← Chapters

ကြွယ်ယန်၏တိုက်ပွဲ

Vol. 3 Ch. 74

ကြွယ်ယန်၏တိုက်ပွဲ

Vol. 3 Ch. 74

သိုင်းပြိုင်ပွဲ၏ဒုတိယနေ့

ပထမနေ့က ဆယ့်ငါးပွဲပြီးဆုံးသွားသော်လည်း လုံးဝယှဉ်ပြိုင်ခြင်းမပြုရသေးသည်က သုံးပုံတစ်ပုံကျန်သေးသည်။

ထိုအထဲတွင် ရှောင်ယောင်လည်းအပါအဝင်ဖြစ်ပြီး သူတို့လူစုထဲတွင် စီးတုယွမ်ချင်းနှင့် လွီချင်းအာတို့သာယှဉ်ပြိုင်ရသေးပေသည်။။

စီးတုယွမ်ချင်းက နာမည်ကျော်ကြားလှသည့်အပြင် သူမ၏အလှအပကြောင့်လည်း မတိုက်မီကပင် သူ၏ပြိုင်ဘက်မှာအရှူံးပေးလိုစိတ်များပေါ်နေမိသည်။

အမှန်တကယ်တိုက်ခိုက်ကြသည့်အချိန်တွင်လည်း အဆင့်လွန်ထိပ်သီးအဆင့်ရှိသည့်ပြိုင်ဘက်ကို စီးတုယွမ်ချင်းက သိုင်းကွက်ငါးဆယ်အတွင်းအနိုင်ယူနိုင်ခဲ့ပေသည်။

ဤသည်က သူမအစွမ်းကုန်မသုံးသေး၍ဖြစ်ကြောင်းကိုရှောင်ယောင်ကောင်းစွာသိရှိသလို ကျန်သူများလည်းရိပ်စားမိကြ၏။

အကြောင်းကား သိုင်းပြိုင်ပွဲ၏ပထမအကျော့၌ မည်သူမှအစွမ်းကုန်သုံးကြမည်မဟုတ်ဘဲ တစ်ယောက်၏အစွမ်းကိုလည်းကျန်လူများကအကဲခပ်နေ၍ဖြစ်သည်။

စီးတုယွမ်ချင်း၏သိုင်းပညာအရဆိုလျှင်စောင့်ကြည့်ရမည့်လူများစာရင်းတွင်ကျိန်းသေပါဝင်ပြီး အေးစက်သည့်သွင်ပြင်နှင့် ပြက်သားသည့်တိုက်ခိုက်မှုများ‌ကြောင့်ပြိုင်ပွဲဝင်အများစုကသူမနှင့်မတွေ့ဆုံရန်ကြိတ်၍ဆုတောင်းနေကြသည်။

လွီချင်းအာကလည်း သူမပြိုင်ဘက်ကိုလွယ်ကူစွာအနိုင်ယူခဲ့ပြီး ထိပ်တန်းလွန်သိုင်းအဆင့်ရှိသည့်လူငယ်မှာ အခွင့်အရေးပင်မရလိုက်ပေ။

ရှောင်ယောင်၏အနီးတွင်အမြဲကပ်နေသည့်ထိုမိန်းကလေးက အသက်ဆယ့်ရှစ်နှစ်မပြည့်သေးသည့်တိုင်အဆင့်လွန်ထိပ်သီးအဆင့်ရှိပြီး သူမ၏ဓားပညာဖြင့်ဆိုလျှင် သာမန်အ‌အဆင့်လွန်ထိပ်သီးများကိုပင်အနိုင်ယူနိုင်စွမ်းရှိပေသည်။

ထိုအဖြစ်ကြောင့်ကြွယ်ယန်နှင့်ကြွယ်စင်းတို့ပင် ပို၍လေးနက်လာကြပြီး ရှောင်ယောင်၏ဘေးရှိလူတိုင်းက ကြောက်စရာကောင်းသည့်ပါရမီရှင်များဖြစ်ရာ သူတို့လည်းဖိအားကိုခံစားရပေသည်။

ထို့နောက် ကြွယ်စင်း၏ အလှည့်တွင် သူ၏ပုံစံအတိုင်းအေးဆေးတည်ငြိမ်စွာတိုက်ခိုက်၍ပြိုင်ဘက်ကိုအေးအေးဆေးဆေးအနိူင်ယူနိုင်ခဲ့သည်။

ကြွယ်စင်းနှင့်ကြွယ်ယန်တို့နှစ်ဦးစလုံးက ရှောင်လင်လျှို့ဝှက်သိုင်းခုနစ်ဆယ့်နှစ်မျိူးမှ ခုနစ်မျိူးစီအထိလေ့ကျင့်အောင်မြင်ထားကြသော်လည်း ယခုတိုက်ပွဲတွင်ကြွယ်စင်းက သူ၏အစွမ်းထက်ကိုယ်ဖော့ပညာနှင့် ပန်းလော့လက်ဝါးတစ်မျိူးထဲကိုသာအသုံးပြုတိုက်ခိုက်သွားကာ ပြိုင်ဘက်ကိုအချိန်အတော်ကြာမှအနိုင်ယူခဲ့ပေသည်။

ကြွယ်စင်း၏ပါးနပ်သည့်တိုက်ခိုက်ပုံကို ရှောင်ယောင်ပင်ကြိတ်၍ချီးကျူးလိုက်မိပြီး ထိုအဖြစ်ကြောင့် ကြွယ်စင်းမှာ လူအများအာရုံစိုက်မည့်အရေးကိုရှောင်လွဲနိုင်ခဲ့သည်။

ထို့နောက်သူတို့လူစုထဲတွင်တိုက်ခိုက်ရခြင်းမရှိသူများက ရှောင်ယောင်၊ ဟောင်ရန်နှင့် ကြွယ်ယန်တို့သာကျန်ရှိတော့ခြင်းဖြစ်၏။

“ ဒီနေ့ပြိုင်ပွဲရဲ့ဒုတိယပွဲစဉ်က ရှောင်လင်အဝေးရောက်သိုင်းသမားပိုင်ဖုန်းယန်နဲ့ ဟဲလောင်မိသားစုရဲ့ ဟဲလောင်ထန်းယန်တို့ပဲဖြစ်ပါတယ်....”

စွန်းအိမ်တော်မှသိုင်းသမား၏စကားသံကြောင့် ကြွယ်စင်းနှင့်လေပေါ‌နေသည့်ကြွယ်ယန်လည်းဆက်ခနဲဖြစ်သွားသည်။

ထို့နောက် စင်မြင့်ပေါ်သို့ ပေါ့ပါးစွာရောက်ရှိလာသည့် အနက်ရောင်ဝတ်စုံဝတ်လူငယ်ကိုကြည့်ရင်း သူ၏အမူအယာကအနည်းငယ်ရှုံ့မဲ့သွားသည်။

“ ဘယ်လိုဆုတောင်းမျိုးကြောင့် အဲလိုစိတ်ရှုပ်စရာကောင်းတဲ့ကောင်တွေနဲ့ပဲ တွေ့နေရတာလဲမသိဘူး....”

ကြွယ်ယန်၏ညဉ်းတွားမှူကို ရှောင်ယောင်တို့နားမလည်သော်လည်းကြွယ်စင်းကားပြုံးလိုက်မိသည်။

မည်သူမှသတိမထားမိလိုက်သည်က စင်မြင့်ထက်ရှိဟဲလောင်မိသားစုမှလူငယ်ကိုစိုက်ကြည်လိုက်သည့်ကြွယ်စင်း၏မျက်ဝန်းထဲတွင် အေးစက်မှုတို့ဖြတ်ပြေးသွားခြင်းဖြစ်၏။

ဟဲလောင်ထန်းယန်က အသက်သူံးဆယ်ဝန်းကျင်ခန့်ရှိသည့်လူငယ်တစ်ယောက်ဖြစ်ကာ အနက်ရောင်ချည်ချောဝတ်စုံကိုဝတ်ဆင်ထားပြီး ထွားကြိုင်းသန်မာသည့်ခန္တာကိုယ်ရှိသည်။

သူ၏ရုပ်ရည်ကများစွာချောမောခြင်းမရှိသည့်တိုင် ယောင်္ကျားပီသသည်ဟုဆိုနိုင်ပြီးကြံ့ခိုင်သည့်ခန္တာကိုယ်ဖြင့်ရဲစွမ်းသတ္တိရှိပုံရသည်။

သိူ့သော် သူ၏မျက်နှာထက်၌မောက်မာသည့်အမူအယာတစ်ခုရှိနေပြီး စင်မြင့်တစ်ဖက်မှတက်လာသည့်ကြွယ်ယန့်ကို အထင်းသေးဟန်ဖြင့်ကြည့်လိုက်သည်။

ကြွယ်ယန်၏အရပ်အ‌မောင်းကမြင့်မားပြီး ရုပ်ရည်က ကြည့်ကကောင်းသည့်တိုင်ဝဝဖိုင့်ဖိုင့်ခန္တာကိုယ်ကြောင့် ခင်မင်စရာကောင်းသည့်ပုံစံပေါက်နေသည်။

ထို့အပြင် ယခုမှ ရှည်စပြုလာသည့်ဆံပင်များက ထိူးထိူးထောင်ထောင်ဖြစ်နေပြီး အဖြူရောင်သိုင်းဝတ်စုံအသစ်နှင့်အနည်းငယ်အသားမကျ၍ သူ၏ပုံစံကအူကြောင်ကြောင်နိုင်သည်ဟုထင်ရသည်။

သို့သော် သူ၏ဂုဏ်ပုဒ်ဖြစ်သည့် ရှောင်လင်အဝေးရောက်သိုင်းသမားဆိုသည့်ဂုဏ်ပုဒ်ကြောင့်လူအများမှာ ကြွယ်ယန့်ကိူအထင်မသေးဝံ့ကြဘဲ ဟဲလောင်ထန်းယန်တစ်ယောက်သာ အထင်သေးဟန်ဖြင့်ကြည့်နေခြင်းဖြစ်၏။

ကြောက်စရာ‌ကောင်းသည့်ထိပ်တန်းအဆင့်သိုင်းပညာဖြစါစည့် နေမိုးကြိုးလက်သီးသိုင်းကိုအဓိကထားပြီး အပူဓာတ်အတွင်းအားကိုလေ့ကျင့်ကြသည့်အလျှောက် ဟဲလောင်မိသားစုမှလူများမှာ တိုက်ခိုက်လိုစိတ်ပြင်းပြကာ မည်သို့သောလူမျိူးထက်မဆိုသာလွန်သည်ဟုအထင်ရောက်ကြသည်။

သိုင်းမဟာမိတ်၏အင်အားစုဆယ်ခုထဲတွင် အမောက်မာဆုံးလူများကိုမေးလျှင် ဟဲလောင်မိသားစုကိုညွန်ပြရမည်ဖြစ်ပြီးသူတို့၏မောက်မာဝံ့ကြွားမှူကြောင့် အဖြူရောင်သိုင်းလောကသားအချင်းချင်းပင်ကြည့်မရသူများလေ၏။

သို့သော် သိုင်းဝိဇ္ဇာအဆင့်ပုဂ္ဂိုလ်များကိုတစ်ယောက်ထက်မကပိုင်ဆိုင်ထားသည့်ဟဲလောင်မိသားစု၏အင်အားက ကြောက်စရာကောင်းလှပြီး သိုင်းမဟာမိတ်၏အင်အားစုဆယ်ခုထဲတွင်ထိပ်ဆုံးသုံးခုဝင်လေသည်။

“ ဟေ့...ဒီတစ်သက် အပေါ်တက်လာလို့ပြီးဦးမှာလား.....”

ဟဲလောင်ထန်းယန်က စင်မြင့်ပေါ်သို့တစ်လှမ်းချင်းတတ်လာသည့်ကြွယ်ယန့်ကိုလှောင်ပြောင်လိုက်သည်။

သူ၏စကားကြောင့် ပထမနေ့က စွမ်းဝူချန်း၏ပုံစံကိုအတုယူ၍ ဟိတ်ဟန်ကြီးစွာတက်လာသည့်ကြွယ်ယန်တစ်ယောက်ကိုးယိုကားယားဖြစ်သွားပြီး ဟဲလောင်ထန်းယန်ကိုမကျေမနပ်ခွန်းတုန့်ပြန်လိုက်သည်။

“ မင်းအပူပါလာသောက်ရူး....”

ဟဲလောင်ထန်းယန်၏စကားက ရန်စခြင်းဟုဆိုရလျှင် ကြွယ်ယန်၏တုန့်ပြန်မှုက ပွင့်ပွင့်လင်းလင်းစော်ကားခြင်းဖြစ်၏။

ကြွယ်ယန်၏တုန့်ပြန်မှုကြောင့်ဟဲလောင်ထန်းယန်၏မျက်နှာကတင်းမာသွားပြီး လက်သီးကိုတင်းတင်းဆုပ်လိုက်မိသော်လည်း စင်မြင့်ထက်ရှိစွန်းအိမ်တော်သိုင်းသမားက မျက်စေ့ထောက်ထောက်ကြည့်နေ၍ စိတ်လျော့ကာ အမှန်တကယ်တိုက်ခိုက်မှကောင်းကောင်းဆုံးမရမည်ဟုတေးထားလိုက်သည်။

ကြွယ်ယန့်လိုလျှာစပြင်းသည့်လူတစ်ဦးကိုသွားရောက်ရန်စသည့်ဟဲလောင်ထန်းယန်၏ကံဆိူးမှုက ရှောင်ယောင်တို့ကရယ်မောနေမိကြပြီး စင်အောက်ရှိလူများကားပွဲမစမီစကားစစ်ထိုးနေသည့်လူနှစ်‌ယောက်ကြောင့် သဘောကျနေကြ၏။

ပြီးခဲ့သည့်ပြိုင်ပွဲများတစ်လျှောက် တစ်ယောက်ကိုတစ်ယောက်လေးစားမှုဖြင့်ဆက်ဆံကြပြီး ရှုံးနိမ့်သူက အရှုံးဝန်ခံသလိုအနိုင်ရသူက လှောင်ပြောင်ခြင်းမပြုကြသော်လည်း ယခုပွဲက ကွာခြားမည့်ပုံရသည်။

“ အဆင်သင့်ဖြစ်ပြီလား....”

စွန်းအိမ်တော်မှသိုင်းသမား၏အဖြေကို ကြွယ်ယန်ရော ဟဲလောင်ထန်းယန်ပါခေါင်းညိမ့်ပြလိုက်ကြသည်။

ထို့နောက် တိုက်ပွဲစသည်နှင့် သူတို့နှစ်ဦးစလုံးကကြုံးခတ်တော့မည့်တိုက်ကျွဲနှစ်ကောင်လို ရှေ့သို့တဟုန်ထိုးပြေးထွက်သွားကြတော့သည်။

“ ဝုန်း....”

ပြင်းထန်လှသည့်တိုက်ကွက်နှစ်ခုဆုံရာတွင် ကျယ်လောင်သည့်အသံကြီးကမည်ဟည်းလာတော့သည်။

ဟဲလောင်မိသားစု၏နေမိုးကြိုးလက်သီးသိုင်းက ကျော်ကြားသည့်ထိပ်တန်းအဆင့်သိုင်းပညာတစ်ခုဖြစ်ပြီးသူတို့၏အပူဓာတ်အတွင်းအားကလည်း သိုင်းပညာနှင့်လိုက်ဖက်လှသည်။

သို့သော် စီးတုမိသားစု၏ဝါရင့်သိုင်းပညာရှင်တစ်ယောက်နှင့်ပင်တိုက်ခိုက်ဖူးသည့်ကြွယ်ယန့်အတွက် ဟဲလောင်ထန်းယန်၏တိုက်ကွက်များက များစွာကြောက်မက်ဖွယ်မကောင်းပါချေ။

“ မိုးဖြိုသံမဏိလက်သီးသိုင်း.....”

ကြွယ်ယန်က ဟဲထောင်ထန်းယန်၏တိုက်ကွက်များကို ပြင်းထန်အားကောင်းသည့်မိုးဖြိုသံမဏိလက်သီးသိုင်းဖြင့်တုန့်ပြန်လိုက်သည်။

သူတို့နှစ်ယောက်၏သိုင်းပညာများကကွာခြားသော်လည်း သဘောတရားတူညီသည့်အပြင်ပြင်းထန်အားကောင်းမှုကိုအခြေခံထားကာ လက်သီးချက်များက လေထုထဲတွင်တအုန်းအုန်းမည်လျက်ရှိသည်။

သူတို့၏တိုက်ပွဲက အသက်ရှူချိန်အနည်းငယ်အတွင်း သိုင်းကွက်နှစ်ဆယ်ကျော်သွားပြီဖြစ်ကာ ကြောက်မက်ဖွယ်ကောင်းလှသည့်လက်သီးချက်များက လေထုကိုပင်တုန်ခါသွားစေသည်။

ထိုနည်းတူ သူတို့နှစ်ယောက်၏ပတ်ဝန်းကျင်တွင် တဝုန်းဝုန်းမည်သံများနှင့်အတူအတွင်းအားလှိုင်းများပင်လွင့်နေရာ စင်အောက်ရှိသိုင်းသမားများမှာ တုန်လှုပ်မှုကိုခံစားလိုက်မိကြ၏။

“ ဒါက လူငယ်မျိုးဆက်တွေရဲ့တိုက်ပွဲရောဟုတ်ရဲ့လား.....”

အသက်လေးဆယ်ကျော်ခန့်ရှိနေပြီဖြစ်သည့်ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်က အံ့ဩတုန်လှုပ်စွာဖြင့်ရေရွတ်လိုက်မိသည်။

ကြွယ်ယန်နှင့်ဟဲလောင်ထန်းယန်တို့က ပြိုင်ပွဲဝင်များထဲတွင် အစွမ်းအထက်ဆုံးမဟုတ်ကြသော်လည်း တိုက်စစ်ကိူအသာပေးသည့်အပြင် လက်ဗလာသိုင်းသမားများဖြစ်ရာသူတိူ့၏တိုက်ပွဲကပြီးခဲ့သည့်ပွဲများထက်များစွာပြင်းထန်လျက်ရှိသည်။

“ ရှောင်လင်ကကောင်‌လေးသုံးနေတာ မိုးဖြိုသံမဏိလက်သီးသိုင်းပဲ ။ ပြီးတော့ ‌ကျွမ်းကျင်အဆင့်ထိရောက်ဖို့တောင်အများကြီးမလိုတော့ဘူး....”

စံအိမ်ရှေ့ရှိအကဲဖြတ်လူကြီးများက အချင်းချင်း‌ပြောဆိုနေကြပြီး ကြွယ်ယန်၏ထူးချွန်မှုကို ကြိတ်၍သဘောကျနေကြသည် ။

သူတို့ထဲတွင်အနိမ့်ဆူံးလူကပင်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ရှိရာ ကြွယ်ယန်နှင့် ဟဲလောင်ထန်းယန်တို့၏ကွာခြားမှုကို ကောင်းစွာမြင်တွေ့နိုငိပြီးမည်သူအနိုင်ရမည်ကိုလည်းရှင်းလင်းစွာသိနေသည်။

ထို့အပြင်ကြွယ်ယန်၏နောက်ခံက ရှောင်လင်ကျောင်းတော်ဖြစ်၍ အကဲဖြတ်လူကြီးများပို၍အမြင်ကြည်နေကြသည်က အထူးအဆန်းတော့မဟုတ်ပေ။

“ ဟဲဟဲ ...ဟဲလောင်ချန်း မင်းရဲ့မိသားစုကကောင်လေးတော့ရှုံးတော့မယ်နဲ့တူတယ်.....”

အနက်ရောင်ဝတ်ရုံရှည်ကြီးကိုဝတ်ဆင်ထားသည့်ပိန်ကပ်ကပ်အဖိုးက တစ်ခုံကျော်တွင်ထိုင်နေသည့်အနက်ရောင်ဝတ်စုံဝတ်လူကြီးကိုလှမ်း၍ ခနဲ့လိုက်သည်။

ထိုအဖိုးအို၏အမည်က အရိုးခြောက်နတ်ဆိုးဟူအိုဖြစ်ပြီး မိစ္ဆာဝိညာဉ်၏ခေါင်း‌ဆောင်ရှစ်ယောက်တွင် ထိပ်ဆုံးသုံးနေရာဝင်ပေသည်။

ထိုနည်းတူသူလှောင်ပြောင်လိုက်သည့်လူက ဟဲလောင်မိသားစု၏ဟဲလောင်ချန်းဖြစ်ပြီး သိုင်းမဟာမိတ်၏ခေါင်းဆောင်ဆယ်ယောက်တွင် နံပါတ်တစ်ဟုပင်ဆိုနိုင်သည်။

အသက်ငါးဆယ်ကျော်ခြောက်ဆယ်ခန့်ရှိပြီဖြစ်သည့်တိုင် ဟဲလောင်ချန်းက တောင့်တင်းကြံ့ခိုင်သည့်ခန္တာကိုယ်ကိုပိုင်ဆိုင်ထားဆဲဖြစ်ပြီး သူ၏ရုပ်သွင်က တင်းမာပြက်သားဟန်တူသည်။

သခင်ဆယ်ပါးဟုလူသိများသည့် သိုင်းမဟာမိတ်၏ခေါင်းဆောင်ဆယ်ယောက်ထဲတွင် ဟဲလောင်ချန်းက နံပါတ်တစ်ဖြစ်ပြီး ဒေါသကြီးကာခတ်ထန်သည့်သူ၏စရိုက်ကြောင့် သိုင်းမဟာမိတ်မှအခြားခေါင်းဆောင်များပင် ဟဲလောင်ချန်းကိုဒေါသထွက်အောင်မလုပ်ဝံ့ကြပေ။

သို့သော် သူတို့နှစ်ယောက်လုံးက သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်များဖြစ်၍ အဆင့်တူများဖြစ်ကာ ကျောင်းတော်ကရန်စကြောင့် ဟူအိုကလှောင်ပြောင်လိုက်ခြင်းဖြစ်သည်။

ဟူအို၏စကားကြောင့် ဟဲလောင်ချန်း၏မျက်နှာကသိသိသာသာတင်းမာသွားသော်လည်း ဘေးဘက်ရှိအစိမ်းရောင်ဝတ်စုံဝတ်လူက ဒေါသမထွက်ရန်မျက်ရိပ်ပြကာ ဟူအို့ကိုပြောလိုက်သည်။

“ အခုတိုက်ခိုက်နေတဲ့လူငယ်နှစ်ယောက်လုံးက အဖြူရောင်သိုင်းလောကသားတွေဆိုတော့ ဘယ်သူပဲအနိုင်ရရကျုပ်တို့ကဝမ်းသာရမှာပါ ။

ဒါနဲ့ ကျုပ်မှတ်မိတာမမှားရင် ဟွာရှန်းတောင်ပေါ်မှာ ခင်ဗျားတို့နှစ်ယောက်လုံး ဓားကျိုးဘုရင်ရဲ့လက်ချက်ကြောင့်သေတော့မလို့မလား။ သူ့ဘေးကကောင်လေးသာဝင်မတားရင် မိစ္ဆာဝိညာဉ်ရဲ့ နတ်ဆိုးရှစ်ယောက်မှာ နှစ်ယောက်လျော့သွားမှာပဲ....”

အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်လူက ပိန်ပိန်ပါးပါးခန္တာကိုယ်နှင့်ပါးနပ်သည့်သွင်ပြင်ရှိပြီး သူ၏စကားလုံးများက အမှန်ပင်အဆိပ်ပြင်းလှသည်။

ထို့ကြောင့် ဟဲလောင်ချန်းကိုအနိုင်ပိုင်း၍ကျေနပ်နေသည့်ဟူအိုမှာမျက်နှာကြီးမည်းမှောင်သွားစဉ် အစိမ်းရောင်ဝတ်စုံဝတ်လူက အပြုံးဖြင့်ဆက်ပြောလိုက်သည်။

All Chapters