← Chapters

အခန်း (၃၆၄)

Vol. 37 Ch. 364

အခန်း (၃၆၄)

Vol. 37 Ch. 364

တတိယဦးလေးချင်သည် ချင်ကျားရှီမှာ သူ့ကိုမပြောခဲ့သဖြင့် မသိခဲ့ခြင်းဟုသည် ဆင်ခြင်လက်ခြေများဖြင့် အပြစ်ကင်းအောင် မကြိုးစားခဲ့ပေ။ သူသညိ ဖခင်တစ်ယောက်ဖြစ်သော ကြောင့် သူ့သမီး၏ ပုံမှန်မဟုတ်သောအပြုအမူကို သတိမထားမိဘဲ ထိုကိစ္စနှင့်ပတ်သက်၍ မေးမြန်းရန် အစပြုခဲ့ခြင်းမရှိခြင်းပဲ ပျက်ကွက်ခဲ့သည်ကိုနားလည်သည်။ ထို့ပြင် သူ့သားဖြစ်သူသည် သမီးဖြစ်သူအား အဓိကအနိုင်ကျင့်သူဖြစ်သဖြင့် ထိုသို့အပြုအမူများသည် သူ့အုပ်ထိန်းမှု ပျက်ကွက်ခဲ့ကြောင်း ထင်ရှားသောလက္ခဏာပင်။ သားဖြစ်သူသည် အမှားအမှန်ကို မခွဲခြားနိုင်လောက်အောင် ဆင်ခြင်တုံတရားမဲ့နေခဲ့ပြီး မိသားစုနှင့် အပြင်လူကိုပင် မရွေးတက်ချေ။

မူလတွင် သူသည် သမီးဖြစ်သူနှင့် စကားပြောချင်ခဲ့သော် လည်း ယခုအချိန်တွင် သူမ မည်သည့်ဖုန်းမှ မကိုင်သည်ကိုသိသဖြင့် ချင်ဟန်ကိုသာ ပြတ်ပြတ်သားသားခေါ်လိုက်သည်။

ဧည့်ခန်းထဲတွင် ချင်ဝမ်ရှန့်နှင့် စတုတ္ထဦးလေး ချင်မိသားစုတို့လည်းရှိနေသည်။ ၎င်းတို့သည် အကြည့်ချင်းဖလှယ်ကာ အတင်းပြောရန် စိတ်အားထက်သန်သော်လည်း အနှောင့်အ ယှက်ဖြစ်မည်ဆိုးသောကြောင့် ချီတုံချတုံ ဖြစ်နေသည်။

ခဏကြာတွင် ချင်ဟန် ဖုန်းကိုက်လာသည်။

“ပါး ကျွန်တော် အခုပဲ ပါးကို ဖုန်းဆက်‌မလို့ ”

ချင်ဟန်သည် တိုင်တန်းချင်သော်လည်း သူ့ဖခင်၏အေးစက်သောအသံကြောင့် ရပ်တန့်သွားသည်။

"ငါ မင်းကိုတစ်ခုလောက်မေးချင်တယ်၊ မင်း ကျားရှီရဲ့ကျောင်းမှာ သူ့ရဲ့မိသားစုကိုထုတ်ဖော်မပြောဖို့ ပြောခဲ့တာလား? ယုရှင်းကို မင်းရဲ့ညီမလို့ဝိုင်းပြောပြီး တက္ကသိုလ်ကလူတိုင်းကို အထင်မှားအောင်လုပ်ပြီး ကျားရှီကိုအနိုင်ကျင့်ခံခိုင်းနေတာလား၊ ဘာလဲ ? မင်းက ညီမအစားထိုးဖို့ကြိုးစားနေတာလား ? ငါ့ဆီက ခွင့်ပြုချက်တောင်းဖို့ကော တွေးရဲ့လား?"

ပုံမှန်အားဖြင့် တည်ငြိမ်တက်သော တတိယဦးလေးချင်သည် သူ့ကိုယ် သူ မထိန်းချုပ်နိုင်တော့ပေ။

သူ့အနားရှိ စတုတ္ထဦးလေးချင်သည် သူကလေးများကိုခပ်တိုးတိုးပြောလိုက်သည်။ “တတိယဦးလေး ဒီလောက်ဒေါသထွက်နေတာက တွေ့ရခဲတယ်”

လူတိုင်းလည်း အံ့အားသင့်စွာဖြင့် မျက်လုံးများပြူးကျယ်သွားကြသည်။

ချင်ဝမ်ရှန့်သည် သူ့တိတိအား အသေးစိတ်မမေးပဲမနေနိုင်တော့ချေ။ တစ်ချိန်တည်းတွင် ယခင်က ကျီဖေးနှင့် အခြားသူများနှင့် တွေ့ခဲ့သဖြင့် အဖွဲ့ချတ်တွင်ပါဝင်နေသည့် ချင်ရှောင်ယွီနှင့် ချင်ကျင်းတို့လည် ထိုအရည်ရွှမ်းလှသည့် ဖရဲသီးကြီးကိုမစူးစမ်းပဲမနေနိုင်တော့ချေ။ ချင်ကျောက်နှင့် ချင်ရုန်တို့လည်း အားလပ်နေသဖြင့် ချင်ဟန်လုပ်ခဲ့သော အရာများလုံးကိုလူတိုင်းနှင့်အပုတ်ချတော့သည်။

သို့သော် ချင်ဟန်သည်။ သူမှားသည်ဟု မထင်ခဲ့ပေ။ သူ့ဖခင်ဖြစ်သူနှင့် ရင်ဆိုင်ရသည့်အခါတောင် အပြစ်ရှိသည်ဟုမခံစားရဘဲ ဒေါသများပင်ပိုတိုးလာရသည်။

"ဘယ်လို ? သူက လူတစ်ယောက်ကို ထိခိုက်အောင်လုပ်ပြီးမှ အပြစ်ကင်းချင်ယောင်ဆောင်နေတာလား ? သူ့မှာ ယုရှင်းနဲ့ပုံစံတူ လက်ကောက်ရှိလို့ အတန်းဖော်တချို့က နားလည်မှုလွဲသွားပြီး သူ့ကို ပြဿနာရှာတာနဲ့ ယုရှင်းကို ပြန်အနိုင်ကျင့်ရလား ? ပါးပါး စဉ်းစားကြည့်ပါဦး၊ သူက အခုဆိုကြာပန်းဖြူ‌လိုလုပ်ပြီး တခြားသူတွေကိုအနိုင်ကျင့်လာပြီ၊ သူ့ကို ဘယ်မိသားစုလဲဆိုတာသိသွားကြရင် အခုထက်ပိုပြီးဆိုးလာနိုင်တယ်၊ သူ့ကို သေချာလေးဆုံးမပေးမှဖြစ်မယ်!"

ချင်ဟန်၏မျက်လုံးထဲတွင် ချင်ကျားရှီသည် ယုရှင်းကို အမြဲ တမ်းအနိုင်ကျင့်သူဖြစ်သည်။ သူနှင့်မားသာ သူ့ကို မထိန်းထားပါက ပိုဆိုးကောင်းဆိုးလာနိုင်သည်။

"သူ့ထုံးစံအတိုင်း အနိုင်ကျင့်ခံရတဲ့သူလိုမျိုးလုပ်နေတာကို သွားယုံလို့မရဘူး၊ ဒါတွေအားလုံးက ကျွန်တော်တို့ အပေါ်ယံမြင်တဲ့အရာပဲ၊ သူသာ အရင်မစရင် လူတော်တော်များများက သူ့ကို အနိုင်ကျင့်ဖို့လုပ်မလဲ၊ သူ့အစ်ကိုအနေနဲ့က သူ့ကို တားဖို့က ကျွန်တော့်တာဝန်ပဲ"

"ပြီးတော့ ယုရှင်း ကျွန်တော့်ညီမဆိုတာ ကျွန်တော်လက်ခံတာပဲ၊ ယုရှင်းက ကျွန်တော်တို့မိသားစုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာမဲ့သူ၊ ကျွန်တော် သူ့ကို ညီမလို့ပြောတော့ရော ဘာမှားလို့လဲ၊ အပြစ်တင်ချင်ရင် ယုရှင်းနဲ့ ခဏခဏယှဉ်တက်တဲ့ ကျားရှီကိုပဲတင်ရမှာ၊ ယုရှင်းက မိဘမဲ့တစ်ယောက်လေ သူ့ ဘ၀လေးက ခက်ခဲခဲ့ရှာတာ၊ ဒါကြောင့် ကျွန်တော် သူ့ကို နည်းနည်းလေးပိုဂရုစိုက်မိတာ ဘာဖြစ်လဲ၊ ကျားရှီရဲ့ မနာလိုမှုတွေက တကယ့်ပြဿနာပဲ!"

"မင်း ဘာတွေလျှောက်အော်နေတာလဲ ?! မင်းညီမ အနိုင်ကျင့်ခံရတဲ့အဓိကအကြောင်းအရင်းက စုကျာကြောင့်ဖြစ်ရတာမဟုတ်ဖူးလား ? ကျားရှီရဲ့မိသားစုကို မဖော်ပြသေးထားလို့ လူတွေက သူမကို ရှုံ့ချပြီး စုကျာနဲ့မထိုက်တန်ဘူးလို့ ထင်နေကြတာ၊ အဲ့ဒါကြောင့် သူတို့ သူ့ကိုအနိုင်ကျင့်နေတာ၊ ဒီကိစ္စရဲ့ မူလဇစ်မြစ်က မင်းပဲ သောက်ပိန်းကောင်ရဲ့"

ချင်ဟန်သည် ခဏတာအံ့အားသင့်သွားသည်။ သူ ဇာတ်လမ်း အပြည့်အစုံကို သူ ရှင်းရှင်းလင်းလင်းမသိသော်လည်း မယုံချင်သေးပေ။

"ပါး အဲ့တာကို တကယ်ကြီးထင်နေတာလား ? ဒီနေ့ ကျားရှီက ကြီးမားတဲ့ လုပ်ဇာတ်ကြီးတစ်ခုကိုဖန်တီးခဲ့ပြီး စုကျာ သူ့ဘက်ကမရပ်တည်လို့ လမ်းခွဲမယ်လို့တောင် ခြိမ်းခြောက်ခဲ့တယ်၊ သူက ယုရှင်းကိုလည်း ဒီပြဿနာကြီးထဲဆွဲခေါ်သွားခဲ့တာ၊ ကျွန်တော်က ယုရှင်းကို ဂရုစိုက်ပေးဖို့ စုကျာကိုတောင်းဆိုထားခဲ့တာ၊ ဒါပေမဲ့ သူကတော့ အဲ့အရှုပ်ကြားထဲ ညပ်သွားရတယ်၊ သူနဲ့မဆိုင်တာ အသိသာကြီးကို"

"မင်း!"

တတိယဦးလေးချင် သည် သားဖြစ်သူ၏ခေါင်းမာမှုကြောင့် ဒေါသအလွန်ထွက်သွားကာ အသက်ပင်မရှူနိုင်တော့ချေ။ စတုတ္ထဦးလေးချင်သည် လျင်မြန်စွာပြေးလာပြီး သူ့နောက် ကျောကို ပုတ်ပေးလိုက်သည်။

“မင်းက အပြင်လူကိုကြင်နာပေမဲ့ ကိုယ့်ညီမအရင်းကို ဘာလို့ဒီလောက်တောင် ရက်စက်ရတာလဲ” တတိယဦးလေးချင်သည် မမေးဘဲမနေနိုင်လိုက်ချေ။

သို့သော် ချင်ဟန်သည် ထိုမေးခွန်းကိုကမ္ဘာပေါ်တွင် သဘာဝအရှိဆုံးအရာတစ်ခုပမာ ပြန်ဖြေသည်။

"ကျွန်တော် ကျွန်တော့်ညီမကိုဆုံးမနေတာပဲ၊ ကျွန်တော်သာ မတင်းကြပ်ရင် သူ လမ်းမှားရောက်သွားနိုင်တယ်၊ ပြီးတော့ ယုရှင်းက အပြင်လူမဟုတ်ဘူး၊ ပါးနဲ့ ကျားရှီ ဘာပဲပြောပြော ကျွန်တော်နဲ့ မားက လက်ခံထားပြီးသားပဲ၊ ကျွန်တော်တို့ သူမကို သေချာပေါက်မွေးစားမှာ၊ ကျားရှီက တစ်ခြားမိသားစု၀င်တွေကိုသုံးပြီး ယုရှင်းကိုတားမယ်ဆိုရင်တောင် အလုပ်ဖြစ်မှာမဟုတ်ဘူး၊ ဘာလို့ဆို ကျွန်တော်တို့ သူ့ကိုမွေးစားမယ်လို့ဆုံး ဖြတ်ထားလို့ပဲ"

ယခင်တုန်းကဆိုလျှင် တတိယဦးလေးချင်သည် ချင်ဟန်ကို ထိန်းထားနိုင်ခဲ့သော်လည်း ဤရက်ပိုင်းတွင် ချင်ရှန့်နှင့် အချိန် ပိုကြာစွာနေခဲ့ပြီး သားဖြစ်သူကို လုံးဝလျစ်လျူရှုခဲ့မိသည်။ ချင်ဟန်သည် ထိုအပေါ်ကိုလည်း အခဲမကျေနိုင်ခြင်းဖြစ် သည်။ ယုရှင်း၏ကိုယ်ချင်းစာနာစိတ်နှင့် ပံ့ပိုးပေးသောစကားများကြောင့် သူ့ပါးသည် သူ့အားအမှန်တကယ်အလေးမထားတော့သည်ဟုယုံကြည်လာသည်။

"မင်း... အိမ်ပြန်လာခဲ့! ငါတို့ ဒါကို နောက်ကျဖြေရှင်းမယ်"

တတိယဦးလေးချင်သည် ချင်ဟန်နှင့် ငြင်းခုံခြင်းတွင်စိတ်ရှည် သည်းခံမှု အားလုံးဆုံးရှုံးသွားခဲ့သည်။ သူ့စကားကို နားထောင်ရန် ငြင်းဆန်သော သားတစ်ယောက်အတွက် ပိုပြင်းထန်သော စကားများကိုမသုံးချင်ပင်။

ထို့အပြင် သူ့ဇနီးသည်လည်း ပြဿနာ၏ အစိတ်အပိုင်းဖြစ်နိုင်သည်ဟု သံသယရှိသဖြင့် သူအိမ်ပြန်ရောက်သည်နှင့် ချက်ချင်းဖြေရှင်းမည်ဟု ဆုံးဖြတ်ခဲ့သည်။

သို့သော် ချင်ဟန်သည်တော့ တွေးတောနေဆဲပင်။ ယုရှင်းတွင် ကိစ္စများစွာ ဖြစ်ပျက်ခဲ့သဖြင့် ချင်ကျားရှီသာ သူမ၏ မိသားစုအကြောင်းကို ထုတ်ဖော်ချင်လျှင် သူ့ ခွင့်ပြုချက်ကိုမေးရန်လိုပေသည်။

"ကျွန်တော် ပါးနဲ့လည်း ငြင်းခုန်မနေချင်ဘူး၊ ပါးက ကျားရှီကို အရမ်း ဘက်လိုက်လွန်းတယ်၊ ပါး စိတ်အေးအေးထားပြီး သေချာစဉ်းစားဖို့ မျှော်လင့်တယ်၊ ကျားရှီကို ဒီလိုမျိုးဆက်လုပ်ဖို့ တကယ်ပဲခွင့်ပြုတော့မလို့လား ? ကျွန်တော်တို့ မိသားစုက အဲ့လောက်တုံးတဲ့ မိန်းက‌လေးကိုမလိုအပ်ဘူး၊ သူ့ကိုတွေးကြည့်တာနဲ့တင် ရှက်စရာကောင်းတယ်၊ ကျွန်တော် မပြောချင်တော့ဘူး၊ အခု ကျွန်တော် လုပ်စရာတွေရှိသေးတယ်၊ ညကျမှ အိမ်ပြန်လာဖြစ်မယ်"

ချင်ဟန်သည် ပုန်ကန်သောစကားများကိုပြောပြီးနောက် ဖုန်းချသွားသည်။ ယခုတစ်ကြိမ်တွင် တတိယဦးလေးချင်သည် အလွန်ဒေါသထွက်နေသဖြင့် အမြင်အာရုံများပင် မှုန်ဝါးလာကာ စတုတ္ထဦးလေးချင်သည် သူ၏သွေးပေါင်ကျဆေးကို အမြန်ယူပေးခဲ့သည်။

တတိယဦးလေးချင် မကျေမနပ်ဖြစ်ပုံရသည်။

"ဒီလိုသားကို ငါ ဘယ်လိုပြုစုပျိုးထောင်ခဲ့မိတာလဲ၊ သူဘာကြောင့် ဒီလိုဖြစ်နေရတာလဲ" သူ့ကိုယ် သူ ညည်းတွားမိသွားသည်။

"မင်းရဲ့သားကို မင်း မိန်းမပျိူးထောင်ခဲ့တာမဟုတ်ဖူးလား"

စတုတ္ထဦးလေးချင်လည်း ၀င်မပြောပြမနေနိုင်ချေ။ တတိယဦးလေးချင်၏ဇနီးကို သူဘယ်တုန်းကမှ သဘောမကျခဲ့ပေ။ တတိယအဒေါ်၏အတွင်းစိတ်သည် မကောင်းသဖြင့် တတိယဦးလေးချင်နှင့် မထိုက်တန်ဟု သူ့ဇနီး တစ်ခါကပြောဖူးသည်။ ၎င်းတို့၏အိမ်ထောင်ရေးသည် ရန်ပွဲများသာရှိနေလောက်မည်ဟု သူမ ပြောဖူးသည်။

ယခင်က သူ ထိုသည်ကိုသိပ်ဂရုမစိုက်မိသော်လည်း ယခုမူ ရှင်းရှင်းလင်းလင်းမြင်လာခဲ့သည်။

သားကောင်းတစ်ဦးသည် ထိုကဲ့သို့ ပုန်ကန်တက်သူဖြစ်လာပြီး သမီးကောင်းတစ်ဦးသည် နှိပ်စက်မှုများကိုခါးစည်းခံနေရသည်။

အမှန်တကယ် ကြေကွဲစရာပင်။

တတိယဦးလေးချင်သည် သူ့ခံစားချက်များကိ စိတ်ပျက်အားငယ်စွာမြိုချလိုက်သည်။ သူနောက်ကျလျှင် သူ့သားဖြင့် စရင်းရှင်းရမည်။ ယခုဝောာ့ သူ့တွင် အခြားဂရုစိုက်စရာရှိသည်။

သူသည် ချင်ရှန့်ဘက်လှည့်ပြီး "မကြာသေးခင်က စုမိသားစုက ငါတို့နဲ့ ပူးပေါင်းဖို့စိတ်ဝင်စားနေတယ်... ငါ့သမီးကို ဒီလိုမျိုး ဆက်ဆံခွင့်မပြုနိုင်ဘူး"

ချင်ရှန့်သဘ် မိသားစုခေါင်းဆောင်ဖြစ်သောကြောင့် သူ့ဆုံး ဖြတ်ချက်များသည် သိသာထင်ရှားစွာအရေးပိုကြီးသည်။ သူ လက်တုံ့ပြန်မည်ဆိုပါက အကျိုးဆက်များကြီးမားပေလိမ့် မည်။ ထို့ကြောင့် တတိယဦးလေးချင်သည် ၎င်းအား အသိပေးရန် လိုအပ်သည်ဟုခံစားရသည်။ ချင်ရှန့် သို့မဟုတ် အခြားသူ များသဘောမတူလျှင်တောင် သူ လုပ်ကိုလုပ်ရမည်။ မည်သို့ပင်ဖြစ်စေ သူ့သမီးအတွက် ရပ်တည်ဖို့ စိတ်ပိုင်းဖြတ်ထား သည်။ ထိုသောက်ကောင် စုကျာသည် သူ့သမီး၏ခံစားချက်များကိုကစားကာ အရုပ်တစ်ရုပ်လိုသဘောထားခဲ့သည်ကို သူလုံးဝလက်မခံနိုင်ချေ။

ဤတစ်ခါမှာတော့ သူ့သမီးကို အဆုံးထိကာကွယ်ပေးသွားမည်ပင်။

All Chapters