← Chapters

အလှည့်ကျပြီ

Vol. 3 Ch. 79

အလှည့်ကျပြီ

Vol. 3 Ch. 79

ဟောင်ရန်၏ဒဏ်ရာက ပခုံးရှိတစ်ခုသာဖြစ်သော်လည်း သုံးလက်မခန့်ရှည်သည့်ထန်ရှန်း၏ဓားပျံက ပခုံးရိုးအတွင်းထိနစ်ဝင်သွားရာ အတော်လေးနက်ရှိုင်းသည်ဟုဆိုနိုင်သည်။

ထို့ကြောင့်ပေါ့ဆရန်မသင့်ဘဲ သွေးထွက်မလွန်စေရန်ဟောင်ရန်၏ဒဏ်ရာပတ်လည်ရှိအကြောများကိုထိုးပိတ်လိုက်ကာ ဟောင်ရန့်ကိုမေးလိုက်သည်။

“ ငါပေးထားတဲ့အနာကျက်ဆေးမှုန့်ကရော....”

ဆရာကြီးလေသံဖြင့်ဟိန်းဟောက်နေသည့်ရှောင်ယောင့်ကိုမျက်နှာမဲ့ပြလိုက်သော်လည်းဟောင်ရန်က သူအသေအချာသိမ်းဆည်းထားသည့် ပုလင်းငယ်လေးကိုထုတ်ကာပေးလိုက်သည်။

ထို့နောက် ရှောင်ယောင်က ဟောင်ရန်၏ဝတ်စုံကိုဖြဲကာဆေးထည့်ရန်ပြင်လိုက်စဉ် ဟောင်ရန်က သူ၏လက်ကိုရိုက်ဖယ်ကာ အလျှင်အမြန် အော်ဟစ်ဟန့်တားလိုက်သည်။

“ ခင်ဗျားဘာလုပ်မလို့လဲ....”

ဟောင်ရန်၏ခါးခါးသီးသီးငြင်းပယ်မှုကြောင့် ရှောင်ယောင်၏စိတ်ထဲတွင် ဒေါသထွက်သွားပြီး ဆေးပုလင်းကို သူ့ဆီပြန်ပေးကာ တင်းမာစွာပြောလိုက်သည်။

“ ရော့...ဒါဆိုလည်း မင်းဘာသာလုပ်တော့....”

ရှောင်‌ယောင်၏အကျင့်က အေးဆေးပြီး အန္တရာယ်ကြုံရချိန်တွင်ပင်တည်ငြိမ်သော်လည်း ယခုအခါ ကရုဏာဒေါသကြောင့် သူ၏မျက်နှာကအေးစက်တင်းမာနေသည်။

ထို့နောက် ရှောင်ယောင်က ဟောင်ရန့်ကိုဂရုမစိုက်တော့ဘဲ ကြွယ်ယန်တို့ရှိနေသည့်နေရာသို့ပြန်၍သွားလိုက်သည်

ဆေးပုလင်းလေးကိုကိုင်ကာနေရာတွင် ငိုမဲ့မဲ့ပုံစံဖြင့်ကျန်ခဲ့သည့်ဟောင်ရန်က အစောပိုင်းကစင်မြင့်ထက်တွင်ဝံ့ကြွားစွာတိုက်ခိုက်ခဲ့သူမဟုတ်သည့်အလားဖြစ်နေပြီး ဘေးနားရှိလူများမှာ နောက်ထပ်စတင်နေပြီဖြစ်သည့်တိုက်ပွဲကိုမကြည့်ဘဲ သူတို့ကိုသာစိတ်ဝင်စားစွာမကဲခပ်နေကြ၏။

ကျန်လူများ၏စပ်စုသည့်အကြည့်များကြောင့်စုထင်းက သူတို့ကိုပြန်၍စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။

“ ကိုယ့်အလုပ်မဟုတ်ဘဲဘာကြည့်နေတာလဲ.. သေချင်လို့လား....”

သူတို့ကိုယ်သူတို့စာပေသမားများဟုသာအမြဲလိုလိုထုတ်ဖော်ပြောဆိုလေ့ရှိသည့်တိုင်အရူးသုံးယောက်ဟုကျော်ကြားသည့်စုထင်းတို့၏ဂုဏ်သတင်းကသိုင်းလောကထဲတွင်ကျော်ကြား၍ အနီရှိလူများမှာအလျှင်အမြန်မျက်နှာလွှဲသွားကြသည်။

ထိုစဉ် ဝမ်ဝူးက ဝမ်းနည်းသည့်မျကိနှာဖြင့်ရှိနေသည့်ဟောင်ရန့်ကိုကြည့်ရင်း သက်ပြင်းတစ်ချက်ချ၍ပြောလိုက်သည်။

“ မင်းအခုလိုလုပ်တာနည်းနည်းလွန်တယ်ညီလေးဟောင် .....စောစောက မင်းဒဏ်ရာရတော့ ညီလေးရှောင်က စင်ပေါ်တောင်ခုန်တက်မယ်လုပ်နေတာ ငါတို့မနည်းဆွဲထားလို့.။

အခုမင်းလုပ်တာက သူ့ရဲ့စိုးရိမ်ပူပန်မှုကိုစော်ကားသလိုဖြစ်နေတယ်။ဘာပဲပြောပြောအခုလိုဖြစ်သွားတာနှစ်ယောက်လုံးအတွက်မကောင်းဘူးလေ ...”

“ ကျုပ်က ဒီလိုသဘောမျိူးမဟုတ်ပါဘူး....”

ဟောင်ရန်၏လေသံက တိုးဖျော့နေပြီး အပြစ်ရှိသည့်ကလေးငယ်တစ်ဦးလို ဦးခေါင်းကိုလည်း အောက်သို့ငုံ့ထားလေသည် ။

သူ၏တုန့်ပြန်မှုကြောင့် ဝမ်ဝူးကခေါင်းယမ်းလိုက်မိသည်။

ကြားထဲမှနေ၍ ဆုဖိန်ကဝင်ရောက်ဖြန်ဖျေသည့်သဘောဖြင့်ပြောလိုက်သည်။

“ ကဲပါ သွားညီလေးရှောင်ကိုတောင်းပန်ချေ။ မင်းတို့က ဒီလောက်ရင်းနှီးတာကို စိတ်ဆိုးလည်းခဏပါ....”

ဆုဖိန်၏အကြံပေးမှုကို ဟောင်ရန်က တိတ်ဆိတ်စွာခေါင်းညိမ့်ပြလိုက်သည်။

“ အစ်ကိုရှောင်ယောင်ဘာဖြစ်လာတာလဲ.....”

“ ဟောင်ရန်ကရော သူဒဏ်ရာရသွားတယ်မလား...”

မျက်နှာကြီးမှုန်ကုတ်၍ပြန်လာသည့်ရှောင်ယောင်၏သွင်ပြင်ကြောင့်လွီချင်းအာနှင့်ကြွယ်ယန်တို့ကတစ်ယောက်တစ်ခွန်းစီမေးလိုက်ကြသည်။

သူတို့၏မေးခွန်းများကြောင့်ရှောင်ယောင်လည်းမျက်နှာထားတည်တည်ဖြင့်ခေါင်းယမ်းပြကာပြောလိုက်သည်။

“ သူဘာသာလာချင်ရင်လာလိမ့်မယ်....”

စေတနာဖြင့်လုပ်ဆောင်ပေးသည့်လုပ်ရပ်က စော်ကားသလိုခံစားမိ၍ ရှောင်ယောင်တစ်ယောက်ယခုအချိန်ထိဒေါသမ‌ပြေသေးခြင်းဖြစ်သည်။

အလိုက်မသိသည့်ကြွယ်ယန်က တစ်စုံတစ်ခုထပ်မံမေးမြန်းမည်ပြုလိုက်သော်လည်းကြွယ်စင်းက တံတောင်ဖြင့်တွတ်၍ခေါင်းယမ်းပြလိုက်သည်။

ကြွယ်ယန်တို့က တိုက်ပွဲကိုကြည့်ရှု‌နေကြ၍မသိလိုက်သော်လည်း အစောပိုင်းက ဟောင်ရန်နှင့်ရှောင်ယောင်တို့၏ကတောက်ကဆကိုသူအဝေးမှမြင်လိုက်၍ ကြွယ်စင်းကတစ်စုံတစ်ခုဖြစ်ပျက်လာသည်ကိုရိပ်စားမိပေသည်။

သို့သော်ရှောင်ယောင်ကပြောဆိုမည့်ပုံမရ၍ ကြွယ်ယန့်ကိုလည်းဆက်မပေးရန်တားမြစ်လိုက်ခြင်းဖြစ်သည်။

ရှောင်ယောင်၏‌ဘေးရှိ လွီချင်းအာကား တည်ကြည်အေးစက်သည့်မျက်နှာထားဖြင့်စင်မြင့်ထက်မှတိုက်ပွဲကိုကြည့်နေသည့်ရှောင်ယောင်၏ဘေးတစောင်းမျက်နှာကိုငေးကာ တွေးလိုက်မိသည်။

“ ဟီးဟီး အစ်ကိုရှောင်ယောင်က အခုလိုလည်းချောသားပဲ ...”

လွီချင်းအာတစ်ယောက်အတွေးဖြင့် ရင်ခုန်သွားပြီးမျက်နှာနီမြန်းသွားစဉ် လူအုပ်ကြားမှတိုးထွက်လာသည့်ဟောင်ရန်က မျက်နှာငယ်လေးဖြင့်သူတို့အနီးသို့ရောက်ရှိလာသညိ။

ပခုံးတွင်သွေးများစိုရွှဲနေပြီး စကားတစ်ခွန်းမှမဆိုသည့်ဟောင်ရန့်ကိုကြွယ်ယန်နှင့်ကြွယ်စင်းတို့က စိုးရိမ်သည့်ဟန်ဖြင့်မေးလိုက်သော်လည်း ခေါင်းယမ်းပြပြီး ရှောင်ယောင့်ကိုတစ်ချက်ကြည့်လိုက်သည်။

သူတို့၏အခြေအနေကိုရိပ်စားမိသည့်စန်းဟုန်းလျန်က ချောင်းတစ်ချက်ဟန့်၍ဝင်ပြောလိုက်ပေသည်။

“ ဟောင်ရန် မင်းရဲ့ဒဏ်ရာကလည်း သေးတာမဟုတ်ဘူး ပြန်ပြီးနားချေဦး...ဆေးထည့်စရာကောရှိလား....”

“ ကျုပ်မှာ အနာကျက်ဆေးမှုန့်ရှိပါတယ်ဆရာကြီး....သွားပြီးနားလိုက်ပါဦးမယ်....”

စန်းဟုန်းလျန်ကိုလေးစားသူပီပီ ဟောင်ရန်က ကောင်းမွန်စွာပြန်ဖြေလိုက်ပြီး ကြွယ်ယန်တို့ကိုနှုတ်ဆက်ကာ ပြန်ထွက်သွားတော့သည်။

ထိုအခါမှ ရှောင်ယောင်က ထွက်ခွာသွားသည့်ဟောင်ရန်၏နောက်ကျောကိုကြည့်ရင်း လေပူတစ်ချက်မှုတ်ထုတ်မိလိုက်၏။

စင်မြင့်ထက်ရှိတိုက်ပွဲကအချိန်အတော်ကြာမြင့်နေပြီဖြစ်သလို တိုက်ခိုက်သူနှစ်ယောက်လုံးကလည်း အဆင့်လွန်ထိပ်သီးများဖြစ်၍ လက်ရည်ညီလျက်ရှိသည် ။

သို့သော် အစောပိုင်းကဟောင်ရန်တို့၏တိုက်ပွဲနှင့်ယှဉ်လျှင်ယခုပွဲကအနည်းငယ်ပျင်း‌ခြောက်ခြောက်နိုင်၍ ကြည့်ရှုနေသူများပင်ပျင်းရိနေကြပြီဖြစ်သည်။

ထို့နောက် အချိန်အနည်းငယ်ကြာပြီးနောက် လူရွယ်တစ်ယောက်ကအနိုင်ရရှိသွားပြီး ကျန်တစ်ယောက်မှာ ဒဏ်ရာများစွာဖြင့်အရှုံးပေးလိုက်ရသည်။

သိုင်းပညာများစွာကွာဟခြင်းမရှိလျှင် တိုက်ပွဲများကအကြိတ်အနယ်ရှိလှပြီး နှစ်ဦးနှစ်ဘက်ဒဏ်ရာရရှိသည်ကရှောင်လွဲမရပေ။

စင်မြင့်ထက်ရှိသိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သိုင်းသမားက သေဆုံးမှုများမဖြစ်စေရန် သတိဖြင့်စောင့်ကြည့်နေသော်လည်း တစ်စုံတစ်ယောက်သေဆုံးမည်မဟုတ်သေးလျှင်လုံးဝဝင်ပါမည်မဟုတ်ပေ။

ထို့နောက် စွန်းအိမ်တော်သိုင်းသမား၏ကြေငြာသံထွကိပေါ်လာ့ပြန်သည်။

“ ဒီတိုက်ပွဲမှာယှဉ်ပြိုင်မယ့်လူနှစ်‌ယောက်ကတော့ ကျောက်နက်ဓားလီယွမ်ခိုင်နဲ့ ဝတ်စုံဖြူကျောင်းတော်သားရှောင်ယောင်တို့ပဲဖြစ်ပါတယ်.....”

စွန်းအိမ်တော်သိုင်းသမား၏စကားအဆုံးတွင် လူအုပ်ကြီးကဝုန်းခနဲဖြစ်သွားပြီး တီးတိုးပြောဆိုသံများကဆူညံလာလေသည်။

ဝတ်စုံဖြူကျောင်းတော်သား

ထိုနာမည်က လက်တလောသိုင်းလောကတွင်ကျော်ကြားနေသည့်နာမည်ဖြစ်ပြီး လူငယ်ထိပ်သီးစာရင်းဝင်များနှးပါးပင်ကျော်ကြားသည်ဟုဆိုနိုင်သည်။

လက်ရှစ်ဖက်လှံနတ်ဆိုးကိုသတ်ဖြတ်ခြင်း ၊ ယန်စီနဂါးအဖွဲ့ကိုဖြိုခွဲခြင်း၊ သွေးနီတံခါးမှလုပ်ကြံသူကိုဖမ်းဆီးခြင်း ၊ လောဘနတ်ဆိုးကိုချေမှုန်းခြင်း စသည့်တုန်လှူပ်ဖွယ်အကြောင်းအရာများကိုပြုလုပ်ခဲ့သူကလူတစ်ယောက်ထဲဖြစ်‌ပေသည်။

သည့်မတိုင်မီက ရှောင်ယောင်၏ကျော်ကြားမှုကိုချဲ့ကားပြောဆိုသည်ဟုတွေးမိခဲ့သော်လည်း သူနှင့်ယှဉ်တွဲ၍ကျော်ကြားသည့်ဟောင်ရန်၏ကြောက်စရာကောင်းသည့်သိုင်းပညာကိုတွေ့မြင်ပြီးနောက်တွင်မည်သူမှ ရှောင်ယောင်၏သိုင်းပညာကိုသံသယမဝင်ကြတော့ပေ။

အဆုံး၌ရှောင်ယောင်က မျက်နှာမပြဘဲအလိုလိုကျော်ကြားနေခြင်းသာဖြစ်သည်။

ကျန်အချက်များကိုဘေးဖယ်ထားလျှင်ပင် မိန်းမလှခုနစ်ယောက်စာရင်းဝင် မဟူရာနတ်သမီးစီးတုယွမ်ချင်းကိုအရယူနိုင်သည့်လူငယ်၏သွင်ပြင်ကို သိုင်းလောကသားများလွန်စွာတွေ့မြင်လိုစိတ်ဖြစ်နေကြ၏။

ရှောင်ယောင်၏အမည်က သိုင်းလောကအနှံ့ကျော်ကြားသော်လည်း သူ့ကိုမြင်ဖူးသူနည်းပါးလှသည်မဟုတ်ပါလား။

ရှောင်ယောင်လည်းလူအုပ်တွင်းရှိတီးတိုးပြောသံများကြောင့် သူ၏နာမည်ကိုအမှန်အတိုင်းစာရင်းသွင်းခဲ့ခြင်းကိုပင်‌နောင်တရလာမိသည်။

သူ၏အနီးရှိလူများ၏အံ့သြသည့်အကြည့်များ၊ ကြွယ်ယန်နှင့်ကြွယ်စင်းတို့၏ပီတိမျက်နှာနှင့် စန်းဟုန်းလျန်၏ပြုံးစိစိအမူအယာတို့ကိုမကြည့်တော့ဘဲ ရှောင်ယောင်လည်း စင်မြင့်ထက်သို့လျှင်မြန်စွာဦးတည်သွားလိုက်သည်။

လူအုပ်တွင်းမှစကားသံများကြောင့် အော့မေ့ဂိုဏ်း၏ကိုယ်စားပြုအဖွားအိုကအနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသလို ကျန်အကဲဖြတ်လူကြီးများလည်း ထိုမျှနာမည်ကြီးလှသည့်လူငယ်သိုင်းသမားကိုစိတ်ဝင်စားစွာစောင့်ကြည့်နေကြသည်။

အော့မေ့ဂိုဏ်းသူများနှင့်အတူရှိနေသည့်စီးတုယွမ်ချင်းလည်း သူမ၏ဂိုဏ်းတူညီမများ၏အကြည့်ကြောင့် အနေရခက်နေသည်။

သို့သော်ငြား သူမ၏မျက်နှာကမပြောင်းမလဲရှိနေဆဲဖြစ်ပြီး စင်မြင့်ထက်သို့တက်သွားသည့်ရှောင်ယောင့်ကိုလှမ်းမျှော်ကြည့်ရင်း ကြည်လင်အေးစက်သည့်မျက်ဝန်းလှလှကလေးများထဲတွင် နူးညံ့သည့်အရိပ်တစ်ခုဖြတ်ပြေးသွားသည်။

“ ညီလေး ရှောင် ကြိုးစားထား...”

“ ပြိုင်ဘက်ကိုအနိုင်ယူလိုက်စမ်းပါ....”

စင်မြင့်နှင့်အနီးဆုံးရှိ စုထင်းတို့သုံးယောက်၏ကျယ်လောင်သည့်အားပေးသံကြောင့် စင်မြင့်ထက်သို့တက်နေသည့်ရှောင်ယောင်ပင်ခလုပ်တိုက်တော့မည်ကဲ့သို့ဖြစ်သွား၏။

သို့‌သော် အေးဆေးတည်ငြိမ်သူတစ်ဦးပီပီ စိတ်ကိုတည်ငြိမ်စွာထားလိုက်ပြီး စင်မြင့်ပေါ်သို့ဖြေးညင်းစွာဆက်၍တက်လိုက်သည်။

ရှောင်ယောင်၏ချောမောခန့်ငြားသည့်ရုပ်သွင် ၊ တည်ငြိမ်သည့်ဟန်ပန်တို့ကြောင့် သူ့ကိုစိတ်ဝင်တစားစောင့်ကြည့်နေကြသည့်လူများမှာ အမှတ်ပေးလိုက်ကြသည် ။

“ သူလား ဝတ်စုံဖြူစာပေသမားက....”

“ ဒီလောက်လည်းမဟုတ်ပါဘူးကွာ...”

“ ခါးကပုလွေကဘာလဲ စင်ပေါ်မှာဖျော်ဖြေမလို့လား.....”

လူအုပ်ထဲမှ မလိုတမာပြောသံအချို့ထွက်ပေါ်လာသော်လည်းအနည်းစုသာဖြစ်သည်။

သိုင်းလောကသားအများစုက ရှောင်ယောင်၏သိုင်းပညာကိုမမြင်တွေ့ရသေးသော်လည်း ကျော်ကြားမှူနှင့်ရုပ်ရည်တို့အရ စီးတုယွမ်ချင်းနှင့်ထိုက်တန်သည်ဟုလည်းတွေးလိုက်မိကြသည် ။

သို့သော် စီးတုယွမ်ချင်းကိုကြိတ်၍သဘောကျနေသည့်လူငယ်များစွာကား ရှောင်ယောင်ရှုံးနိမ့်ရန်ဆုတောင်းနေကြကြောင်းအထူးပြောစရာလိုမည်မဟုတ်ပေ။

All Chapters