အခန်း (၃၅၅)
Vol. 36 Ch. 355
ကျီဖေး စိတ်ထဲပေါက်ကွဲသွားသည်။ ချင်ဒုတိယမိသားစုမတုန့်ပြန်ုနိုင်ခင်မှာပင် ကျီဖေး၏ပေါက်ကွဲသံများအားကြားလိုက်ရသည်။
[ငါကျားရှီကို လက်ကောက်ပေးခဲ့တာ နင်နဲ့ဘာဆိုင်လဲ။ ယုရှင်းပြောတာနဲ လက်ကောက်ကိုသွားတောင်းတယ်ပေါ့။ နင်ကိုယ်နင် ဘယ်သူများထင်နေလဲ]
[ပြီးတော့ ယုရှင်းက တဖြည်းဖြည်းနဲ့ ချင်မိသားစုရဲ့သမီးဖြစ်လာမှာ အဲဒါကြောင့် သူ့ကိုပေးသင့်တယ်ပေါ့။ သူကို ကျေ နပ်စေချင်တာနဲ့ ကျားရှီကိုတောင် တောင်းပန်ခိုင်းသေးတယ်။ ရူးနေပြီလား။ ဦးနှောက်ထဲ အမှိုက်တွေပြည့်နေတာလား]
[ကျားရှီက ငါ ပြောတဲ့အတိုင်းပြန်ပြောခဲ့တာပဲ၊ ဟုတ်တယ် ချင်မိသားစုရဲ့သွေးပါတဲ့ မိန်းကလေးတွေပဲရတာလို့ ငါ ပြောခဲ့တာ။ ပြီးတော့ အဲဒီအချိန်မှာ ရှိနေတဲ့သူတွေပဲရတာ။ မိသားစုခေါင်းဆောင်ရဲ့ဆုံးဖြတ်ချက်လေ အဲဒီတော့ဘာဖြစ်လဲ။ ငါက နင့်ရဲ့အဖိုးတန် ယုရှင်းကိုမပေးဘူး၊ မကျေနပ်တာနဲ့ပဲ သွားလုတယ်ပေါ့လေ]
[ငါတော့ သည်းမခံနိုင်တော့ဘူး။ ချင်ရှန့်အပေါ် လေးစားမှုနဲနဲရှိသေးလို့ အတင်းမတောင်းရဲဘူး။ ဒါပေမယ့် အခု လုမရတော့ ကိုယ့်ညီမအပေါ် ဒေါသပုံချပြီး တွန်းပစ်လိုက်တယ်။ ရူးသွားပြီလား။ တတိယဦးလေးက နင့်ကို အမွေဆက်ခံသူအဖြစ်ရွေးရင်တောင် ငါ့ယောကျာ်းကိုပြောပြီး အမွေဆက်ခံသူနေရာကနေ နင့်ကိုပယ်ခိုင်းမယ်။ ညီအစ်ကိုမောင်နှမချင်း အနိုင်ကျင့်ခံရတဲ့အရသာကို သိသွားတာပေါ့]
ထိုအချိန်တွင် အိမ်ရှိ လူများတွင် ဒီအသံအား မကြားနိုင်သူမှာ ချင်ရီသာရှိသည်။ အစေခံ၏စကားအား ကြားပြီးနောက် သူသိပ်မတွေးခဲ့သော်လည်း ရုတ်တရက် လူသတ်ချင်နေသည့် အရှိန်အဝါအား ခံစားလိုက်ရသည်။
သူ လှည့်ကြည့်လိုက်ရာ ဒေါသပုန်ထနေကြသည့် ကျီဖေး၊ ချင်ကျောက်နဲ့ ချင်ရုန်တို့ အားလုံးအား တွေ့လိုက်ရသည်။
ချင်ရီ: ?
ကျီဖေး တွေးလေလေ ဒေါသထွက်လေလေပင်။ သူချက်ချင်း ဖုန်းထုတ်ကာ ချင်ရှန့်ဆီ မက်ဆေ့ပို့လိုက်သည်။
“ယောကျ်ား၊ ကျားရှီးဒဏ်ရာရသွားတယ်။ သူအစ်ကိုကြောင့် ဖြစ်ရမယ်။ အဲ့ကောင်က သူ့ညီမကို အနိုင်ကျင့်နေတာ။ သူ့ကို သင်ခန်းစာပေးလိုက်နော်။”
ချင်ရှန့်အနားတွင် နောက်ပိုင်း ကျီဖေးသတိလျော့လာသည်။ သူအဖော်ထုတ်ခံရမည်ကိုပင် မကြောက်တော့ပေ။ ချင်ရှန့်သည် သူ့ စကားအားမေးခွန်းပြန်မထုတ်ပဲ သူ ပြောချင်တာ ပြောခွင့်ရလို့ပင်။
"သူ ဒီနေ့ ကုမ္ပဏီမှာ မရှိဘူး၊ ဒါပေမယ့် တခြားနည်းလမ်းတွေ ရှိပါတယ်။"
ချင်ရှန့်၏အဖြေအားမြင်တော့ ကျီဖေးပြုံးလိုက်သည်။
ချင်ရှန့်သည် သူမစကားကို စိတ်ထဲမှတ်ထားကာ သူရှိနေလျှင် တိုက်ရိုက်သင်ခန်းစာပေးလိမ့်မည်။ သို့သော် လူသည် ရှိမနေသောကြောင့် တစ်ဆင့်သာ သင်ခန်းစာပေးနိုင်သည်။
Y မြို့တော်ရှိ ချင်မိသားစုလုပ်ငန်းများ အခြေအနေအားစစ် ဆေးရန် ဒီအတောအတွင်း ချန်ရှန့်သည် စတုတ္ထဦးလေးနှင့် အတူတွဲလုပ်နေသည်။ သူ့အနာဂတ် အင်အားအား တစ်စုံတစ် ယောက်မှလုယူသွားမည်အား စိုးရိမ်နေသောကြောင့် တောက်လျောက်နောက်မှလိုက်နေခဲ့သည်။ ပုံမှန်ချင်ရှန်သည် ပြည်မကြီးတွင်အခြေစိုက်ပြီး စတုတ္တဦးလေးသည် G မြို့တော်တွင် အခြေစိုက်ကာ သူ့ဘက်မှ လုပ်ငန်းများအား လွဲပြောင်းယူမည်မဟုတ်ပါချေ။
သို့သော် ချင်ရှန့်သာ စစ်ဆေးနေစဥ်အတွင်း ပြန်ပြင်ရမည့်အရာတစ်ခုခုအား ရှာဖွေတွေ့ရှိခဲ့လျင် အနာဂတ်တွင် အမွေဆက်ခံခွင့်သည် လုံးဝပျောက်ကွယ်သွားနိုင်သည်။ ချင်ဟန်သည် ထို့ကြောင့် အလွန်သတိရှိနေသည်။
ထို့ကြောင့် သူဒီနေ့ မရှိတာသည်မှာ ထူးဆန်းလှသည်။
[ ဘယ်လို့လုပ် ကျောင်းမှာ အနိုင်ကျင့်လို့ရတာလဲ။ စစ်ကြည့်ဦးမယ်…. သေစမ်း သူက လက်ကောက်လုဖို့ မဟုတ်ပဲ တတိယဦးလေးအစား မိန်းခွန်းပြောဖို့ တက္ကသိုလ်မှာ ရှိနေတာပဲ။ သူကြွားဖို့လုပ်နေတာလား။]
ကျီဖေး ဒါကို သိတိထားမိလိုက်ကာ မြေခွေးလိုပြုံးလိုက်သည်။ သူ ချက်ချင်း ချင်ရှန့်အားမက်ဆေ့ပို့လိုက်သည်။
ထို့နောက် သူမ အခြားသူများဘက်သို့ လှည့်ကာ "ဒီနေ့ ရာသီ ဥတုသာယာတယ်။ ကျောင်းကိုသွားပြီး ကျားရှီကို စပရိုက်တိုက်လိုက်ရအောင်။ သူ အဆင်မပြေလည်း သူ့ကိုစောင့် ရှောက်ပေးလို့ရတာပေါ့။”
[ကျောင်းမှာ ကျားရှီရဲ့အထောက်အထားကို မသိကြဘူးဟုတ်စ ? ငါတို့သွားပြီး ကျောထောက်နောက်ခံလုပ်ပေးရသေးတာပေါ့။]
ချင်ကျောက်နှင့် ချင်ရုန်တို့လည်း ကျီဖေးကဲ့သို့ပင်တွေးသည်။ သူ ပြဿနာရှာဖို့သွားရန်ပြင်နေကြောင်း သိသောကြောင့် သူတို့ ရွှတ်နောက်နောက်ပြုံးလိုက်ကြသည်။
ချင်ရီ တစ်ခုခုမှားနေသည်ကို ခံစားမိသော်လည်း ၎င်းတို့၏ ယဉ်မောင်းအဖြစ်လိုက်ပို့ပေးရတော့သည်။
မကြာမီ ကျားရှီတက်နေသည့် တက္ကသိုလ်ပရိဝုဏ်ထဲသို့ ရောက်ရှိလာကြသည်။
ကျီဖေး သူမ၏ ဖရဲသီး systemနှင့် စစ်ဆေးလိုက်ကာ ချင်ကျားရှီသည် ယခုချိန် စာသင်ခန်းထဲတွင် ရှိနေကြောင်း သိလိုက်ရသဖြင့် မနှောက်ယှက်တော့ဘဲ ကျောင်းပရိဝုဏ်အတွင်းသာလျှောက်ပတ်ကြည့်ကြသည်။
ပရိဝုဏ်သည် လှပသည့်ရှုခင်းပင်။
သူတို့ တောအုပ်အား ဖြတ်ချိန်တွင် ရုတ်တရက်အသံကြား လိုက်ရသည်။ စာသင်ချိန်မို့ လမ်းလျှောက်နေသည့် ကျောင်း သားအနည်းငယ်သာရှိကာ တောအုပ်သည်တိတ်ဆိတ်နေပြီး အသံတိတ်နေသည်။
"ငါ မင်းကို ကာကွယ်ဖို့လုပ်နေမှန်း မင်း သိပါတယ်။ မဟုတ်ရင် ငါ့မိဘတွေက ငါတို့ကိုခွဲပြီး မင်းလည်း အခြားသူတွေရဲ့ ပစ်မှတ်ဖြစ်သွားလိမ့်မယ်။ မင်း ကောင်းဖို့အတွက် လုပ်နေတာ” ယောကျ်ားလေးသံမှ ပြောသည်။
“ ဒါပေမယ့်….ငါ မတရားခံရသလိုပဲ၊” သိမ်မွေ့သည့် မိန်းက လေးသံမှပြန်ဖြေသည်။
"ဘေဘီ ငါ မင်းကိုချစ်တာ မင်း သိပါတယ်။ အစီအစဉ် ပြီးတာနဲ့ ငါ့မိသားစုက ငါတို့ကိုမဆန့်ကျင်နိုင်တော့ပါဘူး။”
သူတို့ စကားဝိုင်းအားကြားသည့် ကျီဖေးနှင့်အခြားသူများ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ကြည့်ရတာ ငါတို့ဖရဲသီးတွေ့လိုက်တာပဲဟေ့။
ပတ်ဝန်းကျင်မှ ခွင့်မပြုသည် အတွဲနှင့်တူသည်။ သိပ်မထူးဆန်သော်လည်း စိတ်ဝင်စားစရာကောင်းတုန်ပင်။
သူတို့ လှမ်းကြည့်ချိန်တွင် လူငယ်အတွဲမှာ ပွေ့ဖက်နေကာ ကောင်လေးသည် ကောင်မလေးအား နက်နက်ရှိုင်းရှိုင်း နမ်းနေသည်။ ဝတ်ဆင်ပုံအရ အဆင်အတန်းမတူသောကြောင့်တော့ ဖြစ်ဟန်မတူချေ။
ဘာကြောင့်မှန် နားမလည်သော်လည်း ဒီလိုမြင်ကွင်းသည် ကို့ယို့ကားယားဖြစ်စေသောကြောင့် သူတို့ ထွက်လာကြသည်။
တောအုပ်မှထွက်လာချိန်မှပင် သက်ပြင်းချနိုင်တော့သည်။ လူငယ်တွေကတော့နော်။
ထိုအချိန် ကျောင်းခေါင်းလောင်းသံမြည်လာသည်။
ကျီဖေးသည် အတင်းအဖျင်း systemအား သုံးကာ ချင်ကျားရှီ၏စာသင်ခန်းသို့ လူတိုင်းကို ခေါ်မသွားနိုင်သောကြောင့် သူမအားဖုန်းခေါ်လိုက်သည်။
ချင်ကျားရှီ ဖုန်းခေါ်ဆိုမှုအား ချက်ချင်းဖြေကာ သူတို့ရောက် လာသည်ကြားသော်ပျော်သွားသည်။ သူမအား လာခေါ်မည်ကြားသော် အခိုင်အမာပင်ငြင်းလိုက်သည်။
ထို့ကြောင့် ကျောင်းဝင်းရှိဗဟိုမှတ်တိုင်တွင် တွေ့ဆုံရန်သဘော တူခဲ့ကြသည်။
သို့သော် အချိန်အတော်ကြာအောင် စောင့်သော်ငြားချင်ကျားရှီပေါ်မလာခဲ့ပေ။
ကျီဖေးစိတ်ပူလာပြီး သူ့မအား စစ်ဆေးရန်ဆုံးဖြတ်လိုက်သည်။
စစ်ဆေးကြည့်ပြီးနောက် သူမအမူအရာမှာ ချက်ချင်း ပြောင်းသွားပြီး ချက်ချင်းထကာလမ်းလျှောက်ရင်း
"ကြာလိုက်တာ၊ ခြေထောက်က အဆင်မပြေတော့ဘူး၊ သွားခေါ်ချည်ရအောင်။”
ချင်ကျောက်နှင့် ချင်ရုန်တို့သည် ကျီဖေး စိတ်ထဲမှကျိန်ဆဲသံအားကြားလိုက်ရပြီး ချက်ချင်းပင် မေးခွန်းမထုတ်ဘဲလိုက်သွားကြသည်။
သူတို့ သုံးယောက်ပြတ်ပြတ်သားသာား ရှေ့ချီတက်နေသည်အား မြင်လိုက်သည့် ချင်ရီ စိတ်ရှုပ်သွားသည်။
မကြာမီ သူတို့ ရေပန်းရှိသည့် ပလာဇာတစ်ခုသို့ ရောက်လာသည်။ လူအုပ်ကြီးသည် တစ်ခုခုအားဝိုင်းကြည့်နေကြသည်။
"ရေပန်းနားမှာ သူတို့ ဘာလို့အုံနေကြတာလဲ။” ချင်ရီ စိတ်ဝင်တစားမေးလိုက်သည်။
မည်သူမျှမဖြေကြပေ။ ထိုအစား ကျီဖေးအရှိန်တင်ကာ ရေပန်းဆီသို့ ဦးတည်နေသည်အားတွေ့လိုက်သည်။
သူတို့ နီးလာသောအခါ တစ်ယောက်သည်ရေပန်းတွင်ကွေး ညွတ်ကာ ရေထဲမှ တစ်ခုခုအား ကောက်နေသည်ကိုတွေ့လိုက်ရသည်။
ချင်ရီ အနီးကပ် ကြည့်ကာအံ့အားသင့်သွားသည်။
ချင်ကျားရှီပင်။
ချင်ကျားရှီ၏အဝတ်အစားများ စိုစွတ်နေပြီး သူမ အလွန် ဝမ်းနည်းနေပုံရသည်။ မျက်လုံးအား နီရဲနေသော်လည်း မငိုပဲ တောင့်ခံနေသည်။
သူ့လက်ထဲတွင် ပုတီးစေ့အချို့အားကိုင်ထားသည်။
ကျီဖေးပေးခဲ့သော လက်ကောက်မှ ပုတီးစေ့များနှင့်အလွန်တူကြောင်း ချင်ရီ ယောင်ဝါးဝါးမှတ်မိလိုက်သည်။
အနီးနားတွင် မိန်းကလေးတစ်စုသည် သူမအားပြောဆိုကြသည်။
"ချင်ကျားရှီ၊ ဒါ နင့်အပြစ်ပဲလေ။ နင်သာ ပေးခဲ့ရင် ဒီလိုပြတ်ထွက်သွားမှာမဟုတ်ဘူး။ ငါ့ကို လာအပြစ်မတင်နဲ့။’
“အကုန်လုံးကို စုနော်၊ မဟုတ်ရင် ယုရှင်းက နင့်ကို ပိုက်ဆံတောင်းရင် နင်ပေးနိုင်မှာ မဟုတ်ဘူး။”
"နင်က စုကျာရဲ့ ချစ်သူဖြစ်ရဲတယ်ပေါ့။ နင်က သူ့အတွက် အရှက်ရစရာပဲ။ မနာလိုတာနဲ့ပဲ သူများပစ္စည်းကိုခိုးရတယ်လို့။”
“လူလိမ်၊ သူခိုးမကို စုကျာက ဘာကြည့်ကြိုက်လဲမသိဘူး။”
"သည်းခံမနေနဲ့ သူ့ကို ကျောင်းကိုအကြောင်းကြားပြီး နှင်ထုတ်ခိုင်းသင့်တယ်။”
ရေတွင်းအနားရှိ မိန်းကလေးများသည် လှောင်ပြောင်ရယ်မောလိုက်ကြသည်။
ထိုအတောအတွင်း၊ အနီးနားရှိ ယောက်ျားလေးအချို့၏မျက် လုံးများသည် ချင်ကျားရှီ၏ရေစိုနေသည့် အဝတ်ပေါ်ဝဲနေကြသည်။