← Chapters

အခန်း (၃၆၈)

Vol. 37 Ch. 368

အခန်း (၃၆၈)

Vol. 37 Ch. 368

တင်ဆက်သူလည်း အံ့သြသွားသည်။ စကားတစ်ခွန်းတည်းဖြင့် ထိုသို့ အလှည့်အပြောင်းတွေ ကြီးကြီးမားမား ဖြစ်လာမည်ဟု မမျှော်လင့်ထားချေ။

ယုရှင်းက ချင်ဟန်ရဲ့ ညီမ မဟုတ်ဘူးလား? ဒါဆို ချင်ဟန်က ဘာလို့ သူ့ညီမပါလို့ ပြောရတာလဲ?

တင်ဆက်သူသည် ပြင်ဆင်မှုများဖြင့်သာ အလုပ်ရှုပ်နေသော ကြောင့် နောက်ဆုံးရ အတင်းအဖျင်းကိုလိုက်မမှီခဲ့ချေ။

ထိုအခိုက်အတန့်တွင် သူသည် အလိုလိုမေးမိလိုက်သည်။

“မစ္စတာချင်... ယုရှင်းရဲ့ မစ္စတာသမီး မဟုတ်ဘူးလား”

တတိယဦးလေးချင်လည်း လှောင်ရယ်လိုက်သည်။

"ဘာလဲ ? ငါက ငါ့သမီးကို အသိအမှတ်မပြုဘူးလို့ ထင်နေတာလား? ချင်ဟန် မင်း ပြောစမ်း၊ သူက ဘယ်သူလဲ၊ သူက မင်းရဲ့ တစ်ဦးတည်းသော အဖိုးတန်ညီမလေးလို့ ဘာလို့ ပြောရတာလဲ၊ မင်း ညီမက ဘယ်လိုပုံစံရှိလဲဆိုတာ မင်း မေ့သွားပြီလား၊ မင်း စိတ်ကျန်းမာရေးမကောင်းရင်လည်း စိတ်ရောဂါကုတဲ့ ဆရာဝန်နဲ့ ပြသင့်တယ်"

[ဖူးဖူး ဟားဟား၊ တတိယဦးလေးချင်က အဲ့လောက်ရက်စက်တဲ့သူလို့ ဘယ်သူထင်ထားမှာလဲ။]

ချင်ကျောက်နှင့် ချင်ရုန်တို့လည်း မရယ်ပဲမနေနိုင်ချေ။

ချင်ရီသည် ပြုံးကာ "ဟုတ်တယ်၊ စိတ်မမှန်တဲ့သူပဲ ဒါကိုလုပ်နိုင်မှာ"

ချင်ကျားရှီသည် မုန်တိုင်းများကြားတွင် သူမ၏ခေါင်းထက်သို့ ထီးတစ်ချောင်း အုပ်မိုးလိုက်သလို ခံစားလိုက်ရပြီး စင်ပေါ်ရှိ သူ့ဖခင်အား ကြောင်တောင်တောင်သာစိုက်ကြည့်နေမိသည်။

ချင်ဟန်သည် အံသြမှင်သက်နေသည်။ သူ ထိုအရာကို မယုံနိုင်စွာဖြစ်နေကာ စူးရှသော နာကျင်မှုတစ်ခုကိုခံစားလိုက်ရသည်။ "ပါး ?"

သူသည် ဖခင်ဖြစ်သူ စိတ်တိုမည်ဟု ခန့်မှန်းထားသော်လည်း သူ့အား လူအများအလည်တွင် အရှက်ရစေမည်ဟုမထင်ထားသဖြင့် ယခုအခြေအနေသည် သူ့ မျက်နှာကိုကြိမ်ဖန်များစွာ ဖြတ်ရိုက်လိုက်သလိုပင်။

ချင်ဟန်သည် ကျောင်းတွင်ဆိုပါက ထိပ်တန်းဘွဲ့ရတစ်ဦးဖြစ်ပြီး ငယ်ရွယ်သူများကြားတွင် ဒဏ္ဍာရီတစ်ခုအလား လူတစ်ယောက်ဖြစ်သဖြင့် သူ့ပင်ကိုယ်စိတ်သည် မာနအလွန်ကြီးသည်။

ယခုအခါ သူ့အဖေသည် သူ့အား စိတ်ရောဂါကုဆရာဝန်နှင့်ပြဖို့လို လိုကြောင်း သူ့ကိုလေးစားသူများ‌ရှေ့တွင်ပြောလာသည်။ ပါးပါးဘယ်လိုတောင် ပြောရက်လဲ သူ မသိ‌တော့ချေ။ ယခုလိုအခြေအနေကြောင်း အွန်လိုင်းပေါ်ရှိ သူ့ဂုဏ်သတင်းသည် မည်မျှပျက်နေမည်ကို စိတ်တောင်မကူးနိုင်တော့ပေ။

သူ့ပါးပါး ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ ? အခု သူဘယ်လိုလုပ်ရမလဲ..

"ပါး... ကျွန်တော့်ကို စနေတာတော်ပါတော့ ၊ ကျွန်တော့်ကို စိတ်မဆိုးပါနဲ့"

ချင်ဟန်သည် သူ၏ကွဲအက်နေသောမာနများကို တစ်စစီပြန်ကောက်ရန် အသည်းအသန်ကြိုးစားနေမိသည်။

"မင်းက ငါ့သားဖြစ်သလို ချင်ကော်ပိုရေးရှင်းရဲ့ဝန်ထမ်းတစ်ယောက်အနေနဲ့ နောက်ဆိုရင် မင်းရဲ့စကားတွေကို ပိုပြီးသတိ ထားနိုင်မယ်လို့ မျှော်လင့်တယ်၊ အခုလို အဓိပ္ပာယ်မရှိတဲ့စကားတွေ ထပ်မကြားချင်ဘူး" တတိယဦးလေးချင် ပြတ်သားစွာပြောလိုက်သည်။

ချင်ဟန်သည် ယိုင်လဲလုနီးပါးပင်။ ပါးပါးစကားများကြောင့် သူ ကုမ္ပဏီကို ဘယ်မျက်နှာဖြင့်စီမံခန့်ခွဲရတော့မလဲ ? အထက် တန်းလွှာအသိုင်းဝိုင်းထဲကိုရော ဘယ်မျက်နှာနဲ့ ပြန်၀င်ရမလဲ?

တစ်ချိန်တည်းမှာပင် ယုရှင်းသည် မတရားမှုခံနေရသူပမာ မျက်ရည်များစီးကျနေပြီဖြစ်သည်။

ယခုအချိန် သူမနှင့် ချင်ဟန်တို့နှစ်ယောက်လုံးလေထဲတွင် ပျောက်ကွယ်သွားစေရန်သာ ဆုတောင်းနေမိပြီး လူတိုင်းအတွက်ဟာသမဖြစ်ချင်တော့ပေ။

သို့သော် တတိယဦးလေးချင်သည်တော့ ထိုမျှဖြင့်မရပ်တန့်ပဲ သားဖြစ်သူကို အပြစ်တင်ပြီးနောက် ယုရှင်းဘက်လှည့်ကာ

"ငါ့သားနဲ့ မင်းရဲ့ဆက်ဆံရေးကို ငါ ဂရုမစိုက်ဘူး၊ ဒါပေမယ့် မိသားစုဆက်ဆံရေးကို အခုလို မှားအောင်ပြောတာကိုတော့ ငါလက်မခံနိုင်ဘူး၊ မင်းရဲ့အပြုအမူတွေကို ပြင်မယ်လို့မျှော်လင့်တယ်"

သူ့စကားများသည် ယုရှင်းကို ငရဲသို့ ချခံလိုက်ရသလိုပင်။ သူသည် သူမ ဂုဏ်သိက္ခာမှာစွပ်စွဲခံရသဖြင့် “ကျောင်းနတ်သမီး” ဆိုသည့်ပုံရိပ်အား မည်သို့ထိန်းသိမ်းရတော့မည်နည်း၊ လူတိုင်းသည် သူ့အား မထီမဲ့မြင်ပြုကြလိမ့်မည်။

ယုရှင်း မူးမေ့လဲသွားတော့မတက်ပင်။

၎င်းတို့သည် မကြာသေးမီကပင် အခက်အခဲများကို ဖြေရှင်းပြီးပြီဟု ထင်ကာ စိတ်အေးနေခဲ့သည်။ ယခုအခါ လူတိုင်းရှေ့မှောက်တွင် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ခံလိုက်ရသော ကြောင့် အရှက်တရားနှင့် လှောင်ပြောင်ခြင်းတို့ကို ခံစားလိုက်ရသည်။

ခန်းမထဲရှိ ညည်းညူသံများသည် ပိုကျယ်လာသည်။

အဆုံးတွင် တစ်စုံတစ်ယောက်သည် သတ္တိများကိုစု၍မေးလိုက်သည်။ "မစ္စတာချင်ရဲ့ သမီးအရင်းက ဘယ်သူလဲ"

တတိယဦးလေးချင်းသည်ပြုံးကာ ထိုအခွင့်အရေးကိုဆုပ် ကိုင်လိုက်ပြီး "တကယ်တော့ ဒီတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ငါ့ရဲ့အဖိုးတန်သမီးလေး တစ်ယောက်ရှိတယ်၊ သူ ဒီနေ့ ဒီကိုရောက်နေလောက်တယ်"

ခန်းမထဲတွင် စိတ်လှုပ်ရှားသံများထွက်လာသည်။

ပို့စ်များကို မြင်ဖူးသူများသည် ထိုအရာကိုသိကြပြီး မကြည့်ဖူးသူများသည် အမြန်ရှာလိုက်သည်။

ထို့နောက် တတိယဦးလေးချင်သည် "ကျားရှီ သမီး ဒီမှာရှိတယ်မလား၊ စင်ပေါ်တက်ပြီး ပါးပါး မိန့်ခွန်းပြောဖို့လာကူညီပေးပါဦး"

ချင်ကျားရှီ မတုံ့ပြန်မီ သူ့ဆွေမျိုးများသည် သူမကိုယ်စားစိတ်အားထက်သန်စွာ တုံ့ပြန်ခဲ့သည်။

"သူ ဒီမှာ! ဒီမှာ!"

ထို့အရာအားလုံးသည် ချင်ကျားရှီအတွက် အိပ်မက်တစ်ခုလို ခံစားနေသည်။ ခြေလှမ်း တစ်လှမ်းလှမ်းတိုင်း သူ ကောင်း ကင်များကြားလွင့်မျောနေသလိုပင်။

၀န်ထမ်းများသည် ချင်ဟန်နှင့် ယုရှင်းတို့ကိုစင်ပေါ်တွင်စောင့် ကြပ်ပေးထားကြသည်။

တတိယဦးလေးချင်သည် သူ့သမီးလေးကို စင်ပေါ် ခေါ်ဆောင်လာကာ သူ့မျက်နှာတစ်ခုလုံးသည် နွေးထွေးမှုနှင့် မေတ္တာများကြောင့်နူးညံ့နေလေသည်။

သူသည် ချင်ကျားရှီကို လေ့လာမှုများနှင့်ပတ်သက်သောမေး ခွန်းများကို မေးကာ သူတို့နှစ်ယောက် အပြည့်အဝပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

တတိယဦးလေးချင် မိန့်ခွန်းပြီးသောအခါတွင် ချင်ကျားရှီ၏ လက်ကိုဆွဲကာ သူ့ကိုဖက်ထားလိုက်သည်။

အဖေနှင့် သမီးတို့သည် ပရိသတ်များ၏လက်ခုပ်သံများကြား အတူတူရပ်နေကြသည်။ ထို့နောက် သူတို့သည်ကျောင်းခေါင်း ဆောင်များနှင့် ဓာတ်ပုံတွဲရိုက်ကြပြီး တတိယဦးလေးချင်က ပြောလိုက်သည်။

"ဒါ ငါ့သမီး ချင်ကျားရှီပါ၊ ကျေးဇူးပြုပြီး သူ့ကို စောင့်ရှောက်ပေးကြပါဦး"

ခေါင်းဆောင်များလည်း သူမအား စိတ်အားထက်သန်စွာနှုတ် ဆက်ကြပြီး ချင်ကျားရှီ၏အမည်နှင့် မျက်နှာကို သူတို့စိတ်ထဲတွင် မှတ်လိုက်ကြသည်။

ဟောပြောပွဲပြီးသွားသဖြင့် ကျောင်းသားများသည် ခန်းမဆောင်မှထွက်သွားကြပြီး အတင်းအဖျင်းစကားများသည် ကျောင်းဝင်းတစ်ခုလုံးကို ပဲ့တင်ထပ်လောက်အောင်ပျံ့နှံသွားသည်။

ယခင်က သံသယရှိစရာ ပို့စ်များသည် ချက်ချင်းပင် ယုံကြည်စရာဖြစ်သွားပြီး သံသယဖြစ်စရာအကြောင်းမရှိတော့ပေ။ ဤသို့ သက်သေအထောက်အထားများကြောင့် ငြင်းချင်လျှင်တောင် မငြင်း‌နိုင်တော့ပေ။

အဆုံးတွင် လူတိုင်းနီးပါးသည် ထိုဗီဒီယိုကိုချွင်းချက်မရှိယုံ ကြည်လာကြသည်။

ချင်ဟန်သည် သူ့ညီမအရင်းကို ငြင်းပယ်ပြီး အတုအယောင်ကိုသာကပ်တွယ်ကာ ကျောင်းတွင် သူ့ညီမအရင်းအနိုင်ကျင့်ခံရသည်ကိုလည်း ခွင့်ပြုထားခဲ့သည်။

စုကျာလည်း ထပ်တူထပ်မျှအလှောင်ခံရသည်။ သူသည်သခင် မလေးအတုနှင့် ကြိတ်တွဲနိုင်ရန် သခင်မလေးအစစ်အားလှည့် စားကာ သူမ စိတ်ခံစားချက်အားလုံးကို လျစ်လျှူရှုပြီး သူမအနိုင်ကျင့်ခံရသည်ကိုလည်း မသိကျွေးကျွန်ပြုကာဖာသိဖာသာနေခဲ့သည်။

ဒါပေါ့၊ လူတိုင်းက ဒီနောက်ကွယ်က တကယ့်ပြဿနာအရင်း အမြစ်ကြီး ယုရှင်းကိုလည်း မေ့နေတာမဟုတ်ဘူး...

ယုရှင်းသည် အရှက်မရှိ လှည့်စားသည့် ကြာပန်းဖြူဆိုသော နာမည်ဖြင့် ကျော်ကြားလာသည်။ သူသည် သခင်မလေးအတုဖြစ်ကြောင်းမငြင်းဆန်ရုံသာမက အစ်ကိုကြီးနှင့် ရည်းစားတို့ နှစ်ဦးလုံးကို လှည့်စားခဲ့သည်။ အဲ့တာတွေကို သူတို့ကန်းနေလို့ မမြင်ဘူးများထင်နေလား ?

အဆုံးတွင် အထိခိုက်ဆုံးသူသည် ယခုအခြေအနေမှန်တွင် သားကောင်ဖြစ်ခဲ့ရသူ ချင်ကျားရှီဖြစ်သည်။

လူများစွာသည် ထိုငယ်ရွယ်သော သခင်မလေးအား ကိုယ်ချင်းစာစိတ်ဖြစ်လာပြီး ကာကွယ်ချင်လာကြသည်။ အဆုံးတွင် ထိုမိန်းမငယ်လေးသည် အခွင့်ကောင်းယူခံခဲ့ရသည်မှာ ထင်ရှားသည်။ လူတိုင်းသည် ကျားရှီအား ကာကွယ်မှုနှင့် ဂရုစိုက်မှုများဖြင့်ထိုက်တန်သည်ဟုထင်ခဲ့ကြသည်။

ချင်ကျားရှီသည် သူပင်မသိလိုက်ပဲ ကာကွယ်ပေးမည့်သူများကိုတိတ်တဆိတ်ရရှိခဲ့သည်။

သို့သော် ယခုအချိန်တွင် ချင်ကျားရှီမှင်တက်နေဆဲပင်။

သူမ စင်နောက်သို့ရောက်သောအခါ အစ်ကိုဖြစ်သူ၏ ဒေါသတကြီးဆူပူသံများကို ကြားသည့်အခါမှ လက်တွေ့ဘ၀ကို ပြန်ရောက်လာခဲ့သည်။

"မင်းပဲ မလား? မင်း ပါးကို ဒီကိုလာခိုင်းတာလား? မင်းသေချာတွေးထားတာပဲ! ဒီမနက်မှာ မင်း ယုရှင်းကို အနိုင်ကျင့်ပြီး အခုတော့ ငါတို့နှစ်ယောက်လုံးကို အရှက်ရအောင်လုပ်တယ်၊ မင်းဘယ်လိုတောင် ဒီလို ရက်စက်—"

ချင်ဟန်သည် သူမဆီသို့ လက်ရွယ်လိုက်သည့်အခါ ချင်ကျားရှီသည် ရှောင်တိမ်းမည့်အစား သူ့ခေါင်းကိုသာ အလိုလိုအုပ်ကိုင်ထားပြီးအေးခဲနေသည်။

ထိုတုံ့ပြန်မှုသည် တတိယဦးလေးချင်၏ဒေါသကို ပိုတောက်လောင်စေသည်။

သူ၏ကန်ချက်ကြောင့် ချင်ဟန်လွင့်ထွက်သွားသည်။

"ကျေးဇူးကန်းတဲ့ကောင်စုတ်!"

All Chapters