← Chapters

သံမဏိဦးခေါင်း

Vol. 3 Ch. 84

သံမဏိဦးခေါင်း

Vol. 3 Ch. 84

လေထဲကလက်ဝါးသိုင်း

သိုင်းလောကထဲတွင်ကျော်ကြားမှုများစွာမရှိသော်လည်း ရှောင်လင်၏အစွမ်းထက်ပညာရပ်တစ်ခုဖြစ်သည့် လေထဲမှလက်ဝါးက သူ၏စွမ်းရည်ကိုအပြည့်အဝပြသလျက်ရှိသည်။

လေထဲတွင်ဝဲနေသည့်လက်ဝါးချက်များက များစွာလျှင်မြန်ခြင်းမရှိသလို ရှုပ်ထွေးခြင်းလည်းမရှိပေ။

သိူ့သော် မည်သည့်နေရာသို့ဦးတည်တိုက်ခိုက်မည်မှန်းမသိနိုင်သည်အထိခန့်မှန်းရခက်လှပြီး ကြွယ်ယန်မှာ သူ့ဆီသို့ကျရောက်လာသည့်လက်ဝါးရိပ်မှန်သမျှကို ရင်ဆိုင်ချေဖျက်လျက်ရှိသသည်။

ကြွယ်စင်းက လျှင်မြန်ပြီး အနီးကပ်တိုက်ခိုက်ရာတွင်အစွမ်းထက်သည့် မိုးကြိူးငါးစင်းလက်ချောင်းသိုင်းနှင့်ခန့်မှန်းရခက်လှသည့်လေထဲမှလက်ဝါးသိုင်းတို့ကိုတစ်လှည့်စီအသုံးပြုနေသလို ကြွယ်ယန်ကလည်း မိုးဖြိုသံမဏိလက်သီးနှင့် မိုးကြိုးလက်သီးတို့ကိုအလျှင်သင့်သလိုအသုံးပြုလျက်ရှိသည်။

ရင်းနှီးသည့်သူငယ်ချင်းများတိုက်ခိုက်နေခြင်းဖြသ်၏ သူတို့၏တိုက်ပွဲကများစွာအန္တရာယ်များခြင်းမရှိသော်လည်း တိုက်ခိုက်မှုများက ပညာသားပါပြီးပြင်းထန်လှသည်။

ကြွယ်ယန်နှင့်ကြွယ်စင်းတို့ကရှောင်လင်၏လျှို့ဝှက်သိုင်းပညာခုနစ်ဆယ့်နှစ်မျိုးအနက် ခြောက်မျိုးစီလေ့ကျင့်အောင်မြငိထားသော်လည်း အချင်းချင်းတိုက်ခိုက်ရာတွင် အကျွမ်းကျင်ဆုံးပညာရပ်များကိုသာထုတ်သုံးနေကြခြင်းဖြစ်၏။

အကြောင်းကားအကြိမ်ပေါင်းမရေမတွက်နိုင်အောင်တိုက်ခိုက်ဖူးသည့်လူများဖြစ်၍ တစ်ယောက်အကြောင်းတစ်ယောက် အစအဆူံးသိရှိနေပြီး တစ်ဦးကိုတစ်ဦးအသာစီးယူနိုင်မည်ထင်သည့်သိုင်းပညာများကိုအသုံးပြုနေကြခြင်းဖြစ်သည်။

စင်အောက်မှလူများကတော့ ရှောင်လင်၏စစ်မှန်သည့်သိုင်းပညာများကိုရင်သက်ရှုမောကြည့်ရှုနေကြပြီး သိုင်းလောက၏အဓိပတိအင်အားစုမှာမည်သူဖြစ်ကြောင်းပြန်၍အမှတ်ရသွားမိကြသည်။

ဒုတိယအဆင့်သို့တက်ရောက်နိုင်သူများလည်း မူလက ထိုနှစ်ယောက်ကိုများစွာအထင်မကြီးသော်ငြား သူတို့ထုတ်သုံးနေသည့်ပညာရပ်များကြောင့် အလေးအနက်ဖြစ်နေကြပြီး သူတို့သာ ကြွယ်ယန်တို့နှစ်ယောက်အနက်တစ်ယောက်ယောက်နှင့်တိုက်ခိုက်ရလျှင်လွယ်ကူစွာအနိုင်ရနိုင်မည်မဟုတ်ဟုလည်းတွေးလိုက်မိကြ၏။

အထူးသဖြင့် ယခုပြိုင်ပွဲတွင် အဆိပ်အသုံးပြုခြင်းကိုလည်းပိတ်ပင်ထားရာ အနက်ရောင်သိုင်းလောကသားများဖြစ်သည့် ကဝေပျိုနှစ်ယောက်နှင့် လူငယ်ထိပ်သီးဆယ်ယောက်နံပါတ်ကိုးနေရာရှိ မရဏလက်ဝါးလွေဝါးတို့မှာ တစ်ပန်းရှုံးသလိုဖြစ်နေကြသည်။

ထိုနည်းတူ စံအိမ်ရှေ့ရှိအကဲဖြတ်လူကြီးများလည်း ကြွယ်ယန်နှင့်ကြွယ်စင်းတို့၏တိုက်ပွဲကို အရောင်လက်နေသည့်မျက်ဝန်းများဖြင့်ကြည့်ရှုနေကြပြီး မကြာခဏဆိုသလို အချင်းချင်းဆွေးနွေးကာချီးကျူးလျက်ရှိကြသည်။

“ အစ်ကိုရှောင်ယောင် ကြွယ်ယန်နှင့်ကြွယ်စင်းတို့နှစ်ယောက်က ဘယ်သူနိုင်သွားမလဲ.....”

လွီချငိးအာက တိုက်ပွဲကိုအံ့အားသင့်သည့်မျက်ဝန်းများဖြင့်ကြည်ြရင်း ရှောင်ယောင့်ကိုမေးလိုက်သည်။

အမြဲလိုလိုစကားများကြွားဝါနေတတ်သည့်ကြွယ်ယန်နှင့် တိတ်ဆိတ်ငြိမ်သက်စွာရှိနေတတ်သည့်ကြွယ်စင်းတို့က သိုင်းပညာထိုမျှမြင့်မားနေကြောင်းသိလိုက်၍ လွီချင်းအာလည်းကျန်လူများနည်းတူအံ့ဩမိပေသည်။

သူမ၏မေးခွန်းကိုပြန်မဖြေသေးဘဲ ရှောင်ယောင်က ဘေးနားရှိစီးတုယွမ်ချင်းကိုမေးလိုက်သည်။

“ ယွမ်ချင်း နင်ရော ဘယ်သူနိုင်မယ်လို့ထင်လဲ.... “

ရှောင်ယောင်က သူမ၏မေးခွန်းကိုမဖြေသေးဘဲ စီးတုယွမ်ချင်းကိုပင်ပြန်မေးလိုက်သေးရာ လွီချင်းအာ၏နီထွေးသည့်နှုတ်ခမ်းနှစ်လွှာက အနည်းငယ်စူထွက်လာသည်။

သို့သော် သူမ၏ပုံစံက ရုပ်ဆိုးမသွားဘဲ နတ်သမီး လေးစိတ်ကောက်နေသည့်သဖွယ်ချစ်စရာကောင်းလျက်ရှိပြန်သည် ။

“ သူတို့ရဲ့သိုင်းပညာက မတိမ်းမယိမ်းအဆင့်ရှိတယ်။ ကိုယ်ဖော့ပညာမှာလည်း အများကြီးမကွာဘူး....။

ဒါပေမယ့် ကြွယ်ယန်တိုက်ခိုက်တဲ့ပုံက တိုက်ရိုက်ဆန်ပြီးအားပြင်းတယ် ။ ကြွယ်စင်းက ပေါ့ပါးတဲ့တိုက်ကွက်တွေကိုအဓိကထားပြီး အားအင်ချွေတာပြီးတိုက်နေတာ။

တကယ်လို့ တိုက်ပွဲအချိန်ကြာလာပြီး ကြားထဲမှာ အလှည့်အပြောင်းမဖြစ်ရင် ကြွယ်စင်းကသေချာပေါက်အနိုင်ရနိုင်လိမ့်မယ်.....”

စီးတုယွမ်ချင်း၏သုံးသပ်မှုက ပြီးပြည့်စုံပြီး ရှောင်ယောင်ပင်စိတ်ထဲမှချီးကျူးလိုက်မိသည် ။

သို့သော် အပြင်ပန်းတွင်ခေါင်းယမ်းပြကာ ရယ်မောလိုက်သည်။

“ ဒါဆိုရင်တော့ နင်မှားပြီယွမ်ချင်း....”

ရှောင်ယောင်၏စကားကြောင့် စီးတုယွမ်ချင်း၏မျက်ခုံးကလေးနှစ်ဖက်ကမသိမသာစုကြုံ့သွားပြီး အေးစက်စက်ပုံစံဖြင့်ပြန်မေးလိုက်သည်။

“ ဘာဖြစ်လို့လဲ....”

သူမ၏စိတ်ထဲတွင် ရှောင်ယောင်က တမင်ဆန့်ကျင်ဘက်ပြုနေခြင်းဖြစ်မည်ဟုတွေးနေမိသည်။

ထိုမိန်းကလေး၏အတွေးကိုရိပ်စားမိ၍ ရှောင်ယောင်က ပြုံးကာ ရှင်းပြလိုက်သည်။

“ ဘာကြောင့်လဲဆိုတော့ ကြွယ်စင်းက ကြွယ်ယန့်ကိုအမြဲတမ်းအလျော့ပေးလေ့ရှိလို့ပေါ့ ......”

သူ၏အဖြေကြောင့် စီးတုယွမ်ချင်း၏မျက်ဝန်းကလေးများက စူးရှလာပြီး ရှောင်ယောင့်ကိုမကျေမနပ်ကြည့်လိုက်သည်။

ထိုအကြောင်းကိုကြိုတင်သိရှိပြီးဖြစ်လျှင်မည်သည့်အတွက်လာရောက်မေးမြန်းနေသနည်း။

စီးတုယွမ်ချင်းနှင့်ရှောင်ယောင်တို့ကျီစယ်နေသည်ကိုကြည့်ကာ ခပ်လှမ်းလှမ်းရှိ သံမဏိတံတိုင်းဘွဲ့ရ ရှန်းတု၏မျက်နှာက တင်းမာခတ်ထန်နေပေသည်။

ထိုအချိန်တွင် စင်မြင့်ပေါ်ရှိတိုက်ပွဲက အမြင့်ဆုံးသို့ရောက်ရှိနေပြီဖြစ်သည်။

သူတို့နှစ်ယောက်ယှဉ်ပြိုင်နေသည်က သိုင်းကွက်ငါးရာနီးပါးရောက်ရှိနေပြီဖြစ်သလိုနှစ်ယောက်လုံး တတ်ကျွမ်းထားသမျှသိုင်းပညာများကိုထုတ်ဖော်အသုံးပြုပြီးဖြစ်သည်။

သို့တိုင် ယခုအချိန်ထိ မည်သူမှအသာစီးမရနိုင်သေးဘဲ တိုက်ပွဲ၏အရှိန်က မြင့်တက်လျက်ရှိနေသေးသည်။

“ ပန်းလော့လက်ဝါး.....”

ကြွယ်ယန်က အော်ဟစ်မာန်သွင်း၍လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သလို ကြွယ်စင်းကလည်း ပန်းလော့လက်ဝါးဖြင့်ပင်တူညီစွာတိုက်ခိုက်လိုက်သည်။

အားအင်ပြင်းထန်လှသည့်လက်ဝါးလေးခုက လေထဲတွင် ထိတ်တိုက်ဆုံတွေ့သွားတော့၏။

“ ဝုန်း....”

ကျယ်လောင်သည့်အသံနှင့်အတူ ကျောက်သားစင်မြင့်ပင်ယိမ်းထိုးသွားသည်ဟုထင်ရကာ စင်အောက်ရှိလူများလည်းသူတို့၏ပြင်းထန်သည့်တိုက်ကွက်များကြောင့် အံ့ဩတုန်လှုပ်စွာကြည့်နေမိကြသည်။

တိုက်ပွဲကအချိန်အတော်ကြာမြင့်နေပြီဖြစ်သလို သူတိ့၏အတွင်းအားများလည်းထက်ဝက်မျှပင်မကျန်တော့ကြပေ။

သို့တိုင် နှစ်ယောက်စလုံးကအစွမ်းရှိသမျှတိုက်ခိုက်နေဆဲဖြစ်ပြီး ယခုတစ်ကြိမ်၌ အနိုင်အရှုံးကွဲပြားစွာသိရှိစေရန် တိုက်ခိုက်နေခြင်းဖြစ်သည်။

ကြွယ်စင်း၏ခန္တာကိုယ်ကဘေးဘက်သို့ရိပ်ခနဲရွေ့လျားသွားပြိး ကြွယ်ယန်၏ခန္တာကိုယ်အနီးသို့ရောက်ရှိသွားသည်။

ထို့နောက် လူချင်းပူးကပ်သွားစဉ်မှာပင် ကြွယ်စင်း၏လက်ချောင်းများကလျှင်မြန်စွာလှုပ်ရှားသွားပြီး ကြွယ်ယန်၏ကိုယ်ပေါ်ရှိသွေးကြောကွက်များကိုထိုးစိုက်လိုက်သည်။

ရှောင်လင်၏ခုနစ်ဆယ့်နှစ်မျိူးသော သိုင်းပညာများထဲတွင် နတ်မင်းရာဇာသွေးကြောတစ်ရာဆိုသည့်သိုင်းပညာတစ်ခုရှိ‌ပေသည် ။

ထိုပညာရပ်က သွေးကြောပညာရပ်တစ်ခုဖြစ်ပြီး တိုက်ခိုက်ရသည့်သိုင်းပညာတစ်ခုမဟုတ်သော်လည်း သွေးကြောများနှင့်ပတ်သတ်၍ ထဲထဲဝင်ဝင်နားလည်နိုင်ပြီး လေ့ကျင့်အောင်မြင်သွားပါက သွေးကြောပိတ်ပညာ၌ ဆရာတစ်ဆူဖြစ်သွားပေမည် ။

သို့သော် ရာထောင်ချီသည့်သွေးကြောများကိုမှတ်သားရန်နှင့်အသုံးချရန်က မလွယ်ကူဘဲ လေ့ကျင့်အောင်မြင်သွားလျှင်ပင် သွေးကြောပိတ်ပညာအဖြစ်သာအသုံးပြုနိုင်၍လေ့ကျင့်သူမရှိသလောက်နည်းပါးသည်။

လက်ရှိမျိုးဆက်၌ ထိုပညာရပ်ကိုလေ့ကျင့်သူဟူ၍ ရှောင်ယောင်နှင့်ကြွယ်စင်းသာရှိမည်ဖြစ်ပြီး လွန်စွာလျှင်မြန်သည့် မိုးကြိူးငါးစင်းလက်ချောင်းနှင့်တွဲဖက်အသုံးပြုသည့်အခါ အစွမ်းထက်လှသည့်သိုင်းပညာရပ်တစ်ခုဖြစ်လာသည်ဟုဆိုနိုင်သည်။

အကယ်၍ ကြွယ်စင်း၏လက်ချောင်းများနှင့်သာထိမိသွားပါက ကြွယ်ယန်တစ်ယောက်အကြောပိတ်ခံရကာ တုံးခနဲလဲကျသွားနိုင်သည် ။

သို့သော် အကျဉ်းအကြပ်ထဲကျရောက်နေသည်ကိုပင် ကြွယ်ယန်၏မျက်နှာထက်၌ ထူးဆန်းသည့်အပြုံးတစ်ခုထွက်လာပြီးကြွယ်စင်း၏လက်နှစ်ဖက်ကို ဆက်ခနဲဖမ်းချုပ်လိုက်သည်။

ထိုအဖြစ်ကြောင့်ကြွယ်စင်းလည်းအလျှင်အမြန်နောက်ဆုတ်ရှောင်တိမ်းလိုက်သော်လည်း လွတ်မြောက်ခြင်းမရှိတော့ပေ။

“ ဟားဟား...မိပြီကွ.... “

ကြွယ်ယန်က ကြွယ်စင်း၏လက်နှစ်ဖက်ကိုဖမ်းချုပ်ပြီး ဝမ်းသာအားရအော်ဟစ်လိုက်သည်။

ထို့နောက် မည်သူမှထင်မှတ်မထားသည့်တိုက်ကွက်ဖြင့် ကြွယ်စင်း၏ရင်ဘက်ကိုတိုက်ခိုက်လိုက်ပေသည်။

“ ဝုန်း....”

ကြွယ်ယန်၏ခေါင်းတိုက်ချက်က အတွင်းအားများစွာထည့်သွင်းမထားသော်ငြား အတော်ပြင်းထန်ပြီး ကြွယ်စင်း၏ခန္တာကိုယ်က နောက်သို့လွင့်စင်သွား‌လေသည်။

သိုင်းလောကတွင် ‌လက်နက်မဲ့သိုင်းသမားမှန်သမျှခြေလက်များကိုအသုံးပြုတိုက်ခိုက်ကြသော်လည်း ယခုလိုဦးခေါင်းဖြင့်တိုက်ခိုက်သည်က မရှိသလောက်နည်းပါးသည်။

ထိုမြင်ကွင်းကြောင့် စင်အောက်ရှိလူများကြက်သေသေနေစဉ် ရှောင်ယောင်ကလည်းသူ၏နဖူးကိုပြန်ရိုက်လိုက်မိသည်။

“ သေစမ်း....ဒီကောင် သံမဏိဦးခေါင်းကျင့်ထားတာကိုမေ့သွားတယ်....”

ကြွယ်ယန်နှင့်မရင်းနှီးသူများမဆိုထားနှင့်ရှောင်ယောင်နှင့်ကြွယ်စင်းပင် ထိုအကြောင်းကို မေ့လျော့နေကြပြီဖြစ်သည် ။

အကြောင်းကား ကြွယ်ယန်ဆိုသည့်ကောင်က အစွမ်းထက်မည်ထင်သည့်သိုင်းပညာများကိုသာရွေးချယ်လေ့ကျင့်တတ်သော်လည်း တစ်ခါတစ်ရံကြောင်တောင်တောင်လုပ်ရပ်များကိုလုပ်လေ့ရှိ၍ဖြစ်သည်။

ရှောင်လင်သံမဏိဦးခေါင်းသိုင်းက ဓားလှံဖြင့်ထိုးခုတ်မရသည်အထိမာ‌ကျောသည့်ဦးခေါင်းတစ်ခုရရှိစေသော်လည်း လူတိုင်းကိုခေါင်းဖြင့်လိုက်လံတိုက်ခိုက်နေ၍မရသည့်အတွက် လေ့ကျင့်သူလုံးဝမရှိခဲ့ပေ။

ထိုအစား သံမဏိခန္တာကိုယ်ကျင့်စဉ်က ပို၍လူကြိုက်များပြီး လေ့ကျင့်အောင်မြင်ရန်လွန်စွာခက်ခဲခြင်းကြောင့်သာ လူများစွာကလေ့ကျင့်ပြီးပြီးမှလက်လျော့ကြခြင်းဖြစ်၏။

ကြွယ်ယန်သံမဏိဦးခေါင်းသိုင်းကိုလေ့ကျင့်စဉ်က ရှောင်ယောင်တို့အနေဖြင့်လုံးဝနားမလည်ခဲ့သော်လည်း ထိုအကောင်က ပြုံးစိစိဖြင့်အချိန်တန်လျှင်နားလည်မည်ဟုသာပြောခဲ့သည်။

ယခု အရေးကြုံလာချိန်၌ သံမဏိဦးခေါင်းကိုဝှက်ဖဲအဖြစ်ထားပြီးအနိုင်ယူသွားသည့်ကြွယ်ယန့်ကို ဉာဏ်ကောင်းသည်ဟုချီးကျူးရမလိုပင်။

အံ့အားသင့်မှာ‌ကြောင့် လူအုပ်ကြီးငြိမ်သက်နေသော်လည်း စင်မြင့်ထက်ရှိကြွယ်ယန်ကားဟန်ထုတ်နိုင်ခြင်းပင်မရှိဘဲ လဲကျနေသည့်ကြွယ်စင်းရှိရာသို့ကဗျာကယာပြေးသွားလိုက်သည်။

ကြွယ်စင်းကိုတိုက်ခိုက်စဉ်က အတွင်းအားများစွာထည့်သွင်းမထားသော်လည်း သံမဏိဦးခေါင်းသိုင်းကိုပထမဆုံးအကြိမ်အသုံးပြုခြင်းဖြစ်၍ ကြွယ်စင်းအနာတရဖြစ်သွားမည်ကိူစိုးရိမ်ပူပန်မိခြင်းဖြစ်သည် ။

“ ဟေ့ ကြွယ်စင်း အဆင်ပြေရဲ့လား....”

ကြွယ်ယန်က မျက်လုံးစုံမှိတ်၍ တုတ်တုတ်မှမလှုပ်ဘဲ လဲကျနေသည့် ကြွယ်စင်း၏ခန္တာကိုယ်ကိုပွေ့ကာ စိုးရိမ်ပူပန်စွာမေးမြန်းလိုက်သည်။

All Chapters