← Chapters

အခန်း (၃၄၅)

Vol. 35 Ch. 345

အခန်း (၃၄၅)

Vol. 35 Ch. 345

ချင်ရီ ဘယ်ပြောနိုင်မှာလဲ ? သူ့တပည့်က သူငြင်းခဲ့လို့ လက် ကောက်ဝတ်ကို ဓားနဲ့လှီးပြီး သတ်သေမယ်လို့ ခြိမ်းခြောက်လာတယ်လို့ပြောရမှာလား? ယခုပင် သူမသည် လက်ကောက် ဝတ်ကိုဖြတ်လိုက်ပြီး သူမ အခြေအနေကို ပြသသည့် ဗီဒီယိုဖိုင်ပို့လာကာ ဖုန်းခေါ်လာသည်။

ချင်ရီ အမှန်တကယ် ထိတ်လန့်သွားသည်။ သူသည် 120 သို့ ရဲဌာနကို ဖုန်းခေါ်ချင်သော်လည်း သူမသည် ကြို‌သိနေသလိုမျိုး သတိပေးလာသည်။

ဝမ်စစ်ထုံသည် သူ့အား တစ်ယောက်တည်း လာခဲ့ဖို့တောင်းဆိုသည် သို့မဟုတ်ပါက သူမ အဆောက်အဦးပေါ်ကနေ ခုန်ချလိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ချင်ရီသည် အမှန်ပင် ထိတ်လန့်သွားသည်။ သူသာ ရဲကိုဖုန်းဆက်လိုက်ပါ အရာအားလုံးကို ထိန်းမနိုင်သိမ်းမရဖြစ်သွားလိမ့်မည်။ ထိုဆိုလျှင် ဝမ်စစ်ထုံ၏အနာဂတ်ကိုတောင် လုံးဝပျက်စီးသွားစေလိမ့်မည်။

သူမသည် ယနေ့ည ဖျော်ဖြေတင်ဆက်မှုကြောင့် ကျော်ကြားနေပြီဖြစ်သည်။ ယခုနေသာ သေကြောင်းကြံစည်မှု ပေါ်ပေါက်သွားပါက ဝမ်စစ်ထုံသည် သူမကိုယ်သူမ အမှန်တကယ်ပျက် စီးလိုက်ရာရောက်မည်။

ချင်ရီသည် ဝမ်စစ်ထုံမှာ စိတ်လက်မာန်မ လုပ်နေခြင်းဟု ယုံ ကြည်ဆဲဖြစ်သည်။ သူသည် သူမနှင့် စကားအေးဆေးပြောရန် အခွင့်အရေးရှိသည်ဟုထင်ကာ အနည်းဆုံးတော့ သူရှိနေခြင်းသည် သူမကို အနည်းငယ်စိတ်ငြိမ်စေနိုင်မည်။

ချင်ရီသည် ဝမ်စစ်ထုံပြောထားသည့် နေရာအတိုင်းလာကာ လေ့ကျင့်ရေးခန်းနေရာသို့ရောက်သည်နှင့် တံခါးကို တွန်းဖွင့်လိုက်ချိန် သူ တုန်လှုပ်သွားမိသည်။

ဝမ်စစ်ထုံသည် ကြမ်းပြင်ပေါ် အဝတ်ဗလာဖြင့် လဲလျောင်း နေကာ သူမ၏ လက်ကောက်ဝတ်မှသွေးများသည် မြေပြင်ပေါ်သို့ စီးကျနေပြီဖြစ်သည်။

ချင်ရီသည် အခြားအရာများကို စဉ်းစားရန် အချိန်မရှိပေ။ သူသည် ဝမ်စစ်ထုံ၏ လက်ရှိအခြေအနေကို သေချာမသိသဖြင့် သူမထံ ပြေးသွားခဲ့သည်။

သူ သူမကို ကူညီဖို့ ကြိုးစားလိုက်သော်လည်း ဝမ်စစ်ထုံသည် ရုတ်တရက် လက်ကိုမြှောက်လိုက်ကာ ချင်ရီ၏ မျက်နှာပေါ်သို့ တစ်ခုခု ပတ်လိုက်သည်။

ချင်ရီသည် ချမ်းသာသောမိသားစုတွင် ကြီးပြင်းလာသော ကြောင့် လှည့်ကွက်အချို့ကို မြင်ဖူးသည်။ ယခုအချိန်တွင် တစ်ခုခုမှားနေမှန်း သူအလိုလိုလိုက်သည်။

သို့သော် သူ မတုံ့ပြန်ခင် ဝမ်စစ်ထုံသည် သူ့အား ဆွဲလှည့်ပြီးလေပြီ။

သူမ၏ရဲရင့်သော တုန့်ပြန်မှုကြောင့် ချင်ရီမှာ ရုန်းကန်လေလေ ဆေး၏ အကျိုးသက်ရောက်မှုကိုလျင်မြန်စေရုံသာ ဖြစ်သည်။ ဝမ်စစ်ထုံသည် သူ့အဝတ်အစားများကို ဆုတ်ဖြဲပစ်လိုက်သည်။

"ဝမ်စစ်ထုံ မင်း ရူးနေတာလား!" ချင်ရီ သူ့ကို အော်လိုက်သည်။

ဝမ်စစ်ထုံ၏မျက်လုံးများသည် အချိန်အတော်ကြာအောင် ငိုနေခဲ့မှန်း သိသာစွာ ရောင်ကိုင်းနေပြီး ရူးသွပ်မှုများ ပြည့်နှက်နေကာ "ရှင်ပဲရှင်းနေတာ၊ ကျွန်မက ရှင့်ရဲ့အချစ်ဆုံးတပည့်လေ၊ ရှင် ကျွန်မကို တခြားတစ်ယောက်ဆီ ဘယ်လိုလုပ်ပေးနိုင်တာလဲ၊ ဒီညတော့ ရှင်ဆန္ဒမရှိရင်တောင် ကျွန်မနဲ့နေရမယ်၊ ရှင့်မှာ ရွေးချယ်စရာမရှိဘူး"

ချင်ရီ ဒေါသတကြီးအော်လိုက်ကာ "ဝမ်စစ်ထုံ! စိတ်အေးအေးထားပြီး စဉ်းစားစမ်း! အတူအိပ်လိုက်တာနဲ့ ငါ မင်းကိုတာဝန်ယူမယ်လို့ တကယ်ထင်နေတာလား မင်း အရမ်းတုံးတာပဲ၊ ဒါက ရာဇ၀တ်မှုပဲကွ!"

"ကျွန်မ ဂရုမစိုက်ဘူး၊ ကျွန်မကို ဖျက်ဆီးလိုက်တာက ရှင်ပဲ ချင်ရီ၊ ရှင် ကျွန်မ ဒုက္ခရောက်နေတာကို ကြည့်ပြီး ကျွန်မခံစားချက်တွေကို လျစ်လျူရှုခဲ့တာ၊ ရှင်က ကျွန်မဆရာ မဟုတ်ဘူးလား? ဘာလို့ ကျွန်မကို ဒီလိုဆက်ဆံရတာလဲ ? ရှင် ကျွန်မကို သေအောင် တွန်းအားပေးနေတာမလား? ရှင် ဘာလို့ ဒီလောက် ရက်စက်ရတာလဲ"

ချင်ရီသည် သူမနှင့် စကားဆက်မပြောနိုင်တော့ချေ။ သူ့တောင်းဆိုချက်ကို မကျေမနပ်ဖြစ်လို့ ဖျက်ဆီးခဲ့တာလား?

သူ့ကို ဖျက်ဆီးဖို့ကြိုးစားနေတသူမှာ ဝမ်စစ်ထုံပင်။ သူ ဘယ် လိုတောင် ရှေ့နောက်မကြည့်ပဲ ပြောနိုင်ရတာလဲ?

ချင်ရီသည် ဂီတကိုသာ အမြဲတမ်းစွဲလမ်းကာ သန့်ရှင်းသောဘ၀အား စည်းကမ်းရှိစွာ ဖြတ်သန်းခဲ့သူဖြစ်သဖြင့် ထိုသို့သော အခြေအနေများကို သူအတွေ့အကြုံမရှိပေ။ ဆေးသည် သူ့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး ထိန်းချုပ်မှုများကို ဆုံးရှုံးသွားစေသည်။ သူသည် ဝမ်စစ်ထုံကို ဆွဲလှန်ပြီး သူ့အောက်ဘက်တွင် ဖိထားလိုက်သည်။

ဝမ်စစ်ထုံသည် သူမအောင်မြင်တော့မည်ဟု ထင်ထားသော် လည်း ချင်ရီသည် သူမ၏မျက်နှာကိုကြည်လင်နေသော မျက် လုံးများဖြင့် တစ်ချက်ကြည့်လိုက်သည်။ ထိုအချိန်တွင် ရွှံရှာသော ခံစားချက်သည် သူ့တစ်ကိုယ်လုံးကိုလွှမ်းခြုံသွားပြီး အသိတစ်ချက်ပြန်၀င်လာသည်။

သူ ရုတ်တရက် သူမ၏ခေါင်းကို တစ်ချက်စောင့်လိုက်သည်။

ဝမ်စစ်ထုံ နာကျင်မှုကြောင့် ထိတ်လန့်သွားကာ ချင်ရီလည်း မူးဝေနေသောကြားမှ သူမကိုဖယ်ခွာလိုက်ပြီး အခန်းပြင်ကိုထွက်ရန် လုံလောက်သောအသိစိတ်ကိုရရှိခဲ့သည်

သူ့အမြင်အာရုံများသည် မှုန်ဝါးနေသော်လည်း သူ့ကိုယ်သူထိန်းကာ အကူအညီတောင်းဖို့ အမြန်လုပ်ရမည်ကိုသိလိုက်သည်။

အနီးနားရှိ အစမ်းလေ့ကျင့်ခန်းကို သူတွေ့သောအခါ အမြန်ပြေးဝင်ကာတံခါးကိုသော့ခတ်လိုက်ပြီး မက်ဆေ့ချ်ပို့ရန် ဖုန်းကို ဆွဲထုတ်လိုက်သော်လည်း သူ့အသိစိတ်များ ပျောက်ရှသွားသည်။

သူ အမျိုးသမီးတစ်ဦး၏အသံကို ယောင်ဝါးဝါးကြားလိုက်သော်လည်း ထိုသည်မှာ ဝမ်စစ်ထုံလားဆိုတာ မသေချာပေ။

ထိုအချိန်တွင် ချင်မိသားစု၏အိမ်တော်တွင် ကျီဖေးနှင့် အခြား သူများသည် ချင်ကျားရှီ၏ အခြေအနေအပေါ်သာ အာရုံစိုက်နေကြဆဲဖြစ်သည်။

ကျီဖေးသည် အတင်းအဖျင်းအားလုံးကို သိသော်လည်း ချင်ကျားရှီထံမှသာ သိရခြင်းဖြစ်ပြီး သူမသည် သူ့ချစ်သူကောင် မလေး စုကျာကိုတွေ့ဖူးခြင်း မရှိသဖြင့် အသေးစိတ် အချက်အ လက်များစွာကို မရှင်းလင်းသေးချေ။

သို့သော် ကျီဖေးသည် သံသယဖြစ်နေတုန်းပင်။

လူတစ်ဝက်လောက် အမှန်တရားကိုသိကြပြီး ကျန်တစ်ဝက် သည်တော့ မသိကြပေ။ သူမ ချင်ကျားရှီကိုမေးလိုက်သော အခါတွင် အတန်းဖော်တစ်ဦးကြောင့်ဖြစ်ခဲ့သော မတော်တဆမှုဟုသာပြောခဲ့သည်။ သူ ဘာဆက်ပြောနိုင်မှာလဲ? ၎င်းတို့ သည် မတော်တဆမှုတစ်ခုအတွက် တစ်စုံတစ်ဦးကို လက်တုံ့မပြန်နိုင်သလို ရဲကိုပင်တိုင်ကြားလို့ မရချေ။

သို့သော် ချင်ကျားရှီသည် ပြီးခဲ့သောနှစ်အတွင်း ဤ "မတော် တဆမှု"မှာ အကြိမ်မည်မျှဖြစ်ပွားခဲ့သည်ကို မပြောလာခဲ့ပေ။

ယခုတော့ ချင်ကျားရှီသည် သူမကိုယ်တိုင် လုံးဝသေချာမသိသောကြောင့် ရှင်းရှင်းလင်းလင်းမပြောနိုင်ဘဲ စိတ်များရှုပ် ထွေးနေပုံရသည်။

ထို့အပြင် မိန်းကလေးသည် အခြားသူများထံမှ အကူအညီယူရန် တွန့်ဆုတ်နေပုံရသည်။ သူမအထင်တွင် မိသားစုအရေးကို လူသိရှင်ကြားထုတ်မပြသင့်ဘူးဟုသာ ခံစားရသောကြောင့်လား သို့မဟုတ် သူမ၏အတိတ်တွင် အကူအညီရှာခဲ့သော် လည်း မအောင်မြင်သောကြောင့်လား မသိသော်လည်း သူမသည် အကူအညီမတောင်းဖို့ကျင့်သားရလာပုံပင်။

[အိုး... ကျားရှီ၊ ကျားရှီ... နင် တကယ် ငတုံးမလေးပဲ၊ စုကျာက နင့်ကိုဖွင့်ပြောပြီးထဲက သူ့ fan club ကလူတွေ နင့်ကို အနိုင် ကျင့်ခဲ့တာပဲ၊ တစ်ချို့မိန်းကလေးတွေဆို သူ့ကိုကြိတ်ချစ်နေလို့ နင့်ကို မနာလိုဖြစ်နေကြတာ၊ ဒီလိုအနိုင်ကျင့်ခံရတာ တစ်နှစ်တောင်ကျော်ပြီပဲ၊ နင် မိသားစုမှာ အနိုင်ကျင့်တာကို အနိုင် ကျင့်တယ်လို့တောင် မသိလောက်တဲ့အထိ ခံခဲ့ရလို့လား]

[နောက်ပြီး နင့်မှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ ပထမက နင်သာ ချင်မိသားစုရဲ့ တရား၀င်သမီးဆိုတာပြောလိုက်ရင် နင့်ကို ဘယ်သူ အနိုင်ကျင့်တော့မလဲ၊ နင့် မိသားစုက ဘာလို့ဖုံးကွယ်ထားလဲဆိုတာကို ငါ သံသယဖြစ်နေပြီ၊ ဒုတိယတစ်ခုအနေနဲ့ နင့်ချစ်သူ စုကျာကြောင့် အနိုင်ကျင့်ခံရတာကို သူ့ကိုပြောသင့်တယ်မထင်ဘူးလား? သူက နင်အနိုင်ကျင့်ခံရကို ရပ်ကြည့်နေမှာလား?]

ကျီဖေးစိတ်ထဲမှာ အတွေးပေါင်းထောင်ချီ လည်ပတ်နေသော် လည်း မည်သည့်အရာမှတော့ မပြောတော့ချေ။

ထိုမိန်းကလေးသည် မည်မျှ သနားစရာကောင်းသည်ကို သူမ မြင်လိုက်ရသောအခါ ၎င်းသည် ထိုအမှန်တရားအတွက် တိုက် ခိုက်ရန် အချိန်အတော်ကြာရဦးမည်ကို သူမ သိသည်။ ဒီကြားထဲတွင် သူမ ဆက်ပြီးဒုက္ခခံရပေမည်။

ထိုသည်ကို တွေးလိုက်မိသည့်အချိန် ရုတ်တရက် သူမ အတွေးတစ်ခု ဝင်လာပြီး ပြုံးကာ "ငါတို့ နင့် ကျောင်းကိုအတူတူ သွားလည်ကြရအောင်၊ အဲ့ကျောင်းသာ ဒီမြို့မှာ ထိပ်တန်းတက္က သိုလ်ကြီး မဟုတ်ဘူးလား၊ နင် ငါတို့အတွက် လိုက်ပြပေးနိုင်မလား"

ချင်ရန်နှင့် ချင်ရုန်သည် ကျီဖေး၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်ပြီး သူမစကားကို ခပ်မြန်မြန် ထောက်ခံလာကြသည်။

တခြားသူများလည်း ထိုနေရာကို မရောက်ဖူးသလို စပ်စုချင်ကြသည်။

သို့သော် ချင်ကျားရှီသည် ထိုအရာကို သိပ်မစဉ်းစားဘဲ သူမ၏ အချိန်ဇယားကိုချိန်ညှိကာ လာလို့ရကြောင်း သဘောတူသည်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

ထို ကောင်မလေး မည်မျှ ပင်ပန်းနေလဲဆိုတာ လူတိုင်းမြင်သဖြင့် သူမကိုဆက်ဒုက္ခ‌မပေးဖို့ ဆုံးဖြတ်လိုက်သည်။ သူမနေလို့ကောင်းကြောင်း သေချာသိလိုက်သည်နှင့် သူတို့အားလုံး အောက်ထပ်သို့ ဆင်းလာကြသည်။

အောက်ထပ်သို့ရောက်သောအခါ ချင်ကျင်းက "ဘာလို့ ဒီလောက်ကြာနေတာလဲ၊ ကျားရှီ နေမကောင်းဘူးလား?"

"ဟင့်အင်း ငါတို့စကားပြောနေကြတာ" ချင်ရှောင်ယွီ ပြန်ဖြေလိုက်သည်။

ကျီဖေးသည် ထိုင်ခုံတွင်ထိုင်လိုက်ချိန် ဉာဏ်ထက်လှသော ချင်ကျောက်သည် အပြုံးတစ်ပွင့်ဖြင့် ပြောလာသည်။

"ပြောင်ကော စောစောက အလောတကြီး ထွက်သွားတယ်၊ သူ့တပည့်က သူ့ကို ထပ်ပြီးဆက်သွယ်လာလို့များလား"

သူသည် ခန့်မှန်းလိုက်သည့်ပုံပေါက်သော်လည်း ချင်မိသားစု ၀င်များသည် သူ၏ခြေလှမ်းများကိုသိပေသည်။ သူသည် ကျီဖေးစစ်ဆေးအောင် တမင်လမ်းကြောင်းရှာခြင်းပင်။

ကျီဖေးလည်း ထိုအရာကိုကြားတော့ သဘာဝကျကျသိချင်လာသည်။

သူမ စူးစမ်းကြည့်လိုက်သောအခါ သူမမျက်နှာပေါ်ရှိအပြုံးသည် ပျောက်ကွယ်သွားသည်။ သူမအား ခိုးကြောင်ခိုးဝှက်ကြည့်နေသူများလည်း ရုတ်တရက်တောင့်တင်းသွားပြီး သူမနည်းတူ ထိတ်လန့်သွားမိသည်။

[အိုးမိုင်ဂေါ့၊ အိုးမိုင်ဂေါ့၊ အိုးမိုင်ဂေါ့၊ ကိုယ့်ကိုယ်ကို သတ်သေမယ်လို့ ခြိမ်းခြောက်ဆယ်… လက်ရှိကိုယ်လုံးတီးအခြေအ နေ…]

ချင်မိသားစု : တကယ်ကို ဖြစ်သွားတာပဲ၊ ချင်ရီ ထိန်းနိုင်ပါ့မလား ?

ချင်ရှန့်: ဝမ်းကွဲက လုံး၀ပါသွားမှာမဟုတ်ဘူး....

[အိုး မဟုတ်ဘူး၊ မဟုတ်သေးဘူး! သူ ဆေးမိပြီး အပိတ်ခံထားရတာ… ဘုရားရေ ငါတို့ သူ့ကိုကယ်ဖို့ အချိန်ရှိသေးရဲ့လား?]

ချင်မိသားစု : !!!!

ချင်ရှန့်: ?

တခဏအတွင်း ဆိုဖာပေါ်မှ လူများစွာသည် မတ်တပ်ထရပ်တော့မလို့ဖြစ်သွားသည်။

[ဟူး ကံကောင်းတာက သူ လွတ်မြောက်သွားတာပဲ... သူ့ရဲ့ လူပျိုဘ၀... အား.. အဲ့တာက ပျက်စီးသွားပြီ! ဒါ ဘယ်လိုတောင် လုံးလည်ချာလည်ရိုက်နေတာလဲ တကယ့်ကို ရိုလာကိုစတာစီးရသလိုပါပဲလား]

All Chapters