အခန်း (၃၇၉)
Vol. 38 Ch. 379
ကျီဖေးနှင့်ချင်ရှန်တို့၏စကားကြောင့် တစ်ခန်းလုံး တိတ်ဆိတ်သွားခဲ့သည်။
တတိယမဒမ်၊ ချင်းဟန် နှင့်ယုရှင်းတို့သည်လည်း ကျီဖေးနှင့်ချင်ရှန်တို့၏စကားကြောင့် မျက်နှာပျက်နေခဲ့ကြသည်။
တစ်ဖက်တွင်လည်း ကျီဖေးနှင့်ချင်ရှန်တို့၏စကားများက သူတို့ကိုလှောင်ပြောင်နေသည်ခံစားရသည့်အတွက် ဒေါသထွက်ကာ ကျီဖေး၏စကားများသည် သူတို့၏အကြံညဏ်များကိုဖော်ထုတ်လိုက်သကဲ့သို့ဖြစ်နေသောကြောင့်ဖြစ်သည်။
တတိယမဒမ်သည် ထပ်ပြီးသည်းမခံနိုင်သောကြောင့် သူ့ မလုံမလဲဖြစ်မှုကို ပိုဖော်ထုတ်လိုက်သလိုဖြစ်သွားခဲ့သည်။
“နင် အဲ့တာဘာစကားပြောတာလဲ ? နင်အခုငါတို့ကိုဇာတ်လမ်း ဆင်နေတယ်ဆိုပြီး စွပ်စွဲနေတာလား”
တတိယသခင်သည် သူဇနီး၏အပြုအမူကြောင့် တစ်စုံတစ်ခုကိုသတိထားမိလိုက်ပေမဲ့ ဂရုမစိုက်သလိုဆက်၍ဟန်ဆောင်နေလိုက်သည်။
ကျီဖေးသည် ရယ်လိုက်ကာဘာမှမလုပ်ခဲ့သလိုဟန်ဆောင်လိုက်ပြီး
“တတိယအဒေါ် အဒေါ်ကဘာလို့အဲ့လိုပြောရတာလဲ ? ကျွန်မပြောချင်တဲ့အဓိပ္ပာယ်ကအဲ့လိုမဟုတ်ရပါဘူး၊ အဒေါ်အထင်လွဲနေပြီ၊ အဒေါ်ကဘယ်လိုလုပ်ပြီး ကိုယ့်မိသားစုကိုယ် ဒုက္ခပြန် ရောက်အောင်လုပ်မှာလဲ သေချာပေါက်မဟုတ်ဘူးပေါ့ ကျွန်မကကံကြမ္မာကို ယုံကြည့်တဲ့သူမို့ထပ်ပြီး တိုက်ဆိုင်သွားရင်လို့ပြောတာပါရှင်”
တတိယမဒမ်သည် ကျီဖေး၏စကားကြောင့် ခံပြင်းကာဒေါသထွက်ခဲ့သည်။ ခုနတုန်းကကြ သူ့ကိုပုတ်ခတ်နေပြီး အခုကြ သူ မလုပ်ခဲ့ပါဘူးတဲ့လား ?
လူတိုင်းကလည်း သူတို့၏ခေါင်းထဲတွင် အတွေးကိုယ်စီဖြင့် တီးတိုးပြောနေကြသည်။
“တစ်ခုခုတော့ မှားနေပြီ”
“ဟုတ်တယ် ဒါသွေးရိုးသားရိုးတိုက်ဆိုင်မှုတော့မဟုတ်လောက်ဘူး”
“အေးလေး ပြီးတော့စဉ်းစားကြည့်ပါအုံး ဘာမှမရှိတဲ့ ပြင်ညီမှာဘယ်လိုချော်လဲမလဲ”
“သူတို့အချင်းချင်း တိုက်များတိုက်ထားကြတာလား”
“တိရစ္ဆာန်တောင်မှ သူတို့သားသမီးကိုကာကွယ်ပေးကြတယ်
အခုကြ တတိယမဒမ်က သူ့ သမီးအရင်းထက်အပြင်လူကိုကာကွယ်ပေးနေတာပဲ”
“အဲ့ယုရှင်းဆိုတဲ့ တစ်ယောက်က ဘာတွေများကောင်းနေလို့လဲ ချင်ဟန်ကော သူ့အမေကော ဘာလို့အဲ့ကောင်မလေးကိုအရမ်း ကာကွယ်ပေးနေရတာလဲ”
“မဟုတ်မှလွဲရော တိတ်တိတ်ပုန်းသမီးများလား ဒါပေမဲ့ သူ့ရုပ်က တူမနေပါဘူး”
လူတိုင်း၏ဝေဖန်သံများပိုများလာသည့်အတွက် တတိယဦးလေးသည် အားလုံးကို လူစုခွဲရန်ကြိုးစားလိုက်သည်။
“ကဲ ဖြစ်သွားသမျှအတွက်စိတ်အနှောက်အယှက်ဖြစ်သွားရင် ကျွန်တော်ကပဲ တောင်းပန်ပါတယ်၊ အခုကျွန်တော့ ဇနီး မတ်တပ်နေတာကြာပြီမို့ အနားယူဖို့ခေါ်သွားပေးလိုက်ပါအုံးမယ်”
ထို့နောက် တတိယမဒမ်အား အတင်းဆွဲခေါ်သွားခဲ့သည်။
ယုရှင်းသည်လည် လူများကသူမကို အထင်သေးသလိုကြည့်နေကြသဖြင့်နေရခက်လာကာ ချင်ဟန်နှင့်အတူထိုနေရာမှ ထွက်လာခဲ့သည်။
မွေးနေ့ပွဲစတင်ခဲ့ပြီဖြစ်သည်။
ခုနက ကိစ္စများကြောင့် လူတိုင်းအကြောင်းစုံသိရှိလိုသော် လည်း သူတို့ပွဲသို့လာရသည့်အဓိကအကြောင်းအရင်းမှာ ချင်မိသားစုနှင့်အဆက်အသွယ်ရရန်ဖြစ်သည့်အတွက် စီးပွါးရေးအကြောင်းများကိုသာစတင်ဆွေးနွေးခဲ့သည်။
ခုနက ကိစ္စကိုပြန်ကြည့်မယ်ဆို တတိယသခင် သမီးဖြစ်သူအား ဘယ်လောက်ချစ်ကြောင်းတွေ့နိုင်သည်။ သူ့သမီးကို နာကျင်အောင်လုပ်ခဲ့ပါက သူ့သားနှင့်မိန်းမဖြစ်သူ ဖြစ်လျှင်ပင် ခွင့်လွှတ်မည်မဟုတ်ပေ။ ထို့ကြောင့် ချင်ကျားရှီသည် ချင်အိမ်တော်၏အသည်းအသက်ဖြစ်ကြောင်းသိနိုင်ပေသည်။
အချိန်အနည်းငယ်ကြာသောအခါ တတိယသခင်သည်ခန်းမထဲသို့ပြန်ရောက်လာကာ ချင်ကျားရှီကိုလိုက်ရှာခဲ့သည်။
“သမီး ခုနတုန်းကလဲကျတာ နာသွားသေးလား ?”
တတိယသခင်၏လေသံသည် နူးညံ့၍ မျက်လုံးများထဲတွင်ချစ်ခင်မှုများပြည့်နေခဲ့သည်။
ချင်ကျားရှီသည် သူ့အဖေ၏ဂရုစိုက်မှုကြောင့် မျက်လုံးများထဲပျော်ရွှင်မှုများပြည့်နေခဲ့သည်။
သို့သော် သူ့ အမေနှင့်အကိုအကြောင်းတွေးလိုက်သောအခါ
ပျော်ရွှင်မှုများမှေးမိန်သွားခဲ့သည်။
“ပါး သမီး အဆင်ပြေပါတယ် ဒါမဲ့ မားနဲ့ ကောတို့ကောဟင်”
တတိယသခင်သည် သူ့သမီး၏ခေါင်းလေးကိုပုတ်၍
“သမီးသူတို့ကို စိတ်ပူစရာမလိုသလို စိတ်ထဲထည့်ဖို့လည်းမလိုဘူး။ သမီး အိမ်မှာမနေချင်ရင် အဖေဝယ်ထားတဲ့ ဗီလာမှာသွားနေလို့ရတယ်။ သမီးသဘောကျတာပဲလုပ် သူတို့နှစ်ယောက်က အဆုံးထိမပြောင်းလဲဘူးဆိုရင်လည်း ဘာဖြစ်လဲ
အဖေတို့နှစ်ယောက်ထဲပေါ့ကွယ် သမီးမှာ အဖေရှိပါသေးတယ်”
တတိယသခင်၏စကားများသည် သူ့သမီး အပေါ်အလိုလိုက်မှုများပြည့်နေခဲ့သည်။
အမှန်တော့ သူခုနကပြောခဲ့သည့် ကွာရှင်းဖို့ကိစ္စသည် သူဇနီးအားခြောက်လှန့်ရုံမဟုတ်ပဲ အတည်ကွာရှင်းဖို့ပြောတာဖြစ် သည်။ ချင်ရှန့် ဆီကနေ သူလိုချင်တဲ့သက်သေရခဲ့ပါက ဒီကိစ္စကိုဖြေရှင်းနိုင်လိမ့်မည်။
အကယ်၍ ယုရှင်းသာတခြား ယောကျာ်းနဲ့ရထားတဲ့ကလေးဆိုရင် သူတို့သားအမိနှစ်ယောက်ပေါင်းပြီး သူ့သမီးကိုအနိုင်ကျင့်တာမျိုး လုံးဝလက်ခံမှာမဟုတ်ဘူး။
ဒီကိစ္စကိုအမြန်ဖော်ထုတ်ရမယ် ထပ်ကြာရင် ကျားရှီအတွက်ထိခိုက်စရာတွေဖြစ်လာလိမ့်မည်။
ချင်ကျားရှီ ဆက်ပြီးတော့ သူ့အကိုနဲ့အမေကို ဂရုစိုက်မတော့ရန်ဆုံးဖြတ်လိုက်သည်။ သူတို့ကအဲ့လောက် တခြားလူကို သမီးနဲ့ညီမတော်ချင်ကြတာ တော်လိုက်ကြပေါ့၊ ယုရှင်းရဲ့ အတွင်းစိတ်အမှန်ပေါ်လာတဲ့အခါကြ ဆက်ချစ်နိုင်သေးလားကြည့်ကြတာပေါ့
ချင်ကျားရှီထိုကဲ့သို့ဆုံးဖြတ်ချက်ချပြီးနောက် ပါတီပွဲပြီးမည့်အချိန်ကိုစောင့်နေလိုက်သည်။
ပါတီပွဲပြီးရင် သူမအခန်းကိုပြန်ပြီး ပစ္စည်းတွေအကုန်ထုတ်ပိုးပြီး သူ့အဖေ ဝယ်ထားသည့်ဗီလာသို့ပြောင်းရန်ဆုံးဖြတ်လိုက် သည်။
တခြားတစ်ဖက်တွင် ချင်မိသားစုဝင်များသည် သူတို့တတိယဦးလေးရှိနေတာကိုတောင်ဂရုမစိုက်ပဲ တတိယအဒေါ်ထွက်သွားသည်နှင့် အချင်းချင်းပူးကာအတင်းပြောနေခဲ့ကြသည်။
ချင်ရီက စကားစ၍“ခုနက ကိစ္စကလုပ်ကြံတယ်လို့ထင်လား”
ချင်ကျောက်သည် သူအခိုင်အမာသိသည်ဟူသောလေသံဖြင့်
“သေချာတာပေါ့ တစ်ရာရာခိုင်နှုန်းပဲ ငါ မြင်လိုက်တယ်”
ထိုစကားကြောင့် ချင်ကျင်းသည် သက်ပြင်းချလိုက်ကာ
“တကယ်သာဆို တော်တော်ကြောက်စရာပဲ”
ချင်ရှောက်ယွီသည်လည်း ထိုစကားကိုလက်ခံကာ “တော်ပါသေးတယ် အဲ့မွေးစားတဲ့ကိစ္စမအောင်မြင်လိုက်လို့”
ချင်ရုန်ကဆက်၍ “ငါတကယ် စိတ်ပူနေသေးတယ် အာ့စောင် ပြောသလို သူတို့တခြားကိစ္စလုပ်ဖို့ကြံစည်နေကြသေးတယ်ဆိုဘယ်လိုလုပ်မလဲ”
ထိုစကားကြောင့် လူတိုင်း ကျီဖေးအားကြည့်လိုက်သည်။
ကျီဖေးသည် ချင်ရှန်ကိုမှီကာပြုံး၍ “စိတ်မပူပါနဲ့ ငါခုနကတည်းကသူတို့အကြံကိုကြိုပြောလိုက်ပြီးသားမို့ အဲ့တာကို သူတို့ထပ်လုပ်ရအောင် တုံးမနေလောက်ဘူးထင်တာပဲ အခုချိန်သူတို့သုံးယောက် ဒေါသထွက်လွန်ပြီးသေတော့မယ်ထင်ပါ့”
ပြောနေရင်းဖြင့် ကျီဖေးသည် ထိုသုံးယောက်၏အခြေအနေကို System မှတစ်ဆင့်လှမ်းစစ်လိုက်သည်။
ဒါပေမဲ့ သူမဆီသ်ု့ရောက်လာသော System အချက်အလက်တွေကြောင့် ကျီဖေးတစ်ယောက်တုန်လှုပ်သွားကာလက်ထဲက လက်ဖက်ရည်ခွက်တောင်လွတ်ကျသွားပြီး ချင်ရှန့် အချိန်မှီထိန်းပေးလိုက်သည့်အတွက် ကံကောင်းသွားခဲ့သည်။
ချင်ရှန်သည် ကျီဖေး၏မူမမှန်သောမျက်နှာကိုတွေ့၍ သူမပါးလေးကို လက်ဖြင့်ပွတ်၍ စိတ်ပူစွာမေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
“ဘာမှ ထွေထွေထူးထူးမဟုတ်ပါဘူး”
ချင်ရှန့် စိတ်မပူစေရန်ပြောလိုက်သော်လည်း ကျီဖေးမျက်နှာသည်အတော်ပျက်နေခဲ့ကြောင်း ဘေးလူများပင်သတိထားမိခဲ့သည်။
[ ဒီကိစ္စကိုငါဘယ်လိုလုပ်ရမလဲ ရပါတယ် ကျားရှီက ငါတို့မျက်လုံးအောက်ရှိနေသရွေ့အဆင်ပြေမှာပါ။ တကယ်စက် ဆုပ်စရာကောင်းတဲ့လူတွေ အရူးမကို မွေးစားလို့မရတော့
သူတို့သမီးအရင်းကို တခြားယောကျာ်းရဲ့ကုတင်ပေါ်ကို ပို့ဖို့လုပ်နေတယ်လေ]
ထိုအတွေးကိုကြားလိုက်သော ချင်မိသားစုသည် ကျီဖေးကိုကြည့်ကာ ပြောစရာစကားရှာမရဖြစ်သွားသည်။
အဲ့ဒါဘာကိုဆိုလိုတာ ကျားရှီကိုယောင်္ကျားပေးစားမယ်လို့ဆိုလိုတာလား ? မဟုတ်သေးပါဘူး အဲ့လောက်ပြဿာနာသေးသေးလေးကြောင့်ကျီဖေးအခုလောက်ဒေါသထွက်နေမှာမဟုတ်ဘူး။
မဟုတ်မှလွဲရော...
[ အကိုကော၊ အမေကော ဘာလို့အဲ့လောက်ရက်စက်ရတာလဲ သူတို့က ကျားရှီကိုဆေးခပ်ပြီး ဟိုလူဝကြီးနဲ့အိပ်ခိုင်းဖို့လုပ်ရဲတယ်ပေါ့လေ ဘယ်လိုအကိုမျိုးနဲ့အမေက သူတို့သမီးကိုသူတို့လက်နဲ့ကိုယ်တိုင်အညွှန့်ချိုးရဲတာလဲ ဝဋ်လည်မှာမကြောက်ကြဘူးလား ဒီလူတွေ ]
ထို စကာကြောင့် ချင်မိသားစုဝင်တိုင်းလက်ဖြန့်သွားခဲ့သည်။
ဆေးခက်မယ်ဟုတ်လား ဒီလောက်ကြောက်ဖို့ကောင်းတဲ့ ကိစ္စကိုဘယ်လိုများ ကိုယ့်သားသမီးအရင်းကိုလေ ပြီးတော့
ပြီးတော့ ချင်ဟန်က သူ့ညီမအရင်းကိုကိုယ်တိုင်ဆေးခတ်ပြိး တခြားယောကျာ်းတစ်ယောက်နဲ့ …. ဘုရားရေ မတွေးရဲစရာတွေ လူတိုင်းသည် ထိုကိစ္စကြောင့်ဒေါသထွက်လာကာ
တော်ပါသေးတယ် ကျီဖေးရှိလို့ ကျီဖေးသာမရှိရင် ဘာတွေဆက်ဖြစ်မလဲဆိုတာတွေးတောင်မတွေးရဲဘူး။
ကျီဖေးလည် သူမ၏ System အသိပေးမှုကိုကျေးဇူးတင်ရမည်။ မဟုတ်ရင် ကယ်မရတော့သည့်အထိဖြစ်သွားနိုင်သည်။
[ ငါတို့ဒါကိုလွှတ်ထားလို့မဖြစ်ဘူး ကြိုတင်ကာကွယ်ဖို့လုပ်ရမယ်]
ချင်မိသားစုသည်လည်း ကျီဖေး၏အတွေးကိုထောက်ခံသည်။
ချင်ရှန်နှင့်ကျီဖေးတို့သည် ချင်ကျားရှီ ရှိရာဒုတိယထပ်သို့လိုက်သွားခဲ့ကြသည်။
သူတို့အပေါ်ရောက်တာနဲ့ ကျီဖေးသည် ကျားရှီကို ထိုကိစ္စများကိုမသိစေချင်သည့်အတွက် ချင်ရှန့်အားအပြင့်မှာစောင့်ခိုင်းခဲ့သည်။
ကျီဖေးသည် ကျားရှီအခန်းထဲသို့ဝင်လိုက်ပြီး ကျားရှီအလုပ် ရှုပ်နေတုန်း သူ့ဖုန်းကိုထုတ်ကာ အခန်းတစ်ခန်းလုံးကိုရိုက်မိနိုင်စေရန် အမြင့်ဆုံးစင်ပေါ်တွင်တင်ကာ Video Record ယူဖို့စီစဉ်ခဲ့သည်။