← Chapters

အခန်း (၃၅၃)

Vol. 36 Ch. 353

အခန်း (၃၅၃)

Vol. 36 Ch. 353

ချင်ကျောက်နှင့် ချင်ရုန်တို့ ရုံးခန်းသို့သွားကာ အကျဉ်းချုံမေးခဲ့ပြီး အဖြေကြောင့်စိတ်ရှုပ်သွားခဲ့ကြသည်။ သူတို့ တကယ် ထွက်သွားကြတာလား ?

သူတို့နှစ်ယောက်ကြားမှ ကိစ္စအား ကျီဖေးဆီမှကြားခဲ့ကြသည်။ ကျိုးရုရှစ်သည် ချင်ရီအား သဘောကျသော်လည်း ဝန်ခံချင်စိတ်မရှိဘူးဟူသည့် ကောလဟာလများလည်း ကြားခဲ့သော်လည်း သူတို့နှစ်ယောက်ကြားမှာ chemistry အချို့တော့ရှိမည်ဟု သူတို့ ခံစားမိသည်။ ယနေ့ ချင်ရီမှတ်ဉာဏ်ပြန်သွားပြီးဖြစ်ရာ သေချာပေါက် မမျှော်လင့်ထားသည်များဖြစ်လာတော့မယ့်ပုံပင်။

[ဝိုး၊ ဒီကောင်မလေး….တော်တော်ဆုံးဖြတ်ချက် ပြတ်သားတာပဲ။ ချင်ရီဆီမှာ အလုပ်သင်ဖြစ်ခွင့်ရမယ့် ပိုကောင်းတဲ့အခွင့်အ ရေးရှိနေတာကို သူမရဲ့ မူလဆုံးဖြတ်ချက်အတိုင်း နိုင်ငံခြားမှာ ပညာသင်သွားဖို့ခေါင်းမာမာနဲ့ရွေးတုန်းပဲ။ သူချင်ရီကိုတကယ် ကြိုက်လို့သာ မဟုတ်ရင် သူ့ကို လုံးဝဂရုမစိုက်ဘူးလို့ ထင်မိမှာ]

ကျီဖေး၏အတွေးအား ကြားလိုက်ရသော ချင်ကျောက်နှင့် ချင်ရုန်တို့သည် လက်ရှိအခြေအနေကြောင့် ရှုပ်ထွေးနေဆဲပင်။

မကြာမီ ချင်ရီထွက်လာကာ မိန်းမောတွေဝေနေပုံရသည်။

ဖရဲသီးထပ်စားချင်သည့် ချင်ကျောက်ကချက်ချင်းမေးသည်။ “ပြောင်ကော ဘာဖြစ်လို့လဲ။”

“ဘာမှ မဖြစ်ပါဘူး၊ ဌာနမှူး ငါ့ကို ကျောင်းနားခိုင်းလို့။”

“ဟမ်၊ မင်းကိုလည်း ထိခိုက်သွားတာလား။” ချင်ရုန် စိုးရိမ်စွာ မေးသည်။

ချင်ရီခေါင်းရမ်းသည်။

”မဟုတ်ဘူး။ ရိုးရိုးပဲ နားခိုင်းတာပါ နောက်စာသင်နှစ်မှာ ငါအလုပ်သင်ထပ်ခေါ်ရမှာ။”

ချင်ကျောက်နှင့် ချင်ရုန်တို့ အကြည့်ချင်းဖလှယ်လိုက်သည်။ ကျီဖေး စိတ်ထဲကပြောတာ ဒါကိုလား ??

ဝမ်းကွဲချင်ရီ အလုပ်သင်ခေါ်ရမယ်။ ဒါပေမယ့် ကျိုးရုရှစ်က အခွင့်အရေးကို ငြင်းလိုက်တယ်။ ဘာတွေဖြစ်နေတာလဲ ?

[တကယ်ကြီးလား။ သူ့ကိုပဲ ဘာလို့ငြင်းတာလဲ သွားမေးလိုက် ပါတော့လား။ မဟုတ်ဘူးလား။ ဒီလိုကြီး ပြီးသွားကြတော့မှာလား။]

အမှန်ပင် ပြီးသွားတော့မည်ထင်။ ချင်ရီ၏လက်ရှိအခြေအနေမှာ သူ စိတ်ရှုပ်ထွေးနေပြီး သူမကလည်း ငြင်းဆိုထားသူဖြစ်တာကြောင့် သူမ ဆီသွားမရှင်းလောက်ပေ။

သူမ၏ဆရာလုပ်ပါရစေဆိုပြီးတော့လည်း သွားမပြောနိုင်သဖြင့် ထိုရှက်စရာကောင်းသည့် အိမ်မက်အကြောင်းဆိုပြောမနေတော့နှင့် ကျောင်းသူအား မျက်နှာချင်းဆိုင်ရသည်မှာ ကို့ယို့ကားယားဖြစ်ရလိမ့်မည်။

သူ့ကို ရှောင်တာအကောင်းဆုံးပဲ။

သူ့ဘေးနားရှိ လူသုံးယောက်၏အမူအရာအား လစ်လျူရှုကာ ချင်ရီ သူပစ္စည်းတွေအား သွားသိမ်းသည်။

ထိုကိစ္စဖြစ်ပွားစဥ်က သူ ဝမ်စစ်ထုံးအား သင်ကြားပေးနေကာ သူ့ပစ္စည်းများကျန်ခဲ့သည်။

သူတို့ လမ်းလျှောက်လာရင်း ထိုနေ့ညတွင် မရှိသော ချင်ရုန်အား ထိုအကြောင်းမပြောဘဲ မနေနိုင်တော့ချေ။ ချင်ကျောက်သည် ထိုကိစ္စဖြစ်ရာနေရာအားပြကာ “ဝမ်စစ်ထုံး သူ့နောက် လိုက်လာပြီး ဝမ်းကွဲသာ သိမသွားခဲ့ဘူးဆိုရင် သူတော့ ဒုက္ခအကြီးကြီးရောက်ပြီပဲ။ “

ချင်ကျောက် ပေါ့ပါ့ဆဆပြောကာ ချင်ရီပုန်းခဲ့သည့် အခန်းအားပြလိုက်သည်။

ချင်ရုန်သည် အသံကျယ်ကျယ်နှင့် အတင်းပြောနေသည့် ချင်ကျောက်အား အသံတိုးရန်သတိပေးလိုက်ရသည်။

သူတို့နှစ်ယောက်နောက်တွင် ပြုံးလျက် နားထောင်နေသည့် ကျီဖေးသည် ချင်ရီအား မျက်လုံးထောင့်မှ တစ်ချက်ကြည့်လိုက်သည်။

ချင်ရီသည် ရှက်ရွံ့စွာ သို့မဟုတ် စိတ်အနှောက်အယှက်ဖြစ်စွာ တုံ့ပြန်လာမည်ဟု ထင်ခဲ့သော်လည်း သူအံအားသင့်စွာ ထိုလေ့ကျင့်ရေးအခန်းအား ကြည့်နေသည်အားတွေ့လိုက်ရသည်။

ထိုအချိန်တွင် အထဲမှ တံခါးဖွင်လိုက်ခါတံခါးပွင့်လာသည်။

ခဏတာ သူတို့လေးယောက်လုံးအေးခဲသွားသည်။

[Oh my god ? Oh my god ? Oh my god ဒါရေစက်ပဲ]

ချင်ကျောက်နှင့် ချင်ရုန်တို့ ကျိုးရုရှစ် ထွက်လာသောကြောင့် အော်မိလုနီးပါးပင်။ အလွန် ဒရမ်မာဆန်သော်ကြောင့် သူတို့ထိန်းထားသော်လည်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ကျိုးရုရှစ်သည်လည်း မမျှော်လင့်ထားသော ဆုံတွေ့မှုကြောင့် ထပ်တူ ထိတ်လန့်သွားသည်။ သူပြန်ဝင်ရမည်လား ထွက်သွားရမည်လား မသိဖြစ်သွားကာ အမူအရာမှာ သိသိသာသာစိတ်မသက်မသာဖြစ်သွားသည်။

ထိုအချိန် ချင်ရီ လုံးဝအေးခဲသွားသည်။ ပထမ သူ့စိတ်ထဲဗလာဖြစ်သွားသော်လည်း ထို့နောက် သူ့မှတ်ဉာဏ်ထဲတွင်ပုံရိပ်များ ထင်ထင်ရှားရှားပေါ်လာသည်။ အရှက်ရမှု၊ နောင်တများ ဖုံးလွှမ်းသွားကာ တစ်ကိုယ်လုံးတုန်ရီသွားပြီးနောက် ဖြူဖျော့ဖျော့မျက်နှာထက်တွင် ရှက်သွေးဖြာသွားတော့သည်။

သူ ကျိုးရုရှစ်အား မကြည့်ရဲတော့ချေ။

သူ့ပါးပြင်ပေါ်ရှိ ရှက်သွေးများသည် သိသာလွန်းသောကြောင့် ကျန်သုံးယောက်သတိထားမိသွားသည်။

[ဝိုး သူမှတ်ဉာဏ်ပြန်ရသွားပြီ။ ဒီလိုကြီး ပြန်ရသွားတာ။ အင်း ဟုတ်မှာပါလေ။ သူအကယ်ခံရပြီးကတည်းက ဒီကို မရောက်ခဲ့တာ အခုပထမဆုံးအကြိမ်ပြန်ရောက်လာတာ။ သတိပြန်ရတာ ဖြစ်သင့်ပါတယ်။ ဟားဟား မိုက်လာပြီဟေ့။ ငါ့ဒီနေ့လိုက်လာတာကံကောင်းသွားတယ်။ ဒီလို ဒရာမာကတွေ့ရဖို့မလွယ်ဘူး။]

သိသွားကြသည့် ချင်ကျောက်နှင့် ချင်ရုန်တို့သည်လည်း မျက် လုံးပြူးပြီး ရင်ခုန်သွားကြသည်။

ကျိုးရုရှစ်သည် အစတွင် စိတ်ထိန်းပြီး ဆရာတစ်ယောက်အား ဆက်ဆံသည့် အတိုင်း ယဥ်ကျေးသည့် အမူအရာနှင့် ဆက်ဆံရန် ပြင်ဆင်လိုက်သော်လည်း သူ၏ နီရဲနေသည့် မျက်နှာအား တွေ့လိုက်ရသည်။

ခံရသူဖြစ်သည့် သူမသည် အဖြစ်အပျက်အားဘယ်မေ့နိုင်မည်နည်း ? သူ့ မျက်နှာ ဖြူဖျော့သွားသည်။

တိတ်ဆိတ်နေမှုသည် မသက်မသာဖြစ်စေကာ ကျိုးရုရှစ်သည် သတိဝင်ကာ စာအုပ်များအားကိုင်ကာထွက်သွားရန်လုပ်သည်။

သူ ထွက်သွားနိုင်ခင် ချင်ရီက “ကျိုးရုရှစ် ငါ မင်းနဲ့ စကားပြောချင်တယ်။”

ပြန်သတိရလာသော်လည်း ချင်ရီသည် လူငယ်တစ်ယောက်မဟုတ်တော့ပါချေ။ သူဤသည်အား ရင်ဆိုင်ရမည်ကိုသိသည်။ သူ သူမအား မတရားလုပ်ခဲ့သည်ပင်။

သူ အခု အားလုံးကိုမှတ်မိသွားခဲ့ပြီ။

ထိုည သူဝင်ခဲ့သည့် အစမ်းလေ့ကျင့်ခန်းသည် လူရှိနေခဲ့သည်။ ကျိုးရုရှစ်သည် အထဲတွင် လေ့ကျင့်နေကာ သူပြေးဝင်လာသည်အားမြင်သော် တစ်ခုခုဖြစ်သည်ထင်ကာ စိုးရိမ်စွာနှင့် သူအားကူညီရန် ချဥ်းကပ်လာခဲ့သည်။

တစ်ချက်ထိရုံနှင့်ပင် သူစိတ်လွတ်သွားကာ သူမအား တွန်းလှဲလိုက်သည်။

ကျိုးရုရှစ်သည် ရုန်းကန်ကာ အော်ဟစ် ခုခံခဲ့သော်လည်း အခန်းသည် အလွန်အသံလုံကာ မည်သူမှမကြားခဲ့ပေ။ သူသည်လည်း စိတ်လွတ်နေခဲ့သည်။

နောက်တွင် ချင်ရီသည် ဆေးခပ်ခံလိုက်ရသည်အား သိကာ သီးခံခဲ့သည်။

ပိုဆိုးသည်မှာ ချင်ရီသည် မေ့သွားခဲ့သည်။ သူ ကျိုးရုရှစ်အား တောင်းပန်သင့်ပေသည်။

ထို့ကြောင့် သူ ကျိုးရုရှစ်အား နေခဲ့ရန် တောင်းဆိုကာ အစမ်း လေ့ကျင့်ခန်းအား ပြန်လာပြီး လေးလေးနက်နက်နဲ့ ဦးညွှတ်ကာ စိတ်ရင်းမှန်နှင့်တောင်းပန်ခဲ့သည်။

ကျိုးရုရှစ်သည် အမြန်အဆန်ပင် လက်ယမ်းကာ "ဟင့်အင်း... ရပါတယ်... ချင်လောင်ရှစ်၊ ဒီလိုလုပ် စရာမလိုပါဘူး။ လောင်ရှစ်အပြစ်မဟုတ်ဘူးဆိုတာ သိပါတယ်။ ဒါတွေအားလုံးက ဝမ်စစ်ထုံရဲ့ အကြံအစည်တွေပဲလေ။ လောင်ရှစ်လည်း သား ကောင်ဖြစ်ခဲ့ရတာပါ။"

သူ့ စကားတွေဟာ ချင်ရီအား ပိုအပြစ်ရှိစိတ်ဝင်သွားစေသည်။

"ငါ့ကို လွယ်လွယ်နဲ့ ခွင့်မလွှတ်ပါနဲ့။ ဘာကြောင့်ပဲဖြစ်ဖြစ် ငါမင်း နာကျင်စေခဲ့တာပဲ။ ငါ့ကို ဒေါသထွက်လိုက် ဒါမှမဟုတ် တောင်းဆိုလို့ရပါတယ်။ မင်းတောင်းဆိုသမျှကို ငါဖြည့်ဆည်းပေးမယ်။ မင်းလိုချင်ရင်……မင်းတစ်ဘဝလုံးအတွက် တာဝန်ယူဖို့ ဆန္ဒရှိပါတယ်။ “ ချင်ရီ လေးလေးနက်နက်ပြောသည်။

သို့သော် သူပြောပြီးသည်နှင့် ကျိုးရုရှစ် မျက်ရည်ဝဲသွားသည်။

ချင်ရီ လန့်သွားသည်။

“မငို….မငိုပါနဲ့။ ငါတောင်းပန်ပါတယ်။ ငါ့အမှားချည်းပါပဲ။ ငါ့ကိုလက်ထပ်မှ ရမယ်လို့ ပြောချင်တာမဟုတ်ပါဘူး။ မင်းရွေး ချယ်ခွင့်ရှိတယ်လို့ ပြောချင်တာပါ။ မင်း လိုချင်ရင် ငါ မင်းကို တစ်သက်လုံး ဂရုစိုက်ပေးမယ်။ “

ကျိုးရုရှစ်သည် မျက်လုံးများအား သုတ်ကာပြုံးသည်။

“လောင်ရှစ်။ ကျမကို တာဝန်ယူပေးစရာမလိုပါဘူး။ ကျမ တကယ်ချစ်တဲ့ သူကိုပဲ လက်ထပ်ချင်တယ်။ လောင်ရှစ်က တစ်သက်လုံးလက်မထပ်ပဲ လောင်ရှစ်ရဲ့ ဂီတနဲ့ အနုပညာမှာပဲ နှစ်မြှပ်နေချင်တာသိပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ကိုယ့်ဘဝလမ်းကြောင်းကိုမပျက်စီးပါစေနဲ့။ ကျမတို့ နှစ်ယောက် အတင်းအတူရှိဖို့လုပ်လိုက်ရင် ကျမတို့ဘဝကို ကျမတို့ကိုယ် တိုင်ဖျက်စီးလိုက်သလိုဖြစ်သွားလိမ့်မယ်။”

All Chapters