← Chapters

အခန်း (၃၆၀)

Vol. 36 Ch. 360

အခန်း (၃၆၀)

Vol. 36 Ch. 360

စုကျာသည် ချင်ကျားရှီ သူ့အပေါ် နက်နက်ရှိုင်းရှိုင်းချစ်မြတ် နိုးနေကြောင်း မသိစိတ်ကယုံကြည်နေခဲ့သည်။ သူမ အခုလိုသူ့အပေါ်အေးတိအေးစက်ဆက်ဆံနေခြင်းမှာ သူ့အပေါ်မကျေ မနပ်ဖြစ်ကာ စိတ်ဆိုးနေခြင်းသာဖြစ်မည်ဟုယုံကြည်ခဲ့သည်။

ဒါ့အပြင် ထိုအချိန် အနားမှာတစ်ယောက်မှမရှိမှန်း သတိထားပြုမိခဲ့သည်။ အကယ်၍ သူတို့ကိုတွေ့ခဲ့လျှင်ပင် အဝေးကဖြစ်သည့်အတွက် မည်သူမည်ဝါဆိုတာကောင်းကောင်းမြင်ရမည်မဟုတ်ပေ။

ထို့ကြောင့် စုကျာသည် သူ့ကိုယ်သူယုံကြည်ချက်အပြည့်ဖြင့် ချင်ကျားရှီ အနားသို့သွားကာ သူ့လက်ကိုကိုင်၍

“ကိုယ် ဘာမှမဟုတ်တာမလုပ်ခဲ့ရပါဘူးကွာ။ ခုနက ကိုယ် ယုရှင်းနဲ့အတူတူရှိနေတာမှန်ပေမဲ့ ကိုယ်တို့မင်းရဲ့လက်ကောက် အကြောင်းပြောနေကြတာပါ ပြီးတော့ပြောနေရင်း ယုရှင်းကခလုတ်တိုက်ပြီး လဲမလိုဖြစ်သွားလို့ ကိုယ်သူ့ကို ကူညီလိုက်ယုံတင်ပါ၊ မင်း နားလည်မှုမလွဲပါနဲ့”

အခုချိန်က သူနဲ့ယုရှင်းတိုရဲ့ဆက်ဆံရေးကိုအသိခံလို့မဖြစ်သေးဘူး။ ဆက်ဖုံးကွယ်ထားမှဖြစ်မည်။

ယုရှင်းသည်လည်း အခြေအနေကိုနားလည်သည်။ သူတို့နှစ်ယောက်ကိုတွေ့ခဲ့သူက တခြားသူဆိုပါက ယခုလောက်ခက်ခက်ခဲခဲရှင်းပြပြောပြနေမည်မဟုတ်ပေ။ သို့သော် တွေ့သွားသူမှာ ချင်ကျားရှီအပြင် ကျီဖေးပါနေခဲ့သည်။ ချင်မိသားစုအားစိန်မခေါ်ရဲ့သည့်အတွက် သည်းခံရပေမည်။ ဒါ့ပြင်စုကျာကို ကူညီပေးရပေမည်။

ထိုကြောင့် ယုရှင်းသည် ချင်ကျားရှီသံသယကင်းစေရန်ထပ် လောင်းပြောလိုက်သည်။

“ ဟုတ်တယ် နင် အမြင်မှားတာနေမှာပါ ငါနဲ့စုကျာကဘာမှ….”

သို့သော်ကျီဖေးသည် ယုရှင်း၏အကြောင်းပြချက်ကိုနားမထောင်ချင်သည့်အတွက် ဖြတ်ပြောခဲ့သည်။

“ နင် သေချာပြောနိုင်လို့လား ဟမ် ? နင်တို့နှစ်ယောက်လဲကျသွားတုန်းက နင်တို့ နှုတ်ခမ်းတွေအချင်းချင်းမထိကြတာသေချာလား”

ကျီဖေး၏တည့်တိုးဆန်သောမေးခွန်းကြောင့် နှစ်ယောက်စလုံးပြာသလဲလဲငြင်းဆိုခဲ့ကြသည်။

ကျီဖေး ထိုနှစ်ယောက်၏အလိမ်အညာများအားကြည့်ရင်း မထီသည့်မျက်လုံးများဖြင့် ကြည့်ကာခနဲ့၍ပြောလိုက်သည်။

“ ဒီမှာ ဇွတ်မငြင်းခင် နင်တို့ ကိုယ့်နှုတ်ခမ်းကိုယ်လည်းပြန်ကြည့်ကြည့်ပါအုံး။ ပါးစပ်ပေါ်မှာ နှုတ်ခမ်းနီတွေမဟုတ်လို့ ချီးပေနေတာလား ဟမ်”

ကျီဖေး စကားကြောင့်လူတိုင်း သူတို့နှစ်ယောက်၏နှုတ်ခမ်းများပေါ်စိုက်ကြည့်လိုက်ကြသည်။

ယုရှင်းသည် သူမ၏သဘာဝနှုတ်ခမ်းသားအရောင်နှင့်ကိုက်ညီသောနှုတ်ခမ်းနီအားဆိုးထားသော်လည်း သေချာကြည့်လျှင်ဘေးအစွန်းနားရှိ နှုတ်ခမ်းနီများပျံ့နေသည်ကိုမြင်နိုင် သည်။ ထို့ပြင် စုကျား၏နှုတ်ခမ်းတွင်လည်း နှုတ်ခမ်းနီအ ကြွင်းအကျန်များကိုရှင်းရှင်းလင်းလင်းမြင်နေရသည်။

ကျီဖေးသည် ထိုအခြေအနေကိုမရိပ်မိရလောက်သည့်အထိတုံးအနေသူမဟုတ်ပေ။ ယုရှင်း၏နှုတ်ခမ်းအနေအထားကိုကြည့်ခြင်းဖြင့် ထိုလောက်ကောင်နှစ်ယောက်မှာ ပြင်းပြင်းထန် ထန်အချင်းချင်းနမ်းခဲ့ကြမှန်းသိသာသည်။

ချင်ကျားရှီသည် ကျီဖေး၏စကားများကိုကြား၍လက်တွေ့ကိုပြန်ရောက်လာကာ

“နင်တို့ကိုယ် နင်တို့ လူကွယ်ရာမှာ လုပ်ချင်တိုင်းလုပ် ဖောက် ပြန်ချင်တိုင်းဖောက်ပြန်ပြီး ဇွတ်ငြင်းနေတာကိုမမြင်ရလောက်တဲ့အထိ လူတိုင်းကို အကန်းတွေလို့ထင်နေတာလား။ အနည်း ဆုံးတော့ လိမ်ချင်ရင်လည်း နည်းနည်းပါးပါးပိရိအောင်အရင်လုပ်သင့်တယ်”

ဘေးနားရှိချင်မိသာစုဝင်များသည်လည်း ထိုနှစ်ယောက်အားအပြင်းအထန်ရှုံချခဲ့ကြသည်။

စုကျားနှင့်ယုရှင်းတို့သည် ရုတ်တရက် ထိတ်လန့်တုန်လှုပ်ကာသူတို့၏နှုတ်ခမ်းများကို အလန့်တကြားလက်ဖဝါးဖြင့်သုတ်ပစ်ခဲ့သည်။

ထိုသို့ သုတ်လိုက်ခြင်းက သူတို့အကြောင်းကို သွယ်ဝိုက်၍ ဝန်ခံခဲ့ကြောင်း သတိမထားမိခဲ့ပေ။

ဒါကိုနားလည်သော ချင်မိသားစုဝင်များသည် စုကျားကိုကြည့်ကာအံ့ဩခဲ့ရသည်။ ငါတို့အိမ်က ချင်ကျားရှီကဘာတွေလို အပ်ချက်ရှိနေလို့လဲ။ ထို့ပြင် စုကျာသည် စုအိမ်တော်၏တစ်ဦးတည်းသောအမွေဆက်ခံသူဖြစ်သော်ငြား စရိုက်မှာဖောက်ပြန်တဲ့အထိ အကျင့်ပျက်လွန်းနေသူဖြစ်သည်ကိုသိခဲ့ရသည်။

ကျီဖေးသည်လည်း အမှန်တရားကပေါ်နေပြီဲဖြစ်သည့်အတွက်အားမနာနေတော့ဘဲ ထပ်ပေါင်းပြောခဲ့သည်။

“နင်တို့နှစ်ယောက် တကယ်သရုပ်ဆောင်ကောင်းတာပဲ။ ငါတို့အားလုံးရှေ့မှာ ပေါ်တင်ကို ရှက်စိတ်ကြောက်စိတ်၊ အပြစ်ရှိစိတ်တစ်စက်မှမရှိဘဲ ပေါ်တင်ကိုဗြောင်လိမ် ဗြောင်စားသရုပ် ဆောင်ပြီး ဒရမ်မာလာခင်းပြနေသေးတယ်။ သူတို့အရင်က ကျားရှီကို ဘယ်လောက်တောင် လိမ်ညာခဲ့လဲမသိဘူး။ တော်ရုံ တန်ရုံလူဆို ယုံမိမှာပဲ”

ကာကယံရှင်နှစ်ယောက်သည် အရာအားလုံး ဘူးပေါ်သလိုပေါ်သွားသည့်အတွက် တုံ့ပြန်စရာစကားမရှိအောင်ဆွံ့အနေခဲ့သည်။ ကျီဖေးသည်လည်း ကျားရှီအား ထိုကိစ္စကြောင့်အထိခိုက်မခံလိုပေ။ သူမတို့မိသားစု၏အငယ်ဆုံးလေးကို လူပြတ်နှစ်ယောက်၏အသုံးချခံမဖြစ်စေလိုပေ။ ထို့ကြောင့် ချင်ကျားရှီ၏ခံစားချက်များကိုလည်း ပျောက်ဆုံးအောင်လုပ်ရပေမည်။

ကျီဖေးသည် ချင်ကျားရှီဘက်သို့လှည့်ကား သူ့အားတည့်တည့်ကြည့်၍ပြောလိုက်သည်။

“အခုနားလည်ပြီမလား နင် ဒီလူနှစ်ယောက်ဆီကလှည့်စားခံထားရတယ်ဆိုတာ”

ချင်ကျားရှီ အတတ်နိုင်ဆုံးမျက်ရည်မကျစေရန်ကြိုးစားခဲ့ပေမယ့် သူ့ မျက်လုံးများကတော့နီရဲနေခဲ့သည်။

“ညီမ သိပြီ…. ညီမ ညီမအစကတည်းက သူတို့နှစ်ယောက်ပေါင်းပြီးလှည့်စားတာကိုခံခဲ့ရတာ စုကျာ ညီမကိုဘယ်တုန်းကမှသဘောမကျခဲ့ဘူး။ သူ သဘောကျတဲ့သူက အဲ့ယုရှင်းဆိုတဲ့မိန်းမပဲ၊ အဲ့တာကြောင့် အစကတည်းက အဲ့အောက်တန်းကျတဲ့အကောင်က ယုရှင်းဆိုတဲ့မိန်းမကို ညီမကိုကူညီဖို့ဆိုပြီး ဗန်းပြပြီး ညီမကို ထပ်ခါထပ်ခါနာကျင်အောင် အမျိုးမျိုးနှိပ်စက်ခဲ့တာ”

ချင်ကျားရှီ သူ သည်းခံခဲ့ရသည့် ခံစားချက်များကို နာကျင်စွာပြောလာခဲ့သည်။ ဒီအတောအတွင်း သူတို့နှစ်ယောက်ကြားရှိခဲ့တဲ့ အချစ်တွေကအကုန် အတုအယောင်တွေတဲ့လား ? သူ အမြတ်တနိုးတန်ဖိုးထားခဲ့ရတဲ့ အမှတ်တရတွေအကုန်လုံးက အတုအယောင်တဲ့လား။

“ကျားရှီ…. မင်းအထင်မလွဲပါနဲ့။ ကိုယ်ရှင်းပြနိုင်ပါတယ်။ ဒီအတောအတွင်း မင်း အပေါ်ထားခဲ့တဲ့ ကိုယ့်အချစ်တွေကဘယ်လိုလုပ်အပေါ်ယံဖြစ်မှာလဲ”

“စုကျား…အဲ့အချိန်ကတည်းက အဲ့အချိန်ကတည်းက ကျွန်မသိခဲ့သင့်တာ ကျွန်မနဲ့ယုရှင်းဖြစ်ခဲ့တဲ့ကိစ္စမှာ ရှင် အကြောင်း ပြချက်ကောင်းကောင်းမပေးနိုင်ပဲ ယုရှင်း ဘက်ကရပ်တည်ခဲ့တာ … ကျွန်မဘက်ကို ကြည့်ပေးရဲ့လား ကျွန်မဘယ်လောက်ခံစားခဲ့ရလဲဆိုတာသိရဲ့လား။ ကျွန်မကိုယ်က တုံးခဲ့တာ ရှင့်တို့နှစ်ယောက် ဆက်ပြီးလှည့်စားနိုင်အောင် ကျွန်မကိုက အစကတည်းက တုံးအပြီးခွင့်ပြုပေးနေခဲ့တာ။ အခုချိန်ကစပြီး ရှင်နဲ့ကျွန်မ ရဲ့ဆက်ဆံရေးအဆုံးသတ်ပြီ။ စုကျာ ကျွန်မရှင့်ကို လက်လွှတ်ပေးလိုက်ပြီ။ ရှင် အခုချိန်ကစပြီး ရှင်ကြိုက်တဲ့သူနဲ့ နေပိုင်ခွင့်ရှိတယ်”

ချင်းကျားရှီသည် ထိုစကားများကိုပြောချိန်တွင် သူ့နှလုံးသားမှာနာကျင်နေခဲ့သည်။ မျက်လုံးထဲတွင်လည်း မျက်ရည်များ ပြည့်နေခဲ့သည်။ သူမ ထပ်ပြီးမငိုကြွေးချင်တော့ပေ။ သူမကို လှည့်ဖြားသည့် သူတစ်ယောက်အတွက် ထပ်ပြီး မငိုကြွေးနေသင့်တော့သလို အရာအားလုံးကို ရပ်တန့်ပစ်လိုက်ချင်မိသည်။ ဒါကသာ သူတို့နှစ်ယောက်လုံးအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တယ်ဆိုတာ သူ အစကတည်းကသိခဲ့သင့်သည်။

စုကျာ ထိုစကားများကိုမသိစိတ်က ယုံကြည်ဖို့ငြင်းဆန်ခဲ့သည်။

“မင်းက ငါ့ကိုလမ်းခွဲဖို့ပြောနေတာလား။ မင်း မမေ့နဲ့။ မင်းကသာ အရင် ငါ့ကိုစကြိုက်ခဲ့တာ ငါ့ကိုတောင်းဆိုခဲ့တာ။ ငါကသာ မင်းကိုငဲ့ညာပေးခဲ့လို အခုလိုငါ့ကောင်မလေးဖြစ်လာရတာနားလည်လား”

စုကျာ အခုချိန်ထိ သူ့အမှားကိုမမြင်နိုင်ပဲ ကျားရှီကိုသာအပြစ် တင်ခဲ့သည်။ ကျားရှီ သူ့ကိုစွန့်ပစ်သည့်စကားပြောသည့်အ တွက်ပိုလို့ပင် အမှားကိုမမြင်နိုင်ပဲ သူကသာ သူမအားစွန့်ပစ်ပိုင်ခွင့်ရှိသယောင် စကားလုံးများကကြမ်းတမ်းနေခဲ့သည်။

စုကျာ၏စကားများသည် ချင်ကျားရှီ၏နှလုံးသားကိုအပ်နှင့်ထိုးဖောက်နေသကဲ့သို့နာကျင်ခဲ့ရသည်။ သူ စိတ်ရှိလက်ရှိပြန်ပြောပစ်ချင်ခဲ့သည်။ စုကျာဆိုတဲ့ကောင်လေးကသာ သူ့ကိုအရင်ပိုးပန်းခဲ့ပြီး စိတ်ရှည်ရှည်ဖြင့် သူ့အပေါ် တဖြည်းဖြည်းချစ်ကျွမ်းဝင်လာအောင်လုပ်ခဲ့သည်ဆိုတာကိုပင်။

ခုချိန်မှာ သူ ပြောလိုက်လို့ကော ဘာများအဓိပ္ပာယ်ရှိတော့မှာမို့လဲ ? သူပြောခဲ့တာအကုန် အမှားတော့မဟုတ်ခဲ့ဘူး။ သူမ သူ့အပေါ်ဘယ်လောက်ချစ်မိခဲ့လဲဆိုတာ သူမ အသိဆုံးပင်။ သူ့ထံ သူနှင့်အငြင်းပွါးရန်အားလည်းမရှိတော့ပေ။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးကအဆုံးသတ်သွားပြီဖြစ်သည့်အတွက် စကားများစရာမလိုတော့ပေ။

ချင်ကျားရှီ၏စရိုက်သည်ပင်ကိုယ် သဘောထားနူးညံ့သူဖြစ်သည့်အတွက် စုကျာအားထိပ်တိုက်ရင်ဆိုင်ခြင်းထက် ရှောင်ရန်ကိုသာရွေးချယ်လိုက်ရာ ကျီဖေးသည်လည်း ထိုကိစ္စထဲဝင်မပါနိုင်တော့ချေ။

“ရှင် ကျွန်မကို ထင်ချင်သလိုသာထင်”

ချင်ရုန်သည် ချင်ကျားရှီအတွက်စိတ်မကောင်းဖြစ်ကာ သူ့အားတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားပေးခဲ့သည်။

စုကျာသည် ထိုမျှနှင့်မကျေနပ်နိုင်ပဲ ချင်ကျားရှီအားဆက်ကာ ပြောချင်သေးသော်လည်း ကျီဖေး၏စကားများသည် စုကျာ အားရပ်တန့်စေခဲ့သည်။

“ နင် မမေးတော့ဘူးလား ? မသိချင်တော့ဘူးလား ? သူ

ဘာလို့ အဲ့လို လှေလံနှစ်ဖက်နှင်းဖို့လုပ်ခဲ့ရတာလဲဆိုတာကို၊ ယုရှင်းဆိုတဲ့မိန်းမကို ကြိုက်ရဲ့သားနဲ့ ဘာလို့ပေါ်တင် အဲ့မိန်းမနဲ့မတွဲရဲတာလဲဆိုတာ။ အဲ့ကောင်က နင့်ကို သူ့ရဲ့တရားဝင် ကောင်မလေးလို့နာမည်တပ်ထားပြီး အဲ့မိန်းမကိုကြ ဘာလို့တိတ်တိတ်ပုန်းတွဲနေရတာလဲဆိုတာကို နင်သိအောင်မကြိုးစားတော့ဘူးလား”

ကျီဖေးသည် ထိုအကြောင်းအရင်းများအား သိသော်လည်း သူ ဝင်ပြောနိုင်သည့် ကိစ္စမဟုတ်ပေ။ ချင်ကျားရှီ တစ်ဦးတည်းသာလျှင် စုကျာအားဖိအားပေး၍ဝန်ခံအောင်လုပ်ရမည်။

ကျီဖေး၏စကားများကြောင့် စုကျာ၏ဒေါသများပျောက်သွားကာ စိတ်မလုံ့မလဲဖြစ်မှုနှင့် ကြောက်ရွံ့မှုများအစားထိုးဝင်လာခဲ့သည်။

သို့သော် ချင်ကျားရှီ၏ခံစားချက်မဲ့အမူအရာသည် ကျီဖေး နှလုံးသားအားနူးညံ့စေကာ ဂရုဏာသက်စေခဲ့သည်။ သူထပ်ပြီးတွန်းအားပေးရန် မသင့်တော်တော့ချေ။ ချင်ကျားရှီ၏အမူ အရာသည်ဘာကိုမှ မသိချင်တော့ပဲ အရာအားလုံးကိုလက်ခံလိုက်ပုံရသည်။

ထိုကြောင့်ကျီဖေးသည် ကျားရှီအားတွန်းအားပေးရန်မကြိုး စားတော့ပဲ၊ သူ့ နည်း သူ့ဟန့်ဖြင့်သာ စုကျာအားဖော်ထုတ်ရန် လုပ်တော့မည်အချိန် ရုတ်တရက်တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သောမိန်းကလေးတစ်ယောက်သည် လူများရှေ့သို့ရဲ့ဝံ့စွာ ထွက်လာခဲ့သည်။

သူမသည် ချင်ကျားရှီ၏လှည့်စားခံရမှု ဒါ့ပြင် ချင်ကျားရှီအပေါ် စုကျာ၏ခံစားချက်များ ထူးဆန်းနေသည်ကိုရိပ်မိခဲ့သည်။ ချင်ကျားရှီနဲ့ယုရှင်းတို့ ပြဿနာတတ်သည့်အချိန်တိုင် စုကျားသည်ယုရှင်းဘက်ကအမြဲရပ်တည်ပေးလိမ့်မည်။

သို့သော် သူသည် ယုရှင်းအား အပြင်ဘက်တွင်ဘယ်တော့မှတရားဝင်မိန်းကလေးအဖြစ်ချပြမည်မဟုတ်ပေ။ ဒါက သူမအားစိတ်ကျေနပ်စေခဲ့သည်။ သို့သော် ယခုမူ ကျီဖေးဆိုသည့်တစ်ယောက်မျာ စုကျာအားပြေးပေါက်မရှိအောင်လုပ်နေသည်ကိုတွေ့ရသဖြင့် သူ့ကို ကူညီနိုင်ရန်ရှေ့သို့ထွက်လာခဲ့သည်။

ပြီးတော့ စုကျာ ယုရှင်းကိုကြိုက်နေတယ်ဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? မဟုတ်ဘူး ဒါတွေအကုန်လုံး ဟန်ပြသက် သက်ပဲ စုကျာကိုကူညီရမယ်။

“ခုနကပြောတာတွေ တစ်ခုမှမဖြစ်နိုင်ဘူးထင်တယ်။ စုကျားက ယုရှင်းကို ဂရုစိုက်တယ်ဆိုတာကလည်း ယုရှင်းက စုကျားသူငယ်ချင်းကောင်းရဲ့ညီမဖြစ်နေလို့ပဲ”

ထိုမိန်းကလေးသည်အမှန်ကိုပြောနေသကဲ့သို့ သူ့စကားများ သည်ပြတ်သားနေခဲ့သော်လည်း သေချာကြည့်လျှင် သူမ၏ တုန်လှုပ်နေသောမျက်လုံးအိမ်များကိုတွေ့နိုင်သည်။

ချင်မိသားစုဝင်များသည်လည်း ထိုမိန်းကလေး၏စကားများကြောင့်စိတ်ရှုပ်သွားခဲ့သည်။

ယုရှင်းသည်မိဘမဲ့ဖြစ်ပြီး မိဘမဲ့ဂေဟာတွေကြီးပျင်းလာသောမိန်းကလေးဖြစ်ကြောင်း အကြမ််းဖျင်းသိပြီးသားဖြစ်သည်။ ဘယ်က ဘယ်လို အကိုကပေါ်လာရပြန်တာလဲ။

သို့သော်ကျီဖေးသည် ထိုစကား၏သဲလွန်စကိုမြင်နိုင်ခဲ့သည်။

ချင်ဟန်သည် ကျောင်းရှိယုရှင်း၏သိက္ခာကိုကာကွယ်ဖို့အ တွက် ကျားရှီအား ချင်မိသားစုဝင်တစ်ယောက်ဆိုသည့်အ ချက်ကို ဖုံးကွယ်ထားခိုင်းခဲ့သည်။

ပြီးတော့ အဲ့လူတွေအကုန်လုံးကလည်းယုရှင်းဆိုတဲ့မိန်းမကို အဖိုးတန်လေးလို ဆက်ဆံကြတာ။

သူမကဘာနောက်ခံမှမရှိတဲ့မိန်းမတစ်ယောက်ဆို အဲ့လိုဆက်ဆံတာဘာကြောင့်လဲ။

[ဒီကိစ္စက ကျက်သရေတုန်းချင်ဟန်

ရှာထားတဲ့နောက်ထပ်သောက်ပြဿနာလို့တော့ငါ့ကိုလာမပြောနဲ့နော် WTF]

All Chapters