အခန်း (၃၇၂)
Vol. 38 Ch. 372
ချင်ရှန့် စပရိုက်လေးများအဖြစ် ဇနီးသည်၏ စိတ်ကူးစိတ် သန်းလေးများအား အားလုံးအားဖြည့်စည်းပေးလေ့ရှိသည်။
သို့သော်၊ နောက်ဆက်တွဲဖြစ်ရပ်များ ဖြစ်ပျက်သွားကာ ချင်ရှန် စုဆောင်းထားသည့် သက်သေများပင်မသုံးလိုက်ရသေးပေ။
ကျောင်းဝင်းအတွင်း မိန့်ခွင်းပြောချိန် ဖြစ်ခဲ့သည့်ကိစ္စသည် တော်တော်လေးပြဿနာတက်ခဲ့ကာ ချင်ဟန်နှင့် စုကျာပင် ဖျော်ဖြေရေးသတင်းများ၏ ခေါင်းစီးပိုင်းတွင်မကြာခဏဆိုသလိုပါဝင်လာခဲ့သည်။
ကံကောင်းသည်မှာ တတိယဦးလေးချင်သည် သူ့သမီးဘက်ရှိကာ ချင်မိသားစုဂုဏ်သတင်းမပျက်စေရန် ကာကွယ်နိုင်ခဲ့သည်။
တတိယဦးလေးချင်သည် ချင်ဟန်အား ဆုံးမခဲ့ပြီး သူသည် ဆေးရုံတက်လိုက်ရကာအလုပ်မဝင်နိုင်ပေ။
ယုရှင်းလည်း ခဏငြိမ်သွားသည်။
ကိစ္စများပြီးသွားပုံပေါ်သော်လည်း တတိယဦးလေးချင်သည် တတိယအဒေါ်အတွက် မွေးနေ့ပွဲကျင်းပမည်ဟု ရုတ်တရက် ကြေညာသည်။
တတိယအဒေါ်၏မွေးနေ့သည် အမှန်ပင် ဤအချိန်တွင်ဖြစ်သော်လည်း သူမ၏မတည်ငြိမ်သည့် ကိုယ်ဝန်နှင့်သခင်ကြီး၏ မွေးနေ့ပွဲနီးကပ်လာမှုကြောင့် မူလက ပါတီမကျင်းပရန်ဆုံး ဖြတ်ခဲ့သည်။
သို့သော် ယခုအခါတွင် မိသားစုအတွင်းရေးကိစ္စများနှင့်ပတ် သက်၍ထင်ကြေးများအား ရှောင်ရှားရန်လိုအပ်သောကြောင့် စိတ်ပြောင်းခဲ့ကြသည်။
မိသားစုအတွင်း သဘောထားကွဲလွဲမှုသည် Y City ရှိ ချင်ကော် ပိုရေးရှင်း၏ လုပ်ငန်းများအားထိခိုက်စေနိုင်သည်။
၎င်းတို့၏လူမှုအသိုင်းအဝိုင်းထဲ သူတို့ပုံရိပ်အားထိန်းသိမ်ရန် သေချာပေါက်လိုအပ်သည်။
တတိယဦးလေးချင်သည် အိမ် မပြန်ပဲ မိသားစုခြံတွင်၌သာ နေထိုင်ခဲ့သည့် ချင်ကျားရှီနှင့်လည်းဆွေးနွေးခဲ့သည်။
"မင်းအမေ မကြာသေးခင်ကပဲတည်ငြိမ်သွားပါပြီ။ သူ ထုတ်မပြောပေမယ့် မင်းနဲ့ ပြန်အဆင်ပြေချင်နေတာပါ”
တတိယဒေါ်လေးချင်သည် ချင်ကျားရှီနှင့် တိုက်ရိုက်အချင်းမပွားခဲ့သောကြောင့် သူ့သားလောက် ခေါင်းမာမည်မဟုတ်ဟု မျှော်လင့်နေသေးသည်။ နောက်ဆုံးကျားရှီသည် သူ့သမီးအ ရင်းဖြစ်သည်။
သူ့အစ်ကိုအား လက်လျှော့လိုက်သော်ငြား သူ့အမေကိုတော့ မျှော်လင့်မိသေးသည်။
ချင်ကျားရှီ ခေါင်းညိတ်လိုက်သည်။
"မား ဘယ်လိုနေလဲသိချင်တယ်။ သူ သမီးကို မကြိုဆိုရင်လည်း ပါးကို ခက်ခဲအောင်မလုပ်ပါဘူး။ သမီး ဒီမှာပဲနေဖို့ ဆုံးဖြတ်ထားတယ်။ အဖိုးလည်း သဘောတူတယ်။”
တတိယဦးလေးချင်၏ ပုံမှန်အေးစက်တင်းမာသည့် မျက်လုံးများသည် မျက်ရည်များဝဲကာသည်ကိုခံစားလိုက်ရသည်။ သူ မည်သူ့ကိုမှ ခုခံကာကွယ်ပြောဆိုပေးရန် ကြိုးစားမနေချေ။
ဇနီးသည်အားချစ်သော်လည်း သမီးကိုလည်း ချစ်သည်။ အ ကယ်၍ သူ့ဇနီးသည်မှပြောင်းလဲရန် ငြင်းဆန်ပါက ကွာရှင်းကာ သူ့သမီးအားတစ်ယောက်တည်း ပြုစုပျိုးထောင်မည်။ သားဖြစ်သူနှင့် ဇနီးဖြစ်သူအား ထားခဲ့ရန်တွန့်ဆုတ်နေမည်မဟုတ်ပေ။
သူအိမ်ပြန်ရောက်ချိန်တုန်းက ငြင်းခုံခဲ့ရသည်များအား ပြန်တွေးကြည့်ကာ ဤကဲ့သို့ ကျိုးကြောင်းမဆီလျှော်သည့် မိန်းမမျိုးအား သူတကယ်ပဲချစ်ခဲ့မိသလားဟုပင် တစ်ခါတစ်ရံတွေးမိသည်။
သို့သော မိသားစုအကျိုးငှာ သူ ကြိုးစားရမည်သာ။
တတိယအဒေါ်မွေးနေ့တွင် ကျန်သည့် ချင်မိသားစုဝင်များ တက်ရောက်ရမည်ဖြစ်သည်။
တတိယဦးလေးချင်သည် ချင်ရှန့်အား ပါတီအကြောင်းအသိ ပေးခဲ့သည်။ ဧည့်သည်စာရင်းအား ကန့်သတ်ထားသော်လည်း တက်ရောက်သူအများစုသည် ချင်ရှန့်အားတွေ့ရန်လာသည်။
ချင်ရှန့်ဘက်မှ အဆင်ပြေသည်။ သိုသော် ဦးလေးချင်ထူးထူး ဆန်းဆန်းစိတ်အားထက်သန်နေသည်အား သူ သတိပြုမိလိုက်သည်။
ချင်ရှန်သည် သူတစ်ပါးပျော်ရွှင်စေရန် အချိန်ပိုပေးလေ့ရှိသောသူမဟုတ်ပေ။
ပဋိပက္ခများအား ရှောင်ရှားစေနိုင်ရန်နှင့် အခြေအနေအား အပြည့်အဝနာလည်စေရန် တတိယဦးလေးချင်အား သူစုဆောင်းထားသည့် သက်သေများ အားလုံးကိုချပြလိုက်သည်။
တတိယဒေါ်လေးချင်အား တိုက်ရိုက်စုံစမ်းခဲ့သည်ဟု ပြောရသည်ထိတော့ သူမတုံးပါချေ။
အဲဒီအစား သူသည်"မင်းအရင်က ယုရှင်းကို မွေးစားဖို့ စိတ်ဝင်စားခဲ့လို့ သူ့နောက်ခံကို စုံစမ်းခိုင်းလိုက်တာ။”
“ငါတို့ သူ့ကို မမွေးစားတော့ဘူး စိတ်ပူစရာမလိုတော့ဘူး။” သူပြန်ပြောလိုက်သည်။
သို့သော် ချင်ရှန့်သက်သေများအား ပြလိုက်ကာ “ တစ်ချက်လောက်ကြည့်ကြည့်ပါဦး။”
ထိုထဲတွင် တတိယအဒေါ်နှင့်ပတ်သက်သည့် အချက်အလက်များစွာပါရှိသည်။
သူ့ဇနီး ယုရှင်းတို့ အချိန်အတော်ကြာသိကျွမ်းခဲ့သည်ကို တတိ ယဦးလေးချင် သိသောကြောင့် ယုရှင်းအားစုံစမ်းရာတွင် သူ့ဇနီး ပါဝင်နေမည်မှာအဓိပ္ပါယ်ရှိသည်။ သူ့ဇနီးသည် ပရဟိတလုပ်ငန်းများတွင်ပါဝင်ခဲ့ပြီး ယုရှင်းသည် သူမ ထောက်ပံ့ခဲ့သည့် မိဘမဲ့ဂေဟာမှဖြစ်သည်။ သူသည် သူတို့၏သားအား မကြာခဏ အတူခေါ်သွားလေ့ရှိသောကြောင့် တတိယဦးလေးချင်သည် မည်သည့်အရာကိုမျှသံသယမဝင်ခဲ့ပေ။
ပြန်တွေးကြည့်လျှင် သူ့သားနှင့် ယုရှင်းတို့ အလွန်ရင်းနှီးသည် မှာ အံ့သြစရာမဟုတ်ပေ။ သူတို့သည် ငယ်စဥ်ကတည်းက ရင်းနှီးခဲ့ကြသည်။
သို့သော် တတိယဦးလေးချင် စစ်ကြည့်လိုက်ချိန်တွင် မျက် မှောင်ကြုတ်သွားသည်။
သူ့ဇနီးသည် များပြားလှသည့် ပမာဏအားလှူဒါန်းခဲ့ကာမှတ် တမ်းများလည်းရှိသည်။ သို့သော် သေချာစစ်ဆေးကြည့်ချိန်တွင် ထိုရန်ပုံငွေများသည် ယုရှင်း၏ကိုယ်ရေးကိုယ်တာအကောင့်ထဲသို့ ရောက်သွားသည်အားတွေ့လိုက်ရသည်။
နှစ်များကြာလှပြီဖြစ်ကာ ယုရှင်းသည်လည်း အတော်လေးချမ်းသာနေလောက်ပြီဖြစ်သည်။ သို့သော် မဟုတ်ပေ။
ယုရှင်းအကောင့်ရှိ ငွေများသည် နောက်အကောင့်တစ်ခုသို့ ပုံမှန်လွဲပြောင်းပေးနေသည်အား တွေ့လိုက်ရသည်။
အကောင့်ပိုင်ရှင်အမည်မှာ မရင်းနှီးသော်လည်း တည်နေရာမှာ ရှင်းလင်းသည်—အခြားမြို့မှဖြစ်သည်။
တတိယဒေါ်လေး တတိယဦးလေးချင် နှင့်လက်မထပ်မီ ချိန်းတွေ့ခဲ့သည့် ရည်းစားဟောင်းသည် ထိုမြို့မှဖြစ်သည်။
သူတို့ လက်မထပ်ခင်မှာပင် ထိုလူနှင့် လမ်းခွဲကြပြီးသားဟု ထင်ခဲ့ကာ ထိုလူသည် Y မြို့မှ ဖြစ်ကာ တတိယဦးလေးချင် ဘယ်တုန်းကမှသံသယမဖြစ်ခဲ့ပေ။ ယခုမူ တိုက်ဆိုင်မှုများ သည် လျစ်လျူမရှုနိုင်လောက်အောင်ထင်ရှားလာသည်။
ယုရှင်းကိုယ်တွင် ပေးခြင်းမဖြစ်နိုင် ထိုရန်ပုံငွေများအား သူဇနီးဖြစ်သူမှ လိုလိုလားလားပေးနေခြင်းဖြစ်သောကြောင့်ပင်။
ချင်ရှန့်သည် တတိယအဒေါ်၏အကောင့်များအား တိုက်ရိုက်မစုံစမ်းနိုင်သောကြောင့် တတိယဦးလေးချင် သူ့ကိုယ်တိုင် စုံစမ်းရမည်ကို သဘောပေါက်လိုက်သည်။ ဇနီး၏ အလှူငွေစာရင်းများအား ကိုင်တွယ်ဆောင်ရွက်နေသည့် ငွေကြေးမန်နေဂျာသည်လည်း မည်သို့ လုပ်ဆောင်နေသည်အား သိရှိရန် လိုအပ်သည်။
သူမာနသည် တတိယဦးလေးချင်အား နက်နက်နဲနဲ တူးဖော်ရန် သတိပေးနေသည်။ သူချင်ရှန့်အား ကျေးဇူးတင်ကာ ထိုစာရွက်စာတမ်းများအား ယူကာ ထွက်သွားသည်။
ချင်ရှန့်ထွက်လာသောအခါ ကျီဖေးနှင့် သူ့ညီအစ်မများ စိတ်လှုပ်ရှားစွာစကားပြောနေကြသည်။
သူတို့ထဲတွင် ကျီဖေး တစ်ယောက်သာ တတိယအဒေါ်နှင့် မတွေ့ဖူးသူဖြစ်သည်။
ကျီဖေးသည် တတိယအဒေါ် တစ်ခုခုအား ဖုံးကွယ်ထားသည်ဟု သေချာပေါက် ထင်မြင်နေသည်။
ထိုအချိန်တွင်၊ ကျီဖေး တတိယအဒေါ်နှင့်တွေ့သည့်နောက် မွေးနေ့ပါတီသည် အရောင်အသွေး စုံသွားလောက်မည်ဟု ဒုတိယချင်မိသားစုခံစားမိကြသည်။ အကြောင်းအမျိုးမျိုးကြောင့် အထက်တန်းလူ့အဖွဲ့အစည်းတွင် ကျီဖေးအား"ဖရဲသီး ဘုရင်မ"ဟု လူသိများသည်။
မကြာခင် မွေးနေ့ပွဲကျရောက်လာခဲ့သည်။ သခင်အိုကြီးနှင့် သူ့ဇနီးမှလွဲ၍ ကျန်မိသားစုဝင်များ တတိယဦးလေးချင်း၏အိမ်သို့ အင်အားတောင့်စွာ ရောက်ရှိလာကြပြီး ခမ်းနားသည့်မြင် ကွင်းပင်။
တတိယအဒေါ်၏ ယခင်မိသားစုတွေ့ဆုံပွဲများတွင် ပျက်ကွက်ခဲ့ခြင်းမှာ ချင်ဒုတိယမိသားစုနှင့် ချင်စတုတ္ထမိသားစုတို့အား လေးစားမှုမရှိသကဲ့သို့ဖြစ်ခဲ့သည်။
သို့သော် သူမသည် အသက်ကြီးသည့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဖြစ်သောကြောင့် လူတိုင်းမှ မှတ်ချက်မပေးကြပေ။ ယခု အကြီးအကဲများ တက်ရောက်ရန် ဆန္ဒရှိသောကြောင့် ကောင်းမွန့်သည့် သဘောထားရှိသည်ဟုပြသနေသည်။ အ ကယ်၍ သူသာ ၎င်းအား တန်ဖိုးမထားပါကအဆက်အသွယ်ပင်ပြတ်သွားနိုင်သည်။
ချင်ကျားရှီသည် သူနှင့် အရွယ်တူပြီး ရင်းနှီးသည့် ချင်ရုန်နှင့် အတူလာခဲ့သည်။
အိမ်နှင့် နီးကပ်လာသည်နှင့်အမျှ ချင်ကျားရှီသည် တုန်လှုပ်လာသည်ကို ခံစားလိုက်ရသည်—သူ အိမ်ပြန်မရောက်တာ ကြာပြီ။
တံခါးဝသို့ရောက်သောအခါ ယဉ်ကျေးသည့် မျက်နှာထားဖြင့် အားလုံးအားအပြုံးဖြင့် နှုတ်ဆက်နေသည့် ချင်ဟန်အားတွေ့လိုက်ရသည်။ သို့သော် ၎င်းတို့အားမြင်သည်နှင့် သူအပြုံးမှာ တွန့်လိမ်သွားသော်လည်း အတင်းအပြုံးအား ပြန်ထိန်းလိုက်သည်။
အချိန်ကိုက် ကားပေါ်မှဆင်းလာသည့် ကျီဖေးသည် ချင်ဟန် ၏အမူအရာ ပြောင်းလဲသွားပုံအားမြင်လိုက်သည်။
[အို ဟိုး နင်ဘာဖြစ်နေတာလဲ ကြည့်လိုက်ဦးမယ် အကြံသမားလေး။ ဒီနေ့ ယုရှင်းကို မွေးစားခိုင်းဖို့ တတိယဦးလေးချင်ကို ဖိအားပေးဖို့ စီစဉ်ထားတာပဲ။ နင့်အခန်းထဲမှာတောင် ယုရှင်းကို ပုန်းခိုင်းထားတယ်။ နင် ရူးများနေလားဟယ်။ ]
ချင်ဒုတိယမိသားစုသည် လဲလုနီးပါးဖြစ်သွားသည်။ အရည် ရွှမ်းတာ တစ်ခုခုပြုတ်ကျလာတော့မှာဟေ့ ?