← Chapters

အချင်းချင်းယှဉ်ပြိုင်ခြင်း

Vol. 3 Ch. 83

အချင်းချင်းယှဉ်ပြိုင်ခြင်း

Vol. 3 Ch. 83

စင်အောက်တွင် တိုက်ခိုက်ရန်မဖြစ်နိုင်မှန်းသိ၍ ကြွယ်ယန်က အကြောက်အလန့်မရှိရန်စနေခြင်းဖြစ်ပြီး ဟဲလောင်ထျန်းဇီမှာ တောက်တစ်ချက်ခေါက်၍ ဘေးသို့ပြန်လှည့်သွားသည်။

ပွဲမစမီ အပြင်မှကျင်းပနေသည့်အငြင်းပွားမှုကြောင့် ကျန်လူများ၏အမူအယာက စိတ်ဝင်စားနေကြဟန်တူသည်။

ထို့အပြင် သူတို့ထဲရှိအချို့က ရှောင်ယောင်တို့လူစုကိုပစ်မှတ်ထားနေကြဟန်တူသည်။

ထိုအထဲမှအများစုနှင့်ရန်ငြိုးရန်စမရှိသော်လည်း ဒုတိယအဆင့်၏ယှဉ်ပြိုင်မှုက ကိုယ်ကြိုက်နှစ်သက်ရာလူကို လွတ်လပ်စွာစိန်ခေါ်ပိုင်ခွင့်ရှိ၍ ယခုလိုမျိုးပစ်မှတ်ထားလာခြင်းဖြစ်သည်။

အကြောင်းကား သူတို့လူစုထဲမှအများစုက ယခုပြိုင်ပွဲမှလူသိများလာသည်မဟုတ်ပါလား။

“ အခြေအနေတော့သိပ်မဟန်ဘူး သိထားကြ....”

ရှောင်ယောင်က ထိုလူများ၏အကြံအစည်ကိုရိပ်စားမိ၍ ခပ်တိုးတိုးသတိပေးလိုက်သည်။

ထို့နောက် စွန်းအိမ်တော်သိုင်းသမားစင်မြင့်အစွန်းသို့လျှောက်သွားသည့်အခါ ကြွယ်စင်းက ရုတ်တရက်ထပြောလိုက်သည်။

“ ကျုပ်အရင်သွားမယ်....”

သူ၏စကားကြောင့် ရှောင်ယောင်နှင့်ကြွယ်ယန်တို့မှာ လွန်စွာအံ့ဩသွားကြသည်။

ကြွယ်စင်းလို စကားနည်းကာတိတ်ဆိတ်သည့်လူတစ်ယောက်က ပြိုင်ပွဲစဒုတိယအ‌ဆင့်တွင်စိတ်အားထက်သန်စွာယှဉ်ပြိုင်မည်ဟုထင်မထားမိပေ။

သို့သော် ကြွယ်စင်းကိုမည်သူမှတားဆီးခြင်းမရှိဘဲ သူတို့လူစုလည်းကြွယ်စင်း၏ဘက်မှ အားပေးလိုက်ကြသည်။

စင်မြင့်ပေါ်သို့ပထမဆုံးတက်လာသူက ကျော်ကြားမှုကင်းမဲ့သည့်ကြွယ်စင်းဖြစ်၍ ကျန်လူများလည်းအံ့အားသင့်နေကြသည်။

ကြွယ်စင်း၏သိုင်းပညာက ကောင်းမွန်ပြီး ပထမအဆင့်တွင် အစွမ်းပြနိုင်သည့်တိုင် ကျန်လူများနှင့်နှိုင်းယှဉ်ပါက လိုအပ်မှုရှိသည်ဟု သူတို့အားလုံးတွေးထင်နေကြသည်။

ကြွယ်စင်း၏အမူအယာကတည်ငြိမ်နေဆဲဖြစ်ပြီး စင်မြင့်ပတ်လည်ရှိ ဒုတိယအဆင့်သို့‌တက်ရောက်လာသူများကို တစ်ချက်ဝေ့ကြည့်လိုက်သည် ။

ထို့နောက် သူ၏အကြည့်က ရှောင်ယောင်တို့လူစုဆီသို့ကျရောက်သွားပြီး တည်ကြည်သည့်လေသံဖြင့်ပြောလိုက်သည် ။

“ ပိုင်ဖုန်းယန် မင်းကိုငါစိန်ခေါ်တယ်.....”

ကြွယ်စင်း၏စကားကြောင့် လူအားလုံးကြောင်အမ်းအမ်းဖြစ်သွားကြသလို ရှောင်ယောင်တို့လည်း မယုံကြည်နိုင်လောက်အောင်ဖြစ်နေမိကြသည် ။

အကြောင်းကား ကြွယ်ယန်နှင့်ကြွယ်စင်းတို့၏ရင်းနှီးမှုကိုသူတို့သိထားပြီးဖြစ်၍ ယခု ကြွယ်စင်း၏လုပ်ရပ်ကမည်သို့မျှမျှော်လင့်မထားသည့်ဖြစ်ရပ်ဖြစ်သည်။

“ အမ်.. ငါလား....”

စင်အောက်ရှိ ကြွယ်ယန်က ကြောင်အမ်းအမ်းဖြင့် သူ့ကိုယ်သူပြန်၍ညွန်ပြလိုက်သည်။

“ ဟုတ်တယ် မင်းပဲ တိုက်ခိုက်ရအောင် စင်ပေါ်တက်ခဲ့ ...”

ကြွယ်စင်းက တည်ကြည်သည့်ဟန်ဖြင့်ပြော၍ ကြွယ်ယန်သာမက ရှောင်ယောင်တို့လည်း မယုံကြည်နိုင်အောင်ဖြစ်သွားသည်။

သို့သော် အနည်းငယ်စဉ်းစားပြီးနောက် ရှောင်ယောင်က ကြွယ်စင်း၏ရည်ရွယ်ချက်ကိုချက်ခြင်းရိပ်စားမိကာ ကြွယ်ယန့်ကိုပြောလိုက်သညိ။

“ သွား ဘယ်သူပဲနိုင်နိုင်အကောင်းဆုံးတိုက်ခိုက်ခဲ့ ....”

ကြွယ်ယန်မှ ယခုအချိန်ထိ အံ့ဩမင်တပ်‌နေဆဲဖြစ်သော်လည်း ရှောင်ယောင်၏တိုက်တွန်းမှုကြောင့် စင်ပေါ်သို့ ယောင်နနဖြင့်တတ်သွားလေသည်။

ထိုအခါ လွီချင်းအာက ရှောင်ယောင့်ကိုကပ်၍မေးလိုက်သည်။

“ အစ်ကိုရှောင်ယောင် ဘာလို့ကြွယ်ယန်က ကြွယ်စင်းကိုစိန်ခေါ်ရတာလဲ....”

လွီချင်းအာကဲ့သို့ပင် စီးတုယွမ်ချင်းသည်လည်း ရှောင်ယောင့်ကိုသိလိုသည့်ဟန်ဖြင့်ကြည့်နေသည်။

ရေခဲမိန်းမလှလေးက သူတို့အားလုံးစင်မြင့်အနီးလာရောက်ရသည့်အတွက် ရှောင်ယောင်တို့နှင့်အတူရှိနေပေသည်။

အထူးသဖြင့် သူတို့၏ကောလဟာလသတင်းများကြောင့် လူအများက စိတ်ဝင်စားစွာစောင့်ကြည့်နေကြသည်။

ထို့အတွက်ကြောင့် ရှောင်ယောင်မှာ လူများ၏မနာလိုအားကျသည့်အကြည့်ကိုသာမက ယှဉ်ပြိုင်မည့်လူများထဲမှတစ်ယောက်၏ မုန်းတီးသည့်အကြည့်ကိုပါ သတိထားမိပေသည်။

“ ကြည့်ရတာ ကြွယ်ယန်တစ်ယောက်ထဲ ပစ်မှတ်ထားခံရတာမဟုတ်ဘူးပဲ....”

ရှောင်ယောင်က စိတ်ထဲမှကြိတ်၍ညဉ်းတွားလိုက်မိသည်။

သူ‌ထင်သည့်အရာမှန်ကန်ပါက သူ့ကိုမုန်းတီးသည့်အကြည့်ဖြင့်ကြည့်နေသည့်လူရွယ်က စီးတုယွမ်ချင်းကို အသဲအသန်လိုက်နေသည့် သံမဏိတံတိုင်းရှန်းတုဆိုသူဖြစ်နိုင်ပေသည် ။

မည်သို့ပင်ဖြစ်စေ ရှောင်ယောင်က ထိုအချက်ကိုများစွာဂရုမစိုက်ဘဲ လွီချင်းအာနှင့်စီးတုယွမ်ချင်းကိုရှင်းပြလိုက်သည်။

“ ကြွယ်စင်းလုပ်သွားတာ တကယ်ကောင်းတယ် ... ငါတောင်မစဉ်းစားမိထားဘူး။

အခုပြိုင်ပွဲက ဘယ်သူပဲနိုင်နိုင်နောက်တစ်ဆင့်တက်ရမှာဆိုတော့ သူတို့နှစ်ယောက်ထဲကတစ်ယောက်က သေချာပေါက်တတိယအဆင့်ကိုရောက်သွားမှာမလား....”

ရှောင်ယောင်၏ရှင်းပြမှုကြောင့် လွီချင်းအာ၏မျက်ဝန်းနက်နက်ကလေးများဝိုင်းစက်သွားသလို စီးတုယွမ်ချင်း၏မျက်နှာပင်အနည်းငယ်ပြောင်းလဲသွားသည်။

ထိုနည်းတူ လူအုပ်တွင်းရှိပါးနပ်သူများကကြွယ်စင်း၏ရည်ရွယ်ချက်ကိုရိပ်စားမိကာကြိတ်၍ချီးကျူးလိုက်ကြသည် ။

ပုံမှန်အတိုင်းဆက်သွားပြီး အခြားလူများကိုစိန်ခေါ်ခွင့်ပြုပါက ကြွယ်ယန်ရောကြွယ်စင်းပါ ရှုံးနိမ့်ရန်အခွင့်အရေးများ၍ ကြွယ်စင်းက သူတို့ထဲမှတစ်ယောက်အနိုင်ရမည့်နည်းကိုရွေးချယ်လိုက်ခြင်းပင်ဖြစ်သည်။

“ ဒီကလေးက တကယ့်ကိုဉာဏ်များတာပဲ....”

အကဲဖြတ်လူကြီးများ၏နေရာရှိ ခွန်လွန်ဂိုဏ်းချုပ်မာရှောင်ကျင်းက ကြွယ်စင်းကိုချီးကျူးလိုက်သည်။

သူ၏စကားကို အနီးရှိကျန်လူများလည်း ခေါင်းတညိမ့်ညိမ့်လုပ်လိုက်ကြပြီး ဝူတန်းဂိုဏ်း၏ကိုယ်စားပြုအကြီးအကဲချန်းရှောင်ကပြောလိုက်သည်။

“ ဒါပေမယ့် လူတိုင်းကအခုလိုလုပ်နေမယ်ဆိုရင် ပြိုင်ပွဲရဲ့စည်းမျဉ်းကိုတစ်ပတ်ရိုက်သလိုဖြစ်မနေဘူးလား....”

အကြီးအကဲချန်းရှောက်၏စရိုက်က ပွင့်လင်းဖြောင့်မက်သူဖြစ်၍ ယခုလိုလုပ်ရပ်မျိုးကိုများစွာသဘောမတွေ့ပါချေ။

သူ၏စကားကြောင့် ခွန်လွနိဂိုဏ်းချုပ်ကြီးက ပြုံး၍ရှင်းပြလိုက်သည်။

“ ဒီစည်းမျဉ်းကိုကျုပ် တမင်ချမှတ်ထားခဲ့တာ။ ဒါမှ သိုင်းပညာထူးချွန်ရုံတင်မဟုတ်ဘဲ ဉာဏ်လည်းကောင်းတဲ့လူတွေ နောက်တစ်ဆင့်တက်နိုင်မှာ ။

သိုင်းပညာတစ်ခုထဲကိုအားကိုးနေမယ်ဆိုရင် သိုင်းလောကထဲမှာကျင်လည်ရင်းစောစောသေမှာပဲ။ သိုင်းပညာရော ဉာဏ်ပညာကိုပါ မျှတအောင်သုံးနိုင်မှာ အမြင့်ကိုရောက်နိုင်မှာ ။။

အခုတောင် တစ်ချို့ကလေးတွေက သူတို့ထက်အားနည်းမယ်ထင်တဲ့လူကိုကြိတ်ရွေးနေကြပြီ။

ဒါပေမယ့်စိတ်မပူပါနဲ့ သူတို့ရဲ့သိုင်းပညာတွေက မတိမ်းမယိမ်းတွေဆိုတော့ ပြိုင်ပွဲကိူမထိခိုက်ပါဘူး ....”

ခွန်လွန်ဂိုဏ်းချုပ်ကြီးစကားအဆုံး၌ ကျန်လူများလည်း သူ၏အစီအမံကို ချီးကျုးလိုက်မိကြ၏။

အဆုံး၌ ခေတ်အဆက်ဆက်တွင် ကျဆုံးသွားသည့်ပါရမီရှင်များက မရေမတွက်နိုင်အောင်ရှိခဲ့သည်မဟုတ်ပါလား ။

ထိုအချိန်တွင် စင်မြင့်ထက်ရှိကြွယ်ယန်က ခေါင်းကုတ်ရင်း ကြွယ်စင်းကို အံ့အားသင့်ဟန်ဖြင့်မေးနေသည်။

“ ကြွယ်စင်း မင်းရူးနေပြီလား....ဘာလို့ငါ့ကိုလာပြီးစိန်ခေါ်နေတာလဲ....”

ကြွယ်ယန်က ယခုအချိန်ထိအူလည်လည်ဖြစ်နေပြီး ကြွယ်စင်းက ရှည်ရှည်ဝေးဝေးရှင်းပြမနေဘဲ ခေါင်းယမ်း၍ပြောလိုက်သည် ။

“ စဉ်းစားမနေနဲ့တော့ ငါတို့အနိုင်အရှုံးပေါ်အောင်တိုက်ကြတာပေါ့....”

ကြွယ်စင်း၏စကားကြောင့် ကြွယ်ယန်ကလည်း တက်ကြွသွားပြီးသူ၏အင်္ကျီလက်စနှစ်ဖက်ကိုပင့်တက်ကာ ရယ်မောလိုက်သည်။

“ ကောင်းပြီလေ မင်းကငါ့ထက်ဝါစဉ်နိမ့်တဲ့ တတိယညီလေးပါကွ ။ ဒီနေ့ မင်းရဲ့အစ်ကိုကြီးက ကောင်းကောင်းဆုံးမပြမယ်....”

ကြွယ်ယန်က ပြောပြောဆိုဆိုဖြင့် နဂါးဖမ်းခြေလှမ်းကိုသုံးကာ ရှေ့သို့ဝှီးခနဲတိုးဝင်လာလေသည်။

သူ၏အမြန်နှုန်းက လွန်စွာမြန်ဆန်လှပြီး မျက်တောင်တစ်ခတ်အတွင်း ကြွယ်စင်း၏ရှေ့သို့ရောက်ရှိသွားကာ ပြင်းထန်သည့်လက်သီးချက်ဖြင့် တိုက်ခိုက်လိုက်သည်။

“ မိုးကြိုးလက်သီးကွ....”

ကြွယ်ယန်၏လက်သီးချက်က လေထုကိုပင်တုန်ခါသွားစေသော်လည်း ကြွယ်စင်းကိုမထိဘဲ လေကိုသာထိုးခွဲမိသွားသည်။

ကြွယ်ယန် စတင်လှုပ်ရှားလာသည်နှင့်တစ်ပြိုင်နက် ကြွယ်စင်း၏ခန္တာကိုယ်က ဘေးသို့ရှောင်တိမ်းလိုက်ပြီး ကြွယ်ယန်၏နံကြားကို သူ၏လက်ချောင်းများဖြင့်ထိုးစိုက်လိုက်သည်။

“ မိုးကြိူးငါးစင်းလက်ချောင်းသိုင်း....”

ကြွယ်စင်း၏လက်ချောင်းများက ထက်ရှပြီးလျှင်မြန်လှကာ ကျောက်တုံးများကိုပင်အပိုင်းပိုင်းထိုးဖောက်နိုင်ပေသည်။

သို့သော်လည်းနှစ်ပေါင်းများစွာအတူလေ့ကျင့်လာပြီးတစ်ယောက်၏အကြောင်းကိုတစ်ယောက်နောကျေနေသည့်ကြွယ်ယန့်ကို ထိုမျှဖြင့်အနိုင်ယူရန်မဖြစ်နိုင်ပေ။

“ ဟဲ ဟဲ မရဘူးလေ....”

ကြွယ်ယန်က သူ၏ခန္တာကိုယ်ကြီးကို အသာယို့၍ကြွယ်စင်း၏တိုက်ကွက်ကိုရှောင်တိမ်းလိုက်သည်။

ထို့နောက် ကျွံထွက်လာသည့်ကြွယ်စင်း၏လက်ကိုဖမ်းဆုပ်ကာ ခွန်အားသုံး၍ ကိုင်ပေါက်ရန်ကြိုးပမ်းလိုက်သည်။

ဤသည်က ကြွယ်ယန်ရှောင်လင်သို့မရောက်မီကပင်တတ်မြောက်ခဲ့သည့်နပန်းပညာရပ်တစ်ခုဖြစ်ပြီး ရှောင်ယောင်ပင်တစ်ကြိမ်အငိုက်မိကာ ကိုင်ပေါက်ခံရဖူးသည်။

သို့သော်လည်း ကြွယ်ယန်၏လက်အစုံကရှေ့သို့တိုးဝင်လာသည်နှင့် ကြွယ်စင်းက လျှင်မြန်စွာနောက်ကဆုတ်ရှောင်တိမ်းပေးလိုက်သညိ။

ကြွယ်ယန်က နဂါးဖမ်းခြေလှမ်းကိုလေ့ကျင့်ထား၍ တိုက်ပွဲထဲတွင်လျှင်မြန်စွာရွေ့လျားနိုင်သည့်တိုင် အရိပ်တစ်ရာခြေလှမ်းကိုလေ့ကျင့်ထားသည့်ကြွယ်စင်း၏ကိုယ်ဖော့ပညာက သူ့ထက်ပင်သာလွန်ကောင်း သာလွန်နိုင်သည်။

ထို့ကြောင့်ကြွယ်ယန်၏ကြိုးပမ်းအားထုတ်မှူသည်လည်း အလာဟာသဖြစ်သွားပြီး ကြွယ်စင်း၏ခန္တာကိုယ်က ပေါ့ပါးစွာမျောလွင့်ကာ ခန့်မှန်းရခက်သည့်လက်ဝါးတိုက်ကွက်များဖြင့်တန်ပြန်တိုက်ခိုက်လာတော့၏။

All Chapters