← Chapters

အခန်း (၃၇၃)

Vol. 38 Ch. 373

အခန်း (၃၇၃)

Vol. 38 Ch. 373

ထိုကဲ့သို့ အရည်ရွှမ်းသည့် အတင်းအဖျင်းအားကြားသော အခါ ကျီဖေးသည် သဘာဝအတိုင်း ချက်ချင်းထုတ်မပြောပေ။ ယုရှင်း အခုမောင်းထုတ်ခံရရင်တောင်မှ နောက်ကျအကြံ ထုတ်ပြီး တတိယဦးလေးချင် နဲ့ ချင်ကျားရှီကိုအရှုံးပေးလာအောင်လုပ်လောက်မှာ။

အကောင်းဆုံးနည်းလမ်းမှာ ၎င်းတို့၏ကတ်များအားကစားခွင့်ပေးလိုက်ပြီး တတိယဦးလေးချင်မှ ၎င်းတို့အားလူတိုင်းရှေ့တွင် ပြတ်ပြတ်သားသားငြင်းပယ်စေကာ သူ၏ရပ်တည်ချက်အား ရှင်းရှင်းလင်းလင်းဖော်ပြလိုက်ပြီး ၎င်းတို့၏စိတ်ကူးယဥ်မှုအား တစ်ကြိမ်တည်းနှင့်အဆုံးသတ်လိုက်ရန်ဖြစ်သည်။

[တတိယဦးလေးချင် ဘာလုပ်မလဲ ကြည့်ရအောင်။ သူ ချင်ကျားရှီကိုစိတ်ပျက်စေမှာမဟုတ်ဘူးလို့ ငါ ယုံတယ်။]

ချင်ဒုတိယမိသားစုသည်လည်း ဘေးမှစောင့်ကြည့်ခြင်းသည်သာ အကောင်းဆုံးဟုထင်သည်။

သူတို့ ချင်ဟန်ဘေးမှ ဖြတ်သွားစဉ်တွင် မည်သူကမျှ သူ့အား ဖော်ရွေစွာမကြည့်ကြသလို မမြင်ချင်ယောင်ဆောင်သွားကြသည်။

ချင်ကျားရှီသည်လည်း အစကတည်းက ချင်ဟန်အားလုံး၀ လျစ်လျူရှုရန် စီစဉ်ခဲ့သည်။ ထိုအချိန်တွင် တတိယဦးလေးချင်သည် ၎င်းတို့အားကြိုဆိုရန် နွေးထွေးသည့်အပြုံးဖြင့် အမြန်ထွက်လာခဲ့သည်။

အမှန်မှာ တတိယဦးလေးချင်တံခါးဝတွင် ဧည့်သည်များအား နှုတ်ဆက်ရန် မလိုအပ်ချေ။ သို့သော် သူ့သမီးပြန်လာချိန်တွင် အနိုင်ကျင့်ခံရမည်အား စိုးရိမ်သောကြောင့် သူမအားတွေ့ရန် ထွက်လာခဲ့ခြင်းဖြစ်သည်။

သူ ချင်ကျားရှီအား သူ့ဘေးသို့ခေါ်ကာ သူမအား သူကိုယ်တိုင်ပင် ကျန်ဧည့်သည်တွေအား နှုတ်ဆက်ခိုင်းခဲ့သည်။

ဤသည်မှာ သိမ်မွေ့သော်လည်းပြတ်သားသည့် မက်ဆေ့ချ်ပင်- သူ့ဇနီးနှင့်သား သူမအကြောင်းအား ပြင်ပလူများထံမည် သို့ပင် ပြောပါစေ သူ၏အဖိုးတန်သမီးဖြစ်သူ ချင်ကျားရှီသည် ချင်မိသားစု၏လေဒီအစစ်ပင်။

အတိတ်တွင် ချင်ကျားရှီသည် ကိုယ်ပျောက်နေသကဲ့ပင် ဘယ်သူမှမမြင်နိုင်စေရန် အမြဲအိမ်ထောင့်တွင်ကြိုးစားပုန်းခဲ့သည်။

ဧည့်သည်များအား ကြိုဆိုရာတွင် ပွင့်ပွင့်လင်းလင်းပါဝင်ရသည်မှာ ပထမဆုံးပင်။ သူ အလွန်အမင်း စိတ်လှုပ်ရှားနေသော် လည်း သူမ ဖခင်ဖြစ်သူနှင့်အတူ ဘေးမှလိုက်ပါရင်း တဖြည်း ဖြည်းယုံကြည်ချက်ရှိလာခဲ့သည်။

ထိုအချိန်တွင် ချင်ဟန်သည် သူ့ အား မရေမရာစိုက်ကြည့်နေခဲ့သည်။

ချင်ဟန် အကြိမ်ပေါင်းများစွာစိုက်ကြည့်ခဲ့သော်လည်း သူ့ညီမသည် အရင်ကလိုခေါင်းငုံ့မသွားခဲ့ချေ။ သူ့သဘောထား လုံးဝ ပြောင်းလဲသွားမှုသည် သူ့အား အနည်းငယ်တုန်လှုပ်သွားစေ သည်။

သူ့အမှားဟု မတွေးခဲ့ပေ၊ ထိုအစား သူ့အစ်ကိုဖြစ်သူအား အာခံပြီး မရိုမသေလုပ်နေသည်ဟုတွေးကာ ချင်ကျားရှီအား ပိုလို့ပင်ဒေါသထွက်နေသည်။ ဘယ်လိုတောင် ကျေးဇူးကန်းလိုက်သလဲ။

သူ့အဖေ၏သဘောထားအား ကြည့်ရင်း ချင်ဟန် သံသယဝင်လာမိသည်။

ယုရှင်းပြောတဲ့အတိုင်း တကယ်များဖြစ်နေမလား။ သူ့အဖေက ချင်ကျားရှီကိုအပြည့်အ၀ထောက်ခံပြီး သူ့နဲ့ ပြိုင်ခိုင်းဖို့ စီစဉ်နေတာလား။

ပြီးတော့ ချင်ရှန့်နဲ့ ချင်ကျားရှီကဆက်ဆံရေးကောင်းပြီး သူထက်သာနေတယ်။ ချင်ရှန့်သာ ချင်ကျားရှီကို ထောက်ခံရင်... ချင်မိသားစုမှာ သားတွေကို သမီးတွေထက်ဦးစားပေးတယ် ဆိုတဲ့ အစဉ်အလာမျိုးမရှိဘူး။

ချင်ဟန် ယခင်က ၎င်း၏အသုံးမကျသော ညီမအားအလေးအနက်မထားခဲ့သော်လည်း ယခုအခါ အမှန်ပင်ဒုက္ခရောက်တော့မည်ဟု ယခံစားလာရသည်။

သို့သော် ဤခံစားချက်သည် တခဏသာ။ သူ ချင်ကျားရှီအား အထင်သေးနေသေးကာ သူမအားအနိုင်ယူပြီး ထုတ်ပယ်နိုင်မည်ဟု ယုံကြည်ချက်ရှိနေဆဲပင်။

သို့သော် မွေးနေ့ပွဲလာ ဧည့်သည်များ၏အမူအရာမှာ ရှုပ်ထွေးနေသည်။ မိသားစုနှင့်ပတ်သတ်သည့် အတင်းအဖျင်းများ ကြားဖူးကြပြီး တတိယဦးလေးချင်၏လုပ်ရပ်များအားမနေနိုင်ပဲလေ့လာနေမိကြသည်။

ကျန်သည့် ချင်မိသားစုဝင်များအား အိမ်တော်ထိန်းမှအဓိကထိုင်ခုံများ စီစဉ်ပေးထားသည့် ဥယျာဉ်သို့ပို့ဆောင်ခဲ့သည်။

သူတို့ ဝင်လိုက်သည်နှင့် အထက်တန်းစား လေဒီတစ်စုသည် လှပကာ ကိုယ်ဝန်ရှိပုံပေါ်နေသည့် အမျိုးသမီးဘေးတွင် ဝိုင်းဖွဲ့နေကြသည်ကို တွေ့လိုက်ရသည်။

အမျိုးသမီးသည် နူးညံ့သိမ်မွေ့၊ တည်ငြိမ်အေးချမ်းပြီး မခင်ပီသသည့် ဇနီးတစ်ယောက်ဖြစ်ပုံပေါ်သည်။ သို့သော် တစ်ခုမှမဟုတ်ပေ။ သူသည် သူ့သမီးပေါ်တွင် မျက်နှာသာမပေးကာ ပြောင်ပင် အရှက်မရှိပြုမူခဲ့သူဖြစ်သည်။

ချင်မိသားစုရောက်လာသောအခါ တတိယအဒေါ်ချင် မာနတကြီးမပြုမူခဲ့ပေ။ မသက်မသာဖြစ်နေပုံပေါ်သော်လည်းဖြည်း ညှင်းစွာရပ်ကာ သူတို့ တစ်ယောက်ချင်းစီအား ယဉ်ကျေးစွာ နှုတ်ဆက်လာသည်။ သူမ၏အမူအရာမှာ အပြစ်အနာအဆာမရှိပေ။

သို့သော် သူမ ထပ်ပြောလာသည်မှာ "ကျားရှီ လတ်တလော အားလုံးကို ဒုက္ခဖြစ်စေခဲ့မယ်ထင်တယ်။ ကျွန်မ သမီးကအ တော်လေး ထူးဆန်းတဲ့ကိုယ်ရည်ကိုယ်သွေးရှိတော့ အထင်မှားအောင်လုပ်တတ်တယ်။ အခုချိန်ကစပြီး သူ့ကိုသေချာသင် ကြားပေးလိုက်ပါ့မယ်ရှင်။"

သူမပါးစပ်မှ ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် ချင်မိသားစု၏အမူအရာမှာမည်းမှောင်သွားသည်။

ဘယ်လောက် ရဲတင်းလိုက်လဲ။ အခုလက်ရှိ အတင်းအဖျင်းတွေမှန်သမျှက ချင်ဟန် ဒါမှမဟုတ် ယုရှင်းအမှား မဟုတ်ဘဲ ချင်ကျားရှီရဲ့အမှားပဲဆိုပြီ ဧည့်သည်တွေရှေ့မာ ပါးပါးနပ်နပ်နဲ့ ပြောနေတာပဲ။

ဒီလို ပြောင်ပြောင်တင်းတင်း မျက်နှာလိုက်တာက တကယ့်ကို အံ့သြစရာပဲ။ ချင်မိသားစုက ယဥ်ကျေးမှုအရ ထိန်းထားပြီး ချင်ဟန်ရဲ့ အကျင့်ဆိုးတွေကို ထုတ်မပြောဘူးလို့ သူထင်နေတာလား။

ကောင်းပါ့၊ ချင်မိသားစုရဲ့ စိတ်နေသဘောထားကို သူရှင်းရှင်း လင်းလင်းနားမလည်ဘူးပဲ။

"ကျားရှီက မိန်းမကောင်းလေးပါ။ သူ့ကို သင်ကြားပေးစရာမလိုပါဘူး။ စန်းစောင် လုပ်ပေးချင်တယ်ဆိုရင်တော့ ချင်ဟန်ကိုသင် ကြားပေးဖို့ပဲ အာရုံစိုက်သင့်တယ်။ သူကူ ဒီလောက်ကြီးနေပြီ မရင့်ကျက်သေးဘူး။ လူတိုင်းရှေ့မှာ ငတုံးလိုလုပ်နေတုန်းပဲ။” ချင်မားမား ထိုးနှက်လိုက်သည်။

“ အိုး နေပါဦ။ ငါ ကြားရသလောက်တော့ ချင်ဟန်က မင်းရဲ့ ဆုံးမသွင်သင်မှုအောက်မှာဆို။ ဒါဆို သူ့ကိုဝင် မဆုံးမခဲ့တဲ့ တတိယဦးလေးချင်ရဲ့အပြစ်ပဲနေမယ်။ ဟုတ်ပ တတိယဦး လေးချင်ရဲ့အပြစ်ပဲ”

တတိယအဒေါ်ချင် မျက်နှာသည် ချက်ချင်းဆိုသလိုအရောင်ပြောင်းသွားသည်။ လူတိုင်းရှေ့တွင် သူ့အား ပွင့်ပွင့်လင်းလင်းစိန်ခေါ်သည်ထိ ရဲရင့်မည်မထင်ထားသောကြောင့် သူ မားမားချင်အားမယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။

ယောင်းမများကြား ထိပ်တိုက်ရင်ဆိုင်မှုအားစိတ်အားထက် သန်စွာကြည့်နေကြသည့် ပရိသတ်များမှာစိတ်လှုပ်ရှားစွာ မျက်လုံးပြူးသွားသည်။

အမှန်မှာ ချင်မိသားစုသည် ဒရမ်ကဲ့သို့ စည်းလုံးညီညွတ်သော ဆက်ဆံရေးရှိသည်ဟုယုံကြည်ခဲ့ကြသည်။ ဤကဲ့သို့ ဒရာမာအား မည်သူမှမမျှော်လင့်ခဲ့ကြချေ။

“ဒုတိယယောင်းမ၊ ငါတို့ရဲ့ ကလေးတွေကို ဘယ်လိုပြုစုပျိုး ထောင်ရမှာလဲ…” တတိယအဒေါ်ချင်၏ဒေါသသည် သူ့ပုံပန်းသွင်ပြင်ကဲ့သို့မနူးညံ့ပေ။

သို့သော် ပါးပါးချင်သည် သူအားဖြတ်ပြောကာ သူ့မိန်းမအား ပြတ်ပြတ်သားသားထောက်ခံလိုက်သည်။

"တတိယညီက ချင်ဟန့်ကိုရိုက်နှက်ဆုံးမခဲ့တယ်လို့ လတ်တ လောကကြားခဲ့တာ။ စောစောက ဧည့်သည်တွေကိုနှုတ်ဆက်နေတာမြင်တယ်- သူ အပြည့်အဝပြန်ကောင်းလာပြီလား။ ဒါပေမဲ့အရိုက်ခံရတာသူနဲ့ထိုက်တန်ပါတယ်။ သဘာဝပါပဲ။”

စတုတ္ထဦးလေးချင်သည်လည်း အပြုံးလေးနှင့် "တတိယမရီး၊ မင်း အကြာကြီးမရပ်သင့်ဘူး။ မကြာသေးခင်ကမှ ဆေးရုံက ဆင်းလာတာမဟုတ်လား။"

ဤမှတ်ချက်များသည် အစောပိုင်းမှ အတင်းအဖျင်းများအား အတည်ပြုပေးခဲ့ပြီး တတိယအဒေါ်ချင်၏မျက်နှာသည် ရောင်စုံ ခံစားချက်များပြောင်းသွားသည်။

ဤလူများသည် သူမအား မကျေနပ်သလား သို့မဟုတ် ချင်ကျားရှီအတွက် ရပ်တည်ပေးနေခြင်းလား သူ မသိတော့ပေ။

အသုံးမကျတဲ့၊ မနှစ်သက်စရာကောင်းတဲ့ မိန်းကလေးအတွက် ခုခံကာကွယ်ပေးဖို့ ဒီလိုလုပ်နေကြတာလား ?

သူမအတွက် အကျိုးရှိမည်မဟုတ်မှန်းသိသဖြင့် တတိယအဒေါ်ချင် သူမ၏မာနအားမျိုချလိုက်ရသည်။

ချင်မိသားစု၏ လူငယ်များမရယ်ဘဲ ထိန်းထားလိုက်ရသည်။ အကြီးအကဲများ အခြေအနေအား ထိထိရောက်ရောက်ကိုင် တွယ်ဖြေရှင်းသည်ကို ကြည့်ရသည်မှာကျေနပ်စရာပင်။ သူတို့သည် အကြီးအကဲများအား ပွင့်ပွင့်လင်းလင်းစိန်ခေါ်၍မရပေ။။

ထိုအချိန်တွင် ချင်ရှန့်သည် ကျီဖေးအား ထိုင်ရန်စီစဥ်နေပြီး နူးညံ့သိမ်မွေ့သည့် အရုပ်မလေးလိုဆက်ဆံနေသည်။

တတိယအဒေါ်ချင်အားတွေ့ပြီးနောက် ကျီဖေးသည် မှင်တက် နေခဲ့သည်။

ချင်ဒုတိယမိသားစုသည် သူမ၏ပုံမှန်မဟုတ်သော တိတ်ဆိတ်မှုကြောင့် ရှုပ်ထွေးစွာ သူမအားခိုးကြည့်လိုက်ကြသည်။

သို့သော် ကျီဖေးအတွေးလွန်နေသည်ကို မြင်ချိန် သူတို့စိတ်မသက်မသာဖြစ်သွားသည်။

သူမ ထိုသို့ ပြုမူသည့်အချိန်တိုင်း ကောင်းကင်ပြုကျနိုင်သည့် အတင်းအဖျင်းများအား ဖော်ထုတ်တော့မည့်အဓိပ္ပာယ်ပင်။

ကျီဖေးသည် တုန်လှုပ်ချောက်ချားနေပြီးတုန်ယင်သွားခဲ့သည်။

လုပ်ဆောင်ရန် အချက်အလက်များစွာရှိသဖြင့် သူမသည် ပထမဆုံး အပိုင်းအစအနည်းငယ်ကိုသာမှီလိုက်သည်။ သူမကျန်သည်များအား မဖတ်နိုင်ခင်ပင် မှတ်ချက်မပေးပဲမနေနိုင်တော့ပေ။

သူ စိတ်လှုပ်ရှားမှုကြောင့် ချင်ရှန့် လက်အားတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရာ သူ့လက်ပင် ညိုမည်းသွားသည်။

[ ဘယ်လောက်တောင် ယုတ်မာတဲ့မိန်းမလဲ။ ဒီလို အရှက်မရှိ၊ ရွံဖို့ကောင်းတဲ့မိန်းမတွေကို တွေ့ဖူးပေမယ့် တတိယအန်တီချင်ရဲ့ခြေဖျားတောင်မမှီဘူး။ ဒါတွေအကုန်လုပ်ထားပြီး အသက်ရှင် ရဲသေးတယ်ပေါ့။]

ချင်ဒုတိယမိသားစု ထိတ်လန့်နေပြီ။ သူတို့ ဤအမျိုးသမီးအားမနှစ်သက်သော်လည်း၊ သူမသည် အနှစ်နှစ်ဆယ်ကျော် တတိယဦးလေးချင်၏ဇနီးဖြစ်ခဲ့ပြီး ချင်မိသားစု၏တစ်စိတ်တစ်ပိုင်းဖြစ်နေပြီပင်။ သူမ၏အရူးထမှု၊ လမ်းပြမှုလွဲမှားခြင်းအားသည်းခံနိုင်သော်လည်း သူ့ဗီရိုထဲတွင် အရိုးစုများရှိမနေစေရန် အမှန်တကယ်မျှော်လင့်ခဲ့ကြသည်။

သို့တိုင် ကျီဖေး ဤမျှကြမ်းတမ်းစွာပြောဆိုသည်ကို ကြားရခဲသည်။

အဆိုးဆုံးအတွက် ပြင်ဆင်ထားလိုက်ကြသည်။

ကျီဖေးသည် စိတ်မပျက်စေခဲ့ပေ။ အစကပင် ဗုံးတစ်ခုအား ပစ်ချလိုက်သည်။

[ဘယ်က တတိယဦးလေးရဲ့ ဂရုစိုက်မှုကိုလိုအပ်နေတဲ့ “သက် ကြီးမှရတဲ့ ကိုယ်ဝန်ဆောင်” ဖြစ်ရမှာလဲ။ နင်က တခြားတစ်ယောက်ရဲ့ကလေးကို လွယ်ထားတာလေ]

ချင်ဒုတိယမိသားစု- !!!!!!

[ နင့်ရဲ့ရည်းစားဟောင်းကို အိမ်နီးနာကတိုက်ခန်းတစ်ခုမှာ ထားပြီး လွန်ခဲ့တဲ့ခြောက်လကတည်းက တတိယဦးလေးချင်နောက်မှာ ဖောက်ပြန်နေခဲ့တာပဲ။]

ချင်ဒုတိယမိသားစုသည် ယခုမူ မထိန်းချုပ်နိုင်စွာတုန်ယင်သွားခဲ့သည်။

[နင် ယုရှင်းကို ဒီလောက်မွေးစားချင်နေတာ မအံ့သြတော့ပါဘူ။ သူက နင့် ရည်စားဟောင်းရဲ့သမီးကိုး၊ နင်က နင့်ရည်းစားဟောင်းရဲ့သမီးကို ချင်မိသားစုထဲ မျှော့လိုတွယ်နိုင်အောင် ကြိုးစားနေတာပဲ။]

ချင်ဒုတိယမိသားစုသည် တတိယအဒေါ်ချင်အား ဒေါသတကြီးကြည့်လိုက်ကြသည်။

[နေပါပြီ၊ သွေးစုပ်နေပြီးပြီပဲ။ ဒီနှစ်တွေထဲ ပရဟိတလုပ်တယ်ဆိုပြီး သူ့ရည်စားဟောင်းဆီ ငွေတွေလွဲပေးနေခဲ့တာ။ ဘယ်လိုတောင် သတ္တိရှိလိုက်လဲ! တတိယဦးလေးမှာတော့ ပိုက်ဆံရှာဖို့ အရမ်းကြိုးစားနေရတဲ့အချိန်မှာ နင် အဲ့လိုသုံးဖြုန်းနေတယ်။ ငါ ဒေါသထွက်လိုက်တာ၊ ဒေါသထွက်လိုက်တာ၊ ဒေါသထွက်လို့သေတော့မှာပဲ]

ချင်ဒုတိယမိသားစုသည် ဒေါသထိန်းရန် အသက်ပြင်းပြင်းရှူနေရသည်။

သူတို့ ချင်မိသားစုထဲကို ဘယ်လိုတောင် ယုတ်မာတဲ့မိန်းမမျိုး ကိုဝင်ခွင့်ပြုခဲ့မိတာလဲ။

All Chapters