အခန်း (၃၄၃)
Vol. 35 Ch. 343
အဆုံးတွင် ထိုအခြေအနေသည် သိသာထင်ရှားနေသော ကြောင့် ကျီဖေးသည် သူမ၏ အထူးစွမ်းရည်ကိုထုတ်ပြစရာမလိုချေ။ သူမသည် ချင်ကျောက်၊ ချင်ရုန်တို့နှင့်အတူ ပွင့်ပွင့် လင်းလင်း အတင်းအဖျင်းပြောနိုင်သည်။ ချင်ရီသည် ကျီဖေး ၏စကားများကို နားထောင်ရင်း ခေတစွန့်အသွားပြီး
"ငါ့တပည့်က အရွယ်မရောက်သေးလို့ပါ၊ အတင်းအဖျင်း ပြောမနေကြနဲ့"
"သူက အရွယ်ရောက်ပြီးပြီလေ သူ ဘယ်လိုလုပ် မရင့်ကျက်ပဲနေမှာလဲ? သူ ဝမ်းကွဲကိုတောင် ဝန်ခံပြီးပြီမလား? ပြီးတော့ သူ့ကို ငြင်းလိုက်တယ်မလား?"
ချင်ကျောက်သည် ကျီဖေးထံမှ ကြားခဲ့သော အတင်းအဖျင်းကို မှန်းဆချက်တစ်ခုအဖြစ် ပြောင်းလိုက်သည်။
ချင်ရီသည် စကားမပြောသေးပဲ သက်ပြင်းသာချနိုင်ခဲ့ပြီး “အခုကစပြီး ငါတပည့်တွေဆိုရင် ယောက်ျားလေးတွေပဲ ထားသင့်တယ်”
ကျီဖေး ထပ်မံပြောလိုက်ချင်သော်လည်း သူ အကျယ်ကြီး မပြောဝံ့ချေ။
[စောစောက သူ့တပည့်တွေကိုသင်ပေးနေတော့ ကောင်လေးတော်တော်များများက သူ့ကိုပုံမှန်မဟုတ်တဲ့ အကြည့်တွေနဲ့ ကြည့်နေကြတယ်၊ ဝမ်းကွဲက သူ့ဆွဲဆောင်မှုသူလျှော့တွက်လွန်းနေတာပဲ၊ သူသာ ဆရာ-တပည့် အချစ်ဇာတ်လမ်းကို တကယ်ရှောင်ပြီး ဆရာကောင်းတစ်ဦးဖြစ်ချင်ရင် သူ့ကိုယ်ပိုင်ပုံရိပ်ကို ဖျက်ဆီးပစ်လိုက်တာပိုကောင်းမယ်]
ချင်ကျောက်နှင့် ချင်ရုန်သည် မရယ်မိအောင်ကြိုးစားနေရသည်။
"ဝမ်းကွဲ... ဝမ်စစ်ထုံက အရှုံးမပေးဘူးဆိုရင် ရှင်ဘာလုပ်မှာလဲ၊ သူ့ဆရာ ဆက်လုပ်ဦးမှာလား" ချင်ရုန် စိတ်ဝင်တစားမေးလိုက်သည်။
"သူသာ ဆက်ပြီး ခေါင်းမာနေမယ်ဆိုရင် ငါ သူ့ဆရာအဖြစ် ဆက်မလုပ်နိုင်တော့ဘူး"
ချင်ရီသည် ဖျော်ဖြေရေးစင်မြင့်ကို မော့ကြည့်ရင်း "ဒီညက သူ့အတွက် အခွင့်အရေးတစ်ခုပဲ၊ သူ့ရဲ့ စွမ်းဆောင်မှုနဲ့ဆို တစ်စုံ တစ်ယောက်ရဲ့မျက်လုံးကို ဖမ်းစားမိရင် သူ့ကို တပည့်အဖြစ် ခေါ်သွားချင်ခေါ်သွားနိုင်တယ်၊ အဲ့လိုဆို သူလည်း လက်လျှော့သွားမှာပါ"
"ဒါပေမယ့် ခုနက သူ့ရဲ့ အပြုအမူကို အခြေခံရရင် ၀မ်းကွဲတောင် သူ့ကို တခြားတစ်ယောက်ဆီပေးလိုက်ရင် ပြဿနာကြီးတစ်ခုဖြစ်သွားနိုင်တယ် မဟုတ်လား ,? ဒါကို သေချာကိုင် တွယ်တာ ပိုကောင်းမယ်" ကျီဖေး ပြောလိုက်သည်။
ကျီဖေး၏ နှစ်ပေါင်းများစွာအတွေ့အကြုံအရ ဝမ်စစ်ထုံကဲ့သို့သောသူများသည် ရူးသွပ်သောအရာများကို အလုပ်နိုင်ခဲ့ပင်။ ချင်ရီကဲ့သို့ နူးညံ့သိမ်မွေ့သော လူတစ်ယောက်သည် ထိုသို့သောလူမျိုးနှင့် ဆက်ဆံရာတွင် အခက်ခဲဆုံးဖြစ်လိမ့်မည်။
အမှန်တွင် ကျီဖေး၏သတိပေးချက်မရှိပါက ချင်ရီသည် သတိထားဆဲဖြစ်မည်။ ဝမ်စစ်ထုံသည် သူဂရုတစိုက် ပြုစုပျိုးထောင်ပေးခဲ့သော တပည့်တစ်ဦးဖြစ်ကာ သူမအတွက် အကောင်းဆုံးသာဖြစ်စေချင်သည်။
မကြာခင်တွင် ဖျော်ဖြေပွဲများ စတင်ပြီဖြစ်သည်။
ကျီဖေးနှင့် ချင်ရုန်တို့သည် ထိုသို့ပွဲမျိုးကို စိတ်မ၀င်စားတက်သောကြောင့် အပေါ်ယံသာကြည့်ရှုနိုင်သည်။
တစ်ဖက်တွင် ချင်ရီနှင့် ချင်ကျောက်တို့သည် အချင်းချင်း ဝေဖန်မှုများပေးနေကြသည်။
ဝမ်စစ်ထုံ၏အလှည့်သည် စောသဖြင့် သိပ်မကြာခင်တွင် သူမအလှည့်ရောက်လာသည်။ သူမ၏ အသံစွမ်းရည်သည်တကယ့်ကို ထူးခြားသည်။ သို့ဖြစ်ရာ ကျီဖေးနှင့် ချင်ရုန်တို့လိုပရော်ဖက်ရှင်နယ်မဟုတ်သည့် သူများတောင်မှ သူမသည် တခြားကျောင်းသားများနှင့် ယှဉ်ပါက တခြားအဆင့်တွင် ရှိနေသည်ဟုပြောနိုင်သည်။
သူမ၏စွဲမက်ဖွယ်ကောင်းသော သီဆိုမှုစွမ်းရည်နှင့် ပေါင်းစပ်ကာ သူမ၏ ဖျော်ဖြေတင်ဆက်မှုသည် သာမန်ကျောင်းသားပြိုင်ပွဲကို ပရော်ဖက်ရှင်နယ် ဖျော်ဖြေပွဲအဆင့်သို့ မြှင့်တင်ပေးခဲ့သည်။
ပရိသတ်၏တုံ့ပြန်မှုသည် စိတ်အားထက်သန်မှုအရှိဆုံးဖြစ်ပြီး အခမ်းအနားသတင်းထောက်များပင် ဓာတ်ပုံများမကြာခဏ ရိုက်တက်ကြသည်။
သူမ သီချင်းပြီးဆုံးသွားချိန်တွင် လက်ခုပ်သံများ အသံမစဲတသဲသဲထွက်ပေါ်လာသည်။ ဝမ်စစ်ထုံသည် လူတိုင်း၏အကြည့်ကို ယုံကြည်ချက်ရှိစွာလက်ခံပြီး သူမ၏ မျက်လုံးများသည် ချင်ရီကို လူအုပ်ကြားမှ ရှာဖွေနေသည်။ သို့သော် ၎င်းတို့သည် သီးသန့်အခန်းထဲရှိနေသောကြောင့် ဝမ်စစ်ထုံသည် စင်မြင့်မှ နောင်တရစွာသာ ထွက်သွားနိုင်သည်။
ဖျော်ဖြေပွဲများသည် နောက်ဆုံးအကြိမ်အထိ ထူးထူးခြားခြား ဖြစ်မလာပေ။
ကျိုးရုရှစ်သည် အစောပိုင်းကထက် အနည်းငယ် ပိုပြင်ဆင်ထားပြီးမျက်မှန်မတပ်ထားချေ။
သူမ သီချင်းဆိုသည်နှင့် တပြိုင်နက် ကျီဖေးနှင့် အခြားသူများလည်း အံ့သြသွားကြသည်။ သူမတွင် ဝမ်စစ်ထုံလောက် အံမခန်းလောက်သည့် အသံမရှိသော်လည်း သူမအသံသည် တိကျပြတ်သားကာ ရွယ်တူများနှင့် ယှဉ်ပါက သူမ၏ထူးချွန်မှုကို ပြသနိုင်ဆဲပင်။
သူမ၏သီချင်းဆိုနည်းစနစ်သည် ခိုင်မာသဖြင့်ပရိသတ်များနှင့် ကျွမ်းကျင်သည့် သူများဆီမှ မကြာခဏခေါင်းညိတ် အသိမှတ်ပြုသည်ကို ရရှိခဲ့သည်။ သို့သော်လည်း သူ့ အသံအရည် အသွေးသည် သာမန်မျှသာဖြစ်ပြီး လူစုလူဝေးကြားတွင် အလွယ်တကူပျောက်ကွယ်သွားခြင်းကိုလည်း ခံစားရစေ သည်။ သူမ အသံကို ချက်ချင်းမှတ်မိဖို့ ခက်လှသည်။
သူမနှင့် ဝမ်စစ်ထုံအကြားရှိ ခြားနားချက်မှာ အလုပ်ကြိုးစားမှုနှင့် ပင်ကိုယ်အရည်အချင်းများကြားရှိ တိုက်ပွဲတစ်ခုလိုပင်။
ဂျီးနီးယပ်တစ်ယောက်သည် မမောမပန်း အလုပ်လုပ်သူတစ်ဦးကို ကျော်တက်နိုင်စေရန် ဆရာဖြစ်သူ၏ လမ်းညွှန်မှုနှင့်ပါ ပေါင်းစပ်ပါက အလယ်အလတ်အားထုတ်မှုကိုသာလိုအပ်မည်ဖြစ်သည်။
ကံမကောင်းစွာပင် ဤည၏အဓိကမီးရောင်သည် ထိုဂျီးနီယပ်မိန်းကလေးကိုသာထိုးပြနေသည်။
ထို့နောက် ကျောင်းသားများ၏ဖျော်ဖြေပွဲများ ပြီးဆုံးသွားသောအခါ ချင်ရီသည် ဝမ်စစ်ထုံထံမှ သူမကိုလာတွေ့ရန် စာကို လက်ခံရရှိခဲ့သည်။
ချင်ရီ လှည့်ကြည့်လိုက်ချိန် သူ့ဘေးရှိ သုံးယောက်သည် အတင်းအဖျင်းများကြောင့် ဘလင်းဘလင်းထနေသည့် မျက် လုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ ဘာမှပြန်မပြောနိုင်ခင် ၎င်းတို့သည် စေသနာတနင့်မပိုးနှင့် ဒရမ်မာကြည့်ရန်လိုက်ပို့တော့သည်။
၎င်းတို့သည် သီးသန့် အနားယူခန်းအပြင်ဘက် စင်္ကြန်တွင်းသို့ ရောက်လာသောအခါ ကျောင်းသားအချို့ စိတ်ပျက်လက် ပျက်ဖြစ်နေကြပြီး အချို့သည် စိတ်လှုပ်ရှားစွာ ခန်းမထဲမှ တဖြည်းဖြည်း ထွက်ခွာသွားကြသည်။ တချို့သည် ချင်ရီထံသို့ ၎င်းတို့၏ ဖျော်ဖြေပွဲနှင့် ပတ်သက်၍ အကြံပြုချက်တောင်းရန် ချဉ်းကပ်ကြလာပြီး သူသည်လည်း အသေးစိတ်အကြံဉာဏ်များကို စိတ်ရှည်စွာ ပေးခဲ့သည်။
ကျိုးရုရှစ်လည်း မျက်မှန်ပြန်တပ်ထားကာ လွယ်အိတ်ကိုပိုက်လျက် ပြေးလာချိန် ချင်ရီကိုတွေ့သောအခါ ၀မ်းနည်းမှုကို ဖုံးကွယ်ပြီး လေးလေးစားစားနှုတ်ဆက်လိုက်သည်။
ချင်ရီက သူမ၏ စွမ်းဆောင်ရည်အတွက် စိတ်မကောင်းဖြစ်နေသည်ဟုသာ ထင်သဖြင့် "မင်း ဒီနေ့ မင်း တကယ်ကောင်း ကောင်းလုပ်နိုင်ခဲ့တယ်၊ ဒီလိုမျိုး ဆက်ကြိုးစားသွားရင် ပိုပြီးတိုးတက်လာမှာပါ"
ကျီဖေးသည် ထိုမိန်းကလေး၏မျက်လုံးများတောက်ပလာသွားသည်ကို သတိပြုမိလိုက်ပြီး သူမ သဘောကျသူနေထံမှ ချီးမွမ်းစကားတစ်ခွန်းသည် သူမအား ခွန်အားဖြစ်စေပုံရသည်။
"ကျေးဇူးတင်ပါတယ် လောင်ရှစ်" ကျိုးရုရှစ် ပြန်ပြောသည် ။ ထို့နောက် သူမ ချင်ရီကို နောက်တစ်ကြိမ် စိုက်ကြည့်ပြီး
“လောင်ရှစ် နေလို့မကောင်းရင် အနားယူဖို့အချိန်ပိုယူသင့်တယ်”
ချင်ရီ အံ့အားသင့်သွားသည်။ သူ ထိုအရာကို ကျိုးရုရှစ်သတိ ပြုမိဖို့ မမျှော်လင့်ထားချေ။ မကြာသေးမီကဖြစ်ခဲ့သော မိသား စုကိစ္စများနှင့် ကိုယ်ရေးကိုယ်တာပြဿနာများကြောင့် သူ ကောင်းကောင်း အနားယူခဲ့သောကြောင့် ပင်ပန်းနေပုံရသည် မှာ အံ့သြစရာမဟုတ်ပေ။
ထိုသို့သော ဆရာနှင့်ကျောင်းသားကြားတွင် စိုးရိမ်မှုများသည် ဖြစ်နေကျဖြစ်သောကြောင့် သူလည်း ရိုးသားစွာ ပြုံးပြလိုက်ပြီး "ကျေးဇူးတင်ပါတယ်၊ လောင်ရှစ် ဂရုစိုက်လိုက်ပါ့မယ်"
ကျိုးရုရှစ်သည် ချင်ရီ၏အပြုံးကို မြင်သောအခါ ခေါင်းကိုအမြန်ငုံ့ကာ ထွက်သွားလိုက်သည်။
ကျီဖေးနှင့် အခြားလူများကို ကျော်ဖြတ်သွားသောအခါ ၎င်းတို့သည် ထိုကောင်မလေး၏မျက်နှာသည် နီရဲလာသည်ကို သတိပြုမိလိုက်သည်။
[သူမရဲ့ တိတ်တခိုးအချစ်က တကယ်ချစ်ဖို့ကောင်းတယ်၊ ကြည့်ရတာ အခြေအနေကို ငါတို့ကလွဲရင် ဘယ်သူမှ သတိမထားမိတဲ့ပုံပဲ၊ ဒါ တပည့်တစ်ယောက် လုပ်နေကျအရာလို့ပဲ မြင်လို့ရပေမဲ့ သူက ချင်ရီရဲ့ အခြေအနေကိုမြင်နိုင်တာပဲ]
ချင်ကျောက်နှင့် ချင်ရုန်တို့သည် ချင်ရီ၏ လတ်တလောအခြေအနေကို သတိမထားမိသော်လည်း ကျိုးရုရှစ် သတိပြုမိသည်ကို မအံ့သြပေ။ သင်သာ တစ်စုံတစ်ဦးကို နှစ်သက်ပါက ထိုလူ့ကို သဘာဝအတိုင်း အာရုံစိုက်နေမိမည်။ ထိုသို့သာဆိုလျှင် ဝမ်စစ်ထုံသည် ချင်ရီကိုသိပ်ဂရုမစိုက်ပုံရသည်။
ဝမ်စစ်ထုံ၏စောင့်ဆိုင်းခန်းသည် သူမှလွဲ၍မည်သူမှမရှိချေ။ ချင်ရီ တံခါးခေါက်ပြီး ဝင်လိုက်သည်နှင့် ဝမ်စစ်ထုံသည် ရွှင်မြူးနေသည့် ငှက်ကလေးတစ်ကောင်ပမာ သူ့ဆီ ပြေးလာသည်။ ချင်ရီသည် သူနှင့်အတူ တခြားသူများပါလာသောကြောင့်သာ မဟုတ်ပါက သူမ သူ့ရင်ခွင်ထဲသို့ ပြေး၀င်မိမည်။
ဝမ်စစ်ထုံ၏အမူအရာ တင်းမာသွားကာ "လောင်ရှစ် ကျွန်မမှာ သီးသန့်ဆွေးနွေးစရာရှိတယ်…”
ထို့နောက် သူမသည် ဧည့်သည်သုံးယောက်ကို မလိုလားအပ်စွာ ကြည့်လိုက်သည်။
ချင်ရီသည် ဝမ်စစ်ထုံ ရှင်းရှင်းလင်းလင်းပြောလာသဖြင့် ၎င်းတို့ကို နေခိုင်းရန်မသင့်တော်သောကြောင့် "မင်းတို့ ငါ့ကို ဘာလို့ ကားထဲမှာ သွားမစောင့်တာလဲ၊ ငါ သိပ်ကြာမှာမဟုတ်ပါဘူး"
ချင်ရီ ထိုသို့ပြောလိုက်သည့်အချိန် ဝမ်စစ်ထုံလည်း သိသိသာသာစိတ်ပျက်သွားပုံရသည်။
ကျီဖေးတို့သည် မငြင်းဆန်တော့ပဲ အပြင်သာထွက်လိုက်သည်။
သို့သော် တံခါးပိတ်ပြီးသည်နှင့် သူတို့ သုံးယောက်သည် လျှောက်လမ်းဘေးတွင် ရပ်မြဲအတိုင်းရပ်နေသည်။
သူတို့ ခိုးနားထောင်ဖို့ ကြိုးစားကြည့်သော်လည်း အသံလုံစနစ်သည် အလွန်ကောင်းနေသည်။ သို့သော် သူတို့ အားမလျှော့စတမ်း ထပ်မံစောင့်ဆိုင်းရန် စင်္ကြန်ရှိခုံတန်းလေးပေါ်တွင် ထိုင်လိုက်ကြသည်။
သူတို့သည် အနည်းဆုံး တံခါးနောက်ကွယ်တွင် ဖြစ်ပျက်နေ သည်များကို မြင်ယောင်ရန် ကျီဖေး၏အတွေးများကိုအသုံး ပြုနိုင်သည်။
သူတို့မှန်းထားသလိုပင် ကျီဖေးသည် သူမ၏အတွေးများကို ပြန်စခဲ့သည်။
[ငါသိတာပေါ့! သူ တစ်ခြားဘာကိုမှ ဆွေးနွေးချင်စိတ်မရှိဘူး၊ သူက ဝမ်းကွဲက ထပ်ပြီးဝန်ခံနေတာပဲ၊ ဝမ်စစ်ထုံက တကယ့်ကိုအရှုံးမပေးဘူးပဲ]
ချင်ကျောက်နှင့် ချင်ရုန်တို့သည် လူတိုင်းအား အတင်းအဖျင်းစကားများကိုဝေမျှရန် ဂိမ့်ဆော့ချင်ယောင်ဆောင်နေကြသည်။
"သတင်းကြီးဟေ့! သတင်းကြီး! ဝမ်းကွဲကို သူ့တပည့် ထပ်ဖွင့်ပြောနေတာကို ငါတို့ နားထောင်နေကြရတယ်"