကို ဘာလာကြည့်တာလဲ အဖိုးလင်။ လေလံပစ္စည်းတွေထဲမှာ စိတ်ဝင်စားတာရှိလို့လား"ဟု ကုနင်းကမေးသည်။ ပွဲဟာ မစခင် တပတ်ကြိုသတင်းဖြန့်ထားတာဖြစ်၍ လေလံပွဲမှာ တင်သမျှပစ္စည်းတွေ အားလုံးကို လူတွေအားလုံး ကြိုသိပြီးဖြစ်သည်။
"အဖိုးက လာကြည့်ရုံတင်ပါ။ ရှေးဟောင်းပစ္စည်းတွေက ကောင်းပေမဲ့လည်း အဖိုးလိုချင်တာ တစ်ခုမှမရှိပါဘူး။ လေလံပွဲမှာ လူတွေက ဈေးတွေမြှင့်ကျပြီး ရှေးဟောင်းပစ္စည်းတွေအပေါ် အဲ့လောက် ပိုက်ဆံဖြုန်းဖို့ တန်တယ်လို့မထင်ဘူး"ဟု သခင်ကြီးလင်က ပြန်ဖြေသည်။ သူဟာ ချမ်းသာသော်လည်း ကိုယ့်ကိုကိုယ် ထိန်းသိမ်းမှုရှိလေသည်။
"အဲ့တာလဲဟုတ်တာပဲ"ဟု ကုနင်းကလည်း တူတူပဲခံစားရလေသည်။ ရှေးဟောင်းပစ္စည်းတွေရဲ့ဈေးဟာ လူတွေကြောင့် ဈေးတွေတအားမြင့်နေတာဖြစ်သည်။
သူမဟာလည်း ရှေးဟောင်းပစ္စည်းစုဆောင်းသူဖြစ်ပေမဲ့လည်း သူမဟာ ထိုပစ္စည်းတွေကို လဲလှယ်ရောင်းချရာမှာလည်း စိတ်ဝင်စားလေသည်။ လူတွေဟာ ဈေးအရမ်းတင်ထားတဲ့ ရှေးဟောင်းပစ္စည်းတွေကို ဝယ်နိုင်မှတော့ သူမဟာလည်း သူတို့အပေါ်မှာ ပျော်ရွှင်စွာပင် အမြတ်ယူနိုင်လေသည်။ သူမနဲ့ သာမာန် ရှေးဟောင်းပစ္စည်း ရူးသွပ်သူတွေဟာ ဆန့်ကျင့်ဘက်ပင်ဖြစ်သည်။
"အဖိုးက ကြေးဂီတခေါင်းလောင်းတွေကို လာကြည့်တာ"ဟု သခင်ကြီးလင်က ပြောသည်။ သူတို့ဟာ ကြေးဂီတခေါင်းလောင်းတွေအပေါ်မှာ သုသေသနတွေ အများကြီးလုပ်ထားပေမဲ့လည်း နောက်ဆုံးတွင် လေလံပွဲမှာ ထိုအရာတွေ ဘယ်လောက်ဈေးရောက်သွားမလဲဆိုတာ သူတို့ဟာ သိချင်နေတာဖြစ်သည်။ ပြီးတော့ သူဟာ ကုနင်းရဲ့ပွဲကို အားပေးတဲ့ အနေနဲ့လာတာဖြစ်သည်။
ကြေးဂီတခေါင်းလောင်းတွေအား နန်းတော်ပြတိုက်ကို ရောင်းပြီးပြီဆိုတာ ကုနင်းက သခင်ကြီးလင်ကို မပြောပြလိုက်ပေ။ သူမဟာ လေလံပွဲကိုသုံးပြီး ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင် နာမည်ရအောင် လုပ်ရုံသာဖြစ်သည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၅၆ ကုနင်း ဒီလောက်အဆက်အသွယ်ကောင်းမယ်လို့ မထင်ထားဘူး
ကုနင်းဟာ အမှန်တရားအား တမင်တကာ ဖုံးကွယ်ထားတာမဟုတ်ပေ။ သူမတို့ အခုတလော မဆုံသေးတာကြောင့် သူမအနေနဲ့ သခင်ကြီးလင်အား ထိုအကြောင်းကို ပြောပြဖို့အခွင့်မရသေးတာဖြစ်သည်။ အခုလေလံပွဲဟာစတင်နေပြီဖြစ်၍ ထိုအကြောင်းကိုပြောရန် မသင့်တော်ကာ သူမအနေနဲ့ ချိုက်ဝမ်ဟုန် က သခင်ကြီးလင်အား ပြောပြပြီးပြီလားဆိုတာမသိ၍လည်းဖြစ်သည်။
သူမဟာ သူတို့ကိုနောက်မှ ထိုအကြောင်းကိုပြောဖို့ ဆုံးဖြတ်လိုက်လေသည်။
"ဒါဆို နေ့လယ်ထိ ကျန်တဲ့လေလံပွဲ တစ်ခုလုံးကို နေမလို့လား"ဟု ကုနင်းကမေးသည်။ သူမဟာ မနက်ခင်းလေလံပွဲအပိုင်းသာ တက်ဖို့ စီစဉ်ထားတာဖြစ်သည်။
"မနေဖြစ်လောက်ဘူး။ အဖိုးက ဒီကို ကြေးဂီတခေါင်းလောင်းတွေ ကြည့်ဖို့ပဲလာတာ"ဟု သခင်ကြီးလင်က ပြန်ဖြေသည်။
"ဒါဆို နေ့လည်စာတူတူစားရအောင်"ဟု ကုနင်းကပြောလေသည်။ အခုသူတို့အားလုံးဆုံတာမလို့ သူတို့ကို နေ့လည်စာမဖိတ်ကျွေးရင် ရိုင်းလိမ့်မည်ဖြစ်သည်။
ကုနင်းဟာ နေ့လည်စာ တူတူစားရန် ယဉ်ကျေးတဲ့အနေနဲ့ ဖိတ်နေတာမဟုတ်ဘဲ သူမဟာ သူတို့အား မိသားစုလို တကယ်ပင် သဘောထား၍ဖြစ်သည်။ အခုသူတို့အနေနဲ့ ဆုံဖို့အခွင့်အရေးရသည့်အတွက် သူမဟာ သူတို့နဲ့ ထမင်းအတူတူစားချင်သည်ဖြစ်သည်။
"ကောင်းသားပဲ"ဟု သခင်ကြီးလင်ဟာ လျှင်မြန်စွာပဲ သဘောတူလေသည်။ တကယ်လို့ နေ့လည်စာစားရန် ကုနင်း ဘက်ကမဖိတ်တောင် သူက တူတူစားဖို့ပြောရန် စီစဉ်ထားတာဖြစ်သည်။ သူနဲ့ ကုနင်းနဲ့ မတွေ့တာကြာပြီဖြစ်၍ ဖြစ်သည်။
လူတွေအများစုဟာ ကြေးဂီတခေါင်းလောင်းတွေ လေလံဆွဲခံရတာကြည့်ဖို့လာတာဖြစ်၍ ဧည့်သည်တွေဟာ အခြားလေလံပစ္စည်းတွေအပေါ် သိပ်စိတ်မဝင်စားပေ။ အခြားလေလံပစ္စည်းတွေဟာလည်း အရမ်းဈေးမြင့်စွာ ရောင်းချခြင်းမခံရပေ။ လူတွေအားလုံးဟာ ကြေးဂီတခေါင်းလောင်းတွေ အကြောင်းကို လေလံတင်ခံရမဲ့အချိန်ကို စောင့်ရင်း ဆက်ပြောနေကြတာဖြစ်သည်။
"လူတွေအများကြီးဟာ ကြေးဂီတခေါင်းလောင်းတွေကို လေလံဆွဲဖို့ လာတာဖြစ်ပေမဲ့လည်း နောက်ဆုံးမှာဘယ်သူနိုင်သွားလောက်မလဲ"
"အဲ့တာကတော့ ဘယ်သူပိုက်ဆံပိုပေးနိုင်လဲဆိုတဲ့ အပေါ်မှာမူတည်တယ်။ ကြေးဂီတခေါင်းလောင်းတွေဟာ ပြည့်စုံတဲ့အစုံလိုက်မလို့ ဒေါ်လာ၅ဘီလီရမ်လောက်တော့ ရောက်လောက်တယ်"
"အမ်း! အများအားဖြင့် ရှေးဟောင်းပစ္စည်းတွေဟာ သတ်မှတ်ထားတဲ့ဈေးထက်ပိုပြီး လေလံဆွဲခံရလေ့ရှိတာမလို့ ကြေးဂီတခေါင်းလောင်းတွေဟာ ဒေါ်လာ၇ဘီလီရမ်လောက်ထိ ရောက်သွားနိုင်တယ်"
"ပိုပြီးတော့လဲ မြင့်သွားနိုင်တယ်"
"ငါတော့ အဲဒီလိုရှားပါးတဲ့ ရှေးဟောင်းပစ္စည်းကိုရှာတွေတဲ့ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကိုပဲ အားကျတယ်"
"သူတို့အနေနဲ့ တရားမဝင်နည်းလမ်းတွေသုံးပြီး ရတာဖြစ်ပေမဲ့လည်း လူသိရှင်ကြား လေလံတင်နိုင်တယ်။ ဒီစတိုးဆိုင်က ဘယ်လောက်အဆက်အသွယ်ကောင်းလဲဆိုတာ ပြနေတာပဲ"
"ကြည့်လိုက်။ ရှန်းယွင် ရှေးဟောင်းပစ္စည်းဆိုင်ရဲ့ ဆိုင်မန်နေဂျာ, မစ္စတာချန်က ဒုတိယတန်း အလယ်ကခုံမှာထိုင်နေတယ်"
"မင်းပြောတာမှန်တယ်။ သူ့အနေနဲ့ ဒုတိယတန်းမှာ ထိုင်နေတာ မယုံကြည်နိုင်စရာပဲ။ ငါက သူ့ကိုအနောက်ဘက်မှာ လိုက်ရှာနေတာ ရှာလို့မတွေ့ဘူး။ ငါက သူဘယ်များရောက်နေလဲလို့ စဉ်းစားနေတာ။ သူလေလံခန်းမထဲကို လမ်းလျောက်ဝင်သွားတာ ငါတွေ့ပေမဲလည်း ငါသူ့ကိုရှာလို့မတွေ့ဘူး။ ဒါပေမယ့် သူကတော့ ဒုတိယတန်းမှာ ထိုင်နေတယ်"
လူတွေအကုန်လုံးဟာ ကုနင်းက ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ရဲ့ တကယ့်ပိုင်ရှင်ဆိုတာ ဒါမှမဟုတ် သူမရဲ့နောက်ခံကို မသိကြပေ။
ယွမ်ယီလင်းကလဲ ကုနင်းဟာ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ရဲ့ ပိုင်ရှင်ဆိုတာမသိပေ။ သူမဟာ ကုနင်း ရဲ့အခြားစီးပွားရေးလုပ်ငန်းတွေကိုသာ သိတာဖြစ်သည်။
"ကြေးဂီတခေါင်းလောင်းတွေကို ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်က လေလံတင်ဖို့ပေးတာမလို့ မစ္စတာချန်က ဒုတိယတန်းမှာ ထိုင်ခွင့်ရတာလား"
"ငါတော့မထင်ဘူး။ သူ့ဘေးမှာထိုင်နေတဲ့ Beigeဝတ်ထားတဲ့ အမျိုးသမီးကိုတွေ့လား။ သူဘေးမှာထိုင်နေတဲ့ မိန်းမငယ်လေးလေ။ သူမက ရှန်းယွင် ရှေးဟောင်းပစ္စည်းဆိုင်ရဲ့ပိုင်ရှင် ကုနင်း လို့ခေါ်တယ်။ သူမညာဘက်မှာ ထိုင်နေတဲ့လူကိုတွေ့လား။ သူက သခင်ကြီးလင်ပဲ"
"ဘာ။ ကုနင်းက သခင်ကြီးလင်နဲ့အတူ ထိုင်ခွင့်ရတယ်ပေါ့"
"ပြီးတော့ သခင်ကြီးရှု၊ သခင်ကြီးကျန်းနဲ့ နန်းတော်ပြတိုက်က ပြတိုက်မှူးချိုက်တို့ကလည်း သခင်ကြီးလင်နဲ့အတူ သူတို့ဘက်ကစပြီး ကုနင်းဘေးမှာထိုင်နေကြတာ။ သူတို့ကို အစက ပထမတန်းမှာ ထိုင်ဖို့စီစဉ်ပေးထားတာ"
"အမ်း! ငါလဲတွေ့တယ်။ ပြီးတော့ သူတို့က စကားတွေဆက်ပြောနေကြပြီး တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးတဲ့ပုံပဲ။ မဟုတ်ရင် အဲဒီအရေးကြီးတဲ့လူကြီးတွေအနေနဲ့ သူမကို စကားပြောဖို့ ဂရုစိုက်မှာတောင်မဟုတ်ဘူး"
"ဘုရားရေ။ ကုနင်းက အဲ့လောက်တောင် အသွယ်အသွယ်ကောင်းမယ်လို့ ငါမထင်ထားဘူး..."
"ငါရောပဲ။ သူမနဲ့ဆက်သွယ်တဲ့ လူတွေကိုကြည့်ပြီး တရားမဝင်နည်းကရလာပေမဲ့လည်း ဘယ်သူမှ ကြေးဂီတခေါင်းလောင်းတွေကိစ္စနဲ့ပတ်သတ်ပြီး သူမကိုပြဿနာရှာရဲမှာမဟုတ်ဘူး"
"အဲ့တာကတော့ ပြောနေစရာတောင်မလိုဘူး။ ကြေးဂီတခေါင်းလောင်းတွေရောင်းလို့ ဘယ်သူက သူမကို အပြစ်ပေးရဲမှာလဲ"
"ကုနင်းက သူတို့ထဲကတစ်ယောက်ယောက်နဲ့ အမျိုးများတော်နေတာလား"
"ဖြစ်နိုင်တယ်။ သူမက မိသားစုသူငယ်ချင်းရဲ့ သမီးဖြစ်ရင်ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် သူတို့က တစ်နည်းနည်းနဲ့ ပတ်သပ်နေရမယ်"
လူတွေအများကြီးဟာ ကုနင်းဟာ ထိုလူကြီးတွေထဲက တစ်ယောက်ယောက်နဲ့ အမျိုးတော်ဆက်လိမ့်မယ်လို့ ခံစားကြသည်။ သူမရဲ့ မိသားစုဝင်တစ်ယောက်ယောက်ဟာ သူတို့နဲ့ သူငယ်ချင်းဖြစ်နိုင်လေသည်။
ကုနင်းက သခင်ကြီးလင်နဲ့ အခြားသူတွေနဲ့ ဘယ်လောက်ရင်းနှီးတယ်ဆိုတာ မသိပေမဲ့လည်း လူတွေအများစုဟာ ကုနင်းရဲ့ အဆက်အသွယ်တွေကြည့်၍ သူမကို အပြစ်မလုပ်မိရန် လျှို့ဝှက်စွာမှတ်ထားလိုက်လေသည်။
သူတို့ဟာ ကုနင်းနဲ့ ပြဿနာဖြစ်ဖို့ ထိုင်စောင့်နေတာမဟုတ်ပေ။ သူမရဲ့ မကောင်းတဲ့ဘက်ကို မရောက်ဖို့ရန် သူတို့ဟာ မှတ်သားနေတာဖြစ်သည်။
ကျန်းချန်ထောင်ဟာ လေလံပွဲကိုရောက်ပြီးတဲ့အခါမှာ ချန်တရုန်ကို တွေ့ဖို့မမျှော်လင့်ထားပေ။ သူဟာ အရမ်းဒဏ်ရာရထားသည့်အတွက် သူ့အနေနဲ့ အိပ်ရာထဲတွင် အချိန်အတော်ကြာလဲနေသင့်ကာ အခုလိုရောက်လာဖို့လုံးဝမဖြစ်နိုင်ပေ။ သို့သော်လည်း သူဟာ အတင်းတွေကို ပြောတာအခုမှကြားတဲ့အခါမှ ချန်တရုန်က လေလံခန်းမရဲ့ ဒုတိယတန်းမှာ ထိုင်နေတာသိသွားတာဖြစ်သည်။ ပြီးတော့ သူက အရေးကြီးတဲ့လူတစ်ချို့နဲ့တောင် ဘေးချဉ်းယှဉ်နေနေတာဖြစ်သည်။
ကျန်းချန်ထောင်ဟာ အံဩကာ တုန်လှုပ်သွားလေသည်။ သူ့အနေနဲ့ ချန်တရုန်အား အရေးကြီးတဲ့လူကြီးတွေနဲ့ သိနေလိမ့်မယ်လို့မထင်ပေ။ ချန်တရုန်ကို ပြန်ပေးဆွဲပြီး ဒဏ်ရာရစေတဲ့အပေါ်မှာ သူပါဝင်ပတ်သတ်နေတယ်ဆိုတာသာ သူတို့သိသွားရင် ကျန်းချန်ထောင်အနေနဲ့ သူဘာဖြစ်သွားနိုင်မလဲဆိုတာသာ မသိပေ။
တကယ်လို့ ချန်တရုန်မှာ ဩဇာကြီးတဲ့သူငယ်ချင်းတွေရှိကြောင်း သူသာသိရင် သူ့အနေနဲ့ကို ဘယ်တော့မှ သူ့ကိုထိရဲမှာမဟုတ်ပေ။
ဟာရာဒါ ဟိုနီချီကလည်း ပြောနေတဲ့စကားများကို ကြားပေမဲ့လည်း သူဟာ သူတို့ဘယ်သူတွေလဲဆိုတာ မသိ၍ စိတ်ထဲမထားပေ။
.....
အချိန်ဟာ နေ့လည်၁၂:၀၀ရှိပြီဖြစ်ကာ လေလံပွဲရဲ့ ပထမပိုင်းဟာ ပြီးတော့မည်ဖြစ်သည်။ လေလံပွဲရဲ့ အရှားပါးဆုံးပစ္စည်းကို ရောင်းချမည့်အချိန်ဖြစ်၍ လူတိုင်းဟာ စိတ်လှုပ်ရှားနေကြသည်။
"အားလုံးပဲ မင်္ဂလာမနက်ခင်းပါ။ ကြေးဂီတခေါင်းလောင်းတွေဟာ အရမ်းကြီးပြီး လေးလံတဲ့အတွက် စင်ပေါ်မှာ ပြသလို့အဆင်မပြေပါဘူး။ ထို့အစား ကျွန်တော်တို့အနေနဲ့ မှန်သားပြင်ပေါ်မှာ ပုံတွေကို ပြသသွားမှာဖြစ်တယ်။ လေလံအိမ်အနေနဲ့ ပစ္စည်းတွေရဲ့ စစ်မှန်မှုအပေါ်မှာ အာမခံပြီး လေလံဆွဲမှုဟာ တရားမျှတမှုရှိစွာ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ လေလံအော်သွားတဲ့သူဟာ လေလံပွဲပြီးလို့ ပိုက်ဆံမရှင်းခင်မှာ စစ်မစစ်,စစ်ဆေးနိုင်ပါတယ်"ဟု အစီအစဉ်တင်ဆက်သူက ပြောလေသည်။
လေလံပွဲအကြောင်း ကြော်ညာချိန်မှာ သဘောမတူညီမှုတွေမဖြစ်အောင် ထိုအကြောင်းကို သူတို့ကပြောပြီးဖြစ်လေသည်။
ဧည်သည့်အများစုဟာ ထိုစီစဉ်မှုနဲ့ပတ်သတ်ပြီး မကျေနပ်ပေမဲ့လည်း သူတို့အနေနဲ့ ပြန်ပြောခွင့် မရှိပေ။ ပြီးတော့ ကြေးဂီတခေါင်းလောင်းတွေဟာ စင်ပေါ်မှာရွှေ့ပြီး ပြသဖို့ရာ အရမ်းကြီးလွန်းလို့လဲဖြစ်သည်။ သူတို့ဟာ လေလံအိမ်အပေါ်မှာလဲ ယုံကြည်လေသည်။
လူထုမသိတာကတော့ ကြေးဂီတခေါင်းလောင်းတွေဟာ ပြတိုက်ကိုရောင်းဖို့ ကုနင်းနဲ့ ချိုက်ဝမ်ဟုန်တို့ဟာ သဘောတူညီချက်ရပြီးပြီဆိုတာပါပဲ။
အစီအစဉ်တင်ဆက်သူက ပြောပြီးတာနဲ့ တပြိုင်နက် ကြေးဂီတခေါင်းလောင်းတွေရဲ့ ပုံတွေဟာ မှန်သားပြင်ပေါ်မှာ ပေါ်လာလေသည်။ ပုံတွေဟာ ခေါင်းလောင်းတွေကို ချိုက်ဝမ်ဟုန်စစ်ဆေးတဲ့အချိန်က ရိုက်ထားတာဖြစ်သည်။ ထို့ကြောင့် စင်အောက်တွင် ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။
"ဒါက မကြည်နိုင်စရာပဲ"
"၁၉XXမှာ အရှေ့ကျိုးခေတ် အချိန်လောက်က အုတ်ဂူကနေ ကြေးဂီတခေါင်းလောင်းတွေ နှစ်စုံဟာ တူးဖော်တွေ့ရှိခဲ့သည်။ ခေါင်းလောင်းတွေဟာ တစ်စုံမှာ ၉လုံးရှိပြီး တစ်ခြားတစ်စုံမှာတော့ ၇လုံးစီရှိကြတယ်။ ထိုနှစ်စုံလုံးကြောင့် ဂီတနဲ့ ရှေးဟောင်းပစ္စည်းလောကမှာ ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့တယ်။ အခု ဒီတစ်စုံက ပိုပြီးတောင် သာပါတယ်"
"အမ်း! စိတ်မကောင်းစရာကတော့ ရှေ့ကြေးဂီတခေါင်းလောင်းနှစ်စုံဟာ မပြည့်စုံတဲ့အတွက် ဘာဂီတသံစဉ်မှတီးလို့ မရခဲ့ဘူး။ အခုဒီကြေးဂီတခေါင်းလောင်းတစ်စုံကတော့ ပြည့်စုံတာကြောင့် သူတို့ဟာ ယဉ်ကျေးမှုအရရတော့ ပိုက်ဆံအရပါ တန်ဖိုးဖြတ်လို့မရပါဘူး"
"အဲ့တာ အမှန်ပဲ"
လူတိုင်းဟာ ကြေးဂီတခေါင်းလောင်းတွေအကြောင်းနဲ့ပတ်သတ်ပြီး ပြောတဲ့အခါမှာ ကုနင်းနဲ့ ချန်တရုန်တို့ကိုပါ စကားထဲစထည့်ပြောလာတဲ့အတွက် ရုန်ကျဲ့ချန်နဲ့ယွမ်ယီလင်းတို့ဟာ ကြေးဂီတခေါင်းလောင်းတွေဟာ ကုနင်းဆီကလာတယ်ဆိုတာ သိသွားကြလေသည်။
***
စာစဉ် ၁၂၀ ပြီး၏။