← Chapters

အခန်း (၃၈၁)

Vol. 39 Ch. 381

အခန်း (၃၈၁)

Vol. 39 Ch. 381

စကားမစပ် ချင်ရှန့်လည်း သူ့ဖုန်းအားလွဲပေးခဲ့သည်။

“မင်း ဘာလို့ငြင်းတာလဲ။ မင်းက ငါ့ကို စကြိုက်ခဲ့တာလေ။”

စုကျာ စိုးရိမ်တကြီးအော်လိုက်သည်။

[ မသင်္ကာစရာတစ်ခုခုရှိရမယ်၊ သွားစုံစမ်းကြည့်ဦးမှ…]

ချင်ကျားရှီ စုကျာ၏စကားများသည် ထူးဆန်သည်ဟု ခံစားမိသော်လည်းသိပ်တွေးမနေချေ။ သူတို့ပြတ်ပြီးပြီ ဘယ်သူဘက်ကစချစ်တာဆိုတာမျိုးအား ငြင်းခုံနေသည်မှာ အဓိပ္ပာယ်မရှိပေ။ တစ်လျှောက်လုံး သူမကသာ အရူးအမူးချစ်ခဲ့သည်သာ။ အခု သူ တကယ်မတန်ဘူးလို့ခံစားနေမိကာ တကယ်ဆက်မပတ်သတ်ချင်တော့ပေ။

ရလဒ်အနေဖြင့် စုကျာ မိဘများသည် နောက်ဆုံးရပ်ကြည့်မနေနိုင်တော့ကာ ချင်ကျားရှီအား စိတ်အားထက်သန်စွာနှင့် တိုက်တွန်းလာသည်။

"ကျားရှီ ငါတို့က မင်းတို့နှစ်ယောက်ကို အတူရှိစေချင်တာ။ ငါ့သားက အဲ့ဒီမိန်းမ ယုရှင်းဆီနေတကယ်လှည့်စားခံခဲ့ရတာပါ”

"စုကျာက ယုရှင်းရဲ့စိတ်ရင်းကို သိကတည်းက ဆက်ပြီးမပတ်သတ်တော့ပါဘူး။ မင်း စိတ်ချ၊ ဘာပဲဖြစ်ဖြစ် အဲဒီ့မိန်းမယုတ်ကို ငါ့တို့ အိမ်ရိပ်တောင်မနင်းခိုင်းဘူး။”

သူတို့ပြောချိန်တွင် အားလုံးတိတ်ဆိတ်သွားသည်ကို မြင်လိုက်ရကာ လူတိုင်း တစ်နေရာအားစိုက်ကြည့်နေကြသည်။ ထိုနေ ရာမှာ ရှိနေသူသည် တတိယဒေါ်လေးချင်နှင့် အခုတင်ရောက် လာသည့် ယုရှင်းပင်။

ယုရှင်းမျက်နှာမှာ ကြည့်ရဆိုးနေသည်။

တတိယဒေါ်လေးချင် တော်တော်လေးမကျေမနပ်ဖြစ်နေ သည်။ ယုရှင်းသည် ဘာမှမပြောဖူးသောကြောင့် ယုရှင်းနှင့် စုကျာအကြောင်းအား သူ တကယ်မသိပါချေ။ ယုရှင်းအား ဝိုင်းပြောနေကြသည်ကိုကြားသော် သူ ဒေါသထွက်သွားသည်။ အစက ယုရှင်းအား စုကျာနှင့် လက်ထက်ပေးရန်ပင် သူစီစဥ်ခဲ့ပြီးဖြစ်သည်။

စုကျာလည်း ချက်ချင်းပြာယာခတ်သွားကာ ယုရှင်းအကြည့် အား ရင်မဆိုင်ရဲတော့ပေ။

ယုရှင်း မကျေမနပ်ဖြစ်သွားသည်။

ချင်ဒုတိယမိသားစု ရောက်လာသောအခါ ဒရမ်မာကြောင့် စိတ်ရှုပ်သွားကြသည်။ ကံကောင်းထောက်မစွာ သူတို့အားရှင်းပြပေးရန် ကျီဖေးရှိသည်။

[ဒါဆို ဒီလိုပေါ့၊ တကယ်ပဲလူတွေများ တော်တော်အရှက်ကြဘူး။ စုကျာနဲ့ယုရှင်းက အထက်တန်းကတည်းကရည်းစားဖြစ်ခဲ့ကြတာပဲ။ စုကျာ မိဘတွေက သူတို့ကိုခွဲခဲ့တာ။ အဲ့တုန်းက နှစ်ယောက်သားက တကယ်ရိုးသားခဲ့တာ၊ အတူထွက်ပြေးကြဖို့တောင် လုပ်ခဲ့ကြသေးတယ်]

ဒုတိယချင်မိသားစု အံ့အားသင့်သွားသည်။ ဟုတ်ရောဟုတ်ရဲ့ လား ? နောက်ဆုံး သူတို့ထွက်မပြေးခဲ့ကြဘူးမလား??

[ဒါပေမယ့် အဲ့အချိန်တုန်း စုမိသာစုက သူတို့သားကို ချင်ကျားရှီကိုလိုက်ခိုင်းဖို့ကြံနေတာ။ သူတို့ပွဲတွေမှာ နှစ်ခါလောက်တွေ့ဖူးပေမယ့် တစ်ဖက်က ရှိမှန်းတောင်မသိဘူး။ ဒါပေမယ့် စုကျာမိဘတွေက ချင်ကျားရှီအကြောင်း ခဏခဏပြောနေတော့ စုကျာက သူ့ကိုအမြင်ကပ်လာတယ်။ အဲ့တော့ ‘ငါ သူကိုမကြိုက်ဘူး၊ သူနဲ့ အတူမရှိချင်ဘူး’ ဆိုတာကနေ 'သူ ငါ့ကိုကြိုက်ရင်တောင် ငါက ယုရှင်းကိုပဲလိုချင်တာ’ ဖြစ်သွားတော့တယ်။ အဲတုန်းက ကျားရှီ သူ့ကိုသိလည်းမသိဘူးတွေ့လည်းမတွေ့ဘူးတာကို ကို့ယ့်ကိုကိုယ် ယုံကြည့်ချက်တွေလွန်ကဲနေပြီးတော့ ကျားရှီက ယုရှင်းနဲ့သူရဲ့ဆက်ဆံရေးကို အကြံအစည်တွေ၊ နည်းလမ်းတွေသုံးပြီး ဖြတ်ချင်တာဆိုပြီထင်နေခဲ့တာပဲ]

အခြားသူများသာမက ချင်ရှန့်သည်လည်း စုကျာဦးနှောက်ပတ်လမ်းကြောင့် အံသြသွားသည်။

ဆန်ကုန်မြေလေးများသည် ဤကဲ့သို့ပင် မိမိတို့၏တစ်ဖက် သတ် စိတ်ကူးများနှင့် မိန်းကလေးများအားနှိပ်စက်ကြသည်။

ဒါဆို စုကျာပြောတဲ့ “မင်း ဘက်က စချစ်ခဲ့တာလေ”ဆိုတာက ဒါကို ပြောချင်တာပေါ့။

သူတို့ထင်တာ မှန်နေပုံပင်။

[ဟင် ? ဒါဆို သူတို့ ထွက်ပြေးကြမယ့်အစီအစဥ်ကျရှုံးတာက ကျားရှီကြောင့်လို့ထင်ခဲ့ကြတာကိုး။ အဲ့ဒီညက သူတို့ထွက်ပြေးဖို့ကြံတုန်း သူတို့ ကျားရှီနဲ့မတော်တဆတွေ့ခဲ့ကြတယ်။ ကျားရှီက သူမိသားစုကိုအသိပေးပြီး ယုတ်မာတဲ့နည်းတွေနဲ့ သူကိုပြန်ဖမ်းခဲ့တာလို့ သူ ထင်ခဲ့တာပဲ။ တကယ်ဆို ကျားရှီက သူ့ကိုသိတောင်မသိတာ ဒီအတိုင်းဖြတ်သွားရုံပဲ။ သူ မိသားစုအိမ်တော်ထိန်းက သူတို့ထွက်ပြေးတာကိုသတိထားမိပြီး လိုက်ဖမ်းခဲ့တာ]

ဒုတိယချင်မိသားစု ဒါကိုကြားသည်နှင့် ကျိန်စာတိုက်ဖို့ပြင်လိုက်ကြသည်။

ထို့ကြောင့် အရှက်မရှိသူ စုကျာသည် မတော်တဆတွေ့မိသည်နှင့်ပင် သူ့အချစ်ခရီးလမ်း၏အတားအဆီသည် ကျားရှီဟု ယူ ဆလိုက်သည်။

လူတိုင်းကျောင်းမှ ဒရမ်မာနှင့်ပတ်သတ်ပြီး နားလည်သွားကြသည်။ အစကတော့ စုကျာသည် အပြစ်မဲ့သည့်မိန်းကလေးအား ပစ်မှတ်ထားရသည်အထိ ရက်စက်သည်ဟုထင်ခဲ့ကြသည်။ ချင်ကျားရီအပေါ် သူ့မကျေနပ်ချက်အား နားမလည်ခဲ့ကြပေ။

ယခု ကျားရှီအားအဘယ်ကြောင့် ရန်သူတစ်ယောက်လိုဆက် ဆံခဲ့ကြောင်းသိသွားရသည်။

တက္ကသိုလ်တွင် ယုရှင်းနှင့် တစ်ဖန်တွေ့ဆုံပြီးနောက် ကျားရှီးကိုလည်း လက်စားချေခဲ့ခြင်းဖြစ်သည်။

[ဒါဆိုအစက ယုရှင်းက ချင်မိသားစုရဲ့မွေးစားသမီးဖြစ်လာနိုင်တာကို မသိခဲ့ဘူး။ ချင်ကျားရှီကို တကယ်လက်ထပ်မယ်။ ယုရှင်းကိုတော့ အနားမှာထားမယ်လို့တွေးခဲ့တာပဲ။ သူ့ မိသားစုက သဘောမတူတော့ ယုရှင်းကိုလက်မထပ်နိုင်ဘူးဆိုတာ သူသိတယ်။ အဲ့တော့ သူ့အချစ်စစ်နဲ့ အတူမရှိနိုင်အောင်လုပ်ခဲ့တဲ့ ကျားရှီကို အနားမှာထားပြီး တစ်သက်လုံးနှိပ်စက်ဖို့ကြံခဲ့တာပဲ]

ကျီဖေး တိတ်ဆိတ်နေပြီး လူအချို့၏ရွံ့ရှာဖွယ် အတွေးများအား မလှောင်နိုင်လောက်အောင်ပင်ပန်းနေမိသည်။

ဒုတိယချင်မိသားစုသည်လည်း ဒေါသတကြီးရယ်မောလိုက်ကြသည်။

"မင်း ဘာလုပ်နေတာလဲ။”

တတိယဦလေးချင် နောက်ဆုံးတွင်ရောက်လာခဲ့သည်။ သူ ဂရုမစိုက်မိလိုက်သည့် တစ်ခဏတွင် သူ့သမီးဘေးယင်ကောင်များဝိုင်းအုံလာပြန်သည်။

“ငါ ပြောတာကို နားမလည်ကြဘူးလား ငါ့သမီးနား ထပ်လာရဲသေးတယ်ပေါ့လေ။”

“ဦးလေး၊ ကျွန်တော်က ရိုးသားပါတယ်။ ကျွန်တော်…”

စုကျာမိဘများ ကြားဖြတ်ပြောနေစဥ် ပွဲတက်လာသည့်အခြား စုမိသားစုဝင်များသည် သူတို့နှင့်မဆိုင်ကြောင်း လူသိရှင်ကြား ငြင်းဆိုရန် တုံဆိုင်းနေကြကာ ချင်မိသားစု၏မည်သို့ တုံပြန်မည်ကို ကြည့်ရန်ဆုံးဖြတ်လိုက်ကြသည်။

"မင်း ရိုးသားတာတွေ ဘာတွေ ငါ စိတ်မဝင်စားဘူး၊ ငါ့သမီးကို ထပ်စော်ကားတဲ့လူတွေကို ငါ သည်းခံနေမှာ မဟုတ်ဘူး။ အခုထွက်သွား မဟုတ်ရင် ငါ့ကို ရက်စက်တယ်ဆိုပြီး လာအပြစ်မတင်နဲ့။”

တတိယဦးလေးချင်သည် သူ့သမီးအား ကာကွယ်ပေးပြီး ပြတ် ပြတ်သားသား လိုက်သည်။

စုကျာ၏မိဘများသည် ထိန့်လန့်သွားကြကာ စုကျာအား ဒူးထောက်ခိုင်းကြသည်။

စုကျာသည် လက်တွေ့ဆန်သူဖြစ်သော်လည်း သိက္ခာအကျမခံနိုင်ပေ။ သူထိုနေရာတွင် တောင့်တောင့်ကြီးရပ်ကာ ချင်ကျားရှီအား စိုက်ကြည့်နေခဲ့သည်။

“မင်းငါ့ကို နှစ်တွေ အကြာကြီးချစ်ခဲ့တာလေ။ ငါ့ကို ဒီလိုစွန့် လွှတ်နိုင်မယ်လို့ ငါ မယုံဘူ။ ငါတို့ခြေတစ်လှမ်းစီဆုတ်ပြီး အချင်းချင်း အခွင့်အရေးပေးလိုက်ကြအောင်လေ။ ပြီးရင် မင်းတကယ် ငါ့ကိုရသွားမှာနော်။”

"မင်းကို ရမှာ ? မင်းလို ဖောက်ပြန်ပြီး၊ နှလုံးသားမဲ့တဲ့ဆန်ကုန် မြေလေးက ဘာတွေများကောင်းနေလို့လဲ ?”

ချင်ကျောက် ဒေါသတကြီးအော်ပြောလိုက်သည်။

“ငါ့တို့ ညီမက အရမ်းကောင်းတယ်၊ ခေါင်းခေါက်ရွေးလို့ရတယ်။ ငါတို့မိသားစုမှာ နာကျင်မှုကိုသာယာတဲ့ဗီဇမရှိဘူးကွ။”

စုကျာသည် ဒေါသတကြီး အံကြိတ်ကာ ချင်ကျားရှီအား စိုက်ကြည့်နေဆဲပင်။ သူမအရင်လို နာခံနေလိမ့်မည်ဟု မျှော်လင့်နေသည်။

သို့သော် ယခုတစ်ကြိမ်တွင် ထိုသို့သောဆန်းကြယ်မှုမျိုးမရှိပါချေ။

"နင့်ကို သဘောကျခဲ့မိတာ ငါ့ဘဝမှာ နောင်တအရဆုံးပဲ။ ငါ့အတိတ်ရဲ့ အမည်းစက်တစ်ခုပဲ။”

ချင်ကျားရှီ ရှင်းအောင်ပြောလိုက်သည်။

စုကျာ အားပြတ်သွားပုံပေါ်ကာ ယခင်က သူ့အတွက် နှိမ့်ချပေးခဲ့ပြီး ယခု သူ မစော်ကားနိုင်တော့သည် ထိုမိန်းကလေးအား စိုက်ကြည့်နေမိသည်။

စုကျာမိဘများသည်လည်း ကြည့်ရဆိုးနေသည်။ နောက်ဆုံးတွင် တတိယဦးလေးချင်မှ အိမ်တော်ထိန်းအားခေါ်လိုက်ချိန်တွင် စုကျာ အိမ်ပြင်သို့ အရှက်တကွဲနှင်ထုတ်ခံရမည်ကို စိုးရိမ် သောကြောင့် သူ့အားဆွဲခေါ်သွားကြသည်။

အရှေ့ဂိတ်ပေါက်ဝအား ရောက်သည်နှင့် စုကျာမိဘများသည် သူအား ပါးနှစ်ချက်ဆင့်ရိုက်လိုက်သည်။

"မင်းပြောတော့ ချင်ကျားရှီကို အမြဲထိန်းချုပ်ထားနိုင်တယ်ဆို။ ဟိုက မင်းကို အရူးအမူးတွယ်ကပ်နေတာဆို။”

"ငတုံးကောင် သူ့ကို အမြန်အရယူပြီး ကိုယ်ဝန်ရခဲ့မယ်ဆိုရင် ဒီလိုလွယ်လွယ်နဲ့ထားသွားပါ့မလားကွ။ အခြားမိန်းမအတွက် စင်ကြယ်အောင်နေတယ်ဟုတ်လား။ မင်း ရူးနေလား။”

"မင်း လိုချင်တာဒါလား။ အချစ်စစ်အတွက် မိသားစုခေါင်း ဆောင်ရာထူးကိုအဆုံးခံမယ်ပေါ့။ မင်း တကယ် ငါ့သားပဲ။”

"မင်းက ငါတို့မိသားစုကို ဖျက်ဆီးနေတာကွ!"

သူတို့ပြောဆိုပြီးနောက် အလွန်စိတ်ပျက်ကာထွက်ခွာသွားကြတော့သည်။

ဒီလောက်အကြာကြီး တစ်ခါမှအပြစ်တင်၊ဝေဖန်ခြင်း မခံရဖူးသည့် စုကျာသည် ရူးသွားတော့မလိုခံစားလိုက်ရသည်။

ဟုတ်တယ်၊ ယုရှင်းအတွက် ချင်ကျားရှီကို အိမ်ရာထဲသွင်းခဲ့ရမှာ။ ဘာလို့မလုပ်ခဲ့တာလဲကွာ ! ငါသာ သူနဲ့အိပ်ခဲ့ရင် ငါ့မိန်းမဖြစ်လာပြီး ကျိန်းသေပေါက်ပိုနာခံလာမှာကို။

All Chapters