← Chapters

အခန်း (၃၆၁)

Vol. 37 Ch. 361

အခန်း (၃၆၁)

Vol. 37 Ch. 361

ချင်ရီသည် ထိုစကားများကိုကြားပြီးနောက် တစ်ခုခုလွဲနေတာကိုသတိထားမိသဖြင့်မေးခဲ့သည်။

“အကိုဟုတ်လား ? ဘယ်သူက သူ့အကိုလဲ?”

ထိုသို့ပြောခဲ့သောကောင်မလေးသည် ယုရှင်းတို့ကျောင်းတုန်းကအတန်းဖော်ဖြစ်သည်။

အခုအခြေအနေက်ို ယုရှင်း၏နောက်ခံကိုသာပြောလိုက်ရင်ဖြေရှင်းနိုင်မည်ဟုထင်ကာ ချင်ရီ၏စကားများကိုတက်ကြွစွာတုံ့ ပြန်ခဲ့သည်။

အန္တာရာယ်ကိုကြိုတင်သတိထားမိနေသော ယုရှင်းသည် ထိုကောင်မလေးအား ဆက်မပြောတော့စေရန် ထိုနေရာမှာပင်ပျောက်သွားစေလိုသည်။

သို့သော် ကျောင်းနေဖက်ကောင်းမလေးသည် ယုရှင်း၏မနှစ်မြို့မှုကိုသတိမထားမိပဲ ချင်းရီ၏မေးခွန်းကိုတက်ကြွစွာဖြေ ဆိုခဲ့သည်။

“ အာ ရှင်တို့မသိဘူးလား ယုရှင်းက ချင်မိသားစုကချင်ဟန်ရဲ့ညီမလေ၊ ချင်ဟန်နဲ့စုကျာက သူငယ်ချင်းကောင်းတွေဆိုတော့ အမြဲတမ်း စုကျာကို သူ့အစား ယုရှင်းကိုစောင့်ရှောက်ပေးဖို့ပြောနေတာ”

ချင်မိသားစုတစ်ခုလုံး ထိုအဓိပ္ပာယ်မရှိလှသောစကားကြောပြန်ချေပစရာ စကားများပင်ပျောက်ဆုံးခဲ့သည်။

အခြေအနေကိုနားလည်သွားသောကျီဖေးသည် ယုရှင်းအားကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်။

ပေါ်တင်အလိမ်ပေါ်သွားသည့်နောက် ယုရှင်းသည် သူမတစ်ကိုယ်လုံးချွေးစေးများထွက်လာခဲ့သည်။

တခြားတစ်ဖက်ရှိ စုကျာသည်လည်းထိုစကားကြောင့်ငုတ် တုတ်မေ့နေလေသည်။

ချင်ရီသည် ချင်ဟန်တစ်ယောက်ဒီလောက်ရက်စက်တတ်လိမ့်မည်ဟုမထင်ထားခဲ့ချေ။ မထူးဆန်းတော့ဘူး ချင်ဟန်အရင်တုန်းက အမြဲတမ်းမိန်းကလေးမွေးစားဖို့ အိမ်ကိုပြောနေတာလက်စသတ်တော့ တရားခံမကယုရှင်းကိုး အဲ့ဒါတင်မကသေးဘူးအများရှေ့မှာပါ ယုရှင်းကို အလိုလိုက်ကာကွယ်ပြီး သူ့ညီမလို့တောင်ပြောထားသေးတယ်။

“အဲ့ချင်ဟန်ဆိုတဲ့အကောင် စိတ်လွတ်နေတာလား ? တစ်ဖ အေတည်းက မွေးတဲ့ညီမတစ်ယောက်လုံးကိုကြ စွန့်ပစ်ထားပြီး အပြင်လူကို ရွှေလိုတန်ဖိုးထားနေတာ ပြီးတော့လည်းအဲ့မိန်းမကို သူ့ညီမအရင်းရဲ့ရည်းစားကိုတောင် ဂရုစိုက်ခိုင်းညလိုက်သေးတယ်၊ ဘယ်အချိန်ကတည်းက ကျပ်မပြည့်ဖြစ်သွားရတာလဲ”

ထိုစကားများကြောင့် ရှိနေသူတိုင်း တိတ်ဆိတ်သွားခဲ့သည်။

အတန်းဖော်ကောင်မလေးသည် သူ ကြားခဲ့ရသည်ကိုမယုံနိုင်ဖြစ်ကာ ချင်ရီအားထပ်မေးခဲ့သည်။

“ရှင် ဘာပြောလိုက်တာ….”

ချင်ရီသည် ထိုမိန်းကလေးဘာကြောင့် သူ ပြောသည့်စကားကို သရဲကိုမြင်လိုက်သလိုတုံ့ပြန်နေမှန်းနားမလည်ခဲ့ချေ။

ထိုကောင်မလေးသည် စိတ်မမှန်သလိုပြာယာခတ်နေပြီး

“ချင်ဟန်ရဲ့ညီမက အဲ့ယုရှင်းဆိုတဲ့ မိန်းမ မဟုတ်ဘူးပေါ့! အား ဒါဘယ်လိုဖြစ်နိုင်မှာလဲ ဒါဆို ချင်ဟန်ရဲ့ ညီမအရင်းက ဘယ်သူလဲ”

ယုရှင်းက ချင်ဟန်ရဲ့ညီမ မဟုတ်ဘူးဆိုရင် စုကျာကဘာလို့ငါ့ကို သူငယ်ချင်းရဲ့ညီမလေးကို ဂရုစိုက်နေရလို့ဆိုပြီးပြောရတာလဲ?

သူ့ရဲ့ညီမအရင်းသာဆို ချင်ဟန်ကဘာလို့ စုကျာကို သူ့ညီမအရင်းပေါ်အဲ့လိုဆက်ဆံခွင့်ပြုထားတာလဲ ??

ချင်ရီသည် ထိုဆိုက်ကိုဖောက်နေသော မိန်းမအပေါ်စိတ်မရှည်ဖြစ်လာကာ

“ဘာလဲ ဘာတွေအဲ့လောက်ခက်ခဲနေတာလေ အဲ့မိန်းမယုရှင်းက ငါတို့အိမ်ကလို့ပြောရအောင် အဲ့မိန်းမမှာ ငါတို့မျိုးရိုးနာမည်ရှိလို့လား ? မှတ်ထား ငါတို့မျိုရိုးနာမည်က ချင် …ချင်ကျားရှီကသာ ငါတို့ချင်အိမ်တော်ရဲ့သခင်မလေးအစစ်ပဲ”

ချင်ရီသည် ကျားရှီဘက်သို့လှည့်လိုက်ကာ

“ကျားရှီ ငါ့ကိုပြောစမ်းပါဦး၊ ဒါတွေ အားလုံးဘာလို့ဖြစ်နေရတာလဲဆိုတာ ? ချင်အိမ်တော်ရဲ့သခင်မလေးဖြစ်တဲ့ နင့်ကို လူတွေက ဘာလို့မသိရတာလဲ”

ချင်ရီအစကထင်ခဲ့တာသည်မှာ ချင်ကျားရှီသည်သူ၏စရိုက်အရ လူမသိ သူမသိ သူ့ဘာသာ သူ အေးဆေးနေမယ့်သူဖြစ် ကြောင်းသိသည်။ဒါပေမဲ့ သူမ၏စရိုက်ကအနိုင်ကျင့်ဖို့ ကောင်းလွန်းသောစရိုက်ဖြစ်သည်အတွက် အနိုင်ကျင့်ခံရသည်ဟုကောက်ချက်ချခဲ့သည်။

ဒါပေမဲ့ အခုကိစ္စက မွေးစားသမီးတောင်မဟုတ်တဲ့အဆင့်က ချင်ဟန်ရဲ့တကယ်ညီမအရင်းလိုပြူမူနေတာက တကယ်ကို မျက်နှာပြောင်တိုက်တဲ့ကိစ္စပဲ။

ချင်ကျားရှီသည်လည်း သူမအကို၏အမေးကြောင့် တစ်ခုခုကိုသတိရကာထုတ်ပြောလိုက်သည်။

“အကိုချင်ဟန်က ညီမကို ကျောင်းမှာ ညီမရဲ့နောက်ခံနဲ့ညီမဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ထုတ်မပြောဖို့ပြောခဲ့တာ”

ထို့နောက် သူ ယုရှင်းကိုကြည့်ကာ မျက်လုံးများကမယုံကြည်နိုင်မှုများဖြင့်ပြည့်နေခဲ့သည်။

ယုရှင်း၏မျက်နှာသည်လည်း ပိုဆိုးရွားလာခဲ့သည်။

“ ဒါဆို ညီမအကိုကျောင်းကို နေ့တိုင်းလာလာနေတာ ယုရှင်းဆိုတဲ့မိန်းမကြောင့်ပေါ့လေ ညီမက တကယ်ငတုံးပဲ”

ချင်ကျားရှီသည် စုကျာ သူ့ကိုလှည့်စားတုန်းကသည်းခံနိုင်ခဲ့သေးသည်။ ယခုမူ သူ အားထားရသည့်အကိုကပါ သူ့အပေါ် ယုရှင်းဆိုသည့် မိန်းမအတွက်လှည့်စားခဲ့သည်ကိုသဘော ပေါက်ပြီး စကားပြောနေရင်းအသံတဖြည်းဖြည်းတိုးဝင်သွားပြီးတုန်နေခဲ့သည်။

အရင်က သူ ဘာတွေများအမှားလုပ်ခဲ့မိလို့ သူ့အကိုက သူကလွှဲပြီး တခြားသူတွေအပေါ်ကောင်းနေရတာလဲလို့အမြဲစဉ်းစားဖူးတယ် အခုတော့အကြောင်းပြချက်က အဆုံးသတ်မှာ အဲ့မိန်းမကြောင့်ဖြစ်နေတုန်းပဲ။

ထိုအချိန်တွင် လူအုပ်ကြီးထဲမှ လူတစ်ယောက်ကအော်ပြောခဲ့သည်။

“ မဖြစ်နိုင်ဘူး ချင်ဟန်ကိုယ်တိုင်ကိုက သူ့ပါးစပ်ကနေ ယုရှင်းက သူ့ညီမပါဆိုပြီး ဝန်ခံခဲ့တာ”

ချင်မိသားစုဝင်များသည် ထိုသူများ၏ Brain Washing ခံရပုံကိုကြည့်ကာ ချင်ဟန်ကိုပိုရွံရှာလာခဲ့သည်။ အဲ့မိန်းမပျက်ယုရှင်းကို ချင်မျိုးရိုးမဟုတ်တာတောင်ပစားနေကြတာမထူးဆန်း တော့ပါဘူး။ အောက်တန်းစားအကောင်က သူကိုယ်တိုင်ဝန်ခံထားတာကိုးး..

ထိုအချိန်တွင် တခြားလူတစ်ယောက်ကလည်းစုကျားကိုလက်ညိုးထိုးကာ အော်ပြောခဲ့သည်။

“ချင်ဟန် ယုရှင်းကို သူ့ညီမပါလို့ပြောတဲ့အချိန် စုကျာလည်းဘေးနားမှာရှိနေခဲ့တာ ဒါပေမဲ့ သူ ငါတို့ကိုအဲ့တာကမှားတယ်လို့ ဘာမှမပြောခဲ့ဘူး အဲ့ဒါကြောင့်မို့ ငါတို့က သူတို့ပြောခဲ့တဲ့စကားတွေကိုအတည်ယူခဲ့တာ”

ကိစ္စတဖြည်းဖြည်းနဲ့ကြီးလာသည့်အတွက် ယုရှင်းနှင့်စုကျာတို့နှစ်ယောက်လုံး ကြောက်စိတ်များဝင်လာခဲ့သည်။

စုကျားသည် မည်သည့်စကားနှင့်မှ ပြန်လည်မချေပနိုင်သည့်အတွက် သူ့သွားများကို အံကြိတ်ထားရုံသာတတ်နိုင်သည်။ သူ့မျက်နှာသည်လည်း တဖြည်းဖြည်းနှင့်ဖြူဆုတ်လာခဲ့သည်။

ယုရှင်းသည်လည် သူ တစ်လျှောက်လုံးထိန်းသိမ်းခဲ့ရသောဂုဏ်သိက္ခာပျောက်ဆုံးသွားပြီးမှန်းနားလည်ခဲ့သည်။

သူ့နှလုံးသည် သူ လုပ်ထားသောလိမ်ညာမှုကြောင့် မရပ်မနားအပြင်းအထန်ခုန်နေခဲ့သည်။

ချင်ကျားရှီသည် အတိတ်ကတည်းက အကိုဖြစ်သူနှင့် ရည်း စားကပါ ယုရှင်းအားသဘောကျမှန်းသိထားပြီးသားပင်။

ဒါပေမဲ့ ဒီလောက်ထိ အဲ့မိန်းမကိုရူးနှမ်းနေလိမ့်မယ်လို့မထင်ထားခဲ့ချေ။ အဲ့မိန်းမက ဘာများကောင်းနေလို့လဲ ? ငါကကော အဲ့မိန်းမနဲ့ယှဉ်ရင်ဘာတွေများချို့ယွင်းချက်ရှိနေလို့လဲ ?

ချင်ကျားရှီ တွေးရင်တွေးရင်း သူ့ မတရားခံစားမှုများပိုများလာခဲ့သည်။ ဘာလို့အကုန်လုံးက ယုရှင်းကိုပဲပိုကြိုက်ပြီး ယုရှင်းကို ငါနဲ့လာနှိုင်းယှဉ်နေရတာလဲ ?

ချင်ကျားရှီသည် အခုချိန်တွင် သူ အသူရာအတွေးထောင်ချောက်ထဲ့သို့ကျရောက်သွားပြီး သူ့ကိုယ်သူ အပြစ်တင်ပြောဆိုနေခဲ့ချိန်တွင် ရုတ်တရက်နွေးထွေးသော ပွေ့ဖက်မှုကိုသူမခံစားလိုက်ရသည်။

ချင်ရုန်သည် သူမအားတင်းကျပ်စွာဖက်ထားပြီး ကျီဖေးသည်လည်း သူ့ခေါင်းလေးကို ချော့မြူနေသကဲ့သို့ပွတ်ပေးနေခဲ့သည်။ ဒါ့အပြင် ချင်ရီနှင့်ချင်ကျောက်ဟုခေါ်သောအကိုနှစ်ယောက်ကလည်း သူ့အား စိုးရိမ်ပူပန်သောမျက်ဝန်းများဖြင့်

ကြည့်နေကြသည်။

ဒီတစ်ခါတွင် ချင်ကျားရှီသည် သူ့ မျက်ရည်များကိုထိန်းမရတော့ပေ။ သူ ငိုရင်း သူသာအစစ်အမှန်ဖြစ်ကြောင်းပြောခဲ့သည်။

“ကျွန်မ… ကျွန်မက ချင်ကျားရှီပဲ ..ချင်မိသားစုရဲ့တရားဝင်သမီး Y မြို့ရဲ့အာဏာအကြီးဆုံးချင်မိသားစုက ချင်ကျားရှီပဲ“

သူ့အသံသည် မကျယ်သော်လည်းပြတ်သားနေခဲ့သည်။ ထို့ နောက် ယုရှင်းဘက်သို့ကြည့်ကာ

“ပြောစမ်းပါအုံး၊ နင် ငါ့ဆီက ဘာတွေထပ်ပြီးလုယူဖို့စီစဉ်ထားလဲဆိုတာ”

ယုရှင်သည်း သူမ၏တစ်နှစ်ပတ်လုံးထိန်းသိမ်းလာသော ဂုဏ် သိက္ခာပျက်စီးသွားမည်အား လက်မခံလိုပေ။

အဲ့ဒါကြောင့် ငါ မဟုတ်ကြောင်းငြင်းနေသရွေ့ ကိုယ့်ဟာကိုယ်ကွာကယ်နိုင်သေးတယ်။

"ကျားရှီ ဘာလို့အဲ့လိုပြောရတာလဲ ? ငါ နင့်ဆီကဘာများလုယူဖူးတာရှိလို့အဲ့လိုပြောရတာလဲ။ ငါ နင့်ဆီက လုယူဖူးတာဘာမှမရှိဘူး။ ချင်ဟန် လူကြားထဲမှာ ငါ့ကို သူ့ညီမပါလို့တစ်ခါမှကိုမပြောဖူးတာ အဲ့တာကို ဒီလူတွေက သူတို့ဟာ သူတို့ကောက် ချက်ချနေကြတာ ငါက ဘာကိစ္စ နင့်ကြောင့်နဲ့ ချင်ဟန် ငါ့ကိုညီမလေးတစ်ယောက်လို ဆက်ဆံတာကိုငြင်းပယ်ရမှာလဲ ? ဘာကြောင့်လဲ ငါ့အမှားမဟုတ်ဘူး လက်မခံဘူး ဘာဖြစ်လဲ”

ကျီဖေးသည် ထိုကောင်မလေးအားကြည့်ကာ ဆွဲထိုးချင်စိတ်ကိုမနည်းသည်းခံထားခဲ့ရသည်။

“အေးပါ၊ အေးပါ လာပြန်ပြီနောက်တစ်ယောက် သူ့အမှားကိုသူများအမှားဆိုပြီး ခွေးလိုမျိုးလူတကာပတ်ဟောင်နေတဲ့နောက်ထပ်မိန်းမတစ်ယောက်၊ ဟုတ်ပါတယ် ငါတို့ကပဲ နင့်ကိုနားလည်မှုလွဲတယ်ပဲထားလိုက်ပါတော့၊ ဟောဒီက မေ့မေ့စိတ်ထဲ မတရားသလိုများခံစားနေရသေးလား ? ဟမ်”

ယုရှင်းသည် ကျီဖေးလိုနှုတ်သွက်သမားတစ်ယောက်နဲ့စကားပြိုင်မပြောနိုင်ပေ။

“ရှင် မယုံရင် ချင်ဟန့်ကို ဖုန်းဆက်ပြီးမေးကြည့်လို့ရတယ်”

ထိုသို့ပြောချိန်တွင် ယုရှင်း၏မျက်လုံးများသည် ယုံကြည်ချက်များပြည့်နှက်နေခဲ့သည်။ ဘာလို့လဲဆိုတော့ သူ သိတယ်လေ

ချင်ဟန် သူ့ကိုကာကွယ်ပေးမယ်ဆိုတာကိုပေါ့..

ထိုအရာကို ကျီဖေးလည်းရိပ်မိလိုက်သည်။

“ ဒါပေါ့ ဒါပေါ့၊ သေချာပေါက်သူနဲ့ပြောရမှာပေါ့”

[စိတ်ဝင်စားစရာပဲဟမ် ဘာတွေကများ ယုရှင်းဆိုတဲ့မိန်းမကိုချက်ချင်းလက်ငင်းယုံကြည်မှုအပြည့်ဖြစ်သွားစေတာပါလိမ့်။ ချင်ဟန် စုကျာ ယုရှင်း သူတို့သုံးယောက်ပက်သက်မှုက ရိုးကောရိုးရဲ့လား ? အဓိကက ချင်ဟန်နဲ့ ယုရှင်းပြောတော့ ညီမလေးတဲ့ ညီမလေးဆက်ဆံရေးထက်ပိုနေခဲ့ရင် အမ်း တကယ်ပွဲကြီးပွဲကောင်းပဲ မိန်းမပျက်ကိုသဘောကျနေကြတဲ့အောက်တန်စားနှစ်ကောင်ဘာဆက်ဖြစ်မလဲကြည့်တာပေါ့”

ခုနကိစ္စကို အကြမ်းဖျင်းကြားပြီးနောက် ချင်ဟန်နဲ့ယုရှင်းတို့ကြားကဆက်ဆံရေးကမရိုရှင်းဘူးဆိုသည်အား ချင်ရုန်ကော ချင်ကျောက်ကော ခန့်မှန်းမိခဲ့ကြသည် ဒါ့ပြင်ခုနကလည်းစုကျားနဲ့မဖွယ်မရာလုပ်နေသေးသည်။

အဲ့မိန်းမက နှစ်ယောက်လုံးနဲ့ကစားနေတာပေါ့လေ အိပ်ရာပေါ်ထိတောင် ရောက်ခဲ့သေးလားဆိုတာ ဘယ်သူမှပြောလို့မရဘူး အောက်တန်းကျချက်။

ခုနက လေကြီးလေကျယ်ဟစ်ခဲ့သော ကောင်မလေးသည်လည်းဆွံ့အသွားသကဲ့သို့ ဘာမှဆက်မပြောနိုင်တော့ချေ။

သူရုတ်တရက်ထရယ်လိုက်ပြီး အရူးကဲသို့စုကျားဆီသို့ပြေးသွားကာ သူ့၏ကော်လံအားဆွဲ၍

“ နင်ငါ့ကိုလိမ်ခဲ့တာပဲ အကုန်အလိမ်အညာတွေပဲ ငါ့ကိုအသုံးချရတာတော်တော်ပျော်နေတယ်ပေါ့လေဟုတ်လား”

တစ်ခါမှထိုကဲ့သို့ စော်ကားခြင်းမခံရဖူးသော စုကျားသည် သူ့အားဖြင့် ထိုမိန်းမအားဆွဲကာအရှိန်ဖြင့်တွန်းထုတ်ပစ်ခဲ့သည်။

“ မင်းကကော ဘာတွေလာစွပ်စွဲနေတာလဲ သက်သေမရှိပဲ ဒါတွေအကုန်လုံးနားလည်မှုလွဲနေတာ ဒီမှာရှိတဲ့လူတိုင်းကနားလည်မှုလွဲနေတာ”

စုကျားသည်လည်း အဆုံးထိဆက်တိုက်ငြင်းဆိုနေခဲ့သည်။ သူသည်အသိစိတ်ရှိသေးသည်ဖြစ်ရာ လုံးဝဝန်ခံမည်မဟုတ်ပေ။

သို့သော်ထိုအတန်းဖော်ကောင်မလေးသည်စိတ်ဖောက်ပြန်နေသကဲ့သို့ရယ်ကာ စုကျားအားလက်ညိုးငှေါက်ငှေါက်ထိုး၍ ပြောခဲ့သည်။

“ဘာကိုအထင်လွဲတာ ကျွန်မကို ငတုံးမ များထင်နေတာလား ရှင်တစ်ယောက်တည်းညဏ်အရမ်းကောင်းနေတယ်ထင်ရင် မှားသွားမယ်နော်။ ပြောစမ်းပါ ရှင် ချင်ကျားရှီကိုပိုးပန်တာဝန် ခံတာတွေအကုန်လုံးကရှင့်ရဲ့ ပေါ်တင်ရှိုးမဟုတ်ဘူးလားဆိုတာ ဝန်ခံလိုက်စမ်းပါ သူရဲဘောင်ကြောင်နေတဲ့အကောင်ရဲ့ နင်က ကျားရှီကို ဒိုင်းကာအဖြစ်သုံးပြီး နောက်ကွယ်မှာ နင့်ဘေးနားကအဲ့မိန်းမနဲ့ပလူးပြီး အိပ်ရာထဲမှာထိသာယာနေတာမဟုတ်လားဟမ် အကြောင်းပြချက်က အဲ့ကောင်မက တကယ့်ညီမ မဟုတ်ပါဘူးဆိုတာကိုဖော်ထုတ်ခံရမှာကြောက်လို့ နင်အကြံနဲ့ ချင်ကျားရှီကိုပိုးပန်းထားတာမလား အောက်တန်းစားရဲ့အဲ့တာဆို နင် ဂဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်သလိုပဲလေတရားဝင်သမီးကိုလည်းရမယ် ဒီမှာ မယားငယ်မနဲ့လည်း တိတ်တိတ်ပုန်းအိပ်လို့ရမယ်လေ မဟုတ်ဘူးလား ? ဟမ် ပါးစပ်ပါရင် ပြောစမ်းပါဦး အောက်တန်းစားရဲ့အကောင်ရဲ့”

All Chapters