အခန်း (၃၆၇)
Vol. 37 Ch. 367
ခေါင်းစီးသည် ရိုးရှင်းသော်လည်း ပါဝင်သူနှစ်ဦး၏ရေပန်း စားမှုသည် မြင့်မားသောကြောင့် ချက်ချင်းရေပန်းစားသော ပို့စ်တစ်ခု ဖြစ်လာခဲ့သည်။
အထဲတွင် ရှင်းပြချက်မရှိပဲ ဗီဒီယိုတစ်ခုသာရှိသည်။
သူတို့ အစပိုင်းတွင် စိုးရိမ်မှုတချို့ရှိခဲ့သော်လည်း ဗီဒီယိုကို တခဏကြည့်ပြီးနောက် သူတို့ မျက်နှာများသည် ဝေဝေဝါးဝါးသာဖြစ်သောကြောင့် မည်သူမှန်း သိနိုင်မည်မဟုတ်ချေ။ သူတို့ လုပ်ရက်အတွက် တာ၀န်ယူနိုင်သော်လည်း အွန်လိုင်းပေါ်တွင် ကျော်ကြားသွားမည်ကိုတော့ မလိုချင်ပေ။
သူတို့ ဗီဒီယိုကို ပြန်ကြည့်သည့်အခါ ရယ်ချင်စရာမှာ ချင်ဟန်သည် မည်သည့်အရာမှ မအောင်မြင်မီကျရှုံးခဲ့သည်။
ခန်းမရှိ လူအများစုသည် ချင်ဟန်၏မိန့်ခွန်းကို ဂရုတစိုက် နားထောင်နေကြကာ ဖုန်းများကိုကြည့်မနေကြပေ။ သို့သော် ဤကဲ့သို့ သတင်းကြီးမှာထွက်လာသည့်အပြင် ချင်ဟန်သည်လည်း ၎င်းတို့ကျောင်းတွင် မိန့်ခွန်းပြောနေသည်ကို သိသဖြင့် သတင်းသည် လျင်မြန်စွာပျံ့နှံ့သွားမည်ဖြစ်သည်။
မှန်းဆထားသလိုပင်၊ ခန်းမထဲရှိကျောင်းသားများသည် သူတို့ ဖုန်းများကို စိုက်ကြည့်ရန်မှာသိပ်မကြာလိုက်ပေ။ ရံဖန်ရံခါ လူများသည် ဗီဒီယိုကိုတစ်ခါတည်းကြည့်နေသဖြင့် ဆူညံသံများပင်ရှိနေခဲ့သည်။
စင်ပေါ်တွင် စကားပြောနေသည့် ချင်ဟန်လည်း လူတချို့ ဖုန်းများကြည့်နေသည်ကိုသတိထားမိသည်။ သူ သိသိသာသာ ဒေါသထွက်ကာ မကျေနပ်မှုအားဖော်ပြရန် သင်ခန်းစာတစ်ခုပေးပြီး မိန့်ခွန်းကိုစောစောအဆုံးသတ်မည်ဟု စဉ်းစားနေခဲ့သည်။
သို့သော် တင်ဆက်သူသည် သူ့စကားကိုအမြန်အဆုံးသတ်ရန် ရုတ်တရက်အချက်ပြလာသည်။
ချင်ဟန်သည် ချက်ချင်းဆိုသလိုပဟေဠိဖြစ်သွားသည်။ ဒီကျောင်းကလူတွေက သူ့ကို ဘယ်လိုတောင် မလေးစားရတာလဲ...
သူလည်း အတော်စိတ်ပျက်နေသဖြင့် ရပ်လိုက်ဖို့ဆုံးဖြတ်ပြီး မိန့်ခွန်းကို အလျင်စလိုနိဂုံးချုပ်လိုက်သည်။ လက်ခုပ်သံများ ထွက်ပေါ်လာသောအခါ စစချင်းလောက် မမြိုင်ဆိုင်တော့ပဲ စိတ်အားထက်သန်သော တုံ့ပြန်မှုနှင့် ကွဲခြားသည်။ ထိုအရာသည် သူ့ဒေါသကိုဆွလိုက်သလိုပင်။
ချင်ကျားရှီသည် သူ့ပတ်ဝန်းကျင်ရှိ လူတိုင်း ဖုန်းများကိုကြည့်နေကြသည်ကို သတိပြုမိပြီး ရံဖန်ရံခါ သူ ရှိရာနေရာအားလှည့်ကြည့်လာသည်ကို ခံစားမိသည်။ ဟောပြောပွဲပြီးဆုံးသွားသည်ကို မည်သူမျှအာရုံမစိုက်ကြပေ။ သူ ထိုသို့သောအကြည့်များကိုအမြဲသတိထားတက်သဖြင့် အလွန်စိတ်မသက်မသာဖြစ်ခဲ့ရသည်။ သူ့ဘေးနားရှိ မိသားစုဝင်များကို ထိတ်လန့်စွာ ကြည့်လိုက်သည့်အခါ ၎င်းတို့လည်း ဖုန်းကိုမမှိတ်မသုန်စိုက်ကြည့်နေကြကြောင်းတွေ့လိုက်ရသည်။ သူ အနီးကပ်ကြည့်လိုက်ချိန် မျက်လုံးများ ပြူးကျယ်သွားပြီး ဖုန်းကိုအမြန်ထုတ်ကြည့်လိုက်သည်။ သူမြင်လိုက်ရသည့်အရာသည် သူ့အား ထိတ်လန့်သွားစေခဲ့သည်။
ထိုအချိန် ယုရှင်းသည် ပန်းစည်းများဖြင့် စင်မြင့်ဘေးတွင် စိတ်အားထက်သန်စွာစောင့်ဆိုင်းနေကာ တစ်စုံတစ်ရာ လွဲချော်နေမှန်းသတိမပြုမိလိုက်ချေ။ သူ ပွဲပြီးသည်နှင့် ချင်ဟန်အား ပန်းပေးရန် စင်မြင့်ပေါ်သို့ပြေးတက်သွားသည်။
ချင်ဟန်လည်း ယုရှင်းကိုမြင်ချိန် ဒေါသတစ်၀က်လောက် လျော့ကျသွားသည်။
သူ ပန်းကိုလက်ခံပြီးနောက် အမေးအဖြေကဏ္ဍကိုစတင်ရန် တင်ဆက်သူအား မျက်လုံးဖြင့်အချက်ပြလိုက်သည်။
သူ စင်ပေါ်မတက်ခင်တွင် ၎င်းတို့နှစ်ယောက်၏ဆက်ဆံရေးကိုပေါ့ပေါ့တန်တန်ပုံစံဖြင့် ချပြဖို့ တင်ဆက်သူနှင့် စီစဉ်ပြီးဖြစ်သည်။
သို့သော်တင်ဆက်သူသည် သူ့ကို အာရုံစိုက်မလာပေ။ သူသည် နားကြပ်မှတစ်ဆင့် ဂုဏ်သရေရှိဧည့်သည်လာမည့်အကြောင်းကိုလက်ခံရရှိထားသောကြောင့် ချင်ဟန်၏အပိုင်းကို အကျဉ်း ချုံးလုပ်ကာ နောက်တစ်ပိုင်းကို ဆက်သွားရန်လိုအပ်သည်။ သို့သော် သူ ထိုနောက်အပိုင်းကို မည်သို့ချောချောမွေ့မွေ့ ပြောင်းရမည်ကို မသိခြင်းပင်။
တင်ဆက်သူသည် ချင်ဟန်၏သိသာသော အချက်ပြချက်ကြောင့်သာ မဟုတ်ပါက မေ့လျော့နေမိမည်။
Host သည် ခေါင်းကိုလှည့်ကြည့်လိုက်သောအခါ ချင်ဟန်၏ မကျေနပ်သည့်အမူအရာနှင့် ယုရှင်း၏အဆင်မပြေသောအမူ အရာကို သတိပြုမိသွားသဖြင့် သူ့ကိုပေးအပ်ထားသောအလုပ် လေးကိုသတိရလိုက်သည်။ သူ မြန်မြန်ဆန်ဆန်ပင် သဘာ၀ ကျကျပြောလိုက်သည်။
"ဟမ်...? မင်းတို့နှစ်ယောက်က တော်တော်ရင်းနှီးတဲ့ပုံပဲ၊ သူက မင်းရဲ့ရည်းစားများလား ?"
ချင်ဟန်သည် ထိုစကားကိုကြားချိန်ပြုံးကာ ယုရှင်း၏ပုခုံးများကိုပွေ့ဖက်လိုက်ပြီး "လူတိုင်း နားလည်မှုမလွဲကြပါနဲ့၊ ယုရှင်းက ငါ့ ညီမလေ၊ ငါ့ရဲ့ တစ်ဦးတည်းသော အဖိုးတန်ညီမလေး၊ မင်းတို့အားလုံး သူ့ကိုကျောင်းမှာ ကောင်းကောင်းဂရုစိုက်ပေးကြမယ်လို့ မျှော်လင့်ပါတယ်"
ယုရှင်း ချက်ချင်း သက်ပြင်းချကာမတ်မတ်ရပ်လိုက်သည်။ အစောပိုင်းတွင် မည်သို့အရာဖြစ်ခဲ့ပါစေ ချင်ဟန်သာ သူမအား လူသိရှင်ကြားထုတ်ဖော်လာသရွေ့ ချင်ကျားရှီ၏ကြိုးစားအား ထုတ်မှုများသည် အချည်းနှီးဖြစ်မည်ဆိုတာ သူ သိသည်။ လူတိုင်း၏အမြင်တွင် ချင်ဟန်သည် သူမ အစ်ကိုအရင်းပင်။
သို့သော် သူတို့မျှော်လင့်ထားသလို လက်ခုပ်သံများထွက်ပေါ် လာခြင်းမရှိပေ။ ထိုအစား လူအုပ်ကြီးသည် သူတို့မျှော်လင့်ထားသည့်အရာနှင့် ဆန့်ကျင်စွာတီးတိုးပြောနေကြသည်။
"အရှက်မဲ့တဲ့ကောင်ပဲ၊ သူ့ခေါင်းမှာချီးတွေပဲရှိတယ်နဲ့တူတယ်" ကျီဖေး တိုးညှင်းစွာ မဆဲဆိုပဲမနေနိုင်လိုက်ပေ။
သူမနားတွင်ထိုင်နေသော ချင်ကျားရှီသည် အေးဆေးတည် ငြိမ်သော အမူအရာရှိသော်လည်း သူ့မျက်လုံးများအေးစက်နေသည်။ ထိုအရာကို သူ မျှော်လင့်ထားသော်လည်း သူ့ အစ် ကိုပါးစပ်ထဲမှ ယုရှင်းကိုသာအသိအမှတ်ပြုသည်ကိုကြား လိုက်ရချိန် သူ့ နှလုံးသားသည်နာကျင်ရဆဲပင်။
'အစ်ကို့ရဲ့ တစ်ဦးတည်းသော အဖိုးတန်ညီမလေး ? အစ်ကိုဘယ်လိုတောင်ပြောရက်တာလဲ' သူ တွေးလိုက်မိသည်။
"ငါ သူ့ကို တော်တော်ရွံလာပြီ"
"မင်းတို့နှစ်ယောက် မောင်နှမတွေမဖြစ်တာက သူ့အတွက် ဆုံးရှုံးမှုပဲ" ချင်ရီ ပြောလိုက်သည်။
ချင်ကျောက်လည်း ပြုံးကာ "ငါတို့ကလည်း သူ့ကို မိသားစုလို့ မသတ်မှတ်ဘူး"
ချင်ရုန် ခေါင်းညိတ် ထောက်ခံလိုက်သည်။
"ဟုတ်တယ်၊ နင်က ငါတို့ အသိအမှတ်ပြုတဲ့ တစ်ဦးတည်းသော ညီမပဲ"
ကျီဖေး တခစ်ခစ်ရယ်ကာ "စိတ်တိုမနေကြနဲ့၊ ဆက်ကြည့်ကြရအောင်"
စင်ပေါ်ရှိလူနှစ်ယောက်သည် တစ်ခုခုမူမမှန်သည်ကိုခံစားလိုက်ရသည်။
ထိုအချိန်တွင် တင်ဆက်သူသည် "စကားမစပ် ဒီနေ့ လူတိုင်းအတွက် အထူးအံ့အားသင့်စရာတစ်ခုရှိတယ်၊ ဒါက ငါတို့ဆီ အထူးဂုဏ်ထူးဆောင် ဧည့်သည်တော်တစ်ယောက်ရောက်လာလို့ပဲ၊ ကျေးဇူးပြုပြီး အားလုံးမူပဲ Qin International၊ Y City ဌာနခွဲရဲ့ လက်ရှိဥက္ကဌချင်ကို ကြိုဆိုလိုက်ကြရအောင်"
ခန်းမတစ်ခုလုံး ထိတ်လန့်သွားကြသည်။
"ဥက္ကဌချင်က ချင်ဟန်ရဲ့အဖေ မဟုတ်ဘူးလား၊ Y Cityထဲမှာ အချမ်းသာဆုံးလူလေ"
"ဒီနေ့ သားအဖနှစ်ယောက်လုံး ဘာလို့ အတူတူပေါ်လာတာလဲ"
"ချင်ဟန်နဲ့ ယုရှင်းတို့ရဲ့အံ့အားသင့်နေတဲ့ အမူအရာတွေကို ကြည့်ရင် သူတို့လည်း ဒီအကြောင်းကိုကြိုသိတဲ့ပုံမပေါ်ဘူး"
"ဟေ့ ဖိုရမ်မှာတင်ထားတာကို မြင်ပြီးကြပြီလား၊ ဒါက ဥက္ကဌချင်ပေါ်လာတာနဲ့ ဆက်စပ်နေတဲ့ပုံပဲ"
"ငါဘာလို့ အတင်းအဖျင်းကြီးတစ်ခုရဲ့အနံ့ကို ခံစားနေရတာလဲ"
"သခင်မလေးအစစ်နဲ့ သခင်မလေးအတုကိစ္စလား ?!!!! ဒီ ဒရာမာက ငါ့မျက်စိရှေ့မှာတင်ပေါ်လာတော့မှာလား"
"ရိုးရိုးသားသားပြောရရင် မျိုးရိုးကိုပဲ ကြည့်ဦး၊ ငါကတော့ ချင်ကျားရှီကိုပဲ ပိုယုံမိလိမ့်တယ်!"
"ပြီးတော့ ချင်ဟန်နဲ့ ယုရှင်းကိုကြည့်လိုက်၊ သူတို့က မောင်နှမနဲ့မတူဘူး"
"ဝှက်သယ်ဖက်! ဒီကိစ္စမှာ ယုရှင်းက စုကျာနဲ့ ရှင်းရှင်းလင်း လင်းကြီး ပတ်သတ်နေတာ!"
"အိုး ? Fuck! မင်းကတော့ တကယ်အကြီးကြီးကို ရှာတွေ့သွားတာပဲ!"
ကျီဖေးအံ့သြစွာဖြင့် မျက်ခုံးပင့်လိုက်သည်။ သူ့ မူလအစီအ စဉ်သည် ချင်ရှန့်အား စင်ပေါ်တက်ရန်ဖြစ်သော်လည်း သူ့အစား တတိယဦးလေးချင်ဖြစ်နေသည်။
ထိုသည်မှာ ပိုကောင်းသည်၊ သူ့ ငတုံးသားအား သူကိုယ်တိုင် သင်ခန်းစာပေးသင့်သည်။
သူ့အနားတွင် ထိုင်နေသော ချင်ကျားရှီလည်း လုံးဝအံ့အားသင့် သွားပြီး သူ ကြားနေရသည်မှာ အမှန်သလားဟုပင် သံသယဝင်လာမိသည်။
သူ အကျွမ်းတဝင်ရှိလှသော လူတစ်ယောက်သည် စင်မြင့်ပေါ်သို့ တက်လာသည်အထိ စိတ်နှင့်ကိုယ်မကပ်နိုင်သေးချေ။
အခြားချင်မိသားစုဝင်များသည် စိတ်လှုပ်ရှားစွာအော်ဟစ်မိမတက်ပင်။ ဒီအဖြစ်အပျက်က အရမ်းစိတ်လှုပ်ရှားစရာကောင်းလာပြီ။
အဆုံးတွင် သူတို့ဦးလေးသည် သူ့သားမှာ မည်သို့သောလူဖြစ်နေသည်ကို သူ ကိုယ်တိုင်မြင်ရမည်ပင်။
ချင်ဟန်၏အစောပိုင်းစကားများသည် ပြတ်သားစွာပြောရပါက ချင်မိသားစု၏မျိုးဆက်များကို မှားယွင်းစေကာ သခင်မလေးအတုနှင့် အစစ်ကိုလဲလှယ်ရန်ကြိုးပမ်းမှုဖြစ်သည်။
ချင်ဟန်သာအောင်မြင်ခဲ့ပါက ယုရှင်းသည် ချင်မိသားစုမှဖြစ် သည်ကို မည်သူမဆိုသိသွားကြမည်ဖြစ်ပြီး မိသားစု၏ဂုဏ် သိက္ခာကို ထိခိုက်စေနိုင်သည်။
၎င်းတို့ ချင်မိသားစုဝင်များဖြစ်သောကြောင့် မိသားစုဂုဏ်သိ က္ခာကို ထိန်းသိမ်းရမည့် တာဝန်ကိုထမ်းဆောင်ကြပေမည်။ ချင်ဟန်သည် ချင်မိသားစုဝင်တစ်ယောက်၏ အဆင့်အတန်းကိုမည်သူ့ကိုမဆို ပေးအပ်နိုင်မည်ဟုထင်ရအောင် တုံးအလွန်းသည်။ ထိုသည်မှာ ဟာသတစ်ခုပင်။
ထိုစဉ် ချင်ဟန်သည် သူ့ဖခင်ရှိရာသို့ တည်ငြိမ်သောအမူအရာဖြင့် လျှောက်သွားသော်လည်း အမှန်တွင် တုန်လှုပ်နေမိသည်။
သူသည် ငတုံးတစ်ကောင် မဟုတ်ချေ။ သူ့အဖေသည် သူပြောသမျှ အကုန်ကြားလိုက်သည်ဆိုတာသိသည်။ ထိုကိစ္စနှင့်ပတ် သက်၍ သူဖုန်းထဲမှ အဆူခံရပြီးဖြစ်သော်လည်း ရှေ့ဆက်တိုးမိဆဲပင်။ ထိုကိစ္စသည် သူ့ဖခင်၏ဒေါသကို ဆွမိမည်ကို သူသိသည်။
သို့သော် သူ့အဖေသည် ဒေါသထွက်သည့် အရိပ်အယောင်တွေ မပြခြင်းမှာ သူ့အားပိုစိုးရိမ်လာစေသည်။
ထိုတည်ငြိမ်မှုသည် မုန်တိုင်းမလာခင် လေပြည်တိုက်နေသလိုပင်။
သူ့အဖေသည် မိသားစု၏ပုံရိပ်အား ဦးစားပေးပြီး လူအများရှေ့တွင် သူတို့ကို အရှက်မခွဲစေဖို့သာ မျှော်လင့်မိသည်။ သူ့အဖေ သဘောမတူလျှင်တောင် သူသည် ယုရှင်းကို ကူညီပေးမည်ဖြစ်သည်။ အဆိုးဆုံးအရာမှာ သူ အိမ်ပြန်ရောက်သည်နှင့် ဆူပူခံရမည်လောက်ပင်။
တစ်ဖက်တွင် ယုရှင်းသည် ထိတ်လန့်စပြုလာသည်။ တတိယဦးလေးချင် ရှေ့တွင် သူ့သမီးကိစ္စအား ပေါ်တင်လိမ်ညာသည်ကို မိသွားခဲ့သည်။ ထိုအရာသည် သူမကို ချင်မိသားစုထဲဝင်ဖို့ ပိုခက်ခဲစေနိုင်သည်။ သူမ မည်သည့်အရာမှ မဖြစ်ခဲ့ဟန်ဖြင့် အပြုံးကို အနိုင်နိုင်ထိန်းထားရသည်။
သို့သော် တတိယဦးလေးချင် မိုက်ခရိုဖုန်းကိုယူလိုက်သည့်အချိန် အခြေအနေသည် ထိန်းမနိုင်သိမ်းမရဖြစ်သွားသည်။
မိုက်ခရိုဖုန်းကိုင်ထားသည့် တတိယဦးလေးချင်၏လက်များ သည် သူ၏တည်ငြိမ်သော ရုပ်ဖြင့်ခြားနားစွာ ဒေါသကြောင့် အနည်းငယ်တုန်သည်။
သူသည် ယုရှင်းဘက်ကိုလှည့်၍ "မိန်းကလေး မင်းက ဘယ်သူလဲ" သူ့စကားများသည် မိုးကြိုးတစ်စင်းအလား ခန်းမတစ်ခုလုံးကိုထိတ်လန့်သွားစေသည်။
လူတိုင်း၏ပါးစပ်ထဲရှိထိတ်လန့်တကြားအသံများသည် ခန်းမတစ်ခုလုံးကိုလွှမ်းခြုံသွားသည်။
ချင်ဟန်၏မျက်နှာသည် ထိတ်လန့်သွားပြီး "ပါး ဘာပြောတာလဲ ?" သူ အဖေဖြစ်သူကို ထိန်းလိုက်ရန် ကြိုးစားလိုက်သည်။
သို့သော် တတိယဦးလေးချင်သည် "ဘာလို့ မင်းက သူ့ကို မင်းညီမလို့ပြောတာလဲ၊ ငါ တောင် မသိလိုက်ရပါလား၊ ငါတို့ ချင်မိသားစုမှာ အဲ့လိုသမီးမျိုး ဘယ်အချိန်ကရှိနေတာလဲ ?"
လူတိုင်း၏မျက်လုံးများသည် ယုရှင်းထံ စုပုံကျလာသည်။ ထိုအကြည့်များသည် သူမအား လှောင်ပြောင်နေသလိုပင်။
သူ့မျက်လုံးများထဲမှ မျက်ရည်များစီးကျလာသည်။ ဤတစ်ကြိမ်တော့ မျက်ရည်များသည်အစစ်ပင်။