အခန်း (၃၆၂)
Vol. 37 Ch. 362
ထိုသည်မှာ သူမ ခံစားချက်များနှင့် မထိုက်တန်ဟုဆိုခြင်းထက် သူမနှစ်ပေါင်းများစွာ နှစ်သက်ခဲ့သော အမျိုးသားသည် အလွန်ရွံစရာကောင်းကာ အရှက်မရှိသည့်သူဖြစ်သည့်အပြင် သူ့အား ကြည့်လိုက်သည်နှင့် ယင်ကောင်တစ်ကောင်ကို မျိုချမိသကဲ့သို့ အန်ချင်စရာကောင်းသည်။ ထိုသည်ထက် ဆိုးသည်မှာ သူချစ်သည့် မိန်းကလေးအားကာကွယ်ဖို့ အပြစ်ကင်းသည့် မိန်းကလေးကိုပစ်မှတ်ထားခြင်းပင်။ ထိုလုပ်ရက်ကို သူ မခံမရပ်နိုင်ဖြစ်မိသည်။
အတန်းဖော်မိန်းကလေးသည် ၎င်းတို့ နှစ်ယောက်ကိုလက်ညှိုး ငေါက်ငေါက်ထိုးကာ
"နင်က နင့်ဟာမ မထိခိုက်အောင် ချင်ကျားရှီဆီကိုလွှဲချတယ်ပေါ့၊ နင့်မှာ နှလုံးသားရောရှိသေးရဲ့လား စုကျာ! နင် ဘယ်လိုတောင်လုပ်ရက်တာလဲ၊ ချင်ဟန်က လူတိုင်းကိုလိမ်ခဲ့တယ်ဆိုတာ နင် သိတယ်၊ လူတိုင်းကို သူတို့နှစ်ယောက်ရဲ့အချက်အ လက်တွေကို နားလည်မှုလွဲအောင်လုပ်ထားပေမယ့် နင်ကတော့မသိချင်ယောင်ဆောင်နေတယ်! ငါတို့ ချင်ကျားချီ ဘ၀ကြီးတစ်ခုလုံးကို ဖျက်စီးပစ်လိုက်မှာ နင်မကြောက်ဘူးလား?"
ထိုသို့လုပ်ရခြင်းမှာ စုကျာသည် ယုရှင်းနှင့် လူသိရှင်ကြားမတွဲချင်သဖြင့် ချင်ကျားချီကဲ့သို့ အထက်တန်းလွှာ မမလေးအား ဒိုင်းကာအဖြစ်သုံးသည်အထိ သူသည် ရွံရှာဖွယ်ကောင်းလွန်းလှသည်။
သို့သော် ချင်ဟန်၏နည်းပရိယာယ်များကြောင့် မိန်းကလေးနှစ်ဦးအဆင့်အတန်းမှာ လူတိုင်းအမြင်တွင်ပြောင်းပြန်ဖြစ်နေ ခဲ့သည်။ သို့သော် စုကျာသည် ချင်ကျားရှီအားထည့်မတွက်ပဲ သူ့အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ဆဲပင်။ ထိုအပြု အမူသည် တိရစ္ဆာန်ထက်အသိဉာဏ်မဲ့လွန်းသည်။
ထိုအရာကိုကြားချိန် ချင်မိသားစုလည်း ဒေါသဖြစ်ကာထိတ် လန့်သွားသည်။
ထိုသည်မှာ အလွန်ခွဲခြားဆက်ဆံခံရခြင်းပင်။
စုကျာသည် သူ့လျှို့ဝှက်ချက် ဖော်ထုတ်ခံရမည်ဟု မမျှော်လင့်ထားပေ။ သူ့မျက်နှာသည် ရှက်ရွံမှုတလှည့် ဒေါသတလှည့်ကြောင့် နီမြန်းလာသည်။
"မင်း မဟုတ်တာတွေပြောနေတာပဲ၊ မင်းပါးစပ်ပိတ်ထားစမ်း!"
"စုကျာ... ငါတို့ကို ငတုံးတွေလို့ နင်ထင်နေလား"
အတန်းဖော်မိန်းကလေးသည် ကျယ်လောင်သောအသံဖြင့်
"နင်ထင်တာမှန်တယ်- ငါက နင်ချစ်တဲ့သူကို ဖျက်စီးပြစ်မယ်! နင့်သဘောအတိုင်းဆိုတော့ ယုရှင်းလည်း မစောင့်နိုင်တော့တဲ့ပုံပဲ၊ ငါနင့်ကို ထိလို့မရရင်တောင် ငါ့ကို ဒီလိုကစားရဲတဲ့အတွက် သူကတော့ ပြန်ပေးဆပ်ရလိမ့်မယ်!"
"မင်း..."
စုကျာ သူမ အသံကိုကြားချိန် ဒေါသတကြီးနှင့်သတိပေးသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
အဆုံးတွင် ချင်ကျားရှီသည် ထိတ်လန့်မှုနှင့် အံ့ဩမှုရောယှက်နေသောကြောင့် သူမ၏နူးညံ့သောအသံသည်တုန်ရီနေခဲ့သည်။
"ဘာလို့လဲ ? ကျွန်မ ဘာတွေများလုပ်ခဲ့လို့ ရှင် အခုလိုလုပ်ရတာလဲ?" ချင်ကျားရှီ မမေးပဲမမေးနိုင်တော့ချေ။
စုကျာသည် ချင်ကျားရှီ၏စကားကိုကြားသောအခါ ငြင်းချင်သော်လည်း သူဘာပြောရမှန်းမသိပေ။ အဆုံးတွင် သူ့ လျှို့။ဝှက်ချက်အားလုံးသည် ဖော်ထုတ်ခံလိုက်ရသည်။ သူ့ဘ၀တွင် တစ်ခါမှ ယခုလောက်အရှက်မကွဲဖူးပေ။ ဤအခြေအနေသည် သူ့အား ရူးသွပ်သွားအောင် အစွန်းအထိတွန်းပို့နေသည့်အလားပင်။
ထိုအချိန်တွင် ကျီဖေးသည် သူ့စိတ်ထဲတွင် တစ်ခုခုကိုခပ်ရေး ရေးလေးမှန်းဆမိသော်လည်း ဖရဲသီးမှာ ထိုမျှမကြီးသောကြောင့် သူလည်းအလုပ်ရှုပ်ခံပြီး ထပ်မကြည့်တော့ပဲ ချင်ကျားရှီ၏မေးခွန်းအတွက် သူ့ စိတ်ထဲတွေးနေသည့် အရိုးရှင်းဆုံးအဖြေကိုပြောလိုက်သည်။
"ဒါ ရယ်စရာတော့ကောင်းပေမယ့်၊ နင်က ချင်မိသားစုကမို့လို့ ဖြစ်နိုင်တယ်"
"စုမိသားစုက ချင်မိသားစုနဲ့ လက်ထပ်ဖို့ မဟာမိတ်ဖွဲ့ချင်တဲ့ အကြောင်းကြောင့်လား ?" ချင်ရီ ကြားဖြတ်ပြောလိုက်သည်။
ချင်ကျောက်သည် လှောင်ပြောင်သည့် အမူအရာဖြင့် "အိုး ငါသိပြီ၊ ကျောင်းကလူတွေက ဘယ်ဟာက ပုလဲအတုလဲ အစစ်လဲ မသိကြပေမယ့် ငါတို့အသိုင်းအဝိုင်းကတော့ ကောင်း ကောင်းသိတယ်လေ၊ ဒါကြောင့် သူက အစစ်နဲ့တွဲသလိုပုံစံကို သူ့မိသားစုကိုပြပြီး အတုနဲ့တွဲခုတ်နေတာပဲ၊ ဒီလိုမျိုး သူရဲ့အတုကို ကာကွယ်လာတာပေါ့"
ချင်ကျားရှီကို ရွေးချယ်ခြင်းသည် စုကျာ၏တစ်ခုတည်းသော ရွေးချယ်မှုဖြစ်ကောင်းဖြစ်နိုင်သော်လည်း ထိုအရာသည်ရက် စက်ပြီး နှလုံးသားမဲ့သည့် ဆုံးဖြတ်ချက်တစ်ခုဖြစ်နေဆဲပင်။
ထိုဆိုလျှင် သူသစ်တောထဲမှ ပြောခဲ့သည်စကားသည် အတုမှ အစစ်သို့ပြောင်းလာပြီး ရည်းစားလဲလှယ်ဖို့ စောင့်နေခြင်း ဖြစ်နိုင်သည်။ ထိုအချိန်သို့ရောက်လျှင် စုမိသားစုသည် ချင်မိသား စုတွင် မည်သူသည် အင်အားပိုကြီးသည်ကိုဆုံးဖြတ်ပေမည်။ ချင်ဟန်သာ ချင်တတိယမိသားစုကို ချုပ်ကိုင်နိုင်ပါက ယုရှင်းသည် ချင်ကျားရှီထက် သာလွန်သွားမည်ဖြစ်ပြီး အတုသည် အစစ်ထက်ပိုမိုတောက်ပလာမည်ဖြစ်သည်။
စုကျာသည် သူတို့ပြောလာသမျှစကားတိုင်းမှာ သူ့ ဂုဏ်သိက္ခာကို ထပ်ခါထပ်ခါစော်ကားနေသလို ခံစားရသည်။
လူတိုင်းသည် သူ့အား လှောင်ပြောင်နေကြသဖြင့် သူဆက်သည်းမခံနိုင်တော့ချေ။
"မင်း ဘာပဲ တွေးတွေး ငါ.... ငါက အပြစ်ကင်းတယ်ဆိုတာ ငါသိတယ်" စုကျာသည် တင်းမာစွာပြောလိုက်သည်။
"မင်း မယုံရင် လမ်းခွဲကြရအောင်"
ယုရှင်းသည် အတုဟုအခေါ်ခံရသဖြင့် မုန်းတီးစိတ်များတဖွားဖွားဖြစ်လာသည်။ သူမသည် စုကျာမှ သူ့ ဂုဏ်သိက္ခာအနည်း ငယ်အား ပြန်လည်ကယ်တင်ရန် တစ်စုံတစ်ရာ၀န်ခံလိမ့်မည်ဟု မမျှော်လင့်ခဲ့သော်လည်း အနည်းငယ်တော့စိတ်ပျက်မိသည်။ ယနေ့ အဖြစ်အပျက်များကို ၎င်းတို့ကိုသတိမထားမိသည့်အတွက် စုကျာသည် နောက်တစ်ခါအကွက်ထပ်ချမည်ကို သူ သိသည်။ သူတို့ ယခုအချိန်တွင်ခြေတစ်လှမ်းဆုတ်ပြီးမှသာ အစီအစဥ်ပြန်ချရပေမည်။
သို့သော် စုကျာ၏စကားများကိုကြားလိုက်ရချိန် ကျီဖေးနှင့် တခြားသူများ ရယ်မောလိုက်ကြသည်။
၎င်းတို့၏လှောင်ပြောင်မှုများဖြင့် ပြည့်နေသောရယ်မောသံသည် သူတို့မျက်နှာကိုဖြတ်ရိုက်လိုက်သလိုပင်။
စုကျာ လှည့်ထွက်သွားတော့မည့်အချိန် ချင်ကျားရှီ လှမ်းခေါ်လိုက်သည်။ "ခဏလေး"
ချင်ကျားရှီသည် သူ့အတွက် ခံစားချက် ရှိနေသေးသည်ဟုထင်ကာ စုကျာ၏နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားသည်။
သို့သော် သူလှည့်ကြည့်လိုက်ချိန် ပြင်းထန်သော ရိုက်ချက်တစ်ချက်သည် သူ့မျက်နှာပေါ်ကျရောက်လာသည်။
စုကျာ၏ခေါင်းသည် တစ်ဖက်သို့လွှဒသွားပြီး ထိတ်လန့်မှုများကြား ဒေါသတို့အစားထိုးလာခဲ့သည်။ သူ ပြန်လှည့်ကြည့်လိုက်ချိန် ပုံမှန်ဆိုလျှင် နူးညံ့သိမ်မွေ့သော ချင်ကျားရှီသည် သူမ၏ လက်တစ်ဖက်ကိုမြှောက်ကာ သူ့ဘေးတွင်ရပ်နေသော ယုရှင်းကိုလည်း ပါးရိုက်လိုက်သည်ကိုမြင်လိုက်ရသည်။
ယုရှင်းလည်း အံ့သြသွားသည်။ သူ ချင်ကျားရှီထံမှ အနိုင်ကျင့်ခံရသည်ဟုပြောတက်သော်လည်း ၎င်းသည် သူ့ ရှေ့တွင် ခေါင်းပင်မော့၍မလျှောက်ရဲချေ။
ချင်ကျားရှီ သူ့ကို ရိုက်သည်ဟုစွပ်စွဲခဲ့ဖူးသော်လည်း တကယ် တမ်းတွင် သူ့ အပေါ်ကို လက်ညှိုးတစ်ချောင်းပင် မတင်ဖူးပေ။
ချင်ကျားရှီ၏လုပ်ရပ်ကြောင့် စုကျာအံ့ဩနေသဖြင့် သူ မတုံ့ ပြန်နိုင်မီ သူမထံမှ ဒုတိယအကြိမ်ပါးရိုက်ခံလိုက်ရသည်။
ယုရှင်းသည်လည်း ပြန်ရိုက်မည်အပြု စုကျာမှာထပ်မံအရိုက်ခံလိုက်ရသဖြင့် သူ အေးခဲသွားပြီး ချင်ကျားရှီအား နောက်တစ်ကြိမ်ပါးရိုက်ရန် အခွင့်အရေးပေးသလိုဖြစ်သွားသည်။
ထိုပါးရိုက်သံ လေးချက်ကြောင့် စကားဝိုင်းများအားလုံးကို တိတ်ဆိတ်သွားစေသည်။
လူတိုင်းသည် ပုံမှန်ဆိုလျှင်ကြောက်တက်သော ချင်ကျားရှီကို ထိတ်လန့်စွာ စိုက်ကြည့်နေကြသည်။
ချင်ကျားရှီသည် ယခင်က ယခုလိုမျိုး တစ်ခါမှမလုပ်ဖူးသဖြင့် ပါးလေးချက်ရိုက်ပြီးသည်နှင့် မောပန်းသွားသည်။
ကျီဖေး ခေါင်းယမ်းလိုက်ပြီး "ကျစ်ကျစ် ဒီလောက်နဲ့ မလုံ လောက်ဘူးလေ!"
ချင်ကျားရှီသည် ပထမဆုံးပါးရိုက်ဖူးသဖြင့် သူ့မျက်လုံးထဲတွင် မျက်ရည်များ စီးကျလာမလိုဖြစ်သွားသော်ကလည်း အသက်ကိုပြင်းပြင်းရှုကာ သူမခံစားချက်များကို ထိန်းချုပ်လိုက်သည်။
"မင်း...မင်း ငါ့ကို ရိုက်ရဲတယ်!" စုကျာသည် အဆုံးတွင် တုန့်ပြန်နိုင်သွားသည်။
ယုရှင်းသည် ချင်ကျားရှီအား သတ်ဖြတ်ချင်လိုမှုများကိုဖုံး ကွယ်နိုင်ရန် သူ့ မျက်နှာကိုဖုံးထားသည်။
ချင်ကျားရှီ ပြန်ကြည့်ကာ "ရှင်တောင် ကျွန်မကို အခုလိုဆက် ဆံရဲသေးတာပဲ ရှင့်ကို ရိုက်တော့ရော ဘာဖြစ်လဲ?! ရှင် ကျွန်မကိုထပ်ပြီးအနိုင်ကျင့်ရဲရင် ကျွန်... ကျွန်မမှာ ရှိသမျှအရာအား လုံးကိုရင်းပြီး ပြန်လက်စားချေပြစ်မယ်!"
ချင်ကျားရှီသည် သူမ၏ဘ၀ကို ရင်းပြီး ပြန်လည်တိုက်ခိုက်ရန် တွေးမိခြင်းမှာ သူ့ထံ ကာကွယ်ပေးမည့်သူ မရှိသောကြောင့်ဖြစ်သည်။
"ငါတို့မေ့မေ့ ဘ၀ကြီးတစ်ခုလုံး စွန့်စားဖို့ထိမလိုပါဘူး"
ချင်ရီသည် အပြုံးလေးဖြင့် ရှေ့သို့လှမ်းလာသည်။ စုကျာမတုံ့ ပြန်နိုင်ခင် ချင်ရီသည် သူ့အား လက်သီးဖြင့်ထိုးလိုက်သည်။ ချင်ရီသည် ထိုးလိုက်သောကြောင့်နာကျင်သွားသော လက်ကို ခါရမ်းလိုက်ပြီး
"ချင်မိသားစုရဲ့မိန်းကလေးကို အနိုင်ကျင့်ရဲတယ်ဆိုတော့ ငါတို့ကို သေပြီလို့များထင်နေလား ?"
"ငါတို့ညီမက သူ့ဘာသာ ပြန်တိုက်ရမယ်ဆို သူ့အစ်ကိုတွေဖြစ်တဲ့ ငါတို့ကအမှိုက်တွေဖြစ်သွားမှာ မဟုတ်ဖူးလား"
ချင်ကျောက်လည်း ပြတ်သားစွာပြောလိုက်သည်။ သူသည် စုကျာပြန်သက်သာလာမည်ကို မစောင့်ဘဲ စုကျာ၏ဗိုက်ကို စောင့်ကန်ပစ်လိုက်သည်။
စုကျာသည် အနောက်သို့လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
သူသည် နာကျင်မှုကြောင့် ခေါင်းတောင်မထောင်နိုင်ခဲ့ချေ။ သူလှမ်းကြည့်လိုက်ရာ ချင်ညီအကိုနှစ်ယောက်သည် ချင်ကျားရှီရှေ့ မားမားမတ်မတ်ရပ်နေသည်ကိုတွေ့လိုက်ရသည်။
"မင်း ငါတို့ ညီမကို အနိုင်ကျင့်တာက ပါးရိုက်ချက်လေး နှစ်ချက်လောက်နဲ့ ပြီးသွားပြီလို့ ထင်နေတာလား ? ငါတို့က Y City ရဲ့ ချင်ကော်ပိုရေးရှင်းကပဲ၊ မင်းကို ရိုက်ဖို့နှစ်ကြိမ်လောက် ပြန်စဉ်းစားရမယ်လို့ ထင်နေတာလား ?"
၎င်းသည် ချင်ဟန်ကြောင့် ချင်မိသားစုမှမိန်းကလေးတစ်ဦးကို လွယ်လွယ်အနိုင်ကျင့်လို့ရမည်ဟုထင်မှားနေပုံရသည်။
သို့သော် စုကျာပြန်မတိုက်ရဲတော့ချေ။ သူ ချင်မိသားစုနှင့်ထိပ် တိုက်တွေ့ပါက သူ့မိဘများမှ သူ့အားစွန့်ပစ်လိုက်မည်ကို သူ တပ်အပ်သိသည်။