← Chapters

အခန်း (၃၄၁)

Vol. 35 Ch. 341

အခန်း (၃၄၁)

Vol. 35 Ch. 341

ကျီဖေးသည် ချင်ရှန့်၏ ရင်ခွင်ထဲသို့ မှီကာ ရယ်မောခြင်းကို မထိန်းနိုင်တော့ပဲ "ကြည့်ရတာ သူတို့ ကိုယ်ကျင့်တရားကို အရင်ရအောင် ထိန်းရမယ်နဲ့တူတယ်"

ချင်ရန်က "ဒါပေမယ့် ဒီကိစ္စက တရားမ၀င်သေးဘူး မဟုတ်လား?"

ချင်ရုန်က "ဟမ်? ဒါဆို သူတို့က အခွင့်ကောင်းယူလို့ရတုန်းလား?"

ချင်ကျင်းသည် "ဒါက ဝေဝေ ဆယ့်ရှစ်နှစ်ပြည့်ပြီးမှသိရမှာ၊ သူတို့ အသက်ရှင်နေသေးရင်တော့ ဝေဝေ သူတို့ကိုထောက်ပံ့ရလိမ့်မယ်..."

ချင်ရှောင်ယွီသည် "ဒါပေမယ့် သူတို့က ထောက်ပံ့ကြေးငွေရဖို့အတွက် ဝေဝေကိုတရားစွဲလာရင် တရားရုံးက ဘယ်လို စီစဉ်မလဲမသိဘူး"

ချင်ကျောက်သည် လူယုတ်မာအပြုံးပြုံးကာ "သူတို့ကို ငွေဒင်္ဂါးပြားတွေ ပေးပြီး တစ်ခုပြီးတစ်ခု ရေတွက်ခိုင်းလိုက်ပေါ့"

ချင်ရီသည်တော့ သူနှင့်အတွေးမတူပဲ "အစားအသောက်ပဲပေးရင်ရော ဘယ်လိုလဲ ? ဒီလိုဆို သူတို့ဗိုက်မဆာတော့ဘူးပေါ့"

ချင်ကျားရှီသည် သူ့အကြံပြုချက်ကိုကြားချိန် မရယ်မောပဲမနေနိုင်ချေ။

ချင်ဝမ်ရှန့်သည် ပြုံးလျက် "ဒီလောက်နဲ့ မပြီးသေးဘူးလေ၊ ငါ့ ပိုင်ဆိုင်မှုတွေ အပြည့်အဝပြန်မရသေးဘူး... ဟီးဟီး~"

ဤနှစ်များတစ်လျှောက် မယားငယ်မနှင့် သူမ၏ တရားမဝင်ကလေးများသည် သူမ၏ စည်းစိမ်ဥစ္စာများကို သုံးစွဲခဲ့သည်။ တရားမ၀င်ကလေးသည် ၎င်းတို့၏အထောက်အထားကို သက်သေမပြနိုင်သဖြင့် အခြေအနေသည် ချင်ဝမ်ရှန့်၏ လက်ထဲတွင်သာရှိသည်။

သူမ တစ်ချက်လှုပ်ရှားပြီး ပိုင်ဆိုင်မှုများကို ပြန်လည်ပေးအပ်ရန်တောင်းလိုက်သည်နှင့် မယားငယ်မတွင် တပြားတချပ်မှ ကျန်တော့မှာမဟုတ်သလို ရန်ဖုန့် မိဘများတောင် မွဲပြာသွားလိမ့်မည်။

ထိုအသက်ကြီးနေသည့် ဇနီးမောင်နှံ့သည် ယခင်တုန်းကဆိုပါက ချင်ဝမ်ရှန့်နှင့် ရန်ဖုန်တို့ကြောင့်ပိုက်ဆံဖြင့် ရေချိုးလို့ရောက်လောက်သည်အထိ သက်တောင့်သက်သာ ဘဝကို ဖြတ်သန်းနိုင်ခဲ့ကြသည်။ ယခုအချိန် သူတို့ ခါးပတ်များကျွတ်ကျသည်အထိ ပြန်ဆပ်ရမည်ဖြစ်သည်။

ရန်ဖုန်သည် သူ့မယားငယ်မအား ထောက်ပံ့ထားသည့် ပိုက်ဆံများအပြင် ကလေးများအတွက် မဆင်မခြင် သုံးစွဲသည့်ငွေအားလုံးကို သူမပြန်ယူပေမည်။ မည်မျှပင် ခက်ခဲပါစေ သူ အားလုံးကို ပြန်ပေးရပေမည်။

ချင်ဝမ်ရှန့်သည် သူမတစ်ချိန်က ပိုင်ဆိုင်ခဲ့ဖူးသည့်အရာများကို ပြန်ယူရသည်မှာ အချိန်သိပ်မကြာခဲ့ချေ။

အစပိုင်းတွင် မယားငယ်မ၏ မိသားစုသည် ကုမ္ပဏီကိုထိန်း ချုပ်ထားတာကြောင့် စိတ်အေးလက်အေးဖြစ်နေခဲ့သည်။ သို့သော် မယားငယ်မ၏မောင်မှ ကုမ္ပဏီကိုလွှဲပြောင်းယူလိုက်သောအခါ အမြတ်ငွေပင် မရရှိကြောင်းတွေ့လိုက်ရသည်။ ရန်ဖုန်လုပ်ခဲ့သည် ပရောဂျက်များသည် တစ်ခုမှမအောင်မြင်ခဲ့ဘဲ အကြွေးပင်တင်နေတော့သည်။

ထိုအရာသည် မိသားစုတစ်ခုလုံးကို ထိတ်လန့်သွားစေသည်။ ၎င်းတို့သည် Y City ရှိ စီးပွားရေးအသိုင်းအဝိုင်းမှ အဖယ်ခံ ထားရသည်ကိုတွေ့ရှိမှသာ အကူအညီရှာရန်ကြိုးစားရတော့ သည်။

၎င်းတို့သည် အကြွေးရှင်များ၏ ဖိအားကေးမှုများကြောင့် ကုမ္ပဏီတစ်ခုကို မည်သို့လုပ်ဆောင်ရမည်ကို မသိကြောင်း သိရှိလာကြသည်။ ၎င်းတို့သည် စိတ်ပျက်အားငယ်စွာဖြင့် ကိုယ်တိုင် စီမံခန့်ခွဲမည့်အစား ရောင်းချရန်သာ ဆုံးဖြတ်ခဲ့ကြသည်။

သို့သော် မည်သူမှ မဝယ်ချင်ကြပေ။

အဆုံးတွင် ၎င်းတို့သည် ချင်ဝမ်ရှန့်ဆီသို့သာ အရှက်မဲ့စွာအကူ အညီတောင်းရန် ဦးတည်လာသည်။ သို့သော် သူမသည် သမီးဖြစ်သူကိုခေါ်ကာ ပြည်ပတွင် လုပ်ငန်းများကို ချဲ့ထွင်ရန်ခရီးထွက်သွားပြီဖြစ်သည်။

ထိုသည်မှာ သိပ်မကြာခင်ဖြစ်လာတော့မည့် ဇာတ်ကြောင်းပင်။

လက်ရှိတွင် Y City၏ အထက်တန်းလွှာများကြားတွင် အတင်း အဖျင်းပြောမှုများသည် အထွတ်အထိပ်သို့ရောက်ရှိနေသည်။ ချင်ဝမ်ရှန့်နှင့် သူ့သမီးတို့သည် ဤအချိန်များတွင် ဆွေမျိုးများနှင့်သာဖြုန်းတီးကြသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ကိစ္စအားလုံးသည် တိတ် ဆိတ်ဖြတ်ကျော်သွားသည်။

ချင်ရှန့်သည် အဖိုး မွေးနေ့မှာ ရက်အတော်ကြာလိုသေးသဖြင့် သူ မကြာသေးမီက တာဝန်ယူခဲ့သည့် Y Cityမှ လုပ်ငန်းများကို စစ်ဆေးရန် ထွက်လာခဲ့သည်။ သူ့နောက်တွင် ချင်မိသားစု၏ လုပ်ငန်းများနှင့် သက်ဆိုင်သူတိုင်း လိုက်သွားကြသည်။

သို့ဖြစ်ရာ ကျီဖေး၊ ချင်ကျောက်၊ ချင်ရုန်၊ ချင်ရီနှင့် ချင်ကျားရှီတို့သာ ကျန်ခဲ့သည်။ အကြီးဆုံးဝမ်းကွဲဖြစ်သူ ချင်ရီသည် ဧည့်သည်လမ်းညွှန်အဖြစ် တာဝန်ယူခဲ့ပြီး ချင်ကျားရှီသည်တော့ ကူဖော်ကိုင်ဖက်လုပ်ခဲ့သည်။

သို့သော် ချင်ကျားရှီသည် ယနေ့တွင် သူမတက်ရမည့်အတန်းရှိသောကြောင့် ၎င်းတို့နှင့် မလိုက်နိုင်ပေ။

သို့ဖြစ်ရာ လေးယောက်သာကျန်တော့သည်။

၎င်းတို့ အချိန်အတော်ကြာ စဉ်းစားသော်လည်း ဘာလုပ်ရမည်ဆိုတာကို မဆုံးဖြတ်နိုင်သေးချေ။ ချင်ရီသည် သူ ယခုလေး တင်ရရှိထားတဲ့ မက်ဆေ့ချ်ကို ပြန်သတိရသွားပြီး "တကယ်တော့ ဒီနေ့ ငါ့အကယ်ဒမီမှာ ကျောင်းသားတွေ ဖျော်ဖြေပွဲလုပ်မှာ၊ မင်းတို့ သွားကြည့်ချင်လား?"

ချင်ရီ ပြောပြီးသည်နှင့် ကျန်သုံးယောက်ကိုလှည့်ကြည့်လိုက်သည်။ ချင်ကျောက်နှင့် ချင်ရုန်တို့သည် ကျီဖေးထံမှ ကြားခဲ့ရသော အတင်းအဖျင်းကိုသတိရကာ ချက်ချင်းစိတ်ဝင်တစားဖြစ်လာခဲ့သည်။

၎င်းတို့ထဲတွင် ဂီတနှင့် ပတ်သက်၍ ပိုတတ်ကျွမ်းသော ချင်ကျောက်သည် အသေးစိတ်အချက်အလက်များကို မေးမြန်းလိုက်သည်။ သူသည် ၎င်း၏ ထိုရှင်းပြချက်ကိုကြားပြီးနောက် အံ့အားသင့်စွာ ပြောမိသွားသည်။

"သူတို့လို ကျောင်းသားတွေအတွက် အဲ့လိုမျိုးပွဲတွေက အရေး ကြီးတာပဲ၊ မင်းအဲဒီမှာ တစ်ချိန်လုံးရှိနေဖို့ မလိုဘူးလား?"

ချင်ရီက အနည်းငယ် မလုံမလဲဖြစ်သွားသော်လည်း သူ့မေးစေ့ကို ပွတ်သပ်ကာ "မင်းတို့နဲ့ အတူတူနေဖို့ အချိန်နည်းနည်း ယူလိုက်ရုံပါပဲ၊ ပြီးတော့ ကြီးကြပ်ဖို့ တခြားဆရာတွေလည်း ရှိပါသေးတယ်"

[ဖူး ဟားဟား! ဒါဆို အခုမှဘာဖြစ်တာလဲ? သူ့ရဲ့ချစ်တပည့်က ဖျော်ဖြေပွဲကို လာကြည့်ဖို့ တောင်းဆိုတဲ့ မက်ဆေ့ခ်ျပို့လို့လား? ချင်ရီ သူ့ကို မျှော်လင့်ချက်ကိုမပေးချင်လို့ မသွားချင်ပေမဲ့ သူ့တပည့်ဘေးကို စိုးရိမ်နေသေးတယ်၊ အဲဒါကြောင့် ငါတို့ကိုအဖော်လာညှိလာတာပဲ]

ချင်ကျောက်နှင့် ချင်ရုန်တို့သည် အချင်းချင်းနားလည်ကြသည့် အကြည့်ချင်းဖလှယ်လိုက်ပြီး သူတို့၏ ရုတ်ချည်းထွက်လာသောအပြုံးများသည် ချင်ရီအား မသက်မသာဖြစ်စေသည်။

"ဒါက နင့်ကျောင်းသားတွေရဲ့ ပြပွဲပဲမဟုတ်လား၊ ငါတို့မှာ တစ်ခြားဘာမှလုပ်စရာမရှိတော့ သွားကြည့်ကြရအောင်"

ကျီဖေး ပြုံးချင်နေသောစိတ်ကို ထိန်းကာ ပြောလိုက်သည်။

ချင်ကျောက်နှင့် ချင်ရုန်လည်း ခေါင်းညိတ်သဘောတူကြသည်။

သူတို့သည် ဆရာနှင့် ကျောင်းသူလေးတို့၏ အချစ်ဇာတ်လမ်းကြည့်ဖို့ စိတ်၀င်စားခြင်းမဟုတ်ပဲ အတင်းအဖျင်းကိုသာ အာရုံရှိနေကြသည်။

ထိုသို့ဖြင့် ၎င်းတို့လေးယောက်သား ဖျော်ဖြေပွဲ ကြည့်ဖို့ ထွက်လာကြသည်။

ဖျော်ဖြေရေးခန်းမတွင် ဂီတသင်တန်းကျောင်းမှ ကျောင်းသားများဖြင့် ပြည့်နေသည်။ ရှေ့တန်းကို ဂီတနယ်ပယ်ရှိ သြဇာကြီးသော ပုဂ္ဂိုလ်များအတွက် သီးသန့်ထားခြင်းဖြစ်ပြီးအလား အလာရှိသော လူများကို ရွေးချယ်ရန်လာရောက်ကြခြင်းဖြစ် သည်။ ၎င်းတို့ထံမှ ကောင်းမွန်သော အမြင်တစ်ခုရသည်နှင့် တောက်ပသောအနာဂတ်ဆီသို့ တံခါးဖွင့်နိုင်လိမ့်မည်။ အချို့ဆိုလျှင် ကျောင်းသားများကို ၎င်းတို့၏ ကိုယ်ပိုင် တပည့်လုပ်ရန် ကမ်းလှမ်းမှုများပင်ရှိသည်။

ချင်ရီသည် ထင်ရှားကျော်ကြားသော baritoneတစ်ယောက်ဖြစ်သောကြောင့် ပုံမှန်အားဖြင့်ဆိုလျှင် ရှေ့ဆုံးတန်းတွင် ထိုင်ရလိမ့်မည်။ သို့သော် သူသည် အစတည်းက တက်ရောက်ရန် မစီစဉ်ထားသဖြငခ့ သူ့အတွက် ထိုင်ခုံနေရာ သီးသန့်မရှိတော့ချေ။

၎င်းတို့သည် အပေါ်သို့ထပ်တက်သွားလိုက်ပြီး သာမန်ပရိသတ်များအတွက် စီစဉ်ထားသည့် သီးသန့်အခန်းတွင် ကြည့်ဖို့ စီစဉ်လိုက်ကြသည်။ ထို့နောက် ချင်ရီသည် စင်မြင့်ပေါ်မတက်မီ မိနစ်ပိုင်းတစ်ချို့လိုသောကြောင့် သူ့ကျောင်းသား/သူများကို အားပေးချင်သဖြင့် စင်နောက်သို့သွားရန် ပြင်လိုက်သည်။

"ညီမလည်း စင်နောက်သွားကြည့်ချင်တယ်၊ အဆင်ပြေရဲ့လား ဝမ်းကွဲ" ကျီဖေး စိတ်အားထက်သန်စွာ စကားစလိုက်သည်။

ချင်ကျောက်နှင့် ချင်ရုန်တို့သည် အရည်ရွှမ်းသော ဖရဲသီးကြီးကို လက်လွတ်မခံချင်သဖြင့် လျင်မြန်စွာထောက်ခံကြသည်။

ချင်ရီသည် ၎င်းတို့သုံးယောက်၏ မျှော်လင့်စောင့်စားနေသည့် အကြည့်အောက်တွင် မတက်နိုင်သည့်အဆုံး ခေါင်းညိမ့်လိုက်ရပြီး ၎င်းတို့ကို ခေါ်သွားရုံကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ချေ။

စင်နောက်ဘက်တွင် လှုပ်ရှားမှုများကြောင့် ပျာပန်းခက်နေပြီး စောင့်ဆိုင်းခန်းများစွာတွင် ကျောင်းသားများ ပြည့်‌နေကြသည်ကို သတိပြူမိသည်။ ၎င်းတို့သည် ချင်ရီကိုတွေ့သောအခါ တလေးတစား နှုတ်ဆက်လာသည်။

"လောင်ရှစ်"

တနည်းအားဖြင့်ဆိုရသော် ဖျော်ဖြေသူအားလုံးသည် ချင်ရီ၏ ကျောင်းသား/သူ များဖြစ်ကြပြီး ၎င်းတို့သည် အကယ်ဒမီတွင် သူ၏ ဟောပြောပွဲကို တက်ရောက်ခဲ့ကြသော်လည်း ၎င်းတို့၏ စွမ်းရည်များကို ပြုစုပျိုးထောင်ပေးရန် မျှော်လင့်နေပြီး သူ့တပည့်ဖြစ်လိုကာ ၎င်းတို့အတွကိ သီးသန့်နေရာလေးတစ်ခုရှိစေချင်မိသည်။

သို့သော် ချင်ရီသည် ၎င်းတိူ့ကို တန်းတူညီမျှ ဆက်ဆံတက် သည်။

ကျီဖေးနှင့် အခြားလူများသည် တံခါးဝတွင် ရပ်ကာ ၎င်းတို့အား အဝေးမှသာ ပေါ့ပေါ့ပါးပါး စောင့်ကြည့်နေကြသည်။

"အခုတော့ အားလုံးက ဝမ်းကွဲချင်ရီကို ဘာလို့ အရမ်းလေးစားကြတာလဲဆိုတာ ငါသိပြီ" ချင်ရုန် ပြုံးကာ ပြောလိုက်သည်။

"သူက တကယ် အံ့သြစရာကောင်းတယ်၊ ကျောင်းသားတိုင်းကိုညွှန်ပြပေးနိုင်တယ်"

"ပြီးတော့ သူက အရမ်းတိကျတယ်၊ ဒီကျောင်းသားတွေ သူ့ကို လေးလေးစားစားနဲ့ ငေးကြည့်နေပုံကိုကြည့်တာနဲ့ သူက အရမ်းနာမည်ကြီးတယ်ဆိုတာသိသာတယ်" ချင်ကျောက် ဆက်ပြောလာသည်။

[ငါထင်တာအရဆို... သူ့ကျောင်းသားတွေကြားမှာ သူ့ကိုကြိတ် ကြိုက်နေတဲ့သူ တစ်ယောက်ထက်ပိုရှိမဲ့ပုံပဲ၊ အံ့သြစရာတော့မဟုတ်ပါဘူး၊ သူက ရုပ်ချောတယ်၊ ချမ်းသာတယ်၊ မယုံနိုင်လောက်အောင် ထူးချွန်ပြီး အရမ်းကြင်နာတတ်တာဆိုတော့ ကျောင်းသားတွေ သူ့အတွက် ခံစားချက်မရှိလာမှပဲ ထူးဆန်းမှာ]

ချင်ကျောက်နှင့် ချင်ရုန်တို့သည် ၎င်းတို့၏ဝမ်းကွဲသည် တစ် ကိုယ်တည်းနေရသည်ကို သဘောကျကာ သူ၏နှလုံးသားသည် ဂီတကိုသာ လုံးလုံးလျားလျား နစ်မြုပ်ထားမှန်းသိသော် လည်း မနှမျောမိပဲမနေနိုင်ချေ။

ချင်ရီသည် အခန်းများကို ဖြတ်လျှောက်လာရင်း နောက်ဆုံးအခန်းသို့ ရောက်ရှိခဲ့သည်။ သူတံခါးခေါက်မခေါက်ခင်တွင် အထဲမှ ငြင်းခုံသံများကို ကြားလိုက်ရသည်။

"အမှတ်စဉ်က မဲနှိုက်ပြီး ဆုံးဖြတ်ခဲ့တာ"

တုန်ရီနေသော်ငြား စိတ်ပိုင်းဖြတ်ထားသည့် အမျိုးသမီးအသံသည် အခိုင်အမာဆိုလာသည်။

"နင်လုပ်လို့မရ..."

"ကျိုးရုရှစ်... နင် နောက်ဆုံး ဖျော်ဖြေတင်ဆက်သူဖြစ်တာနဲ့ ငါ့ကိုကျော်နိုင်ပြီလို့ ထင်နေတာလား? တကယ်တော့ နင်က ရယ် စရာသက်သက်ပဲ၊ နင့်ရဲ့ အသံစွမ်းရည်က ငါ့ကို ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရမှာပဲ၊ ပြီးတော့ ငါက ပရော်ဖက်ဆာချင်ရီရဲ့ တပည့်တစ်ယောက်၊ ငါ့ရဲ့ စွမ်းရည်တွေက ပြီးပြည့်စုံတယ်၊ နင် မနာလိုဖြစ်လို့ ဖျက်ဆီးဖို့ကြိုးစားနေတာမလား" ဝမ်စစ်ထုံသည် ခက်ထန်သောလေသံဖြင့်ပြောလိုက်သည်။

All Chapters