အခန်း (၃၇၈)
Vol. 38 Ch. 378
တတိယသခင်၏မျက်နှာသည်မာထန်နေပြီး သူ့သားနှင့်ဇနီးကိုကြည့်၍ပြောလိုက်သည်။
“မင်းတို့နှစ်ယောက် အဲ့လောက်ကျေးဇူးဆပ်ချင်သပဆိုရင် တခြားနည်းနဲ့ ငါ ကိုယ်စားဆပ်ပေးလို့ရတယ်။ ဒါပေမဲ့ ယုရှင်းကို ငါ့ရဲ့ချင်မိသားစု သန်ခေါင်စာရင်းထဲဝင်ခွင့်တော့လုံးဝမပေးနိုင်ဘူး။ ငါတို့ချင်မိသားစုထဲက သူတစ်ယောက်ယောက်ကို ထိခိုက်အောင်လုပ်ဖူးထားတဲ့ မိန်းကလေးကို ချင်မိသားစုက လက်ခံမှာမဟုတ်ဘူး။ ဟိုးတစ်လောကလေးတင် ဘာတွေဖြစ်သွားလဲဆိုတာ မင်းတို့မေ့ထားလိုက်ကြတာလား ဟမ် ? ဒီမိန်း ကလေးက ငါ့သမီးကို တခြားကောင်လေးတစ်ယောက်နဲ့ပေါင်းပြီးလှည့်စားတဲ့ကိစ္စကို ငါကတော့ လုံးဝမမေ့ဘူး။ အဲ့ဒါကြောင့် ကျားရှီက ကျောင်းမှာဘယ်လောက်အနိုင်ကျင်ခံခဲ့ရလဲ ? ပြီးတော့ အဲ့ယုရှင်းဆိုတဲ့မိန်းကလေးက အရှက်မရှိ ငါ့သမီးကျားရှီရဲ့နေရာကိုဝင်ယူပြီး မျက်ခွက်ပြောင်ပြောင်နဲ့ ကျောင်းမှာနေနေတာလေ။ ဒေါင်းယောင်ဆောင်တဲ့ကျီးလို စိတ်ဓာတ်နဲ့မိန်း ကလေးကို ငါကဘာကိစ္စ ရာရာစစ ငါ့အိမ် ငါ့သန်ခေါင်စားရင်ထဲကို ပေးဝင်ရမှာလဲ”
တတိယသခင်၏စကားများကြောင့် ယုရှင်းဆိုတဲ့မိန်းကလေးသည်ထင်သလောက်မရိုးရှင်းဘူးဆိုတာ အာလုံးသိလိုက်ကြသည်။ ပါတီပွဲရှိလူများသည် စီးပွါရေးသမားများဖြစ်သောကြောင့် လူတစ်ယောက်ကိုကောင်းကောင်း အကဲဖြတ်တတ်ကြပေသည်။ အထူးသဖြင့် ယုရှင်းလိုလူစားမျိုးကိုပေါ့။
ဒါ့အပြင် ကျားရှီအနိုင်ကျင့်ခံရတာကလည်း ထိုမိန်းကလေးက ချင်ဟန်ရဲ့ညီမပုံစံလုပ်ပြီး ကျောင်းမှာမြှောက်ကြွမြှောက်ကြွနေတာကြောင့်မှန်း သတင်းရထားပြီးသားဖြစ်သည်။ ဒါ့အပြင့် အကိုအရင်းဆိုသူကလည်း သွေးမတော်သားမစပ်ကိုညီမအ ရင်းထက်ပိုပြီးဖူးဖူးမှုတ်အလိုလိုက်ထားသေးသတဲ့။
လူကြီးအချို့သည် ယုရှင်းဘယ်ကိုခြေလှမ်းလှမ်းနေလဲဆိုတာအနည်းနဲ့အများတော့ရိပ်မိကြသည်။
အကုန်လုံးကိုနားထောင်နေသောချင်ကျားရှီသည် သူ့အဖေ၏ စကားများကြောင့်မျက်ရည်းများကျလာခဲ့သည်။
'အနည်းဆုံးတော့အနည်းဆုံးတော့ အဖေက ငါ့ဘက်မှာရှိနေသေးတယ်'
ထို့ကြောင့် ကျားရှီသည် သူမရင်ထဲကစကားများကိုအော် ထုတ်ပြောခဲ့သည်။
“ဟုတ်တယ် သမီးလည်း ယုရှင်းကိုမလိုချင်ဘူး အမတစ်ယောက်လည်းမလိုအပ်ဘူး”
ချင်ဟန်သည် ယုရှင်းကိုမွေးစားမဲ့အစီအစဉ်ပျက်သွားသည့်အတွက်ဒေါသထွက်နေကာ သူ့အဖေကိုလည်း ပြိုင်ငြင်းလို့မရသဖြင့် ဒေါသများကိုချင်ကျားရှီအပေါ်သို့ပုံချခဲ့သည်။
“နင့်ပါးစပ်ပိတ်ထားလိုက်တော့ နင့်ကိုယ်နင် အရူးမလိုနစ်နာသူလိုသိပ်ပြီး ဒရမ်မာခင်းမနေစမ်းနဲ့ နင် ယုရှင်းနဲ့စုကျာကို မှားစွပ် စွဲတဲ့ကိစ္စကို ငါဘာမှမပြောပဲ ကြေအေးပေးထားတာနော် သူတို့ဘယ်လောက်နစ်နာသွားရလဲဆိုတာ နင်နားလည်လား ပြဿနာတွေကိုထပ်ခါထပ်ခါပြန်ပြောနေရတာ မမောဘူးလား ? ဟမ် ပြီးတော့ နင်ကျောင်းမှာအနိုင်ကျင့်ခံရတာက နင့်စရိုက်ကို ငထုံငအ စရိုက်မို့လေ၊ အဲ့တာကိုဘာကိစ္စ တခြားသူတွေကိုလိုက်အပြစ်တင်နေ…..”
သူ စကားဆက်မပြောနိုင်ခင် တတိယသခင်သည် သူ၏သားမျက်နှာကိုလူကြားထဲတွင် ဝိုင်ခွက်ဖြင့်ပက်လိုက်သည်။
ချင်ဟန်သည်လူကြားထဲတွင် သူ့အဖေမှ သူ့ဂုဏ်သိက္ခာကိုမထောက်ပဲစော်ကားလိုက်သည့်အတွက် ဆွံ့အသွားခဲ့သည်။ အရင်က သူ့အဖေနှင့် ကတောက်ကဆစ်တွေရှိခဲ့သော်လည်း အခုတစ်ခါလောက် လူသိရှင်ကြားမလုပ်ဖူးပေ။ ချင်ဟန့်ရင်ထဲတွင် သူ့အဖေကိုတဖြည်းဖြည်းမုန်းတီးလာခဲ့သည်။
တတိယသခင်သည် သူ့သားအပေါ်စိတ်ပျက်သည်ထက်ပိုခဲ့သည်။
“မင်းကိုယ် မင်း ပြန်မေးကြည့်လိုက်စမ်းပါဦး၊ ချင်ဟန် မင်းက ကျားရှီရဲ့အကိုအရင်းခေါက်ခေါက်ဆိုတာသိသေးရဲ့လား ?တစ်မအေ တစ်ဖအေတည်းကမွေးထားတဲ့ မင်းညီမဆိုတာ မင်း သိသေးရဲ့လား ? မင်းက မင်းရဲ့ညီမအရင်းခေါက်ခေါက်ကိုကြ အပြစ်တင်ပြောဆိုနေပြီး ဘယ်ကပေါက်ပြီးဘယ်သူကမွေးမှန်းမသိတဲ့ အဲ့ယုရှင်းဆိုတဲ့မိန်းမကိုကြ အရမ်းတွေဂရု စိုက်ပြနေတာ မင်းစိတ်ထဲ မိသားစုဆိုတဲ့အသိစိတ်ကောရှိသေးရဲ့လား ? ဟမ် မင်းအမေ ငါ့ကိုကွာရှင်းပြီး အဲ့ကောင်မလေးကိုမွေးစားချင်နေတာ ရတယ်လေ မင်းလည်း မင်းအမေလိုပဲဆိုတော့ တစ်ခါတည်းအမွေအဖြတ်ခံပြီး အဲ့ယုရှင်းဆိုတဲ့ကောင်မ လေးရဲ့အကိုပဲသွားလုပ်လိုက် သွား”
ချင်ဟန်သည် သူ့အဖေ၏အမွေဖြတ်ခံရမည်ဟူသောစကားကြောင့် ထပ်မပုန်ကန်ရဲတော့ပေ။
တတိယမဒမ်သည် လက်မလျော့သေးပဲ သူ့ခင်ပွန်းဖြစ်သူအားအပြစ်တင်စကားများပြောလိုက်သည်။
“ရှင်ကသာ ဘာလို့ကိစ္စသေးသေးလေးကို ပုံကြီးချဲ့ပြီး လုပ်နေရတာလဲ ? ကျွန်မ ကောင်မလေးတစ်ယောက်ကိုမွေးစားချင်ယုံပဲကို အဲ့တာဘာများမှားနေလို့လဲ”
“မင်း ငါပြောတာကိုပဲမကြားတာလား ? မသိချင်ယောင်ပဲဆောင်နေတာလား။ မင်း မွေးစားချင်နေတဲ့မိန်းကလေးက မင်းကိုယ်တိုင်မွေးထားတဲ့သမီးကို ဒုက္ခရောက်အောင်လုပ်နေတယ်ဆိုတာ မင်းသိလား ? ဒါကိုတောင် မင်းက အဲ့ဒုက္ခပေးတဲ့ ယုရှင်းကိုမွေးစားချင်နေတုန်းလား ? ဟမ်”
တတိယသခင်သည် သားဖြစ်သူသာမက ဇနီးသည်ကိုလည်း စိတ်ပျက်ခဲ့သည်။
တတိယမဒမ်သည် သူမယောကျာ်း၏စကားကြောင့် မျက်နှာအနည်းငယ်ပျက်ကာ
“ရှင် မှားနေတာနေမှာပါ ယုရှင်းက မိန်းမကောင်းလေးပါဘယ် လိုလုပ်အဲ့လိုဖြစ်နိုင်မှာလဲ”
“ဘယ်လောက်ထိ ကောင်းတယ်ပြောပြော ငါ့သမီးအပေါ် အဲ့ကောင်မလေးအနိုင်ကျင့်ခဲ့တယ်ဆိုတာ အမှန်တရားပဲ မင်းကောင်းပါတယ်ပြောတဲ့သူက ပိုင်ရှင်ရှိယောကျာ်းကိုမြူဆွယ်တဲ့မိန်းမ ငါတို့သမီးကျားရှီကို အနိုင်ကျင့်ခဲ့တဲ့မိန်းမ ပြီးတော့သူကကျားရှီပိုင်သမျှအရာအားလုံးကို သူ့အပိုင်လိုလုပ်နေတာလေ၊ အဲ့ကောင်မလေး အဲ့ကိစ္စတွေကို ဟိုတစ်ခါကတည်းက ငါ့ရှေ့မှာဝန်ခံခဲ့ပြီးသား အဲ့တာတွေကိုသိနေတာတောင် မင်းက ဘာလို့ မင်းသမီးကိုမကာကွယ်ပေးပဲ မင်း ဘာလို့ ဒီလောက်တောင် အသိစိတ်မဲ့ရတာလဲကွ ဟမ်”
တတိယသခင်၏စကားကိုနားထောင်နေသော ချင်ရီသည်လည်းဝင်ပြောခဲ့သည်။
“တတိယအဒေါ်က ကိုယ့်မွေးထားတဲ့သားသမီးအပေါ်ကြအားနာစိတ်မဖြစ်ပဲ သူစိမ်းတစ်ယောက်အပေါ်ကြအရမ်းတွေအားနာစိတ်ဖြစ်ပြနေတာပဲ”
ထိုစကားကိုထောက်ခံသောချင်ရုန်ကလည်း ခေါင်းငြိမ့်ကာ
“ပြီးတော့ ယုရှင်းက ဒီလောက်ကြီးနေပြီဟာကို ဘာကိစ္စကဲကဲသဲသဲ အရမ်းတွေမွေးစားချင်နေရတာလဲ ?”
ချင်ရှောက်သည် ချင်ရုန်၏စကားကိုလှောင်ပြောင်လိုက်သည်။
“ဘာဖြစ်ရမှာလဲ အသက်ကြီးမှမွေးစားတယ်ဆိုတာ နာမည်ခံပဲ အဓိကက အဲ့မိန်းမကို ချင်မျိုးရိုးထဲခေါ်သွင်းချင်တာလေ မသိရင်ခက်မယ်”
ချင်ကျင်းကလည်း ယုရှင်းကိုကြည့်ကာဆက်ကာ ပြောလိုက်သည်။
“ဟန်ဆောင်မနေစမ်းပါနဲ့ ဘာရယ် ချင်မိသားစုရဲ့ပိုက်ဆံနဲ့အာဏာတွေကို မမက်မောဘူးဟုတ်လား ? ဒါဆိုလည်း ဘာကိစ္စ မွေးစားသမီးအရမ်းတွေလုပ်ချင်နေပြီး ငါတို့ တတိယဦးလေးကို အဖေတော်ချင်နေရတာလဲ”
ယုရှင်းသည်ထို စကားကြောင့် အထိတ်ထိတ်အလန့်လန့်ဖြစ်သလိုဟန်ဆောင်ကာ “အဲ့လို အဲ့လို မဟုတ်ပါဘူး…”
တတိယမဒမ်သည် ထိုစကားများကြောင့် ဒေါသထွက်ကာ
“တော်စမ်း အဓိပ္ပာယ်မရှိတာတွေလာမပြောနဲ့ ကျားရှီအနိုင် ကျင့်ခံရတဲ့ကိစ္စငါလည်းသိတယ် အဲ့အတွက် ယုရှင်းကလည်း စိတ်ရင်းနဲ့တောင်းပန်ပြီးသား သူ မှားပါတယ်လ်ို့လည်းပြောပြီးသား လူတိုင်းအမှားမလုပ်ဖူးတဲ့သူမှမရှိတာ အဲ့တာကိုဘာကိစ္စအဲ့အနိုင်ကျင့်ခံရတဲ့ကိစ္စကို လာပြီးခဏခဏဖော်နေရတာလဲ ? ပြီးတော့ယုရှင်းက ကျွန်မတို့ရဲ့ပိုက်ဆံကိုမက်လို့လည်းမဟုတ်ဘူး။ ယုရှင်းက ကျွန်မအတွက်တော့ သမီးလေးလိုပဲခံစားရလို့ ပြီးတော့ သူမှားတာကိုလည်းသိပြီမို့ ကျွန်မတို့နဲ့ပြေပြေလည်လည်နေချင်ယုံပါ”
တတိယမဒမ်၏ သိသိသာသာဘက်လိုက်နေသော စကားများကြောင့်လူတိုင်း အံ့ဩနေခဲ့သည်။
ချင်ဝမ်ရှန့်သည် တတိယမဒမ်အား အကျိုးသင့်အကြောင်း သင့်စဉ်းစားနိုင်ရန်ဖျောင်းဖျခဲ့သည်။
“ဒါဆိုလည်း အဲ့ကောင်မလေးကတကယ်ပဲ သူ့ အမှားသူ သိပါပြီပဲ ထားအုံး။ ရှင်တို့က ဘာကိစ္စမွေးစားဖို့လိုတာလဲ ? ရှင့်ရဲ့စေတနာနဲ့ ကူညီလို့ကျေးဇူးပြန်ဆပ်တာကို လူကိုမွေးစားပြီးကျေးဇူးဆပ်ဖို့လိုလို့လား။ အဲ့ကောင်မလေးနဲ့ ကျမတို့မိသားစု ဖြစ်မှ အဆင်ပြေပြေနေနိုင်မယ်လို့ ဘယ်သူပြောလဲ။”
လူတိုင်းသည်လည်း ထိုစကား၏နောက်ကွယ်ကဆိုလိုရင်းကိုနားလည်ခဲ့သည်။ ဒီလောက်ပြောထားတာကိုတောင် တတိယမဒမ်က ဆက်ပြီးခေါင်းမာနေသေးမယ်ဆိုပါက ယခုကိစ္စသည် သွေးရိုးတန်းရိုးကိစ္စမဟုတ်တော့သည်မှာ အသေအချာပင်။
ယုရှင်းသည် အားနည်းစွာဖျော့တော့လှသောအသံလေးဖြင့် ဖျောင်းဖျခဲ့သည်။
"အန်တီ သမီး ကိစ္စမရှိပါဘူး။ သမီး အန်တီရဲ့သမီးမဖြစ်နိုင်ခဲ့ရင်တောင် အန်တီက သမီးရဲ့အမေလိုမျိုးပါပဲ”
တတိယမဒမ်သည် ယုရှင်း၏စကားကြောင့် ပိုလိုတောင်သနားသွားရကာ သူ့ ခင်ပွန်းအားခွင့်ပြုပေးရန်တောင်းဆိုလိုက်သော် လည်း တတိယသခင်၏ပြတ်သားနေသောမျက်နှာကြောင့် အရှုံးပေးလိုက်ရသည်။
“ငါ့ အဖြေကတော့ပြောင်းလဲမှာမဟုတ်ဘူး မင်း မွေးစားချင်သေးသပဆို ငါ ပြောတဲ့အတိုင်းသာလုပ် ကိုယ်ဟာကိုယ်ဆုံး ဖြတ်”
တတိယမဒမ်သည် ထိုကွာရှင်းသည့်ကိစ္စကို သူ အစဖော်ခဲ့တာဆိုပေမဲ့ ယခုအခါ သူ နောင်တရလာမိသည်။
ယုရှင်းသည် အရိပ်အကဲခတ်မြန်သူဖြစ်ကာ ချက်ချင်းပေ တတိယမဒမ်အားနားချလိုက်သည်။
“အန်တီ သမီးကိုဂရုစိုက်တာသိပါတယ် ဒါပေမဲ့ သမီးအတွက်ကြောင့်နဲ့တော့ ဦးလေးနဲ့တော့ရန်မဖြစ်ပါနဲ့ မတန်ပါဘူး။ ပြီးတော့ သူတို့ပြောတာလည်းဟုတ်ပါတယ် သမီးအရွယ်က အဖေ၊ အမေဆိုပြီး ချွဲနွှဲ့ခေါ်ရမဲ့ကလေးအရွယ်လည်းမဟုတ်တော့ပါဘူး”
'အခုမရလည်းဘာဖြစ်လဲ နည်းနည်းထပ်စောင့်ရင် ချင်ဟန်ကငါ့ကိုချင်မိသားစုဝင်ဖြစ်အောင်သေချာပေါက်လုပ်ပေးမှာ ဒီအထိတောင်ရောက်လာခဲ့ပြီပဲကို စိတ်ရှည်ရမှာပဲ အခုချိန်တစ် ဇွတ်ထိုးလိုက်ရင် အကုန်အဆုံးသတ်သွားလိမ့်မယ်'
ချင်ဟန်သည် ယုရှင်း၏စကားများကိုကြားသောအခါ စိတ်မကောင်းဖြစ်ပြီး ကိုယ့်ကိုကိုယ်အသုံးမကျသလိုခံစားခဲ့ရသည်။
ချင်ဟန်သည် အပြစ်တင်စိတ်များဖြင့် ယုရှင်းဘက်သို့လှည့်ကြည့်လိုက်သောအခါ ယုရှင်းက သူ့ မျက်လုံးများဖြင့် အဆင် ပြေပါတယ်လို့ပြောနေတာကိုတွေ့ကာ ပိုလို့ပင်အသုံးမကျသ လိုခံစားခဲ့ရသည်။
“ညီမ တကယ်အဆင်ပြေပါတယ်အကို“
ယုရှင်းသည် နှစ်ယောက်တည်းသာကြားနိုင်သောအသံဖြင့် တီးတိုးပြောခဲ့သည်။
ပြီးနောက် တတိယမဒမ်နှင့်သခင်ကြီးတို့အား ခုနကကိစ္စများအတွက်တောင်းပန်ခဲ့သည်။
အကြောင်းမသိသူများသည် ယုရှင်းကိုသနားလာကြသည်။ သူမသည် တတိယမဒမ်အားကယ်ပေးခဲ့သော်လည်း ကျေးဇူးအတင်မခံရပဲ တောင်ပန်းနေရသည်ဟူ၍ပင်။
ဒါ့အပြင် တစ်ချို့လူများက ချင်မိသားစုကိုစတင်ကဲ့ရဲ့လာကြသည်။
အချိန်ခဏကြာသောအခါ တတိယမဒမ်၏စကားသံထွက်လာခဲ့သည်။
“ဟုတ်ပါပြီး ရှင်ပဲ မိသားစုမှာဆုံးဖြတ်ခွင့်ရှိသူပါ ကျွန်မက ဘာအာဏာမှမရှိတဲ့မိန်းမသပ်သပ်ပဲ၊ ဒါပေမဲ့ ယုရှင်း ကျွန်မကိုခဏခဏကယ်ခဲ့တာ သူ့အတွက် ရှင်ဘာပြန်လုပ်ပေးမှာလဲ”
တတိယသခင်သည် ထိုကိစ္စအား ဘာမှပြန်မပြောခဲ့ပေ ထို့ကြောင့် ထိုကိစ္စကို သဘောတူသည်ဟုမှတ်ယူ၍ရသည်။ ထို အခါမှသာ ယုရှင်းသက်ပြင်းချလိုက်မိသည်။
ထိုအချိန်တွင် ရင်းနှီးနေသောလူတစ်ယောက်၏အသံထွက်လာခဲ့သည်။
ထိုသူမှာ ကျီဖေးပင်ဖြစ်သည်။
“အိုက်ယား တတိယဦးလေး ကျေးဇူးတင်လက်ဆောင်ပေးမယ်ဆိုလည်း တစ်ခုထပ်ပိုပြီး ပြင်ဆင်ထားဖို့မမေ့နဲ့အုံးနော် အခုတောင် တတိယအဒေါ်ကို နှစ်ခါကြီးများတောင်ကယ်ပေးထားတာ ပြောမရဘူး တော်ကြာနေ နောက်တစ်ခါထပ်ကယ်ပေးခဲ့တယ် ဖြစ်နေအုံးမယ်”
ကျီဖေး၏ရွဲ့တဲ့စကားကြောင့် လူတော်တော်များများနေရခက်သွားခဲ့သည်။
ချင်ရှန့်သည် ဇနီးလေးအားအလိုလိုက်သည့်လေသံဖြင့်
“ဘယ်လိုလုပ် တတိယတစ်ခါဆိုတာရှိအုံးမှာလဲကွာ မင်းက တော့လေ အရမ်းနောက်တာပဲ”
ကျီဖေးသည် သူမယောကျာ်းအာူကလေးဆန်သည့်အသံလေးဖြင့်ပြန်ပြောခဲ့သည်။
“ဟုတ်လား မသိပါဘူး တတိယအဒေါ်ပြောနေတဲ့ပုံက နှစ်ယောက်သားသွေးမတော်တာတောင် ရင်ဘက်ချင်းနီးနေတဲ့ပုံစံနဲ့မို့လေ တော်ကြာမတော်လို့ တတိယတစ်ခေါက်ထပ်ကယ်ပေးပြီးရင် အခုလိုမွေးစားဖို့ထပ်ပြောနေရင် ဘယ်လိုလုပ်မလဲ ?
မမွေးစားရင်တောင် သူ ကယ်ပေးတိုင်း ကျွန်မတို့က ကျေးဇူးပြန်ဆပ်နေရမှာလေ အဲ့လိုဆို ခက်လှချည်ရဲ့”