← Chapters

အခန်း (၃၅၉)

Vol. 36 Ch. 359

အခန်း (၃၅၉)

Vol. 36 Ch. 359

၎င်းတို့သည် ချင်ကျားရှီအား အနိုင်ကျင့်စဥ်က မည်သည့်အရာမှ မခံစားရသော်လည်း ယခုမူအလွန်ရှက်မိသည်။ ၎င်းတို့ ငြင်းဆိုချင်ကြသည်။ သူတို့ကို ဒီလိုဆက်ဆံတာမျိုး ဘယ်လိုလုပ်လက်ခံနိုင်မှာလဲ ?

သို့သော် ချင်ကျောက်သည် "လူတစ်ယောက် ပိုင်တဲ့ပစ္စည်းတွေ ဖျက်စီးပစ်တာရယ်၊ အခု‌လေးတင် ဝိုင်းအနိုင်ကျင့်ကြတာရယ်ပေါင်းရင် မင်းတို့ကို ကျောင်းထုတ်ပစ်ဖို့တစ်ခါတည်းပြောလိုက်လို့ရတယ်၊ မင်းတို့ ဉာဏ်ရှိကြဖို့ပဲပြောချင်တယ်၊ အခု ငါတို့ ဒီကိစ္စကို အေးအေးဆေးဆေးဖြေရှင်းလို့ရသေးတယ်နော် နောက်ဆိုရင်တော့ အဲ့လောက်သဘောကောင်းမှာမဟုတ်ဘူး"

ရေကန်ထဲသို့ ရောက်နေပြီဖြစ်သော ကောင်လေးသည် ချင်ကျောက်၏ စူးရဲသည့်အကြည့်အားသည်းမခံနိုင်တော့ပဲ

"မင်းတို့အားလုံး ဘာလို့ ဒီတိုင်းမဆင်းလာကြတာလဲ ? ငါတို့ အစတည်းက သူ့အပေါ်အမှားလုပ်ခဲ့မိတဲ့ သူတွေပဲ၊ ငါ မင်းတို့ကြောင့် ဒုက္ခမရောက်ချင်ဘူး၊ ဒီကိစ္စသာ ကျောင်းကိုတိုင်လိုက်ရင် ဘာဖြစ်သွားမလဲ..."

တခြားသူများမှာလည်း ငတုံးများမဟုတ်ကြပေ။ သူတို့ သူငယ် ချင်း၏စကားကြားသည်နှင့် ချက်ချင်းရေကန်ထဲဆင်းလိုက်ကြတော့သည်။

ယခင်က သူတို့ ချင်ကျားရှီအားအနိုင်ကျင့်ရဲခြင်းမှာ သူမဘက်တွင် မည်သူမျှရပ်တည်မပေးသောကြောင့်ဖြစ်သည်။ လူတိုင်းအမြင်တွင် ချင်ကျားရှီ၏အကြီးမားဆုံးကျောထောက်နောက်ခံသည် သူ့ချစ်သူ စုကျာဖြစ်သည်။ ယခုမူ စုကျာသည်လည်း ကူကယ်ရာမဲ့နေသည်။

အံသြစရာအကောင်းဆုံးမှာ ချင်ကျောက်နှင့်ပါလာသူများမှာ ချင်မိသားစုမှဖြစ်ပုံရသည်။ သူတို့က ယုရှင်းဘက်မှာနေရမဲ့အစားချင်ကျားရှီကို ထောက်ခံနေတာလား ? သူတို့က မိသားစုဆက်ဆံ‌ရေးထက် တရားမျှတမှုဘက်လိုက်တာမျိုးဖြစ်ကောင်းဖြစ်နိုင်သလို ချမ်းသာတဲ့မိသားစုတွေကြားက အာဏာလွန်ဆွဲပွဲလည်းဖြစ်နေနိုင်တယ်။ သူတို့ ကြားမညပ်ချင်ကြသဖြင့် နောက်ပြန်ဆုတ်ဖို့ရွေးချယ်လိုက်ကြသည်။

ဤလူများသည် ၎င်းတို့၏ မိသားစုပြဿနာများအား မသိသဖြင့် သူတို့သိသလောက်သာတွေးနေကြသည်။

အဆုံးတွင် ခေါင်းဆောင်ဖြစ်သည့် အတန်းဖော်မိန်းကလေးတစ်ဦးသာ နောက်ပြန်မဆုတ်ခဲ့သူဖြစ်သည်။ ထို့အပြင် သူမသည် ချင်ကျားရှီအား နီရဲသောမျက်လုံးများဖြင့်စိုက်ကြည့်နေပြီး တစ်ကိုယ်လုံးတုန်ရီနေသည်။

“အဓိကတရားခံက နင်ပဲနဲ့တူတယ်၊ ကြည့်ရတာ နင့်မိသားစုက တော်တော်လေးချမ်းသာတဲ့ပုံပဲ၊ ဒါဆို ဒီလက်ကောက်ဖိုးလောက်တော့ တတ်နိုင်မှာပဲ"

ကျီဖေးသည် အတန်းဖော်မိန်းကလေး၏ဝတ်စားဆင်ပုံကိုကြည့်သည်နှင့် ချမ်းသာသောမိသားစုမှ သခင်မလေးဖြစ် ကြောင်းတပ်အပ်သိသဖြင့် ပြုံးကာပြောလိုက်သည်။

အတန်းဖော်မိန်းကလေးသည် ကျီဖေးစကားကြောင့် ပိုလို့ပင် ဒေါသထွက်သွားသည်။

ထိုစဉ် ရေကူးကန်ထဲတွင် ပုတီးစေ့များအား ကောက်နေသည့် သူမ သူငယ်ချင်းများသည် သူမ စိတ်ကိုထိန်းနိုင်ရန် နာမည်ကို လှမ်းခေါ်ကြသည်။

ကျီဖေးသည် ထိုအခါမှ အတန်းဖော်မိန်းကလေး၏နာမည်ကို သိခွင့်ရသည်။

ကျီဖေးသိချင်သည်မှာ ဤမိန်းကလေးသည် အဘယ်ကြောင့် ချင်ကျားရှီအား အလွန်အမင်းပစ်မှတ်ထားနေသည်ဆိုခြင်းကိုပင်။

[အာ ? ဒီကောင်မလေးက အရင်ထဲက ချင်ကျားရှီကိုအနိုင် ကျင့်ဖို့ ဦးဆောင်တဲ့သူကိုး၊ ထပ်ကြည့်ရရင်... သူက ငယ်ငယ်တုန်းက စုကျာနဲ့ကျောင်းတူတူပဲ၊ ပြီးတော့ သူ့ မိသားစုက စုမိသားစုနဲ့ အလုပ်တွဲလုပ်နေတာ၊ သူက ငယ်ငယ်လေးက တည်းက စုကျာကိုအရူးအမူးစွဲလန်းပြီးတော့ "School Hunk Protection Squad" အဖွဲ့ရဲ့ခေါင်းဆောင်ဆိုပြီးလို့တောင်ခေါ်လို့ရတယ်၊ သူက စုကျာအနားကမိန်းကလေးတိုင်းကို အမြဲမောင်းထုတ်လေ့ရှိတယ်၊ စုကျာနဲ့ ရင်းနှီးတဲ့ မိန်းကလေးတိုင်းက သူ့ ထက်အဆင့်အတန်းမမြင့်ရင် သူ့အဖွဲ့ရဲ့ ဝိုင်းအနိုင်ကျင့်တာကိုခံရလိမ့်မယ်၊ ချင်ကျားရှီက ပထမဆုံးလူမဟုတ်ပေမဲ့ သူ့အထင် ချင်ကျားရှိက စုကျာရဲ့ကောင်မလေးဖြစ်ဖို့ မထိုက် တန်ဘူးလို့ ခံစားရလို့ ဒီနှစ်တွေတောက်လျှောက်ပစ်မှတ်ထားခဲ့တာ... နေပါဦး... ငါပိုပြီး ကြည့်ရဦးမယ်နဲ့တူတယ်!]

ချင်ကျောက်နှင့် ချင်ရုန်တို့သည် နားထောင်နေရင်း ဒေါသပိုထွက်လာကာ ကျီဖေး၏တစ်၀က်တစ်ပျက် စကားကြောင့် စူးစမ်းချင်စိတ်များဖြစ်လာသည်။ သူတို့ အာ့စောင် ဘာတွေ့သွားရပြန်တာလဲ ?

ကျီဖေး၏အကြည့်သည် စုကျာထံသို့စိုက်ရောက်သွားပြီး သူမ အမူအရာသည် အကြိမ်ပေါင်းများစွာပြောင်းလဲသွားသည်။

[သောက်ကျိုးနည်း! ငါ ဒီလိုဖြစ်နေမယ်လို့ ထင်သားပဲ၊ သောက်ကလိမ်ကကျစ်ကောင်ကတော့!]

ကျီဖေးစိတ်ထဲ မတွေးလိုက်ခင် အတန်းဖော်မိန်းကလေးအား ပြောလိုက်သည် " ငါသိချင်နေတာ... နင်ဘာလို့ ချင်ကျားရှီကိုအရမ်းမုန်းနေတာလဲ ? သူက နင့်ကို ထိခိုက်အောင်လုပ်ဖူးလို့လား? "

အတန်းဖော်အမျိုးသမီးသည် ထိုမေးခွန်းကြောင့် ခဏတာအေးခဲသွားသည်။ သို့သော် သူ့မျက်လုံးများသည် စုကျာထံသို့ မရည်ရွယ်ပဲရောက်သွားသည်။

ချင်ကျားရှီသည် အကြောင်းပြချက်ကို သိပေသည်။ ထိုအရာသည် စုကျာကြောင့်ဖြစ်သည်ဆိုကို သူ သိသည်။ သူ အတိတ် တုန်းကဆိုပါ ထိုသို့ မည်သို့ပင်ကြံစည်ပါစေ ငြိမ်ခံနေတက်သည်။ ယခုအခါမှ သူ မည်မျှတုံးအသည့်သူဆိုတာကို သိသွားရသည်။ ထိုမိန်းကလေး သူ့အ အနိုင်ကျင့်စဉ် သူ ဘာလို့ပြန်မတိုက်ခိုက်ခဲ့ရတာလဲ ? သူ ၀မ်းကွဲတွေလိုမျိုးလုပ်သင့်တာ...

ချင်ကျားရှီ ထိုအကြောင်းကိုတွေးကာ တိုက်ရိုက်ပြောလိုက်သည်။ "သူ စုကျာကိုကြိုက်နေလို့ ကျွန်မကိုမုန်းနေတာ"

ထိုစကားများသည် အတန်းဖော်မိန်းကလေး၏မျက်နှာအား ရှက်ရွံ့စိတ်ကြောင့် နီမြန်းသွားစေပြီး စုကျာ အမူအရာလည်း ချက်ချင်းမည်းမှောင်သွားသည်။

"ချင်ကျားရှီ!"

သူ့အော်သံကြောင့် ချင်ရီပင် တုန်တက်သွားသည်။ သူသည် စုကျာမှာ ချင်ကျားရှီအား ယခုလိုအခြေအနေမျိုးတွင် အော်ရဲလိမ့်မည်ဟုမထင်ခဲ့သဖြင့် သူ့မျက်နှာချက်ချင်းအေးစက်သွားပြီး

"မင်း ကျားရှီကို အော်လိုက်တာလား ? မင်းမှာ အော်ရအောင် ဘာ အခွင့်အရေးရှိလို့လဲ? မင်းရဲ့အပြုအမှုတွေကို မင်းမိသားစုနဲ့ ငါ သေသေချာချာလေးပြောဖို့လို‌နေပြီနဲ့တူတယ်!"

စုကျာ၏မျက်နှာ ဖြူဖျော့သွားသော်လည်း ချင်ရီအားပြန်ခံမပြောရဲပေ။

"ကျားရှီ မင်းအပြစ်ကင်းတာကို သက်သေပြရုံနဲ့လုံလောက်ပြီ၊ မင်း လူတိုင်းကိုပတ်မရမ်းလို့မရဘူးလား? မင်း ပြောလိုက်တဲ့ စကားက ဘယ်ထိရောက်သွားတယ်ထင်လဲ ? ကိုယ်တို့အ ကြောင်း အတင်းပြောခံချင်နေတာလား? မင်း ဘယ်လိုတောင်ပြောချလိုက်ရတာလဲ?"

"ဟုတ်တယ် ကျားရှီ...၊ ဒီလို အတင်းအဖျင်းပြောတာ အဆင်မပြေဘူး၊ ငါတို့ လက်ကောက်က ပုတီးစေ့တွေကောက်ပြီးတာနဲ့ တော်လိုက်ကြရအောင် ဟုတ်ပြီလား?" ယုရှင်းလည်း ဖြောင်းဖျဖို့ကြိုးစားသည့်ပမာ အနောက်မှ ခပ်တိုးတိုးလေးပြောလိုက်သည်။

ကျီဖေး ရယ်မောလိုက်ကာအတန်းဖော်မိန်းကလေးကိုကြည့်လိုက်ပြီး

"နင်က ချင်ကျားရှီကို စုကျာရဲ့ကောင်မလေးမို့လို့ ပစ်မှတ်ထားခဲ့တယ်နော်၊ ဒါပေမယ့် ငါ့အထင် နင့်မျက်လုံးကိုသွားစစ်သင့်တယ်လို့ထင်တယ် ဖြစ်နိုင်ရင် မျက်စိအထူးကုနဲ့သွားပြလိုက်"

ကျီဖေး စကားကြောင့် အတန်းဖော်မိန်းကလေးလည်း အံ့အား သင့်သွားကာ သူ့ကိုမျက်စိစစ်ဆေးရန် ပြောနေသောကြောင့် ကြောင်အနေမိသည်။

ကျီဖေးသည် စုကျာနှင့်ယုရှင်းတို့အား လက်ညှိုးထိုးလိုက်ပြီး

"ကန်းမနေတဲ့ ဘယ်သူမဆို စုကျာ တကယ်ဂရုစိုက်တာက ဘယ်သူလဲဆိုတာမြင်လိမ့်မယ်၊ သူ့ရဲ့ အမည်ခံရည်းစားလား ဒါမှမဟုတ် သူ တကယ်ချစ်တဲ့သူလား ? နင် လူမှားပြီးပစ်မှတ်ထားနေတာလား ? သူများနယ်ရုပ်လိုမျိုး အသုံးချခံနေရပြီး ဂုဏ်ယူမနေစမ်းနဲ့၊ မဟုတ်ရင် သူတို့က နင့်ကိုငတုံးမဆိုပြီး တွေးနေမှာသေချာတယ်"

ကျီဖေး၏ ပြင်းထန်လှသောစကားများနှင့်အတူ သူမ၏အ ကြည့်များသည် ၎င်းတို့ထံရောက်ရှိနေသောကြောင့် မတ်တပ်ရပ်နေသော လူနှစ်ယောက်သည် ကျန်သူများနှင့်ကွဲထွက်နေ သည်။

စုကျာသည် ရှေ့တွင်ရပ်နေကာ ယုရှင်းမှာ သူ့နောက်တွင်ပုန်းနေပုံရပြီးကာကွယ်ပေးမှုကိုခံထားရသည်။

၎င်းတို့သည် အခြားသူများထက် ပိုနီးကပ်စွာရပ်နေသည်။

နှိုင်းယှဉ်ကြည့်ပါက စုကျာ၏ချစ်သူ ချင်ကျားရှီသည် ဆန့် ကျင်ဘက်တွင်ရပ်နေခဲ့သည်။

တခဏအတွင်းပင် မြူမှုန်များလွင့်စင်သွားသလိုပင်။

ပုတီးစေ့များကိုကောက်နေသူများလည်း အေးခဲသွားပြီး ထိုဘက်သို့စိုက်ကြည့်သောအခါ ကိစ္စအားလုံးကိုရှင်းသွားသည်။

ချင်ကျားရှီလည်း တစ်ခုခုမှားနေသည်ကို ဝေဝေဝါးဝါး ခံစားမိသော်လည်း ယခုမူ အမှန်တရားကို မြင်သွားခဲ့သည်။ ၎င်းတို့ သည် အခြေအနေအား ရှင်းရှင်းလင်းလင်းမြင်နိုင်သည်အထိ အလွန်နီးကပ်နေပြီး အခြားသူများတစ်ချက်ကြည့်ရုံဖြင့် ရိပ်မိနိုင်သည်။

သူသာ အရူးတစ်ယောက်လိုကန်းနေမိခြင်းပင်။

တစ်ချိန်တည်းပင် စုကျာနှင့်ယုရှင်းတို့လည်း ဒေါသများမထိန်းနိုင်တော့ပေ။

"မင်း ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ!"

"ကျဲ... ရှင် ဘယ်လိုလုပ် ကျွန်မကို ဒီလိုစွပ်စွဲရတာလဲ ? ကျွန်မဘယ်တုန်းကမှ... ကျွန်မနဲ့ ကျားရှီဆိုတာ သူငယ်ချင်းကောင်းတွေပါ၊ ကျွန်မ ဘယ်လိုလုပ် အဲ့လိုလုပ်နိုင်ပါ့မလဲ..."

ယုရှင်း၏ မျက်လုံးများသည် ငိုတော့မည့်ပမာမျက်ရည်များဝဲလာသည်။

အေးဆေးစွာနေတက်သော ချင်ရုန်ပင်သည်းမခံနိုင်တော့ပဲ "နင်က အရှက်မရှိတဲ့ စနိုက်ကျော်မလေ!"

"ငါတို့စရောက်ကတည်းက အကုန်မြင်တယ်!"

ချင်ရီလည်း သူ့ကိုယ်သူမထိန်းနိုင်တော့ချေ။ သူ အစောကသက်သေမရှိသဖြင့် မပြောခဲ့သော်လည်း ယခုအခါ မနေသာတော့ပဲ

"မင်းတို့နှစ်ယောက် စောနက တောထဲမှာ မနက်ဖြန်အသက်မရှင်တော့မယ့်အတိုင်း နမ်းနေကြတာလေ! ငါတို့လေးယောက်စလုံး ကန်းနေကြတာမဟုတ်ဘူး!"

ချင်ရီသည် ထိုအကြောင်းကိုတွေးလေလေ ဒေါသထွက်လာလေပင်။ သူ အစောတည်းက ၎င်းတို့အားလက်ပူးလက်ကြပ် ဖမ်းခဲ့သင့်သော်လည်း သူ့အား မမှတ်မိခဲ့ခြင်းပင်။ သူသည် အထက်တန်းလွှာမိသားစု စုဝေးပွဲများကိုတက်ဖူးသဖြင့် စုကျာအားအကြိမ်အနည်းငယ်တွေ့ဖူးသော်လည်း ၎င်းတို့သည် သက် တူရွယ်တူမဟုတ်ကြသဖြင့် အပြန်အလှန်စကားမပြောဖူးကြပေ။ ထို့ကြောင့် သူ့အား စစချင်းတွင်မမှတ်မိခဲ့ချေ။

၎င်းသည် စုကျာ၏မျက်နှာအား ရှင်းရှင်းလင်းလင်းမြင်ရတော့မှသာ ထိုလူ မည်သူဖြစ်သည်ကိုသဘောပေါက်သွားသည်။ သူ့ဦးလေးသည် ထိုကဲ့သို့သောလူအား သူ့ညီမ၏ချစ် သူအဖြစ် အဘယ့်ကြောင့်ခွင့်ပြုထားနိုင်သည်ကို သူ နားမလည်နိုင်တော့ပေ။

ယခုအချိန် စုကျာနှင့်ယုရှင်းလည်း အမှန်ပင် အံ့အားသင့်နေခဲ့သည်။ ၎င်းတို့လည်း ထိုအရာကို အခြားလူတွေ့မည်ဟုမထင်ခဲ့ပေ။ ချင်မိသားစုသည် ၎င်းတို့အားခါးခါးသီးသီးဖြစ်နေသည်မှာ အံ့သြစရာမရှိတော့ပေ။ ချင်ကျားရှီလည်း ထိုအရာကိုမြင်သွားပြီဖြစ်လိမ့်မည်။ သို့မဟုတ်ပါက သူ့အား အဘယ်ကြောင့် အေးစက်စွာဆက်ဆံမည်နည်း ?

All Chapters