အခန်း (၃၅၇)
Vol. 36 Ch. 357
ကျီဖေး၏စွက်ဖက်မှုကြောင့် စုကျာ၏ အမူအရာ ဆိုးရွားသွားခဲ့သည်။
"ပြဿနာတစ်ခုခုရှိရင် နောက်မှဆွေးနွေးလို့ရတယ်။ အခု ကျားရှီကို အဝတ်လဲပေးဖို့လိုတယ်။”
သူပြောပြီးနောက် ချင်ကျားရှီအား စူးစူးရဲရဲ တစ်ချက်ကြည့်လိုက်သည်။
အတိတ်တွင် စုကျာ အေးစက်သွားတိုင်းနာခံခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် မလှုပ်လာပေ။
[ဟမ်း၊ ဒီဆန်ကုန်မြေလေး လန့်နေပြီပေါ့၊ ချင်ရီ ဒီမှာ ရှိနေလို့ ကျားရှီကို အမြန်ခေါ်ထုတ်သွားချင်နေတာပဲ။ ကျားရှီကို ချင်မိသားစုဝင်ဖြစ်တာ သိမှာကြောက်နေတာပဲ။ ချင်ဟန်တောင်းဆိုလို့တင် မဟုတ်ဘူး သူကပါကြံရာပါပဲ။ တခြားသူတွေ သူ့ကိုအနိုင်ကျင့်တော့ သူ့ကောင်လေးက ဘာလို့ကာကွယ်မပေးဘဲ ဒီလိုအနိုင်ကျင့်ခွင့်ပြုထားတာလဲ ငါ အမြဲတွေးနေခဲ့တာ။ အကုန်လုံးက အစီအစဥ်ချထားတာပဲ။ သူတို့နှစ်ယောက်ကကျားရှီရဲ့ အထောက်အထားကိုဖုံးထားပြီး သူ အနိုင်ကျင့်ခံရတာကိုစောင့်ကြည့်နေကြတာပဲ။ အရမ်းတော်ကြတာပဲ ဟား။]
ကျီဖေး စိတ်ထဲတွင် ဒေါသထွက်နေသည်။
ချင်ကျောက်နှင့် ချင်ရုန်တို့ နောက်ဆုံးနားလည်သွားကြသည်။ စုကျာသည် ကျားရှီအားအလျင်စလို ခေါ်သွားရန်ကြံနေခြင်းမှာ သူ့ကောင်မလေးဘက်မှာ ရပ်တည်ပေးဖို့မဟုတ်ပေ−သူမ အ ထောက်အထားပေါ်သွားမည်အား စိုးရိမ်နေသောကြောင့်သာ။
စောစောက ချင်ရီအားကျေးဇူးတင်လိုက်သည်မှာ ကျားရှီနှင့် တစ်ခုခုပတ်သတ်နေခြင်းမဟုတ်ဘဲ အမြင်မတော်သောကြောင့် ဝင်ကူသည့်ပုံပေါက်သွားစေရန်ဖြစ်သည်။
တော်တော်သတ္တိရှိတာပဲ၊ သူချင်မိသားစုရဲ့ သမီးကို အနိုင်ကျင့်ရဲတယ်ပေါ့။ တော်တော် သတ္တိရှိတယ်။
"ဒါက ကိစ္စအသေးအမွှားမဟုတ်ဘူး။ ဒီလက်ကောက်ကတန် ဖိုးမဖြတ်နိုင်ဘူး၊ ပြီးတော့ ထူးခြားတဲ့အဓိပ္ပာယ်လည်းရှိတယ်”
ချင်ကျောက် အေးစက်စွာ ရယ်မောလိုက်သည်။
“ကိုယ့်ချစ်သူအတွက် တရားမျှတမှုမရှာနိုင်လောက်အောင် ဆုမိသားစုရဲ့သခင်ငယ်လေးက သဘောကောင်းလှချည်လား။"
ချင်ကျောက်သည် ချင်ကော်ပိုရေးရှင်းအတွက် အလုပ်မလုပ်ခဲ့သော်လည်း သူထံ အာဏာရှိဆဲပင်။
စုကျာ မျက်နှာမည်းမှောင်သွားသည်။ "ဒါ အသေးအမွှားကိစ္စပဲ၊ ကျားရှီက ဒီကိစ္စကိုရေးကြီးခွင်ကျယ်မလုပ်ပါဘူး။”
"မဟုတ်ဘူး၊ ဒါက အသေးအမွှားကိစ္စမဟုတ်ဘူး၊ ငါ ဂရုစိုက်တယ်။" ချင်ကျားရှီ ရုတ်တရက်အော်ဟစ်လိုက်သည်။
ချင်ကျားရှီ ခေါင်းမော့လိုက်ကာမျက်ရည်များစီးကျလာသည်။ သူမ နောက်ဆုံးအရာရာနားလည်သွားသကဲသို့ စုကျာအား တိုက်ရိုက်စိုက်ကြည့်သည်။
"နင်ငါ့ကို နှိမ့်ချပြီး အားလုံး တိတ်တိတ်လေးခံရအောင်လုပ်ခဲ့တာ။ ဒါ့ကြောင့် ငါက အမြဲမတရားခံနေရတာပဲ။ နင် ဒီလိုလုပ်ခဲ့လို့ပဲ။ ငါ့အတွက် တိုက်ခိုက်ပေးဖို့မမျှော်လင့်ပါဘူး။ ဒါပေမယ့် နင် ငါ့ကို တရားမျှတမှုရအောင်တောင် မလုပ်ပေးခဲ့ဘူး။”
တစ်ခုခုသည် လျစ်လျူမရှုနိုင်အောင် သိသာထင်ရှားလာသော အခါ သူမ ကြာရှည်စွာမျိုသိပ်ခဲ့သည့် မကျေနပ်ချက်များသည် နောက်ဆုံး ပေါက်ကွဲသွားသည်။
ချင်ကျားရှီ၏တုန်ရီနေသည့်အသံနှင့် မေးခွန်းများသည် စုကျာအား ဒေါသတကြီးဖြစ်စေသည်။
"ကျားရှီ ဇာတ်လမ်းရိုက်ချင်မနေနဲ့။ မင်း ယုတ္တိမရှိတာတွေ ထပ်ပြောရင် ငါ မင်းကို လစ်လျူရှုလိုက်တော့မယ်။”
ကျီဖေးနှင့် အခြားသူများ မထိန်းနိုင်စွာရယ်မိတော့မတတ်ပင်။
ချင်ရီက မျက်မှောင်ကြုတ်ကာ "မင်း ရူးနေလား။ ဒီမှာ ဇာတ် လမ်းရိုက်နေတာ ဘယ်သူလဲ။”
ချင်ရီနှင့်တိုက်ရိုက်ရင်ဆိုင်လိုက်ရသည့် စုကျာ မျက်နှာသည် ရောင်စုံပြောင်းသွားသည်။
အနီးနားရှိကျောင်းသားများသည်လည်း အချင်းချင်း တီးတိုးမပြောဘဲမနေနိင်တော့ပေ
"စုကျာက သူ့ရည်းစားရဲ့ အရှုပ်တော်ပုံတွေကိုမပေါက်ကြားစေချင်လို့နေမှာပေါ့။ အဲချင်ကျားရှီက ကျေးဇူးကန်းလိုက်တာ။”
"သေချာပေါက်ပဲ ချင်ကျားရှီက ယုရှင်းရဲ့ပစ္စည်းကို ခိုးသွားတာ။ စုကျာ သူ့ကိုကာကွယ်ဖို့ကြိုးစားနေတာ။ ချင်လောင်ရှစ်က ဇာတ်လမ်းအပြည့်အစုံကို မသိလို့လေ။”
"သူ မသိလို့နေမှာ။ သူ သိရင် သူ့အဆင့်အတန်းနဲ့ သူခိုးကိုကာကွယ်မပေးလောက်ဘူး။”
ချင်ရီသည် ရေရွတ်သံများအား သဘာဝအတိုင်းကြားလိုက်ရကာ လုံးဝအံ့သြသွားခဲ့သည်။
သောက်ကျိုးနည်း ဘာဖြစ်နေတာလဲ။ ယုရှင်းက ဘယ်သူလဲ။
ချင်ရီမေးတော့မည် ကြံသော်လည်း စုကျာသည် တစ်ခုခုအား သတိပြုမိပုံရကာ ရုတ်တရက်နှောင့်ယှက်လိုက်သည်။
"ကျားရှီ၊ ငါ မင်းကိုနောက်တစ်ကြိမ်ထပ်မေးမယ်- မင်း လာမှာလား ? ငါ့ရဲ့စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်နော်။"
ကျီဖေးနှင့် အခြားသူများ မတုံ့ပြန်ခင်မှာပင် ချင်ကျားရှီသည် အလေးအနက်မေးလိုက်သည်။
"ငါ တစ်ခုမေးမယ်။ ဒီလက်ကောက်က ငါ့မိသားစုဆီက လက် ဆောင်ရထားမှန်း နင် သိတယ်မလား။ ဒါဆို သူတို့မေးတော့ ဘာလို့ ဘာမှမပြောခဲ့တာလဲ။ အဲဒီ့အစား နင် ဝယ်ပေးထားတာမဟုတ်ဘူးဆိုပြီးဖြေခဲ့တာလဲ။ ငါ အဲတာကို မကောင်းတဲ့နည်းလမ်းနဲ့ ရခဲ့တယ်လို့ လူတိုင်းယုံသွားအောင်လုပ်နေတာလား။”
သူ့ စကားကြောင့် ချက်ချင်းတိတ်ဆိတ်သွားသည်။
[တော်တယ် မေ့မေ့၊ နောက်ဆုံးတော့ နင် နိုးထလာပြီ။ ဟုတ်တယ်၊ သူ အတိအကျကို အဲ့လိုလုပ်နေတာပဲ။ သူက ယုရှင်းအတွက် ရပ်တည်ချင်ခဲ့တာ ဘာလို့ဆို သူ့ကိုကြိုက်လို့လေ။]
ချင်ကျောက်နှင့် ချင်ရုန်တို့သည် သဲလွန်စများမှ တစ်ဆင့် မှန်းဆထားပြီးဖြစ်သော်လည်း သေချာကြားလိုက်ချိန်တွင် ဒေါသထွက်မိဆဲပင်။
ဖြေသိမ့်နိုင်သွားသည် တစ်ချက်မှာ ချင်ကျားရှီသည် အချစ်ရူးမဟုတ်ပေ။ သူ နောက်ဆုံး လူယုတ်မာ၏ရည်ရွယ်ချက်များအား ဖြတ်မြင်နိုင်သွားသည်။
ဖော်ထုတ်ခံရသောကြောင့် ပျာယာခတ်သွားသည့်စုကျာသည် ချင်ကျားရှီမှ သူ့အား စော်ကားလိုက်သလို ပိုဒေါသထွက်သွားသည်။
"ချင်ကျားရှီ၊ မင်းစကားမပြောခင် သေချာစဉ်းစားသင့်တယ်။"
စုကျာ သူအား သတိပေးသည့်လေသံဖြင့် အေးစက်စွာပြော လိုက်သည်။ သူ့အမူအရာသည် မောက်မာနေဆဲပင်။
"ငါက ဘာလို့ဒီလိုလုပ်ရမှာလဲ။ ငါ့ကို မင်းရဲ့ ချစ်သူလို့ရော သတ်မှတ်သေးရဲ့လား။"
ချင်ကျားရှီ အေးခဲသွားပြီး အလိုအလျောက်ကိုယ်အားကျုံ့လိုက်မိသည်။
စုကျာသည် သူမ၏ကမ္ဘာကြီးဖြစ်ခဲ့သည်ပင်။ သူမဆင်းရဲနွံထဲ နစ်မြုပ်နေချိန်တွင် အလင်းတန်းတစ်ခုလို ပေါ်ထွက်လာခဲ့သည်။ သူ၏လူသိရှင်ကြား ချစ်ရေးဆိုမှုသည် မိမိကိုယ်မိမိအမြဲသံသယဝင်ခဲ့သည့် သူမအား တန်ဖိုးရှိသည်ဟု ခံစားမိစေခဲ့သည်။
သူ့အား ကယ်တင်ခဲ့သလိုပင်။
တစ်နေ့ စုကျာအားလက်ထပ်နိုင်သည်ဟု သူ သိလိုက်ရချိန်တွင်အလွန်ပျော်ခဲ့သည်။ သူနှင့် လက်ထပ်လိုက်ခြင်းသည် အသက်ရှုကြပ်စေသည့် သူ့မိသားစုမှ လွတ်မြောက်နိုင်မယ်ပင်။ သူ့အမေနှင့် အစ်ကို သူ့အားမချစ်လျှင်ပင် အနည်းဆုံး သူ့မှာ ချစ်သူရှိသည်။
ထို့ကြောင့် စုကျာသည် သူမ၏အသက်သွေးကြောဖြစ်သည်။ ထိုအသက်သွေးကြောသည် သူအား တိတ်တဆိတ်ဒဏ်ရာရစေသည့် ဆူးများဖြင့်လွှမ်းထားသော်လည်း သူ လက်မလွှတ်ရဲခဲ့ပေ။
သို့သော် ဤမိသားစုဆုံစည်းမှုအပြီးတွင် တစ်ခုခုကွာခြားသွားသလိုပင် − အလွန်ကွာခြားလှသည်။
စုကျာသည် သူမအပေါ် အေးစက်လေ့ရှိကာလုံးဝမစိုးရိမ်ပေး ချေ။ သူတို့နှစ်ယောက်၏ဆက်ဆံရေးအား လူသိရှင်ကြား အသိအမှတ်ပြုရုံမှလွဲ၍ သူမအတွက် ဘယ်သောအခါမှရပ် တည်မပေးခဲ့သလို စုကျာသည် ဆန့်ကျင်ဘက်တွင်ရပါတည်ကာ သူ့ အားဝေဖန်လေ့ရှိသည်။ သူ့ အမေနှင့်အစ်ကိုထံမှ ရသည့် ငြင်းပယ်မှုနှင့် ဆူပူမှုကဲ့သို့မဟုတ်သော်လည်း နှလုံးသားမဲ့နေဆဲဖြစ်သည်။
အရာအားလုံး မှားယွင်းနေခဲ့သလိုပင်။
"နင် တကယ်ပဲ ငါ့ ချစ်သူလား။"
ချင်ကျားရှီ တိုးတိုးလေး ရေရွတ်လိုက်သည်။
စုကျာ အမူအရာပြောင်းလဲသွားကာ မယုံနိုင်စွာ မျက်လုံးပြူးသွားသည်။
ထို့နောက်တွင် နူးညံ့သိမ်မွေ့သည်ပုံစံရှိသည့် မိန်းကလေးတစ်ဦးပြေးလာသည်။
"ဘာဖြစ်နေတာလဲ ကျားရှီ၊ နင် စုကျာနဲ့ ငြင်းခုံနေတာလား။"
[အို ဟိုဟို၊ အကြံကြီးတဲ့သူတော်စင်မက ခမ်းခမ်းနားနားနဲ့ ဝင်လာပြီပဲ။ သူ တလျှောက်လုံးဘေးကနေ ကြည့်နေတာမဟုတ်ဘူးလား ? ပွဲပျက်သွားမှာ စိုးရိမ်လို့များလား။]
ချင်ကျောက်နှင့် ချင်ရုန်တို့သည် အသစ်ရောက်ရှိလာသူအားချက်ချင်းစိုက်ကြည့်လိုက်ကြသည်။ ယုရှင်းပဲ။
စုကျာ ယုရှင်းအားမြင်သောအခါ သူ့အမူအရာမှာ သိသိသာ သာနူးညံသွားသည်။ သူ့သဘောထားမှာ လုံးဝတခြားစီပင်။
"ငါတို့ ငြင်းခုံနေကြတာမဟုတ်ပါဘူး။ ကျားရှီက ယုတ္တိမရှိတာတွေ လုပ်နေရုံပါ။ ငါ သူ့အဝတ်အစားလဲပေးဖို့ခေါ်သွားချင်တာကို သူ ခေါင်းမာနေတယ်လေ။” စုကျာ ရှင်းပြသည်။
ယုရှင်း မကျေမနပ်ဖြင့် ချင်ကျားရှီအား ချက်ချင်းလှည့်ကြည့်လိုက်သည်။
"နင့်ကို ကြည့်ပါဦး။ စိုရွှဲနေတာပဲ၊ အအေးမမိခင် အဝတ်အစားလဲရအောင် ငါ့နဲ့ အဆောင်ပြန်မယ်လေ။”
"ယုရှင်း၊ နင် သူကိုဘာလို့ဒီလောက်ကောင်းပေးနေတာလဲ။ သူကိုင်ထားတာကိုလည်း ကြည့်လိုက်ဦး။”
စောစောက ချင်ကျားရှီအား အနိုင်ကျင့်ခဲ့သည့် မိန်းကလေးသည် စိတ်ရှုပ်စွာနှင့် ပြန်ပြောလိုက်သည်။
ယုရှင်း၏အမူအရာအနည်းငယ်ပြောင်းသွားသည်။
"ငါတို့က ညီအစ်မကောင်းတွေလေ။ ဘာဖြစ်လို့ ငါက သူ့အ ပေါ်မကောင်းပေးရမှာလဲ။ ကျန်တာအရေးမကြီးဘူး။ ဖယ်ပေးကြဦး။”
[နောက်ထပ် အဓိပ္ပာယ်နှစ်ခွရှိတဲ့ စကားတွေနဲ့ ရှင်းရှင်းလင်း လင်းမပြောဘဲ ဖုံးကွယ်ဖို့ကြိုးစားနေတဲ့ နောက်တစ်ယောက်။ ရမယ်ထင်နေလား!]
"အိုး ဒါဆို နင်က ယုရှင်းလား ? အချိန်ကိုက်ပဲ၊ ဒီကိစ္စကို မျက်နှာချင်းဆိုင်ရှင်းကြတာပေါ့။ နင့် လက်ကောက်ကို ကျားရှီကခိုးသွားတယ်ဆိုပြီး သူတို့ပြောနေကြတာ၊ ကျားရှီ ကိုင်ထားတဲ့ဟာက နင့်ဟာနဲ့ အတူတူပဲလား ?”