← Chapters

အခန်း (၃၈၀)

Vol. 38 Ch. 380

အခန်း (၃၈၀)

Vol. 38 Ch. 380

အားလုံးပြီးသည်အထိစောင့်နေကြပြီး ချင်ကျားရှီမှ ပင်အပ်တစ်ချောင်းနှင့်ရောက်လာကာ ကျီဖေးမှ "မလိုပါဘူး၊ ငါ့ ဘာ သာ ငါပြင်ပြီးပြီ၊ သွားကြရအောင်။"

"အင်း၊ ဒါဆို အာ့စောင်နဲ့ အာ့ကော၊ ရှင်တို့နှစ်ယောက် အရင်သွားလိုက်နော်။ ကျွန်မ ထုတ်ပိုးရမှာ‌လေးတွေရှိသေးတယ်၊ ကျွန်မ လိုက်လို့မရဘူး...နောက်မှ ပြန်လာခဲ့လေ။"

ကျီဖေး ချက်ချင်းပြောသည် " ကောင်းပြီလေ၊ ငါတို့ စား သောက်ပွဲပြီး မင်းကိုကူပေးမယ်၊ အောက်ဆင်းကြရအောင်။"

[အခန်းထဲကမထွက်ပဲ အိုးထဲကလိပ်ကို ဘယ်လိုဖမ်းမလဲ ?]

ထိုအချိန်တွင် ချင်ဟန်မှရုတ်တရက် တံခါးဖွင့်ကာထွက်လာသည်။ သူ့အခန်းသည် ချင်ကျားရှီအခန်းနှင့် ခပ်လှမ်းလှမ်းတွင်ရှိသော်လည်း သူထွက်လာသည်နှင့် ချက်ခြင်းရပ်လိုက်သည်။

စင်္ကြန်ထဲတွင်၊ ချင်ရှန့်သည် အသံကြားပြီးလှမ်းကြည့်လိုက်ရာ ချင်ဟန်နောက်တွင် လူတစ်ယောက်တွေ့လိုက်သည်။

ချင်ရှန့်၏အမူအရာသည် ပိုအေးစက်လာသည်။

"အာ့ကော၊ ကောကဘာလို့...?"

ချင်ဟန်၏မျက်နှာသည် အလွန်ပင် သဘာဝမကျပဲ သူ့နှလုံးသည် ဒရမ်တစ်လုံးကဲ့သို့ခုန်ပေါက်နေသည်။ အမှန်အတိုင်းပြောရလျှင် ထိုကဲ့သို့တစ်စုံတစ်ခုလုပ်ရသည်မှာ သူ့အားအ ပြစ်ရှိသလိုခံစားရပြီး မသေချာမရေရာဖြစ်နေသည်။

သို့သော် ယုရှင်းတွင် မည့်သည့်အခွင့်အရေးမှမရှိတော့ပေ။ ဖခင်ဖြစ်သူသည် သူ့အား တင်းကြပ်စွာစောင့်ကြပ်နေသော ကြောင့် ယုရှင်း၏အစ်ကိုနှင့်ကျားရှီအား မိတ်ဆက်ပေးပြီး ပေါင်းစည်းပေးခြင်းမပြုပါက ယုရှင်း၏အနာဂတ်သည်မှုန် ဝါးသွားမည်ဖြစ်သည်။ ၎င်းဟာ ချင်ကျားရှီ၏အမှားပင်။ သူတို့ကျားရှီအတွက် စဉ်းစားပေးခဲ့သော်လည်း ကျားရှီမှာ သူတို့အတွက်မစဉ်းစားပေးပေ။ အကယ်၍ကျားရှီသာ နောက်ဆုတ်ပေးပြီး ယုရှင်းအားအလွတ်ပေးမည်ဆိုလျှင် သူတို့ ဤအစီအ စဉ်အား အကောင်အထည်ရန်မလိုအပ်ပေ။

ထို့အပြင် ယနေ့တွင်လူအချို့သည် ချင်ကျားရှီအား တွက်ချက်သည့်အကြည့်ဖြင့် ကြည့်နေကြသည်၊ အထူးသဖြင့် ဖခင်၏ စကားအနည်းငယ်ကြောင့် ချင်ဟန်သည် သူ့အမွေဆက်ခံသူနေရာမှာ ခြိမ်းခြောက်ခံနေရသည်ဟုခံစားမိသည်။

ခြုံငုံကြည့်လျှင်၊ ချင်ကျားရှီနှင့်ထိုက်တန်သည်၊ ချင်ဟန်တွေးပြီး သူ့အမူအရာမှာ ငြိမ်သက်သွားသည်။

ချင်ရှန့်သည် ချင်ဟန်၏အမူအရာပြောင်းလဲမှုများအား တိတ် တဆိတ်စောင့်ကြည့်ခဲ့ပြီး သူ့စိတ်ထဲ ပြစ်ဒဏ်ချမှတ်ပြီးဖြစ် သည်။

“ငါ့မိန်းမကို စောင့်နေတာ။” ချင်ရှန့်မှ ပျင်းရိစွာပြန်ဖြေသည်။

"အာ ? အာ့စောင်က ကျားရှီရဲ့အခန်းထဲမှာလား ?"

ချင်ဟန်သည် တခဏမျှ ဤအခြေအနေအားမည်သို့ကိုင်တွယ်ရမည်ကို မသေချာပေ။

ထို့နောက် နောက်တစ်စက္ကန့်တွင် တံခါးပွင့်လာပြီး ကျီဖေးနှင့်ချင်ကျားရှီထွက်လာသည်။

ချင်ဟန့် အမူအရာပြောင်းသွားပြီး "မင်းဘာလို့ ရောက်လာတာလဲ?" ၎င်းဟာ ချင်ကျားရှီအား တိုက်ရိုက်ပြောလိုက်သည်။

ချင်ကျားရှီမှ အေးစက်စွာပြန်ပြောသည်။

"အာ့စောင် ငါ့အခန်းကိုကြည့်ချင်လို့ ဒီလောက်ပဲ၊ အခု ငါတို့သွားတော့မယ်။"

ချင်ဟန့် အမူအရာပေါ်အခြေခံပြီး သူ့စကားများအား ချိန်ညှိရန်စိတ်မ၀င်စားတော့ချေ။ ထိုသို့ပြောပြီးနောက် သူ ကျီဖေးနှင့်ချင်ရှန့်အား အောက်ထပ်သို့ပို့ဆောင်ခဲ့သည်။

သူတို့ဖြတ်သွားစဉ် ကျီဖေးမှ ချင်ဟန်အား လှောင်ပြုံးပြုံပြလိုက်သည်။

ချင်ဟန် အံ့သြသွားသော်လည်း စိတ်သက်သာရာရသွားသည်။ ကံကောင်းထောက်မစွာပင်၊ သူ လက်ပူးလက်ကြပ်အဖမ်းမခံရခဲ့ပေ။

သူတို့သုံးယောက်လုံးလုံး ထွက်သွားသွားပြီးနောက် ချင်ဟန် သူ့လက်အား ကျောဘက်မှဝှေ့ယမ်းပြလိုက်သည်။

ထိုအချိန်တွင် ကျီဖေးသည် စိတ်လှုပ်ရှားစွာအော်ဟစ်နေလေသည်။

[ဆက်သွားထား ပြီးတော့ နင့်ရဲ့မပြောပလောက်တဲ့သရုပ် ဆောင်အရည်အချင်းလေးနဲ့ ဆက်ဟန်ဆောင်ထား။ နင့်ရဲ့ အစစ်အမှန်အကျည်းတန်မှုကို ပြလိုက်စမ်း၊ နင် ဒီတစ်ခေါက် ဘယ်လိုလှည့်စားနိုင်မလဲ ကြည့်ကြတာပေါ့။]

သူတို့အပြင်ရောက်သည်နှင့် ပွဲ၏အငွေ့အသက်သည် ပုံမှန်ပြန်ဖြစ်သွားသည်။

သုံးယောက်သား ထိုင်ခုံသို့ပြန်ခါနီးတွင် တစ်စုံတစ်ယောက်မှ ဟန့်တားလိုက်သည်။

၎င်းမှာ စုကျာဖြစ်သည်။

အမှန်ပင်၊ ယနေ့တွင် စုမိသားစုဝင်များရှိနေသော်လည်း စုကျာ၏မိသားစုအခွဲလေးမှာ မည်သည့်ဖိတ်ကြားချက်မျှ မရရှိခဲ့ချေ။

မဖိတ်ခေါ်ဘဲ ပေါ်လာရဲသည်အထိ သတ္တိရှိမည်ဟုမည်သူထင်မည်နည်း ?

"ရှင့်မှာ ဖိတ်စာမရှိဘူး၊ ကျေးဇူးပြုပြီး ထွက်သွားပေးပါ။"

ချင်ကျားရှီမှ ပိုတင်းမာလာသည်။

စုကျာသည် ချင်ကျားရှီ၏ ဤကဲ့သို့အပြောအဆိုမျိုးနှင့် ချက် ချင်းတွေ့ကြုံရန် မမျှော်လင့်ထားပေ။ ချင်ကျားရှီ သူ့အပေါ်နာကြည်းနေမည်ဟု သူ ထင်ခဲ့ပြီး ဖြည်းဖြည်းချင်းတောင်းပန်ကာ သူ့အားပြန်လိုချင်ခဲ့သည်။ နောက်ဆုံးတွင် ချင်ကျားရှီသည် သူ့အား နားခိုရာလေးဟုတစ်ကြိမ်ပြောဖူးသည်မဟုတ်ပါလား ?

သို့သော် ယနေ့အချိန်အထိ မည်သည့်ပြေလည်ရာပြေလည်ကြောင်းအရိပ်အယောင်မျှမတွေ့ရပေ။

၎င်းသည် စုကျာ၏အဖေမှ သူ့အား ဒီကိုခေါ်လာရန်အပြေးအ လွှားရောက်လာချိန်တွင်ဖြစ်သည်။

လက်တွေ့တွင် သူတို့သည် စောစောရောက်လာပြီး မွေးစားခြင်းကိစ္စ ပြေလည်ပြီးမှသာထွက်လာခဲ့ကြခြင်းဖြစ်သည်။

"ကျားရှီ၊ ကိုယ် မင်းနဲ့ နှစ်ယောက်တည်းစကားပြောဖို့လိုတယ်" စုကျာသည် ချင်ကျားရှီအား ပြန်အနိုင်ယူရမည်ဟုခံစားမိသော် လည်း အခြားသူများရှေ့တွင် မျက်နှာမပျက်ချင်ပေ။

“အခု ပြောရင်‌ပြော မဟုတ်ရင် လစ်လိုက်တော့။” ချင်ကျားရှီမှ စိတ်မရှည်ကြောင်းအရိပ်အမြွက်ပြသည်။

စုကျာ အံ့အားသင့်သွားပြီး အခြေအနေအား မထိန်းနိုင်တော့ဘူးဆိုတာ သူ သိလိုက်သည်။ နောက်ဆုံးတွင် သူခေါင်းညိမ့်ပြပြီး "ကျားရှီ၊ ကိုယ်မှားပါတယ်၊ ကိုယ် အမြဲတမ်းမှားပါတယ်။ ကိုယ် မင်းကို ရင်ထဲအသည်းထဲက သဘောကျနေတာပါ။ ဒါက ဒီတိုင်း... မင်း ကိုယ့်ကိုလျစ်လျူမရှုခင်အထိ ကိုယ်ထင် ယောင်ထင်မှားဖြစ်နေခဲ့တာ၊ ကိုယ့်စိတ်အာရုံထဲ မင်းပဲ အပြည့်ရှိနေခဲ့တယ်ဆိုတာ ကိုယ်နားလည်လိုက်တယ်၊ ကိုယ်..."

"အွီးးး~"

ကျီဖေးသည် အချိန်ကိုက် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့်အသံအားထုတ်ပြလိုက်ပြီးနောက် ခင်ပွန်းဖြစ်သူအား

"ဟန်နီ၊ ကျမ အန်ချင်နေပြီ။"

ချင်ရှန့်မှ ကျီဖေး၏ကျောအားပုတ်ပေးပြီး "သူတို့ရဲ့ဒရာမာက မပြီးသေးဘူး။" ဟု ပြောလိုက်သည်။

သိပ်မဝေးသည့်နေရာတွင် လူအချို့သည်မြင်ကွင်းအား သတိ ပြုမိပြီး ထိုမြင်ကွင်းကိုတိတ်တဆိတ်ခံစားရင်း "အချစ်ကို သင်္ချိုင်းထဲမောင်းထုတ်ခြင်း" သို့မဟုတ် "အသုံးအဖြုန်းကြီး သောသား ပြန်ရောက်လာခြင်း" ဇာတ်ကွက်အား မျှော်လင့်နေကြသည်။ နှောက်ယှက်ခံရဖို့သာ လိုအပ်သည်။

လူတိုင်း: မင်းတို့နှစ်ယောက် သက်ညှာပေးမလို့လား? အတင်း အဖျင်းစကားတွေကို တိတ်တိတ်လေးခံစားနေလို့မရဘူးလား?

နောက်တစက္ကန့်မှာတွင် ချင်ကျားရှီမှ "နင့်စကားတွေက အတု အယောင်ဆန်လွန်းလို့ ငါ့ အာ့စောင်တောင် နေမကောင်းဖြစ်သွားပြီ။ အခုချက်ချင်း ရပ်လိုက်တာပိုကောင်းမယ်။"

လူတိုင်း:......

တစ်ဖက်တွင်မူ စုကျာသည် ဒေါသတကြီးဖြင့် သူ၏တည်ငြိမ်မှုမှာ ကွဲအက်လုနီးပါးဖြစ်နေသည်။

"ငါ သိချင်လို့ပါ၊ ယုရှင်းသာ အောင်အောင်မြင်မြင်မွေးစားခံလိုက်ရမယ်ဆိုရင်၊ နင် အခုလို လာအာကျယ်နိုင်ဦးမှာလား ?" ကျီဖေးသည် အိုးအားဆက်မွှေလိုက်သည်။

စုကျာ ချက်ချင်းအေးခဲသွားပြီး ကျီဖေးအားမယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။

[ဟက်၊ ကလေးရယ်၊ နင် တစ်ယောက်ယောက်ကို အရူးလုပ်နိုင်မယ်လို့ထင်နေသေးတုန်းလား? နင်နဲ့နင့်ရဲ့မိဘတွေက စောစောရောက်လာကြပေမဲ့ မင်းရဲ့မိဘတွေ စောစောရောက်လာပေမယ့် ကျားရှီနားမကပ်ခဲ့ဘူး၊ နင်က နင့်ရွေးချယ်မှုတွေကိုချိန်ဆ ကြည့်‌ချင်နေတာလား? ယုရှင်းမှာ ဘာအခွင့်အရေးမှမရှိဘူးဆိုတာလည်းသိရော ကစားပွဲထဲကထွက်လိုက်ရောပဲ။ နင် ကျားရှိကိုမကာကွယ်နိုင်ဘူးဆိုရင် စုမိသားစုကို ပြန်ထိန်းချုပ်နိုင်တော့မှာမဟုတ်ဘူးဆိုတာ သဘောပေါက်သွားပုံပဲ။ ဒီရက်တွေထဲမှာ စုမိသားစုရဲ့အမွေဆက်ခံသူအဖြစ် နင့်ရဲ့သရဖူကိုဆုံး ရှုံးလိုက်ရတဲ့အရှက်တရားက စုကျာကို အချစ်အတွက် ဘာကိုမှထပ်မစတေးချင်လောက်တော့အောင် ဒုက္ခရောက်စေတယ်။ အဲ့တာကအခု နင်ဘာလို့ ဒီမှာလာအသနားခံနေရသလဲဆိုတာပဲ။ ဘယ်လောက် ရယ်စရာကောင်းလိုက်လဲ! ကျားရှီက နင်ကောက်ရွေးနိုင်တဲ့ ဟင်းရွက်ကန်စွန်းလို့ ထင်နေတာလား ? ဟာသပဲ၊ ဘာတွေ လာစိတ်ကူးယဉ်နေတာလဲ !]*

စုကျာသည် ထုံးစံအတိုင်း ဝန်မခံပဲ "ယုရှင်းကို မွေးစားတာပဲဖြစ်ဖြစ်၊ မမွေးစားတာပဲဖြစ်ဖြစ် ဒါနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန် တော် ကျားရှီအတွက်ရှိနေတာပါ။ ကျွန်တော် ကျားရှီကိုချစ်ပြီး သူနဲ့ ထာဝရနေချင်တယ်။"

ချင်ကျားရှီသည် အနည်းငယ်မျက်မှောင်ကြုတ်ပြီး စုကျာအား ပြတ်ပြတ်သားသားကြည့်ကာ

"နင်ထပ်ပြောရင် ငါပါအန်မိတော့မယ်။"

“မင်း ကိုယ့်ကိုမယုံဘူးလား ? ကောင်းပြီ၊ ကိုယ်နဲ့ထိုက်တန်ပါတယ်။ ကိုယ် တောင်းဆိုသမျှအားလုံးက နောက်ထပ်အခွင့် အရေးလေး ပေးဖို့အတွက်ပါပဲ၊ ကိုယ် မင်းကို သက်သေပြပါ့မယ်။"

စုကျာသည် ချစ်ခြင်းမေတ္တာအားအသဲအသန်ဖော်ပြလာသည်။

"ဟင့်အင်း" ချင်ကျားရှီမှ "ကျေးဇူးပြုပြီးထွက်သွားပေးပါ။"

စုကျာမှ ချင်ကျားရှီ ဤမျှအထိတုံ့ပြန်သည်ကို မမြင်ဖူးပဲတခဏမျှ မျက်လုံးသေဖြင့်စိုက်ကြည့်ကာ

"အဲဒီတုန်းက၊ မင်း ကိုယ့်ကို စချစ်ခဲ့တာ၊ မင်း ပထမဦးဆုံးစလှုပ်ရှားခဲ့တာ။ မင်း ကိုယ့်ကို မချစ်နိုင်တော့ရင်လည်းထားခဲ့လိုက်ပါတော့။"

[Wow၊ တကယ့်ကိုဂန္ထဝင်စာကြောင်းတွေပဲ။ စုကျာက ကျားရှီကိုအနိုင်ယူဖို့အတွက် သူ့စကားတွေကိုသေသေချာချာလေ့လာဖို့ အချိန်အနည်းငယ်ယူထားတဲ့ပုံပဲ။ ဆိုးရွားလွန်းတယ်၊ အဲဒါအသုံးမဝင်ဘူး။]

အမှန်ပင်၊ ၎င်းမှာ အသုံးမဝင်ချေ။ ချင်ကျားရှီမှ စိတ်ရှုပ်ထွေးနေသောကြောင့်ဖြစ်သည်။

"ဘယ်တုန်းက ငါ နင့်ကိုစကြိုက်ခဲ့လို့လဲ ? နင် ဘာတွေလာပြောနေတာလဲ ? နင်ကမှ ရုတ်တရက် ဝန်ခံခဲ့တဲ့သူလေ။"

အဘယ်ကြောင့်သူက ၎င်းသည် သူ၏ပထမဆုံးဆွဲဆောင်မှုဟု အခိုင်အမာဆိုနေရသနည်း ? လုံးဝကိုမဟုတ်ပေ!

စုကျာအား ကောင်းကောင်းမသိခင်ကတည်းကပင် သူသည် အထီးကျန်ဆန်သည့်အခြေအနေသို့ ရောက်နေခဲ့သည်။ သူ့လိုလူကြိုက်များသူနှင့် ရင်ဆိုင်ရတိုင်း သူ ခပ်ခွာခွာနေခဲ့သည်။ သူ့ဖြစ်တည်မှုအား စောစောစီးစီးသိသော်လည်း မိသားစုဆက် နွယ်မှုတစ်ခုပေးခဲ့သည်။

ထို့နောက်၊ တစ်နေ့တွင် စုကျာမှသူ့အားဝန်ခံခဲ့သည်။ လူတိုင်းရှေ့တွင် သူ့နှင့်ချစ်နေယောင်ဆောင်ပြီး သူလှည့်စားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုအချိန်တုန်းက သူသည် သူ၏ကြေ မွနေသည့်ဘဝအားကယ်တင်ရန် တစ်စုံတစ်ဦး၏မေတ္တာအား အလွန်လိုအပ်‌နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူ ခပ်မြန်မြန်ပင်ကြွေသွားခဲ့သည်။

သို့သော် သူ့ဘက်မှ စုကျာအားအရင်ကြိုက်ခဲ့ပါသည် အဘယ့် ကြောင့်အခိုင်အမာပြောနေကာ သူ့ထံ မည်သို့သောနောက်ခံမျိုးရှိသနည်း ??

All Chapters