အခန်း (၃၈၂)
Vol. 39 Ch. 382
ဒီဘက်မှ ဟာသဇာတ်ပြီးသွားချိန်တွင် စုမိသားစုသည် မြန်မြန်ပြန်လာပြီးတောင်းပန်ကြသည်။
ဒုက္ခတစ်ခုပြီး တစ်ခုရောက်နေသည့် သူ့သမီးအတွက် တတိယဦးလေးချင် ရင်နာနေရသည်။
“သမီး ပင်ပန်းနေရင် တစ်ယောက်ယောက်ကိုခေါ်ပြီး အိမ်တော်ဆီကို ပို့ခိုင်းလိုက်မယ်လေ။ ဒီမှာ တစ်ချိန်လုံးနေစရာမလိုပါဘူး။”
ချင်ကျားရှီလည်း တကယ်တော့ ပြန်ချင်နေပြီဖြစ်သည်။ သူ့အမေနဲ့ယုရှင်းလည်း ဤနေရာတွင်ရှိနေကာ ထိုလူများနှင့် တစ်နေရာတည်းတွင် ရှိမနေချင်တော့ပေ။
သို့သော် သူသတိမထားမိသည်မှာ တတိယဒေါ်လေးချင်နှင့် ယုရှင်းတို့သည် သူ့အား အသားပေါ်တော့မည် သိုးသငယ်ကဲ့သို့ စိုက်ကြည့်နေခြင်းဖြစ်သည်။
ထိုအချိန်တွင် ချင်ဟန်ပေါ်လာကာ သူ့အမေဆီ တန်းနေအောင်သွားပြီး တီးတိုးပြောလိုက်သည်။
ကျီဖေး မျက်ခုံးပင့်လိုက်ကာ ပွဲစတော့မည်ကို သိလိုက်သည်။
ချင်ကျားရှီ သူထွက်သွားတော့ဖြစ်ကြောင်း လူတိုင်းအားပြောခါနီးတွင် တတိယဒေါ်လေးချင်မှ သူအား ခေါ်လိုက်သည်ကို ကြားလိုက်ရသည်။
သူမသွားချင်သော်လည်း သူသည် သူ့အမေဖြစ်နေတုန်းမို့ လစ်လျူမရှုနိုင်ချေ။
"မင်း ဘာလို့ သူ့ကိုခေါ်နေတာလဲ ?” တတိယဦးလေးချင် သတိကြီးစွာဖြင့် တိုက်ရိုက်ဖြတ်မေးလိုက်သည်။
တတိယအဒေါ်ချင် မျက်နှာမှာချဥ်စုတ်သွားသည်။
"ကျမ သမီးကို မတွေ့ရတာကြာပြီလေ။ သူနဲ့စကားပြောလို့ မရဘူးလား။”
"ဟား။"
တတိယဦးလေးချင် အကျယ်ကြီး အော်ရယ်လုနီးပါးပင်ဖြစ်သွားသည်။
ဒါပေါ့ သူဘာကိုပြောချင်နေမှန်းသိသည့် တတိယဒေါ်လေးချင်လည်း ကို့ယို့ကားယားနှင့် ထပ်ပြောလိုက်ရသည်။
“သူ ဒီမှာ ညအိပ်မလား မေးချင်လို့ပါ။”
“မအိပ်ဘူး၊ သူအိမ်ဟောင်းကို ပြန်တော့မှာ။”
တတိယဦးလေးချင် အခိုင်အမာဆိုလိုက်သည်။
“အဝတ်အစား နည်းနည်းလောက်ပြန်ယူသွားဦးမလား ?”
သူပေါ့ပေါ့ပါးပါးလေသံဖြစ်အောင် ကြိုစားကာ ပုံမှန်အတိုင်းမေးလိုက်သည်။
ဒီလိုသာမာန်စကားမျိုးသည် သံသယရှိလောက်စရာမဟုတ်ပေ။ ကျီဖေးနှင့်အခြားသူများသာ သူ့အကြံအစည်ကိုသိနေခြင်းဖြစ်သည်။
တတိယဦးလေးချင် ချင်ကျားရှီအား တစ်ချက်ကြည့်လိုက်သည်။
ချင်ကျားရှီက “ အပေါ်တက်ပြီး နဲနဲလောက် ထုပ်ပိုးပြီးယူသွားမယ်။”
တတိယအဒေါ်ချင်နှင့်အခြားသူများသည် သိသိသာသာပင် စိတ်အေးသွားကြသည်။
ချင်ဟန် ရုတ်တရက်ပြောလာသည်။
“ဟိုဘက်ကအခန်းမှာ ပင်ပန်းပြီး နားနေတဲ့သူရှိတယ်နော်။ အိပ်နေတာဆိုတော့ အပေါ်တက်ရင်သတိထား။ အနှောက်အယှက်မဖြစ်စေနဲ့။”
ချင်ကျားရှီ နားလည်ကြောင်းအသံပြုလိုက်သည်။
သည်လိုနှင့် စကားဝိုင်းမှာပြီးဆုံးသွားခဲ့သည်။
[အိုး၊ ငါ့တို့အားလုံးက သူတို့အစီအစဥ်ကို နှောက်ယှက်ကြမှာကို ကြောက်နေတာပဲ။ သူတို့ ထောက်ချောက်မိတာသေချာ ပေါက်သွားကြည့်ဦးမယ်။ ငါတို့အားလုံး နောက်မှအတူသွားပြီး သူတို့ကို သေအောင်ခြောက်ပစ်ရမယ်။]
ထို့နောက် ချင်ကျားရှီသည် သူခဏနေ အိမ်ပြန်တော့မည်ဟု အားလုံးအားပြောပြခဲ့သည်။
အားလုံး သဘောတူကြသည်။ ထို့နောက် ခရီးဆောင်အိတ်အား ထုပ်ပိုးရန် တစ်ယောက်တည်းအပေါ်ထပ်တက်သွားသည်။
ချင်ဟန်သည် တိတ်တိတ်လေး စာတစ်စောင်အမြန်ပို့လိုက်သည်။
သို့သော် သူလှည့်ကြည့်လိုက်ချိန်တွင် ချင်ကျားရှီနောက် လိုက်ရန်ပြင်နေသည့် လူတစ်စုအားတွေ့လိုက်ရကာ စိတ်ပူသွားရပြီး သူတို့အား တားရန်အကြောင်းပြချက်တစ်ခု အမြန်စဥ်းစာရတော့သည်။
သူ မပြောနိုင်မှာပင် လူတစ်ယောက်၏အော်သံထွက်ပေါ်လာခဲ့သည်။
လူတိုင်းလန့်သွားကြပြီး အိမ်တော်ထိန်းလည်း ချက်ချင်းပင် လူတစ်စုအားခေါ်ကာအမြန်ပြေးသွားကြပြီး တတိယဦးလေးချင်လည်း သူတို့နောက်မှလိုက်သွားသည်။
[အမိုက်စားပဲဟေ့၊ ဒရာမာရှိတယ်ဟ မြန်မြန်၊ မြန်မြန်!]
ကျီဖေး၏အတွေးများပေါက်ကွဲသွားပြီး ချင်ရှန့်အား အမြန်ဆွဲခေါ်ပြီးလိုက်သွားသည်။
ဒုတိယဦးလေးချင်မိသားစုလည်း ဘာတွေဖြစ်နေမှန် မသိရင် တောင် ဖရဲသီးတော့အလွှတ်မခံနိုင်ပေ။ ဖရဲသီးဘုရင်မတောင် ဒီလိုအပြေးအလွှားသွားစေတာ အမိုက်စားဒရမ်မာပဲဖြစ်ရမယ်
အပြေးအလွှားပြေးနေကြသည့် အဖွဲ့ကြောင့် လူတိုင်းသိချင်သွားကြပြီး ချင်မိသားစုနှင့် သတ္တိရှိသူများလည်း ပင်မအ ဆောက်အဦးသို့ ပြေးကြတော့သည်။ ကလေးများသည်လည်း မျောက်လောင်းလေးများဖြစ်ကာ အပျော်ဆိုစိတ်အားထက် သန်စွာပါဝင်ကြသည်။
ထိုအချိန် တတိယအဒေါ်ချင်နှင့် အခြားနှစ်ယောက်မှာစိတ်ရှုပ်သွားကြသည်။ ဘာတွေဖြစ်နေတာလဲ ? ဘာလို့ ယောက်ျားတစ်ယောက်ရဲ့အသံက ပေါ်လာရတာလဲ?
ကျီဖေးနှင့် အခြားသူများ ဒုတိယထပ်သို့ရောက်သောအခါ အိမ်တော်ထိန်းအားတွေ့လိုက်ရပြီး သူသည် တံခါးဖွင့်ထားပြီးဖြစ်သည်။.
ချင်ကျားရှီ၏အခန်းဖြစ်သည်။
တတိယဦးလေးချင် သိသွားချိန် ချက်ချင်းလန့်ဖြန့်သွားသည်။
သူအပြေးအလွှား ပြေးသွားပြီးနောက် သူ့သမီးအိမ်ယာပေါ်တွင် တွယ်ယှက်နေသည့် အမျိုးသားနှစ်ဦးအားတွေ့လိုက်ရကာ ချက်ချင်းသွေးဆောင့်တက်သွားရသည်။
အော်ဟစ်သံများ၊ ပင့်သက်ရှိုက်သံများ၊ တစ်ခစ်ခစ်ရယ်သံများပေါ်လာသည်။
နီရဲနေသည့် မျက်နှာနှင့် လူဝကြီးသည် အလားတူရှက်သွေး ဖြန်းနေသည့် အမူအရာနှင့် စုကျာအားဖိထားသည်။ နှစ်ယောက်စလုံး ဖရိုဖရဲဖြစ်နေကာ အချင်းချင်း စူးစိုက်ကြည့်နေကြသည်။ သူတို့၏ခန္ဓာကိုယ်များသည်လည်း သဘာဝမကျကာ ထူးထူးဆန်းဆန်းပုံစံဖြင့်လိမ်ယှက်နေကြသည်။
သေချာပေါက် တစ်ခုခုမူမမှန်ပေ။
ပြီးတော့ အဲ့ဒါ သူ့သမီးအခန်းထဲမှာဖြစ်နေတာ !!!
တတိယဦးလေးချင် ချက်ချင်းပင် သူတို့အား ရေနှင့်ပက်ခိုင်း လိုက်သည်။
ကျီဖေးနှင့် ချင်ရှန့်တို့ သက်ဝင်လှုပ်ရှားနေသည့် မြင်ကွင်းအား ကြည့်ရှုရန်အချိန်မီရောက်လာကြသည်။ စုကျာသည် အသည်း အသန်ခုခံနေသော်လည်း ထိုလူဝကြီးမှာမနေနိုင်ပဲတွယ်ကပ်နေပြန်ကာ ထိုလူဝကြီးသည်လည်း စုကျာအားနမ်းရန်ကြိုးစားနေသည်။
သို့သော် ခဏအတွင်း ချင်ရှန့်သည် ကျီဖေး၏မျက်လုံးအား လက်နှင့်အုပ်လိုက်သည်။ “မကြည့်နဲ့၊ ညစ်ပတ်တယ်”
“အိုး ကျမ သေချာတောင် မကြည့်လိုက်ရဘူး။ သူတို့….. တကယ်ကြီးလုပ်နေကြတာလား။”
ချင်ရှန့် “မလုပ်ရသေးဘူး…….”
"အာ ?" ကျီဖေး တကယ်ကြီး ဝမ်းနည်းသွားသည်။
တစ်ချိန်တည်းမှာပင် ထိုမြင်ကွင်းကိုမြင်လိုက်ရသည့် ကလေးများသည် အောက်ထပ်သို့ပြေးဆင်းသွားကြပြီး သူတို့မိဘများအား စိတ်လှုပ်ရှားစွားပြောပြနေကြသည်။
"လူတစ်ယောက်က စုမိသားစုက အစ်ကိုကြီးကိုနမ်းနေတယ်!"
"သူတို့ ဖက်နေကြတာ!"
"ရှက်စရာ၊ ရှက်စရာကြီး!"
ကိုယ်တိုင်မမြင်ရသူများသည် အစကမတော်တဆတစ်ခုခုဖြစ်သည်ဟုသာထင်ခဲ့ကြသည်။ ကလေးများပြောနေသည်အားကြားချိန်တွင် ဆံပင်များထောင်သွားကြပြီး ထိုနေရာတွင် ရပ်နေကြဆဲဖြစ်သည့် စုမိသားစုဝင်များအားလှည့်ကြည့်လိုက်ကြသည်။
စုမိသားစု၏မျက်နှာများသည် ဖြူဖျော့နေပြီး ပိုဆိုးနေသည်မှာ တတိယအဒေါ်ချင်၊ ချင်ဟန်နှင့် ယုရှင်းတို့သုံးယောက်ဖြစ် သည်။ သူတို့ ဘယ်လိုဖြစ်ပြီး ဤကဲ့သို့ဖြစ်သွားမှန်းမသိတော့ပေ။
စုမိသားစု အမြန်ထသွားဟန်ပြင်နေစဥ်မှာပင် ဝန်ထမ်းများ သည် ပင်မအဆောက်အဦးမှ ထိုလူနှစ်ဦးအားခွေးသေများလို ဆွဲထုတ်လာကြသည်။
စုမိသားစုမှဝင်ရောက်စွက်ဖက်ရန် ကြိုးစားသော်လည်းတတိ ယဦးလေးချင်၏ အမူအရာမှာမည်းမှောင်နေပြီး သူတို့အား စစ်ကြောချင်ဟန်တူသည်။
ချင်ကျားရှီ၏အခန်းထဲတွင် ဖြစ်ခဲ့သည်ဟု သူတို့ကြားခဲ့ပြီးဖြစ်သည်။
မကြာသေးခင်ကပဲ သူတို့ စုကျားကို ငြင်းခဲ့သည်။ ယခုမူ သူဤနေရာတွင် ရှိနေဆဲဖြစ်ပြီး ချင်ကျားရှီ၏အခန်းထဲ၌ပင် အခြားလူတစ်ဦးနှင် လုံးထွေးနေခဲ့သည်။ ထို့အပြင် သူတို့နှစ်ဦးသည် ဆေးခပ်ခံထားရပုံပေါ်သည်။ တတိယဦးလေချင်းလက် စားချေခြင်းဖြစ်နိုင်သော်လည်း သူ့သမီး၏ဂုဏ်သိက္ခာညှိုးနွမ်းအောင်လုပ်မည်မဟုတ်ပေ။ နောက်ထပ် ဖြစ်နိုင်ခြေမှာ….သူတို့တကယ်ပင် ဆက်မတွေးရဲတော့ချေ။
ဆွဲထုတ်ခံထားရသည့် လူဝကြီးအားကြည့်ကာ တတိယဒေါ် လေးချင်၏မျက်နှာမှာ ဖြူဖပ်ဖြူရောဖြစ်သွားကာ ယုရှင်းနှင့် သူ့သား၏လက်ကိုသာ ဆုပ်ကိုင်ထားနိုင်သည်။
“ငါ…ငါတို့ ဘာဆက်လုပ်ကြမလဲ ?”
ချင်ဟန် စိတ်ပျက်သွားသည်။
"မသိတော့ဘူး! စုကျာ ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ!"
ယုရှင်း စုကျားအားစိုက်ကြည့်နေမိသည်။ သူ ဤကိစ္စများအား သူလက်ထဲမှာ ထိန်းချုပ်ထားချင်ပြီး ချင်ကျားရှီအားလိုချင်ကြောင်း သူ ခန့်မှန်းကြည့်နိုင်သည်။ သူဤသို့လုပ်လျှင် သူမအားပြန်ယူနိုင်မည်ဟု ထင်နေခြင်းပင်။
ယောက်ျားများသည် လူလိမ်များသာ။ သူပြောခဲ့သည့် "ချင်ကျားရှီကို ဘယ်တော့မှမထိဘူး။”ဆိုသည်မှာ အဓိပ္ပာယ်မရှိချေ၊ အကုန်အလိမ်အညာတွေပင်။
ရေအေးဖြင့်လောင်းချခံရပြီးနောက်တွင် နှစ်ယောက်လုံးသတိပြန်ဝင်လာသည်။ လူဝကြီးမျက်နှာမှာဖြူဖျော့နေပြီး စုကျာမှာ တစ်ဖက်လူအား လူသတ်ချင်စိတ်ဖြင့် ဒေါသတကြီးကြည့်နေ သည်။
“မင်း ချင်ကျားရှီရဲ့ အခန်းထဲမှာဘာလုပ်နေတာလဲ။ မင်း ငါ့ကို ဘာလုပ်လိုက်တာလဲကွ။ မင်းက ဘာကောင်လဲ။”
" ငါ...ငါက မေးရမှာကွ။ မင်းက ဘာလို့ အဲဒီအခန်းထဲမှာ ရှိနေတာလဲ။ ငါ…ငါက ချင်ကျားရှီရဲ့ခင်ပွန်းလောင်းပဲ။”
လူဝကြီး အထစ်ထစ် အငေါ့ငေါ့နှင့် ပြောသည်။
သူ ပြောမပြီးခင်မှာပင် သူ့လည်ပင်းကော်လံမှ ဆွဲမခံလိုက်ရမယ်။ “မင်း ဘာပြောလိုက်တယ်”
လူဝကြီး လှည့်ကြည့်လိုက်ရာ လူသတ်ချင်နေပုံပေါ်သည့် တတိယဦးလေးချင်အားတွေ့လိုက်ရသည်။ သူချက်ချင်း တုန်တတ်သွားရသည်။
“ အဲဒါ…..အဲဒါက အန်တီလီပါ၊ ကျတော် ချင်ကျားရှီနဲ့ အနာ ဂတ်မှာ လက်ထပ်နိုင်မယ်လို့ပြောတယ်။ ကျနော့် ဇနီးလောင်းကို စောစောရင်းနှီးချင်ရုံပါဗျာ။”
သူပြောသည့် အန်တီလီမှာ တတိယအဒေါ်ချင်လီကျိရွှမ်အပြင် အခြားသူမဟုတ်ပေ။
တတိယဦးလေးချင်၏မျက်လုံးများသည် ခေါင်းမှ ပြုတ်ထွက်မတတ်ပြူးသွားသည်။ လူဝကြီးအားပစ်ချကာ ရက်စက်ကြမ်း ကြုတ်လှသည့်မျက်လုံးများနှင့် တတိယဒေါ်လေးချင်အား လှည့်ကြည့်လာသည်။
“ဟုတ်တယ် အခုလေးတင် ကျွန်တော်တို့ ရှေ့မှာတောင်အောင် သွယ်ပေးနေသေးတယ်။” ချင်ကျောက် နှာခေါင်းရှုံ့လိုက်သည်။
"ဒါပေမယ့် ကျားရှီကငြင်းခဲ့တယ် မဟုတ်ဘူးလား? ပြီးတော့ အဲ့ကောင်ကလည်း ဘာလို့အခန်းထဲကိုခိုးဝင်နေတာလဲ? ဪ မင်းတို့နှစ်ယောက် အခန်းထဲမှာနည်းဗျူဟာတွေ ဘာတွေများ အတူဆွေးနွေးနေတာလား။”
"ရှင်းပြကြစမ်း!"
တတိယဦးလေးချင် မထိန်းနိုင်တော့ပေ။ သူဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ ဘာတွေဖြစ်ပျက်နေမှန်းပင် နားမလည်တော့ပေ။
ထိုအချိန်တွင် ကျီဖေးသည် သူမ၏ဖုန်းအားပြန်သိမ်းခဲ့ပြီးဖြစ် သည်။ ဗီဒီယိုအားပျော်ရွှင်စွာ save လိုက်ပြီး မွေ့နေ့ပါတီ၏စခရင်ပေါ်တင် Upload တင်ရန်ပြင်လိုက်သည်။