← Chapters

ပြင်းထန်သည့်ပြိုင်ပွဲ

Vol. 3 Ch. 77

ပြင်းထန်သည့်ပြိုင်ပွဲ

Vol. 3 Ch. 77

တိုက်ပွဲစတင်နိုင်ကြောင်းသိရှိသည်နှင့် ဟောင်ရန်၏ခန္တာကိုယ်ကလှစ်ခနဲရွေ့လျားသွားကာ ထန်ရှန်းကိုဦးစွာတိုက်ခိုက်လိုက်သည်။

ပြိုင်ဘက်ကအစွမ်းထက်သည့်အဆင့်လွန်ထိပ်သီးတစ်ဦးဖြစ်ပြီး ထန်မိသားစုမှလက်နက်ပုန်းပညာရှငိတစ်ဦးလည်းဖြစ်ရာ တစ်ချက်ကလေးသတိလစ်သည်နှင့်သူရှူံးနိမ့်သွားနိုင်သည် ။

ထို့ကြောင့် ဟောင်ရန်လည်း တိုက်ပွဲစသည်နှင့်ပြိုင်ဘက်ကိုဖိအားပေးတိုက်ခိုက်ရန်ကြံစည်ထားခြင်းဖြစ်သည်။

ဟောင်ရန်၏အကြံအစည်ကိုကြိုတင်ရိပ်စားမိနေသည့်ထန်ရှန်းက ဟောင်ရန်တိုက်ခိုက်လာသည်နှင့်တစ်ပြိုင်နက် သူ၏ခန္တာကိုယ်ကိုလျှင်မြန်စွာခုန်ဆုတ်လိုက်သည်။

တစ်ဆက်ထဲမှာပင် လက်နှစ်ဖက်ကိုလည်း အဆက်မပြက်ဝေ့ယမ်းလိုက်ရာ များပြားသည့်လက်နက်ပုန်းများပေါ်ထွက်လာပြီး ဟောင်ရန့်ဆီသို့ပျားပိတုန်းများပမာ ဝဲပျံသွားလေသည်။

ထို့အပြင် လက်နက်ပုန်းတစ်ခုချင်းစီးတိုင်ကလွန်စွာပြင်းထန်ပြီး ဟောင်ရန်နောက်ဆုတ်ရှောင်တိမ်းနိုင်မည့်လမ်းကိုလည်းပိတ်ဆို့ထားပေသည်။

ထန်မိသားစု၏လက်နက်ပုန်းပညာက အမှန်ပင်ကြောက်မက်ဖွယ်ကောင်းလှပြီး ထိုတစ်ကွက်ထဲဖြင့် ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ကို ဇကာပေါက်ဖြစ်သွားစေသည်အထိအစွမ်းထက်လှသည်။

ဟောင်ရန်လည်း ထိုမျှများပြားသည့်လက်နက်ပုန်းများနှင့်ရင်ဆိုင်ရာတွင်အနည်းငယ်ထိတ်လန့်မိသွားသော်လည်း သူ၏ဓားကိုရေပတ်မဝင်အောင်ဝေ့ယမ်းကာ ကာကွယ်လိုက်သည်။

အ‌ရိပ်ပျောက်ဓားသိုင်း၏သဘောက ပေါပါးလျှင်မြန်ပြီးရှုပ်ထွေးသည့်ဓားကွက်များဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ရာ ဟောင်ရန်၏ဓားက အရိပ်များစွာထွက်ပေါ်လာပြီး ထန်ရှန်း၏လက်နက်ပုန်းများမှာ ရှေ့သို့ဆက်မတိုးဘဲလွင့်စင်ကုန်လေသည်။

သူ၏တိုက်ကွက်ကို ဟောင်ရန်ကလွယ်ကူစွာကာကွယ်နိုင်လိုက်၍ ထန်ရှန်း၏မျက်နှာထက်၌ အံ့ဩရိပ်ဖြတ်ပြေးသွားသော်လည်း တုံ့ဆိူင်းမနေဘဲ ရှေ့သို့ရိပ်ခနဲတိုးဝင်လိုက်သည် ။

သူ၏အပြုအမူကြောင့် ဟောင်ရန်သာမက စင်အောက်ရှိသိုင်းလောကသားအများစုပင်အံ့အားသင့်သွားကြသည်။

လက်နက်ပုန်းပညာရှင်များမှာအဝေးတိုက်ကွက်များတွင် ပို၍အားသာ၍ အများစုက ကိုယ်ဖော့ပညာကောင်းပြီး အဝေးမှလှည့်ပတ်တိုက်ခိုက်ကြခြင်းဖြစ်သည်။

ယခုဟောင်ရန့်ဆီသို့တည့်တည့်တိုးဝင်သွားသည့် ထန်ရှန်း၏လုပ်ရပ်က ထူးဆန်းလှပေသည်။

သို့သော် ထန်မိသားစု၏အကြေားကို ‌ကောင်းစွာသိရှိထားကြသည့်သိုင်းလောကသားများကတော့ ထိုအကြောင်းကိုများစွာ အံ့ဩဟန်မပြပေ။

“ ဝှစ်.....”

တစ်ပေခန့်ရှည်မည့်ဓားတိုလေးနှစ်လက်က ထန်ရှန်း၏လက်ထဲတွင်မျက်လှည့်ပြလိုက်သလိုပေါ်ထွက်လာပြီး ဟောင်ရန်၏လည်ပင်းနှင့်ရင်ဘက်ဆီသို့လျှင်မြန်စွာတိုးဝင်လာသည်။

ဟောင်ရန်လည်း ပြိုင်ဘက်၏လှုပ်ရှားမှုကြောင့် အံ့အားသင့်နေရာမှ တစ်စုံတစ်ခုကိုတွေးမိ၍ မျက်နှာပျက်ကာအလျှင်အမြန်ရှောင်တိမ်းလိုက်ရသည်။

ချွန်မြသည့်ဓား‌သွားနှစ်ခုက ဟောင်ရန်၏ခန္တာကိုယ်နှငိ့တစ်လက်မစီအကွာမှဖြတ်သွားပြီး သူ၏ရှောင်တိမ်းမှုသာအနည်းငယ်နောက်ကျသွားပါက ထိုဓားသွားနှစ်က ဟောင်ရန်၏ကိုယ်တွင်းသို့နစ်မြုပ်သွားပေတော့မည်။

ထိုမြင်ကွင်းကြောင့် ရှောင်ယောင်တို့လူစု တုန်လှုပ်သွားကြသလို စင်အောက်ရှိသိုင်းလောကသားများလည်းပင့်သက်ရှိုက်လိုက်မိကြ၏။

လူသတ်ဓားပညာ

ထန်ရှန်း၏တိုက်ကွက် ထိုမျှကြောက်မက်ဖွယ်ကောင်းနေခြင်းက အထူးအဆန်းတော့မဟုတ်ပေ။

ထန်မိသားစု၏လျှို့ဝှက်သိုင်းပညာဖြစ်သည့်လူသတ်ဓားပညာက အသက်အန္တရာယ်ကြုံမှထုတ်သုံးကသည့်ပညာရပ်တစ်ခုဖြစ်ပြီးအနီးကပ်တိုက်ပွဲများတွင်လွန်စွာကြောက်မက်ဖွယ်‌ကောင်းလှသည်။

တိုက်ပွဲထဲတွင်လျှင်မြန်စွာရွေ့လျားနိုင်သည့် ထန်မိသားစု၏ခြေလှမ်းကွက်နှင့်တွဲသုံးပါက သေစေနိုင်သည့်တိုက်ခိုက်မှုများကိုထုတ်ဖော်နိုင်ပြီး ပြိုင်ဘက်သတိမထားမိခင်မှာပင် သူတို့၏အသက်ကိုနုတ်ယူနိုင်ပေသည်။

ပုံမှန်ဆိုလျှင် ထိုသို့သောပညာရပ်မျိုးကသက်စောင့်ပညာရပ်တစ်ခုဖြစ်ပြီး အသက်အန္တရာယ်နှင့်ကြုံမှထုတ်သုံးကြသော်လည်း ယခုလိုသိုင်းပြိုင်ပွဲတွင်ပါထုတ်သုံးလာသည့် ထန်ရှန်း၏လုပ်ရပ်က ထူးဆန်းလှပေသည်။

ထိုမြင်ကွင်းကြောင့် ဝါရင့်သိုင်းသမားများအံ့အားသင့်နေကြသလို အကဲဖြတ်လူကြီးများ၏နေရာရှိအစိမ်းရောင်ဝတ်စုံဝတ်ထန်ချင်းရှန်ပင်မျက်မှောင်ကြုတ်လိုက်မိသည်။

ပုံမှန်ဆိုလျှင် သွေးအေးတည်ငြိမ်ပြီးပါးနပ်သည့်ထန်ရှန်းကို ယခုလိုမျိုးဖြစ်စေသည်က ထိုလူငယ်လေးနှင့်သူ၏ကြားတွင်မည်သို့‌သောမကျေနပ်ချက်မျိုးရှိနေရသနည်း။

သူ၏အပိုင်တိုက်ကွက်ကိုဟောင်ရန်ကရှောင်တိမ်းလိုက်နိုင်၍ ထန်ရှန်း၏မျက်နှာကအနည်းငယ်ပြောင်းလဲသွားသည်။

ထိုတိုက်ကွက်ကို ဦးစွာထုတ်ဖော်ခြင်းက ဟောင်ရန်၏အစွမ်းထက်ဓားသိုင်းကိုမြငိဖူးထား၍ ပြိုင်ဘက်ကိုအလစ်အငိုက်ဖမ်းကာအနိုင်ယူလို၍ဖြစ်သည်။

ယခု သူထင်ထားသလိုဖြစ်မလာသော်လည်း အသာစီးရနေသည့်အခြေအနေကိုအခွင့်ကောင်းယူကာ လှစ်ခနဲတိုးဝင်၍ နောက်ထပ်တိုက်ခိုက်လိုက်ပေသည်။

“ ဝှစ်.... ဝှစ်....”

ထက်ရှသည့်ဓားသွားနှစ်လက်ကလေထုကိုအဆက်မပြက်ပိုင်းဖြတ်နေပြီး ကြောက်မက်ဖွယ်ကောင်းလှသည့်တိုက်ကွက်များက ဆက်တိုက်ထွက်ပေါ်လျက်ရှိသည်။

အစောပိုင်းက ပြိုင်ဘက်၏ထင်မထားသည့်တိုက်ခိုက်မှုကြောင့် ရှူံးနိမ့်ရတော့မည်ကဲ့သို့ဖြစ်သွားပြီး ဟောင်ရန်မှာ ပြန်လည်တိုက်ခိုက်ရန်ပင်အခွင့်အရေးမရဘဲ ဆက်တိုက်နောက်ဆုတ်ပေးနေရလေသည်။

သို့သော် သူ၏ကိုယ်ဖော့ပညာက ထန်ရှန်းထက်အနည်းငယ်သာလွန်ပြီး သတိကြီးစွာထား၍ရှောင်တိမ်းနေခြင်းကြောင့်လည်း ယခုအချိန်ထိ တစ်ချက်ကလေးမှ ဒဏ်ရာမရသေးပေ။

သို့သော် ယခုပုံစံအတိုင်းဆက်သွားနေလျှင်မဖြစ်တော့မှန်းရိပ်စားမိ၍ ဟောင်ရန်လည်း အော်ဟစ်မာန်သွင်းကာ လေပေါ်သို့ရိပ်ခနဲခုန်တက်လိုက်သည်။

“ ကျား ...”

အားမာန်ပြည့်ဝသည့်အော်ဟစ်သံနှင့် သိမ်းငှက်တစ်ကောင်လိုရိပ်ခနဲလေပေါ်မြောက်သွားသည့်ဟောင်ရန်၏ခန္တာကိုယ်ကြောင့် ထန်ရှန်းမှာ အနည်းငယ်ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ သူ၏လက်ကိုဝေ့ယမ်းလိုက်သည်။

ယခုမှသာ စင်အောက်ရှိလူများမှာ ထန်ရှန်းက အနီးကပ်တိုက်ပွဲတွင်လွန်စွာကြောက်မက်ဖွယိကောင်းရုံသာမဟုတ်ဘဲ သူ၏အဓိကတိုက်ခိုက်မှုကလက်နက်ပုန်းဖြစ်သည်ကိုပြန်၍အမှန်ရသွားကြသည် ။

ဟောင်ရန်၏ဆုံးဖြတ်ချက်သည်လည်းမှန်ကန်ပြီး အစောပိုင်းကလိုသာဆက်သွားနေပါက ထန်ရှန်း၏တိုက်ကွက်များကြားမှရုန်းထွက်နိုင်မည်မဟုတ်ဘဲ တစ်စထက်တစ်စအရေးနိမ့်သွားပေမည်။

ယခု လေပေါ်သို့လွတ်ကျွတ်စွာရောက်ရှိသွား၍ သူ၏တိုက်ခိုက်မှုကိုပြန်လည်တည်ဆောက်ရန်အချိန်ကျလာပြီး လက်ထဲရှိဓားကိုလျှင်မြန်စွာလှူပ်ရှားလိုက်သည်။

“ ထန်း...ထန်း....”

သံချင်းထိခတ်သံနှင့်အတူ ထန်ရှန်း၏လက်နက်ပုန်းများမှာ ဟောင်ရန့်ကိုအန္တရာယ်မပေးနိုင်ဘဲ ဘေးဘက်သို့လွင့်စင်ကုန်လေသည်။

ထို့နောက် အစာကိုသုတ်ချီတော့မည့်သိမ်းငှက်ကြီးတစ်ကောင်လို ရှေ့သို့ရိပ်ခနဲထိုးဆင်းလာသည့်ဟောင်ရန်ကြောင့် ထန်ရှန်းလည်း ဓားတိုလေးနှစ်လက်ကိုအဆက်မပြက်ဝေ့ယမ်းရင်းနောက်ဆုတ်ပေးလိုက်ရသည်။

“ ချွမ်း....”

ကျယ်လောင်သည့်အသံနှင့်အတူ ထန်ရှန်းမှာ နောက်သို့ပြန်ဆုတ်ပေးလိုက်ရသည်။

ယခုတိုက်ပွဲက အလှည့်အပြောင်းများစွာဖြင့်ပြည့်နှက်နေပြီး ထန်ရှန်းမှာ ဓားတိုလေးနှစ်လက်ဖြင့်ကာကွယ်ရင်း နောက်သို့တစ်လှမ်းပြီးတစ်လှမ်းဆုတ်ပေးနေရသည်။

ပြိုင်ဘက်၏တိုက်ကွက်များကြားမှဖောက်ထွက်ပြီးသည်နှင့် ဟောင်ရန်၏ဓားပညာကစတင်အစွမ်းပြလာပြီး ရာနှင့်ချီသည့်ဓားရိပ်များမှာ သူ့၏အနီးဝန်းကျင်တွင်ထွက်ပေါ်လျက်ရှိသည်။

ဓားသိုင်း၏အမည်က အရိပ်ပျောက်ဓားသိုင်းဖြစ်သော်လည်း လွန်စွာရှုပ်ထွေးလှသည့်ထိုဓားသိုင်းကို ရှောင်ယောင်ကတော့အရိပ်တစ်ထောင်ဓားသိုင်းဟုသာခေါ်ဆိုလိုက်ချင်တော့သည်။

“ ဟောင်ရန်ကလည်း တကယ်အစွမ်းထက်တာပဲ....”

ရာနှင့်ချီသည့်ဓားရိပ်များကိုကျွမ်းကျင်စွာထုတ်ဖော်ရင်း ထန်ရှန်းကိုအဆက်မပြက်ဖိအားပေးတိုက်ခိုက်နေသည့်ဟောင်ရန့်ကိုကြည့်ကာ လွီချင်းအာက ရေရွတ်လိုက်မိသည်။

ပျော့ညံ့သည့်ပုံစံရှိသည့်ထိုလူငယ်လေးက တိုက်ခိုက်ရာတွင်ယခုလိုအစွမ်းထက်မည်ဟု သူမထင်မထားပေ။

ထိုနည်းတူ ဟောင်ရန်၏ဓားပညာစွမ်းကိုမြငိတွေ့ပြီးနောက် ကြွယ်ယန်တို့လည်းမျက်လုံးပြူးနေကြသည်။

“ ဟဲ ဟဲ ထန်ချင်းရှန် ဒီပွဲမှာ မင်းတို့ကောင်လေးရှုံးမယ်လို့ငါအာရုံရနေတယ်.....”

အကဲဖြတ်လူကြီးများနေရာရှိ အရိုးနတ်ဆိုးဟူအိုက သိုင်းမဟာမိတ်ခေါင်းဆောင်တစ်ယောက်ဖြသ်သည့် ထန်ချင်းရှန်ကိုလှောင်ပြောင်လိုက်သည်။

မနေ့ကက ထန်ချင်းရှန်၏လှည့်ကွက်ကြောင့် လူအများရှေ့တွင်သူမျက်နှာပျက်ရသည်ကိုယခုအချိန်ထိမမေ့သေးပေ။

ယခု ဟောင်ရန်က အပေါ်စီးမှရောက်ရှိနေပြီး အနိုင်ရရှိရန်အခွင့်အရေးများနေရာ ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ ထန်ချင်းရှန်ကိုလှောင်ပြောင်လိုက်ခြင်းဖြစ်၏

ဟူအို၏လှောင်ပြောင်စကားကိုကြားသော်လည်း ထန်ချင်းရှန်က သူ၏စရိုက်အတိုင်းတည်ငြိမ်နေဆဲဖြစ်ပြီး တိုက်ပွဲကိုအကြည့်မလွှဲဘဲအပြုံးမျက်နှာဖြင့်ပြောလိုက်သည်။

“ အနိုင်အရှုံးကို‌ပြောဖို့စောသေးပါတယ်....”

ထိုဝှက်ဖဲကိုထုတ်သုံးပါက ထန်ရှန်းအနိူင်ရရန်အခွင့်အရေးများသော်လည်း မလိုလားအပ်သည့်ပြဿနာများဖြစ်ပွားနိုင်၍သုံးမသုံးရန်မျှော်လင့်မိသည်။

ထန်ချင်းရှန်၏တည်ငြိမ်သည့်ပုံစံကြောင့် ဟူအို၏စိတ်ထဲတွင်ပင်သံသယစိတ်များဝင်လာပြီးတိုက်ပွဲကိုသေချာပြန်ကြည့်လိုက်ရသည်။

“ ထန်မိသားစုကကောင်လေးဆီမှာ ဝှက်ဖဲတစ်ခုခုများရှိနေတာလား....”

ဟူအိုကတစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်သည်။

စင်မြင့်ထက်ရှိတိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ထန်ရှန်းမှာ ခုခံကာကွယ်ရင်းအဆက်မပြက်နောက်ဆုတ်ပေးနေရသည်။

သို့တိုင် သူ၏ခန္တာကိုယ်ပေါ်တွင် ဓားရာနှစ်ခုသုံးခုထွက်ပေါ်နေကာ လှည့်ကွက်များသည့်ထန်မိသားစုခြေလှမ်းကွက်သာမဟုတ်ပါက ထန်ရှန်း၏အခြေအနေမှာယခုထက်ပင်ပိုဆိုးသွားနိုင်သည်။

အနီးကပ်တိုက်ပွဲတွင် လူသတ်ဓားပညာကအစွမ်းထက်သောိလည်း ယခုလိုအဆက်မပြက်ဖိအားပေးတိုက်ခိုက်မှုကိုရင်ဆိုင်ရာတွင် တိုက်ကွက်ထုတ်ရန်ပင့်ခွင့်မသာပေ။

ထိုနည်းတူ အစစ်နှင့်ပုံရိပ်ယောင် ရောနှောနေသည့် ရာနှင့်ချီသည့်ဓားကိပ်များ‌ကြောင့် သူကျွမ်းကျင်ပိုင်နိုင်သည့်လက်နက်ပုန်းပညာကိုပင်ထုတ်မသုံးနိုင်ဘဲ ယခုလိုအခြေအနေဆိုးရွား‌နေခြင်းဖြစ်သည်။

စင်အောက်ရှိလူများကတော့ ‌ဟောင်ရန်၏အစွမ်းထက်ဓားပညာကိုရပ်သပ်ရှုမောဖွယ်ကြည့်ရှုနေကြပြီး သူတို့၏မျက်ဝန်းများထဲတွင်လေးစားအားကျမှုတို့ရှိနေသည်။

သည့်မတိုင်မီက ဟောင်ရန်၏ကျော်ကြားမှုကို အများစုကိုလက်မခံနိုင်သည့်တိုင် သိုင်းပြိုင်ပွဲပြီးဆုံးပါက သူ၏အမည်က သိုင်းလောကအနှံပျံ့နှံ့သွားမည်အသေအချာပင်။

ထိုနည်းတူ ဟောင်ရန်၏တိုက်ကွက်များကြောင့် အောက်စည်းသို့ရောက်ရှိနေသည့် ထန်ရှန်း၏အမူအယာက ကြောက်မက်ဖွယ်ကောင်းလောက်အောင်တင်းမာနေကာ အေးစက်သည့်အသံဖြင့်အော်ဟစ်ကြုံးဝါးလိုက်သည်။

“ မင်းကငါ့ကို နောက်ဆုံးစည်းရောက်အောင်တွန်းပို့နေတာပဲ.....”

ပြိုင်ဘက်၏ကြုံးဝါးမှုကို အလေးမထားသော်လည်း အန္တရာယ်အငွေ့အသက်အချို့ကိုခံစားမိလိုက်၍ဟောင်ရန်၏မျက်ဝန်းများက ကျဉ်းမြောင်းသွားတော့သည်။

ထိုအချိန်မှာပင် ထန်ရှန်းက ကိုယ်ပေါ်တွင်ဒဏ်ရာအရခံ၍ လွတ်ရာသို့ခုန်ဆုတ်ပြီး သူ၏လက်ကိုလျှင်မြန်စွာဝေ့ယမ်းလိုက်လေသည်။

နီရဲတောက်ပသည့်ဓားပျံကလေးသုံးခုက ထန်ရှန်း၏လက်ထဲမှထွက်ပေါ်လာပြီး ထိုဓားပျံများအကြောင်းကိုသိရှိနေသည့်လူများကား အံ့ဩတုန်လှူပ်စွာဖြင့်အော်ဟစ်လိုက်ကြသည်။

All Chapters