အခန်း (၃၆၃)
Vol. 37 Ch. 363
ယုရှင်းသည်လည်း ချင်ဟန်နှင့် သူ့အမေတို့၏တုန့်ပြန်မှုအရ ချင်မိသားစုသည် ချင်ကျားရှီကို ဤမျှအထိကာကွယ်ပေးလိမ့်မည်ဟု မမျှော်လင့်ထားချေ။
ယခုအချိန်တွင် ယုရှင်းသည် အခြေအနေမဟန်မှန်းသိသဖြင့် ထွက်သွားချင်နေမိသည်။
ချင်ကျောက်နှင့် ချင်ရီသည် အမျိုးသမီးများကို မရိုက်တက်သလို ချင်ရုန်သည်လည်း ရိုက်နှက်ခြင်းကိစ္စများကို မကျွမ်း ကျင်သော်လည်း ကျီဖေး၏ပါးရိုက်ခြင်းနည်းစနစ်မှာ နာမည်ကျော်ကြားသည်။ ထို့အပြင် သူမ လက်များပင်ယားယံနေပြီဖြစ်သည်။
သို့သော် ကျီဖေး ခြေလှမ်းမစရသေးခင် အတန်းဖော်မိန်က လေးသည် သူမ စကားအတိုင်းသက်သေပြခဲ့သည်။
ယုရှင်းသည် ပါးရိုက်ချက်ကြောင့် မြေပြင်ပေါ်သို့လဲကျသွားသည့်အပြင် ထပ်ခါထပ်ခါပါးရိုက်ခံနေရသည်။
ယုရှင်း၏ပါးပြင်များသည် သိသိသာသာဖောင်းကားလာသည်။
ယုရှင်းသည် အဆက်မပြတ်အော်ဟစ်နေပြီး ပြန်တိုက်ရန်ကြိုး စားသော်လည်း အဆုံးတွင် အရိုက်ခံရသည်မှာပိုဆိုးလာသည်။
ပုံမှန်ဆိုလျှင် တစ်စုံတစ်ယောက်သည် ဝင်ရောက်ကူညီမည်ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် လူတိုင်းသည် ရပ်ကြည့်ရုံသာကြည့်နေသည်။ သို့သော် ချင်ကျောက်သည် ၎င်းတို့၏တာဝန်ကို မှတ်မိနေသေးပြီး ရေကန်အတွင်းရှိ လူများကိုနှိုးဆော်လိုက်သည်။
"မင်းတို့လည်း အလိမ်ခံရတာပဲဆိုပြီးလွတ်ပြီလို့မထင်နဲ့၊ မင်းတို့ ငါ့ညီမကို အနိုင်ကျင့်ပြီးလက်ကောက်ကို ခိုးတဲ့ကိစ္စက မပြီးသေးဘူး၊ မြန်မြန်ရှာကြစမ်း!"
သူ့စကားကြောင့် ရေကန်အတွင်းရှိလူများသည် ပုတီးစေ့များကိုဆက်လက်ရှာကြသလို ပွဲကိုလည်းလှည့်ကြည့်ရသဖြင့် အလုပ်များလွန်းလှသည်။
၎င်းတို့ ပုတီးလုံးများကိုရှာပြီးသည်အထိ တစ်လုံးပျောက်နေဆဲပင်။ ၎င်းတို့သည် ရေမြောင်းထဲပြုတ်ကျသွားမည်ကို စိုးရိမ်နေကြသဖြင့် တယောက်ပြီး တယောက် စစ်ဆေးဖို့ဆင်းသွားကာတုန်လှုပ်ခြောက်ခြားမှုနှင့် စိုးရိမ်စိတ်တို့ကြောင့် မျက်ရည် ကျလုနီးနီးပင်။
၎င်းတို့နေရာသည် ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် လာရောက်ကြည့်ရှုသူများပိုမိုများပြားလာသည်။
ကျီဖေးနှင့် အခြားလူများသည် လူအုပ်ကြီး၏ဝိုင်းရံခံရမည်ကို မလိုလားကြပေ။ ၎င်းတို့ တတ်နိုင်သမျှ လုပ်ပြီးသဖြင့် ချင်ကျားရှီ အဝတ်အစားလဲနိုင်အောင် ပြန်သည်မှာအကောင်းဆုံးသာဖြစ်သည်။
ချင်ကျောက်သည် ပုတီးစေ့ကိုရှာတွေ့သလို ဟန်ဆောင်ကာ မထွက်ခွာမီ အနည်းငယ်ခြိမ်းခြောက်လိုက်သည်။
၎င်းတို့မသိသည်မှာ ၎င်းတို့ထွက်သွားပြီးသည်နှင့် စုကျာသည် ယုရှင်းအား ချက်ချင်းကယ်ခဲ့သည်။ အဆုံးတွင် သူမသည် သူ့ချစ်ရသူဖြစ်ပြီး သူမ နာကျင်နေသည်ကိုဆက်မကြည့်ရက်ပေ။ ထို့နောက် အနီးနားရှိ လူများအားသတိပေးလိုက်သည်။
“အကယ်၍ မင်းတို့ထဲက တစ်ယောက်ယောက်က ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကိုဖြန့်ရဲရင် နောက်မှ ငါ့အဆိုးမဆိုနဲ့"
ထိုအရာများကို အမှန်တကယ် ဖုံးကွယ်ထားနိုင်မည်မဟုတ်ပဲ အချိန်တစ်ခုသာကြာမည်ပင်။
သို့သော် စုကျာနှင့် ယုရှင်းတို့နှစ်ယောက်စလုံးသည် ထိုအရာကိုလျစ်လျှူရှုပြီး မည်သူမှမထုတ်ဖော်သ၍ လိမ်နိုင်သည်ဟု ယုံကြသည်။ အမှန်တွင် ချင်ဟန်သည် ချင်ကျားရှီအား သူ့ညီမဟူ၍ ကျောင်းတွင် ဘယ်တုန်းကမှဝန်မခံခဲ့ချေ။
အခြား သူများပြောသမျှကို ကောလဟာလဟုသာငြင်းပနိုင် သည်။
သို့သော် ၎င်းတို့၏အတွေးများသည် တုံးအလွန်းလှသည်။
ယုရှင်းအားရိုက်ခဲ့သော အတန်းဖော်မိန်းကလေးသည် ထိုသ တင်းကို မရရအောင်ဖြန့်မည်ဟု ဆုံးဖြတ်ထားပြီးဖြစ်သည်။
သူ့တွင် ခိုင်လုံသည့် အထောက်အထားမရှိသော်လည်း ခိုး ကြောင်ခိုးဝှက် ရိုက်ကူးထားသည့်သူများရှိစမြဲပင်။
အတန်းဖော်မိန်းကလေးသည် သူ့မျက်ရည်များကိုသုတ်ပြီးနောက် ဗီဒီယိုများကိုစတင်စုံစမ်းတော့သည်။ လူသိရှင်ကြား ချပြရန် လျှို့ဝှက်စွာ မှတ်တမ်းတင်ထားသူများသည် စုကျာကို ကြောက်ရွံ့လွန်းသော်လည်း ရောင်းချရန်ဆန္ဒရှိဆဲပင်။
ထို့ကြောင့် ဂုဏ်သိက္ခာပျက်ပြားစေနိုင်သည့် အရှုပ်တော်ပုံ သည် တက္ကသိုလ်၏သီးသန့်ဖိုရမ်တွင် ပေါ်ပေါက်လာတော့မည်ဖြစ်သည်။
အတန်းဖော်မိန်းကလေးသည် ဤဖြစ်ရပ်တွင် ပါဝင်လာသောသူများသည် သာမာန်လူများမဟုတ်သည်ကို သိသည့်အပြင် သူ့ကိုယ် သူလည်း အရှက်မရစေချင်သောကြောင့် ၎င်းတို့နှစ်ဦးကြား၏ဆက်ဆံရေးကို ထုတ်ဖော်ပြသသည့် အပိုင်းသာတင်ထားပြီး ချင်ဟန့်ညီမအတုအကြောင်နှင့် ကျီဖေးတို့ပုံရိပ်များသည်ဖုံးကွယ်ခံထားရသည်။
ထိုအချိန်တွင် တစ်ဖက်တွင်လည်း ယုရှင်းသည် အရာအားလုံးကို လူသိရှင်ကြားငြင်းဆိုရန် စုကျာနှင့် ဆွေးနွေးခဲ့ပြီးဖြစ် သည်။ ထို့နောက် သူ ကျောင်းတွင် မိန့်ခွန်းပြောရန်လာမည့် ချင်ဟန့်အားဖုန်းဆက်ပြီး သူမ အနိုင်ကျင့်ခံရသည့် အဖြစ်အ ပျက်ကို ငိုကြီးချက်မလှမ်းတိုင်တော့သည်။
ယုရှင်းသည် ချင်ကျားရှီအပေါ် အပြစ်ပုံချသည့်အချိန် အလွန်သဘာဝကျသည်။ ချင်ဟန်သည် ထိုဆွေမျိုးသားချင်းများကို မနှစ်သက်ကြောင်း သူ သတိပြုမိသဖြင့် ထိုလူများကိုလည်း စွပ်စွဲခဲ့သည်။ ထို့အပြင် သူ့အား မမွေးစားချင်သောကြောင့် တမင်အနိုင်ကျင့်သည်ဟုဆိုကာ သူမတွင်လည်း ခုခံရန်အင် အားမရှိဟုပြောလိုက်သည်။
ချင်ဟန်သည် ယုရှင်းမှာ သူမ၏ရောင်ကိုင်းနေသော မျက်နှာကိုရိုက်ထားသည့်ပုံများ ပို့လာသည့်အချိန် သူ ဒေါသအကြီးအ ကျယ်ထွက်သွားသည်။
ချင်ကျားရှီသည် သူ့ မိသားစုကိုဆန့်ကျင်ရန် အခြားဆွေမျိုးများအားကျောထောက်နောက်ခံယူသည်အထိ ရဲရင့်လွန်းသည်ဟု သူ ထင်ခဲ့သည်။ သူသည် အစ်ကိုကြီးဖြစ်သော်လည်း သူ့အားမလေးစားဘဲ အပြင်လူများနှင့်ပေါင်းဖက်နေသည်။
ချင်ဟန် ကျိန်ဆဲလိုက်ပြီး ချင်ကျားရှီကို ဖုန်းခေါ်ရန်ကြိုးစားသော်လည်း မည်သူမှမကိုင်ချေ။
တစ်ဖက်တွင် ကျီဖေးနှင့် ချင်ရီသည် ချင်ကျားရှီနှင့်အတူ မိန်းကလေး ရေချိုးခန်းသို့လိုက်သွားပြီး ချင်ကျောက်နှင့် ချင်ရုန်တို့သည် သူ့အတွက်အဝတ်အစားအချို့ကို ဝယ်ရန်အပြင်ထွက်သွားကြသည်။
ချင်ကျောက်နှင့် ချင်ရုန်တို့ အဝတ်အစားများနှင့်အတူပြန်လာသောအခါတွင် ချင်ရီ တတိယဦးလေးချင်အားဖုန်းဆက်ကာတိုင်တန်းနေသည်ကိုကြားလိုက်ရသည်။
ချင်ရီသည် မွေးချင်းများထဲတွင် အကြီးဆုံးဖြစ်သောကြောင့် ဤကိစ္စကို ဦးဆောင်ရန် သူ့တာဝန်ဟုခံစားမိသည်။
သူသည် တတိယဦးလေးကို ချင်ကျားရှီအား ချင်ဟန်နှင့် စုကျာတို့ လုပ်ဆောင်ခဲ့သမျှကို ပြန်ပြောရင်း ချင်ရီ၏လေသံသည် မယဉ်ကျေးနိုင်တော့ပေ။
“ဦးလေး... ကျွန်တော်တို့တောင် ဒီနေ့ အဲ့ဒီကို အမှတ်တမဲ့မရောက်သွားရင် ကျားရှီ ဘာဖြစ်သွားမလဲဆိုတာ ဘယ်သူသိမှာလဲ ? အစက ကျွန်တော် သူ့ပုံစံက နည်းနည်းလေးမူမမှန်ဘူးလို့ထင်ခဲ့တာ၊ အခုတော့ ဘာလို့လည်းဆိုတာ နားလည်သွားပြီ၊ သူ အခုလိုအနိုင်ကျင့်တာတွေခံနေရပေမဲ့ ဘယ်သူမှ သူမဘေးကနေမရပ်ပေးခဲ့လို့ပေါ့၊ အခုလိုပုံဖြစ်နေတာ မထူးဆန်းတော့ဘူး၊ တတိယဦးလေးက သူ့အစ်ကိုနဲ့ ရည်းစားကို အခုလိုပဲအနိုင် ကျင့်ခွင့်ပြုထားတာလား ? သူ ဘာမှမပြောရင် ဦးလေးလည်း ဘာမှဂရုမစိုက်ဘူးမလား ? ဦးလေးတို့ မိသားစုတစ်စုလုံးအ လုပ်များနေရင် ကျွန်တော်က Y city မှာ အသက်အကြီးဆုံးနဲ့ အလုပ်မရှိဆုံးအစ်ကိုကြီးဆိုတော့ ကျားရှီကို ဂရုစိုက်ပေးမဲ့ တာ၀န်ကို ကျွန်တော်ယူမယ်၊ ချင်ဟန် သူ့ကိုမမြင်ချင်ဘူးဆိုရင် သူ့ အစ်ကိုဘယ်တော့မှဖြစ်စရာမလိုတော့ဘူး။"
သူ့စကားများသည် တတိယဦးလေး၏မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။
ချင်ကျောက်နှင့် ချင်ရုန်တို့သည် ကျေနပ်စွာရယ်မောမိလိုက်သည်။
တတိယဦးလေးချင်သည် အပြောခံထိုက်သည်။ လူငယ်တစ်ယောက်ဆီမှ အပြစ်တင်ခံရခြင်းသည် ထိုမျှမပြင်းထန်ပေ။ သူ ပျိုးထောင်ခဲ့သည့်သားဖြစ်သူ၏ လုပ်ရက်များကိုကြည့်ပါက အမှန်တကယ်ခံရထိုက်သည်။
တတိယဦးလေးချင်သည် ချင်ဟန်မှာ ချင်ရှန့်၏ခြေရာအတိုင်း လိုက်နိုင်မည်ဟု မျှော်လင့်ခဲ့ဖူးသော်လည်း ယခုအခါ မဖြစ်နိုင်တော့ချေ။ ချင်ဟန်လုပ်ခဲ့သမျှကြောင့် ချင်ရှန့် အတိအလင်းမပြောလျှင်ပင် သူ့အား အပြင်လူအဖြစ်သတ်မှတ်လိုက်မည်ဖြစ် သည်။ ချင်ရှန့်သည် သူ့သားထက် အပြင်လူကိုသာ ပိုမျက်နှာ သာပေးလောက်သည်။
ချင်ကော်ပိုရေးရှင်း ဌာနခွဲရုံးရှိ အနားယူခန်းတွင်... လက်ရှိအချိန်သည်အနားယူချိန်ဖြစ်သည်။
ချင်ကျောက်မှလွဲ၍ ချင်မိသားစုဝင်များအားလုံးရောက်ရှိနေကြသည်။ တတိယဦးလေးချင်မှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးကတည်းက နေရာတစ်ခုလုံးအေးခဲနေခဲ့သည်။
ချင်ရီသည် အများနှင့်မတူပဲ အေးအေးဆေးဆေးနေတတ် သည်။ သို့ဖြစ်ရာ တိတ်ဆိတ်ငြိမ်သက်နေသော အခန်းထဲတွင် လူတိုင်းသည် ဖုန်းထဲမှစကားများကို ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။
ချင်ရှန့်သည် သူ့မိန်းမနှင့်ဆက်သွယ်ပြီးသဖြင့် အခြေအနေကို အကျဉ်းချုံးသိပြီးဖြစ်သည်။
ဤလူများသည် ချင်မိသားစုမှ မိန်းကလေးအားငတုံးတစ်ယောက်လို ဆက်ဆံလိမ့်မည်ဟု သူ မမျှော်လင့်ထားချေ။
သူ့မိန်းမ ပေးပို့ထားသည့် ဗီဒီယိုကို ကြည့်ကာ သူမပြောထားသည်မှာ "သူတို့ကို သင်ခန်းစာတစ်ခုခုတော့ပေးရမယ်၊ သူတို့က ကျားရှီကိုတစ်နှစ်ကျော်ကျော်လောက် အနိုင်ကျင့်ပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်စေခဲ့တယ်၊ ဒါကို လွယ်လွယ်နဲ့ ခွင့်မလွှတ်ပေးနိုင်ဘူး"
ချင်ရှန့်သည် တတိယဦးလေးချင်ကိုတစ်ချက်ကြည့်လိုက်သည်။ သူနံဘေးရှိ လေထုမှာနိမ့်ပါးနေပြီး သူ့မျက်နှာသည်ပို မည်းမှောင်လာသည်။
“စိတ်မပူပါနဲ့ တတိယဦးလေးနဲ့လွှဲထားလိုက်ပါ” သူ့မိန်းမကို ပြန်ပြောလိုက်သည်။
ကျီဖေး: "သူ လုပ်မှာမို့လို့လား"
ချင်ရှန့်: "လုပ်မှာပါ"
တတိယဦးလေးချင်သည် မုန်တိုင်းမစမှီ လေငြိမ်နေသကဲ့သို့ပင်။ သူ ဒေါသဖြစ်နေသည်မှာ ချင်ရီ သူ့အပေါ်မလေးစားလုပ်သောကြောင့်မဟုတ်ပဲ ထိတ်လန့်စရာ သတင်းကြောင့်ပင်။
ထိုကိစ္စသည် သူ့သားနှင့် ပတ်သက်နေသော်လည်း တတိယဦးလေးချင်သည် ချင်ရီကိုချက်ချင်းယုံလိုက်သည်။
ချင်ရီ တိုင်ကြားချက်ပြီးဆုံးပြီးနောက် တတိယဦးလေးချင်သည် ပထမဆုံးမေးခွန်းမေးလာသည်။
"ကျားရှီ အခု ဘယ်လိုနေသေးလဲ"
ချင်ရီသည် "ကျီဖေးနဲ့ တခြားသူတွေ သူနဲ့အတူရှိနေကြတယ်၊ သူ့ကို နှိမ့်သိမ့်ပေးနေကြတာ၊ ကျားရှီ အခုတော့ အဆင်ပြေနေတဲ့ပုံပဲ၊ သူက ဒီဆက်ဆံရေးကိုပြတ်ပြတ်သားသား အဆုံး သတ်ဖို့ ရဲရဲရင့်ရင့်ရင်ဆိုင်ခဲ့တယ်။"
တတိယဦးလေးချင်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး "ဒီကိစ္စအတွက် အားလုံးကို ဦးလေးကျေးဇူးတင်ပါတယ်၊ ငါ အဖေတစ်ယောက်အနေနဲ့ သူ့ကို အခုလိုထပ်ပြီး မခံစားစေရဘူးလို့ အာမခံတယ်"