အခန်း (၃၇၅)
Vol. 38 Ch. 375
ချင်ကျောက်၊ ချင်ရုန်- “ငါတို့တော့ ခံနိုင်ရည်မရှိဘူး၊ အဆိပ် သင့်သွားပြီ။”
ချင်ရီ ကျီဖေး၏အတွေးအား မကြားရသော်လည်း သူ့အား သနားသွားသည်။ သူ အသက်နည်းနည်းပိုကြီးသောကြောင့် စိုးရိမ်စရာမလိုပဲပြောနိုင်သည်။
"တတိယဒေါ်လေး အဲဒါက မဟုတ်သေးပါဘူး။ ကျားရှီထက် ဘယ်သူက ပိုသင့်တော်မှာလဲ။ အဒေါ်သမီးက ခံရသူနော်။”
တတိယအဒေါ်ချင် အလွန် စိတ်ဆိုးသွားသည်။ သူသမီးနဲ့ စကားပြောနေတာလေ အပြင်လူက ဝင်ပါစရာလား ?
"ကော ဘာလို့ဒီလိုပြောတာလဲ။ ယုရှင်းနဲ့ စုကျာက ဒီလောက်လိုက်ဖက်ညီတာကို။ ကျားရှီက သူအတွက်မသင့်တော်ပါဘူး”
ကျီဖေး၏ပြောဆိုပုံအား ကျင့်သားမရသေးသည့် ချင်ရီနှင့် ချင်ကျားရှီတို့ နှစ်ယောက်စလုံးအံ့အားသင့်သွားကြသည်။ သို့ သော် စိတ်ထဲတွင်တော့ ဤသဘောမဟုတ်ကြောင်းနားလည် သည်။ အခြားသူသာ ဤကဲ့သို့ပြောလာလျှင် ကျားရှီ စိတ်ထိ ခိုက်သွားသည်ဖြစ်သော်လည်း ကျီဖေးဖြစ်နေသောကြောင့် ရှင်းပြချက်အားချက်ချင်းကြားချင်ခဲ့သည်။
တတိယအဒေါ်ချင်လည်း သူနဲ့အဆင်ပြေတဲ့ သာမာန်လူတစ်ယောက်တော့ရှိသေးတာပဲဟုတွေးလိုက်သည်။ သူ သဘောတူရန် ပြင်လိုက်ချိန်မှာပင် ကျီးဖေး ရယ်မောကာပြောလာခဲ့သည်။
”ကျားရှီးက ပုံမှန်လူလေ စုကျာနဲလိုက်ဖက်ပါ့မလား။ စုကျာနဲ့ ယုရှင်းက တစ်ယောက်အတွက် တစ်ယောက်ဖန်ဆင်းထားတာလေ။ ဟိုစကားလိုပဲ ‘လူယုတ်မာနဲ့ အပျက်မက ပြီးပြည့်စုံတဲ့စုံတွဲ၊ တစ်သက်တာ တည်မြဲနိုင်တယ်’ဆိုတာလေ“
ထိုစကားများသည် တတိယအဒေါ်ချင်အား ချက်ချင်းတိတ် ဆိတ်သွားစေကာ သူ့နှာခေါင်းသည် ဒေါသကြောင့်တွန့်လိမ်သွားလုနီးပါးပင်။
သူ ဒေါသထွက်ချင်သော်လည်း ထိုအုပ်စုသည်ရယ်မောနေကြသည်။
သူ ချေပရန်ကြိုးစားသော်လည်း လူတိုင်း ကျီဖေးအားလက်မ ထောင်ပြကာ "အာ့စောင် ပြောတာလုံးဝမှန်တယ်!"
သူ့ကိုယ်တိုင် ခုခံရန်လုပ်သည့်အခါ ကျီဖေး အပြုံးလေးနှင့်
"တတိယဒေါ်လေးက အရမ်းဉာဏ်ကောင်းတာပဲ။ ဒီလို ဖောက်ပြန်တဲ့ လူယုတ်မာက ရှင့်သမီးနဲ့ မထိုက်တန်ဘူးဆိုတာ သိတယ်။ အဲလိုလူမျိုးက တတိယဘီးနဲ့ပဲ လိုက်တယ်။ စိတ်မပူပါနဲ့ ကျားရှီက သူတို့ကို အာဃာတမထားဘူး။ နောက်ဆုံး တတိယဦးလေးက သေသေချာချာ လက်စားချေပေးထားပြီးသားလေ။ ကျားရှီသာ အာဃာတထားနေရင် တော်တော်လေး သနားစရာကောင်းသွားမှာ။”
ထိုစကားကိုပြောပြီးနောက် ကျီဖေးသည်ရွှင်မြူးနေသော ကျားရှီဘက်သို့ လှည့်ကာ
"ကျားရှီ၊ မင်းအမေရဲ့ အကြံကိုနားထောင်နော်။ နောက်တစ်ခါ ယုရှင်းကိုတွေ့ရင် ချင်မိသားစုရဲ့သမီးရှေ့မှာ အရူးလာမလုပ်နဲ့လို့သတိပေးလိုက်။ မဟုတ်ရင် ငါတို့အနေအထားနဲ့ သူများတွေကို ဘယ်လိုအနိုင်ကျင့်ရမယ်ဆိုတာ သိကြောင်းပြပေးရတာပေါ့။”
နောက်ဆုံးစကားတွင် ကျီဖေး၏လေသံမှာတိုးသွားကာ တတိ ယအဒေါ်ချင်အားအေးစက်သည့် မျက်လုံးများဖြင့်စိုက်ကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် သူမ ထုတ်လွှတ်သည့် အရှိန်အဝါသည် ချင်ရှန့်နှင့် သိသိသာသာဆင်တူသည်။
တတိယအဒေါ်ချင်သည် သူ့ရှေ့ရှိမိန်းကလေးကြောင့်အံ့အား သင့်သွားကာ အဆုံးတွင် ခုခံပေးသည့်စကားတစ်ခွန်းမျှမပြောနိုင်ခဲ့ပေ။
နောက်ဆုံး သူ အသိစိတ်ဝင်လာကာ ဒေါသအလွန်ထွက်ပြီး မျက်နှာဖြူဖျော့သွားသည်။
ပိုဒေါသဖြစ်စေသည်မှာ သူ့သမီးမှ အမှန်တကယ်သဘောတူခဲ့ခြင်းပင်။
တတိယအဒေါ်ချင် အကြည့်စူးစူးဖြင့် ချင်ကျားရှီအားလှည့်ကြည့်လိုက်သည်။
ယနေ့ချင်ကျားရှီသည် သူမနှင့်လုံးဝမရင်းနှီးနေချေ။ တစ်ချိန်ကနူးညံ့သိမ်မွေ့ပြီး သူစိတ်ကျေနပ်စေရန်အမြဲကြိုးစားခဲ့သည် မိန်းကလေးသည် ပျောက်ကွယ်သွားပုံရသည်။ ယခု သူမနှင့် ရင်ဆိုင်ရသည်မှာ အေးစက်နေသည့် ကျားရှီပင်။
သို့သော် အခြားသူများနှင့် စကားပြောချိန်တွင် သူမသည်ပြုံးနေသည်။
ထိုအပြုံးမျိုးသည် တတိယအဒေါ်ချင်အတွက် လုံးဝစိမ်းသက် နေသည်။ သူမှတ်ဉာဏ်ထဲတွင် ကျားရှီ ထိုကဲ့သို့ပြုံးနေသည်ကို မမြင်ဘူးသလိုပင်။
တတိယအဒေါ်ချင်သည် သူမ၏အပြုအမူအားတွေးတာဆင်ဘခြင်ခြင်းမရှိပါချေ။ ထိုအစား ချင်မိသားစုဝင်များ၏နှစ် သက်မှုရရန်ကြိုးစားနေသည့် ကျေးဇူးကန်းပြီး သနားစရာကောင်းသည့် ခွေးတစ်ကောင်နှင့်တူသည်ဟုတွေးခဲ့သည်။ သူသည် ငယ်စဥ်ကတည်းက စိတ်အနှောက်အယှက်ဖြစ်စရာကောင်းသည်။ ယုရှင်းသည် ဆန့်ကျင်ဘက်ဖြစ်စွာ အကျင့်စာ ရိတ္တကောင်းမွန်ပြီး နာခံမှုရှိသည်။
လာမည့်အစီအစဥ်များအားတွေးတောရင်း တတိယအန်တီချင်သည် လောင်းကြေးထပ်ရမည်ကိုသိသည်။ အဲ့တော့ အရင်ဆုံး…….
သူ့ ဒေါသအားမျိုချပြီး လှောင်ပြောင်ခြင်း မခံခဲ့ရဟန်ဆောင်ကာ
"လမ်းခွဲကြပြီးရင်လည်း ထားလိုက်ပါတော့။ စကားမစပ် ငါ့သူငယ်ချင်းရဲ့သားက ဒီမှာ စီးပွားရေးလုပ်နေတာ ဘယ်လိုလုပ်ရမလဲမသိဘူးဖြစ်နေတာလေ။ သူ့ကို သွားကူပေးပြီး သူငယ်ချင်းဖွဲ့ချည်ဦး။”
ချင်ကျားရှီက မတုံ့ပြန်ခင်မှာ သူအဝေးတစ်နေရာဆီလက် ရမ်းပြလိုက်ကာ သူ့အပြုံးသည် ပန်းတစ်ပွင့်ကဲ့သို့တောက်ပနေပြီး ချင်မိသားစုဝင်တိုင်းကိုပင် ဤမျှမဖော်ရွေခဲ့ပေ။
သူ့ ရည်ရွယ်ချက်မှာ ရှင်းသည်- ချင်ကျားရှီအား အခြားအမျိုး သားတစ်ဦးနှင့် မိတ်ဆက်ပေးတော့မည်ဖြစ်သည်။
ဒါပေမယ့် တတိယဦးလေးချင်ကိုရော ပြောပြီးပြီလား။
ချင်ကျားရှီ၏တုံ့ဆိုင်းနေမှုအရ သူ ဤကဲ့သို့သော အစီအစဉ်အားမကြိုက်ကြောင်း ထင်ရှားသည်။
သူ ယခုမှ မအောင်မြင်ခဲသည့် ဆက်ဆံရေးအားပြီးဆုံးခဲ့ခြင်းဖြစ်သည်။
တစ်ဖက်တွင် ကျီဖေး အတွေးသည်ရိုးရှင်းသည်။
[ထူးဆန်းတယ်။ သူ့သမီးအတွက် တွေးပေးမယ့်သူမျိုးမဟုတ်ပါဘူး။ ချင်ကျားရှီ singleဖြစ်နေရင် ယုရှင်းနဲ့ စုကျာရဲ့ဆက် ဆံရေး ထိခိုက်မှာကြောက်လို့လား။ စုမိသားစုက ယုရှင်းနဲ့ မဟုတ်ပဲ ကျားရှီနဲ့ လက်ထပ်ဖို့ စီစဥ်ချင်ခဲ့တာလေ။]
သို့သော် အခြားထက် ချင်ကျားရှီအား မည်သို့သောလူမျိုးနှင့် မိတ်ဆတ်ပေးမည်အား ပိုသိချင်မိသည်။
ထို့နောက် အသက်ပြင်းပြင်းရှူနေရသည့် လူဝကြီးတစ်ယောက် လျှောက်လာခဲ့သည်။ မျက်နှာတစ်ပြင်လုံး ကျောက်ပေါက်မာများနှင့် ပြည့်နေကာ စားချင်စိတ်ပင် မရှိစေလောက်သည့်ရုပ်မျိုးပင်။
ချမ်းသာသည်သူတိုင်း ရုပ်ချောကြသည် မဟုတ်သော်လည်း ချမ်းသာသူများသည် ကိုယ့်ကိုယ်ကိုပိုဂရုစိုက်တတ်ကြသည်။ သို့သော် ဤလူသည်တော့ တခြားစီပင်။
ဒီလူနဲ့ မိတ်ဆက်ပေးချင်တာ ?????
ချင်မိသားစုဝင်များအားလုံး မယုံကြည်နိုင်စွာမျက်လုံးပြူးသွားကာ ချင်ကျားရှီ မျက်နှာသည်လည်းဖြူဖျော့သွားခဲ့သည်။
ဒါဆို သူ့အမေရဲ့မျက်လုံးထဲမှာ သူက ဒါမျိုးနဲ့ထိုက်တန်တာပေါ့။
ဗီဇအရ လူများအားပုံပန်းသဏ္ဍာန်ဖြင့် မဆုံးဖြတ်ရန်ပြောခဲ့သော်လည်း နောက်တစ်စက္ကန့်မှာပင် စိတ်မသက်မသာဖြစ်စေပြီး မသတီစရာကောင်းသည့်အကြည့်သည် ကျီဖေးနှင့် ချင်ရုန်တို့နှစ်ဦးစလုံးအားသေချာကြည့်လာပြီး အထူးသဖြင့် ကျီဖေးကိုပင်။
"မင်းကို တော်တော်ရင်းနှီးနေတယ်" လူဝကြီးက ပြုံးလျှက် ဆိုသည်။ "မင်းက နာမည်ကြီးတစ်ယောက်လိုပဲ။"
သူ့ကိုယ်သူ မိတ်ဆက်မည့်အစား ကျီဖေးနှင့် စကားပြောလာသည်။
တတိယအဒေါ်ချင်အား အေးစက်စွာစိုက်ကြည့်ရင်း ကျီဖေး အမူအရာသည် ချက်ချင်းမည်းမှောင်သွားသည်။
သို့သော် တတိယအဒေါ်ချင်ကတော့ ထိုလူဝကြီးအား ချစ်ခင်စွာပြုံးပြနေသည်။
ချင်ကျောက် ဒေါသထွက်နေပြီ။ သူ ထိုလူဝကြီးအား အေးစက်စွာပြောလိုက်သည်။
"မင်း ဒီကို ထပ်ကြည့်ရဲရင် မင်းမျက်လုံးကို ဖောက်ထုတ်ပစ်မယ်။"
ထို့နောက် အချိုပွဲဗန်းထဲမှ ခက်ရင်းတစ်ခုကိုယူပြီး ကိတ်မုန့်ထဲသို့ထိုးထည့်လိုက်သောကြောင့် လူဝကြီးလန့်သွားကာ အဝေးကိုအမြန်ကြည့်လိုက်ရသည်။
တတိယဒေါ်လေးချင်သည် မျက်မမြင်လိုပင်။ သူ မကျေမနပ်နှင့် ပြောလာသည်။
"ချင်ကျောက်၊ မင်းဘာလုပ်နေတာလဲ၊ ဒါ ငါ့သူငယ်ချင်းရဲ့သား။ အရွယ်တူချင်း ကောင်းကောင်နေကြလေ။”
"ဟက်၊ ရုပ်ဆိုးတဲ့လူတွေကို ကျနော် မကြိုက်ဘူး။"
ချင်ကျောက် ဂုဏ်ယူစွာကြေငြာလိုက်သည်။
ဤသည်ကြောင့် လူဝကြီးအမူအရာသည် မကျေမနပ်ဖြစ်သွားသော်လည်း ပြဿနာမရှာပေ။
တတိယအဒေါ်ချင် ဒေါသထွက်သော်လည်း ချင်ကျောက်သည် ကျိုးကြောင်းဆင်ခြင်နေမည့် သူမျိုးမဟုတ်ကြောင်းသိသည်။ ထို့ကြောင့် သူမ သူ့အားလျစ်လျူရှုကာ
"ချန်အာ ဒီကိုလာ။ အန်တီ့သမီး ချင်ကျားရှီနဲ့ မိတ်ဆက်ပေးမယ်။ နောင်တစ်ခုခုလိုတာရှိရင် သူ့ကိုအကူအညီတောင်းလိုက် သူ့ကို မိသားစုလိုတွေးပြီး အဆင်ပြေအောင်နေကြ။"
ထိုသို့ပြောရင်း၊ သူမ လူဝကြီးအား ချင်ကျားရှီဘေးတွင် ထိုင်ရန်အချက်ပြသည်။
ထိုလူသည် ချင်ကျားရှီအား ကြည့်ကာစိတ်ပျက်သွားပုံရသည်။ ကျားရှီသည် အမှန်တကယ်ပင်လှပသော်လည်း ကျီဖေးနှင့် ချင်ရုန်တို့နှင့် နှိုင်းယှဉ်လျှင် သူမသည် မှေးမှိန်သွားသည်။ အစတွင် လူဝကြီးသည် မိန်းကလေးနှစ်ယောက်အနက်မှတစ်ဦးသည် ၎င်း၏တွဲဖက်ဖြစ်မည်ဟုထင်ခဲ့သောကြောင့် ကျားရှီအားမြင်သောအခါ သူ လုံးဝဝမ်းနည်းသွားသည်။
ကျီဖေး ထိုလူ ဝမ်းနည်းနေပုံပေါက်နေသေးသော်လည်း ကျားရှီအနားတွင် ထိုင်လိုစိတ်ပြင်းပြသေးသည်ကို မြင်လိုက်ရချိန် အန်ချင်သွားသည်။
"ကျားရှီ၊ ဒီကိုလာ။" ကျီဖေး တိုက်ရိုက်ပြောလိုက်သည်။