← Chapters

ပြိုင်ပွဲစတင်ခြင်း

Vol. 3 Ch. 71

ပြိုင်ပွဲစတင်ခြင်း

Vol. 3 Ch. 71

ယခုလို ပြိုင်ပွဲမျိုး၌စီးတုယွမ်ချင်းပါဝင်သည်က အထူးအဆန်းမဟုတ်ဘဲ သူမက စာရင်းပေးပြီးနောက်တွင်ရှောင်ယောင်နှင့်စန်းဟုန်းလျန်ကိုနှုတ်ဆက်ကာ သူမ၏ဂိုဏ်းသူများရှိရာသို့ ထွက်ခွာသွားခဲ့သည်။

ထိုမိန်းကလေးနှင့်အေးအေးဆေးဆေးစကားမပြောရသည်ကို အနည်းငယ်အားမလိုအားမရဖြစ်သော်လည်းသိုင်းပြိုင်ပွဲပြီးနောက်တွင်တွေ့ရဦးမည်ဖြစ်၍ ရှောင်ယောင်လည်း သူမကိုကောင်းစွာနှုတ်ဆက်ခဲ့သည်။

စီးတုယွမ်ချင်းထွက်ခွာသွားသည့်တိုင် ကြွယ်ယန်နှင့်ကြွယ်စင်း၊ ဟောင်ရန် ၊ လွီချင်းအာတို့သာမက စန်းဟုန်းလျန်ပင်ရောက်ရှိနေ၍ ရှောင်ယောင်၏ဘေးတွင်လူအတော်များများရှိနေသည်ဟုဆိုနိုင်သည်။။

မှန်ပေသည်။

ရှောင်ယောင်နှင့်အတူ စန်းဟုန်းလျန်လည်းရှိနေပြီး သူက ကိစ္စတစ်ခုကြောင့်နောက်ကျသွားခြင်းဖြစ်သည်ဟု သိရသည်။

ကြွယ်ယန်နှင့်ကြွယ်စင်းတို့က စန်းဟုန်းလျန်နှင့်ရင်းနှီးပြီးဖြစ်သော်လည်း လွီချင်းအာနှင့် ကြာပန်းဖြူဂိုဏ်းသူများ နဂါးခုနစ်ယောက်စာရင်းဝင်ဓားကျိူးဘုရင်နှင့်တွေ့ဆုံရခြင်းအပေါ် အံ့ဩစိတ်လှုပ်ရှားနေကြဟန်တူသည်။

သိသိသာသာပင် စီးတုယွမ်ချင်း ၊ စန်းဟုန်းလျန်စသည့်‌‌ကျော်ကြားသူတို့ကြောင့် သူတို့မှာ ကွင်းပြင်ရှိလူအများ၏အာရုံစိုက်ရာဖြစ်လာပြီး အကဲဖြတ်လူကြီးများပင် သတိထား၍ကြည့်မိကြသည်။

ထိုလူများထဲရှိ စီးတုမင်ကတော့ ရှောင်ယောင့်ကိုအပြုံးဖြင့်ခေါင်းညိမ့်ပြပြီး ရှောင်‌ယောင်လည်း သွားရောက်နှုတ်ဆက်ရန်မသင့်လျော်၍ အပြုံးဖြင့်တုန့်ပြန်ခဲ့သည်။

အံ့ဩဖွယ်ကောင်းစွာဖြင့် ရှောင်လင်ကျောင်းတော်၏ကိုယ်စားပြုအဖြစ်လာရောက်သူမရှိဘဲ ထိုအချက်ကို ယခုမှသတိထားမိ၍ရှောင်ယောင်လည်းအံ့အားသင့်မိသည်။

သို့သော် ကြွယ်ယန်နှင့်ကြွယ်စင်းတို့က သိုင်းလောကသို့ရောက်နေသည်မှာ တစ်လကျော်ကြာပြီဖြစ်၍ ထိုအကြောင်းကိုမသိကြသလို စန်းဟုန်းလျန်လည်းသိရှိခြင်းမရှိပေ။

ပုံမှန်ဆိုလျှင် ယခုလိုအရေးပါသည့်ပွဲမျိုးတွင် ဂိုဏ်းကြီးခြောက်ဂိုဏ်း၏ဦးစီးဦးဆောင်ဖြစ်သည့်ရှောင်လင်ကျောင်းကသေချာပေါက်အရောက်လာသင့်သော်လည်းယခု ကိုယ်စားပြုတစ်ယောက်တစ်လေပင်စေလွှတ်ခြင်းမရှိခဲ့ပေ။

ထို့ကြောင့် ရှောင်ယောင်လည်း မကောင်းသည့်ခံစားချက်တစ်ခုကိုခံစားနေမိပြီး ကျောင်းတော်တွင်မည်သည့်ပြဿနာရှိနေ၍ ရောက်လာခြင်းမရှိသနည်းဟုတွေးနေမိသည်။

သို့သော် ရုတ်တရက်ထွက်ပေါ်လာသည့်မောင်းသံနှင့်ကြေညာချက်က ရှောင်ယောင်၏စိတ်အာရုံကိုလက်ရှိအ‌ခြေအနေသို့ပြန်လည်ဆွဲခေါ်လာတော့၏။

“ ဒူ.....”

“ အခုချိန်ကစပြီး လူငယ်မျိူးဆက်သိုင်းပြိုင်ပွဲစတင်ကြောင်း ကြေငြာအပ်ပါတယ်.....”

ကျယ်လောင်သည့်စကားသံနှင့်အတူ များစွာသောလူငယ်များသာမက ကွင်းပြင်ရှိသိုင်း‌လောကသားတိုင်း မျက်လုံးများတောက်ပသွားကြသည်။

ပွဲကြည့်ရန်ရောက်ရှိလာသူများပင် ဤမျှတက်ကြွနေကြရာ ကိုယ်တိုင်ပြိုင်ပွဲဝင်မည့်လူများဆိုလျှင်မည်မျှစိတ်လှုပ်ရှားမည်ကိုခန့်မှန်းရုံနှင့်သိနိုင်သည်။

ရှောင်ယောင်တို့လိုပင် စာရင်းပေးသူများက အတော်ပင်များပြားပြီး သူတို့ထဲတွင် လူငယ်ထိပ်သီးစာရင်းဝင်များကိုပင်တွေ့ရပေသည်။

သိုင်းပြိုင်ပွဲတွင်ပါဝင်ရန်စာရင်းပေးသူအများစုက အသက်သုံးဆယ်အောက်လူငယ်များဖြစ်ပြီး ပြိုင်ပွဲ၏ကန့်သက်ချက်က သူံးဆယ့်ငါးနှစ်ဖြစ်သည့်တိုင် ထိုသို့သောအရွယ်သို့ရောက်ရှိသူများကိုမတွေ့ရပေ။

စာရင်းပေးသူများတွင်အသက်အကြီးဆုံးက သုံးဆယ်စွန်းစွန်းသာရှိသေးပြီး အတွေ့အကြုံရောသိုင်းပညာပါ ရင့်ကျက်နေသည့်ပါရမီရှင်များဖြစ်ကြသည်။

ရှောင်ယောင်၏စိတ်ထင်ပြောရလျှင် ပြိုင်ပွဲဝင်မည့်အရေအတွက်က ငါးဆယ်ကျော်ခြောက်ဆယ်ခန့်ပင်ရှိနိုင်ပြီး ထိုအရေအတွက်ကအကဲဖြတ်လူကြီးများကိုပင်အံ့အားသင့်သွားစေသည်။

ထိုပမာဏထဲတွင် အနိမ့်ဆုံးလူကပင် ထိပ်တန်းလွန်အဆင့်ရှိပြီး ထိုအချင်းအရာက လက်ရှိလူငယ်မျိူးဆက်၏ ကြောက်မက်ဖွယ်ပါရမီကိုပြသနေပေသည်။

ပြိုင်ပွဲဝင်စာရင်း၏တစ်ဝက်က ထိုသို့သောလူငယ်များဖြစ်ပြီး သူတို့က ဗိုလ်စွဲရန်လည်းမျှော်လင့်မထားဘဲ အများစုက အတွေ့အကြုံရရှိရန်နှင့် အခြားပါရမီရှင်များနှင့်တိုက်ခိုက်ရန်သာ ရည်ရွယ်ထားခြင်းဖြစ်၏။

ပြိုင်ပွဲတွင် ဗိုလ်စွဲရန်လည်းမျှော်လင့်ထား၍ရမည်မဟုတ်ပေ။

အကြောင်းကား လက်ရှိပြိုင်ပွဲဝင်မည့်လူများထဲတွင် လူငယ်ထိပ်သီးစာရင်းမှလူအတော်များများပါဝင်၍ဖြစ်ပြီး သူတို့အားလုံးကကြောက်မက်ဖွယ်‌ကောင်းသည့်သိုင်းထိပ်သီးများဖြစ်နေခြင်းကြောင့်ပင်။

“ အစ်ကိုကြီးရေ ပြိုင်မယ့်လူတွေက အတော်များတာပဲ ။ တစ်ရက်ထဲတော့ပြီးမယ်မထင်ဘူး.....”

လက်ဝါးနှစ်ဖက်ကိုပွတ်ရင်းစိတ်လှုပ်ရှားဟန်ဖြင့်ရေရွတ်လိုက်သည့်ကြွယ်ယန်၏စကားကြောင့် ရှောင်ယောင်လည်း ခေါင်းညိမ့်ကာပြန်ဖြေလိုက်သည်။

“ ဟုတ်တယ် အနည်းဆူံးသုံးရက်လောက်တော့ပြိုင်ရနိုင်တယ်။ ဒီ့ထက်ပိုကြာရင်လည်းကြာမှာပေါ့.....”

ရှောင်ယောင်၏စကားမှာအမှန်ပင်ဖြစ်ပြီး တစ်ပွဲနှင့်တစ်ပွဲကြာချိန်တူညီမည်မဟုတ်ရာ ပြိုင်ပွဲပြီးဆုံးမည့်အချိန်ကိုခန့်မှန်းရန်မလွယ်ကူပါချေ။

“ ပထမဆုံးအ‌နေနဲ့ တိုက်ခိုက်မှာက ဝူတန်းက ရေလှိုင်းဓားစွမ်းဝူချန်းနဲ့ ချန်တောင်တန်းက မူစန်းတို့ပဲဖြစ်ပါတယ်....”

စင်မြင့်ထက်တွင်ရှိနေသည့်လူတစ်ဦးက ကြေငြာလိုက်သည်။

အတွင်းအားပြည့်ဝသည့်သူ၏အသံက အရပ်ရှစ်မျက်နှာသို့ဟိန်းထွက်သွားပြီး ခွန်လွနိဂိုဏ်းချုပ်ကြီးမိန့်ခွန်းပြောစဉ်ကလိုနားထောင်မကောင်းသော်လည်း အားမာန်ပြည့်ဝကာ လူအားလုံးကောင်းစွာကြားလိုက်ရသည်။

အသက်ငါးဆယ်အရွယ်ရှိပြီး ကြံ့ခိုင်သန်စွမ်းသည့်ခန္တာကိုယ်ပိုင်ဆိုင်ထားသည့်ထိုလူက စွန်းအိမ်တော်မှ အစောင့်တပ်ဖွဲ့ခေါင်းဆောင်ဖြစ်ကာ အစောပိုင်းက သူ၏အသံကိုနားထောင်ခြင်းဖြင့်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သိုင်းသမားတစ်ဦးဖြစ်မည်ဟုခန့်မှန်းရပေသည်။

စွန်းအိမ်တော်မှာ သတင်းအဖွဲ့အစည်းသက်သက်ဖြစ်သော်လည်း ကြီးမြတ်သည့်ဝူအင်ပါယောခေတ်ကပင်တည်ရှိလာသည့်ထိပ်တန်းအင်အားစုဖြစ်သည့်အားလျော်စွာ သူတို့၏အင်အားကလည်း သိုင်းလောကထဲရှိထိပ်တန်းအင်အားစုအတော်များများနှင့်ရင်ဘောင်တန်းနိုင်စွမ်းရှိပေသည်။

ယခု သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ရှိသည့်ထိုလူ‌ပြိုင်ပွဲစင်မြင့်အစွန်း၌ရှိနေခြင်းက ပြိုင်ပွဲဝင်များသေကြေပျက်စီးမည့်အရေးကိုအချိန်မီတားဆီးနိုင်ရန်ဖြစ်ပေသည်။

ပြိုင်ပွဲထဲတွင် တစ်ဖက်လူအရှုံးပေးသည်အထိတိုက်ခိုက်ခွင့်ရှိသော်ငြား အသက်သေဆုံးသည်အထိတော့တိုက်ခွင့်မရှိပေ။

စင်မြင့်၏တစ်ဖက်မှ အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်လူငယ်လေးတစ်ယောက်ခုန်တက်လာသည်။

သူ၏ကိုယ်‌ဖော့ပညာက များစွာကောင်းမွန်ပြီး အသက်ကလည်းနှစ်ဆယ်ဝန်းကျင်သာရှိ‌သေးသည် ။

ရှောင်ယောင်တို့နှင့်မတိမ်းမယိမ်းဖြစ်သည့်ထိုလူငယ်လေး၏ချန်တောင်တန်းဆိုသည့်ဂိုဏ်းကလည်း ကျော်ကြားသည့်ပထမတန်းစားဂိုဏ်းတစ်ခုဖြစ်ပေသည်။

ထို့ကြောင့် အစိမ်းရောင်ဝတ်စုံဝတ်လူငယ်က ပထမတန်းစားအင်အားစုမှပါရမီရှင်ပီသစွာ အသက်နှစ်ဆယ်အရွယ်ဖြင့်ထိပ်တန်းလွန်သိုင်းသမားတစ်ယောက်ဖြစ်နေပြီး သိုင်းလောကထဲတွင်ပင်ပါရမီရှင်ဟုသက်မှတ်နိုင်သည့်လူငယ်ဖြစ်သည်။

ကံမကောင်းစွာဖြင့်....

မည်သည့်အတွက် ပြိုင်ပွဲဝင်များစွာရှိသည့်အထဲမှ ထိုသို့သောလူတစ်ယောက်နှင့် ပွဲဦးထွက်လာတွေ့ရသနည်း ။

မူစန်း၏မျက်နှာထက်၌ ရှုံ့မဲ့သည့်အမူအယာတစ်ခုရှိနေပြီး သူ၏ခါးမှဓားကိုမကြာခဏစမ်းသပ်လျက်ရှိသည်။

ထိုနည်းတူ လူအုပ်တွင်းသို့မကြာခဏဝေ့ကြည့်နေသည့်သူ၏အပြုအမူက စိတ်တည်ငြိမ်မှုမရှိမှန်းသိသာကာ စင်မြင့်အနီးရှိအစိမ်းရောင်ဝတ်စုံဝတ်လူများက မူစန်း၏အပြုအမူကြောင့် အားမလိုအားမရဖြစ်ပြီး သူ၏အမည်ကိုထုတ်‌ဖော်ကာအော်ဟစ်အားပေးနေကြသည်။

မှန်ပေသည်။

ထိုလူများက ချန်တောင်တန်းမှဖြစ်ပြီး မူစန်းကိုအားပေးခြင်းကအထူးအ‌ဆန်းမဟုတ်ပေ။ သို့သော် လူအုပ်ထဲရှိအများစုမှာ မူစန်းရှုံးနိမ့်မည်ဟုကြိုတင်တွေးတောထားကြသည် ။

အကြောင်းကား သူ၏ပြိုင်ဘက်က ဝူတန်း၏ကျော်ကြားသည့်ရေလှိူင်းဓားဝူချန်းဖြစ်နေခြင်းက သူ၏ကံဆိူးမှုဖြစ်ပေသည်။

စင်မြင့်၏တစ်ဖက်မှ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ဓားတစ်ချောင်းကိုသိုင်းလွယ်ထားသည့်လူတစ်ယောက်ဖြေးညင်းစွာတက်လာသည်။

ရေလှိုင်းဓားဝူချန်း

သူ၏အမည်ရင်းက စွမ်းဝူချန်းဖြစ်သော်လည်းရေလှိုင်းဓားဝူချန်းဟုကျော်ကြားသည့်လူငယ်တစ်ယောက်ဖြစ်သည်။

ယခင်မျိုးဆက်မှနာမည်ကျော် လူ့ဂွစာမုချန်း၏ ရေလှိုင်းဓားသိုင်းကိုကျွမ်းကျင်အဆင့်ထိလေ့ကျင့်ထားနိုင်သည့်အပြင် ဝူတန်း၏အခြားပညာရပ်များကိုပင်တတ်မြောက်သည့်ဝူချန်းက လူငယ်ထိပ်သီးဆယ်ယောက်စာရင်းတွင် နံပါတ်ငါးနေရာ၌ရှိနေသည်။

သို့သော် သိုငိးလောကသားများ၏စကားအရ ဝူချန်းကမည်သည့်အချိန်မှအစွမ်းကုန်တိုက်ခိုက်လေ့မရှိဘဲ သူသာအစွမ်းကုန်အသုံးပြုပါက လူငယ်ထိပ်သီးဆယ်ယောက်၏ထိပ်ဆူံးသုံးယောက်ကိုပင်ယှဉ်နိုင်သည်ဟုဆိုကြသည်။

မည်သို့ပင်ဖြစ်စေ သူ၏ပါရမီအရည်အချင်း‌ ကြောင့်လည်းကောင်း‌ ကြောက်မက်ဖွယ်ကောင်းသည့် ဓားပညာကြောင့်လည်းကောင်း ဝူချန်းက လူငယ်ထိပ်သီးဆယ်ယောက်စာရင်းတွင် ထိုက်တန်စွာပါဝင်လာခြင်းဖြစ်၏။

“ ဟိုက် ဒါက ဟိုမြို့မှာတွေ့ခဲ့တဲ့ကောင်မဟုတ်လား.....”

အဖြူရောင်ဝတ်စုံဝတ်ဝူချန်းကိုမြင်သည်နှင့် ကြွယ်ယန်က အံ့ဩတကြီးရေရွတ်လိုက်သည်။

စွမ်းဝူချန်း၏အသက်အရွယ်က နှစ်ဆယ့်ငါးနှစ်ဝန်းကျင်သာရှိသေးပြီး‌ ချောမောသည့်မျက်နှာရှိပေသည်။

သူ၏ပုံစံက တည်ငြိမ်အေးဆေးပြီး အကြည့်များကနူးညံ့သိမ်မွ့သည့်တိုင် သူ၏ခန္တာကိုယ်မှဓားတစ်စင်းလိုအငွေ့အသက်များထွက်ပေါ်နေပြီး တစ်ချက်ကြည့်ရုံနှင့် ကြောက်မက်ဖွယ်ကောင်းသည့်ဓားသမားတစ်ဦးဖြစ်မှန်းသိရှိနိုင်ပေသည်။

တိုက်ဆိုင်သည့်အရာက ထိုလူငယ်က ကြွယ်ယန်နှင့်ကြွယ်စင်းကိုဖမ်းဆီးရန်လာရောက်ဖူးသည့်လူစုထဲမှတစ်ယောက်ဖြစ်နေ၍ပင်။

ထိုရက်က ကြွယ်ယန်တစ်ယောက် သိုင်းမဟာမိတ်မှဟဲလောင်မိသားစုဝင်တစ်ဦးနှင့်တိုက်ခိုက်နေသော်လည်း ကျန်လူများကို ကောင်းစွာအမှတ်ရနေဆဲပင်ဖြစ်၏။

ကြွယ်စင်းဆိုလျှင် ထိုလူငယ်နှင့်တိုက်ခိုက်ခါနီးအထိဖြစ်ပွားခဲ့ပြီး မြို့စားကိုလုပ်ကြံသူပေါ်လာ၍သာ သူတို့၏အထင်လွဲမှုများကိုဖြေရှင်းနိုင်ခဲ့ခြင်းဖြစ်သည်။

“ အင်း...ဟုတ်တယ် သူပဲ....”

ကြွယ်စင်းက တည်ကြည်လေးနက်သည့်အကြည့်ဖြင့်ကြည့်ရင်း ပြောလိုက်သည်။

ထိုစဉ်က ဝူချန်းနှင့်သူတိုက်ခိုက်လုနီးပါးဖြစိခဲ့ပြီး အမှန်တကယ်မတိုက်ခဲ့ရသော်လည်း တစ်ဖက်လူက ကြောက်စရာကောင်းသည့်သိုင်းထိပ်သီးတစ်ဦးဖြစ်သည်ကိုခံစားမိခဲ့ပေသည် ။

ထို့ကြောင့်လည်း တစ်ဦးချင်းဆိုလျှင် သူအနိုင်မရသည်ကိုရိပ်စားမိ၍ ကြွယ်ယန်နှင့်ပူး‌ ပေါင်းတိုက်ခိုက်ရန် တတ်နိုင်သမျှအချိန်ဆွဲခဲ့ခြင်းပင်။

သူတို့၏ထူးခြားသည့်စကားများကြောင့် ဝူချန်းနှင့်တွေ့ဆုံဖူးဖြစ်ကြောင်းရိပ်စားမိလိုက်သော်လည်း အချိန်ကောင်းမဟုတ်သေး၍ ရှောင်ယောင်လည်း မေးမြန်းခြင်းရှိဘဲတိုက်ပွဲကိုသာဆက်ကြည့်နေလိုက်သညိ။

အကဲဖြတ်လူကြီးများ၏နေရာတွင်ရှိနေသည့် ဝူတန်းဂိုဏ်း၏အကြီးအကဲက ဝူချန်းကိုသဘောကျသည့်အကြည့်ဖြင့်ကြည့်နေသလို စန်းဟုန်းလျန်သည်လည်း ယခုမျိုးဆက်မှလူငယ်များ၏ပါရမီကိုအံ့သြနေမိ၏။

သူဝူချန်း၏အသက်အရွယ်တွင် ထိုမျှအစွမ်းမထက်သေးပေ။

ထိုနည်းတူ ဝူတန်းဂိုဏ်း၏လက်ရှိမျိုး‌ဆက်က တိုးတက်နေ၍ စန်းဟုန်းချန်၏တည်ကြည်သည့်မျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာလေသည်။

“ ဦးလေးစန်းက ဂိုဏ်းကိုမပြန်ပေမယ့် သူ့ရင်ထဲမှာ ဝူတန်းဂိုဏ်းကအမြဲရှိ‌နေတာပဲကိုး....”

စန်းဟုန်းလျန်၏မျက်နှာကိုတစ်ချက်ကြည့်ရုံဖြင့် သူ၏အတွေးကိုရိပ်စားမိနေသည့်ရှောင်ယောင်က တစ်ကိုယ်တည်းရေရွတ်မိလိုက်ခြင်းဖြစ်သည်။

All Chapters