← Chapters

အခန်း (၃၄၈)

Vol. 35 Ch. 348

အခန်း (၃၄၈)

Vol. 35 Ch. 348

ချင်ရှန့်ဝှေ့ကြည့်လိုက်ပြီး ၎င်းဟာ သတင်းအချက်အလက်များ အရနောက်ကျသောကြောင့် လူအများသည် အဓိကဇာတ်ကြောင်းအဖြစ် ပထမအထင်အမြင်အား ယူလေ့ရှိကြောင်းနားလည်သဘောပေါက်လိုက်သည်။ အမှန်တရားနှင့် ရင်ဆိုင်ရသည့်အခါတွင်ပင် ၎င်းတို့သည် ပူးပေါင်းကြံစည်မှုသီအိုရီများအား စတင်လှည့်ဖျားလာနိုင်သည်။ နောက်ဆုံးတွင်ချင်ရီသည် ဆရာတစ်ဦးဖြစ်ပြီး ဝမ်စစ်ထုံသည် ကျောင်းသားဖြစ်သည်။ ဝမ်စစ်ထုံသည် အားနည်းသည့်အနေအထားတွင် ရှိနေသည်။

ချင်ရီသည် ချင်မိသားစု၏အကြီးဆုံးသားဖြစ်ပြီး ဝမ်စစ်ထုံပသည် သာမန်လူတစ်ဦးဖြစ်သည်။ ဝမ်စစ်ထုံဟာ ဆင်းရဲချို့တဲ့သည်။

ဒါကြောင့် ဝမ်စစ်ထုံမှ ထိုကိစ္စအားထုတ်ဖော်ပြီးကတည်းက ချင်ရီဟာ စွန်းထင်းနေပြီဖြစ်သည်။ ဂီတဆရာတစ်ယောက်အနေနှင့် သူ့ဂုဏ်သိက္ခာမှာလုံးဝဖျက်စီးခံခဲ့သည်။

ချင်ဝမ်ရှန့်သည် အွန်လိုင်းလူထုအမြင်အား ကိုင်တွယ်ရန် လူထုဆက်ဆံရေးအတွက် စီစဉ်ပေးထားပြီးဖြစ်သော်လည်း တက္ကသိုလ်ကျောင်းသားများကြားတွင် ပျံ့နှံ့နေသည့်ဖိုရမ်များနှင့် အဖွဲ့ချတ်များမှာ ထိန်းချုပ်ရန်ခက်ခဲသည်။

ချင်ရှန့် ၎င်းအား စဉ်းစားနေချိန်တွင် သူ့ဇနီးကျီဖေးထံမှ မက်ဆေ့ချ်တစ်‌စောင်လက်ခံရရှိပြီး ဘယ်လိုဖြစ်သွားသလဲဟုမေး သည်။

"ကိုယ်တို့ စုံစမ်းနေတုန်းပဲ။ စိတ်မပူနဲ့၊ အထောက်အထားတွေစုဆောင်းဖို့ တစ်ယောက်ယောက်ကို စီစဉ်ထားပြီးပြီ။ ဒီကိစ္စက ဖြေရှင်းဖို့မခက်ပါဘူး။" ဟု ချင်ရှန့်မှ ပြန်လည်ဖြေကြားခဲ့သည်။

အမှန်ပင်၊ မခက်ချေ။ အကယ်၍ ချင်မိသားစုအား ဤကဲ့သို့ မသေမသပ်ဖြင့်ချောက်ချနိုင်မည်ဆိုလျှင် ရယ်စရာဖြစ်နေလိမ့်မည်။

မူရင်းဗီဒီယိုနှင့် အသံဖိုင်အားလုံးအား ဝမ်စစ်ထုံမှတည်းဖြတ်ပြီး ဖျက်လိုက်လျှင်ပင် ၎င်းတို့ကိုပြန်လည်ရယူရန် နည်းလမ်း များရှိသေးသည်။

ဝမ်စစ်ထုံ၏အရူးအမူးအချစ်အတွက် အထောက်အထားအ ချို့ဖြင့် အမှန်တရားသည် မကြာခင် ပေါ်လာတော့မည်။

"ခက်တဲ့အပိုင်းက နောက်ဆက်တွဲလူထုအမြင်တွေနဲ့ ရင်ဆိုင်ရတာပဲ။ ” ဟု ချင်ရှန့်မှ ကျီဖေးအား ရိုးသားစွာအသိပေးခဲ့ပြီး နောက်ဆုံးပေါ်တိုးတက်မှုများကို အသိပေးခဲ့သည်။

တုံ့ပြန်မှုမရှိပဲ အချိန်အတော်ကြာစောင့်ပြီးနောက် ချင်ရှန့်မှ "မင်း နိုးနိုးချင်း ဒီကိုခေါ်လာခံရတာလား ? ဘာမှမစားရသေးဘူးလား?"

အကြောင်းမပြန်သေးပေ။ ချင်ရှန့်သည် ဒရာမာကြည့်နေစဉ် ကျီဖေးဗိုက်ဆာလာမည်ကို စိုးရိမ်သဖြင့် ချင်ကျောက်အား အစားအစာနှင့်အချိုရည်များပြင်ဆင်ပေးရန် တောင်းဆိုခဲ့သည်။

အင်တာနက်အား စိတ်အားထက်သန်စွာကြည့်နေသည့် ချင်ကျောက်သည် သူ့အစ်ကို၏တောင်းဆိုမှုကိုမျက်လုံးလှိမ့်ပြလိုက်သော်လည်း အနီးနားရှိသရေစာအချို့အားနာခံစွာသွားဝယ်ခဲ့သည်။

များမကြာမီ ချင်ရှန့်သည် ကျီဖေးထံမှမက်ဆေ့ချ်တစ်စောင်ရရှိခဲ့သည်။

သူတို့ရောက်လာခဲ့ပေမယ့် ကျီဖေးတွင် မေးစရာရှိသည်။

"ဝင်ပေါက်မှာ သတင်းထောက်တွေအများကြီးပဲ"

"မင်း ဝင်လာရင် Mask တပ်ဖို့သတိရဦး။" ဟု ချင်ရှန့်မှ သူ့အား သတိပေးခဲ့သည်။

ကျီဖေးမှ "ကျွန်မ ရုတ်တရက် ရဲတင်းတဲ့အကြံတစ်ခုရလိုက်တယ်..."

မကြာခင်မှာပင် အခြားလူတစ်စုသည် ရဲစခန်းထဲသို့ဝင်လာသည်။ ဝန်ထမ်းများမှ ၎င်းတို့သည် ချင်မိသားစု၏ဆွေမျိုးများသာဖြစ်ကြောင်း ထင်မြင်ယူဆကြပြီးသိပ်ဂရုမစိုက်ကြပေ။

တိုက်ဆိုင်စွာပင်၊ ချင်ကျောက်လည်း ထိုအချိန်မှပြန်လာခဲ့သည်။

ချင်ရှန့်သည် ကျီဖေးထံမှမုန့်ကိုယူပြီး ဗိုက်မဆာသေးရန် သူ့ဇနီးအား သတိပေးခဲ့သည်။

အခြေအနေတစ်ခုလုံးထံမှ သူ၏ adrenaline စုပ်ယူမှုများကြောင့် နိုးလာကတည်းက ဘာမှမစားရသေးကြောင်း ကျီဖေးကိုယ်တိုင်ပင်မေ့သွားခဲ့သည်။

"ကိစ္စတွေက ဘယ်အထိရောက်နေပြီလဲ ?"

ချင်ရှန့်ပြန်ဖြေခါနီးတွင် ချင်ရီအား ခေါ်ထုတ်လာခဲ့သည်။ ဝမ်စစ်ထုံ၏ လက်သီးပုန်းနည်းပရိယာယ်ကြောင့် သူ့မျက်နှာသည် တင်းမာကာ ဒေါသတကြီးဖြစ်နေသည်။

သူထွက်လာသည်နှင့်တပြိုင်နက် သူသည် ကျောင်းသားများနှင့်ဆရာများဖြင့်တွေ့ကာ သူတို့၏အမူအရာများသည် ကွဲပြားနေခဲ့သည်။ သံသယရှိသည့်အကြည့်အချို့သည် ချင်ရီအား လုံးဝ အဓိပ္ပါယ်မဲ့စေသည်။

သင်တန်းသားအချို့သည် ချင်ရီအပေါ် ၎င်းတို့၏ယုံကြည်ချက်ကိုဖော်ပြရန် ရှေ့တိုးလာခဲ့သည်။

ကျီဖေးသည် သူတို့ကြားတွင် အရေးပါသည့်ပုဂ္ဂိုလ်တစ်ဦးအား ချက်ချင်းသတိပြုမိပြီး "ကျိုးရုရှစ် ?"

[သူလည်း ဒီမှာရှိနေတာလား ? နေပါဦး၊ ဆိုလိုတာက သူက မျက်မြင်သက်သေမဟုတ်လား? ဟင်း... ငါတို့ တစ်ခုခုကိုသက်သေပြချင်ရင် မနေ့ညကအမှန်တရားကို သူထုတ်ဖော်ပေးမှရမယ်။ ဒါက... ဆန်းကြယ်တယ်၊ ရဲတွေက ဝမ်စစ်ထုံနဲ့ချင်ရီရဲ့ ပုံမှန်ဆက်ဆံရေးအကြောင်းကိုပဲ မေးမြန်းခဲ့ပြီး ဝမ်စစ်ထုံကလည်း ချင်ရီကိုနှစ်သက်ကြောင်း အမှန်အတိုင်းပြောခဲ့လို့ ကျေးဇူးကမ္ဘာပါဟယ်။ တကယ်လို့ သူတို့ မနေ့ညကဘာလုပ်နေလဲမေးလိုက်ရင် ကောင်မလေးကလိမ်ရဲမှာမဟုတ်ဘူး]

ချင်ရီသည် ကျောင်းသားများနှင့် စကားအနည်းငယ်ပြောကာ ကျိုးရုရှစ်အား တစ်ခုခုပြောလိုက်ပြီး သူ့သဘောထားသည် တော်တော်ရှင်းသွားသည်... ကျိုးရုရှစ်၏ အမူအရာလည်း ပြောင်းသွားသည်။

[မနေ့ညကအကြောင်း ချင်ရီမမှတ်မိတော့တာကို ကျိုးရုရှစ် သဘောပေါက်သွားပုံပဲ၊ သူက မနေ့ညကအကြောင်းကို ဘယ် တုန်းကမှမဖြစ်ခဲ့ဖူးသလို ဟန်ဆောင်ချင်တာကြောင့် တစ်ခုခုကိုဖော်လိုက်ဖို့အတွက် သူ့ကို ပိုပြီးဝန်လေးသွားစေတယ်။]

[အို ဟန်နီ၊ သူ ဒီကိုကြည့်နေတယ်။ သူ ချင်မိသားစုကို ကြည့်နေတာလား? အာ၊ ချင်မိသားစုက ဒါကိုဖြေရှင်းနိုင်မယ်လို့ သူထင်နေတယ်၊ အဲ့ဒါကြောင့် မနေ့ညကဖြစ်ပျက်ခဲ့သမျှကို ထုတ်မပြောတာအကောင်းဆုံးပဲ၊ သူတို့ရဲ့ဆက်ဆံရေးက အွန်လိုင်းလူထုရဲ့အမြင်ထဲ ဆွဲငင်ခံရရင် အခြေအနေ‌ကပိုပြီးရှုပ် ထွေးသွားလိမ့်မယ်။]

ထိုအတွေးများအား ကြားလိုက်ရသည့်အခါ ချင်မိသားစုသည် ကျိုးရုရှစ်နှင့်ချင်ရီကြားကို အပြန်ပြန်အလှန်လှန်မကြည့်ပဲမနေနိုင်ခဲ့ပေ။

တစ်ယောက်က နလပိန်းတုံးဖြစ်ပြီး၊ နောက်တစ်ယောက်က ယုံလွယ်တဲ့လုပ်ရပ်ကိုလုပ်နေသည်။

သို့သော်ချင်ရှန့်သည် ကျိုးရုရှစ်၏ကျိုးကြောင်းဆင်ခြင်မှုမှာ မှန်ကန်သည်ဟုထင်ခဲ့သည်။ အခြားသော ဆရာ-ကျောင်းသားဆက်ဆံရေးပါ ရောနှောပါဝင်လာပါက လူထု၏အမြင်မှာ မကောင်းနိုင်ပေ။

ကျိုးရုရှစ်မှ မနေ့ညက ချင်ရီနှင့်အတူရှိနေသည်ကို ဝန်ခံခဲ့လျှင်ပင်... သူတို့ မည်သို့သက်သေပြနိုင်မည်နည်း?

ကြားရတာ ပရမ်းပတာဖြစ်ပြီး ဝမ်စစ်ထုံမှ ကျယ်လောင်စွာငိုယိုကာ ချင်ရီအား "အဲ့ဒါရှင်ပဲ! ရှင် ကျွန်မဘဝကိုဖျက်ဆီးလိုက်တာ။ ရှင် ကျွန်မကို ဖိအားပေးခဲ့တာ။ ရှင်ဘယ်လိုများ အဲ့တာကိုငြင်းတဲ့အပြင် ကျွန်မကိုပါ သွားပုပ်လေလွင့်ပြောရဲတာလဲ! ကျွန်မ ဒီလိုမနေနိုင်ဘူး၊ ကျွန်မမနေနိုင်ဘူး!"

လူတိုင်း တုန်လှုပ်သွားကြသည်။ ဝမ်စစ်ထုံသည် အလွန်အမင်းမှားယွင်းခံရပြီး စိတ်ဒဏ်ရာရရှိခဲ့သူတစ်ဦးကဲ့သို့ဖြစ်နေကာ ချင်ရီအား ယုံကြည်သူများပင်လျှင် ယုံကြည်မှုကိုတုန်လှုပ်သွားစေခဲ့သည်။

သို့သော်လည်း ဝမ်စစ်ထုံ၏မိဘများသည် ရှေ့သို့လှမ်းလာကာ သူ့အား ကြိမ်ဖန်များစွာပါးရိုက်ပြီး အော်ငေါက်နေသည်။

"နင် ပြဿနာကောင်၊ နင့်ကိုဘယ်သူက ရဲခေါ်ခိုင်းတာလဲ ? ဒီအရှုပ်ထုပ်ကိုလုပ်ဖို့ ဘယ်သူကလှုံ့ဆော်ခဲ့တာလဲ ? နင့်ရဲ့တိုင် ကြားစာကိုရုပ်သိမ်းပြီး အားလုံးက နင့်လှည့်စားမှုပဲလို့ပြောလိုက်!"

ဤအရာသည် စစ်ပွဲအားဖြိုခွင်းရန် ခြေလှမ်းများစွာဖြင့် ပိုမိုရှုပ်ထွေးစေခဲ့သည်။

သို့သော် ဝမ်စစ်ထုံဟာ ခေါင်းမာမာဖြင့်နောက်ပြန်ဆုတ်ရန်ငြင်းဆိုခဲ့သည်။

[အခုတော့ ဝမ်စစ်ထုံက ဘာလို့ဒီလောက်တောင် လန့်နေလဲဆိုတာ ငါ တို့သိသွားပြီ။ အမှန်တရားကိုစစ်ဆေးကြည့်ဖို့တောင် စိတ်မ၀င်စားတဲ့ ဒီလိုမိဘတွေနဲ့ ချင်ရီရဲ့အဆင့်အတန်းကြောင့် သူတို့သမီးဖြစ်သူကို လုံးဝဂရုမစိုက်ဘဲ မိသားစုကိုအရှက်ရစေသလိုဆက်ဆံတာ အံ့သြစရာမရှိတော့ဘူး။]

[ဝမ်စစ်ထုံကလည်း ဟာသပဲ။ သူက ချင်ရီကိုအတင်းအကြပ်တောင်းပန်ခိုင်းဖို့သပ်သပ်ပြန်လာချင်ခဲ့တာ။ ချင်ရီသာ သူ့လုပ် ရပ်ကိုနောင်တရရင် သူ့စကားတွေကို ပြန်ရုပ်သိမ်းနိုင်မယ်လို့ပဲထင်နေပြီး စကားကျွန်ရင်နှုတ်မရဘူးဆိုတာ သဘောမပေါက်ဘူးပဲ။]

၎င်းအားကြားပြီးနောက် ချင်မိသားစုဟာ လုံးဝစက်ဆုပ်သွားခဲ့သည်။ ၎င်းသည် မဆင်မခြင်၊ မသိနားမလည်ပဲ မိုက်မဲသူတစ်ယောက်ကြောင့်ဖြစ်ရသည့် ကြီးမားသောအရှုပ်အထွေးကြီးဖြစ်သည်။

နောက်ဆုံးတွင် ရဲများမှ ကိစ္စများအားငြိမ်သက်စေပြီးနောက် ချင်ရီက

"ဝမ်စစ်ထုံ၊ မင်း ဒီလိုရူးသွပ်နေမယ်လို့ ငါတစ်ခါမှမထင်ခဲ့မိဘူး။ မင်းကို ငြင်းလိုက်လို့ မင်းက ငါ့ကို ဖျက်စီးပစ်ချင်နေတာလား? မင်း ဒီကနေလွတ်မြောက်နိုင်မယ်လို့ထင်လား? စိတ်မပူပါနဲ့ ငါလည်း မင်းကိုခွင့်မလွှတ်ဘူး။ မင်းရဲ့အသရေဖျက်မှုနဲ့ မနေ့ညက မင်းငါ့ကိုဆေးခပ်ပြီး အကြပ်ကိုင်ဖို့ကြိုးစားခဲ့တာ - ဒါတွေအားလုံးက ရာဇဝတ်မှုတွေပဲ။ ငါ မင်းကိုခွင့်မလွတ်ဘူး။ ဥပဒေရဲ့အာဏာကို မင်း အပြည့်အဝရင်ဆိုင်ရမယ်။"

သူ့ကိုယ်သူခုခံရန် အရမ်းအလုပ်များနေတာကြောင့် ချင်ရီမှသူ့အားတန်ပြန်တရားစွဲလိမ့်မည်ဟု ဝမ်စစ်ထုံမမျှော်လင့်ထားခဲ့ချေ။ အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သည့်အမူအရာသည် သူ့အား ယခင်ကမမြင်ဖူးသလို တုန်လှုပ်သွားစေသည်။

"ရှင်... ရှင်ကျွန်မကို ထိခိုက်စေခဲ့ပြီး တောင်းပန်ရမယ့်အစား ကျွန်မကို ခြိမ်းခြောက်နေတာလား? ရှင့်မိသားစုက ဘယ် လောက်ပဲသြဇာအာဏာရှိရှိ ကျွန်မ ရှင့်ကိုဖော်ထုတ်ပြမယ်... ရှင်က ဂီတဆရာတစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူး။ ရှင်က ဂီတကိုချစ်ဖို့ မထိုက်တန်ဘူး။"

ဝမ်စစ်ထုံသည် ချင်ရီ၏အသက်မွေးဝမ်းကြောင်းအား ဒိုင်းကာအဖြစ်အသုံးပြုရန် ကြိုးစားနေသည်။

သို့သော် ချင်ရီသည် သူထံမှ အဓိပ္ပါယ်မဲ့အော်ဟစ်သံများအား ရင်ဆိုင်ကာ ရိုးရိုးရှင်းရှင်းပြက်ရယ်ပြုခဲ့သည်။

"ငါ လုပ်ခဲ့ဖူးသမျှ အဆိုးဆုံးအမှားကတော့ မင်းကို ငါ့တပည့်အဖြစ်လက်ခံလိုက်မိတာပဲ"

All Chapters