← Chapters

အခန်း (၃၆၉)

Vol. 37 Ch. 369

အခန်း (၃၆၉)

Vol. 37 Ch. 369

ချင်ဟန်၏ လဲကျမှုကြောင့် စင်အနောက်တောင် တုန်ခါသွားပြီး သူလည်း နာကျင်အော်ဟစ်လိုက်သည်။ အနားတွင်ရပ်နေသော ယုရှင်းလည်း အံ့အားသင့်သွားခဲ့သည်။ ကျီဖေးနှင့် အခြားသူများသည် ချင်ရှန့်နှင့်အတူ အနောက်မှ ၀င်လာခဲ့ကြသည်။ ထူးဆန်းသည့်အရာမှာ ထိုအခြေအနေကို မည်သို့စွက် ဖက်ရန်၊ ကြား၀င်ရန် ရှေ့တိုးမလာခဲ့ပေ။ ထို့အပြင် ၎င်းတို့အား လုံးသည် ဒရာမာကို ကြည့်ကာကျေနပ်နေပုံရသည်။

စတုတ္ထဦးလေးချင်သည် သူ့လျှာကို သပ်လိုရ်ပြီး "တတိယဦးလေးချင်ကရက်စက်ပေမယ့် အခုလိုကိုယ်ထိလက်ရောက်လုပ်တာရှားတယ်၊ ကြည့်ရတာ ချင်ဟန် တော်တော်လွန်သွားပြီနဲ့တူတယ်"

“ဒီတစ်ခါတည်း မဟုတ်ဘူး” အမွှာများလည်း သူတို့အဖေ၏ စကားကိုအထွန့်တက်လိုက်ကြသည်။

ချင်ရှန့်သည် ကျီဖေးနှင့်အတူ ဘေးနားတွင်ရပ်နေပြီး သူမကို တတိယဦးလေးချင်၏ အစီအစဥ်များကို အတင်းပြန်ပြောနေသည်။ ကျီဖေးကျေနပ်စွာ နားထောင်နေခဲ့သည်။ ဒါက ဖြစ်သင့်တာပဲ၊ အမြဲတမ်း ကိုယ်ကိုယ်ကိုအရေးပေးတက်တဲ့ စုကျာကို သူ့ဆေးသူ မြည်းကြည့်ခိုင်းရတာပေါ့။

[ဟားဟား အခု စုကျာလည်း အရိုက်ခံနေပြီ၊ သူနဲ့ ချင်ဟန်တို့ရဲ့ ကံကြမ္မာတွေက ညီအစ်ကိုတွေလိုပဲ ဆက်ဆက်နေတာကို ]

တတိယဦးလေးချင်သည် ချင်ဟန်ကို အလွန်စိတ်ပျက်နေမိပြီး ဒေါသလည်း အလွန်ထွက်နေမိသည်။ သူသည် ရှေ့သို့လှမ်းလာပြီး အေးစက်စွာဖြင့်

"ဒါက အကိုကြီးတစ်ယောက်လို ပြုမူတာလား ? မင်းဘာတွေလုပ်နေတာလဲ၊ ဒီနေ့တော့ ငါတို့ဒါကို တစ်ခါတည်း ဖြေရှင်းရမယ်၊ မင်းဘာလုပ်ဖို့ ကြံနေတာလဲ ပြောစမ်း"

သူသည် မူလတွင် အိမ်တွင်သာ အေးအေးဆေးဆေးကိုင်တွယ် ရန် စီစဉ်ထားသော်ငြား သူ့သားဖြစ်သူ၏စကားများကြောင့် ဆက်သည်းမခံနိုင်တော့ပေ။

ချင်ဟန်သည် ဖခင်ဖြစ်သူထံမှ တစ်ခါမှအရိုက်မခံရဖူးသဖြင့် ကြောက်တက်စွာလှဲနေမိသည်။ ယုရှင်းသည် သူ့ကို ကူညီဖို့ အမြန်လာပြီး တတိယဦးလေးချင်ဘက်ကိုလှည့်လိုက်ကာ

"ဦးလေး ဒါက နားလည်မှုလွဲတာပါ၊ ချင်ဟန် ကျွန်မကို ညီမလေးလို့ပဲမြင်တာ၊ ကျွန်မတို့ ကျားရှီကိုအနိုင်ကျင့်တာ မဟုတ်ပါဘူး၊ သူဘာပြောလဲ ကျွန်မ မသိပါဘူး၊ ဒါပေမယ့် ဦးလေးကို ကျွန်မက အမြဲတမ်းအရမ်းလေးစားတဲ့သူပါထ ကျွန်မလို မိဘမရှိတဲ့ မိဘမဲ့တစ်ယောက်က ဦးလေးနဲ့ အန်တီကိုမြင်တော့..."

"ဒီမှာ မိန်းကလေး... ဒါက ငါ့မိသားစုကိစ္စပဲ၊ မင်းနဲ့ဘာမှမဆိုင်ဘူး၊ မင်းရဲ့ရည်ရွယ်ချက်တွေကို မင်းကိုယ်တိုင်ရှင်းရှင်းလင်း လင်းသိမှာပါ၊ မင်းလို ယုတ်မာတဲ့စိတ်ရှိတဲ့ မိန်းကလေးကို ချင်မိသားစုက ဘယ်တော့မှမွေးစားမှာမဟုတ်ဘူး၊ ပြီးတော့ ငါ့မှာ သမီးတစ်ယောက်ရှိနေပြီ၊ နောက်တစ်ယောက် ထပ်မလိုဘူး"

တတိယဦးလေးချင် အေးစက်စွာကြားဖြတ်ပြောလိုက်သည်။

ယုရှင်း၏မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားသည်။

"ပါး ဘယ်လိုတောင်ပြောရတာလဲ၊ ချင်ကျားရှီက တစ်ကိုယ် ကောင်းဆန်ပြီး မနာလိုစိတ်များတဲ့သူပဲ၊ မားနဲ့ကျွန်တော်က ယုရှင်းကို ကြင်နာပေးလို့ သူ ဒေါသထွက်နေတာ၊ ဒီလို စရိုက်မျိုးနဲ့လူမျိုးကို ပါးမို့ ဘက်လိုက်နေတယ်" ချင်ဟန် ပြန်ပြောလိုက်ပြီး ယုရှင်းကို သူ့ပါးပါးထံမှ ကာကွယ်လိုက်သည်။

[ချင်ဟန် ဘာဖြစ်နေတာလဲ၊ သူ့ တုံ့ပြန်မှုက ပုံသေကြီးလိုပဲ၊ သူက ဝေဖန်ခံရတာတောင် နှုတ်ဆိတ်နေပေမဲ့ သူ့ကိုထိလာရင် တစ်ခါတည်း ပြန်ကိုက်တာဟ၊ အိုး... ဒီလိုကိုး... သူက ငယ်ငယ်တည်းက ယုရှင်းကို ဘယ်လိုပဲဖြစ်ဖြစ် ကာကွယ်ရမယ်ဆိုတဲ့အသိကို တတိယအဒေါ်ကရိုက်သွင်းထားခဲ့ဝာပဲ၊ သူ ဒီလို ငတုံးတစ်ယောက်လို ရယ်စရာကောင်းနေ‌တာ မဆန်းတော့ပါဘူး၊ ချင်ဟန်ရဲ့မှတ်ဉာဏ်ထဲက ယုရှင်းဆိုတာစဉ်းစားတွေးခေါ်တတ်ပြီးစာနာတတ်တယ်၊ သူ့ညီမအရင်းက ထုံထိုင်းထိုင်းနဲ့ စိတ်၀င်စားမှုမရှိတဲ့သူပေါ့၊ ငါ မေးပါရဦး နင် ကျားရှီကိုစိတ် ဝင်စားတက်ဖို့ အခွင့်အရေးတောင်ပေးဖူးလို့လား?]

တတိယဦးလေးချင် တဟားဟားရယ်မိလိုက်သည်။

"မင်းမြင်တဲ့ ကျားရှီကို တစ်ကိုယ်ကောင်းဆန်ပြီး သနားကြင်နာတတ်မရှိဘူးပေါ့? မင်းကရော ဘာဖြစ်လို့လဲဆိုတာ မေးဖူးလား ? မင်း သူ့ကို စစ်မှန်တဲ့ကြင်နာမှုတွေနဲ့ ဆက်ဆံဖူးလား? မင်း သူ့ကို နွေးထွေးတဲ့အမူအရာပြဖူးလား? မင်းရဲ့လုပ်ရပ်ကို ပြန်စဉ်းစားပါ၊ မင်းက မင်းညီမထက် ယုရှင်းကို ပိုကောင်း ကောင်းဆက်ဆံတော့ ကျားရှီကို စိတ်မဆိုးတာ ထူးဆန်းလို့လား?"

"ပြီးတော့ မင်း စကားတွေကကို မဟုတ်သေးဘူး၊ မင်းပြောတဲ့စကားတွေက ဘယ်လောက်မှန်လဲ၊ မင်း မြင်နိုင်ဖို့ ဒီလောက်မျက်စိကန်းနေလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားဘူး၊ မင်း ဦးနှောက်က အပေါက်ဖြစ်နေတာလား? ငါရှင်းရှင်းပဲပြောမယ်၊ ယုရှင်းကို မွေးစားမဲ့အစီအစဉ်ကို ငါ ငြင်းတယ်၊ အခုချိန်ကစပြီး ငါတို့မိသားစုမှာ ဘယ်သူမှ ဒီမိန်းကလေးနဲ့ဆက်ဆံခွင့်မရှိဘူး"

ယုရှင်း ထိတ်လန့်သွားသလို ချင်ဟန်၏မျက်လုံးများလည်း ထိတ်လန့်စွာ ပြူးကျယ်သွားသည်။

"ကျားရှီနဲ့ ယုရှင်းကြားမှာ မင်း တစ်ခုပဲရွေးလို့ရတယ်၊ မင်း ကိုယ့်မိသားစုကို စွန့်လွှတ်ရတဲ့အထိ မရှုနိုင်မကယ်နိုင်ဖြစ်နေလားကြည့်ရအောင်။" တတိယဦးလေးချင် အေးစက်စွာပြောလိုက်သည်။

"ပါး ဘယ်လိုတောင် နှလုံးသားမဲ့ရတာလဲ၊ ပါး၊ မားနဲ့ ကျွန် တော်နေမကောင်းဖြစ်တုန်းက အချိန်ကို ပါး မမှတ်မိဘူးလား၊ ကျွန်တော်တို့အတွက် ဆေးရည်ချက်ဖို့ ယုရှင်း ဘယ်လောက်တောင် အားစိုက်ထုတ်ထားရလဲဆိုတာကိုလေ၊ သူ ကျွန်တော်တို့ကို နေ့တိုင်းဂရုစိုက်တယ်၊ ဒါပေမဲ့ ချင်ကျားရှီကတော့ စကားမပြောတက်တဲ့သူလိုမျိုး တိတ်ဆိတ်နေပြီး သူ့မိသားစုကို လုံးဝဂရုမစိုက်ဘူး၊ သူက ကျားရှီထက် ကျွန်တော်တို့ကိုပိုကောင်းကောင်းဆက်ဆံတယ်၊ ပါး ကျားရှီကို ဘက်လိုက်တာက သူက သမီးရင်းဖြစ်နေလို့လား ? သေချာမတွေးတဲ့သူက ပါးပဲ"

တတိယဦးလေးချင်သည် အလွန်ဒေါသထွက်သွားကာ နှလုံးပင်ဖောက်လုနီးပါးဖြစ်သွားသည်။ သူလည်း ဆေးဖက်ဝင်ဟင်းလျာများကို သတိရမိသည်။ ထိုအဖြစ်အပျက်ကြောင့် ယုရှင်းသည် သူ့ဇနီးနှင့်သားကို ပျော်ရွှင်စေသည်ဟုတွေးကာ အိမ်ခေါ်လာခွင့်ပေးခဲ့သည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းသည် ကျားရှီ၏ခံစားချက်များကို တဖြည်းဖြည်းလျစ်လျူရှုခဲ့ပုံရသည်။

သူသည် ယုရှင်း၏စစ်မှန်သော ရည်ရွယ်ချက်ကိုမမြင်နိုင်ဘဲ အမှန်တကယ်တုံးအမိခဲ့သည်။ သူသည် သူ့အဖိုးတန်သမီးအား အစားထိုးရန် တလျှောက်လုံးကြိုးစားခဲ့မိသည်။ ဆိုရိုးစကားအတိုင်း ကြင်နာတက်လွန်းပါက အခြားသူများ၏စိတ်ခံစားချက်ကိုလျစ်လျှူရှုမိတက်သည်။

သူသာ ထိုအချိန်ကိုပြန်ရောက်နိုင်ပါက ယုရှင်းကို လက်ဆောင်တစ်ခုခုပြန်ပေးလိုက်ခြင်းသည် ကောင်းမွန်သည့်ဆုံးဖြတ် ချက်တစ်ခုပင်။ ထိုသို့ဆိုလျှင် ယခုလိုအရှုပ်အထွေးကြီးလည်း ကြုံလာမည်မဟုတ်ချေ။

[ဆေးဖက်ဝင်ဟင်းလျာ၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါး..]

ကျီဖေး ထိုအရာကိုကြားလိုက်ချိန် ချင်ကျားရှီ၏ချီတုံချတုံအမူအရာကိုသတိပြုမိလိုက်ပြီး တစ်ခုခုလွဲနေသည်ကိုချက် ချင်းခံစားလိုက်ရသည်။

[တစ်ချက်ကြည့်လိုက်ရအောင်]

ချင်ဒုတိယမိသားစုလည်း ထိတ်လန့်သွားကာ နောက်လှည့် ကွက်တစ်ခုရှိမရှိကို တွေးတောနေခဲ့သည်။ ဒါပေမဲ့ ရှိခဲ့ရင် ကျားရှီက ဘာလို့ထုတ်မပြောရတာလဲ ? အခုတတိယဦးလေးချင်လည်း သူ့ဘေးမှာရှိနေပြီလေ၊ ဒါတောင် မလုံခြုံသေးဘူးလား?

လူတိုင်းသည် စူးစမ်းချင်စိတ်များ တိုးပွားလာချိန် ကျီဖေးလည်း အမှန်တရားကိုသိလိုက်ရသည်။

[သောက်ကျိုးနည်း! အဲ့အရှက်မရှိတဲ့ ယုရှင်းက ဒီလိုကိစ္စတွေကိုဘယ်လောက်တောင် အခွင့်အရေးယူခဲ့လဲဆိုတာ ဘယ်သူသိမှာလဲ၊ ကျားရှီက တရုတ်တိုင်းရင်း ဆေးဆရာတွေအများကြီးနဲ့ တိုင်ပင်ပြီး ဆေးဖက်ဝင်ချက်ပြုတ်နည်းကို တကယ် စုဆောင်းခဲ့တယ်၊ ဒါပေမဲ့ သူ စုဆောင်းထားတာကို ယုရှင်းက ခိုးကူးပြီး သူ လုပ်ထားသလိုမျိုးသွားပြတယ်လေ၊ ကျားရှီထင်တာက သူတို့နှစ်ယောက်စလုံး အချက်အလက်တွေစုဆောင်းပြီး ယုရှင်းက သူ့ထက်ခြေတစ်လှမ်းသာသွားတာလို့ထင်ခဲ့တာ၊ မိသားစုက ယုရှင်းကို အရမ်းချီးမွမ်းနေတော့ ကျားရှီက သူလုပ်ထားတာကိုပြဖို့ရှက်သွားပြီး မျက်နှာလိုမျက်နှာရလုပ်တယ်လို့ ထင်မှာဆိုးနေတာ၊ သူ ဘာမှမပြောလာတာက အဲ့ဆေးက သူ့ဆီက ခိုးကူးသွားတဲ့ဟာဆိုတာ သူ မသိလို့ပဲ]

ချင်ဒုတိယမိသားစုလည်း ဒေါသထွက်သွားသည်။ လူတစ်ယောက်သည် အဘယ့်ကြောင့် ထိုမျှရွံစရာကောင်းရသနည်း။

သူတစ်ပါး၏ကြိုးစားအားထုတ်မှုကို ခိုးယူခြင်းသည် လုံးဝ ဆိုးရွားသောအပြုအမှုပင်။

သူတို့ ဒီကိစ္စကို ဘယ်လိုထုတ်ဖော်ပေးရမလဲနော် ?

ချင်ရှန့်မျက်လုံးများသည် အကြိမ်အနည်းငယ် ၀င်းလက်သွားပြီး တင်းမာသော လေထုကို ရုတ်တရက်ဖြတ်တောက်လိုက်သည်။

"ဆေးဖက်ဝင်ဟင်းလျာတွေ ? သူတို့က တတိယဦးလေးချင်ရဲ့ အစာအိမ်ပြဿနာအတွက်လား ?"

တတိယဦးလေးချင်သည် ဒေါသဖြစ်နေရာမှ တခဏတာအံ့အားမိသွားသည်။ ချင်ရှန့်သည် သူတို့နှင့်အတူမနေခဲ့သဖြင့် သူ့အစာအိမ်ပြဿနာများကိုသိရန် သူ မမျှော်လင့်ထားပေ။ ထိုကိစ္စကြောင့် သူ ပိုသဘောတွေ့မိသွားသည်။

အခြားသူများလည်း ချင်ရှန့်ကိုအံ့သြစွာကြည့်နေကြသည်။

တတိယဦးလေးချင် ခေါင်းညိတ်ကာ "တကယ်တော့ ဆေးဖက် ဝင်ဟင်းလျာတွေက အရမ်းထိရောက်တယ်၊ သူတို့က ငါ့အစာ အိမ်ကို ကူညီပေးရုံတင်မကဘဲ ငါ့မိန်းမရဲ့အဖျားနဲ့ ချင်ဟန်ရဲ့ ခေါင်းကိုက်တာကိုလည်းသက်သာစေတယ်၊ ဒီကိစ္စကြောင့် ငါတို့အဲ့ကောင်မလေးကို အဖိုးအခပေးတဲ့အနေနဲ့ အိမ်ခေါ်လာခဲ့ကြတာ"

"ပါး နောက်နေတာလား ? ရိုးသားမှုကို ပိုက်ဆံနဲ့ ဝယ်လို့ရလို့လား" ချင်ဟန်ကပြန်ပြောလာသည်။

ချင်ရှန့် ရုတ်တရက် ယုရှင်းဘက်သို့လှည့်သွားကာ "ဒီဆေးဖက် ဝင် ဟင်းချက်နည်းတွေကိုရှာဖို့ မင်းအများကြီး အားထုတ်ခဲ့ရတာလား ?"

ယုရှင်းသည် သူမ မျက်လုံးထဲ မျက်ရည်များဝဲနေကာ မဝံ့မရဲ ခေါင်းညိတ်လိုက်သည်။ သူ ချင်ရှန့်ကို ရှက်ရွံ့စွာကြည့်လိုက်ပြီး ထိုငယ်ရွယ်သော မိသားစုခေါင်းဆောင်သည် ချင်ဟန်ထက်ပင်ချောမောသည်ကို တွေ့လိုက်ရချိန်အံ့အားသင့်မိသည်။ ထို့ကြောင့် သူ့ မျက်နှာခပ်ရဲရဲဖြစ်သွားသည်။

ကံမကောင်းစွာပင် ထိုလူတွင် အိမ်ထောင်ရှိပြီးသားဖြစ်ပြီး သူ့အမျိုးသမီးမှာ သူမ ထက်ပိုလှသည့် ဇနီးတစ်ယောက်ဖြစ် သည်။ ယခု မနက်အစောပိုင်း သူ ကြုံခဲ့ရသောအရှက်ရမှုကို သတိရကာ ယုရှင်းလည်း သူ့အာရုံနှင့်စာနာမှုကို ဆွဲဆောင်ရန် အလိုလိုသနားစရာကောင်းသော အမူအရာဖြင့်အစားထိုးလိုက်သည်။

"ငါလည်း အဲ့ဆေးကိုလိုအပ်နေပြီဆိုတော့ မင်း ဘာလို့ ငါ့ကိုနည်းနည်းလောက်မရွတ်ပြရမှာလဲ" ချင်ရှန့် တိုက်ရိုက်ပြောချလိုက်သည်။

ယုရှင်း အံ့အားသင့်သွားပြီး မည်သို့တုန့်ပြန်ရမှန်းမသိတော့ချေ။

All Chapters