← Chapters

အခန်း (၃၄၄)

Vol. 35 Ch. 344

အခန်း (၃၄၄)

Vol. 35 Ch. 344

"ဘာလို့လဲ? ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက်က အရမ်းလိုက်ဖက်တယ်လေ၊ ကျွန်မက ငယ်တယ်၊ လှတယ်၊ အရည်အ ချင်းရှိတယ်၊ ရှင်လည်း ကျွန်မအပေါ် ခံစားချက်ရှိမှာပဲ၊ မဟုတ်ရင် ရှင်ဘာလို့ ကျွန်မကို ရွေးချယ်ခဲ့တာလဲ၊ ရှင် ကျမကို ဘာလို့ ကောင်းကောင်းဆက်ဆံခဲ့တာလဲ၊ ရှင် ကျွန်မကို လမ်းညွှန်ပေးခဲ့တယ်၊ ကျွန်မရဲ့ကိုယ်ရေးကိုယ်တာပြဿနာတွေကို ကူညီပေးခဲ့တယ်၊ ကျွန်မကို အရမ်းဂရုစိုက်ခဲ့တယ်၊ ရှင်..."

"အဲဒါက မင်းကို အရည်အချင်းရှိတဲ့ အဆိုတော်တစ်ယောက်အဖြစ်ပြုစုပျိုးထောင်ပေးချင်လို့ပဲ၊ ငါ မင်းကို ဘာမဟုတ်တာတွေအတွက် မဖြုန်းတီးစေချင်ဘူး၊ ဒါကြောင့် ငါ မင်းအတွက်အရမ်းအားထုတ်ပေးခဲ့တာ၊ မင်းက ငါ့ရဲ့ ပထမဆုံး တပည့်ပဲ၊ ငါ မင်းကိုအောင်မြင်သွားစေချင်တဲ့ စေတနာကလွဲရင် ဘာမှမမျှော်လင့်ခဲ့ဘူး”

"ဟင့်အင်း ရှင် လိမ်နေတာ၊ ရှင့် ပတ်ဝန်းကျင်မှာ ကျွန်မကလွဲပြီး တခြားမိန်းမမှ မရှိတာ၊ ရှင့်ရဲ့အချိန်နဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကျွန်မအပေါ်ပဲ စိုက်ထုတ်ထားရတာလေ၊ ကျွန်မက ရှင်နဲ့ အရင်းနှီးဆုံးမို့ ကျွန်မကို ကြိုက်ကိုကြိုက်နေမှာသေချာတယ်၊ ရှင် ဒါကို ဝန်ခံဖို့ အရမ်းကြောက်တာမှတ်လား"

ချင်ရီသည် ထိုနားလည်မှုလွဲမှားမှုကို အေးအေးဆေးဆေးသာ အဆုံးသတ်ရန် စီစဉ်ထားသော်လည်း ဝမ်စစ်ထုံနှင့် စကားပြောရသည်မှာ ထိုမျှခက်ခဲမည်ဟု သူ မမျှော်လင့်ထားချေ။ သူမသည် သူ့အတွေးကမ္ဘာထဲတွင်သာ ပိတ်မိ‌နေသဖြင့် သူသာ ကြမ်းကြမ်းတမ်းတမ်းစကားမပြောပါက သူမ နားမထောင်ဘူးဆိုတာ သဘောပေါက်သွားသည်။

"ငါ့မှာ တခြားမိန်းမတွေမရှိဘူးဆိုတာနဲ့ မင်းကိုကြိုက်ရမယ်လို့ မဆိုလိုဘူး ၀မ်စစ်ထုံ၊ မင်း အိမ်မက်က နိုးထသင့်ပြီ၊ မင်းဟာ မင်းက ငါ့တပည့်ပဲ၊ နောက်ကျရင် ငါ့မှာ တခြားတပည့်တွေလည်းရှိလာလိမ့်မယ်၊ မင်းက ငါ့အတွက် သီးသန့်လည်း မဟုတ်သလို နောက်ဆုံးလည်း ဖြစ်မှာမဟုတ်ဘူး"

"ကျွန်မ မယုံဘူး၊ ကျွန်မ နားလည်ပါတယ်၊ ရှင်က ဆရာ-တပည့် ဆက်ဆံရေးကြောင့် လူတွေပြောကြမှာကို စိတ်ပူနေတာမလား၊ ကောင်းပြီ ကျွန်မ ကျောင်းကထွက်လိုက်ယ်၊ ဒါဆို ကျွန်မတို့ကို ဘယ်သူမှ အပြစ်ရှာရဲမှာ မဟုတ်ဘူး"

ဝမ်စစ်ထုံသည် ထပ်ခါတလဲလဲ ငြင်းပယ်မှုများကြောင့် စိတ် ပျက်အားငယ်သွားခဲ့သည်။ ယနေ့ သူမ အောင်မြင်စွာ ဖျော်ဖြေပြီးနောက် ချင်ရီသည် သူမ၏ ထူးချွန်မှုနှင့် အချစ်စစ်ကို မြင်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ ချင်ရီသည် သူမအတွက်ထူးခြားသလို သူသည်လည်း အခြားဆရာများနှင့် နှိုင်းယှဉ်ပါပ သူမကို မည်မျှ ကွဲပြားစွာ ဆက်ဆံသည်ကို လူတိုင်းသိသည်။ သူသည် နူးညံ့သိမ်မွေ့သော အကြည့်များဖြင့် သူမကိုကြည့်တက် သည်။ သူ သူမအား ဘယ်လိုမှ မကြိုက်ပဲမနေနိုင်ချေ။

သို့သော် နောက်အခိုက်အတန့်တွင် ချင်ရီသည် အေးစက်သော မျက်နှာဖြင့် သူမ၏ မျှော်လင့်ချက်များကို ဖြိုခွင်းတော့သည်။

"မင်းသာ ထွက်သွားရင် ငါတို့ကြားက ဆက်ဆံရေးကဘာမှရှိတော့မှာ မဟုတ်ဘူး"

ဝမ်စစ်ထုံ အံ့သြသွားသည်။ ချင်ရီသည် သူမအား ဤကဲ့သို့ အေးစက်စက်ဆက်ဆံသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူမ၏နုနယ်သောနှလုံးသားလေးသည် နာကျင်သွားကာ မျက်ရည်များ စီးကျလာသည်။

ရုတ်တရက်ဆိုသလို သူမသည် သတိပြန်ကပ်သွားသည့်အတိုင်း "ကျွန်မနားလည်ပြီ၊ ရှင့်ရဲ့ ဂုဏ်သတင်းကို မြှင့်တင်ဖို့ ကျွန်မ အရည်အချင်းတွေကို အသုံးချချင်နေတာမလား၊ ကောင်းပြီ ချင်ရီ သဘောတူညီချက်တစ်ခုလုပ်အောင်၊ ကျွန်မတို့အတူတူနေရင် ရှင့်အတွက် ကျွန်မသီချင်း‌တွေဆက်ဆိုမယ်၊ ကျွန်မ ရှင့်ရဲ့လက်ထဲက အရည်အချင်းရှိတဲ့ အဆိုတော်တစ်ယောက်ဖြစ်လာစေရမယ်၊ တစ်ကမ္ဘာလုံးက ကျွန်မမှာ အရမ်းတော်တဲ့ ဆရာရှိတယ်ဆိုတာသိတဲ့အထိ ကျွန်မသီချင်းတွေဆိုမယ်!"

ချင်ရီ တကယ်ကိုထိတ်လန့်သွားသည်။ သူ့အထင်တွင် ဝမ်စစ်ထုံအား အနည်းငယ် လျှာစောင်းထက်သည့် မိန်းကလေးတစ်ယောက်ဟုသာထင်ခဲ့ပြီး ထိုသို့သောအရာသည် မိန်းကလေးတစ်ယောက်အတွက် မကောင်းသည့်အရာမဟုတ်ပဲ သူမကို အနိုင်ကျင့်သူများပင် မရှိနိုင်ဟုထင်မိသည်။ ယခုမူ သူမ၏ အကျင့်စရိုက် မည်မျှပျက်ပြားနေသည်ကို သူနားလည်သွားရသည်။ သူမထံ ဆင်ခြင်တုံတရားမရှိချေ။

သူမ မိသားစုပြဿနာများကြောင့် သူမကို သနားစရာကောင်းသည့် ကလေးတစ်ယောက်ဟုသာ ထင်ခဲ့သော်လည်း ယခုပုံစံနဲ့ဆိုလျှင်...

သူသည် သူမ၏အရည်အချင်းကြောင့် မျက်စိကွယ်ခဲ့ပုံသည်။ သူအနာဂတ်တွင် တပည့်ရွေးချယ်သည့်အခါ ပိုသတိထားရပေမည်။

ချင်ရီမှာ ဝမ်စစ်ထုံမှာ သူပြောသည့်စကားကို နားမလည်သည့်အလား လုပ်နေသဖြင့် သူမကို စိတ်ပျက်သွားမိသည်။ သူမသည် သူ၏ ပထမဆုံးကိုယ်ပိုင် တပည့်ဖြစ်သဖြင့် သူမအပေါ်ညှာတာထားသည့်အရာများကို သူ ပြတ်ပြတ်သားသားဖြတ်တောက်ရမည်ကို သိလိုက်သည်။

"ဒါဆို မင်းအတွက် သီချင်းဆိုတယ်ဆိုတာက ဒီလောက်ပဲအရေးပါတာလား ? ဒါက မင်းရဲ့ကိုယ်ပိုင်ဘဝပဲ၊ ငါ့ကို ခြိမ်း ခြောက်ဖို့ သုံးလို့မရဘူး" ချင်ရီ အေးစက်စွာပြောလိုက်သည်။

"မင်း ဒီနေ့ ကောင်းကောင်းလုပ်ခဲ့လို့ ကမ်းလှမ်းချက်တွေ အများကြီးရမှာ သေချာတယ်၊ မင်းကို လမ်းပြပေးဖို့ တခြားသူကို ရှာလိုက်ပါ၊ ငါ့ရဲ့ သင်ကြားမှု စွမ်းရည်တွေကိုပြသဖို့ မင်းကို မလိုအပ်ဘူး"

ဝမ်စစ်ထုံ၏မျက်နှာသည် ဖျော့တော့သွားသည်။ ချင်ရီသည် သူမကို ထိုမျှ လွယ်လွယ်ကူကူ စွန့်လွှတ်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။

သူမ စိတ်ပျက်သွားမိသော်လည်း ရှေ့သို့ ပြေးလာကာ ချင်ရီကို ဖက်တွယ်ပြီး နမ်းရန်ကြိုးစားလိုက်သည်။

ချင်ရီလည်း သတိထားနေသဖြင့် သူမကိုအမြန်တွန်းဖယ်လိုက်သော်လည်း သူမ ဒေါက်မြင့်ဖိနပ်စီးထားသောကြောင့် ဟန် ချက်ပျက်မထိန်းနိုင်တော့ပဲ နောက်ပြန်လဲကျသွားခဲ့သည်။ သူ့ နောက်တွင် မိတ်ကပ်မှန်ချက်ကြီးတစ်ခုရှိနေပြီး အလွန်အန္တရာယ်များလှသည်။ ချင်ရီ လျင်မြန်စွာ သူမ ခေါင်းကိုကာကွယ်ရန် လှမ်းဆွဲလိုက်သော်လည်း သူမအပေါ်သို့လဲကျသွားရသည်။

သို့သော် ဝမ်စစ်ထုံသည် အခြေအနေကိုဂရုမစိုက်ပဲ ချင်ရီ၏ ကော်လာစကို ဆွဲကိုင်ကာ နောက်တစ်ကြိမ် နမ်းရန်ကြိုးစား လာသည်။

ထိုစဉ် တံခါးပွင့်သွားခဲ့သည်။

"အကိုဝမ်းကွဲ... ကျွန်တော်တို့ စောင့်နေ... အိုး... ငါ မင်းတို့ကို တစ်ခုခုနှောက်ယှက်မိသွားသေးလား"

ချင်ကျောက်၏ အသံထွက်လာသည်။

သူ့နောက်နှင့် ချင်ရုန်နှင့် ကျီဖေးတို့သည် ဖြစ်ပျက်နေသည်များကိုကြည့်ရန် လည်ပင်းကိုဆန့်ထားလိုက်ကြသည်။

သူတို့သည် ကျီဖေး၏ စိတ်ထဲမှာ "ချင်ရီတော့ အတင်းအကြပ်လုပ်ခံရတော့မယ်" ဟူသော အော်သံကို ရုတ်တ်တရက် ကြား လိုက်ရသောကြောင့် ချင်ကျောက်နှင့် ချင်ရုန်တို့ အထိတ်တ လန့်ဖြစ်သွားသည်။

ချင်ကျောက်သည် ချက်ချင်းထရပ်လိုက်ပြီး တစ်ခုခု ထူးခြားလားဟု စစ်ဆေးကြည့်ချင်သည်ဟုဆိုကာ တံခါးကို ဆွဲဖွင့်လိုက်သည်။

ထို့ကြောင့် ၎င်းတို့သုံးယောက်သည် ဝမ်စစ်ထုံ၏ဒေါသကို လက်ခံရရှိလိုက်သည်။

ဝမ်စစ်ထုံသည် ၎င်းတို့၏နှောင့်ယှက်မှုများကြောင့် သူ အခွင့် ကောင်းကို လက်လွတ်သွားသည်။ ချင်ရီသည် ဒေါသတကြီးဖြင့် တွန်းဖယ်လိုက်ပြီးလှည့်ထွက်လာကာ

"ငါတို့အခုကစပြီး ဘာမှပတ်သက်ဖို့ မလိုတော့ဘူး!"

ဝမ်စစ်ထုံ သူ့အား ဘယ်လောက်လှမ်းခေါ်ပါစေ သူ ဂရုမစိုက်တော့ပဲထွက်သွားခဲ့သည်။

ချင်ရီ၏စိတ်တစ်လုံး အလွန်မှောင်မိုက်နေပြီး အိမ်အပြန်ခရီးလမ်းတွင် မည်သူမှ ယခု အဖြစ်အပျက်ကို ပြက်ရယ်မပြုဝံကြပေ။ အိမ်သို့ရောက်သောအခါ ချင်ရီသည် အနားယူရန် သူ့အခန်းဆီသို့သာ တန်းသွားလိုက်သည်။

သို့သော်လည်း အခြားသူများသည် သူ၏ ကံဆိုးမှုကိုတိတ်တ ဆိတ်သာ တွေးတောမနေချင်သလို သူသည်လည်း လျှို့ဝှက်ထားရန် မတောင်းဆိုခဲ့သောကြောင့် သူတို့ ပြန်ရောက်သည်နှင့် ကျန်မိသားစုများအား အလောတကြီးမျှဝေလိုက်သည်။

ချင်ကျားရှီအိမ်ပြန်ရောက်သောအခါ လူတိုင်းသည် စကားစ မြည်ပြောခြင်းကို ရပ်လိုက်ကြပြီဖြစ်သည်။

ချင်ကျားရှီသည် သူမ၏အဝတ်အစားများသည် တစ်၀က်ခန့် စိုစွတ်နေပြီး မျက်နှာသည်လည်း ဖျော့တော့နေကာ အလွန်ထိတ်လန့်ဖွယ်ကောင်းလွန်းသည်။

သူတို့မေးလာချိန် သူမသည် မတော်တဆမှုတစ်ခုဟုသာ ပြောပြီး အခန်းထဲသို့အမြန်ပြန်သွားခဲ့သည်။

ကျီဖေး၏အတွေးများကို မကြားနိုင်သူများသည် ချင်ရီ၏ ဒရာမာကို ဆက်ဆွေးနွေးနေကြပြီး မကျေနပ်မှုများ ပိုများလာသည်။

[ဘာ? ကျားရှီက သူမရဲ့ ချစ်သူနဲ့ ရန်ဖြစ်ခဲ့လို့ သူ့ရဲ့ Fan Club လို့ခေါ်တဲ့လူတွေက သူမကို အနိုင်ကျင့်ခဲ့တာလား? တစ်စုံတစ် ယောက်က ကျားရှီ ရှိနေတဲ့သန့်စင်ခန်းကို သန့်ရှင်းရေးလုပ်မလို့ ဟန်ဆောင်ပြီး ရေပုံးတစ်ပုံးကို မတော်တဆပတ်မိသလိုလုပ်ခဲ့တာပဲ၊ ပြီးတော့ သူတို့က ကျားရှီကိုတောင် သေသေ ချာချာတောင်းပန်လိုက်သေးတယ်၊ ဒါပေမယ့် ဒါက သူက သူ အနိုင်ကျင့်ခံရတာကို သိတယ်]

ချင်ဒုတိယမိသားစုသည် ဒေါသတထွက်သွားကြသည်။ သူတို့ မိသားစုရဲ့ကလေးမက အနိုင်ကျင့်ခံနေရတာလား ? မယုံနိုင်စရာပဲ!

ကျီဖေးကို ဖက်ထားသော ချင်ရှန့်လည်း နေ့ခင်းဘက်ရှိအဖြစ် အပျက်ကို ပြန်သတရမိသည်။ သူအလုပ်များကို စစ်ဆေးနေစဉ်အတွင်း လူအများအပြားသည် သူ့အားတွေ့ရန်ကြိုးစားကြပြီး ထိုထဲတွင် စုမိသားစုလည်းပါ၀င်သည်။ စုမိသားစုသည် ၎င်းတို့နှင့် အိမ်ထောင်ရေး မဟာမိတ်ဖွဲ့ဖို့ စိတ်ဝင်စားကြောင်း သူ့ဦးလေး ပြောခဲ့ဖူးသည်။ အမှန်တွင် Y City တွင် ၎င်းတို့ မိသားစုနှစ်စုသည် အလိုက်ဖက်ဆုံးပင်။

သူ့ဦးလေး၏စကားအရဆိုလျှင် စုမိသားစုတွင် သားများစွာရှိသည်။ ၎င်းတို့၏စကားမှာ ရိုးရှင်းလှသည်၊ မည်သည့်သားဖြစ်စေ ချင်မိသားစုနှင့် လက်ထပ်နိုင်ပါက အမွေဆက်ခံသူဖြစ်လာမည်ဖြစ်သည်။

[ခ‌ဏလေး၊ ကျားရှီရဲ့ ချစ်သူကတကယ်ကြီးလား ? သူက သူ့ကို လုံးဝဂရုမစိုက်တဲ့ပုံပဲ၊ သူတို့ရန်ဖြစ်တာကလည်း ယုရှင်းကို မွေးစားဖို့ကြောင့်ပဲ၊ သူ ယုရှင်းနဲ့ ဘယ်လောက်တောင် ရင်းနှီးလိုက်လဲ၊ အခု ကျားရှီ ရေတွေစိုလာလို့ သူ့ဆီတောင်မသွားနိုင်တော့ဘူး၊ ဘာတွေဖြစ်နေတာလဲ?]

ထိုသည်ကိုကြားချိန် ချင်ရှန့်လည်း မထိန်းနိုင်ဘဲပြုံးမိလိုက်သည်။ ကြည့်ရတာ ဒီသခင်လေးက အမွေဆက်မခံချင်တဲ့ပုံပဲ။

[ဒါတင်မကဘူး အဲ့မှာ ချင်ဟန်ကလည်း ကျောင်းကိုလာပြီး ကျားရှီကိုဆူဖို့ ယုရှင်းကိုအတူခေါ်လာခဲ့တယ်၊ ဒီည သူနဲ့အတူ အိမ်ပြန်လိုက်ခဲ့ဖို့ ခြိမ်းခြောက်ပြီး ဦးလေးကိုလည်း တိုင်မယ်လို့ပြောတယ်...]

ချင်ဒုတိယမိသားစုများ ဒေါသထွက်သွားသည်။ ချင်ဟန်သည် သူတို့နှင့် သွေးသားတော်ဆက်သဖြင့် လျစ်လျူမရှုနိုင်ချေ။ ကံမကောင်းစွာပင် သူမသည် သူမ မိသားစုနှင့်နေရပေမည်။ ဤမျှကြီးမားသောမိသားစုတွင် ပန်းသီးပုတ်အနည်းငယ်တော့ ရှိလိမ့်မည်။

[ကျားရှီ ဒီညပြန်လာတာက သူမရဲ့ တစ်ခုတည်းသော ခုခံတဲ့လုပ်ရပ်လို့ပြောလို့ရတယ်]

ချင်ဒုတိယမိသားစု သက်ပြင်းချလိုက်သည်။ အနည်းဆုံးတော့ ကျားရှီသည် ငယ်သေးသော်လည်း အချို့အရာများကိုတော့ လုပ်လို့ရသည်။

ညစာစားချိန်သည် တိတ်ဆိတ်နေသည်။ ချင်ရီသည် စိတ်အ ခြေအနေမကောင်းသဖြင့် ဆင်းမလာချေ။

ချင်ကျားရှီလည်း ဖျားနေပြီလား မသိသော်လည်း သူ့အခန်း တွင်သာပုန်းအောင်းနေခဲ့သည်။

မိသားစုထဲရှိ အမျိုးသမီးများသည် ကျားရှီအားစစ်ဆေးဖို့ သွားပြီး အမျိုးသားများကို ပင်မခန်းမတွင်ထားခဲ့ကြသည်။ သူတို့ ထွက်သွားပြီး သိပ်မကြာခင် ချင်ရီသည် လက်ထဲတွင် ကားသော့ကိုင်လျက်ပြေးထွက်သွားသည်ကို တွေ့လိုက်ရသည်။

ချင်ကျောက်သည် သူ့ကို လှမ်းအော်သော်လည်း ချင်ရီသည် အရေးတကြီးကိစ္စရှိလို့ဟူ၍သာ လှမ်းအော်လာပြီး ထွက်သွားခဲ့သည်။

All Chapters