အခန်း (၃၇၁)
Vol. 38 Ch. 372
တတိယဦးလေးချင်၏နည်းလမ်းမှာ အတော်လေးသက်ညှာမှုရှိနေသည်မှာ ယုရှင်းသည် သူ့ဇနီးနှင့် ဝမ်ဗိုက်တွင်းရှိကလေးအား အသက်ကယ်ပေးခဲ့သောကြောင့်ဖြစ်သည်။ သူ့ အိမ်အား လူသိရှင်ကြားပြန်သိမ်းယူခဲ့ပြီး သူမိသားစုဝင်များအား သူနှင့်ထပ်မပတ်သတ်ရန်သီးသန့်တားမြစ်ခဲ့သည်။ ချင်ကော်ပိုရေး ရှင်းတွင် အလုပ်လုပ်ခွင့်ပိတ်ပင်လိုက်သည်။ ထို့ကြောင့် သက် ညှာပေးခဲ့ခြင်းပင်။
တစ်ချက်ရှိသည်မှာ ကျားရှီလုပ်ခဲ့သည်အားအမှတ်ဝင်ယူခဲ့သည်လားဟု တွေးမိသော်လည်း ထိုအချိန်တွင် ကျားရှီသည် ထိုနေရာတွင်ရှိမနေခဲ့သောကြောင့် အမှန်ဖြစ်လောက်သည်။ ဗီဒီယိုဖိုင်သည်လည်း အလွန်းပြတ်သားသည်။ သူ့ဇနီးသည် အပြင်လူအားကူညီရန် ဤမျှစွန့်စားမည်ဟု စိတ်ကူးမရှိသော ကြောင့် ယခုချိန်တွင် သံသယနှင့် ထင်ကြေးသာရှိသည်။
ဤအခိုက်အတန့်တွင်၊ တတိယဦးလေးချင်၏စကားကြောင့် ယုရှင်းအံ့အားသင့်သွားသည်။ သူ့တိုက်ခန်းဖြစ်ပြီး ကျောင်းအနီးတွင်ရှိသောကြောင့်ဈေးကြီးသည်။ သူ မစွန့်လွှတ်နိုင်သလို ယခုလိုရက်စက်မည်ဟု မထင်ထားခဲ့ပေ။ သူမ၏အကြီးမားဆုံးပိုင်ဆိုင်မှုအား သိမ်းယူသွားသည်။
သူ တကယ်ခံနိုင်ရည်မရှိတော့သဖြင့်ယိုင်ကာ မေ့လဲတော့မလိုပင်။ ချင်ဟန် သူ့ လက်မောင်းအားကိုင်လိုက်ပြီး ဒေါသတကြီးနှင့်
“အဖေ ဘယ်လိုတောင်လုပ်ရက်ရတာလဲ။ သူ ဒီလိုလုပ်ဖို့ မရည်ရွယ်ခဲ့ဘူးလို့ပြောတယ်လေ။ မိသားစုတစ်ခု လိုချင်ခဲ့ရုံပါပဲ ဘာများမှားလို့လဲ။ ပြီးတော့ ပေးပြီးသားကို ပြန်ယူတာရှက်စရာကြီး။”
"မင်း ငတုံးဖြစ်ချင်လည်း ငါကတော့ မရဘူးကွ။ သူ လိမ်ညာလှည့်ဖြားဖို့ ဘာအခွင့်အရေးရှိလို့လဲ ချင်ဟန် မင်းအသိတရားရောရှိသေးရဲ့လား။ မင်း ခေါင်းကိုက်သက်သာလာတာ ဘယ်သူ့ကြောင့်လဲ ? မင်း ညီမကို မတောင်ပန်သင့်ဘူးလား။ကျေးဇူး တင်ပါတယ်ပြောလို့မရဘူးလား။ အခုတင် မင်းကို ဂရုမစိုက်ဘူးလို့ပြောခဲ့တာလေ။“ တတိယဦးလေး အေးစက်စွာပြောလိုက်သည်။
ချင်ဟန် အပြစ်ရှိစိတ်ခံစားရပုံမပေါ်ဘဲ ကျားရှီအား စိုက်ကြည့်နေခဲ့သည်။
“မင်း အပိုတွေလုပ်ပြနေတာမလား ? မင်းလုပ်ခဲ့တာတွေကို ကြွားချင်နေတယ်ပေါ့။ မင်း အခုကျေနပ်ပြီလား။”
"မင်း!"
ဒီလိုသာ ထပ်ဖြစ်နေလျှင် တတိယဦးလေး ဒေါသကြောင့် နေမကောင်းတောင်ဖြစ်သွားနိုင်သည်။
ရုတ်တရက် ချင်ကျားရှီက “ မကျေနပ်ဘူး”
ချင်ဟန် အံသြသွားကာ ကျန်လူများရောအတူတူပင်။ ချင်ကျားရှီ လူကြားထဲတွင် သူအစ်ကိုအားကြမ်းတမ်းသည့်စကားများနှင့် ထိုက်တိုက် တွေ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ငါလုပ်ခဲ့တဲ့ဆေးညွှန်းက ဆေးကို နင်ထပ်မသောက်ဖို့မျှော်လင်တယ်။ ငါ နင့်ကို မသဒ္ဒါတော့ဘူး။ နင့်ကို ဆေးကူရှာပေးမိတာ နောင်တရတယ်။ ငါနင့်ကို ဘယ်လောက်ပဲ ကောင်းကောင်းဆက်ဆံပါစေ နင် ဘယ်တုန်းကမှမကြည့်ပေးခဲ့ဘူး။ အရင်က ငါ နားမလည်ခဲ့ပေမယ့်။ အခု ငါ နားလည်သွားပြီ။"
ချင်ကျားရှီသည် ပတ်ဝန်းကျင်ကိုလှမ်းကြည့်ပြီးနောက် ရုတ် တရက် သဘောပေါက်သွားပြီး "ငါ့အမှားမဟုတ်ဘူး နင်ပဲ၊ နင်ကမျက်လုံးဖြူဝံပုလွေပဲ။ နင်…ငါ့ အချစ်နဲ့ မထိုက်တန်ဘူး။ နင်သူ့ကိုပဲ ညီမအဖြစ်သတ်မှတ်ခဲ့တာ အဲ့ဒါ့ကြောင့် ငါ နင့်ညီမ မဟုတ်တော့ဘူး။ ငါ့ကို ဂရုစိုက်ပေးမယ့် ညီအစ်ကိုမောင်နှမတွေရှိပြီ။ ဒါကြောင့် နင့်ကို မလိုတော့ဘူး။”
အဲဒီ့အစ်ကိုဆိုတဲ့သူသည် သူ့နှလုံးသားအားခွဲခဲ့ကြောင်း ချင်ကျားရှီ ရုတ်တရက်နားလည်သွားသည်။
ထိုခဏပင် သူ့ မျှော်လင့်ချက်များပျက်သုန်းသွားခဲ့သည်။ သူမအစ်ကိုသည် ယုရှင်းထံမှလှည့်စားခံနေရခြင်းဖြစ်မည်ဟု သူမျှော်လင့်ခဲ့သည်။ သို့သော် ယခုရှင်းလင်းသွားပြီ၊ သူသည် သူမနှင့်ဆန့်ကျင်ဘက်တွင် ရပ်တည်ပေးနေဆဲပင်။ အစ်ကိုတစ်ယောက်၏ချစ်ခြင်းမေတ္တာအား လိုချင်ခဲ့သောကြောင့် သူ နှိမ့်ချခံခဲ့သည်။ သူ့ စိတ်ရင်းစေတနာသည် အလကားပင်။
သူ့အဖေသည် သူနားနေကာ သူ့နစ်နာချက်များအား နားထောင်ချင်စိတ်အပြည့်ရှိခဲ့သည်၊ ဒါတင် လုံလောက်ပြီ။
ထိုအစ်ကိုအား သူ တကယ်မလိုချင်တော့ပေ။
သူ့အမေအတွက်တော့၊ တခြားကိစ္စပင်။
ချင်ဟန် အံသြသွားသည်။ သူ့ညီမ ချင်ကျားရှီက သူ့ကို ဒီလိုစကားမျိုးပြောရဲတယ်ပေါ့။
သူ့ကို မလိုချင်တော့ဘူးပြောပြီး စော်ကားခဲ့သေးတယ်။ အမြဲ ညီမလေးတစ်ယောက်လိုပြုမူချင်ပြီး သူ့ အာရုံစိုက်မှုရရန် ကြိုးစားနေတဲ့ ချင်ကျားရှီကလား ? သူရူးသွားတာပဲ ဖြစ်ရမယ်။ သူလား သူ့အစ်ကိုဖြစ်တဲ့ ငါ့ကို စွန့်လွှတ်နိုင်မှာ ?
ချင်ဟန် အခြေအနေအားလက်မခံနိုဖြစ်ကာ သူ့ရင်ဘက်ထဲမှ မဖော်ပြနိုင်သည့် နာကျင်မှုအားခံစားလိုက်ရသည်။
သမီးဖြစ်သူ၏ပေါက်ကွဲသံအား တတိယဦးလေးချင်မထင် မှတ်ထားခဲ့ပေ။
မိသားစုသဟဇာတဖြစ်သည်အားလိုလားကာ နောင်တွင်မောင် နှမချင်း ပြန်လည်သင့်မြတ်နိုင်မည့် အခွင့်ကောင်းရှိလာမည်ကိုမျှော်လင့်မိသည်။ သို့သော် မတရားခံခဲ့ရသည် ချင်ကျားရှီအားလည်း ခွင့်လွတ်ခိုင်းရန် သူ မဆိုရက်ပေ။
သူ့သမီး လုံလုံလောက်လောက်ခံစားခဲ့ရပြီးပြီ။ အခုကစ သူလုပ်ချင်တာလုပ်ပါစေ။ သူ့အစ်ကိုကို အသိအမှတ်မပြုချင်လည်းနေပလေ့စေ။ သူပြောတဲ့စကားအတိုင်း သူ့ကိုခြွင်းချက်မရှိပံ့ပိုးပေးမယ့် တခြားမွေးချင်းတွေလည်းရှိတာပဲ။
တတိယဦးလေးချင်အပြုံးနှင့် သူ့သမီးရဲ့လက်အား ဆွဲလိုက် ကာ ချင်ဟန်အား " သေချာပြန်စဥ်းစားချည်။ ပြီးတော့ မင်းအမေကိုလည်း သူနဲ့အဆက်အသွယ်ဖြတ်ဖို့ ရှင်းရှင်းလင်းလင်းပြောလိုက်။ မင်း အဖေသစ်မရှာချင်ဘူးဆိုရင် ငါ ပြောတာနား ထောင်ရင်ကောင်းမယ်။”
ချင်ဟန့် မျက်နှာဖြူဖျော့သွားသည်။
တတိယဦးလေးချင်ပြောပြီးသည်နှင့် လူတိုင်းအားထွက်ခွာခိုင်းလိုက်သည်။
ယနေ့တွင် ချင်ကျားရှီ ဘဝသစ်အားစတင်ခဲ့ပြီ။ အတိတ်မှ မတရားခံခဲ့ရသည်များအား လက်တုန့်ပြန်နိုင်ခဲ့ကာ သူမ၏အ ထောက်အထားအားအမှန်တကယ် ပြန်လည်ရယူနိုင်ခဲ့သည်။
တတိယဦးလေးချင်သည် ချင်ကျားရှီအားဂုဏ်ပြုရန် လူတိုင်းအား Y City ရှိ အကောင်းဆုံးဟိုတယ်သို့ တိုက်ရိုက်ခေါ်သွားခဲ့သည်။
ဟိုတယ်အပေါ်ဆုံးထပ်ရှိ revolving restaurant သည် မြင် ကွင်းကောင်းတစ်ခုဖြစ်သည်။ ချင်ရှန့်သည် ဇနီးဖြစ်သူနှင့်သီး သန့်ချိန်းတွေ့ရန်ခေါ်သွားကာ လှပသည့် ရှုခင်းအားခံစားရင်း ချိုမြိန်မှုကိုခံစားလိုက်ရသည်။
အရာအားလုံးအဆင်ပြေသွားသလို ကျီဖေးသည် ညကောင်း ကင်အောက်တွင် ချင်ရှန့်အားငေးကြည့်ရင်း ခင်ပွန်းဖြစ်သူအားနမ်းချင်သည့်စိတ်ပေါ်လာသဖြင့် ရှေ့တိုးလိုက်သည်။ သို့ သော် ခြေသံများကြားလိုက်ရသည်။
"အာ့စောင်ရဲ့ သတင်းအသစ်အရ တော့ ယုရှင်းက ထွက်သွားဖို့ငြင်းနေတယ်တဲ့။ ချင်ဟန် အဲ့ငတုံးကလည်း သူ့ကို ကူညီနေတာလေ။ ဒါပေမယ့် ရှေ့နေကလုံခြုံရေးခေါ်ပြီး အတင်းနှင် ထုတ်လိုက်တယ်။ သူက သတိလစ်ချင်ယောင်ဆောင်သေးတာ ဒါပေမယ့် ရှေ့နေက သူကို ရဲစခန်းတန်းပို့လိုက်မှလန့်သွားပြီး သဘောတူညီချက်ကို လက်မှတ်ထိုးတယ်တဲ့။ သူ့အိမ်တော့ မရှိတော့ဘူး။
"ချင်ဟန်ကယ ဒေါသထွက်ပြီး ယုရှင်းကိုအိမ်ပြန်ခေါ်သွားချင်သေးတာ။ ဒါပေမယ့် တတိယဦးလေးချင်က လုံခြုံရေးကို သတိပေးထားတော့ ယုရှင်းကိုဝင်ခွင့်မပြုဘူးလေ။"
"နောက်ဆုံး ချင်ဟန် သူ့အတွက် ဟိုတယ်တစ်ခုစီစဉ်ပေးပြီတော့မှ အကုန်ငြိမ်သွားတော့တယ်။"
"ဒါပေမယ့် တတိယအဒေါ် ဖုန်းဆက်ပြီးသွားပြီ။ တတိယဦးလေးချင် အိမ်ပြန်ရင်တော့ခက်တော့မှာပဲ။"
တတိယဦးလေးချင်သည် ကျာရှီအား ပင်မအိမ်သို့ခေါ်သွားခိုင်းခဲ့သည်။ သူ အနိုင်ကျင့်ခံရမည်အား စိုးရိမ်နေသည်ပင်။
ကျီဖေးကြောင့်ပင် တဖြည်းဖြည်းချင်း အတင်းအဖျင်းအ သိုင်းအဝိုင်းပေါ်လာခဲ့သည်။ ထို့ကြောင့် တစ်ယောက်ယောက် သတင်းအသစ်ကြားသည်နှင့် ချင်ဒုတိယမိသားစုအမြန်ပြေးလာပြီးပြန်ပြောကြကာ အခြားသူများလည်း စိတ်အားထက် သန်စွာပါဝင်လာကြသည်။
လူအုပ်ကြီးရှုခင်းကြည့်ရင် ရောက်လာသောအခါ သူတို့မိသားစုခေါင်းဆောင်သည် သူ့ဇနီးအားချစ်မြတ်နိုးစွာ နက်နက်ရှိုင်းရှိုင်းကြည့်နေပြီး သူမသည်လည်း လည်ပင်းအားချိတ်ထားကာခြေဖျားထောက်ပြီး နမ်းရန်အသင့်ဖြစ်နေပုံပင်။
လူတိုင်း ထိတ်လန့်သွားကြသည်...
"နှောက်ယှက်မိလို့ တောင်းပန်ပါတယ်!"
လူတိုင်းမထွက်ခွာရသေးခင် ကျီဖေး စိတ်ဝင်တစားနှင့်
"ဘာကြီး ? တကယ်ကြီးလား တတိယဦးလေးချင် အိမ်ပြန်ရောက်တာနဲ့တိုက်ပွဲဝင်ပြီး တိုက်ခိုက်ရတော့မယ်ပေါ့။”
သူ့ခင်ပွန်းသည်အားစွန့်ပစ်ပြီး လူအုပ်ဆီသွားလိုက်သည်...
လူတိုင်း ချင်ရှန့်အားသတိထားကြည့်လိုက်ရာ ချင်ရှန့်မျက်နှာသည် မည်းမှောင်နေပြီး အမူအရာမဲ့စွာ သူတို့အားအေးစက် စက် စိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။
လူတိုင်း : ငါတို့တော့ ဒုက္ခရောက်ပြီ...!!
ပုံမှန် ချင်ရှန့်သည် ဘာသိဘာသာနေလေ့ရှိသဖြင့် ၎င်းတို့ ပါးစပ်အားထိန်းရန်မေ့သွားခြင်းပင်။
အိမ်ပြန်ရောက်ပြီးနောက် လူတိုင်း အတင်းအဖျင်းပြောရန် စုရုံးလာကြသည်။
ကျီဖေးသည် လက်ရှိ "ဖရဲသီးစား"ရင်းပျော်ရွှင်နေကာ အချိန်နှင့်တပြေးညီ အပ်ဒိတ်များကိုတိုက်ရိုက်ကြည့်နေကြသည်။
[ဝိုး ချင်ဟန် ထွက်သွားရုံပဲရှိသေးတယ်။ စုကျာက နှစ်သိမ့်ဖို့လုပ်နေပြီဟ ]
[ဟီးဟီး၊ တတိယအဒေါ်က 'ငိုယိုပြီး ဇာတ်လမ်းရိုက်နေတာပဲ။ ခြိမ်းခြောက်ဖို့ မူးလဲမလိုတောင် လုပ်နေပြီ။ အိုး၊ အခု ကိုယ် ဝန်ပျက်ကျတော့မယ်ဆိုတဲ့ပုံမျိုးနဲ့တောင် ခြိမ်းခြောက်နေသေးတယ်။ ငါ အကျင့်မကောင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တတိယဦးလေးချင်ကို မွေးစားခိုင်းဖို့ ခြိမ်းခြောက်နေတဲ့ပုံစံက အတုအယောင်ဆန်လွန်းတယ်အေ။ တော်သေးတယ် သူလွယ်လွယ်နဲ့ သဘောမတူဘဲ သူ့ကို ဆေးရုံပို့လိုက်လို့။”
"ချင်ဟန်က အရမ်းခေါင်းမာနေတုန်းပဲ ယုရှင်းကိုကျ ကောင်းတယ်လို့တွေးပြီး ကျားရှီကို ခုထိဆိုးတယ်လို့တွေးနေတုန်းပဲ... အိုး ? စုကျာနဲ့ ယုရှင်းရဲ့ကိစ္စကို သူ မသိသေးတဲ့ပုံပဲ၊ ငါတို့မှာသာ သက်သေရှိရင်..."