အခန်း (၃၄၂)
Vol. 35 Ch. 342
ချင်ရီရဲ့ တပည့် ? ဒါစကားတွေကို ဘယ်သူပြောရဲတာလဲ? သူ့ရဲ့ချစ်တပည့်လား?
ချင်ကျောက်နှင့် ချင်ရုန်တို့သည် ချင်ရီ တံခါး၀တွင် ရပ်နေသည်ကို မြင်လိုက်ရချိန် ထိတ်လန့်တကြား အကြည့်ချင်းဖလှယ်လိုက်သည်။
ထိုစဥ် ကျီဖေးသည် သူမ၏ ဝေဖန်ချက်များကို စတင်နေပြီဖြစ်သည်။
[ဒီကမ္ဘာကြီးက ဘာဖြစ်နေတာလဲ? ဒီလိာအနိုင်ကျင့်တက်တဲ့လူက ချင်ရီကို ဝန်ခံခဲ့တဲ့လူလား? ၀မ်းကွဲကတော့ တပည့်ကို သေချာမရွေးတက်ဘူးနဲ့တူတယ်၊ ကျေးဇူးတင်ရမှာက သူက သူ့ကို တပည့်လို့ပဲ မြင်လို့သာပေါ့၊ သူ့ကြည့်ရတာ အခုလိုမျိုးတစ်ခါမှမမြင်ဖူးဘူးနဲ့တူတယ်၊ မျက်နှာတွေတောင် မှောင်မည်းလာပြီ]
အထဲတွင်တော့ ဝမ်စစ်ထုံသည် ကျိုးရုရှစ် အားဆက်လက်လှောင်ပြောင်နေဆဲပင်။
"ဒီမှာရှိတဲ့ ပရိသတ်အများစုက ချင်ရီနဲ့ ငါ့ကြောင့် လာခဲ့တာ၊ သူတို့က ချင်ရီရဲ့တပည့်ဖြစ်တဲ့ ငါ့ရဲ့ ဖျော်ဖြေမှုကိုစောင့်မျှော်နေကြတာ၊ ငါဖျော်ဖြေပြီးရင် နင့်ရဲ့ဖျော်ဖြေပွဲကိုတစ်ယောက် ယောက်က စိတ်ရှည်ရှည်နဲ့ စောင့်နေမယ်လို့ ထင်နေလား? အခုလိုနေရာပြောင်းခိုင်းတာက ငါ နင့်ကို မျက်နှာသာပေးလိုက်တာပဲ၊ နင် ဉာဏ်ကောင်းတာ ပိုကောင်းလိမ့်မယ်၊ ငါ ဒီနေ့ စိတ်အ ခြေအနေမကောင်းဘူး၊ နင့်ရဲ့ ဖျော်ဖြေပွဲက စုတ်ပြတ်သတ်နေရင် ချင်ရီ စိတ်ပျက်သွားတော့မှနောင်တမရနဲ့!"
[သူမရဲ့ လေသံက တကယ့်ကိုအထက်စီးဆန်နေတာပဲ၊ ဒါက သူ့ရဲ့ တကယ့် စိတ်နေစိတ်ထားလား? ဒါမှမဟုတ် တစ်စုံတစ် ယောက်ကို ဒေါသမထွက်ထွက်အောင် တမင်တကာအနိုင်ကျင့် နေတာလား?]
ချင်ကျောက်နှင့် ချင်ရုန်တို့သည် ချင်ရီ၏ ညံ့ဖျင်းသောရွေး ချယ်မှုကို တိတ်တဆိတ်ဝေဖန်လျက် ထိုစကားများကို နား ထောင်ရာတွင် စိတ်မသက်မသာခံစားနေရသည်။
ဝမ်စစ်ထုံသည် ဆက်ပြောလာဆဲပင်။
“ဘာလို့တိတ်နေတာလဲ နင့်လျှာပြတ်သွားလို့လား? ငါပြောတာ နားမလည်သေးဘူးလား?! ကျိုးရုရှစ် နင် ဘာတွေတွေးနေလဲ ဆိုတာ ငါမသိဘူးလို့ မထင်လိုက်နဲ့၊ ငါ အကုန်လုံးကို ပြောပြပြစ်မယ် ပြီးတော့ နင်တကယ် — ”
ထိုစဉ် တုန်ရီနေသော အမျိုးသမီးတစ်ယောက်အသံသည် ဖြတ်ပြောလာခဲ့သည်။ "ငါ... ငါသိပါပြီ"
"ဟမ့်! အစထဲက အဲ့လိုဖြစ်ရမှာလေ"
[ဘာလဲ? သူ သဘောတူလိုက်တာလား ? သူ ပျော့ကွက်မိသွားတာလား ဒါမှမဟုတ် ချင်ရီကိုကြောက်နေတာလား? ဒီအတိုင်းသာဆို အဲ့တပည့်ကတော့ ချင်ရီရဲ့ နာမည်သုံးပြီး ကျောင်းသားတွေအများကြီးကို အနိုင်ကျင့်ခဲ့တဲ့ပုံပဲ]
ချင်ကျောက်နှင့် ချင်ရုန်တို့သည် အခြေအနေကို စိတ်၀င်တစားဖြစ်မိသည်။
ချင်ရီ သည်းမခံနိုင်တော့ဘဲ တံခါးကို တွန်းဖွင့်ကာ ၎င်းတို့ စကား၀ိုင်းကို နှောင့်ယှက်လိုက်သည်။
"ဟမ် ? ချင်... လောင်ရှစ်"
"ချင်လောင်ရှစ် ?"
ကျီဖေးသည် အထဲကို ချောင်းကြည့်လိုက်ချိန် ကောင်မလေးနှစ်ယောက်တွင် တစ်ယောက်သည် မတ်တပ်ရပ်နေပြီး တစ်ယောက်သည် ထိုင်နေသည်ကိုတွေ့လိုက်ရသည်။ မတ်တပ်ရပ်နေသော ကောင်မလေးသည် မျက်မှန်တပ်ထားကာ သူမ အသွင်အပြင်မှာ နူးညံ့ကာသပ်ရပ်ပုံပေါက်နေသော်လည်း ယခုအခါ အနည်းကယ်တုန်ရီနေပြီး မျက်လုံးများပင် နီရဲနေကာ သိသိသာသာ စိတ်မကောင်းဖြစ်နေသည်ကိုမြင်ရသည်။ ထိုင်နေသောမိန်းကလေးသည် ၎င်းထက်အခြေအနေကောင်းသည်။ သူမ လှပသည်မှာထင်ရှားသော်လည်း သူ့ အမူအရာ သည်တုန်လှုပ်နေပုံရသည်၊ သူ၏ မောက်မာသောအပြုအမူများအား လောင်ရှစ်မြင်သွားသည်ဟု ပြန်တွေးမိလိုက်ချိန် သူ့ မျက်နှာသည် တဖြည်းဖြည်း နီရဲလာသည်။
ချင်ရီသည် ဝမ်စစ်ထုံကို မျက်မှောင်ကြုတ်လိုက်ကာ ကြည့်လိုက်ပြီး " နေရာဆုံးဖြတ်ချက်ဆိုတာ ကျောင်းသားတွေအားလုံးမျှတမှုအောင် ရွေးချယ်ခဲ့တာ၊ မင်း အခု ဘာလုပ်နေတာလဲ၊ အတန်းဖော်တွေကို ဒီလိုမျိုးအနိုင်ကျင့်နေကျလား ?"
ချင်ရီသည် အလွန်စိတ်ပျက်သွားသည်။ ဝမ်စစ်ထုံသည် အနည်းငယ် မာနကြီးသူဖြစ်သည်ကို သူ သိသည်၊ ထို့့ပြင် သူသည် သူတပည့်ဖြစ်သော်လည်း သူမအပြုအမူသည် ဤမျှဆိုး၀ါးနေလိမ့်မည်ဟု မထင်ခဲ့ချေ။
"ဟင့်အင်း၊ အဲ့လို မဟုတ်ဘူး..."
ဝမ်စစ်ထုံသည် ချင်ရီရှေ့တွင် အမှန်တရားကို မပြချင်ဘဲ ရှင်းပြဖို့ အသည်းအသန် ကြိုးစားတော့သည်။
"ကျွန်မ နောက်ဆုံးမှာ ဖျော်ဖြေချင်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့အဆင့်နဲ့ ကျွန်မအဆင့်က"
"ဝမ်စစ်ထုံ!" ချင်ရီ သူ့ကို အော်လိုက်သည်။
ဝမ်စစ်ထုံသည် ချင်ရီကို သနားစရာကောင်းသည့်အမူအရာဖြင့် ဆရာတစ်ယောက်ကို ကျောင်းသားတစ်ယောက်မှ ငေးကြည့်နေရုံပင်
"လောင်ရှစ် မလာမှာကို ကျွန်မ ကြောက်တယ်၊ လောင်ရှစ် နောက်ကျမှာ ကျွန်မကြောက်တယ်၊ အဲ့ဒါကြောင့် ဖျော်ဖြေမှုကို နောက်ကျအောင် ကြိုးစားခဲ့တာပါ၊ ကျွန်မက... ကျွန်မက လောင်ရှစ်အတွက် ဖျော်ဖြေချင်လို့ပါ" သူ စကားပြောရင်း ငိုတော့သည်။
ချင်ရီ သူ တမင်တကာပြောနေသည်ကို သတိမထားမိဘဲ စိတ်မသက်မသာဖြစ်သွားပုံရသည်။
ချင်ကျောက်နှင့် ချင်ရုန်တို့သည် သံသယဖြစ်စွာအကြည့်ချင်းဖလှယ်ပြီးနောက် ကျီဖေးဘက်သို့လှည့်လိုက်သည်။
"အာ့စောင်ရော ဘယ်လိုထင်လဲ" ချင်ရုန် မေးလာသည်။
ကျီဖေး မျက်ခုံးပင့်ပြီး "သူ လိမ်နေတဲ့ပုံမပေါ်ဘူး"
[အမှန်ကတော့ သူ မလိမ်ပါဘူး၊ ဝမ်စစ်ထုံက ချင်ရီအတွက် ဖျော်ဖြေချင်လို့ နောက်ကျအောင်လုပ်ချင်တာ၊ ဒီကောင်မလေးက သူ့ကို လုံးဝကိုစွဲလန်းနေတာပဲ]
ကျီဖေးသည် ဝမ်စစ်ထုံကို ကြည့်ရှုပြီးနောက် အနိုင်ကျင့်ခံရသဖြင့် အနောက်တွင် တိတ်တဆိတ်ရပ်နေသော ကျိုးရုရှစ်ဆိုသည့် မိန်းကလေးကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။
သူမ အကြည့်ပထမတစ်ချက်နှင့်ပင် ထိတ်လန့်သွားခဲ့သည်။
[အိုး... ငါတို့ဝမ်းကွဲရဲ့ဆွဲဆောင်မှုက တစ်ခုခုတော့ တစ်ခုခုပဲ]
ချင်ကျောက်နှင့် ချင်ရုန်သည် ကျီဖေး၏ စိတ်ဝင်စားမှုမှာ အခြားမိန်းကလေးအပေါ်ကို ရောက်နေသည်အား ချက်ချင်း သတိပြုမိပြီး စူးစမ်းချင်စိတ် ပြင်းပြလာသည်။ ဟုတ်ပါ့မလား...
[စောစောက သူမကို ခြိမ်းခြောက်ခံလိုက်ရတာ အံ့သြစရာမဟုတ်ဘူး၊ ကျိုးရုရှစ်လည်း ချင်ရီအတွက် ခံစားချက်တွေ ရှိတယ်ဆိုပေမယ့် သူက အဝေးကနေပဲ တိတ်တိတ်လေး ခိုးကြည့်နေတတ်တဲ့ သူမျိုး၊ သူတို့နှစ်ယောက်က မထိုက်တန်ဘူးလို့ခံစားရလို့ မျှော်လင့်ချက်မရှိဘူးဆိုပြီး ယုံကြည်နေတာ၊ သူက ဘယ်တော့မှ မမျှော်လင့်ရဲပေမဲ့ ဝမ်စစ်ထုံကတော့ သူ ဘာတွေးနေလဲမြင်တယ်၊ ဒါကြောင့် သူက ကျိုးရုရှစ်ရဲ့ ခံစားချက်တွေကို ချင်ရီဆီထုတ်ဖော်လိုက်မယ်လို့ ခြိမ်းခြောက်နေတာပဲ၊ ကျိုးရုရှစ်က ချင်ရီသိသွားရင် သူ့ကို ရှောင်သွားမှာကို ကြောက်နေတာပဲ၊ သူမ သူဆီလမ်းညွှန်မှုတွေကိုတောင် ရဖို့ အခွင့်အရေးတောင် ဆုံးရှုံးသွားနိုင်တယ်၊ ဒါကြောင့် သူ သဘောတူခဲ့တာပဲ]
ချင်ကျောက်နှင့် ချင်ရုန်သည် မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။ ချင်ရီကဲ့သို့သော ဆရာတစ်ဦးဖြစ်ရသည်မှာ မလွယ်ကူပေ။ သူ့ကို ကျောင်းသားများ မတော်တဆ ကြိုက်သွားခြင်းသည် ဖြစ်လာနိုင်သည့် အန္တရာယ်တစ်ခုပင်။ တက္ကသိုလ်တွင် ဆက်ဆံရေးကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသော် လည်း ထိန်းချုပ်လို့မရဆဲပင်။ ထိုသည်မှာ အလုပ်ထဲပင် ဆွဲဆောင်မှုရှိသည့် ချင်မိသားစု၏ထူးခြားသော ဗီဇဖြစ်ရပုံရသည်။
ထိုစဉ် ဝမ်စစ်ထုံသည် သူ့ဇာတ်လမ်းကို လှည့်ပတ်ပြောပြနေရင်းသာ အလုပ်များနေငေည သူမ အစောပိုင်းအနိုင်ကျင့်မှုများသည် ဘယ်တုန်းကမှ မဖြစ်ခဲ့ပဲ နားလည်မှုလွဲမှုသာ တင်ရသည်။
ချင်ရီသည်လည်း လေးလေးနက်နက် မဆူပူနိုင်တော့ဘဲ "ကောင်းပြီ၊ ဒါဆို ကျိုးရုရှစ်ကို တောင်းပန်လိုက်၊ ဖျော်ဖြေပွဲက စီစဉ်ထားတဲ့အတိုင်း ဆက်သွားလိမ့်မယ်၊ နှစ်ယောက်စလုံး အဆင်သင့်ပြင်ထားကြ"
ဝမ်စစ်ထုံသည် စိတ်ထဲတွင် ဒေါသဖြစ်နေသော်လည်း ကျိုးရုရှစ်အား ဝန်လေးစွာတောင်းပန်ဆဲဖြစ်သည်။
ကျိုးရုရှစ်သည် ချင်ရီကိုကြည့်ရမှာတောင် ကြောက်နေသဖြင့် ခေါင်းသာညိတ်ပြလိုက်သည်။
ထို့နောက် ဝမ်စစ်ထုံသည် ရယ်မောလိုက်ပြီး ချင်ရီထံသို့လေး နက်သောအမူအရာဖြင့် လှည့်ကြည့်လိုက်ကာ "လောင်ရှီး ကျွန်မ ဖျော်ဖြေပွဲပြီးရင် ဒီကိုပြန်လာတွေ့နိုင်မလား"
ချင်ရီသည် ချက်ချင်းပင် တံခါး၀ကိုလက်ညှိုးထိုးပြလိုက်ပြီး "ဒီနေ့ဖျော်ဖြေပွဲကိုကြည့်ဖို့ ငါ့ ဆွေမျိုးတချို့ခေါ်လာတယ်၊ ဒါကြောင့် ဖျော်ဖြေပွဲပြီးရင် မင်းအတွက် အချိန်မပေးနိုင်ဘူး၊ ကျောင်းရောက်မှ ပြန်ဆွေးနွေးကြတာပေါ့"
ဝမ်စစ်ထုံသည် ယခုအခါမှ တံခါးဝရှိ အခြားသူများကိုသတိ ထားမိပုံရသည်။ သူမသည်သာ ချင်ရီ၏ဘဝတွင် အရေး အ ကြီးဆုံးပုဂ္ဂိုလ်ဖြစ်သင့်သလိုခံစာရကာ မျက်မှောင်ကြုတ်လိုက်ပြီး "ခဏလေးပဲလေ၊ နော်... နော် လောင်ရှီး"
သူမ ချင်ရီသာ သဘောမတူပါက ထွက်သွားခွင့်မပေးသလိုမျို ပြင်းပြင်းထန်ထန်တောင်းဆိုနေခဲ့သည်။
ချင်ရီသည် တစ်ယောက်ယောက် သတိပြုမိမည်ကိုကြောက်နေသဖြင့် ဖျော်ဖြေပွဲအပြီးတွင် ဝမ်စစ်ထုံဆီလာရန် ဝန်လေးစွာ သဘောတူခဲ့သည်။ သူမသာ သူ့အပေါ်ထားသည့်ခံစားချက်များကို မစွန့်လွှတ်နိုင်သေးပါက အခြားဆရာတစ်ဦးထံ သူမကိုလွှဲပေးရမည်။
ဝမ်စစ်ထုံသည်လည်း ဖျော်ဖြေပွဲအပြီးတွင် သူမ၏ခံစားချက်များကို ထပ်မံဝန်ခံရန် ကြံစည်နေပြီဖြစ်သည်။ သူမအပေါ် အမြဲကြင်နာတတ်သည့် ချင်ရီတွင် ထိုသို့ခံစားချက်မျိုး မရှိဘူးဆိုတာကို သူမ မယုံခဲ့ချေ။ သူမတို့သည် လိုက်ဖက်သောစုံတွဲတစ်တွဲဖြစ်သည်။
မကြာခင်တွင် ဝမ်စစ်ထုံကို ပြင်ဆင်ဖို့ ဝန်ထမ်းများ ခေါ်သွားခဲ့သည်။
ထိုအခါမှ ချင်ရီလည်း သက်ပြင်းချနိုင်လိုက်ပြီး ကျိုးရုရှစ်အား ပွဲမစခင်အကြံတစ်ချို့ပေးခဲ့သည်။
ကျိုးရုရှစ်သည် သူမ၏ ဝမ်းနည်းမှုကို မဖုံးကွယ်ကာ အာရုံစိုက်စွာ နားထောင်နေခဲ့သည်။ ချင်ရီသည် သူမ ဝမ်စစ်ထုံ၏စကား များကြောင့် စိတ်မကောင်းဖြစ်နေသည်ဟု ထင်ကာ
"မင်းရဲ့သီချင်းဆိုစွမ်းရည်က သူ့ထက်မနိမ့်ပါဘူး၊ မင်းမှာလည်း ထူးခြားတဲ့အရည်အချင်းတွေရှိတယ်"
ကျိုးရုရှစ်သည် လုံ့လဝီရိယရှိပြီး အလွန်ကောင်းမွန်သော အသံစွမ်းရည်ရှိသော်လည်း သူမ၏ မူလအသံမှာ ထူးထူးခြားခြားမဟုတ်ပေ။ အစပိုင်းတွင် ချင်ရီသည် ၎င်းတို့နှစ်ဦးကြားတွင် ရွေးချာ်ရန် တုံ့ဆိုင်းနေသော်လည်း ဝမ်စစ်ထုံ၏ပြောင် မြောက်သော အရည်အချင်းကြောင့် သူ ရွေးခဲ့ခြင်းပင်။
ကျိုးရုရှစ် နာခံစွာ ခေါင်းညိတ်လိုက်သည်။
[သူက လောင်ရှီးနဲ့ တပည့်က ဘယ်လောက်ရင်းနှီးတယ်ဆိုတာ မြင်လိုက်ရတော့ သနားစရာကောင်းတဲ့ မိန်းကလေးတစ်ယောက်အသည်းကွဲသွားတာပဲ၊ ဒါပေမဲ့ ငါ့ဝမ်းကွဲက သူ့ကိုကြိတ်ကြိုက်မှန်းဝောာင် မသိဘူး]
ချင်ကျောက်နှင့် ချင်ရုန်တို့သည် သူ့အား စာနာစိတ်ဖြင့်သာ ကြည့်နေကြသည်။
ချင်ရီ ပြောသင့်သလောက်ပြောပြီးနောက် ဖျော်ဖြေပွဲကြည့်ရှုရန် သီးသန့်ခန်းထဲသို့ ပြန်ခေါ်သွားလိုက်သည်။
ချင်ရီသည် အတွေးထဲပျောက်ဆုံးနေသဖြင့် သူ၏ အပေါင်းအ ဖော်များ တီးတိုးသံများကို ကြားသည့်တိုင်အောင်သတိမထားမိချေ။
"ဘယ်လိုမှမဖြစ်ပါဘူး! သူသာ အဲ့ကောင်မလေးကို သဘော ကျရင် ကန်းနေလို့ပဲနေမှာ" ချင်ကျောက် ပြောလိုက်သည်။
ချင်ရီ: "..."
"မင်းတို့ ဘာပြောနေတာလဲ ?" ချင်ရီ မျက်နှာသည် နီရဲလာသည်။
"ငါတို့ ပြောင်ကောနဲ့ ဝမ်စစ်ထုံ အကြောင်းပြောနေတာလေ၊ ဘယ်သူမဆို ဒါကို မြင်နိုင်တယ်"
ကျီဖေးက ပြတ်ပြတ်သားသား ပြောချလိုက်သည် ထိုအခါမှ သူတို့လည်း အတင်းအဖျင်းပြောနေသည်ကို ခိုးကြောင်ခိုးဝှက်မလုပ်ရတော့မှာပင်။