← Chapters

အခန်း (၃၅၆)

Vol. 36 Ch. 356

အခန်း (၃၅၆)

Vol. 36 Ch. 356

ဤမြင်ကွင်းအားမြင်သော် ကျီဖေးနဲ့ တခြားသုံးယောက်သည် သွေးဆောင့်တက်သွားကြသည်။ ကျီးဖေးမှလွဲ၍ သုံးယောက် စလုံး ချက်ချင်းရှေ့သို့ပြေးလိုက်ကြသည်။

ကျီဖေးသည် တည်တည်ငြိမ်ငြိမ်နှင့် သူ့ဖုန်းအား ကိုင်ကာဖြစ်ပျက်နေသည်များအားမှတ်တမ်းတင်လိုက်သည်။ တစ်ယောက်မှအလွတ်မပေးဘူး။

ချင်ကျားရှီ ခေါင်းငုံ့လျှက် အသည်းအသန်ရှာနေသည်။ သူ့အား ရင်ထဲထိသွားစေသည့်လက်ဆောင်ဖြစ်ကာ သူအလွန်တန်ဖိုးထားသည်။ သူမ အစ်ကိုလုယူတာကနေရှောင်နိုင်ခဲ့သော်လည်း အခြားသူများအား မရှောင်နိုင်ခဲ့ပေ။

သူ အလျင်လိုသည်၊ ဝမ်းကွဲတို့အား အချိန်အကြာကြီးစောင့်မနေစေချင်ပေ။

သို့သော် သူမအား ပစ်ပေါက်နေသည့် ရွှံ့စရာစကားများကြောင့်တုန်ယင်လာရသည်။

အနိုင်ကျင့်ခြင်းသည် ဝါသနာဖြစ်လာသည်။ အတိတ်တွင် မည်သူမှ သူအားမယုံကြည်ခဲ့ပေ။ စုကျာသည်ပင် သူမအား ပြဿနာမရှာရန်နှင့် သူမ အမှားဟုသာပြောသည်။

တဖြည်းဖြည်း သူ မဖြေရှင်းတော့ပေ။

ယခုမူ သူ့လက်ထဲရှိ ထိုပုတီးစေ့များအားကိုင်ထားရင်း သူ ထပ်သည်းမခံနိုင်တော့ပေ။

"ဒါ ငါ့အပြစ်မဟုတ်ဘူး! နင်ကမှ ငါ့ကိုအနိုင်ကျင့်တဲ့သူပဲ! ငါဒါကို ကျောင်းကိုအကြောင်းကြားမယ်! ငါ ရဲကိုလည်း ဖုန်းဆက်မှာ။ နင် ငါ့လက်ကောက်ကိုခိုးနေတာ!"

"လက်ကောက်က ငါ့ဟာ! အဲဒါ ယုရှင်းဟာ မဟုတ်ဘူး။ ယုရှင်းမှာ ဘာလို့တူတဲ့ဟာရှိနေလဲ ငါမသိဘူး၊ ဒါပေမယ့် ငါ့ဟာက ငါ့ဟာပဲ။ ငါ့မိသားစုကပေးတဲ့ လက်ဆောင်ပဲ။ သူ့ပစ္စည်းပျောက်တာ ငါနဲ့ဘာမှမဆိုင်ဘူး။ ငါ သူခိုးမဟုတ်ဘူး၊ ငါ လူလိမ်လည်းမဟုတ်ဘူး။ နင် ကောလဟာလတွေဖြန့်ပြီး ငါ့ကို အနိုင်ကျင့်တဲ့သူပဲ! နင်ကသာ အပြစ်ရှိတဲ့သူ။"

ချင်ကျားရှီ ပြန်တိုက်မည်မထင်ထားကာသဖြင့် ၎င်းတို့၏ ဒေါ သအားမီးစာထည့်လိုက်သလိုပင်။။

"နင် ဝန်မခံဘူးပေါ့။ ယုရှင်း ဝတ်ထားတာ ငါတို့ အစကတည်း က တွေးဖူးတယ်။ ယုရှင်း လက်ကောက်ကလှတာနဲ့ပဲ နင်မနာလိုလို့ ခိုးတာလေ။ မိသားစုကပေးတဲ့ လက်ဆောင်ဟုတ် လား။ နင့်မိသားစုက တတ်နိုင်လို့လား။ စုကျာ ဝယ်ပေးတာမှ ဖြစ်နိုင်သေးတယ်။ သူ့ကိုလည်း သွားမေးပြီးပြီ။ နင့်ကို ဘာတစ်ခုမှ မပေးခဲ့ဘူးတဲ့လေ။”

ချင်ကျားရှီသည် အေးခဲသွားပြီး ပုတီးစေ့များအား ကောက်ယူရင်း သူ့ လက်သည် လေထဲရပ်တန့်သွားရသည်။

စိတ်ထဲတွင် လျှပ်စစ်ရှော့တိုက်ခံလိုက်ရသလိုပင်။

ထိုအချိန်တွင် ကောင်လေးတစ်ယောက်သည် တမင်ပြဿနာရှာရန်ဆုံးဖြတ်လိုက်သည်။ သူခိုးအား အပြစ်မည်ဟူသည့် အကြောင်းပြချက်ဖြင့် ချင်ကျားရှီအား ရေဖြင့်ပက်ရန်ရည် ရွယ်ချက်ဖြသ့် ရေကန်ထဲမှ ရေအားခပ်လိုက်သည်။ သူ့၏ ဘဝင်ခိုက်နေသည့် အမူအရာသည် သူမအား မကောင်းကြံနေမှန်းသိသာသည်။

“မင်းကို သင်ခန်းစာပေးရမှာပေါ့…”

သူတို့ မကြောက်ပေ။ သူမ ရည်းစားဖြစ်သည့် စုကျာသည်ပင် သူမအားအနိုင်ကျင့်နေကြသည်အား သိသော်လည်း ဒေါသမထွက်ခဲ့ချေ။

သူရေပက်ရန် ကြံလိုက်ချိန်တွင် လူတစ်ယောက် အမြန်ရောက် လာကာ သူ့ လက်ကောက်ဝတ်အားချုပ်ကိုင်လိုက်သည်။

မည်သူမှ မတုံ့ပြန်နိုင်ခင် ချင်ကျောက် ထိုသူအား ပုခုံးပေါ်တင်ကာ ရေပန်းတွင်းသို့ကိုင်ပေါက်ပစ်လိုက်သည်။

ကြည့်ရှုသူများသည် ရေဖြင့်အပက်ခံလိုက်ရကာ ချက်ချင်းစိုရွှဲသွားကြသည်။

ထိုအချိန် ချင်ရီနှင့် ချင်ရုန်သည် ချင်ကျားရှီရှေ့ပေါ်လာပြီး သူမအား အမြန်ထွက်လာဖို့တိုက်တွန်းလိုက်ကြသည်။

ချင်ကျားရှီသည် အံအားသင့်သွားကာ နာနာခံခံနှင့်ထွက်လာခဲ့သည်။ ချင်ရုန်က သူ့မလက်အားကိုင်လိုက်ပြီး သူ့ မျက်နှာထက် စိုးရိမ်မှုအပြည့်နဲ့ပင်။

ချင်ရီ သူ့ကုတ်အင်္ကျီအားချွတ်ပြီး ချင်ကျားရှီ ပခုံးပေါ်မှာဝတ်ပေးလိုက်သည်။

ရုတ်တရတ် ဖြစ်ပျက်သွားသည်မှာ လူတိုင်းအားထိတ်လန့်စေ သည်။

အဖွဲ့၏ထူးခြားသော အသွင်အပြင်ကြောင့်သာမက ချင်ရီ၏ အထောက်အထားကြောင့်လည်းဖြစ်သည်။ သူသည် အတော် တော်လေးကျော်ကြားပြီး လူတိုင်း သူ့အားသိကြသည်။

သူ၏နောက်ခံမှာ ချင်ကော်ပိုရေးရှင်းဖြစ်သည်။ သို့သော် သူဘာကြောင့် ဒီရောက်လာပြီး ချင်ကျားရှီအားကာကွယ်ပေးနေကြောင်းနားမလည်နိုင်ကြပေ။

ရေကန်ထဲပစ်ချခံရသည့်ကောင်လေးသည် ဒေါသတကြီးထရပ်လိုက်သည်။

"မင်း ကိုယ့်ဟာကိုယ် ဘာလုပ်နေမှန်ရောသိရဲ့လား!"

"အဲ့ဒီမှာ ရပ်နေ၊ အပြင်ထွက်မလာနဲ့၊ မဟုတ်ရင် မင်းခေါင်းကို ရိုက်ခွဲမိလိမ့်မယ်!" ချင်ကျောက် အေးစက်စွာပြောသည်။

ချင်ကျောက်၏အထောက်အထားအား မသိသော်လည်း သူ၏ ခြိမ်းချောက်နိုင်သည့်ရောင်ဝါကြောင့် ကြောက်ရွံ့ကာ မည်သို့တုံ့ပြန်ရမည်အားမသိတော့ပေ။

"ရှင်က... ချင်လောင်ရှစ်လား။ ရှင် ဘာလို့..." တစ်စုံတစ် ယောက်မှ အံ့အားသင့်စွာထအော်သည်။

ချင်ရီသည် လူအုပ်အား စူးစူးဝါးဝါးကြည့်ကာ သူ့အမူအရာမှာ အေးစက်သွားသည်။

"မင်းတို့က အတန်းဖော်ကို အနိုင်ကျင့်နေကြတာပဲ!"

အဖွဲ့ခေါင်းဆောင်မှာလန့်ဖျပ်သွားပြီး အပြစ်ကင်းယောင်ဆောင်ရန်အမြန်ကြိုးစားသည်။

"ကျမတို့ မလုပ်ပါဘူး! ကျမတို့က အကျင့်မကောင်းတဲ့ကျောင်းသားကို သင်ခန်းစာပေးနေရုံပါ"

"ချင်လောင်ရှစ် မသိဘူး၊ ဒီကောင်မက ကြောက်စရာကောင်းတယ်- သူက ပစ္စည်းတွေ ခိုးနေတာ။!"

"သူ လုပ်ခဲ့တဲ့အရာအတွက် ပြန်ပေးဆပ်ခိုင်းရုံပဲ”

“နင်… နင့်မှာ ဘာသက်သေရှိလဲ။” ချင်ရုန် ဒေါသ အလွန်ထွက်ကာပြောလိုက်သည်။

“ကျွန်မတို့ အတန်းဖော်တစ်ယောက်က ချွတ်စွပ်တူတဲ့ လက် ကောက်တစ်ကွင်း ပျောက်သွားတာ…”

သူတို့စကားမဆုံးခင်မှာပင် အဝေးမှ အသံတစ်သံထွက်လာသည်။

"ကျားရှီ၊ ဘာတွေဖြစ်နေတာလဲ။"

အားလုံးချက်ချင်းငြိမ်ကျသွားပြီး အေးစက်သည့်အမူအရာနှင့် လမ်းလျှောက်လာသည့် ကောင်လေးအားမြင်လိုက်ရသည်။

တစ်ယောက်က တိုးတိုးလေးပြောသည်။

"စုကျာ ရောက်လာပြီ၊ သူ ချင်ကျားရှီကို ကူညီပေးဖို့ရောက် လာတာ မဟုတ်လား။"

ထိုအချိန်တွင် ကျီဖေးနှင့် အခြားလူများသည် အသစ်ထပ်ရောက်လာသူများအားတွေ့လိုက်ရပြီး သူတို့ ပတ်ဝန်းကျင်ရှိ တီးတိုးရေရွတ်သံများအား ကြားလိုက်ရသည်။ သူတို့၏ မျက် လုံးများသည် မယုံကြည်နိုင်စွာပြူးကျယ်သွားသည်။

အဲဒါ စောစောက တောထဲမှာတစ်ယောက်ယောက်နဲ့ သဲကြီးမဲ ကြီးနမ်းနေတဲ့အကောင် မဟုတ်ဘူးလား ??

ကျီဖေး တုန်လှုပ်သွားသည် ။

[စုကျာ… ဒါဆို သူနဲ့အတူရှိနေတဲ့လူက ယုရှင်း!]

[သေစမ်း! သူတို့ အတူလာကြတယ်။ ချင်ရီရဲ့ အထောက်အ ထားကို သိထားကြတော့ ကိစ္စတွေကို သူတို့မထိန်းချုပ်နိုင်တော့မှာစိုးရိမ်လို့ စုကျာအမြန်ရောက်လာပြီး ယုရှင်းက အဝေးကနေကြည့်နေတာ။]

[ဒါဆို လက်ကောက်ကိစ္စက သေချာပေါက်…]

ကျီဖေးနောက်ထပ် မစုံစမ်းရသေးခင်ကတည်း ချင်ကျောက်နှင့် ချင်ရုန်တို့သည် ရိပ်မိပြီးဖြစ်ကာ စုကျာအားစိုက်ကြည့်ရင်း မျက်လုံးများသည် အန္တရာယ်ရှိစွာကျဉ်းမြောင်းသွားကြသည်။

စုကျာသည် ချင်ကျောက်နှင့် ချင်ရုန်အား မသိသော်လည်း Y City ၏ အထက်တန်းစား အသိုင်းအဝန်းမှဖြစ်သူ ချင်ရီအား မှတ်မိသည်။ သူတို့နှစ်ယောက် အရင်ကတွေ့ဖူးကြသည်ပင်။

ပုံမှန်အားဖြင့် သူသည် ချင်ကျားရှီ၏ချစ်သူဖြစ်သည်အား သိသွားကာ ချင်ရီသည် သူ့ကိုပိုယုံကြည်သွားပေလိမ့်မည်။

ယခုမူ၊ စုကျာ၏ပုံရိပ်သည် ချင်ရီ၏မျက်လုံးထဲ လုံးဝပျက်စီးသွားသည်— ၎င်း၏ ဖောက်ပြန်မှုကြောင့်သာမက၊ ထိုသူများ ပြောဆို၊ ပြုမူခဲ့သည်များကြောင့်သာ။

ချင်မိသားစုမှ အမျိုးသမီးငယ်တစ်ဦးသည် ကျောင်းတွင် အဘယ်ကြောင့် အနိုင်ကျင့်ခံနေရသည်အား ချင်ရီနားမလည်နိုင်သလို၊ သူမနှင့် လိုက်ဖက်ညီသည့် ရည်းစားဖြစ်သူသည် အဘယ်ကြောင့် သူမအား မကာကွယ်ခဲ့သည်ကို နားမလည်ခဲ့ပေ။

သူတို့၏အဆင့်အတန်းနှင် ကျောင်းမှာခြယ်လှယ်ခံနေရခြင်းသည် ဟာသမဖြစ်နိုင်ပေ။

စုကျာသည် ရှေ့သို့ တိုးလာပြီး ချင်ရီအားခေါင်းညိတ်ပြလိုက်သည်။

"ချင်ရီကော တော်သေးတာပေါ့ ကောလည်း ဒီရောက်နေတာလား။ သူ့ကို ကူရှာပေးလို့ကျေးဇူးတင်ပါတယ်။”

ထိုသို့ဆိုရင်း သူ ချင်ကျားရှီအား ချင်ရီနှင့်ချင်ရုန်ဆီမှ ဆွဲထုတ် ရန်လုပ်သည်။

သူ့လှုပ်ရှားမှုများသည် ညင်သာပုံပေါ်သော်လည်း မဟုတ်ပေ။

သူမအား ထပ်ဆွဲလိုက်ပြီး “နောက်တစ်ခါ ပြဿနာရှာပြန်ပြီလား ? ကောင်းကောင်းပြုမူစမ်းပါ၊ အမြဲတမ်းပြဿနာရှာနေတာပဲ။ မင်း လုပ်လိုက်တဲ့အရှုပ်ကို ကြည့်စမ်းပါဦး။ သွားစို့။”

သူမအား ခေါ်ထုတ်သွားရန်ကြံနေပုံပင်။

“နေဦး ! ကျားရှီကို ခေါ်သွားရအောင် နင်က ဘယ်သူမို့လို့လဲ။”

ကျီဖေး သူ့ဖုန်းအားချကာ လူအုပ်ကြားမှဖြည်းညှင်းစွာ လျှောက်လာသည်။ စုကျာလက်အား လက်ဇောင်းဖြင့်ခုတ်ကာ လွှတ်စေလိုက်သည်။

ကျီဖေး၏ခွန်အားသည် မနာကျင်စေသော်လည်း စုကျာ အေးခဲသွားကာ လုံးဝအံ့အားသင့်သွားသည်။ Y City မှ လူတစ်ယောက်သည် သူ့အား ဤကဲသို့ဆက်ဆံရဲသည်မှာ ပထမဆုံးအကြိမ်ပင်။

ကျီဖေးအား မယုံကြည်နိုင်စွာကြည့်လိုက်ပြီး “မင်းရူးနေတာလား!?"

"ကောင်းပြီလေ၊ ငါ့ လောင်ကုန်းကို ဒီအကြောင်းသေချာပြောပြလိုက်မယ်" ကျီဖေး အေးစက်သောအပြုံးဖြင့်ပြောသည်။

စုကျာ ရပ်တန့်သွားကာ ခံစားချက်မကောင်းတော့ပေ။ ဤလူသည် ချင်ကျားရှီအားကာကွယ်နေပြီး အခြားသူများမသိသော် လည်း သူသည် သူမ နောက်ခံအားသိသည်။ သို့သော် သူသည် လွယ်လွယ်စော်ကားရမည့်သူ မဟုတ်ချေ။

"မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး! ငါ့ ကောင်မလေး အဝတ်အစားလဲဖို့လိုတယ်။ ငါ သူ့ကို ခေါ်သွားမလို့၊ မင်းနဲ့ ဘာဆိုင်လဲ ? ကျားရှီ၊ မင်း လာမှာလား၊ မလာဘူးလား။"

သို့သော် ချင်ကျားရှီသည် အတွေးလွန်နေသလို မတုံ့ပြန်ခဲ့ပေ။

ကျီဖေး ချင်ကျားရှီလက်အားကိုင်လိုက်ပြီး စုကျာအား

"နင်က ကျားရှီရဲ့ရည်းစားဆိုတော့ နင် ဖြေရှင်းလိုက်။ ဒီလူတွေက သူ့ကို တခြားသူရဲ့လက်ကောက်ခိုးတယ်လို့ပြောပြီး အနိုင် ကျင့်နေကြတယ်။ လက်ကောက်ကိုတောင် ဆွဲဖြုတ်ပစ်လိုက်ကြတယ်။ နင် ဘာလုပ်မှာလဲ ??”

All Chapters