← Chapters

အခန်း (၃၇၇)

Vol. 38 Ch. 377

အခန်း (၃၇၇)

Vol. 38 Ch. 377

တတိယမဒမ်ကိုယ်ဝန်ရှိနေသည့် အတွက်ကြောင့်မို့ ဒီနေ့ ဖိနပ်ပါးလေးသာဝတ်ထားတာဖြစ်သည်။ ဒါ့အပြင် သူမရပ်နေသောနေရာသည် ပြင်ညီဖြစ်ကာ ခလုတ်ခသင်းတွေလည်းမရှိသောကြောင့် လဲကျသည်ဆိုသည်မှာသံသယဖြစ်စရာပင်။

လူတိုင်းသည်လည်း သူ လဲကျသည်ကို မြင်သော်လည်း ရုတ် တရက် ဘာလုပ်ရမှန်းမသိကာကြောင်ကြည့်နေခဲ့ကြသည်။

စီးပွါးရေးပါတနာများနှင့် စကားပြောနေသော တတိယဦးလေးသည်လည်း သူ့ရဲ့ဇနီးလဲကျတာကိုမြင်သောအခါ စိတ်ပူသွားပြီး သူမကိုကူညီရန် ပြေးသွားလဲသော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။

“ကျိရွှမ် “ သူ့အသံသည် နာကျင်နေပုံရပြီး တတိယအဒေါ်ကိုအတော်လေးစိုးရိမ်နေပုံရသည်။

ချင်ကျားရှီသည်လည်း သူ့အမေလဲကျတာကိုမြင်သောအခါ

ရုတ်တရက် စင်အနောက်ဘက်မှလျင်မြန်စွာပြေးထွက်လာခဲ့သည်။

သူ့နေရာသည် တတိယမဒမ်ရှိနေသည့်နေရာနှင့်အတော်အ လှမ်းဝေးသည့်အတွက် အချိန်မှီရောက်နိုင်ရန်ခက်ခဲသော် လည်း မသိစိတ်ကရောက်အောင် အမြန်သွားနေသဖြင့်

လူများနှင့်တိုက်မိကာ လဲကျသွားခဲ့သည်။ သို့သော် သူ့အမေကသာပိုအန္တရာယ်ရှိသဖြင့် ချက်ချင်းပြန်ထကာ ကူရန်သွားလိုက်သည်။

ထိုအချိန်တွင် တတိယမဒမ်၏အနောက်ဘက်ကနေ လူတစ်ယောက်ချက်ချင်းပေါ်လာခဲ့ပြီး သူမကိုအချိန်မှီဖမ်းပေးနိုင်ခဲ့သည်။

လူတိုင်းကလည်း တတိယမဒမ်ကိုကူပေးလိုက်သူမှာ ယုရှင်းဖြစ်ကြောင်းသတိထားမိခဲ့ကြသည်။

တတိယမဒမ်သည်လည်း သူ လဲကျမလိုဖြစ်သွားသည့်အတွက် အရမ်းကြောက်လန့်ပြီး နှလုံးများတုန်နေခဲ့သည်။

ယုရှင်းသည် အများအမြင်တွင် ကြင်နာနူးညံ့စရိုက်ရှိသောမိန်းမငယ်လေးအဖြစ်ထင်မြင်စေခဲ့သည်။

“အန်တီမကြောက်ပါနဲ့တော့ အဆင်ပြေသွားပါပြီ”

တတိယမဒမ်သည် ရင်းနှီးသောအသံလေးကိုကြားလိုက်ရ၍ ဝမ်းသာသွားကာ

“ယုရှင်း သမီးလေး ဘယ်လိုလုပ်ဒီရောက်လာတာလဲ ? သမီး အန့်တီကိုထပ်ကယ်လိုက်တာပဲ တော်ပါသေးရဲ့သမီးလေးရှိလို့ အန်တီမှာ ခုနကတော်တော်လန့်သွားတာ”

ယုရှင်းသည် သူမ၏နူးညံ့သည့်မိန်းမငယ်လေး ဂုဏ်ပုတ်ကိုထိန်းထားတာ နူးနူးညံ့ညံ့လေးပြန်ဖြေခဲ့သည်။

“ဒီနေ့ အန်တီရဲ့မွေးနေ့မို့ရောက်လာခဲ့တာပါ ဦးလေးနဲ့ကျားရှီကသမီးကိုအထင်လွဲနေပေမဲ့လည်း အန်တီ့မွေးနေ့အတွက် ဂုဏ်ပြုတာကော လက်ဆောင်လေးကောပေးချင်လို့ရောက် လာခဲ့တာ”

ထိုအချိန်တွင် တတိယသခင်ကြီးသည် သူ့ မိန်းမဘေးနားသို့ချက်ချင်းပြေးလာကာ ပူပန်နေသောမျက်နှာထားဖြင့် သူ့မိန်းမကိုယုရှင်းလက်ထဲမှယူကာ ထိခိုက်ဒဏ်ရာရှိမရှိစစ်ဆေးနေခဲ့သည်။

ထိုအချိန်တွင် ချင်ဟန်လည်းပေါ်လာခဲ့သည်။ သူသည်လည်း သူ့အမေကိုစိုးရိမ်နေတဲ့ပုံကိုပြသခဲ့သည်။

သနားစရာကောင်းတာက မည်သူမှ ချင်ကျားရှီ သူ့အမေကိုစိတ်ပူလို့ပြေးလာခဲ့တာကို သတိမထားမိကြသလိုမြင်လည်းမမြင်ခဲ့ကြပေ။

တတိယမဒမ်သည်လည်း သူ့သမီးအရင်းကိုမေ့ကာ သူ့ ခေါင်းထဲတွင် ယုရှင်းဖြင့်သာပြည့်နှက်နေခဲ့သည်။

“ ကျွန်မ… အဆင်ပြေပါတယ်ဟန်နီ ဘာမှမဖြစ်ပါဘူး ဆရာဝန်ခေါ်ဖို့အထိတော့မလိုပါဘူး။ ဟန်နီ ဒါတွေအကုန်လုံး ယုရှင်းကိုကျေးဇူးတင်ရမယ် ယုရှင်းသာမရှိရင် ဘယ်လိုဖြစ်မလဲတွေးတောင်မတွေးရဲဘူး။ ရှင်နဲ့ ကျားရှီက သူ့ကို မကြိုက်တာသိပါတယ် ဒါပေမဲ့ အဲ့ကောင်မလေးကပဲ ကျွန်မနဲ့ ကျွန်မတို့ကလေးရဲ့အသက်ကိုနှစ်ခါတောင်ကယ်ပေးခဲ့တာ အဲ့ဒါကြောင့် ကျွန်မဒါကို လူတိုင်းသိအောင်ပြောပြဖို့ဆုံးဖြတ်လိုက်ပြီ”

တတိယသခင်ကြီးသည် ဖြစ်ပျက်သွားခဲ့သမျှမှာ မြန်ဆန်လွန်းသဖြင့် အခြေအနေကိုရှုပ်ထွေးနေခဲ့သည်။ဒါပေမဲ့ သူမိန်းမ ထိုသို့စကားပြောသောအခါ သူ့မိန်းမ၏ရည်ရွယ်ချက်ကိုနား လည်လိုက်သည်။ သူသည် ချက်ချင်း သူ့ကိုရပ်တန်းကရပ်ဖို့သတိပေးလိုက်ပေမဲ့ တတိယမဒမ်က မသိချင်ယောင်ဆောင်ခဲ့သည်။

တတိယမဒမ်သည် သူမယောကျာ်းအား အဝေးသို့တွန်းဖယ်လိုက်ကာ ယုရှင်းလက်ကိုကိုင်၍ ပါတီပွဲရှိလူအကုန်လုံးကြားအောင် အသံကိုမြှင့်၍ပြောခဲ့သည်။

“အခုအကုန်လုံးမြင်လိုက်ကြမှာပါ ယုရှင်းက ကျွန်မနဲ့ကျွန်မကလေးကိုနှစ်ခါတောင်ကယ်ခဲ့တယ်ဆိုတာ ကျွန်မသူ့ကိုဘယ် လိုပြန်ပြီးကျေးဇူးဆပ်ရမလဲကိုမသိတော့ပါဘူး၊ ပြီးတော့ သူမနဲ့ အခုလိုဆုံစည်းရတာကို ကံကြမ္မာလို့လက်ခံလိုက်ပြီးတော့ ကျွန်မ ယုရှင်းကိုမွေးစားဖို့ဆုံးဖြတ်လိုက်ပါပြီ အခုအချိန်ကစပြီး ယုရှင်းလေးက ကျွန်မတို့အိမ်ရဲ့မင်းသမီးလေးဖြစ်လာမှာပါ။ သူ့ကို ကျွန်မရဲ့သမီးအရင်းတစ်ယောက်လိုဆက်ဆံပြီး မျက်နှာမငယ်ရစေပါဘူးလို့ကတိပေးတယ် အခုဒီမှာရှိနေတဲ့လူတိုင်းကို သက်သေခံပါတယ်”

ပါတီပွဲကလူတိုင်းသည် တတိယမဒမ်၏ကြေညာချက်ကြောင့်လှုပ်လှုပ်သည်းသည်းဖြစ်သွားခဲ့သည်။ ယုရှင်းသည်လည်း အံ့ဩသွားခဲ့သည် သို့သော် သူ့စိတ်ထဲမှာတော့ ကြိတ်ပျော်နေ ခဲ့သည်။ သူ့ဘေးနားက ချင်ဟန်ကိုကြည့်လိုက်ကာပြုံးပြလိုက်သည်။ အခုတော့ သူမနဲ့ချင်ဟန်တို့ တစ်မိသားစုတည်းဖြစ်သွားခဲ့ပြီ။

ချင်ကျားရှီသည် လက်တစ်ကမ်းလောက်အလိုတွေ ထိုမ်ိသားစုကိုကြည့်၍ ခံစားချက်များကင်းမဲ့နေခဲ့သည်။ ယုရှင်းက သူမ အမေကိုကယ်တင်ပေးခဲ့ပေမဲ့လည်း သူ ဘာကိုမှမခံစားခဲ့ရပေ။ သို့သော် သူ့ နှလုံးသားကတော့နာကျင်နေခဲ့သည်။ သူ့ အဖေ၊ အမေ ၊ အကို အကုန်လုံး သူ့ကိုမေ့နေခဲ့ကြသည်ပင်။

ချင်းမိသားစုဝင်များသည်လည်း တတိယမဒမ်၏ကြေညာမှုကိုအံ့ဩသွားခဲ့သည်။ သူတို့နားနှင့်ကြားခဲ့ရသည့်စကားများကိုပင်မယုံကြည်နိုင်ဖြစ်နေသည် သူမရဲ့သမီးအရင်းကိုကြပစ် ထားပြီး သွေးမတော်သားမစပ်ကို သမီးအရင်း လိုလုပ်နေတာဒီမိန်းမက ဘယ်လောက်ကြောက်စရာကောင်းလိုက်လဲ ?

ထိုအချိန်တွင် တတိယဦးလေး၏ဒေါသများပါနေသောအသံကထွက်လာခဲ့သည်။

“ကျိရွှမ် တော်လိုက်တော့ မင်း ကိုယ် မင်းဘာတွေလုပ်နေမှန်းကောသိရဲ့လား။ ဒီကိစ္စကို ငါနဲ့ တစ်ခွန်းတောင်မပြောပဲနဲ့ဘာကိစ္စ မင်းတစ်ယောက်တည်းဆုံးဖြတ်ချက်ချနေရတာလဲ”

တတိယမဒမ်သည် သူ့ခင်ပွန်စကားများကိုနားမထောင်ပဲပြန်ရန်တွေ့လိုက်သည်။

“ကျွန်မ ဘာလုပ်နေတာလဲဆိုတာ ကျွန်မ သိပ်သိပ်ကိုသေချာသိတာပေါ့ရှင် ကျွန်မကို ကယ်ခဲ့တဲ့သူကို ကျွန်မကျေးဇူးပြန်ဆပ်နေတာလေ၊ ဘာဖြစ်လဲ ရှင်တို့ ချင်မျိုးနွယ်တွေကအရမ်းအံ့ဩဖို့ကောင်းတာပဲ၊ ဘာကိစ္စ ဒီလောက်ကျေးဇူးမသိတတ်ရတာလဲ ? ဒီမှာ နားမလည်သေးရင်ကျွန်မအခု ရှင်းရှင်းလင်း လင်းပြန်ပြောမယ် နားထောင် ကျွန်မ ယုရှင်းကိုသမီးအဖြစ်မွေးစားမှာ ရှင် ဒါကိုသဘောမတူနိုင်ရင် ကျွန်မနဲ့ကွာရှင်းလိုက်လေ “

တတိယသခင်ကြီးသည် သူ့မိန်းမ၏စကားများကြောင့်အံ့ဩသွားခဲ့သည်။ သူ ဒီလောက်ထိ ပြောဆိုရဲလိမ့်မည်ဟုမထင်ထားခဲ့ပေ။

ချင်ဟန်သည် သူ့အမေဘက်ကနေကာ သူ့အဖေအားနားချရန်ကြိုးစားခဲ့သည်။

“အဖေ ယုရှင်းကိုမွေးစားရုံလေးပဲကို ဘာလို့အဲ့လောက်ကန့်ကွက်နေတာလဲ အမေနဲ့ ဗိုက်ထဲက ကလေးလေကိုစိတ်မပူဘူးလား”

တတိယသခင်သည် သူ့သားမိုက်အားကြည့်လိုက်သည်။ သူမွေးထားသည့်သားမို့ သူ့သားအကြောင်းသိပေသည်။ ယုရှင်း သူ့ဇနီးအနောက်ကနေ ရုတ်တရက်ပေါ်လာတာကလည်း သူ့သား၏ဇာတ်ကွက်သာဖြစ်လိမ့်မည်။ ဒါပေမဲ့ သူ မယုံနိုင်တာက သူ့ဇနီးသည်လည်း ထိုနှစ်ယောက်နှင့်ပူးပေါင်း၍ သူ့မမွေးသေးသည့်ကလေးကိုပါစတေးပြီး ဝင်သရုပ်ဆောင်တာကိုပင်။

တခြားချင်မိသားစုဝင်များသည်လည်း ဖြစ်သွားသည့်ကိစ္စမှာသွေးရိုးသားရိုး မဟုတ်မှန်းနားလည်သော်လည်း ထုတ်မပြောခဲ့ကြပေ။

[ ရယ်စရာကောင်းလိုက်တာ ဘယ်သူကနှစ်ခါတောင်ကယ်ပေးနိုင်တဲ့အထိတိုက်ဆိုင်မှာ စူပါဟီးရိုးလည်းမဟုတ် အရင်တစ်ခေါက်က ကားမတော်တဆဖြစ်တာလည်း သူတို့လုပ်ကြံထားတဲ့ဇာတ်လမ်းပဲကို အခုလည်း ဘာမှမရှိပဲနဲ့ချော်လဲနေတာ

အကုန်လုပ်ဇာတ်မှန်းအသိအသာကြီးကို မုဒ်အပြည့်နဲ့သရုပ် ဆောင်နေလိုက်တာ မင်းသမီးတောင်ရှုံးတယ်။ တတိယမဒမ်က ဒီကိစ္စမှာတော်တော်ယုံကြည်ချက်ရှိနေတယ်ပေါ့ တစ်ခုခုဖြစ်ပြီး မှားယွင်းသွားမှာမကြောက်ဖူးလား။ သူ ဘယ်လောက်ပဲ ဖိနပ်အပါးစီးထားတယ်ပြောပြော ယုရှင်းဆိုတဲ့မိန်းမကသူ့ကိုအချိန်မှီမဖမ်းပေးနိုင်ရင် အကျိုးဆက်က မတွေးရဲစရာပဲ။ ဒါပေမဲ့ သူ တကယ်ကြီးအရဲစွန့်ပြီးလုပ်ခဲ့တာက ယုရှင်းက်ုမွေးစားချင်လို့ပေါ့လေ၊ အဲ့အခါကြ တတိယဦးလေးကငြင်းရင်တောင် သေချာငြင်းနိုင်မှာမဟုတ်တော့ဘူးလေ တကယ်တကယ် ယုရှင်းက ဘာတွေများကောင်းနေလို့ အဲ့လောက်ထိမွေးစားချင်နေရတာလဲ]

ကျီဖေးသည်ကျားရှီအတွက်စဉ်းစားကာစိတ်မကောင်းဖြစ်မိသည်။ တတိယမဒမ်သည် အမှားများကိုမဆင်ခြင်ပဲ ထပ်ခါ ထပ်ခါပြုလုပ်နေခဲ့သည်။ အရင်ကတော့ကျီဖေးသည် သူတို့ ယုရှင်းကိုဘယ်လိုမွေးစားမလဲဆိုတာသိချင်၍စောင့်ကြည့်ခဲ့သည်။ ယခုမူ သူမသာ အစောကတည်းက သူတို့ကိုရပ်ပစ်နိုင်ခဲ့ရင် ဒီအခြေအနေထိဖြစ်လာမည်မဟုတ်ပေ။ ထို့ပြင် ကျားရှီလည်း ယခုလောက်ခံစားရမည်မဟုတ်လောက်ချေ။

ကျီဖေး ကူကယ်ရာမဲ့ခံစားနေမ်ကာတွေးလေစိတ်ပျက်လာလေဖြစ်သည်။

ချင်ရှန်သည် သူဇနီး၏အတွေးများကိုနားလည်သဖြင့်သူမ ပခုံးလေးအားပုတ်ကာနှိမ့်သိမ့်လိုက်သည်။

“စိတ်မပူပါနဲ့ တတိယဦးလေးကိုယုံလိုက်ပါ သူ မဆင်မခြင်လုပ်တတ်တဲ့သူမျိုးမဟုတ်ပါဘူး”

ချင်ရှန့် စကားကြောင့်ကျီဖေးသည်မယုံနိုင်ပဲ “ရှင်ပြောတာသေချာလို့လား”

ချင်ရှန်သည်ခေါင်းငြိမ့်လိုက်ပြီး သူ့ဇနီးလေးအား နှိမ့်သိမ့်လိုက်သည်။

“စိတ်မပူပါနဲ့ အကယ်၍ ဦးလေး မတားဆီးနိုင်ခဲ့ရင် ကိုယ့်မှာတားနိုင်မဲ့နောက်ဆုံးနည်းလမ်းကျန်ပါသေးတယ်”

ထိုအခါ ချင်ရှန်သည်ကောက်ကျစ်သည့်အပြုံး ပြုံး၍ပြောပြလိုက်သည်။

“ပြောရမယ်ဆိုမွေးစားသမီးက သားအရင်းကိုကြိုက်လို့မရဘူးလေ ဟုတ်တယ်မလား”

ကျီဖေး၏မျက်လုံးများတောက်သွားပြီး “ရှင် သက်သေရှာတွေ့ပြီလား”

ချင်ရှန်သည်သူမကိုပြုံးပြခဲ့ပြီး စိတ်မပူဖို့ပြောခဲ့သည်။

လူတိုင်းသည် တတိယမိသားစု၏အခြေအနေကိုကြည့်ကာဘာဆက်ဖြစ်မလဲသိချင်နေကြသည်။

ထိုအချိန်တွင် တတိယသခင်ကြီး၏ အေးစက်စက်ပြတ်သားသာအသံထွက်လာခဲ့သည်။

“ယုရှင်းကို ငါ့အိမ်တော်ထဲ ခေါ်မသွင်းနိုင်ဘူး မွေးစားဖို့လည်းခွင့်မပြုဘူး မကျေနပ်ရင် မင်း ငါနဲ့ကွာရှင်းလို့ရတယ်”

ချင်ရှန်ကလွဲ၍ လူတိုင်းသည် တတိယသခင်၏စကားကြောင့်ပိုအံ့ဩကုန်ကြသည်။

ဒီလောက်နှစ်တွေအကြာကြီးလက်ထပ်ထားတဲ့စုံတွဲက ကလေးမတစ်ယောက်ကိုမွေးစားဖို့ကိစ္စနဲ့ ကွာရှင်းကြတော့မယ်ပေါ့

ချင်ဟန်သည်လည်း သူ့အဖေ၏စကားကြောင့် လန့်ဖြတ်ကာအော်ပြောခဲ့သည်။

“အဖေ အခုဘာပြောတာလိုက်တာ အမေနဲ့ကွာရှင်းမယ်ဟုတ် လား”

သူသည် ဒီတစ်ခေါက်တော့ ယုရှင်းကိုသေချာပေါက် သူ့အိမ်တော်ကိုခေါ်သွင်းနိုင်ပြီဟု အပိုင်တွက်ထားတာဖြစ်သည်။ သူ့အဖေက ခြေထောက်နဲ့နင်းပြီး ဖျက်စီးပစ်လိမ့်မယ်လို့မထင်ထားခဲ့ချေ။

ခုနကထိ လေကြီးနေသော တတိယမဒမ်သည်လည်း သူ့ယောကျာ်း၏စကားကြောင့် ဘာမှပြန်မပြောနိုင်ခဲ့ပေ။

“ရှင်…ရှင်…"

ယုရှင်းသည် တတိယမဒမ်ချင်၏ခန္တာကိုယ်ကိုထိန်းပေးလိုက်ရသည်။ ဒါ့အပြင် သူမကိုယ်တိုင်လည်း မျှော်လင့်ချက်ပျက်စီးသွားသလိုခံစားခဲ့ရသည်။ ချင်မိသားစုဝင် ဖြစ်နိုင်မဲ့အခွင့်အရေးသည် တတိယမဒမ်အပေါ်မဟုတ်ပဲ တတိယသခင်ပေါ်မူတည်နေသည်ဆိုတာကို နောက်ဆုံးတော့လက်ခံလိုက်ရသည်။

All Chapters