← Chapters

အခန်း (၃၇၆)

Vol. 38 Ch. 376

အခန်း (၃၇၆)

Vol. 38 Ch. 376

ကျီဖေးသည် ဒီနေရာတွင်ဆက်ပြီးနားမထောင်နိုင်တော့၍ အကြောင်းပြချက်ပေးကာမတ်တပ်ရပ်၍ပြန်ရန်လုပ်လိုက်သည်။

ချင်ကျားရှီကလည်း ကျီဖေးနောက်မှလိုက်ကာ ကျီဖေးဘေးသို့ရွှေ့ခဲ့သည်။

ချင်ရုန်ကလည်း သူမတို့နှစ်ယောက်ကြား ကျားရှီထိုင်နိုင်ရန်နေရာဖယ်ပေးခဲ့သည်။

ထိုအရာအားလုံးကိုကြည့်နေသော တတိယအန်တီချင်သည် မနေနိုင်ပဲဇောတကာတက်ခဲ့သည်။

“မင်းတို့ဘာလုပ်နေကြတာလဲ လူကြီးရှေ့မှာ အချင်းချင်းတော် တော်ချစ်နေကြတယ်ပေါ့လေ”

[ တကယ်ပါပဲ စိတ်တိုလွန်းလို့အကျယ်ကြီးတောင် ထရယ်ပစ် လိုက်ချင်တယ်။ သူ့က်ိုယ် သူ ဘာနဲ့တူနေမှန်းကောသတိထားမိရဲ့လား။ မသိရင်ပြည့်တန်ဆာအိမ်က မိန်းမက သူတို့ရဲ့ဝန် ထမ်းကိုထိုးကျွေးဖို့ customer ရှာနေသလိုပဲ။ သူ ကိုယ်တိုင်မွေးထားတဲ့သမီးကို အခုလိုလုပ်ရပ်မျိုးလုပ်ရလောက်တဲ့အထိဘာတွေ အဲ့လောက်မုန်းတီးနေတာလဲ။ ခုနက အကောင်ရဲ့စရိုက်ကိုကြည့်လိုက်ကတည်းက အချိုးမပြေနိုင်တဲ့စရိုက်ဆိုတာအသိအသာကြီး တိတယအဒေါ်ချင်က တကယ်စည်းလွတ် ဝါးလွတ်ဖြစ်နေတာပဲ ဘယ်လိုနှလုံးသားနဲ့မိန်းမမျိုးပါလိမ့်]

ထိုအချိန်တွင် ချင်ရီနဲ့ချင်ကျောက်တို့ကလည်း နားချရန်ကြိုး စားခဲ့သည်။

ချင်ရီက ဦးစွာပြောဆိုခဲ့သည်။

“သူတို့အချင်းချင်းသိအောင်အရင်လေ့လာပြီးမှကျန်တာဆက်လုပ်တာအဆင်ပြေမှာပေါ့ ပြီးတော့အဲ့တစ်ယောက်ရဲ့မိသားစုကကော ဘာအလုပ်လုပ်တာလဲဆိုတာ မသိရပါလား ပြီးတော့ အိမ်ရဲ့စီးပွါးရေးမှာဝင်မပါဖူးပေမဲ့ အနည်းနဲ့အများတော့ လူကုန်ထံတွေအကြောင်းနားလည်ပါသေးတယ်”

ချင်ကျောက်သည်လည်း ချင်ရီ၏စကားကိုထောက်ခံကာဆက်ပြောခဲ့သည်။

“ဟုတ်တယ် တစ်ယောက်အကြောင်းတစ်ယောက်သိအောင်မိတ်ဆက်ပေးရမှာပေါ့ မင်း ဘယ်ကျောင်းကဘွဲ့ရတာလဲ ဘာမေဂျာနဲ့လဲ အခုလက်ရှိကော ဘာအလုပ်လုပ်နေတာလဲ?”

ဝဝဖိုင့်ဖိုင့်ခန္တာကိုယ် နဖူးပြောင်ပြောင်လူကြီးသည် သူတို့၏ အမေးများကိုသေချာပြန်မဖြေပဲ ရှောင်ဝိုက်၍သာပြောနေခဲ့သည်။

ချင်ကျောက်သည်လည်း ထိုသူ၏ရည်ရွယ်ချက်ကိုရိပ်မိကာပြောဆိုခဲ့သည်။

“ ဒီလောက်သိုဝှက်နေတာ မင်း မပြောရဲတာလား ? အလိမ်ပေါ်သွားမှာကြောက်လို့စိုးရိမ်နေတာလား”

“ဟေ့ယောင် မင်းဘာစကားပြောတာလဲ”

ထိုအခါ ဝဖိုင့်ဖိုင့်လူကြီးသည်စိတ်လှုပ်ရှားလာပြီး သတိပင်မထားနိုင်တော့ပဲ တတိယအဒေါ်ချင်၏လက်ကားဆွဲရမ်းကာ အကူအညီတောင်းခဲ့သည်။

တတိယအဒေါ်ချင်သည်လည်း သူ့ တာဝန်အရကာကွယ်ပေးခဲ့သည်။

“မင်းတို့ဘာမှစိုးရိမ်စရာမလိုပါဘူး သူ့အဖေနဲ့ ငါက သူငယ် ချင်းတွေပါကွယ်”

သူမ၏အသံသည်းအေးဆေးနေပြီး သူတို့၏မေးးခွန်းများ ကြောငိ့စိတ်အနှောက်အယှက်ဖြစ်နေပုံရသည်။

တတိယအဒေါ်ချင်သည် သူတို့အပေါ် စိတ်မကြည်ဖြစ်လာကာ လေသံမာမာဖြင့်ပြောလိုက်သည်။

“မင်းတို့က အကြီးထက်ကိုပိုပြီးသိပြနေတာပဲ။ ငါက ငါ့ရဲ့သမီးကို ဒုက္ခရောက်အောင်လုပ်မှာမို့လား။ တရားခံစစ်လာစစ်နေတာ”

ချင်ရုန်သည် သူ့စကားကြောင့်မသိမသာ ရေရွတ်လိုက်သည်။

“မပြောနိုင်ဘူးလေ အဲ့လိုဖြစ်ချင်ဖြစ်မှာပေါ့”

တတိယအဒေါ်ချင်သည် ထိုစကားကိုကြားသွားခဲ့ပြီး ဒေါသတကြီးအော်ပြောခဲ့သည်။

“ နင်… ရာရာစစ အကြီးပေါ်ရိုသေမှုလုံးဝမရှိတာပဲ၊ လူရှေ့မှာ ပမာမခန်လာလုပ်ပြနေတာ”

အသံကျယ်သွားသဖြင့် အနီးအနားကလူများကလည်း သတိ ထားမိလာကြသည်။

ကျီဖေးသည် တတိယအဒေါ်ချင်အာဏာပြနေတာကိုစိတ်ကုန်ငြီးငွေ့လာပြီဖြစ်ရာ သူ ချင်ကျားရှိကိုဆွဲကာ တတိယအဒေါ်ချင်အား တည့်တိုးသာပြောလိုက်သည်။

“ဒီတစ်ယောက်က ကျားရှီနဲ့အဆင်မပြေလောက်ဘူး အဲ့တော့ အဒေါ်သူနဲ့ပေးစားမယ်ဆိုတဲ့အတွေးကို အခုချက်ချင်းခေါင်းထဲကနေထုတ်လိုက်တာပိုကောင်းမယ်။ ချင်မိသားစုကအဲ့လောက်နိမ့်ကျနေတဲ့သူကိုမလိုအပ်ဘူး ပြီးတော့ရှင်ကျားရှီကိုတစ်စုံတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ်ဆိုလည်း ကိစ္စမရှိဘူး ကျွန်မ တတိယဦးလေးနဲ့ဆွေးနွေးပြီး ကျားရှီအတွက် သေ ချာလေး လူကောင်းသူကောင်းရှာပေးလိုက်မယ်။ ဒီလောက်ပြောထားတာကို ထပ်ပြီးကလန်ကဆန်လုပ်ရင်တော့ ချင်မိသားစုကို စိန်ခေါ်တဲ့အကျိုးဆက်ကို ရှင် သိရလိမ့်မယ်”

ကျီဖေး၏စကာလုံးများသည် ညှာတာမှုမရှိအေးစက်နေပြီး သူ့ အရှေ့ကလူနှစ်ယောက်သည် ဘာမှမပြောန်ုင်ပဲအံကြိတ်ထားရုံသာတတ်နိုင်ခဲ့သည်။

ထိုစကားများကိုပြောပြီးနော်ကျီဖေးသည် ကျားရှီကိုဆွဲကာထိုနေရာမှထွက်လာခဲ့သည်။

ပါတီအတွင်းရှိလူတိုင်းသည် သူတို့၏ဝိုင်းကိုအာရုံစိုက်နေကြသည်ဖြစ်ကာ ကျီဖေးနဲ့ကျားရှီထွက်သွားသောအခါ လေထုကပို၍ကိုးယို့ကားယားဖြစ်နေသည်။

ဒါ့အပြင် ကျီဖေး၏အသံသည်အေးစက်ပြတ်သားနေသောကြောင့်ဆိုင်းတွင်းရှိလူများကြားသင့်သလောက်ကြားခဲ့သည်။

တတိယအဒေါ်သည် ကျီဖေးဒီလောက်သူမကိုအာခံရဲမည်ဟုမထင်ထားခဲ့ပေ။ ကျီဖေး သူ့အားပေါ်တင်အပြစ်ပြောဆိုခဲ့သောကြောင့် လူတိုင်း သူ့ကိုဝိုင်းကြည့်ကာဝေဖန်လာကြသည်။

ချင်ကျောက်နှင့်ချင်ရုန်သည် ကျီဖေးအကြောင်းကိုနားလည်ကာ သူတို့အာ့စောင့်သည် တစ်ခုခုကိုထပ်ဖော်ထုတ်နိုင်ပြန်ပြီဟုထင်လိုက်သည်။

ချင်ရှန်သည် သူ၏ဇနီးပြန်ရောက်လာတာကိုမြင်သောအခါ သူမဒေါသထွက်နေသည်ကို မှန်းဆမိသဖြင့် တခြားသူများနဲ့စကားပြောနေတာကိုရပ်ကာ သူ့ဇနီးဆီသို့သွားလိုက်သည်။

ကျီဖေးထိုင်လိုက်သည်နှင့် ချင်ရှန်ကလည်သူမဘေးနားသို့ရောက်လာခဲ့သည်။ သူ ချက်ချင်းပင် တခြားသူများ၏အမြင်ကိုဂရုမစိုက်ပဲ သူ့ပခုံးပေါ်သို့ခေါင်းမှီလိုက်သည်။

ချင်ရှန်သည်လည်း သူ့ကိုပြန်ဖက်လိုက်ကာ “ဘာဖြစ်ခဲ့လို့လဲ”

“ဘာဖြစ်ရမှာလဲ အဲ့မိန်းမပေါ့ ကျားရှီကို စိတ်ပျက်စရာကောင်းတဲ့ ယောကျာ်းနဲ့မိတ်ဆက်ပေးတယ်လေ”

ကျီဖေးသည် သူ၏ယောကျာ်းကိုဖြစ်ခဲ့သမျှအားလုံးပြန်ပြောပြနေခဲ့သည်။

ထိုအချိန် ကျားရှီသည်လည်း ကျီဖေးတို့ဇနီးမောင်နှံဘေးနားတွင်ထိုင်နေခဲ့သည်။

“အာ့စောင်…ညီမ အဆင်ပြေပါတယ် ထားလိုက်ပါတော့ အဲ့ကိစ္စကို”

ကျီဖေးသည် ထိုမျှနဲ့မကျေနပ်ပဲစကားထပ်ပြောချင်သော် လည်း အောင့်သက်သက်နှင့်ရပ်လိုက်ရသည်။

ချင်ကျောက်သည် ထိုကိစ္စအားမကျေနပ်၍ အသေးစိတ်ထပ် ပြောပြခဲ့သည်။ ထိုအချိန်တွင် အလုပ်မှအိမ်ပြန်လာသော ချင်ရှောင်ယွီနှင့် ချင်ကျင်းတို့သည်လည်း ထိုကိစ္စကိုကြားကာထိတ်လန့်သွားခဲ့သည်။

ချင်ကျင်းသည် မနေနိုင်ပဲ “အဲ့လူရဲ့နောက်ခံက တော်တော်တောင့်လို့လာ။ ဘာလို့တတိယအဒေါ်က ရုပ်ရည်ကိုတောင် ဂရုမစိုက်နိုင်ပဲ ကျားရှီနဲ့လက်ထပ်ပေးချင်နေရတာလဲ”

ချင်ကျောက်သည် ထိုစကားကိုဟာသနှော၍ပြန်ဖြေခဲ့သည်။

“ဘာကိုနောက်ခံတောင့်ရမှာ ရုပ်ကိုက လူလိမ်ရုပ် ဟားဟား”

“အဲ့လူက တကယ်အကျင့်ပျက်နေတဲ့လာဘ်ပေး လာဘ်ယူသမားပဲ။ ချင်ရှောက်ယွီ နင်သူနဲ့ဝေးဝေးနေဖို့မမေ့နဲ့ ခုနတုန်း ကတောင် အာ့စောင်နဲ့ငါ့ညီမကို အဲ့ကောင်က အငတ်လိုမျိုး‌ေခြဆုံးခေါင်းဆုံးကြည့်ပြီး သရေကျနေတာ”

ထိုစကားကိုကြားပြီနောက် ချင်ရှန့် မျက်လုံးများအေးစက်လာပြီး သူ့ရင်ခွင်ထဲတွင်ရှိနေသောကျီဖေးကို ပိုလို့တိုးဖက်လိုက်သည်။

ချင်ရီသည်လည်း သက်ပြင်းချကာ “တတိယအဒေါ် ဘာတွေလုပ်နေမှန်းကိုနားမလည်တော့ဘူး”

[ ဘာကိုနားမလည်နိုင်ရမှာ။ အဲ့မိန်းမကသူ့ရဲ့ အဆက်ဟောင်း လင်ပါသားကို ရွှေလိုတန်ဖိုးထားနေတာလေ ငါ ပြောရင်မကောင်းတတ်တော့ဘူး။ အဲ့ လူဝတုတ်ကြီးကို အဲ့မိန်းမရဲ့အ ဆက်ဟောင်းအိမ်ထောင်ကွဲတော့ သူ့အဖေက အဲ့လူဝတုတ်ကြီးကိုခေါ်မွေးခဲ့ပြီး သူ့အမေက ယုရှင်းကိုခေါ်သွားခဲ့တာ သူက ယုရှင်းရဲ့အကိုပဲ။ အခုကြ သူတို့သားအဖနှစ်ယောက်ကသုံးဖြုန်းလွန်ပြီး ဒီကိုပြန်ရောက်လာတယ်လေ သုံးစရာမရှိတော့ သူက တတိယအဒေါ်ကိုပြန်ကပ်တာပေါ့ တတိယအဒေါ်ကလည်း သူ့အချစ်ဟောင်းကိုလက်ခံပြီးအိပ်ခဲ့တယ်လေ ဘယ် လိုမိန်းမမှန်းကိုမသိဘူး။ ဟိုက သိမ်းသွင်းလိုက်တာနဲ့ သူ့ အ ဆက်ဟောင်းရဲ့သားကို သူ့သမီးအရင်းခေါက်ခေါက်ကျားရှီနဲ့လက်ထပ်ပေးဖို့လုပ်တယ်၊ ချင်မိသားစုဝင်ဖြစ်သွားရင် သူတို့ငတ်သေဖို့စိတ်ပူစရာမလိုတော့ဘူးလေ။ တတိယအဒေါ်ကတကယ် ရူးနေတဲ့မိန်းမပဲ ခေါင်းမှာအပေါက်ရှိနေလား မသိဘူး အဲ့လိုလူမျိုးတွေကို သူ့သမီးနဲ့ပေးစားတာ သူ့သမီးကိုအကြွေး ထုတ် နှစ်ထုတ်ပေးလိုက်တာနဲ့ တူမနေဘူးလား ? ဘယ်မိဘကသူတို့သမီးကို အဲ့လိုရောင်းစားလို့လဲ ? တကယ်တွေးလေ စိတ် ပျက်ဖို့ကောင်းလေပဲ]

ကျီဖေး တွေလေလေ ဒေါသထွက်လေဖြစ်သည့်အတွက် သူ့ယောကျာ်းရင်ခွင်ထဲသို့ဝင်နေကော စိတ်ကိုတည်ငြိမ်သွားအောင်လုပ်နေရသည်။

တခြားသူတွေကလည်း သူမရဲ့အတွေးကိုကြားပြီးအံ့ဩသွားခဲ့သည်။

အစကသူတို့ထင်ခဲ့တာက တတိယအဒေါ်က သူ့သမီးအရင်းကိုမုန်းနေတာကြောင့် အဲ့လိုလူစားမျိုးနဲ့လက်ထပ်ပေးချင်နေတယ်လို့သာထင်နေခြင်းပင်။ သူ့ ဒေါသစိတ်ကြောင့် အသိစိတ်ပျောက်ပြီး လုပ်ချင်တာကိုပရမ်းပတာလုပ်နေသည်ဟုသာထင်ခဲ့သည်။

အခုတော့ သူတို့အားလုံးသဘောပေါက်ခဲ့သည်။ တတိယအ ဒေါ်သည် သူ ဘာလုပ်နေလဲဆိုတာ သူ ကိုယ်တိုင်အတိအကျသိပေသည်။ သူက သမီးအရင်းထက် တခြားသူမွေးထားသော သားကိုသာ ပစားပေးကာမွှန်နေခဲ့သည်။

တတိယဦးလေးမိသားစု၏အခြေအနေသည် ထိုမျှဆိုးရွားနေမယ်မှန်းမထင်ထားခဲ့ချေ။

သူတို့ ဒီကိစ္စကိုအချိန်မှီသိတာတော်တော်ကံကောင်းတယ်ပြောရမယ်မဟုတ်ရင် အခြေအနေကပိုဆိုးဖို့ပဲရှိမှာ။

ကျီဖေးရဲ့စိတ်ထဲကစကားများကိုမကြားနိုင်တဲ့သူတွေကတော့ လေထုအခြေအနေမကောင်းဘူးဆိုတာကိုသတိထားမိကြလေသည်။

မကြာမီတွေ ထိုလူဝတုတ်ကြီးသည် ပါတီပွဲမှထွက်ခွါသွားခဲ့သည်။

တတိယဦးလေးပြန်ရောက်လာသောအခါ ထိုလူဝတုတ်ကိုမမြင်လိုက်ရပေ။ နောက်ိထပ်ရိုးရိုးရှင်းရှင်းပြဿနာဖြစ်သည်ဟုထင်ကာ သူ့ဇနီးကိုမေးလိုက်သည်။

တတိယအဒေါ်သည် သူ မတရားခံခဲ့ရပုံ အငယ်တွေဆီမှာစော်ကားခံရပုံတို့ကို မငိုကြွေးရုံတမယ်ပြောပြနေခဲ့သည်။

တတိယဦးလေးသည် သူမ၏စကားများကို အသေးစိတ်ထပ်မမေးခဲ့ချေ အဘယ်ကြောင့်ဆိုသော်ပါတီပွဲ၏အဓိကအချိန်သို့ရောက်ရှိလာပြီဖြစ်သောကြောင့်ဖြစ်သည်။

ဝန်ထမ်းတစ်ယောက်သည် ကိတ်မုန့်အကြီးကြီးကို ခန်းမထဲသို့ယူဆောင်လာခဲ့သည်။

လူတိုင်းပြောလက်စ စကားများကိုရပ်ဆဲလိုက်ပြီး ကိတ်မုန့်ဆီသို့အာရုံပို့လိုက်ကြသည်။

တတိယဦးလေးသည်လည်း သူ့ဇနီးလက်ကိုတွဲကာ ရေကန်နားသို့သွားခဲ့သည်။

ထိုအချိန်တွင် ကျီးဖေးနားကလူတစ်ယောက်ရဲ့စကားသံက်ိုကြားလိုက်ရသည်။

“ထူးဆန်းလိုက်တာ ချင်ဟန်ကောဘယ်မှာလဲ ? မရှိဘူးလား”

ထိုစကားကိုကြားလိုက်သောကျီဖေးသည်စိတ်ထဲတွင်ရှုံချလိုက်သည်။

[ ဘယ်ရှိမလဲ မအေတူသားလေ ဟိုကောင်မယုရှင်းကိုသွားခေါ်နေရတယ်လေ ]

ထိုအချိန် အော်သံကြောင့်ကျီးဖေး၏အတွေးများပျက်သွားခဲ့သည်။

တတိယအဒေါ်သည် ရုတ်တရက်လဲကျသွားခဲ့သည် သူ လဲကျသည့်ဘက်တွင် လူတစ်ယောက်မှမရှိသဖြင့် သူ့ဦးခေါင်းက ကြမ်းပြင်နှင့် အပြင်းအထန်ရိုက်မိတော့မလိုဖြစ်ခဲ့သည်။

All Chapters