အခန်း (၃၄၆)
Vol. 35 Ch. 346
ချင်ဒုတိယမိသားစု- ငါတို့လည်း ရိုလာကိုစတာ စီးနေရပြီလို့၊ ဒါဆို သူ့ကို ကယ်တင်ဖို့လိုသေးတာလား? ဖြစ်ပြီးသွားပြီလား!
ချင်ရှန့်: ဘယ်သူလဲ ?
[ဒါက ကံကြမ္မာလား? ပြောင်ကောက ဒီည သူ့လူပျိုဘ၀ကို စွန့်ကိုစွန့်ရမှာလား? ဒါပေမဲ့ ကျိုးရုရှစ်က ဝမ်စစ်ထုံထက်တော့ နည်းနည်းသာပါသေးတယ်]
ချင်ဒုတိယမိသားစု- သူ့ကိုကြိတ်ကြိုက်နေတဲ့သူနဲ့လား !!!!
ချင်ရှန့် အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။
၎င်းတို့ ထိတ်လန့်မှုကြောင့် တိတ်ဆိတ်နေချိန် အခြားသူများသည် ၎င်းတို့ တိတ်ဆိတ်သွားသဖြင့် ပဟေဠိဖြစ်နေချိန် ချင်ရှန့်၏ဖုန်းသည် တုန်ခါလာသည်။
သူဖုန်းကိုထုတ်လိုက်သည်နှင့် သူ့အမူအရာသည် ချက်ချင်းပြောင်းသွားသည်။
"ပြောင်ကော ဒုက္ခရောက်နေတယ်၊ သူ ငါတို့ကို လာခေါ်ပေးဖို့ ပို့ထားတယ်" ချင်ရှန့်သည် လေးလေးနက်နက်ဆိုကာ လူတိုင်းကို မက်ဆေ့ချ်ပြလိုက်သည်။
ထိုတွင် အကူအညီတောင်းစာနှင့်အတူ လိပ်စာလည်းပါ၀င်သည်။
[ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ ? သူ ပြီးသွားရင် သတိလစ်နေသင့်တယ်... ဟမ် ? ကျိုးရုရှစ်က မက်ဆေ့ချ်ပို့လိုက်တာလား? သူမ အပြင်မှာ လူနာတင်ကားအသံကြားတော့တစ်ယောက် ယောက် သိသွားမှာကြောက်ပြီး အကူအညီတောင်းခဲ့တာပဲ]
ယခုအချိန်တွင် ချင်ရီ၏အစ်မဖြစ်သူ ချင်ဝမ်ရှန့်သည် ပထမဆုံးတုံ့ပြန်သူဖြစ်သင့်သော်လည်း ချင်ဒုတိယမိသားစုသည် အခြားသူများ မတုန့်ပြန်နိုင်ခင် စတင်လှုပ်ရှားလိုက်ပြီဖြစ် သည်။
သို့သော် ထိုသို့သောအခြေအနေတွင် လူများစွာ မသွားသင့်ချေ။ ချင်ရှန့်သည် အမြန်ဆုံးဖြတ်ချက်ချလိုက်သည်။
အဆုံးတွင် ချင်ဝမ်ရှန့်ဦးဆောင်သော အဖွဲ့တွင် ချင်ရှန့်၊ ကျီဖေးနှင့် ချင်ကျောက်တို့လိုက်သွားပြီး အခြားသူများသည် အိမ်တွင် သတင်းစောင့်ဆိုင်းရန်ကျန်နေခိုင်းလိုက်ပြီး ၎င်းတို့သည် လိပ်စာပို့ထားသည့်နေရာသို့အပြေးအလွှားသွားကြသည်။
ချင်ကျောက်သည် ကားမောင်းရန် တာဝန်ယူထားပြီး လမ်းများကို တစ်လမ်းပြီး တစ်လမ်းလျှောက်မောင်းလာသည်။
ချင်ဝမ်ရှန့်သည် အနည်းငယ်စဉ်းစားကာ ချင်ရှန့်ဘက်သို့ ချက်ချင်းလှည့်ပြီး "ငါတို့ ရဲကို မခေါ်သင့်ဘူးလား?"
[ဒီလိုအခြေအနေမျိုးမှာ ရဲစခန်းကို ဖုန်းဆက်လို့မရဘူး၊ အဲ့လိုဆိုရင် ပြောင်ကောက ဆရာဖြစ်နေတော့ သူ့ကိုယ်သူ ရှင်းပြဖို့ ခက်လိမ့်မယ်]
ချင်ရှန့်သည် တည်ငြိမ်စွာပင် "သူသာ ရဲကို ဖုန်းဆက်နိုင်ရင် ငါ့ကို ဆက်သွယ်မှာမဟုတ်ဘူး၊ ငါ့ဆီကို ဆက်သွယ်လာတယ်ဆိုထဲက သတိထားကိုင်တွယ်ဖို့လိုအပ်တဲ့ ကိစ္စတစ်ခုခုရှိလို့ဖြစ်နိုင်တယ်၊ အခုလောလောဆယ်တော့ လျှို့ဝှက်ထားတာ အကောင်းဆုံးပဲ"
ချင်ရှန့် ဘေးတွင်ထိုင်နေသော ကျီဖေးသည် ထိုအရာကိုကြားသောအခါ ထိတ်လန့်သွားသည်။
[အိုးမိုင်ဂေါ့၊ ငါ့လောင်ကုန်းက အရမ်းဉာဏ်ကောင်းတာပဲ! ချင်ရီ ဒီလိုဆိုးရွားတဲ့ပြဿနာနဲ့ ရင်ဆိုင်ရတော့ သူ ဘာလုပ်ရမှန်းမသိတဲ့အချိန် သူ ပထမဆုံးစဉ်းစားမိတာက ဒီအခြေအနေကို ကိုင်တွယ်နေလောက်မဲ့ သူကိုပဲ၊ အဲ့ဒါကြောင့် သူ သတိမလစ်ခင် ချင်ရှန့်ဖုန်းကိုဆက်သွယ်ဖို့လုပ်ထားပေမဲ့ ဖုန်းခေါ်ဖို့ အချိန်မရှိလိုက်ဘူး၊ ဒါကြောင့် ကျိုးရုရှစ်က အကူအညီတောင်းဖို့ ကြည့်တဲ့အခါ သူ့ကို မက်ဆေ့ချ်ပေးဖို့ရွေးချယ်ခဲ့တာပဲ၊ ဒီလိုအ ခြေအနေမျိုးကို ချင်ရီ ခေါ်ချင်တဲ့သူက ရှင်လို့ထင်ခဲ့တာ]
ချင်ကျောက်: ဒီကောင်မလေးက တော်တော်ဉာဏ်ကောင်းတာပဲ။
ချင်ရှန့်... သူ့မိန်းမက ဘလင်းလင်းထနေတဲ့ အကြည့်နဲ့ သူ့ကို ကြည့်နေတာပဲ
၎င်းတို့သည် မကြာမီတွင် ည၏အမှောင်ဖုံးလွှမ်းမှုအောင်တွင် အစမ်းလေ့ကျင့်ရေးအဆောက်အအုံသို့ ရောက်ရှိလာကြသည်။
အခန်းသည် တတိယထပ်တွင်ရှိသည်။
၎င်းတို့သည် လမ်းတွင် ကျောင်းသားအနည်းအကျဉ်းနှင့်တွေ့သည်။ ၎င်းတို့သည် လူနာတင်ယာဉ်ကြောင့် တုန်လှုပ်သွားပုံရပြီး လူတိုင်းသည် ထိုအကြောင်းကိုသာ ပြောနေကြသည်။
“တစ်ယောက်ယောက် သတ်သေဖို့ကြိုးစားခဲ့တာလို့ ကြားတယ်"
"တကယ်ကြီးလား ? ငါကတော့ တစ်ယောက်ယောက်ကမူး ယစ်ဆေးသုံးခဲ့တာလို့ ကြားတာ..."
“အဓိကလူက ဒီနေ့ နာမည်ကြီးနေတဲ့သူက ပါရမီရှင် ဝမ်စစ်ထုံလို့ ကြားတယ်”
"မဟုတ်မှ သူ့ကိုတစ်ယောက်ယောက်က မနာလိုပြီး လက်စားလာချေတာများလား?"
"ဒါမှမဟုတ် သူမကို ချမ်းသာတဲ့ စပွန်ဆာတချို့ကလာနှောင့် ယှက်လို့လား"
"ဘယ်လိုမှမဖြစ်နိုင်ဘူး၊ သူ့ဆရာက ချင်ရီလေ၊ ငါသိတဲ့အ တိုင်းဆို ချင်ရီက အဆင့်အတန်းရှိပြီး သြဇာရှိတဲ့သူပဲ၊ သာမန်လူတွေက သူကိုမစော်ကားရဲဘူး"
"စောစောက ချင်လောင်ရှစ်ကိုတွေ့လိုက်သလိုပဲ၊ သူ ဝမ်စစ်ထုံဒုက္ခရောက်နေမှန်းသိလို့ လာတာများလား ?"
လူတိုင်းသည် အခြေအနေကို ရှင်းလင်းစွာမသိရသောကြောင့် ကိုယ်ထင်ရာပြောနေကြသည်။
သို့သော် ကျီဖေးသည် အခြေအနေကိုသိပြီးဖြစ်သည်။
[သြော် ငါသီပြီ၊ ဝမ်စစ်ထုံ သတိပြန်ရလာတော့ သူ့ လက် ကောက်ဝတ်က သွေးတွေအများကြီးဆုံးရှုံးသွားတာကို သိလိုက်တယ် သူ ထဖို့ခွန်အားလည်းမရှိသလို သေမှာကြောက်ပြီး လူနာတင်ယာဉ်ကိုခေါ်လိုက်တာပဲ၊ ဒါက ကျောင်းက လူတွေကို ထိတ်လန့်သွားစေတယ်၊ သူ့ကို ကပို့ကရို့အ၀တ်အစားလေးနဲ့ သယ်သွားတာကို လူတိုင်းမြင်လိုက်ရတာ၊ ဒါ သူကိုယ်တိုင် ရွေးချယ်တဲ့ကံတရားပဲလေ]
သူ ထိုအရာကို တွေးနေရင်း လိပ်စာတွင်ပါရှိသော နေရာကို ရောက်လာခဲ့သည်။
ချင်ကျောက်သည် တံခါးကို ဦးစွာခေါက်လိုက်ပြီး အထဲရှိအခြေအနေများကို ကြည့်ရန် ကြောက်နေပုံရသည်။
ကျီဖေးသည် တံခါးသာ ဖွင့်လိုက်ပါက ကျိုးရုရှစ်၏အမူအရာသည် မည်သို့မည်ပုံဖြစ်နေမည်ကို သိချင်စိတ်များဖြစ်သည်။
အဆုံးတွင် ယခုလိုအတင်းအဖျင်းများသည် နေ့တိုင်းမရှိချေ။
သို့သော် သူတို့ အတွင်းဘက်မှ တုံ့ပြန်မှုမရခဲ့ချေ။ ချင်ဝမ်ရှန့်သည် သူမ၏မောင်လေးအတွက် စိတ်ပူနေသဖြင့် တံခါးကို တွန်းဖွင့်လိုက်ရာ ချင်ရီသည် နံရံပေါ်တွင် မှီလျက်သတိလစ်နေသည်ကို တွေ့လိုက်ရသည်။
သူ့အဝတ်အစားများသည် ကြေမွနေသော်လည်း အနည်းငယ်မှ ညစ်ပတ်မနေချေ။
အံ့အားသင့်ရမည့်တစ်ခုမှာ ချင်ရီသည် အခန်းထဲတစ်ယောက် တည်း ရှိနေခြင်းဖြစ်သည်။
ချင်ဝမ်ရှန့်သည် သူမမောင်လေးကို စစ်ဆေးဖို့ အပြေးအလွှား သွားစဉ် တခြားသူများလည်း လူရှိမလား ဘယ်ညာကြည့်လိုက်သော်ငြား မည်သူမှမတွေ့ချေ။
[ဘာတွေဖြစ်နေတာလဲ? တစ်ချက် ကြည့်ရအောင်… အဲ့ကောင် မလေးက နောက်ခန်းမှာ တိတ်တိတ်လေးစောင့်ကြည့်နေတာပဲ… ဟမ်.? အဲ့လိုလား? သူနဲ့ ချင်ရီကြားမှာ ဘာဖြစ်သွားတယ်ဆိုတာ ဘယ်သူ့ကိုမှ မသိစေချင်လို့ကိုး ]
ချင်ကျောက်: ဘာလို့လဲ ? သူက ချင်ရီကို ကြိတ်ကြိုက်နေတာ မဟုတ်ဘူးလား? သူတို့ တစ်ခုခုဖြစ်ခဲ့ရင် အဲ့အခွင့်အရေးကို လက်မလွှတ်သင့်ဘူးမလား? ဘာကြောင့် ဖုံးကွယ်ထားတာလဲ?
ချင်ရှန့်သည် ထိုအရာကိုသိပ်တွေးမနေပဲ ချင်ရီ၏အခြေအ နေကို စစ်ဆေးကာ သူတို့ကိုယ်တိုင် ဆေးရုံကိုခေါ်သွားလိုက်သည်။
ချင်ဝမ်ရှန့်သည် သူကြားလိုက်သည့် ကောလာဟလများကို ပြန်ပြောင်းသတိရကာ မနှစ်မြို့ဖွယ်ရာစိတ်ကူးများ စတင် ပေါက်ပွားလာသည်။
ယခုလိုအချိန်မျိုးတွင် အာရုံစူးစိုက်မှုများကိုရှောင်ရှားရန် အရေးကြီးသည်။
ထို့ကြောင့် ချင်ရှန့်နှင့် ချင်ကျောက်သည် ချင်ရီကိုကူထိန်းကာ အရက်မူးနေဟန်ဆောင်ပြီ ကျောင်းမှ တိတ်တဆိတ်ထွက်လာခဲ့သည်။
[သူက... ငါတို့ အဆောက်အဦးထဲက မထွက်မချင်းကြည့်နေတာ မရပ်ဘူးပဲ၊ သူက ချင်ရီအတွက် စိတ်ပူနေပေမဲ့ အမှန်တရားကို ထုတ်ဖော်ဖို့အစီအစဉ်မရှိဘူးပဲ၊ ပြီးတော့ သူမ နည်းနည်းတောင်မရုန်းကန်ခဲ့ဘူး? တကယ်တော့ ချင်ရီက ဆေးမိနေတော့ သူမှာ ခွန်အားများများစားစားမရှိပေမဲ့ ကျိုးရုရှစ်က မရုန်းကန်နိုင်ခဲ့ဘူး၊ သူ ရုန်းကန်နိုင်ခဲ့ရင် ဒီလိုမဖြစ်လာနိုင်လောက်ဘူး၊ သူက သူ့ကိုကြိတ်ကြိုက်နေပေမဲ့ ဝမ်စစ်ထုံနဲ့တော့ ကွဲပြားတယ်၊ သူက အဲ့လို စက်ဆုပ်ဖွယ်ကောင်းတဲ့ နည်းလမ်းနဲ့ crush ကိုမချစ်ချင်ဘူး၊ သူက ဒီအခြေအနေကိုအခွင့် ကောင်းယူလိုက်မိလို့ နောင်တရနေတဲ့ပုံပဲ၊ နှိုင်းယှဉ်ကြည့်ရင် ဝမ်စစ်ထုံက ပိုပြီးရွံစရာကောင်းတယ်]
[ဒါပေမယ့် ချင်ရီသာ မှတ်မိရင် ဒီကိစ္စက ဒီလောက်နဲ့ပြီးမှာမဟုတ်ဘူး]
ချင်ကျောက်သည် ကျီဖေး၏အတွေးကို ကြားချိန် ချင်ရီ တစ်ခုခုကို မှတ်မိမည်လား? ထိုအခြေအနေကို မည်သို့ကိုင် တွယ်မည်နည်းကို သိချင်နေကြသည်။
မကြာမီ သူတို့သည် ချင်မိသားစု၏ ပုဂ္ဂလိက ဆေးရုံသို့ ရောက်လာသည်။
ဆေးတစ်လုံးထိုးပြီးနောက် ချင်ရီလည်း နိုးလာခဲ့သည်။
သူ သတိပြန်ရလာသည်နှင့် ဆတ်ခနဲ ထထိုင်လိုက်ပြီး ခေါင်းကို ဆုပ်ကိုင်ကာ တစ်ချက်ငြိမ်နေလိုက်သည်။
"ချင်ရီ နင်ဘယ်လိုနေသေးလဲ" ချင်ဝမ်ရှန့် စိုးရိမ်တကြီး မေးလိုက်သည်။
ချင်ရီ လန့်သွားသည်။ သူသည် လူတိုင်းကို လှည့်ကြည့်လိုက်ပြီး ချင်ရှန့်ကို တွေ့လိုက်မှ သက်ပြင်းချနိုင်လိုက်သည်။
"ငါ မင်းကို ဆက်သွယ်ဖို့လုပ်ထားတာ၊ ငါ လုပ်နိုင်ခဲ့မယ်လို့ မထင်ထာဘူး"
ဒီတုံ့ပြန်မှု…
ချင်ဝမ်ရှန့်မှလွဲ၍ ကျန်သုံးဦးသည် သူ့စကားများကြောင့် စိတ်ရှုပ်ထွေးသွားသည်။
[ဒါက တကယ့် အရှုပ်အထွေးပဲ၊ တစ်ယောက်က မမှတ်မိဘူး၊ နောက်တစ်ယောက်က မဖော်ထုတ်ချင်ဘူး၊ ငါ အမှန်တရားကို သိရင်တောင် ဘာလုပ်နိုင်မှာလဲ? ပုံမှန်ဆိုရင်.... ကာယံကံရှင်တွေကတောင် ဘာမှမလုပ်တာ ငါက ဘာလုပ်ရရမှာလဲ]
ချင်ကျောက်: ဒီအစ်ကိုဝမ်းကွဲနဲ့ ပတ်သက်ပြီးတော့ ငါမှာ တကယ်ပြောစရာမရှိတော့ဘူး၊ သူ့ခန္ဓာကိုယ်မှာ တစ်ခုခုဖြစ်ခဲ့လားဆိုတာတောင် မပြောနိုင်ဘူးလား၊ ငါ ဒရာမာကြည့်ရဖို့ စီစဉ်ထားပေမယ့် အခုတော့... ပြဿနာက မဖြစ်တော့မဲ့ပုံပဲ၊ ဒီလိုဆိုမှတော့ လျှို့ဝှက်ထားရမယ်၊ မဟုတ်ရင် ကောင်မလေးအတွက် မမျှတပဲနေလိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် ဒါက သူ့ရွေးချယ်မှုပဲလေ။
ချင်ရှန့်လည်း ထိုကိစ္စကို ပြောလာသူသည် ချင်ရီ သို့မဟုတ် ကျိုးရူရှစ်သာ ဖြစ်သင့်သည်ကို သိသည်။ သူတို့ အခြားသူများကိစ္စကို ဝင်ရောက်မစွက်ဖက်သင့်ပေ။
"မင်းငါ့ကို မက်ဆေ့ခ်ျပို့ခဲ့တာ၊ အဲ့ဒါကြောင့် ငါတို့ ရှာတွေ့တာ"
ချင်ရီ အံ့ဩသွားသည်။ "မက်ဆေ့ခ်ျ ?"
ကျီဖေးနှင့် ချင်ကျောက်တို့၏နှလုံးသားများ ခုန်ပေါက်သွားကြသည်။ သူ သိသွားတော့မှာလား?
ချင်ရှန့်သည် ချင်ရီ၏ဖုန်းတွင် စာပို့ထားသည့် မှတ်တမ်းများ ပါရှိသောကြောင့် ၎င်းကို မဖုံးကွယ်ထားချေ။