အခန်း (၃၅၁)
Vol. 36 Ch. 351
တိုက်ရိုက်ထုတ်လွှင့်မှု အကြောင်းအရာက လုံးဝကို ပေါက်ကွဲထွက်သွားလောက်တဲ့အထိ အင်တာနက်ပေါ်မှာ နာမည်ကြီးသွားခဲ့သည်။
ထိုအချိန်တွင် ဝမ်စစ်ထုံသည် သူမ၏အကောင့်တွင် အမုန်းပွါးနေကြသော ကောမန့်များတစ်ခုပြီးတစ်ခု ဝင်လာသည်ကိုတွေ့လိုက်ရသည်။ အရင်ကသူမသည် ချင်ရီ ချောက်ချရန်ကြိုးစားခဲ့သောကိစ္စသည် ယခုဝဋ်လည်ကာ သူမဆီတွင်ဖြစ်နေပြီဖြစ် သည်။
တစ်ချိန်က သူမ၏အနာဂတ်သည် တောက်ပနေခဲ့ပြီး သူမကြိုးစားခဲ့ကာ နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်လာခဲ့သည်။ အခုတွင်သူမ၏ ကျော်ကြားမှုအရာအာလုံး တစ်ညတည်းနှင့် ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။
အခုတော့ လူများကသူမကို နာမည်ကြီးအဆိုတော်အဖြစ်မဟုတ်ပဲ ကျင့်ဝတ်ဖောက်ပြားကာ လိမ်လည်လှည့်စားသည့်မိန်းမ အဖြစ်သာမှတ်မိကြတော့သည်။
ဝမ်စစ်ထုံသည် ထိုရိုက်ချက်ကိုမခံနိုင်ပဲ ငိုကြွေးခဲ့သည်။ ရဲများက သူမကို လာဖမ်းသောအခါတွင် ချင်ရီကိုငို၍တောင်းဆိုခဲ့သည်။
“ ရှင် ကျွန်မကိုအဲ့လောက်မုန်းတာလား? ဟိုးအရင် ကျွန်မတို့ကြားက ဆက်ဆံရေးအတွက် ရှင်နည်းနည်းမှခံစားချက်မရှိတာလား။ ကျွန်မကို ဂရုစိုက်ခဲ့ပြတာတွေက အကုန်ဟန်ဆောင်ခဲ့တာလား။ ကျွန်မရဲ့အရာအားလုံးကို ဖျက်စီးရလောက်တဲ့အထိ ရှင့်အပေါ် ဘာများလုပ်ခဲ့လို့လဲ”
သူမ စကားကြောင့် လူတိုင်းအံ့ဩသွားခဲ့ကြသည်။
[ ဝမ်စစ်ထုံ ချင်ရီအပေါ်ချောက်ချခဲ့တဲ့အချိန်က ချင်ရီအတွက်သက်ရောက်မှုကြီးကြီးမားမားမဖြစ်ခဲ့ပေမယ့် ချင်ရီ လက် ချက်နဲ့ ဝမ်စစ်ထုံသည် အရာအားလုံးဆုံးရှုံးခဲ့တယ်။ အဲ့တော့ယှဉ်ကြည့်လိုက်ရင် ချင်ရီရဲ့လက်စားချေမှုက တော်တော်ရက် စက်တာပဲ]
ချင်မိသားစု : လူတွေလည်း အံ့ဩလိုက်တာ ဘာကိုရက်စက်တာ သူနဲ့တန်ရာတန်ရာကိုခံရတာပဲ
ဝမ်စစ်ထုံလိုလူမျိုးက သူမ၏အမှားကို ဘယ်တော့မှဝန်ခံမည်မဟုတ်မှန်းသိသည့်အတွက် ရှေ့နေတစ်ယောက်ငှါးကာ သူမ လုပ်ရပ် အကုန်လုံးကိုတာဝန်ယူစေခဲ့သည့်အပြင် အနုပညာလောကကိုပါထပ်ပြီး ခြေဦးမလှည့်နိုင်အောင်ပြုလုပ်ခဲ့သည်။
လူတိုင်းသည် ဝမ်စစ်ထုံအားကြည့်၍ သက်ပြင်းချရုံသာတတ် နိုင်ခဲ့သည်။ ဝမ်စစ်ထုံသည် သူမ၏လုပ်ရပ်အတွက် အကျိုး ဆက်ကို သေချာပေါက်ခံရလိမ့်မည်။
ချင်ရီ၏မျက်နှာသည် အေးစက်နေပြီး သူမရဲ့ စကားတွေကိုတုံ့ပြန်ခဲ့သည်။
“မင်းကိုယ် မင်း အရမ်းအနိုင်ကျင့်ခံရတယ်ထင်နေတာလား။ ဒီလိုတွေဖြစ်လာအောင် မင်းကိုယ်တိုင်လက်ယပ်ခေါ်ခဲ့တာပဲ”
လူတိုင်းသည် ချင်ရီ ယခုကဲ့သို့ပုတ်ခတ်စကားပြောလာသည်ကို ပထမဆုံးကြာဖူးခြင်းဖြစ်သည်။
ဝမ်စစ်ထုံသည် ချင်ရီ၏စကားများကိုကြားပြီးနောက် သူမ၏ လုပ်ရပ်များကို ပြန်စဉ်းစား၍မျက်နှာမှာ ဖြူဖျော့လာခဲ့သည်။
လူတိုင်းသည် ဝမ်စစ်ထုံ၏အရူးထမှုအားစဉ်းစားကာ ချင်ရီ၏ လုပ်ရပ်ကို နားလည်နိုင်ခဲ့သည်။
ဝမ်စစ်ထုံသည် ငိုယိုကာနောက်ဆုံးအချိန်ထိ ချင်ရီအားတောင်းပန်၍ သူ့အားချစ်ကြောင်း ပြောဆိုခဲ့သည်။
နောက်ဆုံးတော့ ဝမ်စစ်ထုံအားပြန်၍ အရေးယူနိုင်ခဲ့သည်။ ဒါ့အပြင် တိုက်ရိုက်ထုတ်လွှင့်မှုနောက်ကွယ်က ကြိုးကိုင်သူသည် ကျီဖေးမှန်းသိရသောအခါ ချင်မိသားစုဝင်များ အံ့ဩကုန်ကြသည်။
ကျီဖေး “ အမ် ကျွန်မရောက်လာတော့ ရိုက်ကူးရေးမီဒီယာ ဝန်ထမ်းတော်တော်များများ ဒီကိစ္စကိုသတိထားမိကြသည်။ ရဲတွေနဲ့အပ်ထားလို့ရပေမဲ့ ဒီလိုကိစ္စတွေကအရမ်းကြာတယ်လေ။ ပြီးတော့ အမှန်တရားကိုဖော်ထုတ်ဖို့ နောက်ကျခဲ့ရင် ချင်ရီရဲ့ဂုဏ်သိက္ခာအတွက်လည်း မကောင်းဘူးလေ အဲ့ဒါကြောင့် ဒီကိစ္စကိုစီစဉ်လိုက်တာ ဝမ်စစ်ထုံလည်း ဘာသံသယမှမဖြစ်ပဲ ထောင်ချောင်ထဲကျသွားတာပဲ”
ချင်ရီသည် သက်ပြင်းတစ်ချက်ချကာ ကျီဖေးအားပြောလိုက်သည်။
“ ကျေးဇူးတင်ပါတယ် အာ့စောင်၊ မင်းရဲ့အကူအညီက တော် တော်လေးထိရောက်တယ်”
ကျီဖေးသည်လည်း ယဉ်ကျေးစွာတုံ့ပြန်စကားပြောခဲ့သည်။
“ရပါတယ် ကျွန်မက ဒီလိုကိစ္စတွေမှာ နည်းနည်းပါးပါးအတွေ့ အကြုံရှိထားလို့ပါ”
ချင်ကျောက် ရုတ်တရက် “ဟေးခဏ ငါတို့လဲ အရိုက်ခံလိုက်ရတဲ့ထဲ ပါသွားသေးလား”
ကျီဖေးသည် ချက်ချင်းငြင်းဆန်လာသည်။
“အဲ့အတွက်စိတ်မပူနဲ့ ကျွန်မတိုက်ရိုက်ထုတ်လွှင့်တဲ့သူနဲ့စကားပြောထားပြီးပြီ သူ လုပ်ရဲမှာမဟုတ်ဘူး၊ ပြီးတော့ ခုနက Live ထဲမှာ ဝမ်စစ်ထုံကိုပဲ သက်သေရအောင် အဓိကထားရိုက်ထားတာ”
သူ ဒီကိုမလာခင်ကတည်းက ဖေးကျဲ သူ့အားဒီကိစ္စနဲ့ပက်သက်ပြီးသတိပေးပြီးသားဖြစ်သည်။ အကယ်၍ ငါတို့အကုန်လုံးသာ တိုက်ရိုက်ထုတ်လွင့်မှုထဲ ပါသွားမည်ဆိုပါက ရှေ့လျှောက် Y မြို့မှာ လွတ်လွတ်လပ်လပ်သွားနိုင်မည်မဟုတ်ကြောင်း၊ ပြီထို့ပြင် ဖေးကျဲ ယခုတခြားကိစ္စတွေကို ကိုင်တွယ်နေရသဖြင့် ကျီဖေးအား ဂရုစိုက်ရန်မအားသည့်အတွက် ကျီဖေးပြဿနာတက်လာပါက သူ မကူညီပေးနိုင်ကြောင်း ကျီဖေးကိုအတတ်နိုင်ဆုံး သတိပေးထားခြင်းပင်။
ကျီဖေးသည်လည်း Y မြို့တွင်လွတ်လပ်စွာနေချင်သေးသည်။ လူတွေရဲ့မျက်လုံးထဲလည်း အဝင်မခံချင်သောကြောင့် ဖေးကျဲပြောသည့် စကားများကိုနားထောင်ခဲ့သည်။
[ တော်သေးတာပေါ့ ငါကြိုအကွက်မြင်ပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့သူကို ခြိမ်းခြောက်ထားလို့ ပြီးတော့ ချင်မိသားစုရဲ့အာ ဏာကို သူစိန်ခေါ်ရဲမှာမဟုတ်ဘူး၊ ပြီးတော့ လူတွေကငါ့ရဲ့သရုန်မှန်ကိုသိသွားရင် ပိုဆိုးကြလိမ့်မယ် ]
ကျီဖေးရဲ့အတွေးကိုကြားပြီးနောက် ချင်မိသားစုသည် ကျီဖေးရဲ့ပူပန်မှုကို နားလည်ခဲ့သည်။ သူက ငါတို့နဲ့ပက်သက်နေတာသာဖော်ထုတ်ခံလိုက်ရရင် သေချာပေါက်ဝေဖန်ခံရမှာ စိုးရိမ်နေတာပဲ။
ချင်ရှန်သည်လည်း ကျီဖေး၏လက်ကလေးအား ကိုင်လိုက် ကာ သူမကိုနူးနူးညံ့ညံ့ပြုံးပြလိုက်သည်။
[ အခုတလော တိုက်ဆိုင်မှုတွေများလာပြီး ချင်မိသားစုကငါ့ကိုထူးထူးဆန်းဆန်းထင်နေကြရင် ဘယ်လိုလုပ်မလဲ။ ချင်အဒေါ်ရဲ့သားသမီးနှစ်ယောက်လုံး ပြဿနာတတ်ကြတယ် ပြီးတော့ ငါက ဝင်ကူတယ် ချင်ကျားရှီရဲ့အမူအရာက ငါ့ကိုတစ်ခု ခုသံသယဝင်နေသလိုပဲ တော်ကြာ ငါ့ကိုသဘာဝလွန်စွမ်းအားတွေရှိတဲ့ မကောင်းတဲ့စုန်းမလို့ထင်ရင် ဘယ်လိုလုပ်ရမလဲ]
ချင်ဒုတိယမိသားစုသည် ကျီဖေး၏အတွေးကိုကြားသောအခါ ဝမ်းနည်းသွားခဲ့သည်။ သူတို့အတွက် ကျီဖေးသည်ကံကောင်းစေသည့်ကြယ်လေးလိုပင်။
သူမရဲ့အကူအညီသာမရှိရင် သူတို့ဘယ်လောက်တောင် အလိမ်ခံရပြီး ဒုက္ခရောက်နေမလဲဆိုတာမသိနိုင်ပေ။ သစ္စာ ဖောက်တွေရဲ့အကြောင်းကိုစောစောသိပြီး ကာကွယ်လို့ရတဲ့အတွက် သူတို့ဘယ်လောက်ကံကောင်းလိုက်လဲ။
ချင်ဝမ်ရှန့်သည်ပင်လျှင် ချင်ရှန်သည်ကျီဖေးနှင့်ပေါင်းဖက်ရတာ ဘယ်လောက်ကံကောင်းကြောင်း ပြောလေ့ရှိသည်။ ဒါ့ပြင် ဒီတစ်ခေါက်ကိစ္စတွင်လည်း ကျီဖေးကြောင့်သာမဟုတ်ပါက ချင်ရီ၏ဂုဏ်သိက္ခာကို ဒီလောက်မြန်မြန် အဖတ်ဆယ်နိုင်မည်မဟုတ်ပေ။
ထိုကြောင့်သူတို့သည် ကျီဖေးအား ထိုကဲ့သို့သူစိမ်းဆန်သော အတွေးများမတွေးစေချင်ပေ။ ချင်မိသားစုဝင်များသည် အကြည့်များဖလှယ်ကာ ချင်ရှန့်အား ထိုကိစ္စနှင့်ပက်သက်၍ ဖျောင်းဖျရန်တိုက်တွန်းခဲ့သည်။
ချင်ရှန့်က သူတို့မပြောလည်း သူ့ဇနီးအားထိုကဲ့သို အထင်ခံမည်မဟုတ်ပေ။
ချင်ရှန့် ချက်ချင်းဆိုသလို ကျီဖေးအားသူ့အနားသို့ဆွဲ၍
“ဖေးဖေး မင်းက ကိုယ်တို့မိသားစုရဲ့ ကံကောင်းစေတဲ့အ ဆောင်လေးပဲ ၊ မင်းမရှိရင် ကိုယ်တို့ဘယ်လောက်တောင် မသိပဲအလိမ်ခံနေရမလဲမသိဘူး။ အဲ့ဒါကြောင့် မင်း ကိုယ်မင်း အတွေးမလွန်စေနဲ့ ။ မင်းက အမြဲတမ်းကိုယ့်ရဲ့ကံကောင်းစေတဲ့ကြယ်ကလေးပဲဖြစ်နေမှာ”
ချင်ရှန်သည် သူ၏စိတ်ရင်းကိုပြသနိုင်ရန် ကျီဖေး၏ နဖူးလေးအားနမ်းလိုက်လေသည်။
ကျီဖေးသည် ချင်ရှန်စကားကိုနားထောင်နေရင်း ရုတ်တရက် အနမ်းခံလိုက်ရသည့်အတွက်ကြောင်သွားလေသည်။
ချင်မိသားစုသည် အိမ်သို့ပြန်ရောက်သောအခါ ချင်ရီ၏ကိစ္စများကိုလူကြီးများအားပြောပြခဲ့သည်။ အကြီးအကဲများသည်လည်း ဇာတ်လမ်းအပြည့်အစုံအားသိပြီးနောက် ကျီဖေးအားချီးကျူးခဲ့ကြသည်။
ချင်မိသားစုမှ အကြီးအကဲများသည် ကျေးဇူးသိတတ်ကြသူများဖြစ်ကာ စကားလုံးများနဲ့တင်မဟုတ်ပဲ ကျီဖေးအား အမွေအနှစ်ပစ္စည်းတစ်ခုကို ပေးအပ်ခဲ့သည်။
အဖွားလုသည် သူမ၏ရတနာသေတ္တာထဲမှထုတ်ကာ ကျီဖေးအား လက်ဝတ်ရတနာတစ်ဆက်ပေးခဲ့သည်။
ကျီဖေးသည် ထိုပစ္စည်းများကိုကြည့်ပြီး အံ့ဩခဲ့ရသည်။ သူမ အခန်းထဲပြန်ရောက်သည်အထိ ထိုပစ္စည်းများကို ကြောင်ကြည့်နေခဲ့မိသည်။ ဒါတွေအကုန်လုံးက ချင်ရှန်အဖွားစုဆောင်းထားခဲ့သည့် ရှေးဟောင်းပစ္စည်းများပင်။ ထိုအရာအာလုံးကို မနှမြောပဲ ကျီဖေးအားပေးအပ်ခဲ့သည်ကို ကြည့်ချင်းအားဖြင့် ကျီဖေးကို ချင်မိသားစုမည်မျှအလိုလိုက်ထားသည်ကို သိနိုင်သည်။
ကျီဖေးသည် ချင်ရှန်အားပြောလိုက်သည်။
“ ဒီလောက်တန်းဖိုးကြီးမယ်မှန်း မထင်ထားဘူး “
ချင်ရှန့်သည် ထိုပစ္စည်းများအားစိတ်ထဲမရှိပေ။ သူ့ဇနီးလေးသဘောကျသရွေ့ အဆင်ပြေသည်။
“မင်းက နဂိုကတည်းက ချင်ကတော်ပဲဟာ၊ မကြာခင် ဒါတွေကမင်းအပိုင်ဖြစ်လာမှာပဲ စောတာနဲ့နောက်ကျတာပဲကွာမှာ”
ကျီဖေးသည် ထိုတန်ဖိုးကြီးရတနာများအား ထိန်သိမ်းရမှာနည်းနည်းတော့ တာဝန်များသလိုပင် ?
“ ကျွန်မတို့ဒါတွေကို ထိန်းသိမ်းထားသင့်လား ၊ ဒါမှမဟုတ် …..”
ချင်ရှန့်သည် သူမတွေဝေနေသည့်အတွက် ကူဆုံးဖြတ်ပေးခဲ့သည်။
“မင်းဒါတွေကို ပြန်ရောင်းချင်လည်းရတယ်၊ ကိုယ်အဆင်ပြေတဲ့ဝယ်သူကို ရှာပေးနိုင်တယ် ဒါပေမဲ့ အဖိုးနဲ့အဖွားကိုတော့ မသိစေနဲ့”
ကျီဖေး “….”
“ရှင် ကျွန်မကို ဘယ်လိုလူထင်နေတာလဲ”
ကျီဖေးသည် နဂိုကတည်းက ရွှေကိုသာကြိုက်ကြောင်းသိသဖြင့် ချင်ရှန့်သည် သူ၏စိတ်ရင်းအားသိစေရန် ကျီဖေးအား အပြစ်ကင်းသည့်မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ချင်ရှန်၏ ချွဲ့နွဲ့သောအကြည့်လေးကို မြင်ရသောအခါ ကျီဖေး သည်ရယ်မောပြီး သူ၏ခါးကိုလက်နှစ်ဖက်ဖြင့် ဖက်ကာအိပ် ရာပေါ်တွင်အိပ်လိုက်သည်။
“ မဟုတ်ပါဘူး ခုနက ကျွန်မဆိုလိုချင်တာ အကြီးအကဲက ကျွန်မကောင်းကောင်းလုပ်ခဲ့တဲ့အတွက်ဆုချတာလေ ၊ ဒါပေမဲ့ လည်း အဲ့ကိစ္စကို ကျွန်မတစ်ယောက်တည်းလုပ်ခဲ့တာမှမဟုတ်တာ အဲ့တာကို ကျွန်မပဲ ဆုချခံရတော့ ဒုတိယမိသားစုကို အားနာလို့ပါ၊ မိသားစုဆိုတာအချင်းချင်းမျှဝေသင့်တယ်လေ”
“ ဒါဆို မင်းက တခြားသူတွေကိုခွဲပေးချင်လို့လား “
“အွန်း အများကြီးပဲကို ပြီးတော့ ချင်မိသားစုက မိန်းကလေးတွေသာဝတ်လိုက်ရင် အရမ်းလှမှာ”
ချင်ရှန်သည် သူ့စကားကိုကြားပြီးနောက် ပီတိဖြစ်ကာ သူမ၏ ဆံပင်လေးတွေကို ဖွလိုက်သည်။
ကျီဖေးစကားက ကျီဖေးကိုယ်တိုင်လည်း သူ့မိသားစုကိုအသိ အမှတ်ပြုကြောင်း ခံစားရသဖြင့် ချင်ရှန် ဝမ်းသာမိသည်။
“ ဟုတ်ပြီ မင်းပျော်နေသရွေ့ ကြိုက်တာလုပ်လို့ရတယ်”
နောက်နေ့တွင်ကျီဖေးသည် ချင်မိသာစုက မိန်းမပျိုများအား သူမ၏ဝေစုကို ခွဲဝေပေးခဲ့သည်။ မပေးလိုက်ရသူများအား နောက်တစ်ခါတွင် ပေးရန်မှတ်ထားလိုက်လေသည်။
ချင်ကျားရှီသည် ကျီဖေးထံမှ လက်ကောက်ကို ရသောအခါ သူမ၏မျက်လုံးများတောက်ပလာခဲ့သည်။
လက်ကောက်၏တန်ဖိုးကြောင့်မဟုတ်ပဲ ကျီဖေးမှ သူ့အား ညီအမအဖြစ်အသိအမှတ်ပြုကြောင်း ခံစားရလို့ပင်။