အခန်း (၃၇၀)
Vol. 37 Ch. 370
ချင်ရှန့် ဂရုမစိုက်စွာပင် "ဘာလဲ? ရွတ်မပြနိုင်တော့ဘူးလား။ တစ်ရွက်စာလဲဖြစ်တယ်။ ဒါရဲ့တစ်ပိုဒ်စာလဲဖြစ်တယ်။ မင်းကိုယ်တိုင် ဝီရိယရှိရှိစုဆောင်းခဲ့တဲ့ဟာပဲလေ။”
ယုရှင်း စတင် ထိတ်လန့်စပြုလာသည်။
"ဒါမှမဟုတ်ရင်လည်း မင်း ဘယ်စာအုပ်ကရတာ၊ ဘယ်တရုတ်တိုင်းရင်းဆေးဆရာဆီကရတာလဲ ပြောပြပေးနိုင်မလား ?“ ချင်ရှန့်မညှာမတာဆက်ပြောသည်။
ထိုအချိန်တွင် ကျီဖေးနှင့် ချင်ဒုတိယမိသားစု ချင်ရှန့်၏ရည် ရွယ်ချက်အား လုံးလုံးနားလည်သွားခဲ့သည်။
ကျီဖေး ချင်ရှန့်၏လက်မောင်းအား မှီရင်း စိတ်လှုပ်ရှား၊ပျော်ရွှင်သွားသည်။
[Wow ငါ့ယောကျာ်းက အံ့သြစရာကောင်းလိုက်တာ။ အရမ်းချစ်သွားပြီ၊ သူ အရမ်းပါးနပ်တယ်။ ဒီလိမ်လည်မှုကို သေသေ ချာချာဖော်ထုတ်တော့မယ်။]
အခြားသူများအား ဂရုမစိုက်ဘဲ သူမိန်မအားအနားတိုးဖက်ကာ ချင်ရှင့်အပြုံးတစ်ခုပေါ်လာသည်။
သူ့ဇနီးနှင့်ဆို သက်တောင့်သက်သာဖြစ်ကာ သူအသံပင်၊ ပျင်းတိပျင်းရွဲဖြစ်လာသည်။
"ဘာလဲ ? ဘာမှ မပြောနိုင်တော့ဘူးလား၊ မင်း အဲဒါကိုသိပ်ကြိုးစားလုပ်ခဲ့ပုံလည်းမပါ်ပါလား။” ချင်ရှန့် ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
"မဟုတ်ဘူး ကျမ... ကျမ..." ယုရှင်း မိမိကိုယ်ကိုခုခံရန် အသည်းအသန်စဥ်းစားသည်။
"ဆေးပင်တစ်ပင်တောင် မပြောနိုင်ဘူးလား ? ဆေးဖော်စပ်နည်းသုံးမျိုးရှိတာ မင်းက တစ်ခုတောင်မမှတ်မိဘူး။ ဘယ် လို…….ရယ်စရာကောင်းလိုက်တာ“ ကျီဖေး ရွဲ့လိုက်သည်။
ယုရှင်းအား ထိန်းထားသည့် ချင်ဟန် စိတ်ရှုပ်သွားသည်။ သူ ဘာလို့တစ်ခွန်းမှ မပြောတာလဲ ?
[ဟားဟားဟား ချင်ဟန် တကယ်ဘာမှ သိပုံမပေါ်ဘူး။ သူတို့ကတစ်ကျိတ်တည်း တစ်ဉာဏ်တည်းလို့ထင်ခဲ့တာကို။ အစတုန်းကတော့ ချင်ဟန်မကန်းသေးဘဲ ဆင်ခြေတုံတရားရှိသေးပုံပဲ၊ သူညီမက သူ့ချစ်သူဖြစ်လာမှ အရူးလိုဖြစ်သွားတာပဲ။ သူအမှန်တရားကိုသိသွားတာနဲ့ အရမ်းတွေဖြောင့်မတ်ပြနေနိုင်ဦးမလား ကြည့်ရသေးတာပေါ့။]
ထိုအချိန်က ယုရှင်းသည် ဆေးဖော်စပ်နည်းများအား ကျပန်းရွေးချယ်ပြီး မှတ်မထားခြင်းသာဟု တတိယဦးလေးချင် ထင်ခဲသော်လည်း ယခုတော့ သူမထံ ဖုံးကွယ်ထားသည့် အကြံများရှိကြောင်းထင်ရှားသည်။
ထိုအကြောင်းအရာ ပြီးဆုံးခါနီးတွင် သူ့သမီးချင်ကျားရှီသည် ဆေးပင်များ၏အမည်အားတိုးတိုးလေးရွတ်လာသည်။
တတိယဦးလေးချင် လန့်သွားပြီး ချင်ကျားရှီအားလှည့်ကြည့်လိုက်သည်။
ချင်ကျားရှီသည် သူမ အလွတ်ရသလိုပင် ဆေးဖော်စပ်နည်းသုံးမျိုး၏ပါဝင်ပစ္စည်းများအား အထစ်အငေါ့မရှိရွတ်ဆိုသွားသည်။
တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။
ချင်ကျားရှီ သူ့အဖေအားစိုက်ကြည့်လိုက်သည်။
ထက်မြက်သည့် တတိယဦးလေးချင်သည် ဘာဖြစ်သွားသည်အား ချက်ချင်းခန့်မှန်းမိခဲ့ကာ တုန်ရီနေသည့် အသံဖြင့်
“ ကျားရှီ ဒါတွေကို ဘယ်လိုသိတာလဲ။ ပြော ပါး နားထောင်နေတယ်။”
ချင်ကျားရှီသည် သူ ဆေးဖော်စပ်နည်းအားအမှတ်တမဲ့ ရွတ် ဆိုလိုက်ခြင်းဖြစ်သော်လည်း သူလုပ်ခဲ့သည့် အကျိုးဆက်အားသိလိုက်ရသည်။
"သမီး...သမီးလည်း အဲဒီတုန်းက ဆေးဖော်စပ်နည်းတွေကို စုဆောင်းခဲ့တာ။ ဒီသုံးခုက အဲ့ဒီ့အထဲကဟာတွေ။ ပါးတို့ကို ပေးဖို့ ပြင်ဆင်ခဲ့တာ ဒါပေမယ့် နောက်နေ့ကျတော့ ယုရှင်းက တစ်ထေရာတည်းတူတဲ့ ဆေးဖော်စပ်နည်းကိုယူလာခဲ့တယ်။ ဒါကြောင့် သမီး ထုတ်မပြဖြစ်တော့တာ သမီး….” ချင်ကျားရှီ၏အသံသည် တုန်ယင်သွားသည်။
" မဖြစ်နိုင်တာ။ နင် ဒါတွေကို ရွတ်ပြနိုင်တယ်။ သူကတစ်ခွန်းတောင်မဟနိုင်ဘူး။ ပြီးတော့ အပြစ်လုပ်ထားတဲ့ရုပ်နဲ့၊ ဒါက သူနင့်ဟာကို ခိုးပြီး နင့်လုပ်အားကိုအခွင့်ကောင်းယူခဲ့တဲ့ သက် သေပဲ။” ချင်ရှောင်ယွီ တုန်လှုပ်စွာပြောလိုက်သည်။
ချင်ကျင်း မနေနိုင်တော့ပဲ ချင်ဟန်အားပြောလိုက်သည်။
"ချင်ဟန်၊ မင်း ခေါင်းကိုက်တာကို မင်းညီမ ကုပေးခဲ့တာပဲ။"
ချင်ဟန်သည် ခဏအံ့သြသွားကာ ချက်ချင်းပင်။
“မဖြစ်နိုင်ဘူး။ ယုရှင်းက သူ့ ဆီက ဘယ်တော့မှ ခိုးမှာမဟုတ်ဘူး။ သူ တိတ်တိတ်လေး အလွတ်ကျက်ထားပြီး ယုရှင်းကို စွပ်စွဲဖို့လုပ်နေတာ။”
ချင်ရီ ခေါင်းယမ်းကာရေရွတ်လိုက်သည်။
“သုံးစားမရတော့ဘူး။”
ချင်ဟန် ၎င်းတို့၏သရော်နေမှုအား သတိပြုမိကာ ရှက်သွားသည်။ သူ ယုရှင်းဘက်လှည့်ကာ
"ယုရှင်း၊ ဘာမှစိတ်မပူနဲ့ ငါ မင်းဘက်ကပဲ၊ သူတို့မှားနေတာကို သက်သေပြလိုက်”
သို့သော် ယုရှင်းတွင် ဘာသက်သေမှမရှိပေ။ သူ ကြိုးစားပါက အခြားသူများ သူ့အတွက်ပြောကူပေးကာ ချင်ကျားရှီသည်လည်းမေးခွန်းပြန်မည်မဟုတ်ကြောင်းသိသည်။ သို့သော် သူဘာမှမလုပ်ခဲ့သလို အရာအားလုံးကိုအိမ်တော်ထိန်းကသာ ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။
"သက်သေပြချင်ရင် လွယ်ပါတယ်။ ဆေးဖော်စပ်နည်းရဲ့ မူလအစကိုပဲပြော။ ဒီနေ့ ငါတို့အားနေတယ်လေ။ ပြီးတော့ မင်းအ တိတ်က အထင်မှားခံခဲ့ရတာတွေကို ကူဖြေဖျောက်ပေးဖို့ စိတ်မရှိပါဘူး။ “ ချင်ကျောက် လှောင်လိုက်သည်။
ချင်ရုန်ကလည်း " ဒါပေါ့ ကျားရှီကို ဘယ်သူမှသွားပုတ်လေ လွင့်မပြောနိုင်အောင် ငါတို့ သက်သေလုပ်ပေးရမှာပေါ့။”
တတိယဦးလေးချင် နောက်ထပ်သက်သေမလိုတော့ပေ။ သူ ချင်ဟန်နှင့် ယုရှင်းတို့အား ဒေါသတကြီးစိုက်ကြည့်လိုက်ပြီး
"ကောင်းပြီလေ၊ အရမ်းကောင်းတယ်၊ မင်း ကိုယ်တိုင် ဝန်ခံမဘူးလား ? ငါ စုံစမ်းရမှာလား ? မင်း ငါ့သမီးကြီုးစားလုပ်ခဲ့တာကို ခိုးခဲ့တာကိုသာ ငါ ရှာတွေ့ရင်တော့…….”
သူ စကားဆုံးအောင်မပြောခဲ့သော်လည်း အဓိပ္ပာယ်ကတော့ ရှင်းပါသည်။
ယုရှင်းသည် ဘာလုပ်ရမည်မသိတော့ကာ ဤအခြေအနေမှ လွတ်ရန် သတိမေ့ယောင်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
သူ သရုပ်မဆောင်နိုင်ခင်မှာပင် ကျီဖေးက ပြောလိုက်သည်။ “နင် မေ့လဲချင်ယောင်ဆောင်ဖို့ မစဥ်းစားနဲ့။ နင် မေ့လဲမယ်ဆိုရင်တောင်မှ ငါတို့မှာသီးသန့်ဆရာဝန်ရှိတယ်။ ငါတို့ ဘာပဲလုပ်ရပါစေ ဒီနေ့ အဆုံးထိသွားမယ်။”
ယုရှင်း အေးခဲသွားပြီး လုံးဝစိတ်ပျက်သွားသည်။ နောက်ဆုံး သူက "ကျမ... ကျမ မှားသွားပါတယ်။ တောင်းပန်ပါတယ်။ ငါ... ကျားရှီရဲ့ကွန်ပြူတာမှာ ဆေးဖော်စပ်နည်းကိုတွေ့လိုက်တာ သူက မိသားစုနဲ့ မရင်းနှီးတော့ ဝေမျှမှာမဟုတ်ဘူးလို့ ကျမ တွေးလိုက်မိလို့၊ အဲ့ဒါကြောင့် ကျမယူပြီး သူနဲ့ လူတိုင်း ဆက်ဆံရေးပိုကောင်းအောင်ကူပေးချင်ခဲ့တာ။ ဒါပေမယ့် ချင်ဟန်နဲ့ အန်တီက ကျမ လုပ်တယ်လို့ထင်ခဲ့ကြတယ်။ ကျမက ဒီအတိုင်း….ဒီအတိုင်း လူတိုင်းနဲ့ ပိုရင်းနှီချင်ခဲ့တာပါ။ ကျမကို ပိုသဘောကျလာစေချင်ခဲ့တာ။ ကျားရှီလည်း ဘာမှမပြောတော့ သူ ဂရုမစိုက်ဘူး၊ အဲ့နည်းကို သူတို့ကိုမပေးချင်ဘူးလို့ထင်ခဲ့တာ။ ဒါ့ကြောင့် ကျမ ….အကုန် ကျမ အမှားပါ။ ကျမ လောဘ ကြီးခဲ့မိတာပါ၊ အဟင့် ~”
ကျီဖေး ယုရှင်း၏သတ္တိအား မချီးကျူးပဲမနေနိုင်တော့။ ဒီလိုဆိုးရွားတဲ့အခြေအနေမျိုးမှာပင် ပေါ့ပေါ့တန်တန်ဆင်ခြေပေးတတ်ပြီး ပြောင်းပြန်လှန်ကာ အပြစ်လွတ်ဖို့ကြိုးစားရဲသေးသည်။
ပိုပြမယုံနိုင်စရာကောင်းသည်မှာ သူ့အားယုံတဲ့လူရှိနေခြင်းပင်။
ချင်ဟန်၏ကူကယ်ရာမဲ့ပြီး သနားနေသည့် အမူအရာအား ကြည့်ကာ ကျီဖေး အံသြသွားသည်။ သူ အော်ရယ်မိတော့မတတ်ပင်။
"ဒါဆို အကုန်လုံးက ကျားရှီရဲ့အပြစ်ပေါ့ ဟမ်။ ချက်ချင်းမပေးဘဲ မင်းကိုခိုးခွင့်ပေးခဲ့တာပေါ့။ နင့်ရဲ့လုပ်ရပ်တွေကို မသင်္ကာမဖြစ်ဘဲနဲ့ မဖော်ထုတ်ခဲ့တဲ့ သူ့ အမှားပေါ့။ သူ့ အမှားက နင် မိသားစုရဲ့အချစ်ကိုခိုးနေတုန်းက ပြန်မတိုက်ခိုက်ခဲ့တာပဲရှိတယ်။ အိုး နင်ကအရမ်း အပြစ်တွေကင်းနေတယ်ပေါ့လေ။ ဒါတွေအကုန်လုံး အခုမလိုက်လျောပေးတော့တဲ့ ကျားရှီအမှားပေါ့။”
ကျီဖေး ပြောပြီးသည်နှင့် ကျန်သည် ချန်းမိသားစုအားလုံး ရယ်မောလိုက်ကြသည်။
"ဟုတ်ပါ့၊ သူက အရမ်းအပြစ်ကင်းတယ်၊ သနားစရာလေး"
"ဒီလိုရယ်စရာကောင်းတဲ့ အကြောင်းပြချက်ကို ဘယ်သူကယုံမှာလဲ။ အရူးပဲယုံမှာ။”
“သူဒီလောက် ယုံကြည်ချက်ရှိရှိနဲ့ သရုပ်ဆောင်နေတာ ယုံတဲ့အရူးရှိလို့ပေါ့ဟ။”
“တကယ် တစ်ခုခုပဲဟေ့၊ သူ ပြောပုံအရဆို ခံရသူဖြစ်တဲ့ ကျားရှီကတောင် မှားတဲ့သူဖြစ်သွားတယ်။”
မိသားစု၏လှောင်ပြောင်မှုသည် ချင်ဟန်နှင့် ယုရှင်းတို့အား အရှက်ရ၊ စိတ်ပျက်သွားစေသည်။ ပုံမှန်သုံးနေကြ သူတို့၏ နည်းဗျူဟာများသည် ဤမိသားစုအပေါ် လုံးဝထိရောက်မှုမရှိပုံရသည်။
တတိယဦးလေးချင် သူတို့၏လုပ်ရပ်များအား သည်းမခံနိုင်တော့ပေ။ သူ ချင်ကျားရှီအား အနားဆွဲလိုက်ကာ
"တောင်းပန်ပါတယ် ကျားရှီ၊ ဒါတွေအကုန် ပါး အမှားပဲ၊ အမှန်တရားကို မမြင်နိုင်ခဲ့ဘူး။"
"ဟင့်အင်း၊ အဲဒါ ပါး အပြစ်မဟုတ်ပါဘူး၊ သမီး အပြစ်ပါ။ သမီးက လွယ်လွယ် အခွင့်ကောင်းယူလို့ရအောင် နုံအလွန်းခဲ့တယ်။”
ချင်ကျားရှီပြောပြီးနောက် မျက်ရည်များစီးကျလာသည်။ သူမိသားစုအတွက် ကောင်းတဲ့အရာများ အမြဲလုပ်ပေးချင်ခဲ့သော်လည်း အသိအမှတ်ပြုခံရဖို့လည်း မကြိုးစားခဲ့ပေ။ တစ် ယောက်ယောက်သည် သူ့ကြင်နာမှုအား အမြတ်ထုတ်သွားမည်ဟုမထင်ခဲ့ပေ။ သူ အရမ်းတုံးခဲ့သည်ပင်။
တတိယဦးလေးချင် သူ့သမီး၏မျက်ရည်များအားသုတ်ပေး လိုက်ကာ ယုရှင်းအား အေးစက်စွာစိုက်ကြည့်လိုက်သည်။
"ငါတို့ မင်းကိုပေးခဲ့တဲ့ အိမ်ကနေ ဒီနေ့ ည ၆ နာရီနောက်ဆုံးထားပြီး ထွက်သွားပေးပါ။ အိမ်ပြောင်းတဲ့ကိစ္စကို ကိုင်တွယ်ဖို့ ရှေ့နေလွှတ်လိုက်မယ်။ မင်း မထွက်သွားဘူးဆိုရင် ငါ့ဘက်က လိမ်လည်မှုနဲ့ တရားစွဲရလိမ့်မယ်။”