အခန်း (၃၄၇)
Vol. 35 Ch. 347
ချင်ရီသည် လက်ရှိတွင် စိတ်ရှုပ်ထွေးနေသောကြောင့် မက်ဆေ့ချ်ပို့သည်ဖြစ်စေ၊ ဖုန်းခေါ်ဆိုသည်ဖြစ်စေ အထူးဂရုမစိုက်ပေ။ သူသည် ဆေးကြောင့်ဟုသာ ရိုးရိုးရှင်းရှင်း ထင်ခဲ့ပြီး မသိစိတ်မှ ချင်ရှန့်ထံသို့ မက်ဆေ့ချ်တစ်စောင် ပေးပို့သည်ဟုထင်သည်။ ယခုအချိန်တွင် သူ့ခန္ဓာကိုယ်အနှံ့ ပျံ့လွင့်နေသော မရင်းနှီးသော ခံစားချက်များပင်လျှင် ဆေး၏ အာနိသင်ကို တွန်းလှန်ခြင်းကြောင့် ဖြစ်သည်ဟုသာ ထင်မိသည်။ ယခုအ ခိုက်အတန့်တွင် သူ့အာရုံအားလုံး ဝမ်စစ်ထုံနှင့် ပတ်သက် သည့် ကိစ္စအပေါ်သာ အာရုံစိုက်နေခဲ့သည်။
"အဲ့လိုရူးနေတဲ့ မိန်းမကို ငါ့တပည့်လုပ်ခိုင်းမိတာက ငါတကယ် မျက်စိကန်းနေလို့ဖြစ်မယ်!"
ချင်ရီသည် ဒေါသတကြီးဖြင့် ဆေးရုံကုတင်ပေါ်ကို ရိုက်ချလိုက်သည် ။
ချင်ဝမ်ရှန့်သည် အဖြစ်အပျက်အသေးစိတ်ကို ပြောပြရန် သူ့အား ချက်ချင်းတွန်းအားပေးလိုက်သည်။
ချင်ရီသည် အဖြစ်အပျက်များကို ပြန်ပြောပြလျာက်ပြီး တခြားသူများလည်း လမ်းတစ်လျှောက်တွင် ကြားခဲ့ရသည့်စကားများကိုပြောပြလိုက်သည်။
ဝမ်စစ်ထုံအား လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်သွားသည်ကို ကြားသောအခါ ချင်ရီသည် ဒေါသထောင်းခနဲထွက်သွားသည်။
"အဲဒီမိန်းကလေးက သူနဲ့ ထိုက်တန်တဲ့အရာကို ရခဲ့တာ၊ သူ့ကိုယ်သူ သတ်သေလုနီးပါးဖြစ်ခဲ့တာပဲ" ချင်ဝမ်ရှန့်သည် အေးစက်သောမျက်နှာဖြင့် မာမာထန်ထန် ပြောလိုက်သည်။
"ချင်ရီ...ကျဲ ဒီကိစ္စကို မင်းအတွက် ကိုင်တွယ်ပေးမယ်"
အဓိပ္ပာယ်မှာ ရှင်းလှသည်။ ဝမ်စစ်ထုံအတွက် သင်ခန်းစာတစ်ခုပေးတော့မည်ဖြစ်သည်။
ချင်မိသားစုသည် ကြင်နာတတ်သော်လည်း ၎င်းတို့ကို အလွယ် တကူ ချုပ်ကိုင်နိုင်သည်ဟု မဆိုလိုပေ။ ၎င်းတို့ကိုသာစော်ကား မိပါက တန်ရာတန်ကြေးပြန်ပေးရပေမည်။
ဤနေရာတွင် သူတော်စင်တစ်ယောက်မှမပါသဖြင့် ချင်ရီလည်း သူ့အစ်မကိုတားဆီးရန် မကြိုးစားခဲ့ပေ။ သူ့အစ်မကြီးသည် သူ့ကိုအကာအကွယ်တက်ပြီး ကောင်းစွာစီစဥ်တတ်ကြောင်းသိသည်။
ညပိုင်းတွင် အတော်ကြာ ပရမ်းပတာဖြစ်ပြီးနောက် ချင်ရီကို စောင့်ကြည့်ရန် ဆေးရုံတွင် တစ်ယောက်သာကျန်ရစ်ခဲ့ပြီး အခြားသူများသည် အနားယူရန် အိမ်သို့ပြန်လာခဲ့ကြသည်။
ကျီဖေးလည်း မောပန်းနွမ်းနယ်နေသဖြင့် နေ့လယ်အထိအိပ် ပျော်သွားသည်။
သူမ မနိုးခင် ချင်ရုန်၏အသံနှင့်အတူ တံခါးခေါက်သံတို့မှာ တွဲလျက်ကပ်ပါလာသည်။
"အာ့စောင်၊ အာ့စောင် တစ်ခုခုဖြစ်နေပြီ၊ အာ့စောင် နိုးပြီလား"
ကျီဖေးလည်း လန့်သွားပြီး တံခါးဖွင့်ရန်အမြန်ထလိုက်ချိန် ချင်ရန်၊ ချင်ရုန်နှင့် ချင်ကျားရှီတို့သည် သူမအား အပြင်မှာ စောင့်နေသည်ကို တွေ့လိုက်ရသည်။
ကျီဖေး အံ့အားသင့်ပြီး "ဘာဖြစ်လို့လဲ"
ချင်ရုန်သည် စိုးရိမ်တကြီးဖြင့် "အဲဒီအမျိုးသမီးက ညီမတို့ရဲ့ ပြောင်ကောကို လိမ်လည်စွပ်စွဲလိုက်လို့ ပြောင်ကောကို ရဲတွေခေါ်သွားပြီ"
ကျီဖေးသည် "ဘာ"
ချင်ကျားရှီသည် Y City တက္ကသိုလ်ကျောင်းသားဖိုရမ်တွင် ခေတ်စားနေသော ပို့စ်တစ်ခုတင်ထားသည့် စခရင်ကိုကျီဖေးထံအမြန်ပြလိုက်သည်။
"အာ့စောင်... ဒါက အကြောင်းအစုံအလင်ပဲ၊ အချက်အလက်အကုန်လုံးပါတယ်..."
ချင်ကျားရှီသည် ကျောင်းတွင် သူမ၏အတန်းဖော်များ ဆွေး နွေးသံကိုကြားပြီးနောက် အခြေအနေကိုသိလိုက်ရခြင်းဖြစ် သည်။
သူမလူတိုင်းကို ဆက်သွယ်လိုက်ချိန်တွင် နောက်ကျသွားပြီဖြစ်သည်။- ရဲများသည်လည်း ချင်ရီကို ခေါ်သွားပြီပင်။
"ချင်ရှန့်နဲ့ တခြားသူတွေက ဒီသတင်းကိုကြားတော့ ဌာနချုပ်ကနေအပြေးအလွှားသွားကြတယ်၊ တကျဲနဲ့ ချင်ကျောက်လည်း သူတို့ကြားတာနဲ့ အတူတူထွက်သွားကြတာ၊ အခု အာ့စောင်ကိုခေါ်ဖို့လာခဲ့တာ" ချင်ရန် ရှင်းပြလိုက်သည်။
ကျီဖေးတွင် မေးခွန်းများစွာပြည့်နှက်နေသေးသည်။ အမှန်တကယ်တိုင်ကြားရမည်ဆိုလျှင် ဝမ်စစ်ထုံကို အရေးယူသင့်သည်။
ဝမ်စစ်ထုံက ချင်ရီကို ဘယ်လိုတောင် အပြစ်တင်လိုက်တာလဲ?
ကျီဖေး ထိတ်လန့်သွားသည်။ သူ လျင်မြန်စွာ အိပ်ချင်စိတ်ပျောက်သွားပြီးအဝတ်အစားလဲကာ အခြားသူများနှင့် ထွက်လာခဲ့သည်။
ကားထဲတွင် သူမသည် အခြေအနေကိုစုံစမ်းရန် စနစ်ကိုအသုံး ပြုနေစဉ် တင်ထားသော ပို့စ်ကိုဖတ်ရန် ချင်ကျားရှီ၏ဖုန်းကိုယူထားခဲ့သည်။
ပို့စ်တင်သူမှာ လျှို့ဝှက်ချက်ထားရှိသော်လည်း သူမ၏စနစ်ကြောင့် အမှန်တရားကို မြင်ရပြီဖြစ်သည်။
[မနေ့ညက သူမ မူးမေ့လဲပြီး ဆေးရုံတင်ထားရပေမယ့် ညသန်းခေါင်ကြီးမှာ edit ထလုပ်ပြီး ချင်ရီကို အသရေဖျက်တဲ့ အကြောင်းကို အမည်ဝှက်နဲ့ ပို့စ်တင်ခဲ့တာပဲ၊ အဲ့ဒါက တကယ်ကို 'မင်းကို ငါမရရင် ဖျက်ဆီးပစ်မယ်' ဆိုတဲ့ စကားအတိုင်းပဲ၊ အဲ့အမျိုးသမီးက တကယ်ရူးနေပြီပဲ]
ပို့စ်တွင် ဝမ်စစ်ထုံသည် ချင်ရီ၏တပည့်ဖြစ်ရခြင်းကို စိတ်လှုပ်ရှားနေသည့် ဖြူစင်ပြီး စိတ်အားထက်သန်သောဂီတကျောင်းသူတစ်ဦးအဖြစ် ပုံဖော်ထားသည်။ သို့သော်လည်း ချင်ရီသည် သူမ၏ဆရာဆိုသည့် ရာထူးကို အသုံးချကာနတ် ဆိုးဆန်ဆန် သူမကို ရမ်းကားခြိမ်းခြောက်ခဲ့သည်။ သူမသည် ချင်ရီကို သိသိသာသာ သြဇာလွှမ်းမိုးမှုရှိသော ပုဂ္ဂိုလ်အဖြစ် ပုံဖော်ထားကာ သူမသည် စွမ်းအားမဲ့ပြီးအားနည်းသူအဖြစ် သူခြယ်လှယ်သမျှကိုခံရသော နစ်နာသူလေးဖြစ်နေသည်။ ချင်ရီ သူမအားတွန်းလှန်သောအခါတွင် သူကိုယ်ပြန်တွန်းရန်ကြိုး စားခဲ့သည်။
ဤဇာတ်ကြောင်းအောက်တွင် ဓာတ်ပုံများ၊ အသံဖိုင်များနှင့် ဗီဒီယိုများစွာကို တင်ထားသည်။
ဓာတ်ပုံများသည် ၎င်းတို့၏ယခင်သင်ကြားပို့ချမှုများအတွင်း ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုအချို့ကိုပြထားသော်လည်း ပို့စ်ပေါ်ရှိစာသားကြောင့် ထိုသို့အနည်းငယ် ထိဆက်မှုများသည်ပင် ဆိုးရွားသောအရာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အသံဖိုင်များကိုလည်း များစွာရှိနေသည်။
အထူးသဖြင့် စကားနှစ်ခုသည် အလွန်အထင်အမြင်လွဲမှားစေနိုင်သည်။
"...ရှင်က အရူးပဲ ! ကျွန်မက ရှင့်ရဲ့ အချစ်ဆုံးကျောင်းသားပါ…” ဝမ်စစ်ထုံသည် မျက်ရည်စများဖြင့် ပြောနေပုံပင်။
"...ငါနဲ့အိပ်တာနဲ့ မင်းကို တာဝန်ယူမယ် ထင်နေတာလား? ဘယ်လောက်တောင် တုံးအလိုက်လဲ!" ထိုသည်မှာ ချင်ရီ၏ ဒေါသထွက်နေသော အသံဖြစ်သည်။
သူမ ကားထဲဖွင့်လိုက်သောကြောင် တခြားသူများလည်း ကြားသွားပြီး မဝေဖန်ပဲမနေနိုင်တော့ချေ။
"အဲဒါ ချင်ရီကောရဲ့အသံ မဟုတ်လား? ဒါပေမယ့် သူ ဘယ်လိုလုပ် အဲ့လိုပြောရတာလဲ" ချင်ရန် မေးလိုက်သည်။
ချင်ကျားရှီသည် ပို့စ်အောက်ရှိ မှတ်ချက်များကို ဖတ်ထားသဖြင့် "အဲ့အသံကို ပေါင်းစပ်ထားတာမဟုတ်ဘူးဆိုတာ တစ်ယောက်ယောက်အတည်ပြုပြီးပြီ၊ ဒါပေမယ့် ပြောခဲ့တဲ့အကြောင်းအရာအပြည့်အစုံကိုတော့ ခန့်မှန်းလို့မရသေးဘူး"
ချင်ရုန်သည် "အဲဒါ အတုတွေဆိုတာ ညီမတို့က သိပေမယ့် ဒီစကားလုံးတွေက တစ်ခြားသူတွေကို တကယ်ကိုလှည့်စားနိုင်တယ်၊ သူ့ကို လိမ်ညာစွပ်စွဲဖို့ သတ္တိရှိနေတာအံ့သြစရာမဟုတ်ပါဘူး..."
[သူမက ဒီစွပ်စွဲချက်တွေရဲ့ အကျိုးဆက်ကို မစဉ်းစားဘဲ ပေါ့ပေါ့ပါးပါး ထုတ်လိုက်တာပဲ၊ သူမက မဟုတ်ယုတ် ကောလဟလတွေကို ဖြန့်တဲ့သူနဲ့တောင် ပိုတူလာပြီ၊ မနေ့ညက အဲ့စကားတွေပြောခဲ့ကြတာ အမှန်ပေမဲ့ သူက လူတွေကိုလိမ်လို့ရအောင် အသံကိုဖြတ်လိုက်တာပဲ၊ သူ အစထဲက အစမ်းလေ့ကျင့်ခန်းထဲက အရာအားလုံးကိုမှတ်တမ်းတင်ထားမယ်လို့ ဘယ်သူထင်မှာလဲ? မနေ့ညကသာ သူ့ အကြံအစည် အောင်မြင်ခဲ့မယ်ဆိုရင် ချင်ရီကိုလက်ထပ်ခိုင်းဖို့ ခြိမ်းခြောက်မလို့လား ? တကယ် ရွံစရာပဲ]
ကျီဖေး၏အတွေးများကို ကြားလိုက်ရသူများသည် ဒေါသတကြီးဖြစ်သွားကြသည်။
ကျီဖေးသည် ပို့စ်များကို ဆက်ဖတ်နေဆဲပင်။
သူမစက္ကန့်အနည်းငယ်ကြာ ကြည့်ပြီးချိန် အထင်အမြင်လွဲမှားစေသော ဗီဒီယိုများလည်း ရှိသည်ကိုတွေ့လိုက်ရသည်။
နောက်ဆုံးရှိ ဗီဒီယိုတွင်ဆိုပါက စောင့်ဆိုင်းခန်းထဲတွင် သူမ နောက်ပြန်ကျသွားသည့် ပုံရိပ်များပါဝင်ပြီး ချင်ရီသည် သူမကို ဖမ်းရန်ကူညီပေးခဲ့သည်။ သို့သော် edit လုပ်လိုက်သည့်အခါ သူမ ငိုနေတာတောင်မှ အတင်းနမ်းဖို့လုပ်နေသည့်ပုံပေါက်သွားသည်။
ထို့နောက် မနေ့ညရှိ အခန်းထဲမှ ဗွီဒီယိုဖိုင်လည်းပါ၀င်သည်။ ဝမ်စစ်ထုံသည် သူမကိုယ် သူမ နစ်နာသူအဖြစ်ရှိစေကြောင်း ထင်ရှားသည်။ ဗီဒီယိုထဲတွင် သူမသညိ ချင်ရီကိုဖက်တွယ်ထားရင်း ငိုနေခဲ့ပြီး သူတို့၏ခန္ဓာကိုယ်များသည် မှုန်ဝါးနေခဲ့သည်။ ထိုအရာသည် သူမအား ချင်ရီအတင်းအကြပ်ဖိအား ပေးနေသည်ဟု ထင်မြင်စေနိုင်သည်။
အထူးသဖြင့် ဝမ်စစ်ထုံ၏ပုံရိပ်မှာမှုန်ဝါးနေသော်လည်း သူမတွင် မည်သည့်အဝတ်အစားမှ မဝတ်ထားသောကြောင့် ဗီဒီယိုထဲရှိ လေထုသည်မှန်းဆရခက်သည်။
ဗီဒီယိုများသည် အမှန်တရားကို ဆုံးဖြတ်ရန် တိုတောင်းလွန်းသော်လည်း ပို့စ်ကြည့်သူတိုင်းသည် ထိုအရာကြောင့် ဆဲဆိုရန် လုံလောက်ပြီဖြစ်သည်။
ထို့အပြင် ဝမ်စစ်ထုံ၏ အဆုံးစီရင်ရန် ကြိုးပမ်းမှုကြောင့် လူအများအမြင်တွင် သူမသည် သားကောင်သာဖြစ်ကြောင်းယုံ ကြည်လာကြသည်။
အဆုံးတွင် အပြစ်တင်မှုများစွာသည် ချင်ရီပေါ်ပုံကျလာသည်။ ချင်ရီကောင်းကောင်းသိငည့် ကျောင်းသားများ၊ ဆရာများ သို့မဟုတ် သူ့နောက်ကြောင်းကို သိသည့်သူများသာမက ချင်ရီ၏ မျက်နှာကိုသာကြည့်ပြီး ကြိတ်ကြိုက်နေသောသူများ သည် လိုင်းပေါ်ရှိ သူစိမ်းများနည်းတူ ချင်ရီကိုပြစ်တင်ရှုတ်ချလာခဲ့သည်။
ကျီဖေး ဖတ်ပြီးသွားချိန်တွင် ထိုဇာတ်လမ်းသည် အွန်လိုင်းပေါတွင် လျှင်မြန်စွာပျံ့နှံ့သွားပြီး ဝေဖန်မှုများပိုများပြားလာခဲ့သည်။
တစ်ချိန်တည်းတွင်ပင် ရဲစခန်း၌ ကျောင်းမှ ကျောင်းသား/သူများနှင့် ဆရာ/မ အများအပြားကိုခေါ်ယူမေးမြန်းခဲ့သည်။
ထို့အပြင် ချင်ရီကိုလည်း စစ်ဆေးမေးမြန်းကြသည်။
ချင်ဝမ်ရှန့်သည် ဝမ်စစ်ထုံမိဘများ၏ဒေါသများနှင့် ရင်ဆိုင်နေရသည်။
ချင်ကျောက် သူ့ဖုန်းကိုကိုင်ပြီး မကျေနပ်စွာ ချင်ရှန့်ကို ပြလိုက်သည်။
"အာ့ကော... ကြည့်၊ ဒီအတိုင်းဆက်သွားရင် ကိစ္စတွေက ပိုရှုပ်ကုန်လိမ့်မယ်၊ လူအများစုက အမှန်တရားကိုသိအောင်လုပ်ဖို့တောင် ဆန္ဒမရှိကြတော့ဘူး၊ ဒီလိုအရာတွေကို မြင်တော့ သူတို့ရဲ့ ပထမဆုံးအမြင်က အပြစ်တင်ဖို့ပဲ၊ ပြီးပြည့်စုံတဲ့လူတစ်ယောက်က ပိုပြီးပြည့်စုံလာလေလေ အဆိုးဆုံးလို့ ယူဆလာလေလေပဲနဲ့တူတယ်"
ကောလာဟလများသည် တောမီးများကဲ့သို့ ပျံ့နှံ့သွားပြီး ၎င်းတို့ကို ချေမှုန်းခြင်းရန်မှာ တောင်တက်သည်ထက်ပိုခက်ခဲမည်။ အမှန်တရားကိုပြောခဲ့လျှင်ပင် လူဘယ်နှစ်ယောက်ကများ ထိုအရာကိုယုံမည်နည်း ?